YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

She and Her Perfect Husband E12 (1080p) CM.mp4

578.66 MB N/A video/mp4 132 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
IB 71
7

IB 71(2023) လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီး နာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင် ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…2.07GB / 840MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Aditi~ V~  Thaik San~ BpL

Adventure • Comedy • Fantasy
7 2023 117 mins
IB 71
Pathu Thala
6.5

ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြော မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ် သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါ တစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ် ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ် ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.95GB  / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein~Sai~Yunni~BpL

Action • Drama • Science Fiction
6.5 2023 150 mins
Pathu Thala
Brahmāstra Part One: Shiva
6.6

IMDb 5.6/10 (96K) ကဲ ကဲ အားလုံးပဲ စောင့်ရကျိုးအတော်နပ်မယ့် ကားကောင်လေးတစ်ကားကို ဦးဦးဖျားဖျား တင်ဆက်ပေးတော့မယ်နော် ဒီဇာတ်ကားမှာ Lead Role တွေအနေနဲ့ ရန်ဗီးကပူး..အာလီယားဘတ်..အမီတာဘဂျမ်းနဲ့ မြွေမင်းသမီးလေး မွန်နီးရွိုင်းတို့က သရုပ်ဆောင်ထားပြီး Cameo အနေနဲ့ ရှာရွတ်ခန်း ဒီပီကားပါဒူကွန် တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီ စတဲ့မင်းသား မင်းသမီးကြီးတွေအပြင် တခြားသရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ပေးထားပါတယ်... ကဲ...အခု ဇာတ်လမ်းဘက်ကိုလှည့်မယ် တစ်ရက် ဟိမဝန္တာတောင်ပေါ်မှာ တရားကျင့်ကြံအားထုတ်နေတဲ့ ရသေ့ရဟန်းတွေဆီကို အလင်းတန်းတစ်ခုကျရောက်လာခဲ့ပြီး ဘုရားသခင်က သူတို့ကို အက်စသရ(စွမ်းအင်လက်နက်)တွေ ချီးမြှင့်ခဲ့တယ် အဲ့ဒီအက်စသရတွေနဲ့အတူ Lord Shiva ရဲ့ Almighty Weapon ကြီးဖြစ်တဲ့ ဗရမာစသရပါ ပေါ်ပေါက်လာခဲ့တယ် အဲ့ဒီအက်စသရကို ပိုင်ဆိုင်တဲ့သူဟာ လောကခပ်သိမ်းကို အသစ်တစ်ဖန် ဖန်ဆင်းနိုင်သလို အရာခပ်သိမ်းကိုလည်း ဖျက်ဆီးနိုင်စွမ်းရှိတယ်... ဒါကြောင့် ဗရမန့်ချ်ဆိုတဲ့စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုက ဒီ ဗရမာစသရကို အပိုင်းသုံးပိုင်းပိုင်းပြီး ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြတယ် ဒီဗရမာစသရကို လိုချင်နေတဲ့ အဖျက်မုဆိုးအဖွဲ့အစည်းတစ်ခုကလည်း ရှိနေတယ် ရှီဗား.. သူကတော့ သူ့ကံကြမ္မာကြီးဟာ ဒီအက်စသရတွေနဲ့ ဆက်နွယ်ထားတယ်ဆိုတာကို သူကိုယ်တိုင်တောင် မသိတဲ့သူတစ်ယောက်ပေါ့... ငယ်ငယ်လေးကတည်းက မိမရှိ ဖမရှိနဲ့ ကြီးပြင်းလာခဲ့ရပေမယ့် ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ပျော်ပျော်ဖြတ်သန်းနေသူတစ်ယောက်ပါ... သူက ထူးဆန်းတဲ့ အမြင်တွေရရနေတတ်တယ်... တစ်ရက် လူတစ်ယောက်ကို အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်နေတာကို သူ့အမြင်ထဲမှာ ပေါ်လာခဲ့တယ်... နောက်တော့ သူ့အမြင်ထဲက အသတ်ခံရတဲ့သူဟာ အပြင်မှာ တကယ်သေဆုံးသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့...။ သူဟာ ဒီလျှို့ဝှက်ချက်ကြီးကို စတင်ရှာဖွေလာပါတော့တယ်... ကဲ ဆက်လက်ပြီး ရှီဗားနဲ့အတူ ဇာတ်လမ်းထဲမှာ စီးမျောသွားလိုက်ကြပါဦးနော် ဒီဇာတ်ကားလေးက ကျွန်တော့်အထင် Indian Superhero Verse ကို ဆွဲခေါ်သွားမယ်လို့ ယူဆရတယ်..ဒီလိုလုပ်ဖို့လည်း ဒါရိုက်တာက စဉ်းစားနေပါတယ်... ဒီတော့ First Indian Superhero Universe Film လို့ ပြောလို့ရမယ်ထင်တယ် ဒါပေမဲ့ တကယ်တမ်း Superhero လို့သွားသုံးနှုန်းပြန်ရင်လည်း ဟင်ဒူဘာသာဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်..ဘာလို့ဆို ခုကားက Indian Almighty God တွေအကြောင်းနဲ့ သူတို့ရဲ့ အစွမ်းထက်အက်စသရ(စွမ်းအင်လက်နက်)တွေအကြောင်းကို ရိုက်ပြထားလို့လေ ဘာပဲဖြစ်ဖြစ်ပါ Part Two လည်းထွက်မှာဆိုတော့... Part Two မှာ ရန်ဗီးဆင်းနဲ့ ဒီပီကားပါဒူကွန်တို့က Lead Role အနေနဲ့ ပါဝင်လာနိုင်ဖွယ်ရှိပါတယ် ဆိုတော့ ရင်ခုန်ခုန်နဲ့ စောင့်ရဦးမှာပေါ့နော်...။ File size…8.7GB  / 3.71GB / 1.86GB Quality…4k HEVC / 1080p WEB DL /  720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Win Lae Yi  Khaing ~ BpL ~ Thet Ko

Drama • Romance
6.6 2022 168 mins
Brahmāstra Part One: Shiva
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
Ace Bodyguard

ကိုယ်တိုင်က အရည်အချင်းသိပ်မရှိပေမဲ့ မတော်တဆ တိုက်ဆိုင်မှုများကြောင့် "လုံခြုံရေး"ရာထူးနေရာမှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိခဲ့သူ - ယောင်အာ့ကာ သူ့ရဲ့ အောင်မြင်မှုတွေကြောင့် လုံခြုံရေးနယ်ပယ်မှာ နာမည်ရလာခဲ့ပြီး သူဌေးကြီး ကျန်းရှစ်ဟောင်ရဲ့ ကိုယ်ရံတော် တစ်ဦးဖြစ်လာခဲ့ပါတော့တယ် ။ တစ်နေ့မှာတော့ သူဌေးကြီး ကျန်းရှစ်ဟောက်ရဲ့ သမီးလိဆာနဲ့ အတူတူ အရေးကြီးစာချုပ်တွေ ၊ ငွေကြေးတွေကို လုံခြုံစွာနဲ့ ပို့ဆောင်ပေးဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ ဒါပေမဲ့လမ်းမှာမျက်နှာဖုံးတပ်ဆင်ထားတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ဆုံပြီး လိဆာဟာ ပြန်ပေးဆွဲခံလိုက်ရကာအရေးကြီးစာရွက်စာတမ်းတွေဟာလဲ ပျောက်ဆုံးလို့သွားခဲ့ပါတော့တယ် ။ သက်တော်စောင့်တစ်ယောက်ကနေပြီး နေ့ခြင်းညခြင်းဆိုသလို အမှုရဲ့ သံသယအရှိဆုံး သူအဖြစ်ပြောင်းလဲသွားတဲ့ အခါမှာတော့ ....? ❏ ယောင်အာ့ကာ တစ်ယောက် ဘယ်လိုတွေဖြေရှင်းသွားမလဲ? ❏ ကြားထဲမှာ ဘယ်လိုအရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ပြီး အမှန်တရားကိုရော သူရှာဖွေနိုင်ပါ့မလား? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှူလိုက်ရအောင်ပါနော် ။ ဟာသနှောကာ ရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့ ဘဝအမောတွေပြေစေမှာအမှန်ပါပဲ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Romance • Science Fiction
0 2023 80 mins
Ace Bodyguard
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
I Don’t Expect Anyone to Believe Me
5.8

I Don’t Expect Anyone to Believe Me (2023) ================================ စပိန်စကားပြော Netflixရုပ်ရှင်ကားကောင်းလေးတစ်ကားပါ။ Crime ရုပ်ရှင်‌တွေမှာ စပိန်ရုပ်ရှင်တွေဟာ ရိုက်တာအကွက်စေ့ လွန်းပြီး ဆရာကျလွန်းတယ်လို့ ထင်မိတယ်။ Money heist စီးရီး ကသက်သေပါပဲ။ အခုရုပ်ရှင်မှာလည်း money heist ထဲက ပရော ဖက်ဆာလို ဉာဏ်အရမ်းကောင်းတဲ့ ဟွမ်ပါဘလိုဆိုတဲ့ကောင်လေး ရှိပါတယ်။ သူက ပရောဖက်ဆာ PhD ဘွဲ့ယူရင်း စာတမ်းပြုစုဖို့ ဘာစီလိုနာကို ကျောင်းလာတက်တဲ့သူပါ။ သူ့မိသားစုတွေကတော့ သူ့လိုရိုးရှင်းတဲ့ သူတွေမဟုတ်ဘူး။ သူ့အစ်ကို၀မ်းကွဲဖြစ်သူက မူးယစ်ဂိုဏ်းတစ်ဂိုဏ်း နဲ့ သွားငြိပြီး ဟွမ်ပါဘလိုကို စပိန်အမတ်ရဲ့ သမီးနဲ့ ဇာတ်လမ်းဖြစ်အောင် လုပ်ခိုင်းပြီး မလုပ်ရင် သူ့အစ်ကိုကိုသတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဟိုတယ် စာမှစာပဲလုပ်တဲ့ လူရိုး‌လေးဆိုပေမယ့် ခေသူတော့မဟုတ်ပါ ဘူး။ ဒီအခြေအနေမှာ သူ့မိသားစုနဲ့အစ်ကိုကို ဘယ်လိုကယ်တင်ပြီး ဒုစရိုက်သမားတွေနဲ့အကွက်စေ့စေ့ ရင်ဆိုင်သွားမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(2.1 GB) / (733 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 57Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Thriller Translator…….Thiha Yan Naing Encoder……….SWM

Comedy
5.8 2023 117 mins
I Don’t Expect Anyone to Believe Me
Moments We Shared
6.1

Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့ အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ… ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ် အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့ Moment We Shared ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်… မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်… သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်… ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ… အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်.. အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း… အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း…. ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ နေရတာ ဘယ်အဆင်ပြေပါ့မလဲ… သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့ တွေးနေပေမယ့်… ပြောနေပေမယ့်လည်း… စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်… ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ဒီကားလေးကို ကြည့်လိုက်ကြနော်….

6.1 2024
Moments We Shared
My Otaku Girlfriend aka Mi Novia Otaku
6.7

My Otaku Girlfriend (2013) မန်ဂါကြိုက်တဲ့ကျွန်‌တော့်ရဲ့ချစ်သူလေး IMDb 6.7/10 ရုပ်ပြတွေကိုရေးရတာနှစ်သက်တဲ့ကောင်လေးတစ်ယောက်ဟာ Oxford မှာ စီးပွားရေးမဟာတန်းတက်ဖို့ schorlarship လျှောက်ရန် စာတွေနဲ့လုံးပန်းနေရင်း သူ့ရဲ့ အလွန်နာမည်ကြီးနေတဲ့ ဇာတ်လမ်းကိုဆက်မရေးတော့ဘဲ ပစ်ထားပြီးစာပဲကြိုးစားနေခဲ့ပါတယ် သူရေးတဲ့ဇာတ်လမ်းတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပေမဲ့ သူ့ရဲ့ဘဝကတော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ် တစ်ရက်မှာတော့ သူ့ရဲ့ fan အကြီးစားဖြစ်တဲ့ကောင်မလေးတစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပြီးနောက် သူ့ရဲ့ပျင်းရိစရာကောင်းတဲ့ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲသွားမလားဆိုတာကို ငြိမ့်ငြိမ့်လေးကြည့်ရမှာပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamပဲဖြစ်ပါတယ်)

6.7 2023
My Otaku Girlfriend aka Mi Novia Otaku
Together: 4-In-A-Row
6.3

Together: 4-In-A-Row (2024) IMDb Rating (6.3) ဘောလုံး​လောကမှာ Manchester City လို့ပြောလိုက်ရင် မသိတဲ့သူဟာမရှိလောက်ပါပဲ။ ဒီတစ်ခါ Together ဇာတ်လမ်းမှာတော့ Manchester City ရဲ့ လေးကြိမ်ဆက်တိုင် ပရီးမီးယားလိဂ်အနိုင်ယူခဲ့ပုံကို ပက်ပ်ဂွာဒီယိုလာ၊ ရိုဒရီနဲ့ ကိုင်းလ်ဝေါလ်တို့ရဲ့ အတွေးအမြင်အားဖြင့် ပြန်လည်ထင်ဟပ်ထားပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ မန်စီးတီးအသင်းဟာ အရင်နှစ်တွေလို ရာသီစမှာထဲက ပရီးမီးယားလိဂ်ထဲမှာ အစမကောင်းခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကို ဂွာဒီရိုလာလက်ထက်စနိုင်ကတည်းက မရှိဖူးခဲ့တဲ့ ၃ ပွဲဆက် ၄ လေးပွဲဆက်အရှုံးတွေပါရှိလာခဲ့ပါတယ်။ ဒါ့အပြင် ရာသီတစ်ဝက်ရောက်ခါနီးမှာ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရွိုင်းက ဒဏ်ရာရသွားတာကတစ်ကြောင်း၊ နည်းပြချုပ်နဲ့ မန်နေဂျာဖြစ်တဲ့ ဂွာဒီယိုလာက အသက်အရွယ်အရ ခါးပြဿနာကြောင့်ခွဲစိတ်ခန်းဝင်လိုက်ရတဲ့တစ်ကြောင်း အသင်းရဲ့ကွင်းလယ်လူတစ်ယောက်ကပါ ပွဲထဲစိတ်မထိန်းနိုင်ဘဲ ပြိုင်ဘက်ကစားသမားကို ရန်ပြုလိုက်လို့ အနီကတ်ရသွားတာကတစ်ကြောင်း အစရှိတဲ့အတွင်းပိုင်းပြဿနာတွေကြောင့် မန်စီးတီးတို့ဟာ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ပြဿနာဖြစ်ပြီး အသင်းရဲ့ပျမ်းမျှခြေစွမ်းကိုပါ ထိခိုက်စေသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက်ပိုင်းနောက်ဆုံးမှာ ဒီရာသီရဲ့ အထွဋ်အထိပ်အသင်းဖြစ်တဲ့ လီဗာပူးနဲ့ ချန်ပီယံပြိုင်လုဖို့အထိခြေမာလာခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ရန်ကို ဘယ်လိုမျိုးကျော်လွှားပြီး လေးကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူသွားလဲဆိုတာကို ဒီထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(7.3 GB) / (2.6 GB) / (1.2 GB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:32:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

6.3 2024 92 mins
Together: 4-In-A-Row
[18+] Tampipi
6.5

Tampipi (2025) IMDb Rating (6.5) ပီယာခင်ပွန်းသည်ဟာ သင်္ဘောသားတစ်ယောက်ဖြစ်ပြီး ပီယာကတော့ ယောက္ခမကြီးနဲ့အတူ Handmade အသုံးအဆောင်လေးတွေလုပ်ရောင်းရင်းအသက်မွေးပါတယ်။ ယောက္ခမကြီးက ပီယာကိုအမြဲတမ်းအပြစ်ရှာနှိမ်ချလို့စိတ်ညစ်ရသလို ခင်ပွန်းသည်နဲ့လည်းလိုင်းပေါ်ကပဲ ချစ်တင်းနှောရလို့ဟာစလာဖြစ်နေတဲ့ ပီယာ့အတွက်ပေါ်လာတဲ့ ကယ်တင်ရှင်ကတော့ ဇန်ဒရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ သူ့ဆိုင်မှာစျေးလာဝယ်ရင်း ပီယာခံစားနေရတာတွေကို ဒက်ထိဟောချသွားတဲ့အပြင် သူတိုက်တဲ့ဆေးရည်နဲ့မိန်းမောသွားခဲ့တဲ့ ပီယာဟာ ကာလရှည်တောင့်တနေတဲ့ဆန္ဒပြည့်၀မှုကိုရရှိသွားခဲ့တဲ့နောက်မှာတော့..၊ ပီယာတစ်ယောက် ဇန်ဒရာဆီ မကြာမကြာရောက်ဖြစ်လာပါတော့တယ်။ ဇန်ဒရာတိုက်တဲ့ဆေးရည်ကိုသောက်လိုက်တဲ့အချိန်တိုင်း ပီယာဟာ သူတောင့်တနေတဲ့ သူ့ခင်ပွန်းကိုမြင်ရပြီး အပြင်မှာကိုယ်တိုင်ကိုယ်ကျဆက်ဆံရသလိုကျေနပ်မှုရရှိပါတယ်။ အဲ့ဒီကျေနပ်မှုဟာ သူ့ဆေးအစွမ်းနဲ့သူ့စိတ်ထင်ယောင်ထင်မှားဖြစ်တာလား? ဒါမှမဟုတ်ဆေးစွမ်းနဲ့မိန်းမောနေချိန်မှာ သူ့ဆန္ဒကိုဖြည့်ဆည်းပေးနေသူတစ်ယောက်ယောက်ရှိနေလား? ဆက်လက်အဖြေရှာရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(650 MB) / (340 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:13:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.5 2025 72 mins
[18+] Tampipi
The Salt Path
7

IMDb Rating (7.0) / Rotten Tomatoes (84%) ရထားတဲ့ ဒီဇာတ်ကားထဲမှာလည်း Raynor Winn ရဲ့ ဖြစ်ရပ်မှန်အမှတ်တရစာအုပ်ကို အခြေခံထားပြီး အိုးမဲ့အိမ်မဲ့ဘဝ၊ နာတာရှည်ရောဂါနဲ့ လူမှုရေးအခက်အခဲတွေကို သဘာဝထဲမှာ ကျော်လွှားပုံကို ဖော်ပြထားပါတယ်။ အဓိကသရုပ်ဆောင်နှစ်ယောက်ကလည်း ဟယ်ရီပေါ်တာဇာတ်ကားမှာ Malfoyရဲ့အဖေ Lucius Malfoy အဖြစ်သရုပ်ဆောင်ထားတဲ့ Jason Isaacs နဲ့ Johnny English ဇာတ်ကားမှာ M17 agent အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Gillian Andersonတို့ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ်မစွမ်းသာတော့တဲ့အချိန်မျိုးမှာ ကိုယ့်ဆီက အကျိုးတစ်စုံတစ်ရာမျှော်ကိုးပြီး အနားကပ်နေတဲ့သူတွေက ကိုယ့်ကို ရင်ထဲကစေတနာပါပါနဲ့ ပြုစုစောင့်ရှောက်ချင်ကြမှာမဟုတ်ပါဘူး။ ကိုယ့်ဆီက ရစရာရှိတာရပြီးတဲ့အခါ ကိုယ့်ကိုလည်း ပစ်ထားခဲ့ဖို့ ဝန်လေးမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ဘဝရဲ့လက်တွဲဖော်က ကိုယ့်အတွက် စစ်မှန်တဲ့လက်တွဲဖော်ဖြစ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်ဘဝအတွက် အဆိပ်အတောက်လို လက်တွဲဖော်ဖြစ်နေခဲ့ရင်တော့ ကိုယ့်ဘဝတစ်လျှောက်လုံး ဘဝအဆုံးသတ်ချိန်အထိ ထိုမကောင်းတဲ့လက်တွဲဖော်ရဲ့ ဒဏ်ကို ခံစားသွားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ ရေနာဝင်းနဲ့မော့သ် ဝင်းတို့ဟာ ဝေးလ်စ်က သူတို့ရဲ့အိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံမှု မအောင်မြင်မှုကြောင့် ပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ မော့သ်မှာ corticobasal degeneration ဆိုတဲ့ သေစေနိုင်တဲ့ အာရုံကြောရောဂါကို ဖြစ်နေတာကို သိလိုက်ရတယ်။ ဒီဒုက္ခတွေကျော်လွှားဖို့ သူတို့ဟာ အင်္ဂလန်ရဲ့ South West Coast Path ၆၃၀ မိုင်ကို လမ်းလျှောက်ခရီးထွက်ဆုံးဖြတ်ခဲ့တယ်။ ငွေကြေးချမ်းသာစည်းစိမ်ပေါများ အခြွေအရံပေါများတဲ့အခြေအနေမျိုးမှာ အတူရှိနေပေးခြင်းက မသိသာပေမယ့် နိမ့်ကျ၊ ဆင်းရဲ၊ ရှုံးနိမ့်ချိန် ဘေးမှာ အတူရှိနေပေးတဲ့ ဘဝလက်တွဲဖော်က ပိုပြီး စစ်မှန်ကြောင်း… သင်အောင်မြင်ချိန်အတူ ဝမ်းသာပေးမယ့်သူဖြစ်သလို၊ သင်နိမ့်ကျချိန်မှာလည်း သင့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမယ့်သူမျိုးသာဖြစ်တယ်ဆိုတာ ဒီဇာတ်ကားလေးက သက်သေပြပေးသွားမှာပါ။ File Size… (1.78 GB) / (988 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Family • Fantasy • Comedy • Adventure
7 2024 115 mins
The Salt Path
Mr. Church
7.6

Mr. Church (2016) ******************* သူ့ဘဝပေါ် အခြေခံပြီး McMartin ရေးသားထားတဲ့ ” The cook who came to live with Us” ဆိုတဲ့ ဝတ္ထုတိုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ Mr. Church ဇာတ်ကားဟာ 7.6/10 IMDb ရရှိထားပြီး နာမည်ကြီး ဟာသသရုပ်ဆောင် Eddie Murphy (မစ္စတာချာချ့်) Britt Robertson (ချာလီ ဘရွတ်ခ်)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ၁၉၅၀ ဝန်းကျင် အမေရိကားမှာ အခြေခံထားတာပါ။ ရိုးအီနေတဲ့အချစ်ဇာတ်လမ်းတွေပျင်းလာတဲ့အခါမှာ မိသားစုဇာတ်လမ်းကောင်းတစ်ခုကို ကြည့်ရှုချင်ရင်တော့ တစ်နေ့မှာ မထင်မှတ်ဘဲရောက်ရှိလာတဲ့ စားဖိုမှူးတစ်ယောက်က ဘရွတ်ခ်မိသားစုရဲ့ မျိုးဆက်သုံးခုအတွက် ဂရုစိုက်စောင့်ရှောက်ပေးသူဖြစ်လာတဲ့ ဒီကားကောင်းလေးကို ညွှန်းလိုက်ပါတယ်။ အဓိကသော့ချက်ကတော့ ၊ ကြည့်ရှုသူတွေသိလာပါလိမ့်မယ်၊ ဂျက်ဇ်သီချင်းတွေပါပဲ။ File Size – 3.49 GB/ 1.11 GB Quality – BluRay 1080p/ 720p Duration – 1h 44m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub)

Thriller • Crime • Horror
7.6 2016 104 mins
Mr. Church