YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Shark.Night.2011.720p.(CM).mp4

1.33 GB 720p video/mp4 426 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Tango in Paris
7

Last Tango in Paris (1974) ~ IMDb - 6.9/10, Rotten Tomatoes - 83% ~ ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။ မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ထိပ်တန်းကျခဲ့တဲ့ 400 Blows က မင်းသားကြီး Jean-Pierre Léaud နဲ့ ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ရုပ်ရှင်ပေါင်းများစွာမှာ သရုပ်ဆောင်ဖူးခဲ့တဲ့ မာလွန်ဘရန်ဒိုတို့က အဓိက သရုပ်ဆောင်ထားတယ်။ မင်းသမီးကလည်း ပြင်သစ်မင်းသမီး Maria Schneider ပါ။ ဘရန်ဒိုကလွဲ အကုန်ပြင်သစ်တွေချည်းလို့ ပြောလို့ရပါတယ်။ Erotic Drama Film တစ်ကားအနေနဲ့ဆို ဒီကားဟာ တော်တော်ထိပ်တန်းကျတဲ့ အရည်အသွေးရှိတယ်လို့တောင် ပြောချင်ပြောလို့ရပါတယ်။ Sex Scenes တွေက အကြမ်းပတမ်းတွေတောင်ပါတာမို့ အများသူငါ သူယှဉ်တွဲကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 9Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Drama • Sci-Fi & Fantasy
7 1972 129 mins
Last Tango in Paris
Papaya: Love Goddess of the Cannibals (18+)
4.3

(ကြမ်းတမ်းစွာ ဖော်ချွတ်သော ဇာတ်ဝင်ခန်းများ ပါဝင်သည်မို့ အများနဲ့ မကြည့်ရှုသင့်ပါ) အသစ်နဲ့အဟောင်း အရိုင်းနဲ့အယဉ်... အသစ်နဲ့အဟောင်းကတော့ ခွဲရခြားရလွယ်ပေမဲ့ အရိုင်းနဲ့အယဉ်ဆိုတာ အင်မတန်ခွဲခြားဖို့ ခက်တဲ့ ပါးလွှာတဲ့မျဉ်းပါပဲ။ စာနာတရားခေါင်းပါးတဲ့ လူ့ယဉ်ကျေးတွေဟာ လူနေမှုအဆင့်အတန်းဆိုတဲ့ အယဉ်ခေါင်းစဉ်တွေတပ်ပြီး အရိုင်းလို့သမုတ်ထားတဲ့ သူများယဉ်ကျေးမှုကို ဖြိုဖျက်ပြီး စိတ်စေရာအတိုင်း အသစ်ပြန်သဖို့ လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ယဉ်ကျေးမှုနဲ့ သူတို့နေနေတဲ့ အရိုင်းလို့ သမုတ်ခံရတဲ့လူတွေဟာ လူ့ယဉ်ကျေးတွေကို ပြန်တွန်းလှန်ဖို့ ဖြစ်လာခဲ့တယ်။ ဒီအကြောင်းကို သည်းထိတ်ရင်ဖိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီကားက Erotic ကားပေမဲ့ Adventure ကားဆန်သလို Mystery လည်းဆန်ပါတယ်။ ပြောရရင် ဟိုးတုန်းက သိပ်မအောင်မြင်ခဲ့တဲ့ အလန်ကွာတာမိန်းကားတွေရဲ့ အငွေ့အသက်မျိုးရတယ်။ တစ်စုံတရာကိုရှာဖွေရင်း မသိသေးတဲ့ ကမ္ဘာဟောင်းကို ရောက်သွားပြီး မကြုံစဖူး ယဉ်ကျေးမှုတွေ မျိုးနွယ်တွေ အန္တရာယ်တွေနဲ့ ကြုံလာရပြီး အဲဒီအန္တရာယ်တွေကြားက လွတ်မြောက်အောင်ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးပါပဲ။ စွန့်စားခန်းကားတွေ ရှေးဟောင်းနယ်မြေကားတွေ သည်းထိတ်ရင်ဖိုကားတွေကိုလိုမှ Erotic အငွေ့အသက်နဲ့ ရိုက်ထားတဲ့ကားမျိုးမို့ တော်တော်များများ ကြည့်ပျော်ကြမယ့် ဇာတ်လမ်းမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 680MB Quality - 1080p, 720p Format - mp4 Duration - 1H 26Min Genre - Crime, Horror, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by RGB

Drama
4.3 1978 86 mins
Papaya: Love Goddess of the Cannibals (18+)
Holy Spider
7.4

လာမယ့် ၂၀၂၃ အော်စကာရဲ့ best Interanational Features ဆုအတွက် တစ်ပြေးနေတဲ့ ထိပ်ဆုံးငါးကားထဲက တစ်ကားဖြစ်တဲ့ “Holy Spider”ဟာ ကားကတော့ အီရန်ကားဖြစ်ပေမဲ့ ဂျော်ဒန်မှာရိုက် ပြင်သစ်မှာ Release လုပ်ပြီး အော်စကာအတွက် နိုင်ငံကိုယ်စားပြုတာကတော့ ဒိန်းမတ်အနေနဲ့ ဝင်ထားပါတယ်။ အီရန်မှာတော့ အပိတ်ခံထားရရုံတင်သာမကပဲ Ministry of Culture and Islamic Guidanceကနေ ဒီရုပ်ရှင်ကမင်းသမီးကို best actress ဆုပေးခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို ပြဿနာရှာထားသလို ဒီရုပ်ရှင်ဟာ မွတ်စလင်တွေရဲ့ယုံကြည်မှုကို စော်ကားတယ်လို့လည်း ဆိုကြပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးတာမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်ပြည်တွင်းကလူတွေရှိခဲ့ရင် အီရန်ရုပ်ရှင်အစည်းအရုံးက ဒဏ်ခတ်မယ်လို့ပါ ကြေညာထားခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၀ခုနှစ်တုန်းက ပြည့်တန်ဆာ၁၆ယောက်ကိုသတ်ခဲ့တဲ့ အီရန်ကွင်းဆက်လူသတ်သမား တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ထားတဲ့ရုပ်ရှင်ဖြစ်ပြီး တစ်ချို့ကလည်း မာစတာပိစ်ကားလို့ ပြောကြပါတယ်။ အမျိုးအစားကတော့ crime thrillerရုပ်ရှင်ဖြစ်ပြီး အီရန်ရဲ့ မြင့်မြတ်တဲ့ဘာသာရေးမြို့လို့ ပြောလို့ရတဲ့ Mashhadမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့မှာ ပြည့်တန်ဆာလုပ်စားနေတဲ့ အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ အသတ်ခံခဲ့ရပြီး ဘာသဲလွန်စမှ မကျန်ပါဘူး။ အဲဒီလိုသတ်တဲ့လူကိုတော့ Spider Killer လို့ သိထားကြပါတယ်။ ဘယ်သူမှန်းတော့ သေချာမသိခဲ့ရပါဘူး။ ဒီအမှုကို စုံစမ်းဖို့ သတင်းထောက်မလေးတစ်ယောက်ဟာ Mashhadကိုရောက်လာခဲ့တယ်။ သူဟာ ဒီအမှုဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး ဒီအမှုရဲ့နောက်ကွယ်မှာ လက်မဲကြီးတွေ ရှိနေတယ်လို့ ယုံကြည်ထားခဲ့တဲ့သူပါ။ သူ့အသက်ပါသူ ရင်းပြီး ပြည့်တန်ဆာအယောင်ဆောင်ပြီး အဲဒီလူကို ဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ တရားခံကို သူ ပက်ပင်းမိသွားခဲ့ပေမဲ့ အဲဒီနောက်က လက်မဲကြီးတွေကို သူဖော်ထုတ်နိုင်မလားဆိုတာကို ကျွန်တော်တို့ဆက်ကြည့်ကြရမယ့် ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thirller Quality…. 1080p | 720p | 480p File size… 1.27GB | 645MB | 319MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • History • War
7.4 2022 118 mins
Holy Spider
Someone Borrowed
5.6

Someone Borrowed (2022) Rsတစ်ခုမှာ 6 လကြာရင်တော့ အချစ်စစ်တွေပေါက်ဖွားလာပါတယ်တဲ့(FAတွေတော့ ဘယ်သိမလဲ?)။ ဒီတော့ အချစ်ဆိုတာကို ကစားစရာလို့ယူဆထားတဲ့ ကိုယ့်ကိုယ်ကိုယ် Gentleman ကြီးလို သတ်မှတ်ထားတဲ့ ပလေးဘွိုင်းကြီး လူဝိဇ်ကတော့ မိန်းကလေး ၁ ယောက်ကို ၃ လထက်ပိုမတွဲဘဲ ရည်းစားတွေမှိုလိုပေါက်အောင် ထားလေ့ရှိသူပါ။ ဒါပေမဲ့ ၃ လကြာရင်ဖြတ်မယ်ဆိုတာကို ကြိုအသိပေးတတ်တဲ့သူ့ကိုယ်သူတော့ ဆရာကြီးက လူကြီးလူကောင်းလို့မှတ်ယူပြီး Mr. Perfect Guyပီပီ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းကြီး ၃ ရပ် ချမှတ်ထားပါသတဲ့။ လူဝိဇ်ဟာ အိမ်မှာလည်းအစ်မတွေကြားက အငယ်ဆုံးလေးလည်းဖြစ် တစ်ဦးတည်းသောသားယောက်ျားလေးကလည်းဖြစ်တော့ မားဘွိုင်းလေးဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ အလုပ်မလုပ် မိန်းမလည်းမယူချင်တဲ့ ရေပေါ်ဆီသားဖြစ်သူကို အမေတောင်မှ စိတ်ကုန်ချင်ချင်ရယ်ပါ။ ဒီလိုနဲ့ အမေဖြစ်သူ ၆ လပဲအသက်ရှင်တော့မယ်ဆိုတဲ့ သတင်းဆိုးနဲ့အတူ မိခင်ရဲ့နောက်ဆုံးဆန္ဒက လူဝိဇ်ရဲ့ခံယူချက်တွေအားလုံးရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဇနီးတစ်ယောက်ရှာဖို့ ဖြစ်နေတဲ့အခါမှာတော့ ဇနီးအငှားလိုက်သည်ဆိုတဲ့ မိန်းမချောလေးလီနာနဲ့ဆုံစည်းရဖို့ အကြောင်းဖန်လာပါတော့တယ်။ အမေဖြစ်သူကို စိတ်ကျေနပ်စေဖို့ကနေ စတင်လိုက်တဲ့ သူတို့နှစ်ယောက်ကြားက ၆ လပတ်သတ်မှုတစ်ခုနဲ့ ဆန့်ကျင်ဘက်စရိုက်တွေကြားကအလွဲအချော်ပေါင်းစုံကတစ်ဖက်၊ လူဝိဇ်နဲ့မတည့်တဲ့အစ်မဖြစ်သူအင်နက်ဇ်ရဲ့အမျိုးမျိုးစောင့်ကြည့်မှုတွေကတစ်ဖုံကြားက သူရဲ့သတ်မှတ်ချက်အတိုင်း ၆ လအကြာမှာ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ အတူတူကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p | 480p File size… 1.75GB | 950MB | 516MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August

Drama • Thriller
5.6 2022
Someone Borrowed
Frances Ha
7.4

Frances Ha (2012) =============== IMDb – 7.4/10 Rotten tomatoes – 93% ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ လူတွေရဲ့ နေ့စဉ် ဘဝမှာကြုံတွေ့နေရတဲ့ သူငယ်ချင်းဆက်ဆံရေး၊ ရည်မှန်းချက်တွေ အတွက် ရုန်းကန်ရမှု၊ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေ အကြောင်းကို B&W နဲ့ အလှပဆုံး ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသဇာတ်မြူး ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အသက် 27 အရွယ် ဖရန့်စစ် ဟယ်လာဒေး (Greta Gerwig) ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆာခရာမန်တိုမြို့ ကနေ နယူးယော့ခ်မြို့ကိုလာပြီး အကကုမ္ပဏီတစ်ခုမှာ အရံလူအဖြစ်ဝင်လုပ်ရင်း ကိုယ်ပိုင်အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ အကပညာရှင် တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ နယူးယော့ခ်က တိုက်ခန်းတစ်ခုမှာ သူငယ်ငယ်လေး ကတည်းက ခင်လာခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုဖီ (Mickey Sumner) နဲ့အတူ ငှားနေရင်း တနေ့မှာဆိုဖီက တခြားတိုက်ခန်းပို‌ကောင်းတဲ့တစ်ခုကို ပြောင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘာပြဿနာအခက်အခဲပဲရှိရှိ ပေါ့ပေါ့ပါးပါးပဲ ဖြေရှင်းတတ်ပြီး သူငယ်ချင်းမျက်နှာ တစ်ကမ္ဘာထင်‌နေခဲ့တဲ့ ဖရန့်စစ်တယောက် နယူးယော့ခ်မြို့ကြီးမှာဆက်လက်ရှင်သန်နိုင်ဖို့ ဘယ်လိုတွေ ဆက်ပြီး ရုန်းကန်ရမလဲ၊ သူလုပ်သမျှအလုပ်တွေကရော အကုန်အဆင်ပြေလာမလား၊ သူ့ရဲ့အပ်မက်ကရော ဖြစ်မြောက်လာမလား ကျရှုံးသွားမလား ဆိုတာကို ဆက်လက် ရှုစားပေးကြပါဦးခင်ဗျ။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

7.4 2012
Frances Ha
Anatomy of Time
6.4

Anatomy of Time (2021) နာမည်နဲ့လိုက်အောင်ကိုပဲ ဒီကားရဲ့ အချိန်စဉ်တွေက ဟိုတစ်စ ဒီတစ်စဆိုသလိုဖြစ်နေတယ်။ အဖြစ်အပျက်စဉ်အလိုက်တော့မဟုတ်ဘူး ဒါပေမဲ့ အချိန်ကာလအားဖြင့်တော့ ၂ခုကို သုံးထားတယ်။ မိန်းမတစ်ယောက်ရဲ့ အပျိုဘဝနဲ့ အဘွားကြီးဖြစ်သွားတဲ့အချိန်ပေါ့။ ဒီနေရာမှာ သူက ဒီအမျိုးသမီးရဲ့ ငယ်ဘဝကို ပုံဖော်တဲ့နေရာမှာ အရောင်တွေစိုစိုပြည်ပြည်သုံးထားသလို ခန္ဓာလှုပ်ရှားပုံဖော်မှုတွေကအစ ရမ္မက်နဲ့သိချင်စိတ်ကို မြင်နေရတယ်။ တော်တော်လေးသိသိသာသာပါပဲ။ ဒါတော့ ဒီထိုင်းဒါရိုက်တာရဲ့ အားသာချက်လို့ပြောရမလား မင်းသမီးရဲ့သရုပ်ဆောင်စွမ်းကိုပဲ ချီးကျူးရမလားပါပဲ။ နောက် သူ့အဖေက နာရီပြင်ဆရာဖြစ်သလို ဒီကားရဲ့ အပြတွေရဲ့ ဖြည့်စွက်မှုတစ်ခုလိုဖြစ်နေတဲ့ အရှေ့တိုင်းဖလော်တွေကို ပြောသွားတဲ့လူပေါ့။ ဒီဇာတ်ကောင်ကို တည်ဆောက်ထားတာ တော်တော်ဝေဝါးပေမဲ့ သူ့ထည့်ချင်တဲ့အဖြည့်တစ်ခုနဲ့ ပဟေဠိတစ်ခုကို ထည့်ပေးနိုင်တဲ့ ဇာတ်ကောင်လို့မြင်ရတယ်။ နောက်ထပ်မြင်ရတဲ့ ဇာတ်ကောင်က မင်းသမီးရဲ့ ယောက်ျားဖြစ်လာမယ့်သူတစ်ဖြစ်လဲ ဖြစ်နေတဲ့သူတစ်ဖြစ်လဲ စစ်ခေါင်းဆောင်တစ်ယောက်။ သူလည်းမထူးဘူးပြောရမလိုလိုပဲ ။ သူ့မကောင်းမှုတွေများတာကို သိရပေမဲ့ အဲဒီမကောင်းမှုတွေက ဘယ်လောက်ထိတာသွားသလဲတော့ ရေရေရာရာပြမသွားဘူး။ ဒါတော့ သူ့အပြအပိုင်းပေါ့။ သူ့ခေတ်က ထိုင်းနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်သူပုန်တွေကြားက တင်းမာမှုတွေရှိခဲ့တဲ့ ဆိုးဆိုးရွားရွားခေတ်တစ်ခုမှာတည်ထားတယ်။ တိုင်းပြည် ဒုက္ခဝေတဲ့ခေတ်ပေါ့။ ဒီကားရဲ့ အဓိကပုံဖော်မှုဟာ ခေတ်ရယ် သူ့ဖလော်အတိုင်း အကျိုးအဆက်ရယ်လို့တော့ ထင်သာမြင်သာရှိနေတယ်။ ခုနဇာတ်ကောင်တွေအားလုံးဟာလည်း အချိန် နိုင်ငံနဲ့ လူတွေကို ကိုယ်စားပြုထားတဲ့ ဇာတ်ကောင်တွေလို့လည်း မသိမသာတော့ ပုံပေါ်နေတယ်။ ဘာအကြောင်းလဲမေးလာရင်တော့ ခေတ်ပျက်ကြီးတစ်ခုပေါ့ အဲဒီထဲကလူတွေပေါ့။ အဲဒီထဲက အမိနိုင်ငံတစ်ခုပေါ့။ နောက်ပြီးတော့ အဲဒီအရာတွေအားလုံးကို တိုက်စားသွားတဲ့အချိန်ပေါ့။ အဲဒီလူတွေရဲ့မကောင်းမှုတွေကိုလည်း အချိန်အဆက်ဆက်ကိုဖြတ်ပြီး အဲဒီနိုင်ငံကြီးက မစွန့်မပစ် ထွေးပိုက်ထားတုန်းပဲ။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.9GB | 946MB | 468MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sandaku Encoder ….. Aaron

Comedy
6.4 2021
Anatomy of Time
Somewhere in Queens
7

Somewhere in Queens (2022) ===================== IMDb Rating – 7.0/10 ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedian တစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ် ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆို တို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစု ကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်း မှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစား တာထူးချွန်တဲ့ စတစ် လို့‌ခေါ်တဲ့သားတစ်ယောက်လည်းရှိပါ တယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သား အတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့် စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။ လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကို ဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက် ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက် မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depression တွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကို လီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေ တောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင် တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့် ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကား လေးကိုကြည့်ဖို့ recommend ပေးပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(2.11 GB) / (850 MB) / (480 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Sport Translator…….Theo Kat Encoder……….SWM

7 2022
Somewhere in Queens
Black Hawk Down
7.7

Black Hawk Down(2001) IMDb – 7.7/10_____Rotten – 76% Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ် အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့ တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ် ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ် နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ် Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ တစ်ရက်နီးပါးကြာမြင့်သွားပါတယ် ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင် အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ် File Size :(14.55 GB) (4.3GB) (1.4GB) Quality : Web-Dl 4K HEVC 1080p/720p Format…mp4 Duration…02:24:00 Genre : Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Chan Myae Thu Aung Encoded by Phyo Pyae

7.7 2001 145 mins
Black Hawk Down
Distortion
6.2

Distortion (Khon Lok Jit) (2012) IMDb – 6.2/10 ရုပ်ရှင်နယ်ပယ်မှာ နိုင်ငံအသီးသီးကရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းနာမည်ပါပဲ။ အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းတော့ ထိုင်းရုပ်ရှင်ဇာတ်လမ်းပါ။ ထင်ယောင်ထင်မှားမှုကနေ ဖြစ်ပေါ်လာတဲ့ psychological-thriller ရုပ်ရှင်ပေါ့။ စိတ်ရောဂါပညာရှင်၊ သိပ္ပံပညာရှင်၊ စီးပွားရေးသမားနဲ့ ကျောင်းသူလေးတစ်ယောက်။ သူတို့လေးဦးကြားက ဖုံးကွယ်ထားတဲ့ အကြောင်းအရာကိုယ်စီနဲ့ တိုက်ဆိုင်စွာပဲ ကွင်းဆက်လူသတ်မှုထဲမှာ ကိုယ်စီပါဝင်လာကြတဲ့အခါ…။ ဒေါက်တာကူရန်ဆိုတဲ့ စိတ်ရောဂါပညာရှင်က သတင်းမှာတွေ့လိုက်ရတဲ့ လူသတ်မှုဖြစ်ရာနေရာကို ရောက်လာခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ အဲဒီလူသတ်မှုနောက်မှာ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပြီး အသတ်ခံလိုက်ရတဲ့သူတွေကလည်း လိင်တူချစ်သူတွေဖြစ်နေပါတယ်။ ထပ်ပြီးတိုက်ဆိုင်တာက အသတ်ခံရတဲ့လူတွေဟာ ဒေါက်တာကူရန်ရဲ့ ကျောင်းနေဖက်တွေဖြစ်နေတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်) Genre….. Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 2.6GB | 1.1GB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.2 2012
Distortion
S.I.T: Special Investigation Team

S.I.T (2024) အထူးစုံစမ်းရေးအဖွဲ့ ဒါရိုက်တာ Vijaya Bhaskar Reddyရိုက်ကူးထားတဲ့ အသစ်စက်စက် မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေကတော့Grey: The Spy Who Loved Me၊ Shukra တို့လို thriller/ crime /mystery တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Arvind Krishnaနဲ့ မင်းသမီး Natasha Doshi တို့အပြင် Detective Karthikရဲ့ မင်းသား Rajath Raghav ပါ ပါဝင်ထားပါတယ်။ အမှုနဲ့ပတ်သက်လာရင် ဥပဒေဘောင်ထဲက ကျော်ပြီး ဖြေရှင်းသင့်ရင် ဖြေရှင်းတတ်တဲ့အရာရှိ ပရာသာတစ်ယောက် တစ်နေ့မှာ ဆော့ဝဲလ်ပညာရှင်နာဗီရာ သေဆုံးမှုကို စုံစမ်းဖို့ အမိန့်ကျလာခဲ့တယ်။ သေဆုံးသူက နာမည်ကြီး ဖြစ်တဲ့အပြင် သေဆုံးမှုကလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် လူထုစောင့်ကြည့်နေကြတဲ့ အမှုဖြစ်နေခဲ့လို့ ရဲဌာနတစ်ခုလုံး ဖိအားဖြစ်နေရပါတယ်။ အမှုအတွက် ထိပ်တန်းပညာရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးကြတဲ့အခါ အမှုက ထင်သလောက်မရိုးရှင်းဘဲ နာဗီရာရဲ့အတိတ်တွေရော မိသားစုအရေးတွေပါ ပါဝင်ပတ်သက်လာပြီး အရာရှိပရာသာနဲ့ အဖွဲ့က ဖော်ထုတ်နိုင်မလား ဆိုတာကတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်)

0 2024
S.I.T: Special Investigation Team
Sharathulu Varthisthai

Sharathulu Varthisthai 2024 (ပိရမစ်စနစ်MLM) IMDb – 7.4/10 Honeymoon Express သရုပ်ဆောင် Chaitanya Raoရဲ့ ပညာပေးကားလေးပါ။ ဒီနေ့ခေတ်မှာ ရေပန်းစားတဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစား၊ ထိပ်ပိုင်းကလူတွေပဲ ကြီးပွားပြီး အောက်ခြေကလူတွေဒုက္ခပင်လယ်ဝေရတဲ့ Chain networking business ခေါ် Multi-Level Marketing (MLM) အကြောင်းပညာပေးကားလေးပါ။ ချီရမ်ဂျီဗီက အစိုးရဝန်ထမ်း၊ သားကြီး။သူ့အောက်က မောင်နှမနှစ်ယောက်နဲ့ အမေမုဆိုးမကြီးကို ရှာကျွေးနေရတဲ့သူ။ သူ့ပခုံးပေါ်က တာဝန်ကလေးလွန်းလို့ အိမ်ထောင်ပြုမယ့်အကြောင်း မစဥ်းစားရဲသေးတဲ့သူပေါ့။ ညီနဲ့ညီမအခြေကျမှ သူ့ဆီမှာလည်းတင့်တောင်းတင့်တယ်ဖြစ်မှ လက်ထပ်မယ်စဥ်းစားထားတဲ့သူပါ။ သူကငယ်တုန်းက ပညာသိပ်မတတ်ပေမယ့် စာဖတ်တယ်။ လေ့လာတယ်။ ဒီလိုနဲ့ သူတို့လူလတ်တန်းစားနေရာကို MLMစီးပွားရေးတစ်ခုက ရောက်လာရော။ အဲဒီစီးပွားရေးကလည်း ပေါ့ပေါ့သေးသေးမဟုတ်ဘူး။ သူတို့ရပ်ရွာရဲ့ အားကိုးခံယုံကြည်ရတဲ့ ရွေးကောက်ခံအမတ်ကိုယ်တိုင် အာမခံပြီးသူကိုယ်တိုင် ပါဝင်ထားတဲ့စီးပွားရေးဖြစ်နေရော။ အဲဒီတော့နေရာတစ်ခုလုံးက လူတွေပါလိုက်ကြတာသောက်သောက်လဲ။ ဒ ါပေမယ့်ချီရမ်ဂျီဗီကတော့မပါဘူး။ စိတ်မယိုင်ဘူး။ ကျန်လူတွေပါ မပါဖို့ဆွယ်လိုက်သေးတယ်။ ဒီလိုသူမယုံကြည်တဲ့ စီးပွားရေးကို သူ့ရဲ့ချစ်ရသူလေးနဲ့ အမေ ဖြစ်သူက ယုံကြည်ပြီးမန်ဘာဝင်လိုက်တဲ့အခါ….. ဘာတွေဆက်ဖြစ်မလဲ။ လူလတ်တန်းစားတွေရဲ့ဘဝကို မြင်ရမယ့်အပြင် MLMစနစ်ကြောင့် အောက်ခြေကမန်ဘာဝင်တွေရဲ့ဘဝ ဘယ်လိုဖြစ်သွားလဲ ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ဒီဇာတ်လမ်းလေးကို CMမှာ ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Suri ~ Cyrah ဖြစ်ပါတယ်)

0 2024 140 mins
Sharathulu Varthisthai
Shivrayancha Chhava
7

Shivrayancha Chhava (2024)”ဧကရာဇ်ဆမ်ဘာဂျီ” ======================================= ရုံတင်စဉ်က ဒုတိယဝင်ငွေအကောင်းဆုံး မာရသီစကားပြောရုပ်ရှင်ဖြစ်ခဲ့တဲ့ ဒီသမိုင်းနောက်ခံရုပ်ရှင်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် မာရသာအင်ပါယာကို တည်ထောင်ခဲ့တဲ့ မင်းကြီးရှီဗာဂျီရဲ့အကြီးဆုံးသား မင်းကြီး ဆမ်ဘာဂျီရဲ့ဘဝကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ မင်းကြီးရှီဗာဂျီ နတ်ရွာစံသွားတဲ့အတွက် မာရသာအင်ပါယာပြိုကွဲပြီလို့ထင်နေတဲ့ မိုဂူလ်ဧကရာဇ် အာရန်ဇက်ဟာ ဘူဟန်ပူရ်မြို့ကို အိန္ဒိယတောင်ပိုင်းရဲ့ မြို့တော်အဖြစ်ပြောင်းလဲဖို့ သူ့ရဲ့တပ်မှူး ဗဟာဒူးရ်ကို တာဝန်ပေးခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးဗဟာဒူးရ်ဟာ ဘူဟန်ပူရ်မြို့ကို မတရားသဖြင့်အုပ်ချုပ်နေတဲ့အတွက် အသက်ငယ်ရွယ်ပေမဲ့ ပညာဉာဏ်ပြည့်ဝတဲ့ မင်းကြီးဆမ်ဘာဂျီက ဗဟာဒူးရ်လက်ထဲကနေ ဘူဟန်ပူရ်မြို့ကို ကယ်တင်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်ထဲမှာ အဓိကမြင်တွေ့ရမှာ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7 2024 145 mins
Shivrayancha Chhava
The Vanished
6.6

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့ လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့ သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်း စုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက် သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာ သည်းထိတ်ရင်ဖိုကားလေးတစ်ကားကို လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော် ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married couple ဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-ae ပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-woo စုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။

Romance
6.6 2018 101 mins
The Vanished
My Freaky Family
6.4

Musical Animation လေးတွေကို သဘောကျနှစ်သက် သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Animation လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ My Freaky Family ဖြစ်ပြီး လက်ရှိ IMDb Rating 6.5 အထိရရှိထားပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကသင်ခန်းစာလေးကတော့ ဘယ်လောက်ပဲမတူညီကွဲပြားမှုတွေသာရှိနေပါစေ အချစ်နဲ့သာ ဆိုရင် ဘယ်အရာကိုမဆိုအောင်မြင်အောင်ကျော်လွှားပြီး ပေါင်းစည်းပေးနိုင်တယ်ဆိုတာကို မှော်ဆန်တဲ့ဇာတ်လမ်း လှလှလေးနဲ့ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နာလင်နဲ့ အနက်စကာဆိုတဲ့ချစ်သူ နှစ်ယောက် နောက်ကလိုက်ဖမ်းတဲ့မကောင်းဆိုးဝါးပင့်ကူကြီး လက်က ထွက်ပြေးလာတာကိုမြင်ရမှာဖြစ်ပြီး လမ်းမှာ သူတို့ မွေးလာမဲ့ကလေးနာမည်ပေးဖို့ တိုင်ပင်နေခဲ့ကြပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီလမ်းမှာတင် သူတို့မွေးလာမဲ့ကလေးကို ဘက်တီ ဆိုပြီးနာမည်ပေးဖြစ်ခဲ့ပြီး သူတို့လည်း အန္တရာယ်များတဲ့နေရာ ကနေ လူနေမြို့လေးတစ်ခုမှာပြောင်းရွှေ့ပြီး ပုန်းခိုနေထိုင်ခဲ့ ကြပါတော့တယ်။တကယ်တမ်းတော့ သူတို့တွေက မှော်ဝင် မျိုးရိုးတွေဖြစ်ပြီး သူတို့ကိုရှာတွေ့သွားမှာစိုးတဲ့အတွက် မှော်ပညာကိုချင့်ချိန်သတိထားသုံးနေရတာပဲဖြစ်ပါတယ်။ ဘက်တီကလည်း မြို့မှာပဲ ကျောင်းတက်ရပြီး သူငယ်ချင်းတွေ ရှိနေပေမဲ့ သူ့မိသားစုရဲ့ မှော်ပညာကိုတော့ဆက်ခံပြီး အသုံးပြု ချင်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူ့မှာ သူ့မိဘရဲ့ မှော်အစွမ်းတွေနဲ့ဖန်တီးထားတဲ့ ညီအစ်ကိုမောင်နှမတွေရှိပြီး သူတို့ကိုမြင်လေလေ ဘက်တီတစ်ယောက်မှော်အစွမ်းတွေ ပိုသုံးချင်လာလေလေပါပဲ။အဲ့ဒါကြောင့်ပဲ ဘက်တီ့အမေက သူ့ကိုမဖြစ်မနေ ဟိုးအတိတ်ကအမှန်တရားတွေအကြောင်း ပြောပြခဲ့ရပြီး ဇာတ်လမ်းလေးကလည်း ပိုစိတ်ဝင်စားစရာ ကောင်းလာတဲ့အတွက် မ Spoil တော့ဘဲ ကိုယ်တိုင်ပဲကြည့်ရှု ခံစားဖို့ ညွှန်းပေးလိုက်ချင်တဲ့ Animation ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.44 GB) / (793 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …. Adventure , Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Fantasy • History • Mystery
6.4 2024 86 mins
My Freaky Family