YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Sh##ting.Stars.S01E04.720p(CM).mp4

483.92 MB N/A video/mp4 4398 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stan Lee
7.1

Stan Lee (2023) ~ IMDb - 7.2/10, Rotten Tomatoes - 88% ~ Superhero ပရိသတ်တွေရင်ထဲမှာ Stan Lee ဆိုတဲ့ နာမည်ကိုကြားတာနဲ့ Marvel ရဲ့ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ချစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီးအဖြစ် တံဆိပ်ခတ်နှိပ်ထားပြီးသားဖြစ်လို့နေပါတယ်။ Stan Lee နဲ့ Marvel ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ။ Stan Lee မရှိရင် Marvel ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။ Fantastic Four ကစလို့ X-Men, Spider-Man, Iron Man, Captain America, Hulk, Thor, Dr. Strange, Black Panther တို့လိုစူပါဟီးရိုးတွေအပြင် တခြား ဟီးရိုးနဲ့ ဗီလိန်ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ Stan Lee ကို Marvel ရဲ့ ဥသျှောင်တင်မက စူပါဟီးရိုးယဉ်ကျေးမှုကြီးရဲ့ ဥသျှောင်အဖြစ်တင်စားရင်တောင် လွန်မယ်မထင်ပါဘူး။ စူပါဟီးရိုးရုပ်ပြစာအုပ်တွေကို Stan Lee ခေတ် မတိုင်ခင်က အပျော်တမ်းဖတ်ကလေးကြိုက်အဖြစ်ယူဆထားခဲ့ပေမဲ့ Stan Lee ဟာ အဲဒီထုံးတမ်းတွေကို ရိုက်ချိုးပြပြီး လူကြီးလူငယ်မရွေး ဖတ်ရှုအသည်းစွဲနိုင်တဲ့ စူပါဟီးရိုး‌တွေ အကြောင်း ရုပ်ပြတွေကို ဖန်တီးပေးခဲ့ပါတယ်။ Timely Comics ကနေ Atlas Comics... Atlas ကနေ Marvel အထိ တဖြည်းဖြည်းဆွဲတင်ပေးခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက လူမျိုးဘာသာ ကျားမ အသက်အရွယ်မရွေး ပရိသတ်တွေအတွက် စိတ်အပန်းပြေစရာ စိတ်လှုပ်ရှားစရာ ဆွေးနွေးငြင်းခုန်စရာ Culture ကြီးတစ်ခုကို ပုံပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ Stan Lee အကြောင်း အထုပ္ပတ္တိ Documentary လေးဖြစ်ပါတယ်။ Stan Lee ရဲ့ငယ်ဘဝ၊ သူ့ရဲ့အိမ်ထောင်ရေး၊ သူ့ရဲ့ဘဝဇာတ်လမ်း၊ စူပါဟီးရိုးတွေအပေါ်ရှုမြင်ပုံအပြင် Stan Lee ရဲ့ အတွေးအခေါ် အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ Animation မြိုင်မြိုင်နဲ့ ရိုက်ကူးထားပါတယ်။ ကြည့်ရင်း ကြက်သီးတွေထရတဲ့အခါရှိမယ်၊ Stan Lee ကို သနားမိတဲ့အခါတွေရှိမယ်၊ ရင်ထဲနွေးသွားရတဲ့အခါတွေရှိမယ်။ ကျွန်တော်တို့ငယ်ငယ်က ပုံပြင်နားထောင်ရသလိုပေါ့။ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ပါဝင်စီးမျောသွားနိုင်မယ့် Documentary လေးတစ်ခုဖြစ်တာကြောင့် စူပါဟီးရိုးပရိသတ်တွေတင်မက စူပါဟီးရိုးနာမည်လေးတစ်ခုကြားဖူးတဲ့သူတွေအနေနဲ့တောင် လက်မလွှတ်သင့်တဲ့ Documentary တစ်ခုပါ။ Stan Lee ဟာ 2018 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့အတူ Stan Lee ဟာလည်း ကျွန်တော်တို့ရင်ထဲမှာ အမြဲထာဝရ ရှင်‌သန်နေဦးမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.35GB, 900MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 26Min Genre - Biography, Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
7.1 2023 86 mins
Stan Lee
(18+)Revenge Porn: PAIN OF LOVE

နာမည်လေးက ရီ အရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံ သူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ် ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ် ကိုကိုမှ ကိုကိုဖြစ်နေတာ တနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ် သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေ ဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှ မီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလား ဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကို ကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့ တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…500MB Quality…720p Format…mp4 Duration….1h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Action • Thriller • War
0 2019 70 mins
(18+)Revenge Porn: PAIN OF LOVE
The Secret Garden
6.4

~ IMDb - 5.6/10, Rotten Tomatoes - 67% ~ လောင်ရတဲ့ဇာတ်ကားတွေခဏနားပြီး Healing ဖြစ်တာလေးတွေရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Frances Hodgson Burnett ရဲ့ဂန္ထဝင်ဝတ္ထု The Secret Garden ကို အမျိုးမျိုးပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေထဲကမှ နောက်ဆုံးထွက်ထားတဲ့ ၂၀၂၀ ဗားရှင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ ခင်မင်မှုသံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာကိုလှပစွာပုံဖော်ထားပြီး သာယာတဲ့ရှုခင်းလေးတွေနဲ့ ကြည့်ရတာနွေးထွေးပြီးစိတ်အေးချမ်းစေမှာအမှန်ပါပဲ။ ဇာတ်လမ်းကတော့ ကျိန်စာသင့်နေတယ်လို့ယုံကြည်ထားကြတဲ့ ယော့ခ်ရှိုင်းယားမြက်ခင်းလွင်ပြင်ထဲက မစ်ဇယ်ဝိတ်စံအိမ်တော်ကြီးရယ် စံအိမ်တော်ကြီးကိုအသစ်ရောက်လာတဲ့မေရီဆိုတဲ့ကောင်မလေးရယ်ကို အခြေတည်ထားတာပါပဲ။ မေရီ့အတွက်နေရာသစ်ဆိုပေမယ့် စံအိမ်ကြီးနဲ့ကျ ဆယ်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲမှာကစားရင်း လျှို့ဝှက်မှော်ဥယျာဥ်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာ စံအိမ်တော်ကြီးနဲ့ မှော်ဥယျာဥ်ရဲ့လျှို့ဝှက်ချက်တွေဟာလည်းတဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 39Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama • Romance
6.4 2020 99 mins
The Secret Garden
The Big 4
7

The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ် နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | 1.36GB |400MB Format… mp4 Duration….2h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Ka Naung, August

Adventure • Fantasy
7 2022 141 mins
The Big 4
Departure
6.7

Departure (2015) ============= ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်ကောင်လေး Elliotနဲ့ သူ့အမေ Beatriceတို့ ပြင်သစ်က သူ့မိဘတွေလာနေကျ အပန်းဖြေအိမ်ကို ရောက်လာခဲ့တယ်။ Beatriceက အိမ်ကို ရောင်းဖို့စီစဥ်နေပြီး Elliotကလည်း သူ့အမေကို ပရိဘောဂ တွေ ကူရှင်းပေးတယ်။ အဲဒီအချိန်မှာပဲ အနီးနားရွာက ပဟေဠိဆန်တဲ့ ကောင်လေး Clément ရောက်လာပြီး Elliot နဲ့ သူငယ်ချင်းဖြစ်ရာက Elliot တို့မိသားစုကြား ပြဿနာတွေပိုရှုပ်ထွေးလာတော့ တာပါပဲ။ ဒီဇာတ်လမ်းမှာ The End of the F***ing World က မင်းသား Alex Lawtherက Elliot အဖြစ်ပါဝင်ပြီး ဒီကားထဲမှာတော့ သူ့ရဲ့ sexuality ကို ​သဘောပေါက်ခါစ လိင်တူစိတ်ဝင်စားသူတစ်ဦး​ဇာတ် ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.13 GB) / (665 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thwal Htoo Zin Encoder……….SWM

6.7 2015 109 mins
Departure
Mars Needs Moms
5.4

Mars Needs Moms (2011) Disney နဲ့ ImageMovers တို့ ပူးပေါင်းထုတ်တဲ့ 3D Animated Film ဖြစ်ပါတယ်။ Disney လက်ရာနဲ့မတူဘဲ ကွဲထွက်နေတဲ့ လက်ရာကို မြင်ရမှာပါ။ ImageMovers Studio မပိတ်ခင် နောက်ဆုံးထုတ်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကုန်ကျတဲ့ Budget နဲ့ ပြန်ရတာ တအားကွာဟနေလို့ Disney အတွက် ဆုံးရှုံးမှု‌အတော်ကြီးခဲ့တဲ့ ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ကိုးနှစ်အရွယ် မိုင်လိုဆိုတဲ့ကောင်လေးက မာရှန်တွေ (မားစ်ဂြိုဟ်သားတွေ) ပြန်ပေးဆွဲသွားတဲ့ သူ့အမေကို ကယ်တင်တဲ့အကြောင်းပါ။ မိုင်လိုက တစ်ညမှာ သူ့အမေနဲ့ စကားများပြီး သူ့မှာ အမေလုံး၀မရှိခဲ့ရင်ကောင်းမှာလို့ ပြောပစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ မိုင်လိုရဲ့အမေကို မာရှန်တွေက မားစ်ဂြိုဟ်ဆီ ပြန်ပေးဆွဲသွားပါတယ်။ မိုင်လို သူ့အမေကို တောင်းပန်ဖို့ ဆင်းလာတဲ့အခါ တွေ့သွားပြီး လိုက်ခေါ်ရာက သူပါ မားစ်ဂြိုဟ်ပေါ် ပါသွားပါတယ်။ အဲဒီကနေ မာရှန်တွေ ပြန်ပေးဆွဲတဲ့ အကြောင်းရင်းကို သိသွားပြီး သူ့အမေကို ပြန်ခေါ်ဖို့ ကြိုးစားတာကို ကြည့်ရမှာပါ။ ဇာတ်ကွက်ကပဲ ရိုးနေလို့လား… လက်ရာကွဲသွားတာကြောင့် မအောင်မြင်တာလား အကဲဖြတ်ဖို့ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 710MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 28Min Genre – Action, Adventure, Animation Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Thriller
5.4 2011 88 mins
Mars Needs Moms
Slow
7.4

Slow (2023) မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို “အချစ်ဆိုတာ ဘာလဲ ဆရာ”လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ “ပလေးတိုးနစ်အချစ်” ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။ သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ အချစ်မျိုးပေါ့။ ဒါပေမဲ့ ဒီတိုင်း ခင်မင်မှုထက်တော့ ပိုတယ်တဲ့။ ပုံမှန်ဆိုရင်တော့ တစ်ဖက်သတ်အချစ်မှာ ဒါမျိုးခပ်ဆင်ဆင်မြင်ရမလားပဲ။ ဒီကားမှာတော့ တစ်မျိုးတစ်ဘာသာဆန်းစွာနဲ့ ပြထားတယ်။ ဒီရုပ်ရှင်က ပလေတိုးနစ်အချစ်ကနေ ရိုမန့်တစ်အချစ်ကို ကူးပြောင်းသွားတဲ့ အတွဲတစ်တွဲကြောင်း ရိုက်ပြထားတဲ့ဇာတ်ပဲ။ ပလေတိုးနစ်အချစ်ဖြစ်သွားရတဲ့အကြောင်းက ဒီရုပ်ရှင်က ကောင်လေးက ဘယ်လိင်ကိုမှ လိင်စိတ်တိမ်းညွတ်မှုမရှိနေလို့ပဲ။ သူ့အမြင်ကတော့ ဆက်ဆံရေးတစ်ခုမှာ အတွဲတစ်တွဲမှာ ဘယ်လိုဘယ်ပုံ ဘယ်လိုဘယ်ဝါချစ်ရမယ်ဆိုတဲ့ ပုံသေနည်းတွေမရှိဘူးလို့ဆိုတယ်။ ဒီတော့ သူ့ကောင်မလေးက တခြားကောင်တွေနဲ့အိပ်ပြီး သူနဲ့တွဲနေလည်း အဆင်ပြေတယ်ပေါ့။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်း အပြည့်အဝနားလည်ကြတယ်။ ဒီလိုနဲ့ ဒီအချစ်ကနေ ရွေ့လျောလာတဲ့အခါ သူတို့ဆက်ဆံရေးကြား ဖြစ်လာတဲ့ ပြဿနာကို အဖြေမရှာဘဲ ရှောင်ပြေးဖို့ကြိုးစားတယ်။ ဒီလိုရှောင်ပြေးဖို့ ကြိုးစားပေမဲ့လည်း အဖြေကိုရှာဖို့ အချိန်က သူ့ဘာသာဆိုက်ရောက်လာတဲ့အခါ ဘယ်လိုအဖြေမျိုး သူတို့တွေ့ရှိသွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲကွဲပြားနေပါစေ။ တကယ်တမ်းအခြေခံအကျဆုံးအချက်တွေပြန်ကြည့်ရင် အကုန်အတူတူတွေပါပဲ။ ကိုယ်ကိုယ့်ကိုယ်သေချာနားလည်ရင် သူများကို နားလည်ပြီလို့ဆိုသလိုပေါ့။ ကိုယ့်ကိုယ်ကိုယ်နားလည်ရင် အားလုံးကို နားလည်ပြီဆိုတဲ့ စကားလည်းရှိနေတယ်။ ဘယ်လိုအခြေအနေပဲက ဘယ်လိုလူတွေပဲဖြစ်ဖြစ် များသောအားဖြင့်တော့ လူတွေဟာ လူတွေပဲမို့။ အဖြေတွေက အမြဲတမ်းအတူတူတွေပါပဲ။ ဒီရုပ်ရှင်က ဆက်ဆံရေးဟာ ကျွန်တော်တို့ ဆက်ဆံရေးတွေကို တစ်စိတ်တစ်ဒေသဖြစ်စေ ထင်ဟပ်နေမယ့် ရုပ်ရှင်ပါပဲ။ အချစ်ဆိုတဲ့အရာကလည်း တငွေ့ငွေ့ချင်း ကျွမ်းအောင်လောင်တတ်တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.4 2023
Slow
Come Drink with Me

Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/Crime Come Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all time လို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီး ကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူက ဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်း ဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်း ကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလို ကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း သူတောင်းစားလေးတွေနဲ့ ရောရောနှောနှော ပေါတောတောနေရင်း တောင်းစားနေတဲ့လူ။ ပြောရရင် သူ့ဆရာက‌ရှောင်လင်ကလိုလိုပြောလို့ရတော့ သူ့ဇာတ်ကောင်က ချောင်ဖုန်းနဲ့ ဟုန်ချီကုန်းကို ပေါင်းထားသလို ဇာတ်ကောင်မျိုးပဲ။ မင်းသမီးကတော့ လူဆိုးထိန်းသဘောမျိုး။ လူဆိုးတွေက သူ့ကိုကြောက်ကြတယ်။ သူ့နာမည်က ရွှေပျံလွှား။ ဇာတ်အစမှာ လူဆိုးဂိုဏ်းကမြို့တော်ဝန်ရဲ့သားကို ဖမ်းပြီး အဖမ်းခံထားရတဲ့ သူတို့ဆရာနဲ့လဲဖို့လုပ်တယ်။ မြို့တော်ဝန်ရဲ့သားကို ကယ်ဖို့ ရွှေပျံလွှားက လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အမူးသမား သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ ဒီလိုနဲ့ ရွှေပျံလွှားနဲ့လူဆိုးဂိုဏ်ကကောင်တွေရဲ့ တိုက်ပွဲထဲကို သူတောင်းစားက ဝင်ပါလာရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရမယ့်ဇာတ်ပဲ။ Drunken Heroဆိုတဲ့နာမည်နဲ့ Remakeတွေ ဘာတွေ ပြန်ရိုက်ထားသေးတော့ မမှားရင်တော့ ဒီကားက ပထမဆုံး အရက်မူးသိုင်းသမားကားဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက် Mask of Zorroထဲက ဓားသိုင်းချရင်း အဝတ်ချွတ်တဲ့အကွက်က ဒီကလာတာဖြစ်ဖို့ ရာနှုန်းတော်တော်များတယ်။ ဒီကားထဲက မင်းသားရဲ့ Life Stlyleက သဘောကျချင်စရာတော်တော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်တော်တော့ ကင်းဟူကားတွေထဲ Come Drink with Meကို သဘောအကျမိဆုံးပဲ။ သိုင်းကားကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကိုကြည့်ရမယ်ကားဖြစ်သလို သိုင်းကားရယ်လို့ တကူးတကမကြိုက်တောင် Come Drink with Meဟာ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ File size… 1.8 GB / 943 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

0 1966 91 mins
Come Drink with Me
Fake Big Brother
5.8

CM ရဲ့ တရုတ်ကားဖန်တွေအတွက် ဒီနေ့မှာတော့ ပညာပေး ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ စွန်းရှောင်ဟောက်ဆိုတဲ့ ကောင်လေးအကြောင်းနဲ့ မာထျန်းလျန်ဆိုတဲ့ သက်လတ်ပိုင်း အကြောင်း ကိုပြောပြဖို့လိုမယ်… မာထျန်းလျန်ကတော့ သက်လတ်ပိုင်း… အကင်ဆိုင်ဖွင့်နေသူပေါ့… သူက တစ်နေ့လုပ်မှ တစ်နေ့စားနေရပေမယ့်လည်း တစ်ဖက်မှာ ငွေတိုးချေးလုပ်ငန်းနဲ့ ငွေရှာရလွယ်ကူနေတဲ့ ဝမ်ဟွေ့ဆိုတဲ့ သူ့သူငယ်ချင်းကရဲ့ အားပေးအားမြှောက်မှုကြောင့်… အကြွေးလိုက်သိမ်းသူဖြစ်လာခဲ့တယ်… ဘဝပေးအခြေအနေကြောင့် ငွေရဖို့အတွက် ဘာမဆိုလုပ်ချင်တဲ့သူမျိုးဖြစ်လာတယ်…. ကဲ စွန်းရှောင်ဟောက်ကတော့ မိတစ်ဆိုးလေးမို့ အဖေအလိုလိုက်တာ ခံထားရသူပေါ့… ရုတ်တရက်ကြီး သူ့အဖေသွေးတိုးပြီး ဆေးရုံတက်လိုက်ရချိန်မှာ သူ့ကောင်းကင်ကြီး ပြိုကျလာခဲ့တယ်… ဘဝဆိုတာကို စာတွေ့ကလွဲပြီးမသိတဲ့ ၁၉-၂၀ အရွယ်ကောင်လေးက ဒ ယ်လီလိုက်ပို့ပြီး တစ်နေ့ထက် တစ်နေ့ ပိုပိုမြင့်တက်လာတဲ့ အတိုးတွေနဲ့ အကြွေးကို ဆပ်ဖို့ ရုန်းကန်နေရတယ်… ဒီကလေးနဲ့ မာထျန်းလျန်တို့ ဘယ်လို ပတ်သက်မှုရှိတာလဲ… ဘယ်လို သက်ဆိုင်ပြီး မာထျန်းလျန်ကြောင့် ရှောင်ဟောက်ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ… ငွေတိုးချေးတယ်ဆိုတာ အခြေခံလူတန်းစားတွေဘဝကို ဘယ်လို နင်းမြိုသွားတယ်ဆိုတာကို ဒီကားလေးကပြောပြသွားမှာမို့ အတူကြည့်လိုက်ကြရအောင်နော်…

5.8 2024
Fake Big Brother
Montage
7.4

Montage (2013) ***************** လွန်ခဲ့သော ၁၅ နှစ်က ပြန်ပေးဆွဲမှုမှာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးဟာ တရားရင်ဆိုင်ရေးကာလ ကုန်ဆုံးသွားပြီလို့ ကြားသိလိုက်ရတဲ့အခါမှာတော့ တရားခံကို ဘယ်တော့မှ အပြစ်မပေးနိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့် အရှင်လတ်လတ်ဝါးမြိုသလို ခံစားခဲ့ရပါတယ်။ ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်ချွဲဟာလည်း မိခင်တစ်ဦးရဲ့ သောကနဲ့အတူ မိမိရဲ့ အင်အားမဲ့မှုကိုပါ ရင်ဆိုင်ရတဲ့အခါ လိပ်ပြာမလုံတဲ့စိတ်ကြောင့် အလုပ်ထွက်သွားခဲ့တော့တယ် .. ဒါပေမဲ့ တစ်နေ့မှာ သူတို့နှစ်ဦးအတွက် စိတ်ဓာတ်ဆက်လက်ရှင်သန်ရာ သတင်းတစ်ခုပေါ်လာခဲ့တယ်။ အဲဒီသတင်းကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုအတိုင်း တစ်ထေရာတည်း ကျူးလွန်နေတဲ့ ပြန်ပေးဆွဲလူသတ်သမား ပြန်လည်ပေါ်ပေါက်လာခြင်းပါပဲ။ ဒီတစ်ခေါက်တော့ တရားခံကို အလွတ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမေတစ်ယောက်နဲ့ စုံထောက်တစ်ဦးဟာ အပြစ်သားဖမ်းဆီးရေးခရီးမှာ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲ၊ သဲလွန်စတွေကို ဘယ်လိုအဖြေညှိမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ ကိုရီးယားအနုပညာလောကမှာ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ အဆိုတော်-မင်းသမီး Uhm Jung Hwa နဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Kim Sang Kyung တို့ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် Bollywood ကတောင် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တာမို့ ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ်။ (အညွှန်းကို Esther Oo မှ ရေးသားထားပါတယ်) File size…2.09GB / 823MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

7.4 2013 120 mins
Montage
Iron Man 3
7.1

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Iron Man 3 (2013) IMDb Rating (7.1) / Rotten Tomatoes (79 %) Iron Man 3 ကတော့ Marvel Cinematic Universe (MCU) Phase 2 ကို စတင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Tony Stark (Iron Man) ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ဗဟိုပြုပြီး Iron Man ဇာတ်ကောင်ကို ပိုမိုနက်ရှိုင်းစွာတွေ့မြင်စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ The Avengers (2012) ဇာတ်ကားမှာဖြစ်ပွားခဲ့တဲ့ New York တိုက်ပွဲကြောင့် Tony ဟာ PTSD (Post-Traumatic Stress Disorder) ကို ခံစားနေရပြီး၊ သူ့ရဲ့ စိတ်ငြိမ်းချမ်းမှုကို ပြန်လည်ရှာဖွေနေစဉ်မှာပဲ မထင်မှတ်တဲ့အန္တရာယ်တွေကျရောက်လာတဲ့အခါမှာတော့….။ Budget $200 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.266 billion ထိပြန်လည်ရရှိခဲ့ပါတယ်။

Family • Comedy • Adventure • Animation
7.1 2013 130 mins
Iron Man 3
My Family
6.2

EVကားတွေအပြိုင်အဆိုင်ခေတ်စားလာတဲ့ခေတ်နဲ့အညီ EVကားတစ်စီးကို အကြောင်းပြုပြီးတော့ တင်ဆက်ထားတဲ့ စိတ်အပန်းပြေစေမယ် ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အသက်(၃၅)နှစ်အရွယ် လီထုံဖုန်းဟာ တစ်ပတ်ရစ်ကားရောင်းတဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီးတော့ EVကားတစ်ခုကိုတစ်ဦးတည်းသော အရောင်းကိုယ်စားလှယ်စာချုပ်ချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ မိသားစုနဲ့အတူအလုပ်နဲ့ နိုင်ငံခြားကိုခရီးထွက်ကြရပါတယ်။ အဲဒီနိုင်ငံကိုရောက်တော့ အငှားကားကုမ္ပဏီကနေ သူကိုယ်စားလှယ် ယူမယ့်EVကားကိုငှားစီးရာကနေအလွဲတွေစတော့တာပါပဲ။ မော်ဒယ်သစ်ဖြစ်တဲ့တစ်သက်မှာတစ်ခါပဲအားသွင်းရတဲ့ ဒီလျှပ်စစ်ကားကိုစီးပြီးသူတို့မိသားစုဟာ လေဆိပ်ကနေဟိုတယ်ကို (၃)နာရီကြာမောင်းရမှာဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးတဲ့နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ဒီကားက ခေတ်ရှေ့ပြေးလွန်ပြီးတော့ ရပ်မရဖြစ်လာတဲ့အခါ အမြန်လမ်းပေါ်မှာ အရှိန်နဲ့ပြေးနေတဲ့ဒီကားလေးပေါ်မှာ ရှိနေတဲ့မိသားစုအတွက် မိနစ်တိုင်းဟာအရေးပါလာပါတယ်။ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် အလွဲလွဲအချော်အချော်တွေနဲ့ ရယ်ရတဲ့ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။

6.2 2025
My Family
Summer of 69
5.8

Summer of 69 (2025) IMDb Rating (5.8) / Rotten Tomatoes (89%) ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ နွေရာသီ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ Main Lead အနေနဲ့တော့ sitcom series တစ်ခုဖြစ်တဲ့ That’s 90 show (2023) နဲ့ ပေါက်ခဲ့တဲ့ Sam Molores ပဲ ဖြစ်ပါတယ်။ တွဲဖက်သရုပ်ဆောင်အနေနဲ့ Chloe Fineman နဲ့ Matt Cornett တို့လည်း ပါဝင်အားဖြည့်ထားကြပါတယ်။ IMDb rating 5.8 ရရှိထားပြီး rotten tomatoes ကတော့ 91% တောင်ရထားတဲ့အတွက် မကောင်းမှာမပူပါနဲ့။ ဇာတ်လမ်းအကျဉ်း မူလတန်းမှာကတည်းက ကြိတ်ကြိုက်လာရတဲ့ကောင်လေးက အထက်တန်းရောက်ပြီး နောက်ဆုံးမှာတော့ single ဖြစ်သွားတဲ့အချိန်မှာ Abby တစ်ယောက် အခွင့်အရေးကို အရယူဖို့ကြံပါတယ်။ အဲ့ကောင်လေးရဲ့ လိင်ခံစားမှုအကြိုက်ကို အတွင်းသတင်း စုံစမ်းလိုက်တဲ့အခါ 69 ရတာ စွဲလမ်းတယ်ဆိုပြီးကြားလို့ Abby တစ်ယောက် sex expect ဖြစ်အောင်လို့ ကလပ်တစ်ခုက stripper တစ်ယောက်ကို ငှားပြီး သင်ဖို့ကြိုးစားတော့ ဒေါ်လာနှစ်သောင်းပေးရင် သင်ပေးမယ်ဆိုပြီး ဈေးတည့်သွားတဲ့အခါ ဘာတွေဘယ်လိုဖြစ်ကြမလဲ ကြည့်ရှုခံစားကြည့်လိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။) File size… (5 GB) / (1.5 GB) / (870 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:42:44 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khey Ki

Crime • Drama
5.8 2025 102 mins
Summer of 69
We Will Not Fade Away
7.3

We Will Not Fade Away (2024) IMDb Rating (7.3) ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကားဟာ ဇာတ်ညွှန်းရေးပြီးရိုက်ထားတဲ့ ဇာတ်ကားတစ်ကားမဟုတ်ပါဘူး။ တကယ်အပြင်မှာဖြစ်နေတဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ Documentary အမျိုးအစားဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာဆိုရင် အရှေ့ယူကရိန်းဒေသဖြစ်တဲ့ ဒွန်းဘတ်စ်ဒေသက လူငယ်ငါးဦး (အန်ဒရီ၊ လီရာ၊ လီဇာ၊ အီလီရာ၊ ရတ်စ်လန်) တို့ရဲ့ နေ့စဉ်ဘဝ၊ စစ်အန္တရာယ်အောက်မှာ ဖြတ်သန်းနေရတဲ့ အသက် ၁၅-၁၇ နှစ်အရွယ် လူငယ်တွေကြားက အိပ်မက်နဲ့ လွတ်မြောက်လိုတဲ့ စိတ်ဆန္ဒတို့ကို ဖော်ပြထားပါတယ်။ သူတို့ဆီကို မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာစေတဲ့အရာကတော့ ဟိမဝန္တာတောင်တက်ခရီးစဉ်ပဲဖြစ်ပါတယ်။ ပွဲစီစဉ်သူဖြစ်တဲ့ ဗလက်တင်း ချေဟာဘတ်ချို့ဟာ စစ်ဖြစ်နေတဲ့ဒေသက လူငယ်တွေကို စစ်ပွဲအခြေအနေကနေ ကွာဝေးအောင်ဖန်တီးပြီး ငြိမ်းချမ်းမှုတစ်ခုရအောင်၊ စိတ်ကူးအိပ်မက်တွေကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် non-formal education program တစ်ခုအနေနဲ့ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရက်သတ္တပတ်လောက်ပဲကြာတဲ့ခရီးစဉ်ဆိုပေမယ့် သူတို့တွေအတွက် ဘဝရဲ့အဓိပ္ပာယ်ကို သေချာသိမြင်လာပြီး ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေဆီ ရောက်အောင်သွားဖို့ အားအင်တွေထပ်ဖြစ်စေခဲ့ပါတယ်။ စစ်ပွဲနောက်ခံလေးကိုလည်း ရှင်းပြချင်ပါတယ်။ ဒွန်းဘတ်စ်ဒေသမှာ မငြိမ်သက်မှုတွေစတင်ခဲ့တာကတော့ ၂၀၁၄ ခုနှစ်ကတည်းကပါ။ ပထမဦးဆုံးစဖြစ်တာကတော့ ရုရှားက ခရီမီးယားဒေသကို သိမ်းပိုက်ပြီးနောက်မှာ ယူကရိန်းနိုင်ငံထဲက ဒေါ်နက်စ်နဲ့ လူဟန်စစ်ခ်ဒေသတွေမှာ ရှရှားကို ထောက်ခံပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ယူလိုတဲ့ ခွဲထွက်ရေးသမားတွေက လက်နက်ကိုင် ထကြွသောင်းကျန်းလာပါတယ်။ နယ်မြေပြန်လည်ထိန်းသိမ်းချင်တဲ့ ယူကရိန်းနဲ့ ရှရှားအထောက်အပံ့ခံ ခွဲထွက်ရေးသမားတွေရဲ့ အပြန်အလန်တိုက်ခိုက်မှုတွေကြောင့် ဒွန်းဘတ်စ်ဒေသဟာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့အခြေအနေတွေပိုဆိုးဝါးလာပြီး ယူကရိန်းနဲ့ ရှရှား စစ်ဖြစ်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဒီထဲမှာဆိုရင်တော့ စစ်ရဲ့ အနိဌာရုံတွေ၊ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေ၊ အသက်အိုးအိမ်ပျက်ဆီးမှုနဲ့ လူငယ်တွေ ပန်းကောင်းအညွှန့်ကျိုးမှုတို့ကိုပါ တွေ့မြင်ရမှာပါ။ ကျွန်တော်တို့နိင်ငံရဲ့လက်ရှိအခြေအနေနဲ့လည်း ထပ်တူကျတာမို့ ကြည့်ရှုပြီးတဲ့နောက်မှာ အတွေးအမြင်တစ်ခုတော့ ရရှိလာစေမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary,War Duration….01:40:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ZMT

Action • Thriller • History • War
7.3 2024 100 mins
We Will Not Fade Away