YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Seven Years Of Night (7 Nyeon-Eui Bam) [2018] (MM Sub).mp4

884.82 MB N/A video/mp4 1165 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Eismayer
7.3

အရာခံဗိုလ်ကြီး အက်စ်မေယာဟာ ဩစတီးယားတပ်ဖွဲ့ရဲ့တပ်သားသစ်တွေကြားမှာ ကြမ်းလွန်းတင်းကြပ်လွန်းတယ်လို့ နာမည်ကြီးနေတဲ့သူပါ.. အဲ့လိုတင်းကြပ်လွန်းတဲ့အပြင် ဇနီးနဲ့သားတစ်ယောက်လည်း ရှိတဲ့အက်စ်မေယာဟာတစ်ဖက်မှာတော့ လိင်တူစိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်နေပြီး အဲ့ဒီစိတ်ကိုထိန်းချုပ်ရင်းနဲ့နေထိုင်နေတဲ့သူပဲ ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့တပ်သားသစ် မာရီယိုဖာလက်နဲ့တွေ့ဆုံမိပြီး ထိန်းချုပ်ထားတဲ့ စိတ်တွေပွင့်ထွက်လာခဲ့ပြီး ဖာလက်နဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ အက်စ်မေယာကင်ဆာရောဂါကိုခံစားနေရချိန်မှာလည်း ဖာလက်ကပြုစုပေးနေရင်းနဲ့ သူတို့ကြားကသံယောဇဉ်တွေက တစ်စတစ်ကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီကိစ္စကို အနားကလူတွေမရိပ်မိအောင်နေထိုင်နေရင်း ဖာလက်ကတရားဝင်လူရှေ့ထွက်ဖို့ပြောလာတဲ့အခါမှာတော့... ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပြီး အချစ်ဟာအချစ်ပဲဆိုတာကို အများကနားလည်လာအောင် တင်ဆက်ထားတဲ့ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ File Size :(1.3GB) and (469MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:56:00 Genre : War , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  APP Encoded by Phyo Pyae

Comedy • Drama
7.3 2022 86 mins
Eismayer
Mandao Returns
4.8

IMDb Rating - 7.2/10 Genre - Comedy, Horror ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Mandao of the Dead ရဲ့ အဆက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေမှာ အဓိက ဦးစားပေးထားတာကတော့ ကျွန်တော်တို့အရှေ့တိုင်း သားတွေနဲ့ မစိမ်းတဲ့ စိတ်ပြောင်းကိုယ်ခွာ ဒါမှမဟုတ် လိပ်ပြာ လွင့်တယ်ခေါ်မလား ဝိဉာဉ်လွှင့်တယ်ခေါ်မလား အဲဒီ အယူ အဆအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဟာသဆန်ဆန် ထိတ် လန့်သည်းဖိုပေါ့။ ၂၀၁၈ ရုပ်ရှင်ထဲမှာ ဂျေးတို့ အမျိုးတသိုက် ဟော်လိုဝေးပွဲထဲ လူတစ်ယောက်ကို အချိန်နောက်ပြန် ဝိဉာဉ်လွှင့်ပြီး ကယ်တင် ပြီးတဲ့နောက် ဂျက်ဆန်လုပ်လို့ အိမ်မီးလောင်ကာ ဝမ်းကဲဖြစ်တဲ့ အန်ဒီ့ဆီ ရောက်လာပါတယ်။ ဒီကားက ဒီမှာစတင်ပါတယ်။ အန်ဒီ့ဆီမှာနေနေတုန်း ဂျေးတစ်ယောက် ထူးဆန်းတဲ့အိပ်မက် တွေ မက်ပါတယ် ဒီ ဝိဉာဉ်လွှင့်တာကို ဆက်ပြီး မလုပ်တော့ဖို့ ပေါ့။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ကလည်း မူးယစ်ဆေးလွန်ပြီး သေတဲ့အထိ ဖြစ်ပျက်သွားခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင်ပဲဆိုသလို ဒီမင်းသမီးရဲ့ မန်နေဂျာဖြစ်သူဟာ အန် ဒီ့ဆီကို (သူကလည်း ဝိဉာဉ်ဆိုင်ရာ စွမ်းအင်ရှိပါတယ်) တွေ့ချင် တယ်ပြောပြီး တမလွန်က မင်းသမီးနဲ့ စကားပြောချင်လို့ဆိုပြီး ချိန်းကြတော့... ပိုက်ဆံလိုအပ်နေတဲ့ အန်ဒီရယ် ဝိဉာဉ်မလွှင့်ချင် ပေမယ့် အရေးကြီးလို့ ဝင်ကူပေးရတဲ့ ဂျေးရယ် လက်ထောက် အူတူတူ ဂျက်ဆန်ရယ် ဘာတွေဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ဝိဉာဉ်လွှင့်အယူအဆရယ် အချိန်ခရီးသွားတာရယ် ပေါင်းစည်းပြီး ဖန်တီးထားတဲ့ Comedy Horror ကားလေး တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(908 MB) / (314 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 10Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror Translator.......Thura Aung Encoder..........SWM

Action
4.8 2020 71 mins
Mandao Returns
Anek
6.2

ခုတစ်ခါထွက်ရှိလာတဲ့ မင်းသားချော အရွရ်ှမန်းရဲ့ဇာတ်ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့အကြမ်းဖက်မှုတွေ ဒေသခံပြည်သူတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ကြား မြေစာပင်ဖြစ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ မှတ်သားလောက်ပါပေတယ်.. ထောက်လှမ်းရေးအရာရှိလေး အမန်းက အငြင်းပွားဖွယ်ဖြစ်နေတဲ့ နယ်စပ်ဒေသတစ်ခုရဲ့ အကြမ်းဖက်မှုတွေ ပြေငြိမ်းဖို့ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုတဲ့ နေရာမှာ ကူညီပေးဖို့ တာဝန်ကျလာတယ်... သူ အဲ့ဒီဒေသကို ရောက်သွားတဲ့အခါ ဒေသခံတွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေ မစွမ်းသာတဲ့အဆုံး လူငယ်လေးတွေ ကြမ္မာနွံထဲ နစ်ခဲ့ရပုံတွေကို မြင်တွေ့ခဲ့ရပါတယ်... တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကို လူတိုင်းက မလိုလားကြပါဘူး... တချို့လူတွေက သူတို့ကိုယ်ကျိုးအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်သယောင်နဲ့ အကြမ်းဖက်နေတာတွေကို မြင်တွေ့လာရတဲ့အခါ... မှန်တယ်ထင်တာကို လုပ်မယ့် ဒီအရာရှိလေးရဲ့ စစ်ဆင်ရေးခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာတော့...။ အစိုးရတစ်ရပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြား တကယ်တမ်း အေးချမ်းမှုလိုအပ်နေသူနဲ့ ပြေလည်မှုလိုလားသူကြား ကွာဟချက်ကိုလည်း ဒီဇာတ်ကားမှာ ကောင်းကောင်းကြီး မြင်တွေ့ရမှာဖြစ်လို့ ရှုစားပေးကြပါဦးရှင့်... File size…3.05GB / 1.38GB Quality…720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R

Action • Science Fiction • Thriller
6.2 2022 146 mins
Anek
Marriage Story
7.8

ဒီရုပ်ရှင်ကတော့ နာမည်ကျော်ပဲမို့ စောင့်နေတဲ့သူတွေရှိမှာပါ။ စကားလက်ဂျိုဟန်ဆန် နဲ့ အဒမ်ဒရိုင်ဘာတို့ သရုပ်ဆောင်စွမ်းရည်ပြထားတဲ့ကားဆိုလည်း မမှားပါဘူး။ ဆုတွေအတော် ဆန်ကာတင်မယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ အိမ်ထောင်ရေးဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အရမ်းသဘာဝကျပြီး ယုတ္တိဆန်လွန်းပါတယ်။ အရာရာကို စိတ်တိုင်းကျလုပ်တတ်တဲ့ ချာလီဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ကိုယ်ဘာလိုချင်လို့လိုချင်မှန်းမတွေးတတ်တော့တဲ့ နီကိုး ဆိုတဲ့ မိန်းကလေးတစ်ယောက် လက်ထပ်မိခဲ့တယ်။ ချာလီက ပြဇာတ်ဒါရိုက်တာ၊ နီကိုးက ပြဇာတ်သရုပ်ဆောင်ပေါ့။ ချာလီရဲ့သဘောအတိုင်း နယူးယောက်မှာ အခြေချခဲ့ပြီး ဟင်နရီဆိုတဲ့ သားလေး တစ်ယောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် နီကိုးအတွက် လော့စ်အိန်ဂျလိ ဟောလိဝုဒ်မှာ ဇာတ်လမ်းတွဲတစ်ခု ခေါင်းဆောင်မင်းသမီးနေရာ ရသွားချိန်မှာ နယူးယောက်နဲ့ အယ်လ်အေ အခြေချမှုတွေ၊ ကလေးအုပ်ထိန်းခွင့်တွေနဲ့ ပတ်သတ်ပြီး အငြင်းပွားလာကြတယ်။ ဇာတ်လမ်းက သဘာဝအကျဆုံးနဲ့ ဇာတ်ရှိန်တွေ တက်လာပုံက အတော်ကောင်းတယ်ပြောရမှာပါပဲ။ ကွာရှင်းတဲ့ကိစ္စအတွက်ရှေ့နေက ပြောသလိုပေါ့ ‘ ရာဇဝတ်မှုရှေ့နေတွေက လူဆိုးတွေကို သူတို့အကောင်းဆုံးလုပ်နေချိန်မှာ တွေ့ရပြီး အိမ်ထောင်ကွဲရှေ့နေတွေကတော့ လူကောင်းတွေကို သူတို့အဆိုးဆုံးလုပ်မယ့်အချိန်မှာ တွေ့ရတာပါပဲ’ တဲ့။ ခံစားကြည့်လိုက်ပါ။

Drama
7.8 2019 137 mins
Marriage Story
The Replacements
7

The Replacements(2000) အညွှန်း **************************** John Wick ဇာတ်ကားတွေရဲ့ စတား မင်းသားကြီး Keanu Reeves ခေါင်းဆောင်ပါတဲ့ american football ကားပါ…. ဇာတ်လမ်းကတော့ ဝါရှင်တန်ဘောလုံးအသင်းက ကစားသမားတွေက ပိုက်ဆံပိုလိုချင်လို့ ပိုင်ရှင်တွေကိုငွေပိုတောင်းပြီး ဆန္ဒပြတာပါ… ပိုင်ရှင်က မကျေနပ်ရင်ထွက်ဆိုပြီး တစ်သင်းလုံးကို အစားထိုးကစားသမားတွေ ငှားလိုက်ပါတယ် သူတို့နဲ့အတူ Coach အသစ်တစ်ယောက်ရောပဲ…. Keanu က ခေါင်းဆောင်ကစားသမားအနေနဲ့အရွေးခံရပါတယ်….. သူတို့အသင်းက ၄ပွဲပဲ ကစားရမယ် ၃ပွဲနိုင်မှ ထိပ်ထဲပါမှာပါ…. အသင်းစဖွဲ့ပြီးချိန်တစ်ပတ်တောင်အချိန်မရတဲ့အခါ ဘယ်လိုဆော့ကြမလဲ ဘယ်လို ရုန်းကန်ကြမလဲဆိုတာကိုတော့….. File Size :(4.89GB) (1.72GB) and (492MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:58:00 Genre : Comedy , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Action • Adventure • Fantasy
7 2000
The Replacements
Creatura
6.8

Creatura (2023) ~ IMDb – 6.8/10, Rotten Tomatoes – 93% ~ “Creatura” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ “Creature” သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား “Creatura” မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ “Hyper Active” ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ဒီလိုနဲ့ သူ့မိဘတွေက သူ့ကိုဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း တစ်ခါတစ်လေ စိတ်မထိန်းနိုင်တော့တဲ့အခါကျ အော်ဟစ်မိတာတွေရှိပါတယ်။ ဒီလိုနဲ့ မီလာလေးက ငယ်စဉ်ထဲက စိတ်ဒဏ်ရာရပြီး တစ်ခုခုဆို Sensitive ဖြစ် Emotional အဖြစ်လွယ်လာပါတယ်။ ဇာတ်လမ်းအစဖြစ်တဲ့ မီလာတစ်ယောက် အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အမျိုးသားနဲ့ အိမ်ပြောင်းတဲ့အခါမှာလည်း ငယ်ငယ်ကပြဿနာတွေက အိမ်ထောင်ရေးသုခကိုမပြေလည် လင်မယားကြားဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်လာတဲ့ ဆိုးရွားလာခဲ့ပါတယ်။ ဒီလိုနဲ့ သွေးသားဗီဇအရပါလာတဲ့ ပြဿနာတွေကြောင့် စိတ်သောကရောက်နေရတဲ့ မီလာက ငယ်စဉ်ဘဝတုန်းက အဖြစ်အပျက်တွေကို တဖြည်းဖြည်းနဲ့ပြန်သတိရလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝကရတဲ့ Trauma ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ တော်ရုံလွယ်လွယ်နဲ့မပျောက်နိုင်ဘူးဆိုတာကို ရည်ညွှန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းကြုံတွေ့ရတတ်တဲ့ လက်တွေ့လောကရဲ့ လောကဓံတွေကို အိမ်ထောင်တစ်ခုရဲ့ဇာတ်ကွက်ကနေ လက်တွေ့ကျအောင် ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း လူတိုင်းစာနာခံစားပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့သူများအားလုံးအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 900MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Crime • Fantasy
6.8 2023 110 mins
Creatura
The Last Family
7.4

ဒီတစ်ခါ ဖြစ်ရပ်မှန်အပေါ်ပြန်လည်အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ပိုလန် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ဇဂျီစွာဗ် ဘက်စင်စကီဟာ သူ့ရဲ့ စိတ္တဇဆန်ဆန် အိပ်မက်ဆန်ဆန် ပန်းချီကားတွေကြောင့် နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ ပန်းချီဝါသနာပါသူတွေနဲ့ ပန်းချီကားတွေအကြောင်း လေ့လာရတာသဘောကျသူတွေကတော့ သူ့လက်ရာပန်းချီကားတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဇဂျီစွာဗ်ရဲ့ပန်းချီကားတွေဟာ ခေတ်သစ် အနုပညာလက်ရာတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ပြောရင်လည်း မှားမယ်မထင်ဘူးဗျ။ Horrorဆရာတစ်ဆူဖြစ်တဲ့ Guillermo del Toroကလည်း သူ့ရဲ့ပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ပြောဖူးပါသေးတယ်။ ဒါကြောင့်မို့လို့လည်း သူတို့ရဲ့ဖန်တီးမှုတွေဟာ ပဟေဠိဆန်ပြီး ခြောက်ခြားဖို့ကောင်းနေတာလို့ ထင်တယ်ဗျ။ ဒီရုပ်ရှင်ကတော့ ဇဂျီစွာဗ် ဘက်စင်စကီရဲ့ ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဇဂျီစွာဗ် ဘတ်စင်စကီရဲ့ ဘဝဟာလည်း သူဆွဲခဲ့တဲ့ ပန်းချီကားတွေလိုပဲ ရှုပ်ထွေးပြီး ထူးဆန်းပါတယ်။ သူ့မှာ ဇိုရှာလို့ခေါ်တဲ့ မိန်းမတစ်ယောက်ရှိပြီး တောမက် ဘက်စင်စကီဆိုတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ တောမက်ကတော့ ပြဿနာခဏခဏရှာတတ်တဲ့ စိတ်ဝေဒနာသည်လေးတစ်ဦးလို့ပဲ ပြောရမယ်ဗျ၊ ဒါပေမယ့် သူကလည်း ရုပ်ရှင်ဘာသာပြန်နဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ဦး ဖြစ်ခဲ့ပြန်ပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီမိသားစုဝင်တွေရဲ့ သေဆုံးပုံတွေကလည်း တစ်မျိုးစီ ထူးခြားပြီး စဉ်းစားစရာဖြစ်နေတာပါပဲ။ ဒီလိုအဖြစ်ဆိုးတွေကပဲ ဇဂျီစွာဗ်ရဲ့ ပန်းချီတွေကို ခြောက်ခြားဖို့ကောင်းစေခဲ့တာလား၊ ပန်းချီကားတွေရဲ့ အဓိပ္ပာယ်ကရော ဘာလဲ စတာတွေက အဖြေရှာရခက်တဲ့ မေးခွန်းတွေပါ။ ဒီလိုထူးဆန်းတဲ့ပန်းချီတွေကိုဆွဲခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝအကြောင်းကို နားလည်ချင်ရင်တော့ ဒီရုပ်ရှင်ကိုသာကြည့်လိုက်ပါဗျ။ ရိုက်ကူးထားသူကလည်း ပိုလန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jan P. Matuszyńskiဖြစ်ပါတယ်။ Ratingရလဒ်ကောင်းတွေလည်း ရရှိထားတာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ညွှန်းချင်ပါတယ်ဗျာ။ File size… 1.5 GB / 750 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato

7.4 2016
The Last Family
Cherry Falls

ချယ်ရီဖောဟာအေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနယ်မြို့လေးမှာမှ ဆယ်ကျော်သက်သုံးဦး နှစ်ရက်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ တစ်မြို့လုံးအုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ လူသတ်မှုသုံးခုလုံးမှာ တူညီတဲ့အချက်က သူတို့တွေဟာအထက်တန်းကျောင်းသားတွေဖြစ်တဲ့အပြင် အပျိုလူပျိုရည်မပျက်သေးသူတွေဖြစ်နေတာပါပဲ။ ဂျိုဒီမာကင်ကတော့ မြို့နယ်ရဲမှူးရဲ့သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကိုလည်း လူသတ်သမားအန္တရာယ်ကင်းအောင်စောင့်ရှောက်ရင်း တစ်ခြားလူသတ်မှုတွေဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေအားလုံးကို အစည်းအဝေးလုပ်ခေါ်တွေ့ပြီး လူသတ်မှုတွေရဲ့တူညီနေတဲ့အချက်တွေကို သတိပေးပြောပြလိုက်တဲ့အခါမှာတော့..။ အသတ်ခံရသူတွေဟာ အပျိုလူပျိုစစ်တွေဖြစ်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေဆီပေါက်ကြားသွားပြီး အသတ်ခံရမယ့်အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ sex party တစ်ခုကို စုပေါင်းကျင်းပပြီး အပျိုလူပျိုဘ၀ကိုစွန့်လွှတ်ဖို့ကြံစည်ကြပါတော့တယ်။ Slasher Flick တွေရဲ့ ပြဌာန်းစာအုပ်လိုဖြစ်သွားခဲ့တဲ့ Scream နောက်ပိုင်းမှာ ထွက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး အလားတူဇာတ်ကားတွေအတိုင်း ကြည့်ကောင်းတဲ့ကားပါ။ လူသတ်ကားပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံနဲ့ fun ဖြစ်တဲ့ဇာတ်ကောင်တွေကြောင့် အတော်လေးလည်းရယ်ရတဲ့ဇာတ်ကား ဖြစ်ပါတယ်။ File size…(1.5 GB)/(789 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Alias

0 1999
Cherry Falls
Innocent Voices

IMDb Rating (7.8/10) El Salvador နိုင်ငံရဲ့ပြည်တွင်းစစ်ကြားထဲက ၁၁နှစ်အရွယ် Chava ဆိုတဲ့ကောင်လေးရဲ့ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံထားတဲ့ကားလေးပါ၊၁၉၈၀မှာ စစ်တပ်နဲ့လယ်သမားတွေ မြေကိစ္စနဲ့ပဋိပက္ခတွေဖြစ်ရာကနေ လယ်သာမားတွေကလက်နက်ဆွဲကောင်ကြရင်း ပြောက်ကျားတပ်ဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ကိုဦးတည်လာခဲ့ပါတော့တယ်၊ Chava ဟာ သူ့အမေရယ် သူ့အစ်မနဲ့ညီလေးနဲ့‌ေနထိုင်ပြီး Chava အဖေဖြစ်သူဟာ စစ်ပွဲတွေစတင်ဖြစ်ကထဲက Chava တို့မိသားစုကိုထားခဲ့ပြီး အမေရိကကိုထွက်သွားခဲ့တာပါ၊ Chava တယောက်က မိသားစုကိုကူညီပေးရင်း ပျော်ပျော်ပဲနေတတ်တဲ့ ကလေးငယ်လေးပါ၊ အပူအပင်မရှိတဲ့ Chava ရဲ့ဘဝအတွက် မဖြစ်ချင်ဆုံးက သူအသက် ၁၂နှစ်ပြည့်မှာကိုပါပဲ၊ စစ်တပ်ဟာ အသက်၁၂နှစ်ပြည့်တဲ့ကောင်လေးမှန်သမျှကို ကလေးစစ်သားအဖြစ်ခေါ်ဆောင်နေခဲ့တာပါ၊ ပြည်တွင်းစစ်အခြေအနေတွေကလည်း တဖြည်းဖြည်းပိုဆိုးလာပြီး Chava တယောက်ကလည်း အသက်၁၂နှစ်ပြည့်ဖို့နီးကပ်လာပြီး Chava တို့မိသားစုအဖို့စိုးရိမ်တွေပဲဖြစ်လာနေခဲ့ပါတော့တယ်၊ သာမာန်ကလေးတယောက်ကို နေထိုင်နေရမယ့်အရွယ်မှာ အရွယ်နဲ့မလိုက်ကြုံတွေ့ခဲ့ရတဲ့ ကလေးတယောက်ရဲ့ဖြစ်ရပ်မှန်ဘဝကိုပုံဖော်ထားခဲ့ပြီး တကယ်ဝမ်းနည်းစရာတွေနဲ့ပြည့်နှက်နေတဲ့ကားလေးပါ File size…(3.3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre… Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2004
Innocent Voices
The Twilight Samurai

IMDb – 8.1/10 Rotten Tomatoes – 99% ဂျပန်မင်းသားလို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ပရိတ်သတ်တွေ အရင်ဆုံးပြေးမြင်ကြမှာကတော့ “Hiroyuki Sanada” ပဲဖြစ်မှာပါ။ The Last Samurai, 47 Ronin, John Wick, Mortal Combat နဲ့ Shōgun တို့အပြင် များစွာသောဟောလိဝုဒ်ထိပ်တန်း ဇာတ်ကားတွေမှာ ဂျပန်ဆိုတာနဲ့ သူ့မျက်နှာကြီးပဲပေါ်ပေါ်လာတဲ့အထိအောင်မြင်တဲ့ ဆရာသမားပါ။ သူအဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒီ The Twilight Samurai ဆိုတဲ့ historical-drama ရုပ်ရှင်ဟာလည်း ဂျပန်ပြည်တွင်းမှာ Japanese Academy Awards ၁၂ ဆုအထိ စံချိန်တင်ရရှိခဲ့ပြီး Hollywood’s 76th Academy Awards မှာလည်း အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက် ဇကာတင်ချိတ်နိုင်ခဲ့ပါတယ်။ ကဲ… ဘုန်းတော်ဖွဲ့နေတာတွေရပ်ပြီး ဇာတ်လမ်းအကြောင်းပြောပါ့မယ်။ ဇာတ်အိမ်က ၁၉ ရာစုအလယ်ပိုင်း ဂျပန်နိုင်ငံမှာ တည်ပါတယ်။ အဲဒီတုန်းက ဂျပန်ဟာ နိုင်ငံရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့အပြင် ပြည်သူတွေမှာလည်း အငတ်ဘေး ရောဂါဘေးဆိုက်နေတဲ့ကာလ၊ “အိဂုချိ” ဆိုတဲ့ ဆင်းရဲပေမယ့် စိတ်ထားမွန်မြတ်တဲ့လူတစ်ယောက်ဟာ သူ့နယ်မြေနန်းတော်မှာ အငယ်တမ်းဆာမူရိုင်းအဖြစ် အမှုတော်ထမ်းနေပါတယ်။ အစိုးရအောက်တန်းစာရေးလို ရာထူးမျိုးဆိုတော့ သိကြတဲ့အတိုင်း မလောက်မငှရတဲ့အထဲမှာ မိန်းမက တီဘီဖြစ်ပြီး ဆုံးလေရဲ့။ လူမမယ်သမီးလေးနှစ်ယောက်ရယ်၊ ရောဂါသည် အမေအိုကြီးရယ်နဲ့ အိဂုချိတစ်ယောက် လောကအလယ်မှာ ဒေါင်ချာစိုင်းပြီးကျန်ခဲ့တုန်း ငယ်ချစ်ဦး “တိုမိုအဲ” နဲ့ မထင်မှတ်ပဲ ပြန်တွေ့ဖို့အကြောင်းဖန်လာပါတယ်။ တိုမိုအဲက သူဘာကောင်ကြီးဖြစ်နေနေ မေတ္တာရှိရှာပေမယ့် ကလေးနှစ်ကောင်နဲ့ လုံးလည်ချာလည်လိုက်ပြီး ရေတောင် နပ်မှန်အောင်မချိုးနိုင်တဲ့ အစိုးရဝန်ထမ်း ဘဝသမားလေး အိဂုချိကတော့ တိုမိုအဲကိုပါ ဒုက္ခတွင်းထဲ ဆွဲမသွင်းရက်ဘူးပေါ့လေ။ အမှန်တော့ သူကလည်း ကြိုက်ပါတယ်။ ကြိုက်လို့ပဲ မမူနိုင်တော့တဲ့အဆုံး ဖွင့်ပြောပြီး လက်ထပ်ခွင့်တောင်းမယ်လည်းဆိုရော ကံဆိုးမ အိဂုချိတစ်ယောက် အသက်နဲ့ရင်းပြီးထမ်းဆောင်ရမယ့်တာဝန်တစ်ခု ပေးအပ်ချင်းခံရပါတော့တယ်။ ဘယ်လိုတာဝန်မျိုးလဲ… အိဂုချိတစ်ယောက် အသက်ရှင်ရက်မှ ပြန်လာနိုင်ပါ့မလား… ချစ်လှစွာသော တိုမိုအဲကရော သူပြန်လာတဲ့အချိန်ထိ သစ္စာရှိရှိစောင့်နေမှာလား… လက်ရှိအနေအထားနဲ့ ဆန့်ကျင်ဘက် ၁၉ ရာစုနှစ် ဂျပန်နိုင်ငံကြီးကို နောက်ခံထားပြီး ကြည်နူးချည်တစ်ဖုံ ရင်မောချည်တစ်လှည့် ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။ File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thant Sin

0 2002
The Twilight Samurai
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
A Sudden Case of Christmas
4.8

A Sudden Case of Christmas (2024) ခရစ္စမတ်ကာလာနီးလာပြီဆိုတော့ ခရစ္စမတ်နဲ့သက်ဆိုင်တဲ့ ဇာတ်ကားတွေကအပြိုင်အဆိုင်ထွက်လာကြပြီပေါ့နော်။ ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မိသားစုနဲ့ တူတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဆိုရင်တော့ Abby နဲ့ Jacob တို့စုံတွဲဟာ ကွာရှင်းတော့မှာဖြစ်တဲ့အတွက် သူတို့သမီးလေးဖြစ်တဲ့ Claire လေးကို အဘိုးဖြစ်သူ Lawrence နေထိုင်ရာ အီတလီနိုင်ငံက မိသားစုပိုင်ဟော်တယ်ကြီးတစ်ခုကိုခေါ်လာခဲ့ပါတယ်။ ပုံမှန်ဆို ခရစ္စမတ်နားနီးမှ လာလေ့ရှိပေမဲ့ ဒီတစ်ခါတော့ နွေလယ်ခေါင်ကြီးပေါက်ချလာပြီး အဖေဖြစ်သူကို Claire လေးနားလည်အောင်ရှင်းပြဖို့ အပူကပ်ပါတော့တယ်။ Claire သိသွားတဲ့အခါမှာတော့ နွေလည်ခေါင်ကြီးမှာ ခရစ္စမတ်လုပ်ချင်တယ်လို့ပူဆာပါတော့တယ်။ မိဘတွေ အိမ်ထောင်ကွဲတော့မှာဖြစ်လို့ မြေးဖြစ်သူရဲ့ဆန္ဒကို Lawrence တစ်ယောက်လိုက်လျောပေးရင်း သူ့ဟော်တယ်မှာ ခရစ္စမတ်ပွဲကျင်းပပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့ Claire တစ်ယောက် သူ့မိဘတွေအဆင်ပြေအောင် ခရစ္စမတ်ပွဲမှာဘယ်လိုမျိုးကြံစည်သွားမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(1.6 GB) / (880 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Family Duration….01:32:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by S4L

Drama
4.8 2024 92 mins
A Sudden Case of Christmas
To Have and to Holiday
6.1

ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ ချစ်သူလေးနဲ့ ခရစ္စမတ်ဒရာမာ ဇာတ်ကားလေးတွေစောင်ခြုံကြည့်ချင်သူတွေအတွက် ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ To Have and to Holiday ဖြစ်ပြီး လက်ရှိ IMDb Rating 6.1 အထိ ရရှိထားပါတယ်။မင်းသားက Gen V တို့ Ghosts တို့လိုမျိုး နာမည်ကြီး Series တွေမှာသရုပ်ဆောင်ခဲ့တဲ့ Robert Bazzocchi ဖြစ်ပြီး မင်းသမီးကလည်း ကျရာဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ Madeleine Arthur ဖြစ်တဲ့အတွက်ဇာတ်ကားလေးကကြည့်လို့ ကောင်းမှာတော့အမှန်ပါပဲ။ အဓိကအားဖြင့်ကတော့ ဒီဇိုင်နာဖြစ်ဖို့အိပ်မက်ရှိနေသူဖြစ်တဲ့ ဆလက်စ်ဆိုတဲ့ကောင်မလေးနဲ့ ဂျေဆန်ဆိုတဲ့မားကတ်တင်းသမားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုလှလှပပရိုက်ကူးပုံဖော်ထားတာပါပဲ။ သူတို့နှစ်ယောက်က တွဲတာ ၃ လပဲရှိသေးပေမဲ့ အရမ်းချစ်ကြပြီး ဒီခရစ္စမတ်မှာအတူတူရှိချင်ကြတဲ့အတွက် ဂျေဆန်က မိသားစုဆီအမြဲတမ်း သွားနေကျခရီးကိုတောင်ဖျက်လိုက်ပြီး ဆလက်စ်ရဲ့မွေးရပ်မြေကိုလိုက်ခဲ့ ပါတော့တယ်။ဖြစ်ချင်တော့ ဆလက်စ်မိဘတွေနဲ့တွေ့တုန်း ချက်ချင်းနဲ့ လက်ငင်းကြီးဆိုသလိုလက်ထပ်ခွင့်ကောက်တောင်းခဲ့တဲ့အတွက် အဲ့ဒီနေရာ အဲ့ဒီခရစ္စမတ်မှာပဲ လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ ဆလက်စ်ရဲ့အမေကတော့သဘောတူပေမဲ့ ဘိုးတော်ကတော့ သူ့သမီးလေးကို ၃ လပဲတွဲဖူးတဲ့လူနဲ့ချက်ချင်းလက်မထပ်စေချင်တဲ့အတွက် ကြားကနေ ဝင်စွက်ဖက်ရင်းနဲ့ ဆလက်စ်နဲ့ဂျေဆန်တို့ကြားကမင်္ဂလာဆောင်လေး ချောချောမွေ့မွေ့ဖြစ်မြောက်နိုင်ပါ့မလားဆိုတာကို ရိုဆန်ဆန်လေး ရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.62GB) / (853MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Comedy , Hoilday , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2024 84 mins
To Have and to Holiday
[18+] Enjoy Dot Com
6.6

************************** အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ one-night ကဖေးဖြစ်တဲ့ “သိသာတဲ့ Joy” ဆိုတဲ့ ကဖေးမှာ တစ်ခါ အတူအိပ်ပြီးတာနဲ့ လုံးဝ မေ့မရနိုင်တဲ့ မိန်းကလေးအဖြစ် သတင်းထွက်နေတဲ့ အိုင်ဒီအမည် “ဘယ်ဖိုဗီတာမင်” နဲ့ မိန်းကလေးအဖွဲ့ဝင်အားလုံးနီးပါးနဲ့ one-night stand နေတာ အောင်မြင်ပြီးဖြစ်တဲ့ အိုင်ဒီအမည် “အန်ဂျို” တို့ အဖွဲ့ဝင်အဖြစ် ရှိကြပါတယ် .. ။ အချင်းချင်း မတွေ့ဖူးကြတဲ့ သူတို့နှစ်ယောက်က တစ်နေ့မှာတော့ ကဖေးတွေ့ဆုံပွဲမှာ ဆုံဖြစ်ခဲ့ကြတယ်။ အန်ဂျိုက မျက်နှာဖုံးနဲ့ မျက်လုံးကို ကာထားပေမဲ့ ဆွဲဆောင်မှုအရမ်းရှိတဲ့ မိန်းကလေးကို မြင်ပြီးတဲ့နောက် အဲဒီမိန်းကလေးက “ဘယ်ဖိုဗီတာမင်”မှန်း ရိပ်မိသွားပြီး သွေးဆောင်ဖို့ ကြိုးစားတဲ့အခါမှာတော့… File Size : 1.1GB, 426 MB Quality : 1080p,720p Format…mp4 Duration…1 hr. 20min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama
6.6 2016
[18+] Enjoy Dot Com
Moon Ghost
5.6

Moon Ghost (2024) Rating ကောင်းကောင်း ဟော်ရာဇာတ်ကားတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ညွှန်း Joshua Courtade နဲ့ Kristin Mellian ဖြစ်ပြီး Joshua Courtade ကတော့ ဒါရိုက်တာပါ။ လကမ္ဘာပေါ်က လူအဖွဲ့အစည်းတစ်ခုလုံးကို မျိုးဖြုတ်ပစ်ခဲ့တဲ့ လမင်းတစ္ဆေဆိုတဲ့ ရှေးဟောင်းမိစ္ဆာတစ်ကောင်ကို လပေါ်သွားမစ်ရှင်တစ်ခုက မတော်တဆလွှတ်ပေးလိုက်မိရာကနေ ကမ္ဘာမြေပေါ်မှာပါကပ်ဆိုးကြီးဆိုက်သွားခဲ့ပါတယ်။ ထိုမိစ္ဆာကို ရင်ဆိုင်နိုင်သူကတော့ လမင်းတစ္ဆေကို ချူပ်နှောင်နိုင်ခဲ့ဖူးတဲ့ လမင်းမှော်ဝိဇ္ဇာရဲ့ မျိုးဆက်ဖြစ်တဲ့ ဆယ်လီနာ (Danira Stanojevic)ကသာ တတ်နိုင်ပါတယ်။ လမင်းတစ္ဆေကပဲ ကမ္ဘာပျက်စေမလား၊ ဆယ်လီနာကပဲ စတေးခံတားဆီးနိုင်မလားဆိုတာကိုတော့ ရှုစားပေးပါ။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီးပြောရရင် နိုင်ငံ‌ရေး၊ အဖွဲ့အစည်းတွေ၊ ဘာသာရေး၊ ငွေတစ်မျက်နှာပဲကြည့်တဲ့ လူစု စသဖြင့် အမျိုးစုံကို လှောင်ပြောင်ထားတာတွေ့ရမှာပါ။ သတ်ခန်းဖြတ်ခန်းတွေက အသက်ပါလွန်းလို့ အသက်မပြည့်သေးရင် မကြည့်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ? ညမကြည့်ရ သတ်မှတ်ထားချင်ပါတယ်။ နာမည်ကြီးရုပ်ရှင်တစ်ချို့ကိုလည်း Parody လုပ်ထားပါတယ်။ သရုပ်ဆောင်တွေ ဖောဖောသီသီသုံးထားလို့ ရှုမငြီးဖြစ်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thompson ဖြစ်ပါတယ်။) File size… (910 MB) Quality…. WEB-Rip 720p Format…. mp4 Genre…. Comedy, Horror, Sci-Fi Duration…. 01:26:23 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thompson

Drama • Romance • Thriller
5.6 2024 86 mins
Moon Ghost