YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Seven.Days.2007.BLU-RAY.1080P.PP5.1CH.CM)NEW.mkv

2.68 GB N/A video/x-matroska 778 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nussa
6.7

ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။ နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက်  သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။ အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့... မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.25 GB) / (520 MB) / (300 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 47mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animcation, Adventure, Comedy Translator.......C'mon Encoder..........SWM

Adventure • Animation • Comedy • Family
6.7 2021 107 mins
Nussa
Win a Trip to Browntown!
4.4

အဖော်အချွတ် အပိုင်းတွေ အများကြီးပါလို့ rated လုပ်ထားတာ မဟုတ်ပါဘူး။  စကားလုံး ခပ်ကြမ်းကြမ်းတွေ သုံးနှုန်းထားတာကြောင့် rated ဖြစ်သွားတာပါ။ ပုံမှန် မိသားစု ဟာသ ဇာတ်လမ်းလေး တစ်ခုပါပဲ။ ကျွန်တော်တို့တွေ အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရွေးချယ်ရာမှာ ပုံမှန် ကြုံနေရစမြဲဖြစ်တဲ့ ဝါသနာအရင်းခံကို ရွေးမလား? ဒါမှ မဟုတ် မိသားစု စားဝတ်နေရေး ပြေလည်ဖို့ ဝင်ငွေကောင်းတဲ့ အလုပ်ကို ရွေးမလား? ဆိုတဲ့ အခြေအနေကို စာရေးရတာ ဝါသနာပါတဲ့သူတစ်ယောက်လည်း ကြုံခဲ့ရတယ်။ သူကတော့ မိသားစုကို ဦးစားပေးခဲ့ပြီး ဝင်ငွေကောင်းတဲ့အလုပ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်သက် နှစ် ၂၀ ကြာပြီးတဲ့နောက်မှာ သူ့ရွေးချယ်မှုကို နောင်တရသလိုလိုရှိလာတယ်။ မအောင်မြင်ပဲ ဝေဖန်ခံနေရတဲ့ဘဝကြောင့် စိတ်ဓာတ်ကျသလိုဖြစ်လာတယ်။ ဒါကို ဇနီးဖြစ်သူက အားပေးရင်း အဝလွန်နေတဲ့ သူ့ကို ဝိတ်ချဖို့ပါ အကြံပေးတယ်။ မက်လောက်စရာ အပေးအယူတစ်ခုနဲ့ပေ့ါ ..  ပေါင် ၅၀ ဝိတ်ချနိုင်ရင် ကမ္ဘာပေါ်က ယောက်ျားတိုင်း တပ်မက်တဲ့ Anal Sex ကို လုပ်ခွင့်ပေးမယ်ပေါ့။ ဖရန်ခ့် တစ်ယောက် ဝိတ်ချနေရင်း ဘာအခက်အခဲတွေ ကြုံရမလဲ မိသားစုနဲ့ရော ဘာတွေ ဆက်ဖြစ်မလဲ? (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kit ပဲ ဖြစ်ပါတယ်။) File Size          :  1.7GB, 636MB & 322MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format            : mp4 Duration         : 1hr & 34mins Genre              : Comedy Translated by  Kit Encoded by Kinnov

Drama
4.4 2021 94 mins
Win a Trip to Browntown!
Aaja Mexico Challiye
7

IMDb-6.8/10 ဘွဲ့ရပညာတတ်လူငယ်တွေနိုင်ငံရပ်ခြားကို ထွက်ကုန်ကြတာမြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး:3 Saunkan Saunkne ကားထဲက မယားနှစ်ယောက်နဲ့ အခွီမင်းသားကြီး Amy Virk က ဒီကားမှာတော့ မျက်ရည်လည်တဲ့အထိမတူတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ပန်မန်ဟာ အများနည်းတူ အမေရိကန်သွားပြီး အလုပ်လုပ်၀င်ငွေတွေရှာချင်နေတဲ့တက်ကြွပန်ချာပီလူငယ်လေးတစ်ယောက်ပါ နိုင်ငံရပ်ခြားကိုပို့ပေးတဲ့ အေဂျင်စီတွေခြေချင်းလိမ်နေတဲ့အချိန်ကာလတစ်ခုပေါ့ အမေရိကန်ကို သွားချင်လွန်းနေတဲ့ပန်မန်ကို အေဂျင်စီကတောင်းတဲ့မတန်တဆဈေးနဲ့ တစ်အိမ်လုံးကအနစ်နာခံပြီးပို့ပေးလိုက်ကြတယ် ခရီးစဉ်တစ်လျောက်တက်ကြွနေတဲ့ကောင်လေးဟာ လေဆိပ်အဆင်းမှာတော့ လွဲချော်မှုတွေစလာပြီ အေးဂျင့်ဆိုတဲ့လူကလည်းဖုန်းမကိုင်တော့ပါဘူး အဲဒီချိန်မှာပဲ သူ့လိုအမေရိကန်အိမ်မက်နဲ့အလိမ်ခံလိုက်ရတဲ့လူတွေနဲ့ဆုံဆည်းပြီး ဒုက္ခသုခတွေကြုံလာရပါတော့တယ် ဒီလိုနဲ့ပန်မန်အပါအ၀င် အမေရိကန်အိမ်မက်တွေနဲ့လူတွေဟာ အေးဂျင့်ကျေးဇူးနဲ့ အမေရိကန်မရောက်ပဲ မက္ကဆီကိုက တောကြီးထဲရောက်သွားချိန်မှာတော့.... စိတ်တောင်မကူးခဲ့ဖူးတဲ့ မက္ကဆီကိုတောကြီးထဲမှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ သူတို့တွေ ဒီအခက်အခဲတွေကျော်ပြီးအမေရိကန်ကိုရောက်နိုင်ပါဦးမလား ရှူစားကြည့်ပါဦး File size…2.7GB / 1.25GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Cherry

Comedy
7 2022 125 mins
Aaja Mexico Challiye
Ping-Pong: The Triumph
7.1

ယခုတစ်ခေါက် CM က ပရိသတ်တွေအတွက် Ping Pong The Triumph ဆိုတဲ့ အားကစားရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1990 ပြည့်နှစ်အစောပိုင်းနှစ်တွေမှာ တရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲဟာ ဆွီဒင်အဖွဲကို အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ ၃ နှစ်ဆက်တိုက် ချန်ပီယံဖလားနဲ့ ဝေးကွာခဲ့တဲ့ ပင်ပေါင်အဖွဲဟာ ရှုံးနိမ့်မှုကြီးနဲ့ ကြုံနေရပါတယ်။ တိုက်မင်ကျားက ဦးဆောင်တဲ့ နည်းပြအဖွဲ အသစ်ကို တရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲကို ပြုပြင်ပြောင်းလဲပေးဖို တာဝန်ပေးအပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ 1995 ခုနှစ် ထျန်းကျင်းနိုင်ငံတကာပင်ပေါင်ပြိုင်ပွဲမှာ ချန်ပီယံဆွဲနိုင်ရန် ဖြစ်ပါတယ်။ နိုင်ငံတော်ပင်ပေါင်နည်းပြချုပ်အသစ်ဖြစ်သူ တိုက်မင်ကျားက နည်းပြချုပ်ရွေးချယ်ပွဲမှာ " ၂ နှစ် ၁၀ နှစ်မလိုဘူး" ဆိုတဲ့ စကားကြီးစကားကျယ်ပြောပြီးနောက်...... ၂ နှစ်အတွင်းမှာ အမျိုးသားပင်ပေါင်အဖွဲကို ချန်ပီယံအဖြစ်လေ့ကျင့်ပေးနိုင်မလား...... နိုင်ငံတော်အဖွဲထဲကိုရော ဘယ်လို အားကစားသမားတွေ ဝင်လာမလဲ ...... ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ကြဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Sport , Drama Runtime : 2h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama • Romance • Science Fiction
7.1 2023
Ping-Pong: The Triumph
Capone
5

Scarface ရုပ်ရှင်တို့ ကမ္ဘာကျော် လူဆိုးကြီး အယ်ဖွန့်စ် က ပုန်း တို့ကို သိကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကလည်း ကပုန်းရဲ့ ဘဝကို သရုပ်ဖော်ထားတာပါပဲ။ ဒါပေမယ့် သူ့ရဲ့ ကြမ်းခဲ့ရမ်းခဲ့တဲ့ ကာလတွေ မဟုတ်တော့ပါဘူး။ အယ်ဖွန့်စ် တစ်ယောက် အခွန်ရှောင်လွှဲမှုနဲ့ ထောင် ၁၀ နှစ် ကျခဲ့ပြီး ပြန်ထွက်လာတဲ့ သူ့ဘဝ နောက်ဆုံးအချိန်တွေ အကြောင်းကို ရိုက်ကူးထားတာပါ။ မင်းသားကတော့ စွယ်စုံရတယ်လို့ ပြောလို့ရတဲ့ နာမည်ကျော်တွေ စာရင်းထဲက တစ်ယောက်ပါပဲ။ တွမ် ဟာဒီ ဖြစ်ပါတယ်။ Bane, Venom, Mad Max တို့ အပါအဝင်ကမ္ဘာကျော်ကားတွေမှ အများကြီးပါပဲ။ ဒီရုပ်ရှင်ထဲမှာလည်း ကာလသားရောဂါကြောင့် ဦးဏှောက်ထိခိုက်တဲ့အပြင် လေပါဖြတ်သွားတဲ့ ဂန်းစတားကြီးတစ်ယောက်ရဲ့ပုံကို ပီပီပြင်ပြင် ပုံဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက အချက်ကတော့ အယ်လ် ကပုန်း ထောင်မကျခင်မှာ ဝှက်ထားခဲ့တဲ့ဆိုတဲ့ ဒေါ်လာ ၁၀ သန်း ပြဿနာကို အခြေခံထားပါတယ်။ ကပုန်းကို တကယ်ရူးနေတယ်လို့ မယုံသေးဘဲ စောင့်ကြည့်နေတဲ့ အက်ဖ်ဘီအိုင်တွေ၊ သူ့ဘေးက မိတ်ဆွေစစ်တွေ၊ မိတ်ဆွေတုတွေ နဲ့ မိသားစုတွေရဲ့ ဘဝကို ခံစားရမှာဖြစ်ပါတယ်။ အတိတ်အကြောင်းတွေ ဆက်စပ်ပြီး ပါနေတာမို့ Scarface ရုပ်ရှင်လေးကို ကြည့်ထားပြီးမှ ဒါကိုကြည့်ရင် ပိုပြီး နားလည်ခံစားလို့ရမှာပါ။ File Size : ( 969 MB , 355 MB) Quality : WEBRip 720p Running Time : 1 hr 43 min Format : Mp4 Genre :Biography , Crime , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Action
5 2020 103 mins
Capone
The Westward: The City of Shadows
5.9

ဆရာတော် ၊ ဝူခုန်း နဲ့ ပါးကျဲ့ တို့ရဲ့ စွန့်စားရေး ခရီးစဥ်တွေကို အားလုံးရင်းနီးပြီးသားဖြစ်ကြမှာပါ ။ ဒီတစ်ခါမှာတော့ စွန့်စားခန်းတွေကို Animation အနေနဲ့ ဆန်းသစ်ပြီး ကြည့်ရှုလိုက်ရအောင်ပါနော် ။ ထန်စန်း နဲ့ သူရဲ့တပည့်တွေဖြစ်ကြတဲ့ ဝူခုန်း ၊ ပါးကျဲ့ ၊ ရှားဝူကျင့် ၊ အောင်ရွှယ် တို့ဟာ လောကကြီးအတွင်းက ခါးသီးမှုတွေ ရက်စက်မှုတွေကို ရပ်တန့်ပစ်ဖို့အတွက် အဆုံးမရှိတဲ့ ထာဝရမီးလျှံကို သယ်ဆောင်ဖို့ တစ်ခြားနယ်မြေတစ်ဖက်ဆီကို ခရီးဆက်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ ခရီးလမ်းမှာပဲ အရမ်းကိုမှ ထူးဆန်းလှတဲ့ ဒဏ္ဍာရီလာ ကျီလဲ့ရှန့် မြို့တော်ကို တွေ့ရှိခဲ့ပြီး အဲ့ဒီမြို့တော်အတွင်း ဝင်ရောက်လာခဲ့ပါတယ် ။ ထန်စန်းအပါအဝင် သူ့ရဲ့တပည့်တွေအားလုံးဟာ အမှောင်ထုဝိဉာဥ်မြို့တော် မြို့သခင်နဲ့ တွေ့ဆုံခဲ့ပြီး ပုံရိပ်ယောင်တွေထဲကို နစ်မြောဝင်ရောက်သွားခဲ့ကြပါတော့တယ် ။ နောက်ဆုံးမှာတော့ ထန်စန်းတစ်ယောက် ပုံရိပ်ယောင်တွေထဲ အကြိမ်ကြိမ် နစ်မြောပြီး ရုံးမထွက်နိုင်ဖြစ်လာတဲ့ အချိန်မှာတော့ ….? ❏ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ ? ❏ အမှောင်ထုဝိဉာဥ်မြို့တော်သခင်ကိုရော သူတို့တွေ အနိုင်ယူနိုင်ပါ့မလား ? ❏ အဆက်မပြတ် နစ်မြော ပေါ်ပေါက်လာနေတဲ့ ပုံရိပ်ယောင်တွေထဲကနေရော သူတို့တွေလွတ်မြောက်နိုင်ပါ့မလား ? ဆိုတာ ဒီ Animation ကားလေးကို ကြည့်ရှုလိုက်ကြပါဦးနော် ။

5.9 2023
The Westward: The City of Shadows
Mad Max
6.9

Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒါကတော့ ပထမဆုံး Mad Max(1979) ဇာတ်ကားပါ။ IMDb (6.9) နဲ့ Rotten Tomatoes(90%) ရရှိထားပါတယ်။ Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။) +++++++++++++++++++++++ Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေ ကူးယူဖော်ပြလိုက်ပါတယ်။ +++++++++++++++++++++++ Mad Max: Fury Road ဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။ Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး Mad Max (1979) တွင် တွေ့ခဲ့ရသည်။ သူသည် ထိုရုပ်ရှင်ထဲတွင် ရဲဌာနမှ အငြိမ်းစားယူရန် မကြာခဏ တောင်းဆိုခဲ့သည်မှာ ထိုမိသားစုလေးအတွက်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းခဲ့သော သူ့အတွက် သူ့ရဲ့ ထိုမိသားစုကလေးကို ဆုံးရှုံးရသောအခါ ရုပ်ရှင်ရဲ့The Third Act လောက်မှာ သူ့ရဲ့Antihero တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သော စရိုက်ကို တွေ့မြင်ခဲ့ရပြန်သည်။ ထိုရုပ်ရှင်သည် Director George Miller ရဲ့ပထမဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သူသည် အရင်က ဆေးကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ $350,000 ဆိုသော Budget ကလေးနဲ့အောင်မြင်သွားချက်က ထိုခေတ်က $100 Million နီးပါးပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် The Blair Witch Project ဆိုသော သရဲကား မထွက်ခင်ထိ Mad Max ရုပ်ရှင်သည် အမြတ်ပမာဏ အများဆုံးရရှိသော ရုပ်ရှင်တစ်ကားဖြစ်ခဲ့လေသည်။ ဒုတိယ ဇာတ်ကား Mad Max: Road Warrior (1981) ဇာတ်ကားစတော့ ကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီး Max ကိုလည်း လမ်းပေါ်မှာ တစ်ဦးတည်း ဦးတည်ချက်မဲ့ သွားနေသော ခရီးသည်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတော့တယ်။ သူသည် မိမိနှင့်မဆိုင်ရင် ဝင်မပါသောသူ ကြမ်းတမ်းသော လောကကြီးတွင် မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကို ကောင်းမွန်စွာ သိသောသူ စကားနည်းသွားသောသူ အဖြစ် ကျွန်တော်တို့သူ့ရဲ့ တည်ငြိမ်သော စရိုက်ကို မြင်ခဲ့ကြရပြန်တယ်။ အစားစရာ၊ ရေ၊ နေထိုင်စရာနေရာတစ်ခု နှင့် Petrol တို့ကို လိုအပ်ချက်သည် ထိုရုပ်ရှင်ရဲ့အဓိက ဇာတ်လမ်းပင်ဖြစ်ခဲ့သည်။ သူ့ရဲ့ခရီးစဉ်ရဲ့တစ်နေရာတွင် သူသည် ဓာတ်ဆီများကို ပိုင်ဆိုင်ထား၍ အခြေတကျ နေထိုင်နေကြသော လူတစ်စုနှင့် ထိုဓာတ်ဆီများကို လိုချင်နေကြသော အကြမ်းဖက်ဒုစရိုက် အုပ်စု တစ်စုတို့ရဲ့ကြားထဲကို ရောက်ရှိခဲ့လေသည်။ ဒီရုပ်ရှင်သည် Mad Max ဆိုသော ဇာတ်ကောင်ကို Icon တစ်ခုအဖြစ် အသွင်ပြောင်းပေးခဲ့သော ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပေ။ တတိယ ဇာတ်ကား Mad Max: Beyond Thunderdome (1985) စပြန်တော့လည်း သူ့ကို အရင်ကလို တစ်ဦးတည်း သွားလာနေတဲ့ ခရီးသည်ကြီးတစ်ယောက် အဖြစ်စတင်ခဲ့ကာ မိမိရဲ့ပိုင်ဆိုင်သော အရာများကို လုယူခံရခြင်းမှ ထိုအရာများကို ပြန်လည် လဲယူရန် Society တစ်ခုနှင့် အပေးအယူ လုပ်ခဲ့သည်။ အုပ်ချုပ်မှုဆိုသော ခေါင်းဆောင်ပိုင်းကို လုယူနေကြသော လူများကို သူတွေ့ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ကမ္ဘာကြီးရဲ့သရုပ်မှန်လောကကြီးနှင့် ဝေးကွာသောတစ်နေရာတွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး အဖြစ်မှန်ကို မသိခဲ့ကြတဲ့ လူတစ်စုကိုလည်း သူ တွေ့ခဲ့ပြန်သလို ကျွန်တော်တို့လည်း တွေ့ခဲ့ရပါတယ်။ ထိုပြီးခဲ့တဲ့ ဇာတ်ကား 3 ကားကို ပြန်လည်တွေးတောကြည့်မယ်ဆိုရင် အဓိက Theme က “အိမ်” ဆိုတဲ့ အရာလေးတစ်ခု နဲ့အသက်ဆက်လက်ရှင်သန်နေထိုင်နိင်ခြင်း တို့ပဲဖြစ်ပါတယ်။ လူတိုင်းသည် မိမိတို့ရဲ့အိမ် မိသားစု ဆိုတဲ့ အရာများကို မက်မောလေ့ရှိတတ်ကြပါတယ်။ အကယ်၍ ကမ္ဘာကြီး ပျက်ဆီးသွားခဲ့ရင်တောင် နေထိုင်စရာ အသက်ရှင်စရာ ကို လုယူ၍သော်လည်းကောင်း ရှာဖွေ၍သော်လည်းကောင်း တစ်နည်းနည်းနဲ့ရရှိအောင် ပြုမူဆောင်ရွက်ကြမည်မှာ လူသားတိုင်းပင်ဖြစ်ပါတယ်။ ထို့အတူပါပဲ။ ယခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Mad Mac: Fury Road (2015) ဇာတ်ကားတွင်လည်း အဓိက နောက်ခံကျောရိုး ဇာတ်လမ်းနဲ့ဒီရုပ်ရှင်ဇာတ်လမ်းရဲ့အဓိကရည်ရွယ်ချက်က “Home” ဆိုသော “အိမ်” ဆိုသည့် လူသားတွေ အသက်ရှင် နေထိုင်ကြမည့်နေရာတစ်ခုကို ရှာပုံတော်ဖွင့်နေကြတဲ့ အမျိုးသမီးတစ်စုရဲ့အကြောင်းကို တင်ပြထားပါတယ်။ ဒါဆို ထို မိန်းမတစ်စုနဲ့တစ်ကိုယ်တော် ခရီးသည်ကြီး Max တို့နဲ့ဘယ်လိုများ စပ်ဆက် နေတာပါလဲ? ဇာတ်လမ်းအစမှာ Max ကို စတင်တွေ့ရသည်။ သူသည် မည်သည့်နေရာက လာခဲ့သည်ဆိုတာကို ဇာတ်လမ်းက ပြောမသွား။ ဒါပေမဲ့သူသည် War Boys ဆိုသော လူတစ်စုထံမှ ပြေးနေရသည်ဆိုတာကိုတော့ နောက်အခန်းတွေမှ စ၍ သိခဲ့ရသည်။ သူထို War Boys ဆိုသူတွေရဲ့ဖမ်းဆီးခြင်းကို ခံရတော့ ထိုသူတို့ရဲ့ခေါင်းဆောင်ကြီးဖြစ်သူ Inmortan Joe ဆိုသော လူကြီးဆီသို့ခေါ်ဆောင်သွားခံရသည်။ ထို Inmortan Joe သည် သူနေထိုင်ရာ မြို့ဟု ခေါ်ဆိုရမည့် Society တစ်ခုတွင် အာဏာရှိသောသူ အရာအားလုံးကို ထိန်းချုပ်ထားသူ တစ်ဦးဖြစ်သည်။ ထိုအနီးအနားတဝိုက်တွင် နေထိုင်သူ အားလုံးသည် သူ့ရဲ့အစားအစာ နှင့် ရေ ထောက်ပံမှုကို လိုအပ်နေသော လူများပင် ဖြစ်သည်။ ထို့အပြင်သူသည် သူ့ရဲ့မျိုးပွားရန်အတွက် မိန်းမငယ်များကို ဖမ်းဆီးထားကာ War Boys ဟုခေါ်သော သူ့ရဲ့တပည့်တပန်းများ (သို့) မျိုးပွားထားသော သားများသည် စစ်တိုက်ခိုက်ရန်နှင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်အပြင် ထို Inmortan Joe အတွက် အသက်စတေးပေးကာ တာဝန်ထမ်းဆောင်နိုင်လျှင် မြင့်မြတ်သော အောင်မြင်သော ဂုဏ်ရှိသော အလုပ်တစ်ခုဟု အယူဝါဒသစ်တစ်ခု မှိုင်းတိုက်ခံထားရသော လူငယ် ယောင်္ကျားလေးများပင် ဖြစ်သည်။ Max ရဲ့သွေးသည် Universal Blood ဆိုသည်ကို သူတို့သိကြသောအခါ ထို War Boys များထဲမှ နာမကျန်းဖြစ်နေသည့် Nux ဆိုသော လူငယ် War Boy တစ်ဦးအတွက် သွေးထောက်ပံပေးနေရသော လူတစ်ဦးအဖြစ် ဖမ်းဆီးခြင်း ခံထားရသည်။ (Universal Blood Donner ဆိုသည်မှာ သွေးအမျိုးအစား O – များကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပြီး ကျန်သော သွေးအမျိုးအစားအားလုံးကို သွင်းနိုင်သည်။ Universal Blood Recipients များကတော့ AB+ သွေးအမျိုးအစားကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပါသည်။ အတိအကျ အသေးစိပ်ကိုတော့ ဆရာဝန်များ ပိုသိကြပါတယ်။) ဒီနေရာတွင် Furiosa ဆိုသော အမျိုးသမီးကို ကျွန်တော်တို့စတင်ပြီး တွေ့ခဲ့ရသည်။ သူမသည် ဒီရုပ်ရှင်ရဲ့အသက်ဟုခေါ်ဆိုရလောက်တဲ့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်း ဖြစ်ပေါ်လာရပုံနဲ့နောက်ဆက်တွဲ အကျိုးရလာဒ်များအားလုံးသည် သူမကြောင့်ပင်ဖြစ်သည်။ သူမရဲ့ပုံကို ပြောရမယ်ဆိုရင် အရပ်အမောင်း ကောင်းမွန်ကာ ဆံပင်မရှိ ရဲ့ရင့်သော ထက်မြက်သော အမျိုးသမီးတစ်ဦး အသွင်ရှိသည်။ သူမရဲ့လက်ဝဲဘက် လက်မရှိ၍ စက်လက်အတု တစ်ချောင်းကို တပ်ဆင်ထားရသည်။ သူမသည် Inmortan Joe အတွက် Gasoline သွားယူရန် ကြီးမားသော Rig ကြီးကိုမောင်းနှင်ကာ ထွက်သွားကာ သွားရမည့်လမ်းမှ ကွဲထွက်သွားသောအခါ Inmortan Joe သည် သူ့ရဲ့အမြတ်နိုးဆုံး အရေးကြီးဆုံး အလိုအပ်ဆုံး ပစ္စည်း 5 ခုပျောက်ဆုံးသွားကာ ထိုပစ္စည်းများသည် Furiosa နှင့်အတူ ပါသွားကြပြီကို သိလိုက်သောအခါ သူ့ရဲ့စစ်တပ်တစ်ခုလုံးကို ခေါ်ဆောင်ကာ Furiosa နောက်သို့လိုက်လံလေတော့သည်။ ဒါဆို Furiosa နဲ့အတူ ပါသွားကြတဲ့ တန်ဖိုးရှိ အရာ 5 ခုသည် ဘာတွေနည်း? Angharad Splendid, Capable, Cheedo, Toast နှင့် Dag ဟုအမည်ရသော Inmortan Joe မျိုးပွားရန် ဖမ်းဆီးထားသော သူ့ရဲ့မိန်းမများဖြစ်သော အမျိုးသမီးငယ်များပင် ဖြစ်ပေသည်။ တိုက်ပွဲတွင် Inmortan Joe အတွက် သေဆုံးရလျှင် ဂုဏ်ယူစရာဟု ထင်မှတ်မှားနေသော ဖျားနေနေသည့် War Boy – Nux သည် နေမကောင်းသည့် ကြားထဲကပင် Max ကို သူမောင်းနှင်ရမည့် ကားရှေ့တွင် မက်တပ်ရပ်စေလျှက် သွေးသွင်း၍ ကားမောင်းကာ ထွက်ပြေးသွားသော Furiosa တို့ကားနောက်ကို လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ထဲတွင် လိုက်ပါလာလေသည်။ ပြင်းထန်သော တိုက်ပွဲများနှင့် တွေ့ဆုံနေကြပြီး ရှေ့တွင် ကြီးမား၍ အန္တာရယ် အလွန်ကြီးမားသော သဲမုန်တိုင်းကြီးတစ်ခုထဲသို့Furiosa တို့Rig ကြီးမောင်းနှင်သွားချိန်တွင် Max နှင့်အတူ Nux ပါ လိုက်ပါ မောင်းနှင်သွားကြသောအခါ…. ဇာတ်လမ်းတစ်ခုလုံးသည် လိုက်တမ်းပြေးတမ်း တစ်ခုပင်ဖြစ်သည်။ ထိုအမျိုးသမီးလေး 5 ဦးကို Furiosa ခေါ်ဆောင်လာခဲ့သော နေရာသည် သူမကြီးပြင်းခဲ့သည့် နေရာတစ်ခုကိုပင်ဖြစ်သည်။ သူတို့ခေါ်တော့ “Green Place” ဆိုပြီး စိမ်းလန်းစိုပြေတဲ့ နေရာလို့တင်စားခေါ်ဝေါ်ကြတဲ့ အိပ်မက်ဆန်ဆန် နေရာတစ်ခုပင် ဖြစ်တယ်။ Nuclear War ကြောင့် ပျက်ဆီးသွားတဲ့ ကမ္ဘာမြေကြီးသည် နေရာတိုင်းတွင် ခြောက်ကပ်နေသည်။ အပင်များ မပေါက် နေထိုင်ရန်ခက်ခဲ ကြမ်းတမ်းသော လူများ အုပ်စိုးနေတဲ့ လောကကြီးမှာ ငြိမ်းချမ်းအေးဆေးတဲ့ စိမ်းလန်းစိုပြေတဲ့ နေရာတစ်နေရာလေးသည် ထိုကာလရဲ့လူသားတိုင်းအတွက်တော့ အိပ်မက်ဆန်ဆန် နေရာလေးတစ်ခုပင်ဖြစ်သည်။ Furiosa နဲ့ထိုအမျိုးသမီးလေး 5 ယောက်တို့ခရီးကြမ်းကြီးရဲ့ပန်းတိုင်သည် ထိုနေရာပင် ဖြစ်သည်။ သူမတို့ထိုနေရာကို ရောက်ကြပါ့မလား ဆိုတာကိုတော့ စာဖတ်သူတို့ပဲ သည်းထတ်ရင်တဖိုဖိုနဲ့ဆက်လက် ကြည့်လိုက်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ Director George Miller ဒီရုပ်ရှင်ကို ရိုက်ကူးရန် စိတ်ကူးရှိခဲ့သည်မှာ Wikipedia မှာ ဖတ်ရသလောက်ဆိုရင် 1998 ခုနှစ်ကတည်းက Los Angles မြို့ရဲ့လမ်းစုံတစ်နေရာမှာ လမ်းလျှောက်နေခဲ့ရင်းနဲ့စတင်ခဲ့တာလို့ဖတ်ရပါတယ်။ အဲ့ဒီ့နောက် တစ်နှစ်လောက်ကြာတော့ Australia ကိုပြန်တဲ့ လေယာဉ်ပေါ်မှာ သူ ဒီဇာတ်လမ်းတစ်ခုလုံးကို ရခဲ့ပါတယ်။ 2001 ခုနှစ်က 20th Century Fox နဲ့ရိုက်ကူးကြမယ်လို့စတင်ခဲ့ကြပေမဲ့ September 11 အရေးကြောင့် US Dollar ဈေးတွေ Australia Dollar ဈေးတွေထက် အဆမတန်ကျကာ Budget မခိုင်ပဲဖြစ်ခဲ့ရကာ ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ 2003 ခုနှစ်မှာ US Dollar 100 Million Budget နဲ့စတင်ရိုက်ကူးဖို့ခွင့်ပြုချက်ရခဲ့ပေမဲ့ Iraq စစ်ပွဲတွေ စတင်လာပြန်သောကြောင့် နိုင်ငံရေးအရ Nuclear War ဆိုတဲ့အရာနဲ့ဇာတ်လမ်းနဲ့ဆက်နွယ်နေခဲ့ပြန်သောကြောင့် နောက်တစ်ကြိမ် ရိုက်ကူးရေးကို ရပ်နားခဲ့ရပြန်ပါတယ်။ ထိုအခါမှာတော့ Original Max ဖြစ်တဲ့ မင်းသား Mel Gibson က ရိုက်ကူးရေး ရပ်နားလာရသောကြောင့် ထိုဇာတ်ကားကို ရိုက်ကူးရန် စိတ်ဝင်စားမှူ မရှိခဲ့တော့ပါဘူး။ နောက်တစ်ကြိမ် 2007 လောက်မှုာ ထပ်မံရိုက်ကူးဖို့George Miller ကြိုးစားပါတယ်။ ဒီတစ်ခါတော့ အသက်အရွယ်ကြီးလာတဲ့ Mel Gibson နေရာမှာ Heath Ledger နဲ့Max ဇာတ်ကောင်ကို ရိုက်ကူးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့2008 မှာ Heath Ledger သေဆုံးသွားတော့ 2009 ခုနှစ်မှာ Tom Hardy ကို ရွေးချယ်ခဲ့ကြပါတယ်။ 2011 ခုနှစ်မှာ Australia နိုင်ငံမှာ ကြီးမားတဲ့ မိုးရွာသွန်းမှူကြောင့် သူတို့ရိုက်ကူးရန် စီစဉ်ထားကြတဲ့ Broken Hill သည် ပျက်ဆီးသွားခဲ့ပြီး အရင်က ကန္တရသဖွယ် ဖြစ်တည်နေသော ထိုနေရာသည် ပန်းများဖြင့် ဝေဆာကုန်သောကြောင့် ဇာတ်လမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ ရိုက်ကူးရေးကို Namibia နိုင်ငံသို့ရွေ့ပြောင်းခဲ့ရပြန်သည်။ ဒါပေမဲ့ 2012 ခုနှစ် July လ မတိုင်ခင်အထိ အကြောင်းအမျိုးမျိုးကြောင့် ရိုက်ကူးရေး မစတင်နိုင်ခဲ့ကြပြန်ပါဘူး။ 2012 July လောက်မှ စတင်ကာ Namibia နိင်ငံနှင့် Western Sydney တို့တွင် ရိုက်ကူးခဲ့ကာ 17th December 2012 တွင်ပြီးဆုံးခဲ့၍ ရက်ပေါင်း 120 ကြာမြင့်ခဲ့သည်။ ဒါပေမဲ့ 2013 ခုနှစ် အစောပိုင်းလောက်မှာ Namibia ရဲ့Namibian Coast Conservation and Management သည် ထိုရုပ်ရှင်လာရောက်ရိုက်ကူးသွားခဲ့ခြင်းသည် သူတို့ရဲ့Namib ကန္တရကြီးကို ပျက်စီးစေခဲ့ပြီး ထိုအရပ်ရှိ အပင်များ တရိစ္ဆာန်များကို ပျက်ဆီးစေခဲ့သည်ဟု စွပ်စွဲကာ Mad Max Fury Road ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများသည် တိုင်ကြားခြင်းခံခဲ့ရသည်။ ထို့နောက် November 2013 မှာ သူတို့ထိုရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့ကြရပြန်ပါတယ်။ ယခု May 2015 မှာတော့ ကျွန်တော်တို့ထို အခက်အခဲပေါင်း မြောက်မြားစွာက အောင်မြင်စွာ ထွက်ရှိနိုင်လာတဲ့ ထိုရုပ်ရှင်ကို ကြည့်နိုင်ကြပြီလေ။ ဒီရုပ်ရှင်က Mad Max ရဲ့ဇာတ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းသဘောအရ အမျိုးသမီးတွေကို ဦးစားပေးထားသော ဇာတ်ကားဖြစ်သည့် အားလျော်စွာ ကျွန်တော် ထို အမျိုးသမီးဇာတ်ကောင် 6 ယောက်ကို လေ့လာကြည့်ခဲ့ပါတယ်။ Imperator Furiosa ထိုဇာတ်ကောင်ကို မင်းသမီး Charlize Theron က သရုပ်ဆောင်ထားပါတယ်။ သူမသည် ပထမဆုံး Mad Max ရုပ်ရှင်ကားကို အသက် 8 နှစ်တွင် မပြည့်မစုံ ကြည့်ခဲ့ရသည်။ သူမသည် ထိုဇာတ်ကောင်ကို ရိုက်ကူးနေစဉ်က သူမစိတ်ပူနေခဲ့သည်မှာ တတိယဇာတ်ကားဖြစ်တဲ့ Mad Max: Beyond Thunderdome ဇာတ်ကားထဲက Tina Turner ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Aunty Enitity နှင့် ဇာတ်ကောင်စရိုက်ပုံစံခြင်း ဆင်တူနေမှာကို စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတူညီပါ။ ဟိုတစ်ယောက်က အာဏာကို လိုချင်သောသူ။ သူမရဲ့ ဇာတ်ကောင်ကတော့ အမျိုးသမီး 5 ယောက်ကို ကိုယ်ချင်းစာသောသူ၊ ငယ်စဉ်အခါက မိခင်နှင့်အတူ လူဆိုးများရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရ၍ အိမ်နှင့်ဝေးကွာနေခဲ့ရသူ၊ သူမဘဝရဲ့တစ်ချိန်တစ်ခါတုန်းက တိုက်ပွဲတစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် သူမရဲ့လက်ဝဲဘက် လက်ကို ဆုံးရှုံးခဲ့ရသောသူ၊ ဝမ်းနည်းရမည့်အချိန်တွင် မျက်ရည်ဝဲခဲ့ပေမဲ့ စိတ်ဓာတ်ပြတ်သားကာ မိမိဆက်လက်လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ခဲ့သူ၊ ကြမ်းတမ်းသော လောကကြီးတွင် ကြီးပြင်းလာခဲ့၍ လူတိုင်းကိုမယုံကြည်တတ်ကာ အခြေအနေနှင့် အချိန်အခါအလိုက် မှန်ကန်ဆုံးနှင့် ရဲ့ရင့်ဆုံး လုပ်ဆောင်နိုင်ခဲ့သော အမျိုးသမီးဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်။ သေချာပါတယ်။ ရုပ်ရှင်သမိုင်းရဲ့Legendary Woman Warrior စာရင်းထဲတွင် Imperator Furiosa သည် ပါလာခဲ့မည်မှာ သေချာပါတယ်။ Charlize Theron သည် ထိုဇာတ်ကောင်အတွက် သူမရဲ့ဆံပင်တွေကို ရိတ်ခဲ့ပါတယ်။ သူမပြောတာကတော့ ရိုက်ကူးနေစဉ် လက်တစ်ဘက်ပြတ်နေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတာ အခက်ခဲဆုံးပါတဲ့။ Splendid ယောင်္ကျားလေးတော်တော်များများ ဒီရုပ်ရှင်ကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တွေ အများကြီးထဲက တစ်ခုကတော့ ထို ဇာတ်ကောင်ကို သရုပ်ဆောင်ထားတဲ့ Rosie Hutington-Whiteley ကြောင့်ပဲဖြစ်မယ်လို့ထင်ပါတယ်။ အရင်က Victoria Secret ရဲ့Model တစ်ယောက်ဖြစ်ခဲ့တဲ့ သူမအတွက်တော့ ဒီဇာတ်ကားသည် ဒုတိယမြောက် ရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ကတော့ Transformers: Dark of the Moon ပဲဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူမသည် ဒီရုပ်ရှင်တွင် သရုပ်ဆောင်မှုအပိုင်းမှာ အလွန်တိုးတက်လာတယ်လို့ ထင်ပါတယ်။ သူမရဲ့ပြောချက်အရတော့ Charlize Theron နဲ့တွဲပြီး သရုပ်ဆောင်ခဲ့ရတာ သူမအတွက်တော့ Inspiration တစ်ခုဖြစ်တယ်လို့သိခဲ့ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ထိုအမျိုးသမီးလေး 5 ယောက်ရဲ့နာမည်တွေကို ပေးထားတာ ထိုနာမည်တွေက သူတို့ရဲ့ဇာတ်ကောင်စရိုက်တွေနဲ့သက်ဆိုင်နေတယ်လို့ကျွန်တော် မြင်မိတယ်။ Splendid ဇာတ်ကောင်သည် တစ်ကယ်ကိုပင် ရုပ်ရှင်ထဲတွင် Splendid ဖြစ်ခဲ့သည်။ Capable ထိုဇာတ်ကောင်ကိုတော့ Riley Keough က သရုပ်ဆောင်ခဲ့ပါတယ်။ ထိုဇာတ်ကောင်သည် အတွေးသမားတစ်ယောက်ဖြစ်သည်။ သူမရဲ့Nickname ကတော့ “Brainy” ၊ Capable ဆိုသော နာမည်အတိုင်း လမ်းတစ်လျှောက် ပြဿနာတွေပေါ်ပေါက်လာလျှင် ဖြေရှင်းနိုင်သူ တစ်ယောက်ပင်ဖြစ်သည်။ 6 လ လောက် Namibian ကန္တရမှာ အင်္ကျ ီခပ်ပါးပါးကို ဝတ်ဆင်ခဲ့ရတဲ့ မင်းသမီး Riley Keough တစ်ယောက် အအေးဒဏ်ကို မခံနိုင်ခဲ့သောကြောင့် Hypothermia ဆိုတဲ့ ရောဂါကို ခံခဲ့ရပါတယ်။ The Dag ဒီဇာတ်ကောင်ကို Abbey Lee ဆိုသော အရင်က Model တစ်ယောက်ဖြစ်ခဲ့သော အမျိုးသမီး သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထို Dag ဆိုသော နာမည်အတိုင်း ထိုဇာတ်ကောင်သည် အများနှင့် မသက်ဆိုင်သော ပုံစံမျိုးပင်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သိပ်မစပ်အပ်လှပေ။ ဒီဇာတ်ကားသည် ထိုမင်းသမီးအတွက်တော့ ပထမဆုံး ရုပ်ရှင်ပင်ဖြစ်သည်။ သူမသည် ရောဂါတော့မရရှိခဲ့။ သို့သော် ရိုက်ကူးနေစဉ်တော့ ခါးဒဏ်ရာ ရရှိခဲ့သည်။ Fragile ဒီဇာတ်ကောင်ရဲ့နာမည်ကလည်း ထိုဇာတ်ကောင်ရဲ့စရိုက်ကို ဖော်ပြနေသည်။ ထိုဇာတ်ကောင်သည် ထို အမျိုးသမီး 5 ယောက်ထဲတွင် အသက်ငယ်ဆုံး ဇာတ်ကောင်ဖြစ်သည့်အားလျော်စွာ အလွယ်တကူ Fragile ဖြစ်နိင်သည်။ သူမရဲ့ထိုဇာတ်ကောင်သည် တစ်ခြားသူများရဲ့အကူအညီ လိုအပ်သော ဇာတ်ကောင်ပင် ဖြစ်သည်။ ထိုဇာတ်ကောင်ကို Courtney Eaton က သရုပ်ဆောင်ထားပြီး သူမ Audition မလုပ်ခင်က သူမသည် Mad Men tv series အတွက် သရုပ်ဆောင်ရမည်လို့ထင်နေခဲ့တာ သူမရဲ့အဖေက “No, Mad Max! This is huge!” လို့ဝမ်းပန်းတသာနဲ့ပြောဆိုခဲ့လို့သူမသည် အရင်က 3 ကားကို ပြန်ကြည့်ခဲ့သည်။ ဒီရုပ်ရှင်ကို စရိုက်တော့ သူမသည်လည်း 16 နှစ် သာသာပဲရှိသေးသည့်အတိုင်း ထိုအုပ်စုထဲတွင် သူမသည် ကလေးသာသာ ဖြစ်နေခဲ့သည်။ သူမရဲ့ပြောချက်အရတော့ Rosie Hutington-Whiteley သည် ရုပ်ရှင်ထဲမှာရော အပြင်မှာပါ သူမရဲ့အမေ တစ်ယောက်လို့ဖြစ်နေခဲ့သည်တဲ့။ Toast နောက်ဆုံးတစ်ယောက်ကတော့ Toast ဆိုတဲ့ ဇာတ်ကောင်။ ထိုဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာက Zoe Kravitz ။ ထို 5 ယောက်ထဲတွင် သူမရဲ့ဇာတ်ကောင်သည် အရဲရင့်ဆုံး ဇာတ်ကောင်။ Furiosa ရဲ့Splendid ပြီးရင် အားထားရဆုံးတစ်ယောက်။ သူမသည် ဒီဇာတ်ကားအတွက် ဒုတိယမြောက် ရွေးချယ်ခံရတဲ့ မင်းသမီးတစ်ဦး ပင်ဖြစ်သည်။ Zoe Kravitz သည် Max Max Fury Road ဇာတ်ကားကို ပြီးခဲ့သည့် နှစ်က Online မှာ ပထမဆုံး Trailer ကို ကြည့်ခဲ့ရတော့ ဝမ်းသာလွန်းလို့ငိုခါနီးဖြစ်ခဲ့သူတစ်ဦး။ အခက်အခဲတွေ မျိုးစုံထဲက အောင်မြင်စွာ ကျော်ဖြတ်ပြီး ယခုကဲ့သို့ရုပ်ရှင်ဖြစ်လာတော့ သူမသည် “I almost cried when I saw the trailer, just because I actually can’t believe it’s happening.” ဟု ပြောခဲ့လေသည်။ ယခု စတုတ္ထမြောက် Mad Max ရုပ်ရှင်သည် အရင် 3 ကားရဲ့အကောင်းဆုံးသော အရာများကို ပြည့်စုံအောင် ပါဝင်ထားသည်။ ပထမဆုံးကားရဲ့Vengeance Theme နဲ့သည်းထိပ်ရင်ဖိုစွာ ကြည့်ခဲ့ရတာတွေ .. ဒုတိယမြောက်ကားရဲ့အကောင်းဆုံးသော Car Chase Action Scenes တွေ နဲ့တတိယမြောက်ကားရဲ့Apocalyptic ဆန်သော အရာများ အားလုံးကို တစ်စုတစ်ပေါင်းထဲ ပါဝင်ထားသည်။ ရိုက်ကူးခဲ့သော Director George Miller ရဲ့ကျွမ်းကျင်မှုများ ဟုတင်စားရလောက်တဲ့ အချက်တွေသည် ဒီရုပ်ရှင်ကို ကြည့်နေသော ပရိသတ်တွေသည် ဇာတ်လမ်းစပြီဆိုတာနဲ့ရုပ်ရှင်ထဲကို စိတ်ဝင်စားနိုင်မှူကို 100% အပြည့်ပေးစေနိုင်ခဲ့သည်။ ရုပ်ရှင်ကြည့်နေစဉ် ရုံထဲတွင် စကားပြောသံတစ်သံလေးတောင် မကြားခဲ့ရ။ အပေါ့အပါးထသွားသော သူများပင် မရှိခဲ့ကြ။ လူတိုင်းရဲ့စိတ်များသည် Max တို့ရဲ့ခရီးစဉ်နှင့်အတူ မျောပါသွားခဲ့ကြပုံရသည်။ ထို့အပြင် ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ရင်ထိတ်ခဲ့ရဆုံး မျက်လုံးများ ပြူးကျယ်လာသည် အထိ သည်းထိတ်ရင်ဖို အဖြစ်ခဲ့ရဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်။ မှတ်မိသလေက် ပြီးခဲ့သော နှစ်တွေက ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ထိုကဲ့သို့သော ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့သော ရုပ်ရှင်များမှာ Argo နှင့် Gravity တို့ပဲဖြစ်ပါတယ်။ အခုဆို ကျွန်တော် ထိုရုပ်ရှင်ကို ကြည့်ပြီးခဲ့သည်မှာ 5 ရက်ပင် ကျော်လွန်လာခဲ့ပါပြီ။ သို့ပေမဲ့ ထိုရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ… Dialogues တွေ… ဇာတ်ကောင်တွေ… Actions တွေ… Stunts တွေ အားလုံးဟာ ကျွန်တော့်ရဲ့ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်နေသည်။ မေ့ဖျောက်၍ မရ။ ပြောရမယ်ဆိုရင် ဘိန်းသုံးထားသော လူတစ်ယောက်လို ခံစားခဲ့ရသည်။ ကျွန်တော့်ရဲ့စိတ်သည် ရုပ်ရှင်ပြီးသွားသော အခါ ပတ်ဝန်းကျင်ကို မေ့ပျောက်သွားသည်။ Max ရဲ့ကမ္ဘာပျက်ထဲတွင် ကျန်ရစ်နေခဲ့ကာ မျောလွင့်နေခဲ့သည်။ ထိုမျှလောက် ကျွန်တော် နှစ်သက်ခဲ့သော ရုပ်ရှင်တစ်ကားပင် ဖြစ်သည်။ အမှန်အတိုင်းပြောရရင် Mad Max သည် ကျွန်တော်တို့လို ယောင်္ကျားလေးများ အထူးနှစ်သက်သော ရုပ်ရှင် ဖြစ်ပေမဲ့ ဇာတ်လမ်းအရ ပြန်ကြည့်မယ်ဆိုရင် Feminist ဆန်သော Theme ကို ပို၍ အရေးပေးထားသောကြောင့် အမျိုးသမီးပရိသတ်တွေလည်း နှစ်သက်လိ်မ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းသည် စာသားများမဟုတ်။ စာမျက်နှာ 300 ခန့်ရှိသော Storyboard များပင်ဖြစ်သည်။ Storyboard ဆိုသည်မှာ Artists များက ဆွဲပေးသော ဇာတ်လမ်း ရဲ့ပုံများဖြစ်သည်။ Concept Art ကို စတင် ဖန်တီးခဲ့တာကတော့ Brendan McCarthy ဆိုသော ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပြီး ကျန်သော Drawings ပေါင်း 3500 ခန့်လောက်ကို Mark Sexton, Peter Pound နှင့် တစ်ခြား Storyboards Artist 2 ယောက်တို့နဲ့ဆွဲခဲ့ပေသည်။ ထို Storyboards များကြောင့် Directions တွေ Camera Movements တွေကို သာမာန်ဇာတ်ညွှန်းတစ်ပုဒ် ရေးသလို ရေးစရာမလိုတော့ပေ။ သူတို့ရဲ့ပြောဆိုချက်အရ ထို Storyboards များကိုပဲ ပြင်ဆင်ခဲ့ချိန်ဟာ အချိန်ကာလ 3 နှစ်ခန့်ကြာမြင့်ခဲ့ရပါတယ်လို့သိရပါတယ်။ ထို့အပြင် Mad Max Fury Road သည် ယနေ့ခေတ်ရုပ်ရှင်များတွင် အလွန်တရာ ရှားပါးသွားပြီဖြစ်တဲ့ Practical Effects များကို တွင်တွင်ကြီး အသုံးပြုခဲ့သည်။ ယနေ့ခေတ်ရဲ့Action Movies အများစု (သို့မဟုတ်) Superheroes နှင့် တခြား Sci-fi ရုပ်ရှင်များတွင် CGI Effects များကိုသာ အလွယ်တကူ အသုံးပြုခဲ့ကြပေမဲ့ ယခု ဒီရုပ်ရှင်ရဲ့90% သော Actions ခန်းများ Stunts များသည် အမှန်တကယ် လုပ်ဆောင် ပုံဖော် ရိုက်ကူးခဲ့ကြသော Actions များ Stunts များပင်ဖြစ်သည်။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တော့ ပရိသတ်တွေရဲ့စိတ်ထဲမှာ အသက်ပါ နေခဲ့ခြင်းပင်။ ထို Stunts များသည် အလွန်တရာ အန္တရာယ်ရှိသောကြောင့် မရိုက်ကူးခင် သူတို့အစီအစဉ်တကျ ဆွဲကာ စဉ်းစားရသည်။ ထို့နောက် စမ်းသပ်ရသည်။ အောင်မြင်ပြီဆိုတော့မှ ရိုက်ကူးကြသည်။ အရင်က မင်းသားကြီး Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ထို Max ဆိုသော ဇာတ်ကောင်နေရာတွင် Tom Hardy က အစားထိုး ရိုက်ကူးခဲ့သည်။ Tom Hardy ကို ယခုရုပ်ရှင်တွင်တော့ ထူးခြားသော သရုပ်ဆောင်မှုကို မတွေ့ခဲ့ရပေ။ သို့သော် ဇာတ်ကောင်ကိုတော့ လေးစားစွာ သရုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ သူနှင့် ထိုဇာတ်ကောင် လိုက်ဖက်ရဲ့လားလို့မေးရင် လိုက်ဖက်လား မလိုက်ဖက်လားတော့ မသိ။ သို့ပေမဲ့ လိုက်ဖက်အောင် သူသရုပ်ဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောခဲ့သည့်အတိုင်း ဒီရုပ်ရှင်မှာ အထူးခြားဆုံး သရုပ်ဆောင်နိုင်သွားခဲ့သည်မှာ မင်းသမီး Charliez Theron ပင်ဖြစ်သည်။ သူမသည် သူမပါဝင်သော ဇာတ်ကားတိုင်းတွင် ထိုနည်းလည်းကောင်းပင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သည်မှာ သူမရဲ့ထူးခြားတဲ့ ပါရမီတစ်ခုပဲဖြစ်သည်။ ထိုကားထဲတွင် ကျွန်တော် နောက်ထပ်ကြိုက်နှစ်သက်မိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ War Boy Nux ပဲဖြစ်သည်။ ထိုဇာတ်ကောင်ကို မင်းသား Nicholas Hoult က သရုပ်ဆောင်ထားပြီး တစ်ကယ်ကို လိုက်ဖက်ပါတယ်လို့ထင်မိတယ်။ ထိုဇာတ်ကောင်ပြောသွားသော စကားများသည် ယခုထက်ထိ ကျွန်တော့် မေ့လို့မရပေ။ ထိုစကားတွေရဲ့အဓိပ္ပာယ်များထက် ထိုစကားတွေကို သူပြောခဲ့တဲ့ဇာတ်ဝင်ခန်းတွေမှာ သူပြောခဲ့တဲ့ စကားတွေနဲ့အလွန် လိုက်ဖက်ခဲ့သောကြောင့် မေ့မရနိုင်သော စကားများဖြစ်ခဲ့ခြင်းပင်။ Nicholas Hoult သည် သူသရုပ်ဆောင်ရမည့် နေ့ရက်တိုင်းတွင် သူ့ရဲ့အပြင်လောကနဲ့မတူညီသော ဇာတ်ကောင်ကို ပြင်ဆင်ရန်အတွက် Make-up ပြင်ဆင်ချိန် အမြဲတမ်း 2 နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ ရိုက်ကူးရေးကာလတစ်လျှောက် ပိန်လှီနေသော ခန္ဓာကိုယ် ရရှိအောင် နေ့တိုင်း ကြိုးခုန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားထဲက လူဆိုးခေါင်းဆောင် Toecutter အဖြစ် သရုပ်ဆောင်ခဲ့သော Hugh Keays-Byrne ကပဲ လူဆိုးကြီး Inmortan Joe အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းများတွင် Definite Moments ဆိုသော အခန်းများ အနည်းဆုံး တစ်ခန်းလောက် ပါဝင်ကြပါသည်။ သို့ကြောင့် ဒီရုပ်ရှင်သည်လည်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည့် အလျှောက် Definite Moments များ တစ်ခန်းထက်မနည်း ပါဝင်ခဲ့သည်။ ဘယ်အခန်းတွေလဲဆိုတာကိုတော့ Spoiler ကို ရှောင်ကျည်သည့် အတိုင်း ပြောမပြတော့ပါ။ ထို့အပြင် ကျွန်တော် ရုပ်ရှင်တစ်ကားကြည့်ပြီးတိုင်း အမြဲ ပြုလုပ်လေ့ရှိသော ဇာတ်သိမ်းခန်းကို ပြန်လည် စဉ်းစားခြင်းနဲ့တစ်ခြား ဇာတ်သိမ်းပုံတွေကို တွေးတောမိတယ်။ နောက်ဆုံး အဖြေပေါ်လာတာက ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းသည် အလွန်ကို ပြီးပြည့်စုံပြီး ရုပ်ရှင်နှင့်လိုက်ဖက်သည်။ အပြောပြောစရာ တစ်ကွက်မှ မရှိသော ဇာတ်သိမ်းပင် ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကဆိုရင် ဇာတ်လမ်းစပြီး 10 Minutes လောက်ကစပြီး မိမိကိုယ်မိမိ Max ရဲ့ကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရတယ်လို့ပြောပါတယ်။ သူပြောတာ မှန်ပါတယ်။ ဇာတ်လမ်းစတင်ပုံ အလွန်ကောင်းမွန်ပြီး အစကတည်းကနေ အဆုံးထိ ပရိသတ်ကို Max တို့နှင့် Inmortan Joe တို့ရဲ့ပြေးပွဲ လိုက်ပွဲကြီးထဲကို စိတ်တွေပါသွားခဲ့ကြသည်။ သေချာပါတယ်။ ကြည့်နေခဲ့သူ ပရိသတ်တိုင်းသည် ထိုဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ဟု မသိစိတ်ထဲတွင် မသိမသာ ထင်နေခဲ့မှာဆိုတာပါပဲ။ ယခုရေးမည့်အကြောင်းအရာသည် Review မဟုတ်တော့ပါ။ ထို့ကြောင့် Spoiler ရှောင်ချင်သူများ ကျော်သွားကြပါလို့တိုက်တွန်းပါတယ်။ ကျွန်တော် ဒီကားကို ကြည့်ပြီးခဲ့ချိန်တွင် ဘဝင်မကျခဲ့သော အချက်တစ်ခုကို ဆွေးနွေးချင်ပြီး ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်တစ်ခုကို ပြောပြချင်လို့ပါ။ ဘာအကြောင်းအရာလည်းဆိုတော့ အရင် Mad Max 3 ကားနဲ့ဒီကားနဲ့မတူညီပဲ ကွဲပြားနေတဲ့ အချက်တွေပါ။ အရင် 3 ကားကို ကြည့်ပြီးသူများ နားလည်ကြမှာ ဖြစ်ပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားတွင် Max တွင်ရှိခဲ့သော ကလေးငယ်မှာ သားယောင်္ကျားလေးဖြစ်သည်။ ထိုကလေးငယ်နှင့် သူ့ရဲ့ဇနီးကို Toecutter တို့လူမိုက်တစ်စု ဆိုင်ကယ်များ ကားများနှင့် တိုက်သတ်ခဲ့သောကြောင့် သေခဲ့ပြီး ဖြစ်သည်။ ထို့နောက် နောက်ထပ် 2 ကားတွင်လည်း သူသည် မိန်းမရသွားသည်ကို မပြခဲ့ပေ။ တစ်ကိုယ်တော် သမားတစ်ယောက် အဖြစ်သာ တင်ပြခဲ့သည်။ သို့ပေမဲ့ ယခု Mad Max Fury Road တွင်တော့ Max ရဲ့Flashback အခန်းများတွင် သေဆုံးသွားသော သူ့ရဲ့ကလေးမှာ အတော်အတန် ကြီးနေပြီဖြစ်သော သမီးမိန်းကလေးပင် ဖြစ်သည်။ ထိုကဲ့သို့George Miller ဘာကြောင့် ပြောင်းလဲခဲ့သည်ကို ကျွန်တော် ဘဝင်မကျခဲ့။ ထို့ကြောင့် ဒီကားသည် Remake လား Sequel လား ဆိုတာကို ရှာဖတ်ကြည့်ခဲ့တော့လည်း George Miller က မည်ကဲ့သို့မှ ပြောမသွားခဲ့။ Max သည် Legendary Warrior တစ်ယောက် ဖြစ်သည့်အတိုင်း ယခုဇာတ်လမ်းသည်လည်း သူ့ခရီးစဉ်ကြီးရဲ့တစ်ချိန်တစ်နေရာက ဇာတ်လမ်းတစ်ခုပဲဖြစ်သည်။ ထို့ကြောင့် Sequel လည်း မဟုတ်။ Reboot လည်းမဟုတ်၊ Remake လည်းမဟုတ်၊ Prequel လည်းမဟုတ် ဟု သူကပြောကြားခဲ့သည်။ ဒါဆိုရင် ဘာလို့Max ရဲ့ကလေးဇာတ်ကောင်ကို ပြောင်းလဲခဲ့ရသနည်း? အဖြေကို ကျွန်တော် စဉ်းစားမိတော့ ခေါင်းထဲပေါ်လာတာက ယခု Mad Max Fury Road ထဲက Max သည် Original Mad Max 3 ကားထဲက Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင် မဟုတ်နိုင်ပေ။ တစ်ခြား ဇာတ်ကောင်တစ်ယောက်ပင် ဖြစ်နိုင်သည်။ ဒါဆိုရင် မည်သူနည်း? ကျွန်တော် တွေးမိလိုက်တာ Mad Max 2: The Road Warrior ဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid ဆိုသော ကလေးငယ်တစ်ယောက် အသက်ကြီးသွားသော ဇာတ်ကောင်ပင် ဖြစ်မည်လို့ကျွန်တော် ထင်လိုက်မိပါတယ်။ ဒါနဲ့Internet မှာ ရှာဖတ်ကြည့်လိုက်တော့ ကျွန်တော့်လိုပဲ စဉ်းစားမိတဲ့ လူတစ်ယောက် ရေးထားတာကို ဖတ်မိလိုက်ပြီး သူ့ရဲ့Idea နဲ့ကျွန်တော့်ရဲ့Idea တွေတူညီလို့ကျွန်တော် ရှင်းပြလိုက်ပါရစေ။ ပထမအချက်က Mad Max Fury Road ဇာတ်ကားရဲ့အစောပိုင်းမှာ Max ကို War Boys တွေဖမ်းဆီးစဉ် Max ရဲ့နောက်ကျော်မှာ ထိုးထားတဲ့ Tattoo တွေကို အရင်ဆုံးပြောပါရစေ။ ထို Tattoo အခန်းတွင် သူ့ရဲ့Blood Type နဲ့တစ်ခြား ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်များ ကို ရေးထားသည်။ ပြသခဲ့သော အခန်းသည် အလွန်တိုတောင်းသောကြောင့် အရာအားလုံးကို လိုက်ဖတ်ရန် မလွယ်ကူလှပေ။ ထို Tattoo များထဲတွင် တွေ့လိုက်ရသည်မှာ Day 12045 ဆိုသော အရာလည်း ပါဝင်သည်။ ဒါဆို Max ရဲ့အသက်သည် ယခု Fury Road ထဲတွင် 33 နှစ်ခန့်သာသာပဲရှိပါအုံးမည်။ George Miller တစ်ခါပြောဖူးတာကို မှတ်မိသလောက်ဆိုရင် ယခု Fury Road သည် ကမ္ဘာပျက် Apocalypse ဖြစ်ပြီး နှစ်ပေါင်း 40 ကျော် 50 ခန့်လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါကို ပြန်တွေးကြည့်မယ်ဆိုရင် ပထမဆုံး Mad Max ဇာတ်ကားတွင် ကမ္ဘာမပျက်သေးပေ။ ဒါဆို သူပြောပုံအရဆိုရင် Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင်သည် ယခု Fury Road Timeline တွင် အသက် 70 ကျော်ခန့်ပင် ဖြစ်နေလောက်ပေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ယခု Fury Road တွင် ကျွန်တော်တို့တွေ့ခဲ့ရသော Max သည် အရင်က ကျွန်တော်တို့တွေ့ခဲ့ရသော Mel Gibson ရဲ့ဇာတ်ကောင် Max မဟုတ်တော့ပေ။ ဒါဆိုရင် ယခုဇာတ်ကောင်သည် ကျွန်တော်တို့ဒုတိယဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid လို့ယူဆမိပါသလဲဆိုရင် ထိုဒုတိယဇာတ်ကားတွင် ထိုကလေးလေးသည် Max ကို အလွန်အထင်ကြီးခဲ့သော ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ဇာတ်ကြောင်းပြောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုကလေးဇာတ်ကောင်သည် Timeline အရ ကမ္ဘာကြီးပျက်ဆီးသွားပြီးမှ မွေးဖွားခဲ့သော ဇာတ်ကောင်ဖြစ်သောကြောင့် ယခု Fury Road timeline တွင်ထို ဇာတ်ကောင်ရဲ့အသက်သည်လည်း 30 ကျော်ခန့်ပင် ဖြစ်နိုင်လောက်ပေသည်။ နောက်ထပ် ဖြစ်နိုင်ချေရှိသော Theory တစ်ခုမှာ ထို ဒုတိယဇာတ်ကားတွင် Max က Feral Kid ကလေးကို ပေးခဲ့သော Music Box လေးပင်ဖြစ်သည်။ ထို Music Box ကလေးကို ယခု Fury Road ထဲတွင် ပါဝင်သော အမျိုးသမီးငယ် 5 ယောက်ထဲက တစ်ယောက်ရဲ့လက်ထဲတွင် ကစားနေသည်ကိုပါ ကျွန်တော်တို့တွေ့ခဲ့ရပြန်သည်။ ဒါဆိုရင် ကျိန်းသေပါတယ်။ ယခု ဒီ Fury Road နှင့် ဒုတိယဇာတ်ကား The Road Warrior ဇာတ်ကားတို့တွင် ဆက်နွယ်ချက်တစ်ခုခု ရှိနေသည်ဆိုတာ။ ယခု Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်သည် သူ့ရဲ့နာမည်ကို မေးသောအခါ ပြောဖို့တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့နာမည်သည် အရေးမကြီးဟု ပြောခဲ့သည်။ နောက်ဆုံးအခန်းတွင်မှ သေမလား ရှင်မလားမသိ အသက်လုနေရသော Furiosa ကို သူနာမည်သည် Max ဟုပြောခဲ့သည်။ အကယ်၍ ကျွန်တော်တို့Theory မှန်ကန်ပါက Tom Hardy ရဲ့ဇာတ်ကောင်သည် သူငယ်စဉ်က သိခဲ့ရသော Max ဆိုသောလူတစ်ယောက်ရဲ့နာမည်ကို ယူသုံးလိုက်ခြင်းပင်ဖြစ်ပေသည်။ ဘာကြောင့်လဲဆိုရင် ထို Max သည် သူငယ်စဉ်က အားကျခဲ့သော Role Model တစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ဒါပေမဲ့ ထိုဒုတိယဇာတ်ကား အပြီးတွင် ဇာတ်ကြောင်းပြောသူ Feral Kid ရဲ့ဇာတ်ကြောင်းပြောပြချက်အရ သူတို့ထွက်ပြေးလွတ်မြောက်သွားသော အုပ်စုသည် နောင်တစ်ချိန်တွင် Great Northern Tribe ဟုဖြစ်လာပြီး သူသည်လည်း ထို အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဒါကို ထို Internet က ပြောထားသောသူနှင့် ကျွန်တော့်ရဲ့တွေးတောချက်အရဆိုရင် ထို Feral Kid သည်ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ကာ မိန်းမနှင့် သမီးလေးတစ်ယောက် ရခဲ့ပေမဲ့ သူ့ရဲ့အမှားတစ်ခုကြောင့် သူ့ရဲ့မိသားစုအပါအဝင် ထို အဖွဲ့တစ်ခုလုံးသေဆုံးသွားခဲ့ရပြီး သူသည်လည်း တစ်ကိုယ်ရည် လွတ်မြောက်ပြီး လှည့်လာသွားလာနေသော လူတစ်ယောက်ဖြစ်လာနိင်သည်ဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်ရဲ့စိတ်ကူးတွေထဲတွင် သေဆုံးသွားသော သူ့ရဲ့သမီးကို မြင်တွေ့နေခြင်းပင် ဖြစ်သည်။ အမှန်ဆို Max တွင် သမီးမရှိခဲ့။ သားတစ်ယောက်သာ ရှိခဲ့သည်။ ထိုသားသည်လည်း မွေးကာစအရွယ်ကတည်းကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုကျွန်တော် ပြောပြချက်များသည် ကျွန်တော်အပါအဝင် တစ်ခြား Fans တွေရဲ့Fans’ Theory တစ်ခုသာ ဖြစ်ပေသည်။ အမှန်ဟု တပ်အပ်မပြောဆိုနိုင်ပေ။ အမှန်ကိုတော့ Director George Miller တစ်ယောက်တည်းသာ သိနိင်ပေသည်။ သူသည် ထို Character ကို ပြောင်းခဲ့တာလား? တစ်ခြား Character ကိုပဲ အစားထိုး ပြောင်းလဲ အသုံးပြုခဲ့တာလား? ပြောင်းလဲခဲ့တယ်ဆိုရင်လည်း နောက်ကွယ်မှာ ဇာတ်လမ်းတွေ အများကြီးရှိနိုင်ပါသေးသည်။ Director George Miller ရဲ့ပြောဆိုချက်အရ နောက်ဇာတ်ကားအသစ်ရဲ့နာမည်သည် Mad Max: The Watseland ဖြစ်ပြီး မည့်သည့်အချိန်တွင် ထွက်ရှိမည်ကိုတော့ မပြောပြသွားပေ။ ဘာပဲဖြစ်ဖြစ်ပါ။ ယခု Fury Road ကဲ့သို့အဘက်ဘက်က အပြစ်ကင်း၍ အလွန်တရာ ကောင်းမွန်လှပြီး ကြည့်ပြီးသူတိုင်း အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားမျိုး Sequel ကို လူတိုင်းစောင့်မျှော် ကြည့်ရူချင်ကြမှာ အမှန်ပါပဲ။ ကျွန်တော်တို့မေးခဲ့သော လျှို့ဝှက်ချက်များကိုလည်း နောက်အသစ်ထွက်မဲ့ ရုပ်ရှင်များတွင် ဖြေရှင်းနိူင်ပါစေလို့ပဲ မျှော်လင့်ရင်း ဒီနှစ်ရဲ့အကောင်းဆုံး Action ဇာတ်ကား ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှရုပ်ရှင်တွေရဲ့အကြိုက်ဆုံး 4 ကားတွင် တစ်ကားအပါအဝင်ဖြစ်သော ယခု ဒီ Mad Max: Fury Road review ရှည်ကြီးကို ဒီမှာတင်ပဲ ရပ်နားခွင့် ပြုပါ။ IMDb Rating: 8.1/10 Rotten Tomatoes Rating: 97% ~WH~ +++++++++++++++++++++++++++++++++

Comedy
6.9 1979 91 mins
Mad Max
Rise of the Footsoldier: Vengeance

ဒီနှစ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ ခရမ်းချဉ်သီးပုပ် ၆၀နဲ့ IMDb 6.1 ရရှိထားတဲ့ Rise of the Footsoldier franchise ရဲ့ sequel ရုပ်ရှင်သစ်တခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း Rise of the Footsoldier ရဲ့ပင်တိုင်သရုပ်ဆောင်ကြီး ခရိတ်ဖဲဘရက်စ်က ပတ်တိတ် နေရာကနေ ထပ်မံသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မှောင်ခိုလောကမှာ ဆေးအရောင်းအ၀ယ်အလုပ်လုပ်နေတဲ့ ပတ်ရဲ့မိတ်ဆွေဖြစ်သူဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတာကြောင့် ပတ်တိတ်ဟာ မိတ်ဆွေဖြစ်သူအတွက် လက်စားချေပေးဖို့ရာ ဒီလူသတ်မှုရဲ့ နောက်ကွယ်ကတရားခံကို လိုက်လံစုံစမ်းရင်းကနေ မှောင်ခိုလောကရဲ့ထုံးစံအတိုင်း ရဲတပ်ဖွဲ့တွေ ဂိုဏ်းတွေနဲ့ ဇာတ်ရှုပ်ရပါတော့တယ်။ ဇာတ်လမ်းအကြောင်းကို အများကြီးမပြောတော့ပါဘူး ဖိုက်တင်ပလေးတာတွေကတော့ ကြမ်းတယ်လို့ပြောလို့ရမယ့်အထဲမှာပါပါတယ်။ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက တော်တော်အဆင်ပြေတဲ့အထဲမှာပါတာမလို့ အက်ရှင်ကားကြမ်းကြမ်းကြည့်ချင်နေတဲ့သူတွေအတွက်ကတော့ သင့်တော်မှာဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.6 GB)/(861 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Rise of the Footsoldier: Vengeance
Will
7.1

Will (2024) ~ IMDb – 7.1/10, Rotten Tomatoes – 60% ~ ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။ သင်တန်းဆင်းခါစရဲတပ်သား “ဝေလ်” နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့… စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား… အများနည်းတူမိုးခါးရေသောက်မလား… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 50Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.1 2024
Will
Thundu
5.5

Thundu (2024) ရဲအရာရှိဘေဘီ IMDb-5.7/10 ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။ နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး…။ ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။ အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်

Comedy • Romance
5.5 2024
Thundu
Duchess

ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့ တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့ အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

0 2024
Duchess
Oru Kattil Oru Muri

Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ “ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ” ရွတ်မန်ဂါဒန် ဆိုတဲ့ တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။ သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။ တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ ပြင်ဆရာဆီသွားပြင်နေတာပါ။ သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်း အကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်း ပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။ သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။ မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီး ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့ သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကို မတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ် ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။ အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်း သူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။ မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊ တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊ တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် သိကျွမ်းလာကြမလဲ၊ သူတို့ရဲ့ ထုတ်မပြောတဲ့ခံစားချက်တွေ၊ ဖုံးကွယ်ထားတဲ့အမှန်တရားတွေနဲ့ လက်ရှိအခြေအနေကိုဖြစ်လာစေတဲ့ သူတို့ရဲ့အတိတ်တွေကို သိရဖို့ရာ ရုပ်ရှင်မှာအဖြေထုတ်ရမှာမို့ ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Adventure • Drama • Thriller
0 2024
Oru Kattil Oru Muri
Bibi
6

Bibi (2024) ဒီ BiBi ဆိုတဲ့ ဇာတ်လမ်းကတော့ Psychological, Thriller အမျိုးအစားကို နှစ်သက်တဲ့ CM ပရိသတ်တို့အတွက်ကတော့ ကွက်တိပါပဲ။ ဗီဗီယန်လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ ကလေးဘဝကအဖြစ်ဆိုးတွေကြောင့် တစ်ဘဝလုံးစိတ်ဒဏ်ရာရပြီး ကြီးပြင်းလာခဲ့သူပါ။ အသက်အရွယ်ရလာတာတောင်မှ စိတ်ဒဏ်ရာမပျောက်သေးတဲ့ ဘီဘီဟာ မူးယစ်ဆေးသုံး အရက်အလွန်အကျွံသောက်ပြီး လူသူမဆန်လောက်အောင် စိတ္တဇသမားသယောင်ဖြစ်လာသူပါ။ တစ်နေ့ သူ့ရဲ့အတိတ်ကို ပြန်အမှတ်ရသွားတဲ့အချိန်ကစပြီးတော့ အက်ရ်ှဝုဒ်ဗီဗီယန်ဟာ သူ့ရဲ့ငယ်ဘဝတုန်းက ဆုံးပါးသွားခဲ့တဲ့​ ညီမအကြောင်းကို ထင​်ယောင်ထင်မှားစဖြစ်လာပါတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် အသည်းသန်ဖြစ်လာတဲ့ ဗီဗီယန်ဟာ တစ်ခုခုဖြစ်တိုင်း သူ့သမီး ဘီဘီကိုသွားမှီခိုရှာပါတယ်။ ဒါပေမဲ့ တကယ်လက​်တွေ့မှာ ဗီဗီယန်တစ်ယောက် ဘယ်လောက်ထိတောင် စိတ်ရူးပေါက်ပြီး ထင်ယောင်ထင်မှားဖြစ်နေလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (800 MB) / (440 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:35:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6 2024 92 mins
Bibi
Runaway Mum Matka v trapu
4.2

Runaway Mum (2024) IMDb Rating (4.2) ဒီကားလေးကတော့ အိမ်ထောင်တစ်ခုမှာယောကျ်ားရှိပါလျက်နဲ့ အစစအရာရာဦးဆောင်တာဝန်ယူနေရတဲ့မိခင်တစ်ယောက်ရဲ့ သောကတွေ ခံစားချက်တွေကိုလှစ်ဟပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ပန်းချီဆရာယောင်ယောင်နဲ့ သူ့အပေါ်ပဲမှီခိုနေတဲ့ အသုံးမကျတဲ့ယောကျ်ားနဲ့ ဗရမ်းဗတာဖြစ်နေတဲ့ကလေးတွေကို ထိန်းသိမ်းလာခဲ့ရတဲ့ ဆယ်ဗီယာတစ်ယောက် တစ်နေ့တော့ခံစားရသမျှပေါက်ထွက်ပြီး အိမ်ကနေ အလုပ်ကနေထွက်ပြေးပါတော့တယ်။ ပြီးတော့အဲ့အရှုပ်အထွေးကိုပြုပြင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာ …… ပေါ့ပေါ့ပါးပါး ရှုခင်းလှလှလေးတွေနဲ့ရိုက်ထားတဲ့ကားကောင်းလေးမို့ ကြည့်ရှူခံစားလိုက်ကြပါအုံးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:35:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Shwe Eain Si

Action • Crime • Drama • Thriller
4.2 2024 95 mins
Runaway Mum Matka v trapu