YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Serious Men.2020.WEB-DL.720P.PP.mp4

910.54 MB N/A video/mp4 2745 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Norwegian Wood
6.3

မူရာကာမိရဲ့ ၀တ္တုရှည်ကို ပြန်ရိုက်ထားပြီး နာမည်ကျော်တဲ့ တစ်ကားတည်းသောကားပါပဲ။ သို့ပေမဲ့ မူရာကာမိ၀တ္တုတိုတွေကို ရိုက်ထားတဲ့ ကျန်တဲ့နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ Burningတို့ Drive My Carတို့လို မာစတာပိစ်အဆင့်ထိတော့ ဖြစ်မသွားပေမဲ့ Norwegian Woodကို ရိုက်တဲ့ ပြင်သစ်အခြေစိုက် ဗီယက်နမ် ဒါရိုက်တာTran Anh Hung ဟာ The Scent of Green PaPayaတို့ Cycloတို့လို အရည်အသွေးမြင့် Art Filmတွေကို ရိုက်ခဲ့တဲ့သူဆိုတော့ ခပ်ညံ့ညံ့ကားတော့ မဟုတ်ခဲ့ပါဘူး။ စာမျက်နှာ ၃ရာကျော်စာအုပ်ကြီးကို ခြုံလွှမ်းရိုက်ရတာဆိုတော့ စာအုပ်ဖတ်ဖူးတဲ့သူတွေက စာအုပ်ကပေးချင်တဲ့ အချက်ကိုမရဘူးပြောကြပေမဲ့ စာအုပ် မဖတ်ထားရင် သူ့နည်းသူ့ဟန်ကို ကောင်းကောင်းမြင်နိုင်တယ်ဆိုကြပါတယ်။ Cinematographerက ထိုင်၀မ်သား Mark Lee Ping-bingပါ။ ဝေါင်ကာဝေးရဲ့ In The mood for loveအပြင် ထိုင်၀မ်ရဲ့ဆရာတစ်ဆူဖြစ်တဲ့ Hou Hsiao-Hsienရဲ့ ကားတိုင်းနီးပါးမှာလည်း စီနီမာတိုဂရပ်ဖာလုပ်ခဲ့တဲ့သူပါ။ သူ့စီနီမာကို အသည်းစွဲကြိုက်ကြတဲ့သူတွေမနည်းပါဘူး။ သရုပ်‌ဆောင်တွေက Death Note မူလကားရဲ့ L ဖြစ်တဲ့ Kenichi Matsuyama, Drive My Carထဲက Reika Kirishima, ဘရက်ပစ်ရဲ့ babel, Pacific Rim, 47 Roninsတို့ထဲတောင် ပါဖူးတဲ့ Rinko Kikuchiတို့တွေပါ။ Norwegian Woodဆိုတဲ့ နာမည်ဟာ မူရာကာမိ ယူနေကျအတိုင်း the Betales သီချင်းနာမည်ကို ယူထားတာဖြစ်ပြီး Drive my carဆိုတာလည်း the Betales သီချင်းနာမည်ပါပဲ။ မူရင်း Norwegian Woodစာအုပ်ဟာ မူရာကာမိရဲ့ မစ္စတာပိစ်လို့လည်း ပြောကြပါတယ်။ ဇာတ်လမ်းကတော့ မူကာရာမိဆန်ဆန်ပါပဲ။ မူရင်းစာအုပ်ထဲက စာသားတွေကို Narrativeထည့်ပြောသွားပြီး ပုံဖော်သွားပါတယ်။ မူရာကာမိဖန်တွေ ကြိုက်မယ့် ကျန်တဲ့မူရာကာမိကားတွေအတိုင်း ဇာတ်ကောင်ဗဟိုပြုပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ အဟောင်းပေမဲ့ Art Filmကားကောင်းကောင်း တောင့်တနေတဲ့လူတွေအတွက် Norwegian Woodဟာ ရွှေပါပဲ။ **** စာအုပ်ကို အရင်သွားမဖတ်မိဖို့တော့ လိုပါတယ်။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Chu Chu ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….1080p | 720p| 480p File size…2GB | 999MB | 289MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chu Chu Encoder ..... August

Horror • Thriller
6.3 2010 133 mins
Norwegian Wood
Frozen II
7.3

CM Fan တွေ အတွက် Frozen II ကို တင်ပေးလိုက်ပါတယ်... Little Neo မှ အကောင်းမွန်ဆုံး ဘာသာပြန်ပေးထားပါတယ် ဇတ်လမ်းအညွှန်းကတော့.... အယ်လ်ဆာနဲ့ အန်နာတို့ ညီအစ်မ ဟာ အယ်ရန်ဒဲတိုင်းပြည်မှာ ပျော်ပျော်ရွှင်ရွှင် အတူနေထိုင်ကြပေမယ့် ကံဆိုးတဲ့တစ်နေ့ ကိုရောက်လာပါတော့တယ်။ အယ်လ်ဆာရဲ့ မိဘတွေတုန်းက ရင်ဆိုင်ခဲ့ရတဲ့ မှော်ဝင်တောအုပ်ထဲက ဝိညာဉ်တွေ၊ အယ်လ်ဆာပဲ ကြားနေရတဲ့ ခေါ်သံတွေနဲ့အတူ သူတို့တိုင်းပြည် အန္တရာယ်ကျရောက်လာချိန်မှာ အန်နာတို့လည်း ခရစ္စတော့ဖ်၊အိုလက်ဖ်၊ ဆဗန်တို့နဲ့အတူ အတိတ်က အမှန်တရားကို ရှာဖွေရပါတော့တယ်။ ရုပ်ရှင်ကားကို Moe Myint Lwin မှ Encode ပေးထားပါတယ်

Action & Adventure • Drama
7.3 2019 103 mins
Frozen II
Toscana
5.7

Toscana (2022) ============= IMDb Rating – 5.7/10 Drama/ Romance ဇာတ်ကားကောင်းကြိုက်သူများအတွက် ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ သီအိုဒါလ် ဟာ စာဖိုမှူးအလုပ်ကိုပဲ အာရုံစိုက်ထားတဲ့ ဒိန်းမတ်က စာဖိုးမှူးတစ်ယောက်ပါ။ ဒေါသလည်းကြီးသလို သူ့အလုပ်ကလွဲရင် ကျန်တာတွေလည်းဂရုစိုက်ပါဘူး။ သူ့ရဲ့ စားသောက်ဆိုင်ဟာ ငွေရေး ကြေးရေး အခက်အခဲတွေ ရင်ဆိုင်ရပြီး ရင်းနှီးမြှုပ်နှံမယ့်သူကို လိုအပ် လာပါတော့တယ်။ စိတ်ဝင်စားသူက လာရောက်ခဲ့သော်လည်း သူ့ရဲ့ဒေါသကြောင့် ရင်းနှီး မြှုပ်နှံမယ့်သူနဲ့ အဆင်မပြေဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ အခက်အခဲဖြစ် နေတုန်း သူ့ဆီကို စာစောင်ရောက်လာပါတော့တယ်။ အဆိုပါစာအရ ဟိုးအရင်ကတည်းက ကွဲကွာနေခဲ့တဲ့ အဖေဖြစ်သူ သေဆုံးသွားလို့ အမွေများကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ သီအိုရဲ့ အဖေဟာ အီတလီ နိုင်ငံ တက်စကာနီဒေသမှာ ရဲတိုက်ကြီးတစ်လုံးနဲ့ ခြံတွေ ထားခဲ့တာပါ။ ပိုက်ဆံလိုနေတဲ့ သီအိုလည်း အဆိုပါ ရဲတိုက်နဲ့ ခြံကို ရောင်းဖို့ အီတလီနိုင်ငံကို ရောက်လာပါတော့တယ်။ ထိုနေရာကိုရောက်လာသည့်အခါ သီအို့အတွက် ဘဝအတွေးအခေါ်၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံယူချက်တွေ ပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်း ကောင်းကောင်းကို ကြည့်ရင်း အီတလီနိုင်ငံ တက်စကာနီဒေသရဲ့ အလှအတွေကို ခံစားရမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.27 GB) / (700 MB) / (420 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 30mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Leonard Lin Encoder……….SWM

Horror • Science Fiction • Thriller
5.7 2022
Toscana
Windmill

Windmill (2023) စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတစ်ယောက်က သူခံစားခဲ့ရတဲ့အတိုင်း ပြန်ကျူးလွန်မိတတ်ကြသလား? အသစ်ထွက်ရှိထားတဲ့ Windmill 2023 ဇာတ်ကားမှာဆိုရင်တော့ ဖခင်ရဲ့နှိပ်စက်ဆိုးသွမ်းမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ ဂျောင်ဟွန်းဟာ သူ့ဖခင်လိုလူမျိုး ဘယ်တော့မှဖြစ်မလာစေရဘူးလို့ စိတ်ဆုံးဖြတ်ထားပြီး လက်ဝှေ့အားကစားသမားဖြစ်ဖို့ပဲ ကြိုးစားနေခဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်နေ့မှာတော့ ဒုက္ခရောက်နေတဲ့ကောင်မလေး ဆွန်းဟီကိုကယ်တင်ရင်း လူမိုက်အုပ်စုတစ်စုနဲ့ ပတ်သက်မိသွားခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ လက်ဝှေ့သမားဖြစ်ဖို့ကို စွန့်လွှတ်လိုက်ရပါတော့တယ် ဒါ့အပြင် အဘိုးဖြစ်သူရဲ့ရောဂါကြောင့် ဂျောင်ဟွန်းတစ်ယောက် ငွေအသည်းအသန်လိုအပ်လာချိန်မှာတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါ လူမိုက်မဖြစ်ရဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့တဲ့ ဂျောင်ဟွန်းတစ်ယောက် တကယ်ပဲ အပြစ်ကင်းကင်းစင်စင်နဲ့ နေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူကိုယ်တိုင်မသိလိုက်ခင်မှာတင် သူ့အဖေလိုလူမျိုး ဖြစ်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော် အဓိကသရုပ်ဆောင်တွေအဖြစ် B1A4 အဖွဲ့ဝင်ဟောင်း Cha Sun-Woo နဲ့ Lovelyz အဖွဲ့ဝင်ဟောင်း Yoo Ji-Ae တို့က ပါဝင်ထားကြတာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action Quality…. 1080p | 720p | 480p File size… 1GB | 520MB | 131MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Horror
0 2023
Windmill
Coming Soon
6.1

ဒီရုပ်ရှင် ရဲ့ ပုံစံ ကတော့ ဖြစ်ရပ်မှန် လူသတ်မှု တစ်ခုကို အခြေခံ ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ ရုံတင်ပြသဖို့ ရုပ်ရှင်ရုံ တစ်ခုကိုရောက်ရှိလာပါတယ် ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာမို့ အလွန်နာမည်ကြီးနေပါတယ် ခိုးကူးတွေကလဲ ဖလင်အခန်း က ဝန်ထမ်းဖြစ်တဲ့ ရှန်း ကို ပိုက်ဆံပေး ခိုင်းစေပါတယ် ရှန်း ဟာ မကြာသေးခင်ကမှ လောင်းကစား များ ဆေးသုံးမှု များနဲ့ အကြွေးတင်နေသူ ဖြစ်တာကြောင့် ရုပ်ရှင်ကို ကင်မရာဖြင့် ညဘက် ခိုးရိုက်ထားဖို့ သဘောတူလိုက်ပါတော့တယ်… သို့ပေမယ့် တစ်ခြားဝန်ထမ်းတွေ မသိအောင် ဖလင်ခန်း ဝန်ထမ်း ရှန်း တစ်ယောက် ရုံထဲတွင် ရုပ်ရှင်ကားကို ခိုးရိုက်တဲ့အခါ မမျှော်မှန်းထားတဲ့ အဖြစ်အပျက်တွေ ထိတ်လန့်ချောက်ချားဖွယ်များ စတင်ကြုံတွေ့ရပါတယ် သူ့အတွက် ကံဆိုးမှုတွေကျရောက်တော့မယ်အချိန်ဆိုတာကို သူကိုယ်တိုင် မသိခဲ့သော အခါ…. (ဆက်လက်ကြည့်ရှုပါရန်) File size… 990 MB / 440 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.. Wut Mhone

Action • Crime • Thriller • Comedy • Adventure
6.1 2008
Coming Soon
Perfect Days
7.9

Perfect Days (2023) ~ IMDb – 7.9/10, RT – 93%, Meta – 73% ~ ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက “PERFECT DAYS” ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ နောက်တစ်ကားက Hirokazu Kore-eda ရဲ့ Monster ပေါ့။ Monster ကို အာရှရုပ်ရှင်ပရိသတ်တော်တော်များများကြည့်ပြီးကြသလို တော်တော်လည်းကြိုက်ကြတယ်။ Perfect Days ရဲ့ဇာတ်နဲ့ ပြသခြင်းဟာ အရမ်းရိုးရှင်းလွန်းတော့ Monster ကိုပဲ ဘာလို့ Entry မရွေးလိုက်လဲ ဝိုင်းပြောခဲ့ကြသေးတယ်။ Perfect Days ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် ဒီသံသယက ရှင်းသွားတယ်။ Perfect Days ဟာ ရိုးရှင်းလွန်းတာမှန်ပေမဲ့ တစ်ခါတ‌လေကျ ဒီလိုအပိုမပါဘဲ ရိုးရှင်းတာကို ရိုးရှင်းတဲ့အတိုင်းရိုက်ပြနိုင်တာကိုက ပိုအနုပညာမြောက်သလို သတ္တိပိုလိုတယ်လို့ မြင်တာပဲ။ ဒီလိုပြနိုင်လို့ပဲ ပါဖက်ဒေးဟာ ပါဖက်ဖြစ်တဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်ကြည့်ခဲ့သမျှထဲ ဂျပန်အနေနဲ့ရော အင်တာအနေနဲ့ရော အကြိုက်ဆုံးရုပ်ရှင်လို့ပြောရမယ်။ လက်ရှိမှာ အော်စကာ Shortlist ၁၅ကားထဲတော့ ဝင်ထားတယ်။ ကျန်တဲ့အပြိုင်ကားတွေကလည်း ကြမ်းသလို ဇာတ်တွေလည်း ဆန်းပြားကြတော့ ပါဖက်ဒေးဟာ ဆန်ခါတင်အနေနဲ့တောင် ဝင်ချင်မှတောင်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ရုပ်ရှင်တွေနဲ့ပတ်သက်လာရင် အတတ်ပညာကိုပါ ထည့်သွင်းစဉ်းစားမယ့် ဆုပေးပွဲတွေဟာ ဘယ်တုန်းကမှ လူ‌တွေရဲ့ ခံစားချက်တွေနဲ့ မညီဖူးဘူးကိုး။ ဒါပေမဲ့ ပါဖက်ဒေးက ခင်ဗျားကို ခင်ဗျားလိုချင်တဲ့ အရသာကိုတော့ ကျိန်းသေပေးနိုင်လိမ့်မယ်။ Perfect Days ရဲ့ အစက Win Wenders ကို တိုကျိုအိမ်သာပရောဂျက်ကို လေ့လာဖို့ဖိတ်ကြားလိုက်ရာက စတယ်။ တိုကျိုအိမ်သာပရောဂျက်က ကမ္ဘာတစ်ဝန်း Creator ၁၆ယောက်ကို ဖိတ်ခေါ်ပြီး တိုကျိုက နေရာ၁၇နေရာမှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သာတွေဆောက်ခဲ့တဲ့ ပရောဂျက်ပေါ့။ တကယ်လည်း အိမ်သာတွေက လန်းတယ်။ ဒီရုပ်ရှင်မှာ အဲဒီအိမ်သာတွေကို မြင်ရလိမ့်မယ်။ ပရိုဂျူဆာက စစချင်း Wenders အနေနဲ့ ရှော့ဖလင်လေးတွေလောက်ရိုက်လောက်မယ်ပဲထင်ခဲ့ပေမဲ့ Wenders က Feature Film အနေနဲ့ပဲ ပြောင်မြောက်စွာ အသက်သွင်းခဲ့တယ်။ ဇာတ်ကြောင်းကတော့ ဆိုခဲ့သလို ရိုးရိုးလေးပဲ။ အဲဒီတိုကျိုအိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ဟိယာရာမဆိုတဲ့ အိမ်သာသန့်ရှင်းရေးသမားတစ်ယောက်ရဲ့ နေ့တွေအကြောင်းပဲ။ မနက်ဆို ဟိယာရာမက သူနေတဲ့အဆောင်ခန်းလို အခန်းလေးကနေထတယ်။ မျက်နှာသစ် အအေးတစ်ဘူးသောက် သူ့ကားပေါ်တက် အိမ်သာသွားဆေးတယ်။ ဆေးပြီးရင် ရေချိုးခန်းသွားရေချိုး။ ညနေကျ သူစားနေကျ မြေအောက်ဘူတာက ဆိုင်လေးမှာသွားစား။ ညဘက်ဆို စာအုပ်တစ်အုပ်ဖတ် အိပ်ရာဝင်တယ်။ သူ့တစ်နေ့တာက ဒါတွေပဲဖြစ်နေတာ။ တချို့နေ့တွေကျရင်တော့ သူထိုင်နေကျ အသေးစားဘားလေးကိုသွားတာတို့၊ သူ့ဖလင်ကင်မရာလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသွားထုတ်တာတို့၊ စာအုပ်ဆိုင်သွားပြီး ဈေးပေါပေါစာအုပ်တွေကို ရွေးတာတို့ လုပ်တတ်တယ်။ ဒီလောက်ကိုမှ ကားရဲ့တစ်ဝက်လောက်ကိုက အိမ်သာဆေးရင်းပဲ အချိန်ကုန်သွားတယ်။ ဒါဆိုဘာလို့ကြည့်သင့်တာလဲလို့ မေးလာရင်တော့ သူ့ရှင်သန်မှုနဲ့ သူ့ရှင်သန်ပုံ သူ့ရှင်သန်နည်းကြောင့်ပဲ။ ပြောခဲ့တဲ့ဟာတွေက ဒီကားထဲက သူ့တစ်နေ့တာအရာတွေအကုန်ပဲ။ ဒါပေမဲ့ အဲဒီတစ်နေ့တာအရာတွေကို သူလုပ်တဲ့ပုံက အဓိပ္ပာယ်ရှိနေတယ်။ ရှင်သန်မှုရှိနေတယ်။ ကျေနပ်ခြင်းရှိနေတယ်။ သူအိမ်သာသွားဆေးတဲ့အချိန် အိမ်သာဝင်မယ့်သူတွေက တစ်ခါတစ်ခါ သူဆေးနေရင်းတန်းလန်ကြီး ဝင်ဝင်လာတတ်တယ်။ အဲဒီကျ သူက အပြင်ထွက်စောင့်ပေးရတယ်။ နေရာအနှံ့အပြားရှိနေတဲ့ အိမ်သာပေါင်းစုံကို လိုက်ပတ်ဆေးနေရတဲ့သူအတွက် ဒီလိုပြန်စောင့်နေရတာက တော်တော်တော့အချိန်ပုပ်လိမ့်မယ်။ ဒေါသထွက်ချင်စရာ စိတ်ရှုပ်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဟိယာရာမကတော့ အိမ်သာ အပြင်ထွက်လိုက်တဲ့အခါ လေယိမ်းတိုင်းလှနေတဲ့သစ်ပင်ကြီးကို၊ သစ်ပင်ရဲ့အရိပ်တွေ လူတွေရဲ့အရိပ်တွေ အိမ်သာနံရံပေါ်ထင်ပြီး ပန်းချီတစ်ချပ်လို လှပနေတာကို အရသာခံကြည့်ရင်း အမြဲဆိုသလို သူ့မျက်နှာမှာ ဒီမြင်ကွင်းကို သူမြင်လိုက်ရတဲ့အတွက် အားရကျေနပ်တဲ့အငွေ့အသက်တွေ… ဒီမြင်ကွင်းကို အရသာခံစားနေတဲ့အငွေ့အသက်တွေ ပေါ်နေတယ်။ ဒါတော့ ခိုဂျိရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ချီးကျူးရလိမ့်မယ်။ အိမ်သာဆေးတဖြတ်နားလို့ နေ့ခင်းမုန့်စားတဲ့အခါလည်း ပန်းခြံထဲမုန့်စားနေရင်း သူ့ကိုမိုးထားတဲ့ သစ်ပင်ကြီးရဲ့အကိုင်းအရွက်တွေကို အမြဲအရသာခံကြည့်တတ်သလို သူမျက်စိထဲ လှတဲ့မြင်ကွင်းတွေအားလုံးကို သူ့ရဲ့ ခေတ်တော်တော်ဟောင်းနေတဲ့ ဖလင်ကင်မရာတစ်လုံးနဲ့ရိုက်ထားတတ်တယ်။ သူအားတဲ့နေ့တွေဆို အဲဒီဖလင်တွေကို ဓာတ်ပုံသွားကူးပြီး ပုံတွေကို ဘူးတွေ ဘူးတွေနဲ့ထည့်ပြီး တစ်လကိုတစ်ဘူးနှုန်းနဲ့ဘူးပေါင်းများစွာ သူ့ဗီရိုထဲသိမ်းထားတတ်တယ်။ ကင်မရာအပါအဝင် သူ့မှာ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုမှမရှိဘူး။ အကုန်အန်နာလော့တွေချည်း။ သူအလုပ်သွားတိုင်း သူ့ကားအိုကြီးက ကက်ဆက်ထဲ တိတ်ခွေတွေထည့်ပြီး သီချင်းနားထောင်တတ်တယ်။ ညဘက်ဆိုစာအုပ်တွေဖတ်တယ်။ ဖုန်းတောင် ခလုတ်ဖုန်းပဲ။ ဒါလည်းသုံးလှတယ်မဟုတ်ဘူး။ သူ့အလုပ်ဖြစ်တဲ့ အိမ်သာဆေးတဲ့အလုပ်ကိုလည်း အရမ်းကြီးစေ့စပ်သေချာလွန်းလို့ ဘေးလူတွေကတောင် ပြောယူရတဲ့လူမျိုး။ ပြောရရင် သူက သူ့ဘဝမှာသူလုပ်နေသမျှအားလုံးကို အရသာခံပြီးလုပ်တယ်… အရသာလည်းခံတတ်တယ်။ ဆိုခဲ့သလို အိမ်သာနံရံမှာထင်နေတဲ့အရိပ်တွေကိုတောင် ပန်းချီတစ်ချပ်လိုအရသာခံတတ်တဲ့လူမျိုး။ လမ်းမှာတွေ့တဲ့ အပင်ပေါက်စလေးတွေကိုတောင် ကောက်သိမ်းလာပြီး အိမ်မှာပြန်စိုက်ပြီး လှပစေတဲ့လူမျိုး။ ဒီလိုဆိုလို့ သူ့မှာဝမ်းနည်းခြင်းတွေ မရှိဘူးလားဆိုတော့ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒီကားမှာ Wim Wenders အဖြူအမဲနဲ့ပြထားတဲ့အရာတွေရှိတယ်။ ဟိယာရာမရဲ့ အိပ်မက်လိုလို သူ့ညဘက်တွေရဲ့လွမ်းဆွေးခြင်း ဝမ်းနည်းခြင်းလိုလို သူ့ရဲ့တမ်းတခြင်းလို သူ့ရဲ့အတိတ်တွေလိုလို မရေရာတဲ့အရာတွေပေါ့။ ဒီအဖြူအမဲအခန်းတွေမှာ အပြက တော်တော်လေးလှသလို ဝမ်းနည်းစရာလွမ်းစရာလည်းကောင်းနေတယ်။ Wenders ဟာ ဟိယာရာမရဲ့ ညဘက်တွေကို အဲဒီလိုအရိပ်တွေနဲ့ပဲ ပုံဖော်ထားခဲ့တယ်။ ညခင်းတွေရဲ့ အထီးကျန်ခြင်းကို နားလည်တဲ့လူတွေအတွက်တော့ ဒီအခန်းတွေဟာ တော်တော်လှတဲ့ အခန်းတွေဖြစ်မှာဖြစ်သလို Wenders ရဲ့ပြသပုံကလည်း သူမတူအောင်ကောင်းတယ်လို့ ခံစားမိလိမ့်မယ်။ အခန်းတိုင်းရဲ့ စီနီမာတိုဂရပ်ဖီတွေလည်း လှလွန်းတယ်။ နောက် OST… Wenders အနေနဲ့ OST တွေကို သွင်းပုံက တော်တော်လေးမိုက်တယ်။ ဒီကားမှာ OST တွေကို နားထောင်ရတာက ဟိယာရာမနဲ့အတူတူပဲ နားထောင်ရမှာ။ နားထောင်ရမယ့်အချိန်ကလည်း များသောအားဖြင့်တော့ သူကားမောင်းတဲ့အချိန် ကားကက်ဆက်ထဲ တိတ်ခွေထည့်ပြီး ဖွင့်ထားတဲ့အချိန်တွေပဲ။ ဇာတ်ဝင်ခန်းတွေမှာ သီချင်းကိုလုံးဝမသုံးသွားဘူး။ တစ်ခါတော့သုံးသလိုလိုဖြစ်သွားပေမဲ့ အဲဒါကလည်း ရှေ့ကဖွင့်ထားတဲ့အချိန်နဲ့ တစ်ဆက်တည်းဖြစ်သွားတဲ့တစ်ခေါက်ပဲ။ ကျန်တာတွေကိုတော့ ဟိယာရာမနားထောင်တဲ့အချိန် သူနဲ့အတူတူ လိုက်နားထောင်ရမှာ။ သီချင်းတွေကတော့ ၁၉၆၀ – ၇၀က သီချင်းတွေချည်းပဲ။ အဓိကကတော့ ဒီကားရဲ့နာမည်တစ်ဖြစ်လဲ Lou Reed ရဲ့ “Perfect Day”ပေါ့။ နောက် Lou Reedရဲ့ “Pale Blue Eyes” တို့၊ Van Morrison ရဲ့ “Brown Eyed Girl”တို့၊ Nina Simone ရဲ့ “Feeling Good” တို့၊ Sachiko Kanenobu ရဲ့ “Aoi Sakana” တို့ပေါ့။ ဟိယာရာမရဲ့ တိတ်ခွေတွေကဖွင့်တဲ့သီချင်းတွေဆိုတော့ သူကြိုက်တဲ့ ၇၀ ၈၀က အင်္ဂလိပ်သီချင်းတွေများတယ်။ ဒီလိုခေတ်ဟောင်း အင်္ဂလိပ်သီချင်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ တော်တော်အရသာရှိတယ်။ Pale Blue Eyes ကတော့ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းပဲ။ ဟိယာရာမဟာ တော်တော်စကားနည်းတဲ့လူ။ ဒီကားရဲ့ပထမတစ်ခြမ်းကျော်ကျော်လောက်ကို သူတစ်လုံးမှ မပြောသွားဘူး။ သူများပြောလည်း သူခေါင်းညိတ်ခေါင်းခါလောက်နဲ့ပဲ တုံ့ပြန်တယ်။ ဒါပေမဲ့ ဒီလိုဆိုလို့ သူဟာအေးစက်တဲ့သူတော့မဟုတ်ဘူး။ သူရဲ့လူသားဆန်မှုကို ဒီကားရဲ့နေရာတော်တော်များများမှာ သိသိသာသာကြီးမဟုတ်ပေမဲ့ တော်တော်လေးပြသွားတယ်။ အထင်ရှားဆုံးကတော့ အိမ်သာထောင့်မှာ ဘယ်သူမှန်းမသိတဲ့လူနဲ့သူ့ရဲ့ အဝိုင်းနဲ့ကြက်ခြေခတ်ကစားပွဲပဲ။ အားလုံးသိတဲ့ကစားနည်းပါ။ ဇယားကွက်လို နေရာလွတ်ကိုးကွက်ရှိမယ်။ တစ်ဘက်က အဝိုင်းယူရင် တစ်ဘက်က ကြက်ခြေခတ်ယူရတယ်။ သုံးခုအရင်တန်းတဲ့လူကနိုင်မယ်။ အိမ်သာဆေးရင်း အဲဒီစာရွက်လေးကို အိမ်သာထောင့်မှာတွေ့တော့ သူက မလွှင့်ပစ်ဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးပေမဲ့ သူက တစ်ကွက်ထပ်ဖြည့်ပြီး အိမ်သာထောင့်မှာ ပြန်ညှပ်ထားလိုက်တယ်။ တစ်ဘက်လူက ဒီနေ့အိမ်သာတက်ရင်း တစ်ကွက်ဖြည့်ခဲ့၊ သူက နောက်နေ့အိမ်သာဆေးရင်း နောက်တစ်ကွက်ထပ်ဖြည့်။ အဲဒီလိုနဲ့ အနိုင်အရှုံးတော့မရှိပေမဲ့ အကွက်ပြည့်သွားတယ်။ အကွက်ပြည့်သွားတဲ့အချန် တစ်ဘက်လူက “Thank You” ဆိုတဲ့စာလေးရေးရင်းထားခဲ့တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးပါပဲ။ သိပ်လှတဲ့အဖြစ်အပျက်လေးဖြစ်သွားတယ်။ ဆိုခဲ့သလို ပထမတစ်ခြမ်းကျော်ကျော်အထိ စကားလုံးဝမပြောခဲ့တဲ့ ဟိယာရာမဟာ သူ့တူမလေး အိမ်က ထွက်ပြေးရင်း သူ့ဆီအလည်ရောက်လာမှပဲ စကားစပြောတယ်။ အဲဒီအချိန်မှာ သူ့အတိတ်ဘဝကို ဒဲ့ကြီးတော့ ပြောမပြပေမဲ့ ပါးပါးလေးလှစ်ပြသွားတယ်။ ဒါပေမဲ့ သူမပြောပြပေမဲ့ တော်တော်လည်းမြင်လိုက်ရသလိုပါပဲ။ Wenders ဟာ အိုဇုရုပ်ရှင်တွေကိုကြိုက်ဖူးတော့ အိုဇုဟန်နွယ်သွားတာလည်းဖြစ်နိုင်တယ်။ သူ့တူမလေးက သူ့ကို သူ့အမေက သူ့ကို သူ့ဦးလေးနဲ့သူ ကမ္ဘာမတူကြောင်းပြောတဲ့အကြောင်းပြောတော့ သူပြန်ပြောတာက “ဒီကမ္ဘာကြီးမှာ မတူညီတဲ့ကမ္ဘာတွေအများကြီးပဲ။ တချို့ကမ္ဘာတွေက ဆက်စပ်နေတယ် တချို့ကမ္ဘာတွေကတော့ မဆက်စပ်ဘူး”တဲ့။ သူ့အတိတ်က နုံချာတဲ့အတိတ်တော့မဟုတ်ခဲ့ဘူး။ ဘာလို့ ဒီလိုအလုပ်ရွေးလိုက်သလဲတော့မသိရပေမဲ့ သူ့ညီမက သူသိပ်ချစ်တဲ့တူမလေးကိုခေါ်ပြီး ထွက်သွားတဲ့အခါ ကျွန်တော်တို့မြင်ရမှာက မျက်ရည်တွေပဲ။ ဒီမျက်ရည်တွေက သူ့အတိတ်ပါပဲ။ နောက်တစ်နေ့ သူ့တူမလေးမပါတော့ပေမဲ့ မနက်ခင်းသူအိမ်သာသွားဆေး ညနေနိစ္စဓူဝလုပ်တဲ့ သူ့တစ်နေ့တာကို ဆက်ဖြတ်သန်းရတာပဲ။ အရင်လို အရသာအပြည့်နဲ့ပဲ။ Wim Wenders ရဲ့ “PERFECT DAYS” ဟာ ဟိယာရာမလို့ခေါ်တဲ့ အိမ်သာသန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ ကမ္ဘာအကြောင်းပဲ။ နောက် သူနဲ့ဆက်စပ်နေတဲ့ တခြားကမ္ဘာတွေအကြောင်း။ မဆက်စပ်တော့တဲ့ ကမ္ဘာဟောင်းတွေအကြောင်း။ ညညဆို မြင်နေရတတ်တဲ့ မဆက်စပ်တော့တဲ့ ကမ္ဘာတွေရဲ့အရိပ်တွေအကြောင်းပေါ့။ ကမ္ဘာထဲက ဆက်စပ်နေတဲ့ကမ္ဘာတွေ။ ကမ္ဘာထဲက မအပ်ဆက်တော့တဲ့ ကမ္ဘာတွေ။ ကမ္ဘာဟာ လည်နေမြဲပဲ။ ကမ္ဘာဟောင်းရဲ့ အရိပ်တွေ ထင်နေဆဲပဲ။ အရိပ်တွေနဲ့ပဲ ကျွန်တော်တို့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အပ်ဆက်နေတဲ့ကမ္ဘာတွေ မအပ်ဆက်တော့တဲ့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အရိပ်တွေလည်းရှိမယ်။ ရေခဲမြစ်တွေလည်းရှိမယ်။ တံခါးကိုဖွင့်ကြည့်တတ်ရင် နွေဦးတွေကိုလည်း မြင်မယ်။ ရေခဲမြစ်တွေလည်း အရည်ပျော်ဦးမယ်။ အရိပ်တွေနဲ့ အလှတရားတွေနဲ့ လည်နေတဲ့နေ့ရက်တွေ။ နွေဦးပေါက်နေ့ရက်တွေ။ မပြည့်စုံတဲ့ကမ္ဘာကြီးထဲ မပြည့်စုံခြင်းတွေနဲ့ ပြည့်စုံနေခဲ့တဲ့နေ့ရက်တွေ… ရှင်သန်နေတဲ့နေ့ရက်တွေ… နေ့ရက်တွေ… နေ့ရက်တွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 2023
Perfect Days
Last Holiday
6.6

Last Holiday (2006) ================ IMDb Rating – 6.6/10 The Secret Life of Bees, Girls’ Trip, Hustle စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက် ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင် ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင် ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ် လို့ ပြောလို့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Miss Georgia Berd – နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြော ရရင်‌တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်း ဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့် သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့ အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ” ဟိုင်း စားပြီးပြီလား ” အပြင် အဆင့်မတက်ရဲတဲ့လူပေါ့။ အလုပ်ကြိုးစားသလောက် အသိအမှတ်အပြု မခံရပေမယ့် သူလည်း သူ့အိပ်မက်နဲ့သူ ရှိခဲ့ရှာပါတယ်။ ဒီလိုနဲ့ ရှားပါးဦးနှောက်အကြိတ်ရောဂါရှိ‌နေကြောင်း ဆေးစစ်အဖြေထွက် လာတဲ့ တစ်နေ့မှာတော့ မကောင်းတဲ့ကံကို ရှိသမျှအသပြာအကုန်ကျဲပြီး ချေချမယ်ဆိုပြီး သူခင်းလိုက်တဲ့ မထူးဇာတ်လေးက အဆန်းသားပါ။ တစ် သက်လုံးရှာထားတဲ့ စုငွေတွေနဲ့ အမွေဆိုင်ပိုက်ဆံတွေပါ အပုံလိုက်ထုတ်ပြီး ပြင်သစ်မှာ အကင်အစစ်တွေ သွားစားဖို့လုပ်တာပါပဲ။ ရှက်တတ် ကြောက် တတ်တဲ့ Georgia ကနေ တွေ့တာအကုန်ဆွဲတဲ့ မဒမ် Georgia ဖြစ်သွားတော့ လူကုံထံဟိုတယ်ကသူတွေကြားထဲမှာပါ ဆယ်လီဖြစ်ပြီး သေခါနီးမှ စန်းထ နေပါတော့တယ်။ သူ့ဘဝသူ ပျော်ပျော်နေဖို့လာတဲ့သူကို အထက်က အာဏာရ ပုဂ္ဂိုလ်လို့ ကြိတ်‌ရှိန်ပြီး အိုးမလုံအုံပွင့်နေကြတဲ့ လုပ်ငန်းရှင်တစ်သိုက်နဲ့ ပေါင်း မိသွားတဲ့အခါမှာ …. မထင်ထားတဲ့ ကံကောင်းခြင်းတစ်ခုက …. ဒီဇာတ်လမ်းလေးက ‌ရောဂါသည်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို ကုန်ဆုံး ပုံဆိုပေမယ့် ဝမ်းနည်းပျင်းရိ စိတ်ဓာတ်ကျစရာမဟုတ်ဘဲ အပျော်ခရီးထွက်နေ ရသလို ရယ်စရာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလို့ရမယ့် ဇာတ်လမ်း မျိုးလေးမို့ အမူအရာတွေ ချဲ့ကားသရုပ်ဆောင်ထားတာမျိုးမရှိတဲ့ ဟာသဇာတ် ကား Fan လေးတွေ အကြိုက်တွေ့စေမယ့် Movie တစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(2 GB) / (805 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Hnin Wut Yi Encoder……….SWM

6.6 2006
Last Holiday
Pegasus 2
7.3

Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင် ထားပေးပြီးပြီပဲဖြစ်ပါတယ် ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာ ယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။ အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာ ကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့် သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမား ကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေး လိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းက တပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးက ဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့် ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

7.3 2024
Pegasus 2
Mystic Singer
7

Sinden Gaib 2024 ကပ်ပါလာသူတစ်ဦး Imdb 7.5 အင်ဒိုကားတွေကြောက်ဖို့ကောင်းပြီဆို တော်ရုံကားက လိုက်မမီကြဘူးဆိုတာ ဒီကားကြည့်ရင်းသိနိုင်ပါတယ် ဒီကားကဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့ အပြင်မှာတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့အသိက ပိုပြီးတော့ ချောက်‌ချားစေမှာပါ အာယူတို့အဖွဲ့က သဘာဝလွန်တွေကို လိုက်လံရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့သားတွေပါ ဒီတစ်ခါသူတို့ရိုက်ကူးတဲ့နေရာက ဝါတူကန်ဒန်ဆိုတဲ့ကျွန်းလေးပေါ့ အဲဒီမှာအဖွဲ့သားထဲကတစ်ယောက်က ပစ္စည်းတစ်ခုကိုယူလိုက်မိတယ် ယူပြီးပြီးချင်းပဲ ဇာတ်ဆောင်ဖြစ်တဲ့အာယူက ဂျာဗန်သီချင်းနဲ့ အကကိုစကပါတော့တယ် ဒီဇာတ်လမ်းရဲ့အဓိက ဆွဲဆောင်သူက ဒီအကပါပဲ ကျောချမ်းစရာကောင်းလောက်အောင် လက်တစ်ဆစ်ချိုးအကတွေ ကွေးကောက်နေအောင်ကတဲ့ ကြက်သီးထစရာကကွက်တွေက ကြည့်ရှုသူတွေကိုပါ အသည်းယားလာစေမှာပါ ဒီလိုရုတ်တရက် မျက်ဖြူကြီးလန်ပြီး ထကတော့ အပူးခံရပြီဆိုတာအဖွဲ့သားတွေက သိကြပါတယ် ရိုက်ကူးရေးကိုရပ် အိမ်ကိုချက်ချင်းပြန်လာကြပြီး အာယူသတိပြန်ရလာတော့ ကိုယ့်မွေးရပ်မြေကိုပြန်လာကြတာပေါ့ ဒါပေမဲ့မပြီးဆုံးခဲ့တာကတော့ ကပ်ပါလာသူတစ်ယောက်ပါ အာယူ့အိမ်ထဲမှာ အရိပ်အယောင်တွေတွေ့ပေမဲ့ တကယ်လက်တွေ့ကြုံလာတဲ့နေ့က ကျောင်းစည်းဝေးပွဲတစ်ခုမှာပေါ့ ဒီကြောက်စရာအကကိုထကရင်း အစုလိုက်အပြုံလိုက်သရဲပူးကပ်ခံရပြီး အုတ်အော်သောင်းတင်းတွေဖြစ်လာချိန်မှာတော့ ။။ သူတို့ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုထိတ်လန့်စရာတွေက ရှေ့ဆက်သူတို့ကိုစောင့်မျှော်နေမယ်ဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် )

7 2024
Mystic Singer
Elves in Changjiang River
6.1

ဒီတစ်ခါ Channel Myanmarက တင်ဆက်ပေးလိုက်တာက Elves in ChangJiang Riverဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားက အရင်ခေတ်အခါတုန်းက ‌တရုတ်ကားFans‌တွေကြိုက်ခဲ့ရတဲ့ Legend of Madame White Snakeဆိုတဲ့ဇာတ်ကားလေးနဲ့ခပ်ဆင်ဆင်ပါပဲ ဇာတ်ကားလေးရဲ့ အစမှာ စွေယွမ် မင်းသားလေးက လှေစီးရင်း ကုန်းထန်းမြို့ကိုသွားနေတဲ့ခရီးတစ်ဝက်မှာ ‌မြစ်ထဲပြုတ်ကျခဲ့ပါတယ် အဲ့ချိန်မှာ မင်းသမီးဖြစ်တဲ့ ငါးမိစ္ဆာလေး ‌ ကျန်းရှောင်ယွီက မင်းသား‌ကိုကယ်တင်ခဲ့ပါတယ် ဒီဇာတ်ကားမှာတော့ မင်းသမီးက မကောင်းဆိုးဝါးမိစ္ဆာဖြစ်ပြီး ရိုင်းစိုင်းယုတ်မာတဲ့ရာဇဝတ်သားတွေရဲ့ နှလုံးနဲ့ ဦးနှောက်ကိုစားသုံးပါတယ် အစပိုင်းမှာ ဟော့ပေါ့စားမလိုနဲ့ ယောကျာ်းတွေကိုဆွဲဆောင်ပြီး လှည့်ဖြားကာ သတ်စားနေကြဖြစ်တဲ့ ရှောင်ယွီက စွေယွမ်ကို မသတ်နိုင်ခဲ့ပဲ လွှတ်ပေးခဲ့ပါတယ် ထိုအချိန်မှာပဲ မြင်မြင်ချင်းချစ်မိတယ်ဆိုသလို သူတို့ ၂ယောက်လည်း မသိစိတ်ထဲကချစ်မိကာ လူနဲ့ မိစ္ဆာဆိုသလိုခက်ခဲကြမ်းတမ်းတဲ့ အချစ်ပုံပြင်လေးကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် Happy endingဖြစ်မလား Sad endingဖြစ်မလားဆိုတာကိုတော့ နောက်‌ဆုံးထိကြည့်ရှူပြီးစောင့်ကြည့်လိုက်ရအောင်

Drama
6.1 2022
Elves in Changjiang River
Ko Village West
5.5

တရုတ်နိုင်ငံတော်လှန်ရေးခေတ်မှာမြေရှင်သူဌေးတွေက ရွာသူရွာသားတွေကို ဖိနှိပ်ခေါင်းပုံဖြတ်နေပြီးတော့ ကူမင်တန်အာဏာရှင်တွေနဲ့ပူးပေါင်းပြီး လက်ဝါးကြီးအုပ်ထားကြတယ်။ ကူမင်တန်အာဏာရှင်ကိုတော်လှန်ဖို့ အောက်ခြေလူတန်းစားတွေကို ကွန်မြူနစ်တွေကဦးဆောင်ပြီးလှုံ့ဆော်ပေးခဲ့ကြတယ်။ ပြည်သူတွေကိုဖိနှိပ်မှုတွေအောက်ကလွတ်မြောက်အောင် ရပိုင်ခွင့်ပြည်သူ့အခွင့်အရေးတွေကို ပြန်ရအောင် တော်လှန်ရေးစိတ်ဓာတ်ကိုနှိုးဆော်ပေးပြီး တော်လှန်ရေးမီးပွှားလေးတွေတောက်လောင်လာအောင် တိုင်းပြည်အတွက်အသက်စွန့်ပြီးတော့ ကြိုးစားသွားတဲ့ရဲဘော်တွေရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Drama • Crime
5.5 2025
Ko Village West
Stone Cold
6.1

၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ ပရိသတ်တွေ ရင်းနှီးတဲ့သူတော့မဟုတ်ပါဘူး။ တစ်ချိန်က အမေရိကန်ဖွတ်ဘော ကစားခဲ့တဲ့ကစားသမားဟောင်းဖြစ်ပြီး ဒီကားက သူရဲ့ရုပ်ရှင်သရုပ်ဆောင်ဘဝအစရဲ့ ပထမဆုံးကားဖြစ်ပါတယ်။ IMDb rating 6.1/10 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မစ္စစ္စပီပြည်နယ်တစ်ဝိုက်မှာ ညီအကိုများလို့ နာမည်ကြီးတဲ့ဆိုင်ကယ်စီးတဲ့ ဂိုဏ်းတစ်ခုက မကောင်းတဲ့အလုပ်တွေ အကုန်လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေပါတယ်။ ဒါကို FBI က ဖြိုခွဲချင်တဲ့အတွက် ခပ်ကြမ်းကြမ်းနေတတ်တဲ့ရဲသား ဂျိုးဟဖ်(မင်းသား)ကို အဲဒီဂိုဏ်းထဲဝင်ခိုင်းပြီး ဂိုဏ်းကို ဖမ်းဖို့ အကွက်ဆင်တာ ဖြစ်ပါတယ်။ မင်းသားအနေနဲ့ ညီအကိုတွေရဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်အပြီး တစ်ဂိုဏ်းလုံးကို ဖမ်းကာနီးမှာပဲ ဒုစရိုက်မှုပပျောက်အောင်လုပ်နေတဲ့ ခရိုင်ရှေ့နေ ဝှစ်ပါတန်ကိုပါ ညီအကိုတွေက လုပ်ကြံကြတော့မှာ ဖြစ်သလို သူ့ကိုလည်း သူလျှိုမှန်းသိသွားကြတဲ့အတွက် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ အက်ရှင်တွေက ဒီဘက်ခေတ်လောက် သိပ်မကောင်းပေမယ့် အဲဒီခေတ်က အရမ်းပေါက်ခဲ့တဲ့ကားလေးပါ။ ခံစားကြည့်ကြပါ။ (ငယ်ငယ်က ဒီကားကို သမ္မတရုံမှာ ကြည့်ပြီး ဆိုင်ကယ်သမားဖြစ်ချင်ခဲ့တယ်။ မှတ်မှတ်ရရ ရုပ်ရှင်ရုံမှာ ချိတ်ထားတဲ့ပိုစတာကြီးက စိတ်ဝင်စားစရာ တစ်ကွက်မှမရှိတဲ့ မင်းသားကဖွတ်ကြီးကို ဖက်ထားတဲ့ပုံကြီးဗျ :D) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ Ko Nyi Nyi Kyaw Myint ပဲဖြစ်ပါတယ်။) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:32:00 Genre… Action, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nyi Nyi Kyaw Myint

6.1 1991 92 mins
Stone Cold
Jim’s Story
6.8

ဒီဇာတ်လမ်းလေးက “ဂျင်မ်ရဲ့ပုံပြင်”လိုအမည်ရတဲ့ ပြင်သစ်ဒရမ်မာကားလေးပါ….။ ဇာတ်လမ်းအကျဥ်းလေးကတော့….. အမ်မရစ်ဟာ ဘဝမှာ သူတစ်ပါးအတွက်သာ ဖြစ်တည် ခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီး သူအိမ်ထောင်ကျတော့လည်း ဇနီးဖြစ်သူဘက်မှာ ဂျင်မ်ဆိုတဲ့သားလေးတစ်ယောက် ပါလာတယ်….။ ဒီသားလေးအတွက်သူ့မှာ ဝမ်းနဲ့မလွယ်ရုံတမယ် ဖခင်ရင်းထက်မလျော့တဲ့အချစ်တွေနဲ့အချစ်ပိုခဲ့ရပါတယ်…။ သိုပေမဲ့ တစ်နေ့မှာတော့ ဂျင်မ်လေးရဲ့ ဖခင်ရင်းဖြစ်သူ ပေါ်လာတဲ့အခါမှာတော့…. အမ်မရစ်တစ်ယောက် သားဖြစ်သူဂျင်မ်လေးဘဝ အဆင်ပြေစေဖို ဘယ်လိုတွေအနစ်နာခံချစ်ပြသွားမလဲ….. သွေးသားရင်း မဟုတ်‌သော်ညားလည်း သားတစ်ယောက်နဲ့ ဖခင်ကြားကချစ်မေတ္တာကို နက်နက်ရှိင်းရှိင်းဖော်ပြထားတဲ့ ကားလေးပါပဲ။ File size… (1.45 GB) / (760 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Mystery • Thriller
6.8 2024 101 mins
Jim’s Story