YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Serendipitys Embrace 2024 - Episode 07 - 1080p [RMC].mp4

916.71 MB 1080p video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kung Fu Hustle
7.4

2004 ခုနှစ်ကထွက်ရှိခဲ့တဲ့ စတီဖင်ချောင်ပါဝင်တဲ့ Kung Fu Hustle ဆိုတဲ့ ဇာတ်ကားလေးကို အသစ်တစ်ဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဂိုဏ်းစတားတွေ နာမည်ကြီးတဲ့ခေတ်တစ်ခုမှာ လူမိုက်ဂိုဏ်းတွေထဲက ပုဆိန်ဂိုဏ်းသားတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်လေးတစ်ယောက်ဟာ တကယ့်သိုင်းဆရာကြီးတွေ ဇာတ်မြှုပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ ပြဿနာသွားရှာမိရာကနေ ဇာတ်လမ်းစတော့တာပါပဲ စတီဖင်ချောင်ရဲ့ ထုံးစံအတိုင်း ဟာသတွေနှောရင်း အပီအပြင်ဆော်ကြနှက်ကြတဲ့ သိုင်းကားတွေကို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ ပြန်ကြည့်တိုင်း မရိုးနိုင်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ ဒီဇာတ်ကားကို စတီဖင်ချောင်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားခဲ့ပြီးတော့ ဒီကားနဲ့ပတ်သက်လို့ သိပြီးသားတွေထဲက လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တချို့ကိုတင်ပြရရင် ၁ - ဇာတ်ကားထဲက ဝက်ယာတောလို့ခေါ်တဲ့ ရပ်ကွက်ဟာ စတီဖင်ချောင် ကြီးပြင်းခဲ့တဲ့ ဟောင်ကောင်က တိုက်ခန်းအိမ်ယာတစ်ခုကို ပုံစံယူတည်ဆောက်ထားတာပါ ၂- ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို တခြားလူမိုက်တွေနဲ့ မတူအောင်လုပ်ဖို့ စတီဖင်ချောင် စဉ်းစားခဲ့တဲ့နေရာမှာ သရုပ်ဆောင်သူဟာ အကသမားဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာ ဂိုဏ်းသားတွေ ကတဲ့အခန်းတွေပါလာတာဖြစ်ပါတယ် ၃- လူသတ်သမားနှစ်ယောက်ကို ငှားတဲ့အခန်းမှာ မူလဇာတ်လမ်းအရ ရေအောက်ငမန်းသိုင်းကွက်တွေ လုပ်ဖို့ ရှိခဲ့ပေမယ့် CGI သမားတွေ မတတ်နိုင်တာကြောင့် စောင်းနဲ့ပဲ တိုက်ခိုက်တာကို ပြောင်းလဲခဲ့တာပါ ၄- သားရဲကြီးနေရာမှာ သရုပ်ဆောင်တဲ့ Bruce Leung ဟာ စတီဖင်ချောင်ရဲ့ ငယ်ဘဝ သိုင်းဟီးရိုးတစ်ယောက်ပါ ၅- မင်းသမီးနေရာ သရုပ်ဆောင်ဖို့ အပြစ်ကင်းတဲ့မျက်နှာရှိတဲ့ Eva Huang ကို မိန်းကလေး ၈၀၀၀ ထဲကနေ ရွေးချယ်ခဲ့တာပါ ၆ - ဇာတ်လမ်းထဲက ဗုဒ္ဓလက်ဝါးသိုင်းဆိုတာ တောင်ပိုင်းရှောင်လင်သိုင်းမှာ တကယ်ရှိတဲ့ သိုင်းကွက်ပါ ပြန်လည်ခံစားကြည့်ရှုကြရအောင်လား IMDb - 7.7/10 Rottentomatoes - 90%ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့ တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။ တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။ စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ… ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်… စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော သာမန်ဟာသကားတွေထက် တစ်ဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။ စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ… စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး… ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား… ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။ File size…(1.9 GB) and (999 MB) Quality….Blu-ray Rip 1080p 5.1CH and 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin

Action & Adventure • Crime • Drama
7.4 2004 99 mins
Kung Fu Hustle
Happy Phirr Bhag Jayegi
6.9

ဒီကားက ၂၀၁၆ တုန်းကထွက်ထားတာ Happy Bhag Jayegi ရဲ့နောက်ဆက်တွဲကားပါ။ ပထမကားတုန်းက ပါကစ္စတန်မှာလွဲကြပြီးတော့ ဒီကားမှာတော့ တရုတ်ပြည်မှာ သွားလွဲကြမှာပါ။ အခုလို စိတ်ညစ်စရာကောင်းတဲ့အချိန်မှာ ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းမဲ့ ဟာသကားလေးတစ်ကားဆိုလည်း မှားမယ်မထင်ဘူး။ ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေး နည်းနည်းပြောပြမယ်။ ဇာတ်ကားထဲမှာ ဟတ်ပီးဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်ဗျာ။ လူဆိုးဂိုဏ်းက အလိုရှိနေတဲ့ ဟတ်ပီးနဲ့ ရုက္ခဗေဒပညာရှင်ပရော်ဖက်ဆာ ဟတ်ပီးတို့ပေါ့။ အဲ့ဒီမှာ တရုတ်လူဆိုးဂိုဏ်းက လေဆိပ်မှာ ပရော်ဖက်ဆာဟတ်ပီးကို မှားပြီးဖမ်းသွားမိရာကနေဇာတ်လမ်းကစတယ်။ ပရော်ဖက်ဆာဟတ်ပီးက သူ့ကိုလိုက်ဖမ်းတဲ့လူတွေလက်ထဲက အသက်လုပြီးပြေးနေရတဲ့အချိန်မှာ တဖက်မှာလည်း ဟိုဟတ်ပီးက ဘုမသိဘမသိနဲ့ မိန့်ခွန်းတွေပြောလို့ပြောပေါ့။ ဒီဟတ်ပီးနှစ်ယောက်လွဲသွားတဲ့အမှားနဲ့မပြီးသေးဘူး။ သူတို့ကနေ ဆက်မှားလိုက်တဲ့ မီးခိုးကြွက်လျှောက်အမှားတွေက ဇာတ်လမ်းရဲ့ရယ်ရတဲ့အသက်ပဲ။ ဒီတော့ ဘယ်လိုအလွဲတွေလွဲပြီး အူတယားယားနဲ့ ရယ်ရမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ပြီးရှုစားကြပါဦးဗျာ။ ပထမဇာတ်ကားကိုမကြည့်ရသေးရင် ဒီမှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။ အညွှန်းနဲ့ ဘာသာပြန် ကတော့ Johnနဲ့ Intelligenceဖြစ်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:14:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by John & Intelligence

Drama
6.9 2018 136 mins
Happy Phirr Bhag Jayegi
Josh
5.9

အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။ လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ သူတစ်ယောက်တည်း ဘယ်လိုရှေ့ဆက်ကြိုးစားမလဲဆိုတာကိုလည်း ခေတ်သစ်ရိုမီရို-ဂျူးလိယက်ပြဇာတ်သဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ ချမယ်နှက်မယ်ဆိုတဲ့ ဂိုဏ်းနှစ်ဂိုဏ်းရော ဘယ်လိုတွေဆက်ဖြစ်မလဲ ... ကျွန်တော်တို့ငယ်စဉ်အခါက ကြည့်ခဲ့ဖူးတဲ့ မင်းသားကြီးရှရွတ်ခန်းကို သီချင်းကောင်း ကကွက်ဆန်းတွေနဲ့အတူ ပြန်လည်လွမ်းဆွတ်ရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်ဝန်းပြာတွေနဲ့ တစ်ကမ္ဘာလုံးကို သိမ်းကြုံးဆွဲဆောင်ခဲ့တဲ့ မယ်ကမ္ဘာ Aishwarya Rai ကိုပါ ငယ်နုစွာ ရှုစားရမှာပါ။ (ဘာသာပြန်သူတွေကတော့ Htoo Aung, John, Intelligence နဲ့ Thaik Sanတို့ဖြစ်ပါတယ်။) File size…(3.7 GB) and (1.8 GB) Quality….WEB-DL 1080p & 720p Format…mp4 Duration….02:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung, John, Intelligence,Thaik San

Action • Crime • Drama
5.9 2000 157 mins
Josh
Jack Reacher 2: Never Go Back
6.3

Jack Reacher 2: Never Go Back (2016) IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ…..။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။

Horror • Mystery • Adventure • Fantasy
6.3 2016
Jack Reacher 2: Never Go Back
Elf Me
5.2

Elf Me (2023) မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးကြည့်လို့ရမယ့် အီတလီ ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ Adventure, Family အမျိုးအစားဖြစ်ပြီး ကလေးတွေအချစ်တော် ဆန်တာကလော့စ်တို့ နတ်သူငယ်တို့ပါ၀င်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ။ ဆန်နီကိုလာအာလ်မွန်တီမြို့လေးမှာ ခေတ်ဟောင်းအရုပ်ဆိုင်လေးဖွင့်ထားတဲ့ အီလီရာနဲ့ မိခင်ဖြစ်သူ အီဗာနာ… သူတို့အရုပ်တွေက ဒိတ်အောက်နေပြီမို့လို့ ကလေးတွေက မ၀ယ်ကြဘဲ ခေတ်မီဆန်းသစ်တဲ့အရုပ်တွေပဲ လိုချင်ကြလို့ သူတို့သားအမိဆိုင်လေးက မရောင်းရပါဘူး။ တစ်ဖက်မှာလည်း မြောက်၀င်ရိုးစွန်းက ဆန်တာရဲ့ အလုပ်ရုံမှာ လုပ်တဲ့ အလှဆင် နတ်သူငယ် ထရစ်ပ်… နှစ်စဉ် သူထွင်ထားတဲ့ အရုပ်သစ်ကို ခွင့်ပြုချက်ရဖို့ ကြိုးစားပေမဲ့ သူ့အရုပ်တွေက အန္တရာယ်များတဲ့အတွက် ပယ်ချတာပဲခံရပါတယ်။ ဒီနှစ်မှာတော့ ထရစ်ပ်က သူ့အရုပ်ကို ခိုးပို့ဖို့ ကြိုးစားတာကို မထင်မှတ်ဘဲ အရုပ်အစား သူက အီလီရာတို့အိမ်ရောက်လာပါတယ်။ ၀င်ရိုးစွန်းကို ပြန်ချင်တဲ့ထရစ်ပ်နဲ့ မိဘတွေ ကွာရှင်းတာကိုမသိဘဲ ဖခင်ကိုပြန်ခေါ်ချင်တဲ့ အီလီရာတို့ဆုံပြီး ဘယ်လို အပေးအယူလုပ်ကြမလဲ… နောက်ထပ် ဘာစွန့်စားခန်းတွေ ကြုံရမလဲဆိုတာ… ကြည့်ရှူအားပေးနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 835MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 39Min Genre – Adventure, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.2 2023 99 mins
Elf Me
The River
6.3

The River (1984) ဒီကားလေးကတော့ ၁၉၈၄ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Old but Gold စာရင်း၀င်ကားလေးပါပဲ။ မင်းသားကြီး Mel Gibson ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး Oscar ဆုလေးဆုအတွက် ဆန်ခါတင်၀င်ခဲ့ရုံတင်မက Golden Globes နှစ်‌ဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တန်နက်ဆီမြို့က ချိုင့်ဝှမ်းလေးမှာ ရုန်းကန်ရတဲ့လယ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။ မြစ်ရေ၀င်လို့ လယ်မြေတွေပျက်စီးရတဲ့အပြင် ဘဏ်အကြွေးတွေရဲ့ဖိအား မြစ်ရေကိုအပိုင်စီးဖို့ ဆည်ဆောက်ချင်တဲ့လောဘသားအရင်းရှင်နဲ့ ဒုက္ခပေါင်းများစွာကြားမှာ ဗျာများရအောင် လှုပ်ရှားရုန်းကန်နေရတဲ့လယ်သမားမိသားစုအကြောင်းလေးပဲဖြစ်ပါတယ်။ မိသားစုပိုင်လယ်ကွက်လေးကို ဘဏ်အကြွေးကြောင့် ဆုံးရှုံးမသွားအောင် ရုန်းနေရတဲ့လယ်သမားတစ်ဦးရဲ့ဘ၀ သူ့ကိုထောက်ပံ့ပေးနေတဲ့သစ္စာရှိတဲ့ ဇနီးသည်နဲ့ ဒုက္ခတွေကြားထဲက ချစ်စရာချစ်ခြင်းမေတ္တာအကြောင်းတွေကိုလည်း ခံစားနိုင်မှာပါ။ အားလုံးပဲကြည့်ရှူခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 4Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.3 1984 122 mins
The River
Lifeforce
6.1

Lifeforce (1985) Genre – Action, Horror, Mystery IMDB – 6.1/10 ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့ လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာ ရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့ Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့် ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာ အမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိ ကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီး သွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိ တခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံ ခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီး ထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။ ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါ တခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ် ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ ဒီလိုနဲ့ လန်ဒန်ကို ပြန်ခေါ်ဆောင်လာချိန် ရုပ်အလောင်း ၃ ခုထဲမှာ အမျိုးသမီးခန္ဓာကိုယ် ပျောက်ဆုံးသွားပြီး လူတွေလည်း ထူးဆန်းစွာ သေဆုံးကြတော့ SAS မှ ကာနယ်ကိန်းတစ်ယောက် စုံစမ်းဖို့ ဖြစ်လာပြီး အသက်ရှင်ကျန်ရစ်သူ ကာနယ်ကာဆန်နဲ့ ထောက်လှမ်းရာမှ သာမန်လူသတ်မှုတွေမဟုတ်ပဲ ထူးဆန်းတာတွေ ပါဝင်လာပြီး ကြီးကျယ်နေတာကို သိလိုက်ရသောအခါ….။ အမျိုးသမီး အပေါ်ပိုင်းနှင့် မိတ်ဖက်ခြင်းကို ဇာတ်လမ်းလိုအပ်ချက်အရ မိမွေးတိုင်း ဖမွေးတိုင်း ပါဝင်နေခြင်းကြောင့် မကြည့်ရှုခင် သတိချပ်စေလိုပါတယ်ဗျ။ File size… 2.4 GB / 1 GB Quality… BluRay (Remastered) 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Action , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy
6.1 1985 102 mins
Lifeforce
Flypaper
6.4

လူတစ်ယောက် အကြွေလိုချင်လို့ ဘဏ်ထဲဝင်လဲတယ် ဘဏ်စာရေးမလေး က မင်္ဂလာဆောင်ပြီးကာစ အဲ့အချိန်မှာ ဘဏ်ကဓါးပြအတိုက်ခံရတယ် ထူးဆန်းတာက တိုက်တာက အဖွဲ့၂ ဖွဲ့ FBI ကနေ ဓါးပြတွေကို အဆင့်တွေခွဲထားတဲ့ခေတ် လာတိုက်တဲ့ ၂ဖွဲ့မှာ သုံးကောင်အဖွဲ့က ဆရာတွေ rank အမြင့် ၂ကောင်အဖွဲ့က ငစနူ အောက်တန်းစားဓါးပြတွေ အကြွေလာလဲတဲ့ သူက OCD ဝေဒနာသည် အတွေးအခေါ်က ရှယ်ဂျွတ် ဂဏန်းသချာၤ က အသေတော် ဘဏ်စာရေးမလေးကို ကာကွယ်ပေးချင်တဲ့သူ ဖြစ်ချင်တော့ ဓါးပြ ၂ ဖွဲ့အချင်းများနေတုန်း ဘေးကရပ်ကြည့်နေတဲ့ တယောက်ကို ကျည်ဆန်ထွက်ပြီး မှန်ပြီးသေ သေသွားတာက အရပ်ဝတ်နဲ့ရဲဖြစ်နေတယ် ဘယ်သူပစ်လိုက်မှန်းလဲ မသိ ဉာဏ်ပြေးတဲ့ မင်းသားအပါအဝင် ဓါးစာခံ ရှစ်ယောက်ရယ် smart ဖြစ်တဲ့ ဓါးပြအဖွဲ့ရယ် ငပေါ ဓါးပြ ၂ကောင်ရယ် plot မိုက်မိုက်လေးနဲ့ twist လန်းလန်းလေးနဲ့ ဘဏ်ဓါးပြကားမျိုး ကြည့်ချင်သူများ အကြိုက်တွေ့မှာပါ အစက ဘာသာပြန်ရေးမလို့စဉ်းစားထားပေမဲ့ ပျင်းတာ မအားတာနဲ့တိုင်ပတ်နေလို့ လိုချင်ရင် tag ထားတဲ့ CM admin တွေ ဆီက တောင်းယူကြပါကုန် ပက်ထရစ် ဒမ့်ပ်ဆေး နဲ့ အက်ရှ်လေ ဂျုဒ် သရုပ်ဆောင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းကို YeWai LynnHtut မှတင်ဆက်သည်။)

TV Movie • Comedy • Romance
6.4 2011 87 mins
Flypaper
Igor
5.9

Igor (2008) ========== ဒီဇာတ်လမ်းကတော့ ဆိုးရွားရက်စက်မှုတွေကိုမှ ကောင်းတဲ့အရာလိုနှစ်သက်သဘောကျကြတဲ့တိုင်းပြည်က သိပ္ပံပညာရှင်တွေနဲ့ သူတို့ရဲ့ယုတ်မာတဲ့တီထွင်မှုတွေကြား အောင်မြင်တဲ့သိပ္ပံပညာရှင်ဖြစ်ဖို့ အိပ်မက်ထားထားတဲ့ အီဂေါ်ဆိုတဲ့ ကျောမှာဘုရှိတဲ့ ခါးကုန်းကောင်လေးအကြောင်းပါ။ အီဂေါ်က နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ ယုတ်မာတဲ့တီထွင်မှုပြိုင်ပွဲမှာ အနိုင်ရပြီး အတော်ဆုံးယုတ်မာမှုသိပ္ပံပညာရှင်ဖြစ်ဖို့ ကြိုးစားနေ​တာပါ။ ဒါပေမဲ့ အီဂေါ် မကောင်းဆိုးဝါးတစ်ကောင်ကို​ ဖန်တီးပြီးနောက်ပိုင်း အမှားပါသွားတာ​​ကြောင့် ဘယ်လိုဟာသအလွဲတွေ ဖြစ်သွားမလဲ၊ အောင်မြင်ဖို့အတွက် ယုတ်မာကောက်ကျစ်ရတာဟာ မှန်ကန်ရဲ့လားဆိုတဲ့မေးခွန်းအောက်မှာ အီဂေါ်ရဲ့အိပ်မက်တွေ ပြောင်းလဲသွားမလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ အဓိပ္ပါယ်နက်နဲတဲ့အပြင် dark humor တွေအပြည့်နဲ့ တစ်ကားလုံးခွီနေရမဲ့ကားမို့ မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Animation, Comedy, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

Horror
5.9 2008
Igor
Once Upon a Time in China III
7.3

ဒီဇာတ်လမ်းအဆက်လေးမှာတော့ ဝမ်ဖေးဟုန်ဟာ ဒေါ်လေးရီနဲ့အတူ အဖေဖြစ်သူရဲ့ ဆေးဝါးလုပ်ငန်းကိုလည်း ကြည့်ရင်း အဖေနဲ့လည်း တွေ့ချင်တဲ့အတွက် ကန်တုံကို ပြန်ခဲ့ပါတယ်။ သူပြန်ရောက်တဲ့အခါမှာတော့ ရုရှားတွေက တရုတ်ပြည်ကို ရောက်ရှိနေပြီး ဘုရင်မကြီးက တရုတ်ပြည်ဟာ တိုင်းတပါသားတွေကို မလိုအပ်ကြောင်းနှင့် စစ်အင်အားကို တစ်ဖက်လှည်နဲ့ ပြသချင်တဲ့အတွက် ခြင်္သေ့ဘုရင်ပြိုင်ပွဲကို ကျင်းပဖို့ စေခိုင်းထားပါတယ်။ ရုရှားသံတမန်တွေကလည်း အကြံအစည်နဲ့လာတာဖြစ်ပြီး တစ်ဖက်မှာလည်း တိုင်ပေဆီလုပ်ငန်းပိုင်ရှင်တဖြစ်လည်း တိုင်ပေဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျူထန်ပါးက တခြားအဖွဲ့အစည်းတွေ ခြင်္သေ့ဘုရင် ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်အောင် အစွမ်းကုန်ဖျက်လိုဖျက်ဆီး လုပ်နေပါတော့တယ်။ ဒီတော့ ရုရှားနှင့် တိုင်ပေဂိုဏ်းကြားထဲမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ၊ ရုရှားတွေရဲ့ အကြံအစည်ကရော ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို ဝမ်ဖေးဟုန်တစ်ယောက် မိသားစု တပည့်တပန်းတွေနဲ့အတူ ရှာဖွေ ဖော်ထုတ် တားဆီးသွားမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.2 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 1993 112 mins
Once Upon a Time in China III
Never to Lose
6

Never to Lose (2005) ********************** အက်ရှင် ဖိုက်တင် စုံထောက်ဇာတ်လမ်းတွေကိုမှ ခုံမင်တတ်တဲ့ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနစ်ကထွက်ခဲ့တဲ့ နာမည်ကြီး ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Noryang: Deadly Sea မှ Heo Joon Ho၊ Exhuma, Tazza ထဲမှာ Kim Min-Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့.. စုံထောက်ဂင်ဟုံးဂျူဟာ လူသတ်မှုစုံစမ်းစစ်ဆေးရဲဌာနမှာ တာဝန်ထမ်းဆောင်နေပြီး စုံထောက်ဂင်ပါဝင်တဲ့အဖွဲ့ဟာ စွမ်းရည်ဆောင်လျော့ပါးမှုကြောင့် ဌာနတွင်းမှာ မျက်နှာပန်းမလှတဲ့အဖွဲ့ဖြစ်သလို စုံထောက်ဂင်ကိုယ်တိုင်ဟာလည်း အချစ်ရေးမပြေလည်တဲ့အတွက် စုံထောက်အလုပ်ကနေ နှုတ်ထွက်ချင်နေသူပါ။ အဖွဲ့ခေါင်းဆောင်ကလည်း ဌာနတွင်း သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်ရမှတ်ပြည့်မှ အလုပ်ပေးထွက်မယ်ဆိုတဲ့ စကားကြောင့် စုံထောက်ဂင်ခမျာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန် ကံအကြောင်းထောက်မပြီး မူးယစ်ဆေး အရောင်းအဝယ်သမားတစ်ယောက်ကို ဖမ်းမိရင်း မူးယစ်ဆေး အကြီးအကျယ်ဖြန့် တဲ့ ဂေါင်ကြီးအကြောင်းကို သိလိုက်ရချိန်မှာတော့ စုံထောက်ဂင်တစ်ယောက် လုပ်ဆောင်ချက်ရမှတ်ပြည့်ဖို့ အားသွန်ခွန်စိုက် အမှုလိုက်ပါတော့တယ်။ စုံထောက်ဂင်ရဲ့ ကြိုးစားမှုအရာထင်သွားမလား..။ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အခုပဲ ဇာတ်ကားထဲမှာ ခံစားကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။) File size…2.65GB / 1.01GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Action, Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn

6 2005
Never to Lose
The Keeper
7.5

The Keeper(2018) IMDb….7.5 ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ… ကျွန်တော်ပြောတာကို ယုံလိုက်ပါ… ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး… သူ့နာမည်က ထရော့မန်း…ဂျာမန်လူမျိုး… ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ… ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ… ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်…အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်…အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့… ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး…ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့…အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်… File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Biography Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Horror • Thriller
7.5 2018
The Keeper
Sunset Boulevard
8.4

Sunset Boulevard ဆိုတာ ဟောလိဝုမှာ ရှိတဲ့ လမ်းတစ်ခုရဲ့နာမည်ဖြစ်ပါတယ်။ ဒီဇာတ်ကားက အဲဒီလမ်းနာမည်ကိုပဲ ယူထားတာပါ။ ဒီကားကို နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ Billy Wilder က ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် သူ့ရဲ့ story telling တွေ ထိုခေတ်အခါက ဆန်းသစ်တဲ့ ရိုက်ချက်တွေကြောင့်Film School တွေမှာပါ ပြန်လည်သင်ကြားပေးခြင်းခံရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ရုန်းကန်နေရတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်သူ ဂျိုး ဂေးလစ် ဟာ အသံတိတ်ခေတ်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီး နော်မာ ဒက်စမွန် နဲ့ သွားပါတ်သတ်မိပါတော့တယ်။ နော်မာဟာ ရုပ်ရှင်လောက ထဲကိုပြန်ဝင်ဖို့ အမြဲစိတ်ကူးယဉ်နေသူလည်းဖြစ်ပါတယ်။ ဂျိုး နဲ့ နော်မာ တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စွဲလမ်းမှုတွေ လိမ်လည် လှည့်ဖျားမှုတွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ နဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်သား ဘယ်လိုတွေ စခန်းသွားကြမလဲ။ နော်မာကရော သူ့ရဲ့ အိပ်မက်ကို ဘယ်လို အကောင်အထည် ပြန်ဖော်မလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုနိုင်မှာပါ။ File size…(1.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Film Noir, Drama, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

8.4 1950 110 mins
Sunset Boulevard
Hotel Transylvania
7.1

ဒီတစ်ခါတော့ စိတ်အပန်းဖြေအနေနဲ့ကြည့်လို့တော်တော်လေးကောင်းတဲ့ ကာတွန်းကားလေး တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်… Count Dracula ဟာသူ့ရဲ့ ဇနီး Martha သေဆုံးပြီး နောက်ပိုင်းမှာ သူ့မိန်းကို ကတိ ပေးထား ခဲ့တဲ့အတိုင်း သူတို့ ၂ ယောက်ရဲ့ သမီးလေး Mavis ကို မျက်စိ အောက်က အပျောက် မခံပဲ ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါတယ်။ Count Dracula ဟာ Transylvania လို့ခေါ်တဲ့ Five Star အဆင့်ရှိ Hotel တစ်ခု တည်ဆောက် ခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ Frank နဲ့ သူ့ဇနီး Eunice, Wayne, Wanda နဲ့ သူတို့ရဲ့ မြေခွေး သားသမီး တစ်ဖွဲ့, Griffin ဆိုတဲ့ ကိုယ်ပျောက် လူသား, Murray ဆိုတဲ့ Mummy အစရှိတဲ့ နာမည်ကြီး Zombie တွေနဲ့ အတူ Human Free Zone ဆိုပြီး Mavis ရဲ့ 118 နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပဖို့ ပြင်ဆင် ကြပါတယ်။ Count Dracula ဟာ Mavis ကို အပြင်ထွက်လည် ခွင့်မပေး ချင်ပေမယ့် Mavis ရဲ့ 118 နှစ်ပြည့် မွေးနေ့မှာ Mavis ကို အပြင် ထွက်လည် ခွင့်ပေးခဲ့ပြီး အပြင် လောက လူသားတွေဟာ ကြောက်ဖို့ ကောင်းကြောင်း ရွာတုတစ်ခု တည်ဆောက်ပြီး Mavis ကိုခြောက်လှန့် ခဲ့ပါတယ်။ Mavis ဟာလဲ ဒီခြောက်လှန့် မှုကို တကယ်ထင် သွားပြီး အပြင်လောကကို ဘယ်တော့မှ မထွက်လို တော့ကြောင်း သူ့အဖေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ ဟန်ဆောင် ခြောက်လှန့်မှု ပြုလုပ်ပြီး ပြန်လာတဲ့ Zombie တွေရဲ့ နောက်ကနေ 21 နှစ်အရွယ် Jonathan ဆိုတဲ့ လူသား တစ်ယောက်ပါ Hotel ကို ရောက်ရှိ လာခဲ့ပါတယ်။ Jonathan ဟာ Hotel ကိုရောက်စမှာ မကောင်းဆိုးဝါးလို ဝတ်ဆင်ပြီး ပြုလုပ် နေတဲ့ Party ပွဲလို့ ထင်ခဲ့ပြီး လိုက်ကြည့် နေတဲ့ အချိန်မှာ Count Dracula က ဖမ်းစည်း ခေါ်ယူ သွားပြီး ဒီ Hotel ကို ဘယ်လို ရောက်လာကြောင်း မေးမြန်း ခဲ့လို့ အဖြစ်စုံကို Jonathan က ရှင်းပြ ခဲ့ပါတယ်။ Jonathan ကို ပြန်ပို့ဖို့ ကြိုးစား ခဲ့ပေမယ့် Count Dracula ရဲ့ သူငယ်ချင်းတွေ တွေ့သွားတာကြောင့် Human Free Zone လို့ကြွေးကြော် ထားတဲ့ သူ့ရဲ့ Hotel သိက္ခာ ထိခိုက်မှာ ဆိုးတဲ့အတွက် Jonathan ကို Zombie အဖြစ်ဟန်ဆောင် ခိုင်းခဲ့ရာမှ Count Dracula ရဲ့ သမီး Mavis နဲ့ Jonathan တို့ သံယောဇဉ် ဖြစ်မိပြီး….ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါ.. ဒါရိုက်တာ Genndy Tartakovsky ရဲ့ 91 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။ အသံ သရုပ်ဆောင်တွေ အဖြစ် Dracula (voice of Adam Sandler), Jonathan (voice of Andy Samberg), Mavis (voice of Selena Gomez) တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။

7.1 2012 91 mins
Hotel Transylvania
Forget Me Not
6.7

Forget Me Not (2015) ============== IMDB – 6.7/10 ကျွန်တော့်နာမည်က Takashi အထက်တန်း တတိယနှစ်ကျောင်းသား၊ သူငယ်ချင်း ၃ ယောက်နဲ့ အေးဆေးပဲနေတယ်။ တစ်ရက်ကျ ညခွေသွားဝယ်တုန်း ကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိတယ်၊ သူ့ပုံစံကထူးဆန်းတယ် စကားလည်းပြန်မပြောဘူး။ အဲဒါနဲ့ နောက်ရက် ကျောင်းမှာတွေ့တယ် လိုက်တောင်းပန်တယ်၊ အဲဒါကိုသူက အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို သူခေါ်ချင်ရာခေါ်သွားတယ်။ နာမည်မေးတယ် မေးလို့လည်းမရဘူး အတန်းကတော့ D ခန်းကတဲ့၊ ကျွန်တော့်ဘော်ဒါတွေ အများကြီးရှိတဲ့ အတန်းကပဲ တစ်ခါမှလည်းမမြင်ဖူးဘူး။ နောက်ရက်လည်း ကျွန်တော့်ရှေ့ သူပေါ်ချင်သလိုပေါ်လာတယ် လျှောက်သွားတယ် စကားတွေပြောတယ် နာမည်မေးတယ် မရသေးဘူး ဖုန်းမေးတယ် အီးမေးလ်မေးတယ် ဘာမှမရှိ/မကိုင်ဘူးတဲ့။ တစ်ရက် D ခန်းက ဘော်ဒါတွေနဲ့ မုန့်စုစားတုန်း သူ ရုတ်တရက်ရောက်လာတယ်၊ ဒါနဲ့ မိတ်ဆက်ပေးတော့ကျ D ခန်းချင်းတူတူ သူ့ကို ဘယ်သူမှမသိကြဘူး အခန်းမှာ မရှိပါဘူးတဲ့။ ဒီမှာ သူရုတ်တရက် ပြေးထွက်သွားတော့ နောက်ကလိုက်မေးမိတယ်၊ အဲဒီမှာ မယုံနိုင်စရာ သူပြန်ပြောလိုက်တာကတော့…….။ ထပ်ပြောပြရင် ပေါ့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။ ထုံးစံအတိုင်း ဂျပန်ကျောင်းသား အချစ် ဇာတ်လမ်းလေးဆိုပေမယ့် ပုံမှန်ကနေကွဲထွက်ပြီး အရမ်းကိုထူးဆန်းနေခဲ့တယ်။ ဂျပန်တောင်ဘေးမြို့ရှုခင်းလေးတွေရယ်… မင်းသမီး Akari Hayami ရဲ့ ဂျပန်ကုလားစပ် မျက်နှာလေးရယ်… ဝတ်လိုက်တိုင်း ဂါဝန်အဝဲလေးတွေရယ်… မင်းသားကလည်း Alice in Borderland ထဲက ဉာဏ်ကြီးရှင်နေရာက Nijirō Murakami ဗျာ… ဒီတော့ ဒီကားက ပျော့ပျော့လေးနဲ့ ခင်ဗျားတို့ကို မျက်ရည်ချူမယ့်ကားလေးမို့ ခံစားလိုက်ကြပါဦးလို့ ပြောပါရစေ…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.3 GB / 650 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Comedy
6.7 2015 94 mins
Forget Me Not