YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Seolhwa 2020 720p HEVC WEB-DL [RMC].mp4

688.73 MB 720p video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mad Heidi
6

ဒီဇာတ်ကား‌လေးက ဆွစ်ဇာလန်က Alps တောင်တန်းတွေမှာ ဇာတ်အိမ်စတည်ထားပြီး အသည်းတစ်ခြမ်း မိန်းမကြမ်းကားကိုမှ ဟာသလေးနည်းနည်းနှောပြီးကြည့်ရမယ်ကားလေးပါပဲ။ ဟာသနှောဆိုပေမယ့် ခပ်ပေါ့ပေါ့ကားတော့မဟုတ်ဘဲ သွေးထွက်သံယိုနဲ့ကြည့်ရမှာပါ။ ဖြစ်ကြောင်းကုန်စင်ကတော့ အဲ့အချိန်အခါက ဆွစ်ဇာလန်မှာ ဆွစ်ချိစ်ကို မစားရင်၊ ချိစ်မှာပါတဲ့ နို့သကြားဓာတ်ကိုမခံနိုင်ရင် ရာဇဝတ်မှုဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်တဲ့။ အဲ့အမိန့်ချတဲ့ ဆွစ်ခေါင်းဆောင်ကြီးဟာဆိုရင်ဖြင့် သူ့ချိစ်ကို ပြည်တွင်းမှာတင်မက နိုင်ငံအနံ့တင်ပို့ပြီး ကမ္ဘာကို အပိုင်သိမ်းချင်နေတာပါ။ တောင်ပေါ်သူ ဟိဒ်ဒီလေးရဲ့ ချစ်သူဆိတ်ပီတာဟာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အသတ်ခံလိုက်ရလို့ ကလဲ့စားချေလိုမှုကစတာပါပဲ။ အသည်းတစ်ခြမ်းနဲ့ မုဆိုးမ မိန်းမကြမ်းကြီး ဟိဒ်ဒီတစ်ယောက် ဘယ်လိုကလဲ့စားချေမလဲ? ကမ္ဘာကိုရောကယ်တင်နိုင်မလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ ဆွစ်ဇာလန်သူလေးရဲ့အဖြစ်ကို ဆွဇ်ဇာလန်ရိုးရာ လက်နက်တွေ၊ ဝတ်စုံတွေအပြင် ဆွစ် ချိစ် လှိုင်လှိုင်နဲ့ ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို ကို Themes က ရေးပေးထားပါတယ်။) File Size          : 1.9GB, 886MB, 418MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 32mins Genre              : Thriller Translated by Themes Encoded by Kinnov

Horror
6 2022 92 mins
Mad Heidi
Phony
3.5

ဆရာ ဆရာ့ကြီးတွေ ကျော်သွားပေးပါ။ ပညာသင်ဆဲ ညီကိုတွေကတော့ တန်းစီပေးပါ။ ဒီဇာတ်ကားကို အညွှန်းမရေးခင် Found Footage film ဆိုတာ ဘာလဲလို့ မိတ်ဆက်ပေးချင်ပါတယ်။ အတိုချုံ့ပြီး အကြမ်းဖျင်းဘာသာပြန်လိုက်ရရင် အပျော်တမ်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။ လက်ကိုင်ကင်မရာတွေ ၊ CCTV ကင်မရာက ဗွီဒီယိုမှတ်တမ်းတွေကို ရုပ်ရှင်တစ်ခုအောင်ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဘာလို့ ဒီအကြောင်းကိုမိတ်ဆက်ပေးနေရသလဲဆိုတော့ ဒီလိုရုပ်ရှင်အမျိုးအစားတွေ ခေတ်စားလာတာနဲ့အမျှ ကြည့်ရှုသူတွေရဲ့အမြင်တွေလည်း နှစ်ခြမ်းကွဲလွဲလာလို့ပါပဲ။ တချို့ကတော့ ဒီရုပ်ရှင်တွေက အချိန်ဖြုန်းတာပဲလို့ မြင်ကြတယ်။ တချို့ကတော့ ဇာတ်လမ်းဇာတ်ညွှန်းကောင်းဖို့သာ အဓိကပဲမို့ သဘောကျတဲ့သူတွေလည်း အများကြီးရှိကြတယ်။ ဆိုတော့ အကြံပြုရရင် ဒီလိုမှတ်တမ်းရိုက်ချက်ရုပ်ရှင်နဲ့ မရင်းနှီးသေးတဲ့လူတွေက စစကြည့်ချင်းမှာ နဝေတိမ်တောင်ဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ David Bush ဆိုတဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဟာ ဒီနေ့ခေတ်မှာ လူတွေဟာ ရည်းစားသနာရဖို့ ၊ အိပ်ဖော်အိပ်ဖက်ရဖို့အတွက် လိမ်လည်နေကြတဲ့ အတုအယောင်တွေကို ဖော်ထုတ် ရိုက်ကူးတင်ပြချင်ခဲ့သူဖြစ်ပါတယ်။ သို့သော်.. ကိုယ်တိုင်ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမဲ့လည်း စော်ငြင်းကောင်ဖြစ်နေခဲ့တာကြောင့် မြာပွေသူ သူငယ်ချင်းဖြစ်သူကို မင်းသားလုပ်ပေးဖို့ရာ အကူအညီတောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုသူငယ်ချင်းဆီကနေပဲ သင်ခန်းစာတွေကိုလည်း အများကြီးရခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ဂျော့ရှ်ရဲ့အဆိုအရ မိန်းကလေးတွေရဲ့ dating app က ပရိုဖိုင်မှာ 'မိသားစုသာ အရေးကြီးဆုံးပါ' လို့ ရေးထားရင် အဲဒီအဓိပ္ပာယ်က သူ့မှာ ကလေးရှိနေတာပါ တဲ့..။ ပရိုဖိုင်မှာ 'တွယ်ငြိရာသာ ဆုံးရှုံးမှာ' လို့ ရေးထားရင်ရော ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာတော့ သိချင်သားပဲ။ မှတ်တမ်းရိုက်ချက်တွေရဲ့ ထုံးစံအတိုင်း ကင်မရာတွေက သိပ်မငြိမ်လှဘဲ ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ဇာတ်ကြောင်းကတော့ သိပ်မဆိုးလှဘူးလို့ ပြောရမယ်။ Plot-twist ကိုလည်း ၂ ခါထည့်ထားပြီးတော့ အဆုံးသတ်မှာ ထဆဲမိအောင်လည်း လုပ်ထားသေးတယ်။ ဒီတော့ ကြည့်ရှုရမှာက ရသတော့ စုံပါတယ်။ ဒါကို ကြည့်နေရင်းနဲ့ ဘယ်လိုတွေးမိလဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန် သင်ခန်းစာပို့ချနေတဲ့ စားဘဲကြီးကို မြင်နေရသလို ခံစားရတယ်။ ပြီးတော့ လူတွေမှာရှိတတ်ကြတဲ့ အငုံစိတ်တွေကိုလည်း သာသာနဲ့နာနာ နှက်ထားသေးတယ်။ ချပြချင်စိတ်တွေများနေပြီး plot-twist ကိုသာ နှစ်ခါမထည့်ထားရင် အတော်လေး အဆင်ပြေမယ့်ရုပ်ရှင်ပဲလို့ ထင်မိတယ်။ ဒီလိုအမျိုးအစားနဲ့ရုပ်ရှင်မျိုးဆိုတော့ လူတွေအားလုံး ကြိုက်ပါ့မယ်လို့ အာမတော့မခံနိုင်ဘူး။ သဘောကျတဲ့သူရော သဘောမကျတဲ့သူတွေရော ရှိနိုင်မယ်ဆိုပေမဲ့လည်း သေချာတာကတော့ ဒီလို Found footage film တွေ ခေတ်စားလာဦးမှာပဲ။ ဒီတော့ မြည်းစမ်းကြည့်တဲ့သဘောနဲ့ပဲဖြစ်ဖြစ် ကြည့်ထားကြည့်ဖို့ CM မှ တင်ဆက်ပေးလိုက်ရပါတယ်။ P.S နောက်ဆုံးအခန်း မကြည့်ပါနဲ့။ File size…(1.81GB)  / (`1005MB) / (645MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Adventure • Family • Fantasy
3.5 2022 92 mins
Phony
The Wicked Wife
7

မိုးကြီးတဲ့ ရက်တစ်ရက် ဒေသပေါင်းစုံက ဘာလာရေတစ်လျှောက် ချာပိရွာကိုသွားမဲ့ လူတွေ မိုးခိုရင်း အိမ်ပျက်ကြီးတစ်အိမ်မှာ စုမိကြတယ် ဒီလိုနဲ့ လူတစ်ယောက်က သူတို့သွားမဲ့နယ်မှာ လွန်ခဲ့တဲ့ ၁၅နှစ်ကဖြစ်ပျက်ခဲ့တဲ့ ကြောက်မက်ဖွယ် မြေခွေးမိစ္ဆာဇာတ်ကြောင်းကို အစချီပြောလိုက်ရာကနေ ဒီဇာတ်လမ်းလေးဖြစ်တည်လာခဲ့တာပါ လွန်ခဲ့တဲ့ ၁၅နှစ်က... မင်္ဂလာဆောင်တစ်ပွဲအတွက် ဖျော်ဖြေပေးဖို့ ချာပိရွာကို အဖိတ်ခံရတဲ့ ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့ ရှေးအယူသည်းမှုတွေကြောင့် မဖျော်ဖြေခင် ဆုတောင်းပွဲလုပ်ချိန်မှာ မြေခွေးမိစ္ဆာပေါ်လာပြီး ဇာတ်သဘင်အဖွဲ့ခေါင်းဆောင်ကို ညှို့ကာ တခြားအဖွဲ့သားတွေကိုလည်း သတ်ဖြတ်ပစ်လိုက်ပါတယ် ဇာတ်ကြောင်းပြောနေသူတစ်ယောက်ပဲ မျက်စိကွယ်ပြီးရှင်သန်ခဲ့ရတာဖြစ်ပါတယ် ချာပိရွာမှာဘယ်လိုအကြောင်းအရာတွေများဖြစ်ပျက်ခဲ့လို့ ရုတ်တရက်ကြီး မြေခွေးမိစ္ဆာပေါ်လာရတာလဲ ဒီအကြောင်းကိုတော့ မိုးအတူခိုနေတဲ့လူတွေထဲက တစ်ယောက်စီက သူတို့သိတဲ့ ဇာတ်လမ်းတွေကို ဖလှယ်ပေးရင်း လွန်ခဲ့တဲ့ ၁၅နှစ်ကဖြစ်ပျက်ခဲ့တဲ့ ဇာတ်ကြောင်းလေးကို ရုပ်လုံးပေါ်အောင်ဖော်သွားကြမှာပါ ကဲ ဒီတော့ ချာပိရွာက တကယ့် ဇာတ်ကြောင်းအမှန်က ဘာများလဲ အခုလက်ရှိအချိန်နဲ့ရော ဘယ်လိုတွေ ဆက်စပ်နေမလဲဆိုတာကို ဒီဇာတ်လမ်းလေးကနေတဆင့် စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်လိုက်ကြရအောင်ပါနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / (850MB) Quality__1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:33:00 Type__Adventure, Asian, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt

Documentary
7 2022 93 mins
The Wicked Wife
Swiss Army Man
6.9

Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ ဇာတ်လမ်းအကျဉ်းမှာထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Danielသည် လူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘဝကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘဝဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က Manny ခန္ဓာကိုယ်ဖြင့်နောက်တစ်ကြိမ်ပင်လယ်ကိုဖြတ်ကာယခင်သူတို့နှစ်ဦးတွေ့ဆုံခဲ့သည့်ကျွန်းသို့ပြန်လည်သွားရောက်ခဲ့ကြသည်။ရဲများ ၊ Sarah တို့မိသားစု နှင့် Hank ၏ဖခင်ဖြစ်သူကထိုကျွန်းသိုလိုက်သွားသောအခါ Manny ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်းကာလေလည်အပြင်းအထန်လည်နေသောကြောင့်ပင်လယ်ထဲသို့သူလာရာအတိုင်းပြန်လွှတ်ခဲ့ရသည်။ဒီဇာတ်ကားထဲရှိစတန့်ခန်းအချို့ကို Daniel ကလူစားမထိုးပဲသူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်။စိတ်ကူးယဉ််စိတ္တဇဆန်ဆန်ဇာတ်လမ်းများကိုကြိုက်သူများအဖို့ကတော့လုံးဝအကြိုက်တွေ့စေမည့်ရုပ်ရှင်ဇာတ်ကားပဲဖြစ်သည်။ (ဇာတ်လမ်းအညွှန်းကိုတော့ SaSha Entertainment င်္Facebook Page မှကူးယူဖော်ပြထားတာဖြစ်ပါတယ်) File Size : 750 MB /300 MB Quality : Blu ray 720P Running Time : 1hr 37 minutes Format : Mp4 Genre :  Adventure, Drama, Comedy Encoder : Thanhtik

Drama
6.9 2016 97 mins
Swiss Army Man
The Family Man
6.8

The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..? ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ဆိုတဲ့အချိန်တစ်ခုကိုရောက်ရှိသွားပါတော့တယ်။ ချစ်ရတဲ့ဇနီးသည် ကိတ်နဲ့အတူ သားသမီးရတနာတွေကိုလည်းပိုင်ဆိုင်နေတဲ့ ဂျက်ခ်ဘဝရယ် .. အလုပ်ပြီးတာနဲ့မျှော်သူမရှိတဲ့အိမ်ကိုပြန်ရပြီး ဘာအတွက်ငွေတွေရှာနေရမှန်းမသိတဲ့ သူဌေးကြီး ဂျက်ခ်ဘဝရယ် .. ဘယ်ဘဝကိုဂျက်ခ်ပိုခုံမင်မလဲ .. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.5GB | 774MB | 356MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. August

Drama
6.8 2000 125 mins
The Family Man
Irrational Man

Irrational Man (2015) အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား… မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား…. ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ.. ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်… ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို ‌သူ့စာတမ်းနဲ့ ပတ်သက်ပြီး စကားလက်ဆုံစပြောဖြစ်ရာက သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက အစပြုခဲ့ပါတော့တယ်… ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းနေတဲ့ အေ့ဘ်ကို အချစ်ကြီးချစ်မိသွားလေတဲ့ ဂျေလ်တစ်ယောက် ချစ်သူကို ပလစ်ပြီး အေ့ဘ်ဘဝထဲ စုံဝင်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားခဲ့ပါတော့တယ် .. ကျောင်းသူလေးတွေနဲ့ မတွဲ စိတ်လည်းမဝင်စားတဲ့ အေ့ဘ်တစ်ယောက် တစ်နေ့မှာတော့ ဂျေလ်နဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေကြရင်း တစ်ဖက်စားပွဲဝိုင်းက စူးရှတဲ့စကားသံတွေရဲ့ နောက်မှာ သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေမယ့် အကြောင်းအရင်းတစ်ခုကို ရှာတွေ့သွားခဲ့ပါတော့တယ်.. ဘဝရဲ့အဓိပ္ပါယ်ကို တစ်ဖန်ရှာဖွေတွေ့ရှိသွားတဲ့ အေ့ဘ် တစ်ယောက် စိတ်သစ်လူသစ်နဲ့ အသိဉာဏ်အသစ်တွေနိုးကြားပြီး အရင်ကစိတ်မဝင်စားခဲ့တဲ့ ကျောင်းသူလေး ဂျေလ်အပေါ် ပြန်တုံ့ပြန်လာလေမလား … အေ့ဘ်ကို အကြီးအကျယ်ပြောင်းလဲသွားစေတဲ့ အကြောင်းအရင်းကရော ဘာများလဲ.. အဲဒီအကြောင်းအရင်းနောက်ကွယ်မှာ အေ့ဘ်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာလဲ.. အေ့ဘ်နဲ့ဂျေလ်တို့ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာကိုတော့ … ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် (P.S ကြည့်နေရင်းနဲ့ အားမလိုအားမရဖြစ်ပြီး ဇာတ်လမ်းရဲ့ အဆုံးသတ်ကိုတော့ ကျော်မကြည့်လိုက်ပါနဲ့နော်.. Joker မင်းသားကြီးရဲ့ မထိတထိသရုပ်ဆောင်ဟန်တွေနဲ့ Emma Stone ရဲ့ အလှအပလေးကိုပဲ ငေးမောရင်း ဖြည်းဖြည်းချင်း စီးမျောကြည့်လိုက်ပါလို့) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(800MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama,Comedy,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2015
Irrational Man
Hosa Dinachari
8.5

Hosa Dinachari (2022) IMDb-8.5/10 မိသားစုနဲ့အတူကြည့်ရင် မိသားစုကြားမှာ နားလည်မှုတွေ ပိုမိုပေါက်ဖွား‌လာစေမယ့်ဇာတ်လမ်းလေး “Hosa Dinachari” ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေ ဂရုစိုက်မှုတွေကြားကမှ ကိုယ်နားမလည်နိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါမျိုးမှာ အချစ်ကို လက်လွှတ်မိသွားတတ်သလိုမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နားလည်မှုတွေနဲ့ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ချစ်သူတွေကြား အိမ်ထောင်ရှင်တွေကြား မိသားစုတွေကြားမှာ အားဆေးလေးဖြစ်စေပြီး ခံစားချက်တွေကို ခိုင်မာစေမှာပါ။ ဒီလိုဆက်ဆံရေးမျိုးလေးဖြစ်လာအောင် Hosa Dinachari က မိသားစုသုံးစုရဲ့ အတွေ့အကြုံလေးတွေကို ကြည့်ရှုခံစားလိုက်ရအောင်ပါ…. (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ V ~ BpL ~ Zwe ~ Cherry တို့ပဲဖြစ်ပါတယ်)

8.5 2022 114 mins
Hosa Dinachari
Evinced
4.2

Evinced (2022) =========== ဒီ thriller/ Sci-Fi ဇာတ်လမ်းလေးကိုတော့ ဒါရိုက်တာ Richeler Aladin ကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမည်မသိလူတစ် ယောက်ဟာ လိုင်းပေါ်မှာသွေးထွက်အောင်မှန်တဲ့ ဟောကိန်းတွေကိုတင်ပြီး နာမည်ကြီးနေပါတယ်။ အဲဒီလူခန့်မှန်းလိုက်တိုင်း ဒုစရိုက်မှုတွေဖြစ်နေလို့ သူဟာ ဒုစရိုက်မှုတွေရဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့သူလို့ ထင်ပြီး စုံထောက်‌ တွေဖြစ်ကြတဲ့ မယ်လ်ကွန်၊ ၀က်လ်လေ၊ ရေး တို့က‌ ‌ဒီကိစ္စကိုလိုက်ကြပါတော့ တယ်။ ဟောကိန်းတွေထုတ်ပြီး နာမည်ကြီးနေတဲ့သူကတော့ အက်ရှ်တွန် ပါ။ သူဟာ အနာဂတ်ကနေ လာခဲ့တာဖြစ်ပြီး အတိတ်ကအရာတစ်ချို့ကို ပြောင်းလဲဖို့ ပြန် လာခဲ့တာပါ။ အဲဒီနောက်တော့ သူအတိတ်ကိုပြောင်းလဲဖို့အတွက် မယ်လ်ကွန်၊ ၀က်စ်လေ တို့ရဲ့အကူညီကိုယူရဖို့ဖြစ်လာပါတော့တယ်။ အက်ရှ်တွန်က မယ်လ် ကွန် တို့ရဲ့အကူအညီနဲ့ တကယ်ပဲအတိတ်ကိုပြောင်းလဲနိုင်မှာလား၊ သူလာခဲ့တဲ့ အချိန်ကာလမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ‌ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.52 GB) / (592 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Sci-Fi, Thriller Translator……Theo Katt Encoder……….SWM

4.2 2022
Evinced
Talk to the Dead

Talk to the Dead (2013) ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က “တွေ့ချင်တယ်” လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ App ဟာ တကယ်ပဲ သေသွားတဲ့သူတွေကို ဆက်သွယ်လို့ရတာလား၊ တွေ့ဖို့ပြောတာကို လက်ခံလိုက်တဲ့အခါမှာရော ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ ရင်ဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada NL Encoder ….. Aaron

Drama
0 2013
Talk to the Dead
The Saint
6.2

The Saint (1997) မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ “သူတော်စိန်” သည် The Saint ပင် ဖြစ်လေသည်။ “The Saint” ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် သရုပ်ဆောင်ခဲ့ဖူး၏။ အခြားသော The Saint စီးရီးများသည်ပင် ဆာရော်ဂျာမိုးရ်၏ အရှိန်အဝါအောက်တွင် မှေးမှိန်ခဲ့ရ‌လေသည်။ ယခုခေတ်ကာလတွင် ဂန္ထဝင်မင်းသားကြီးတစ်ဦးအဖြစ် သမုတ်ခံထားရသော ဗယ်လ်ခေးမားသည်လည်း ဤ The Saint ဇာတ်ကောင်နေရာကို လွယ်လွယ်နှင့်ရခဲ့သည်မဟုတ်ပေ။ ဆာရော်ဂျာမိုးရ်သည် ၎င်းကဲ့သို့ ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် ပီးယာ့စ်‌ဘရော့စ်နန်ကို သရုပ်ဆောင်စေချင်ခဲ့သည့်အပြင် ပါရာမောင့်ကုမ္ပဏီသည်လည်း ထိုခေတ်က နာမည်ကျော်သရုပ်ဆောင်များဖြစ်နေသည့် ဟျုဂရန့်၊ မယ်ဂစ်ဆွန်၊ အာနိုးရှဝါဇင်နက်ဂါ၊ ဂျော့ဂ်ကလူနီ၊ ကယ်ဗင်ကော်စနာ၊ ဂျော်နီဒပ်နှင့် ဒန်နီယယ်ဒေးလူးဝစ် ကဲ့သို့သော ပုဂ္ဂိုလ်များကို ဦးစွာကမ်းလှမ်းခဲ့ခြင်းဖြစ်လေ၏။ သို့သော် ၁၉၉၅ ၏ Batman Forever အလွန်တွင် ဘရုစ်ဝိန်း (ဝါ) လင်းနို့လူသားဇာတ်ကောင်နေရာ၌ ဆက်လက်သရုပ်မဆောင်တော့လိုသော ဗယ်လ်ခေးမားသည် The Saint နေရာအတွက် အရွေးခံခဲ့ရလေ၏။ The Saint သည် စောရတစ်ဦးဖြစ်သော်ငြား သူတော်စင်တို့၏ အမည်နာမမျိုးစုံကို ထည်လဲအသုံးချ၏။ ဂျွန်ရော့စီ၊ မာတင်ဒီပိုရက်၊ ဘရူနိုဟော်တန်ဖရော့၊ သောမတ်မိုး၊ နီကိုလက်အိုဝင်၊ လူးဝစ်ဂွမ်နယ်လာ၊ ပီတာဒေမီယံ၊ ချားလ်ဘိုရိုမီရို စသည့် သူတော်စင်နာမည်တို့ကို လိုအပ်သည့်နေရာတို့တွင် လိုအပ်သလို သုံး၏။ ရုပ်ပြောင်းရုပ်လွှဲအရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်၏။ ပစ္စည်းကိရိယာအဆန်းတို့ကိုလည်း သူကိုယ်တိုင်ထွင်ပြီး သုံးတတ်သေး၏။ သူ၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်‌ကြောင်းကိုလည်း စိုးစဉ်းမျှ ဂရုမစိုက်။ အပ်သည့်အလုပ်နှင့်ထိုက်တန်သော ငွေကြေးအသပြာရလျှင် အင်မတိအင်မတန် လုံခြုံပါဘိဆိုသည့်အရာကိုပင် ရအောင် ခိုးပေးနိုင်ပေသော‌ စောရတစ်ဦးဖြစ်‌လေ၏။ ထိုသို့ မိမိကျွမ်းကျင်လိမ္မာရာနယ်ပယ်၌ ဆရာတစ်ဆူဖြစ်သော၊ မိမိအလုပ်ကိုယ်မိမိ တိတိကျကျ သွေးအေးအေးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်သော The Saint ၏ သံမဏိနှလုံးစိုင်သည် သိပ္ပံပညာရှင်မလေးတစ်ယောက်၏နှုတ်ခမ်းပါးများဝယ် အရည်ပျော်ကျခဲ့ရလေသည်။ အချုပ်ဆိုရသော်… The Saint သည် ရဲရင့်၏။ The Saint သည် ဖျတ်လတ်၏။ The Saint သည် စွန့်စား၏။ ထို The Saint ၏ စိတ်ဝင်စားစရာ… အသည်းထိတ်စရာ… အံ့ဩဘနန်းဖြစ်စရာ… လှုပ်ရှားမှုများကား… P.S – အဆုံးစာကြောင်းများအတွက် ဆရာကြီးရွှေဥဒေါင်း၏ သူတော်စိန်စာအုပ် ကျောဘက်မျက်နှာဖုံးမှ စာများကို ယူသုံးထားပါသည်။ (ဤဓာတ်ရှင်အား 666 မှ ပြန်ဆိုပေးထားပါသည်) Size – 2.5GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 56Min Genre – Action, Adventure, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 1997
The Saint
The Dead and the Deadly
6

ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။ အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။ တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ……

Drama • History • War
6 1981
The Dead and the Deadly
Mufasa: The Lion King
6.7

Mufasa: The Lion King (2024) IMDb Rating (6.7) / Rotten Tomatoes (57%) Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကိုတော့ မသိသူဆိုတာ မရှိသလောက်ပါပဲ။ Animation မှာရော Live Action မှာပါ လူကြိုက်များပြီး အောင်မြင်မှုတွေ ရထားပါတယ်။ ဒါပေမဲ့ Simba ဆိုတာ Mufasa မရှိရင် ဖြစ်မလာပါဘူး။ ဒီတော့ ကျွန်တော်တို့တွေ Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကို မွေးထုတ်ပေးခဲ့ပြီး တစ်ချိန်ကလည်း သူကိုယ်တိုင် ခြင်္သေဘုရင်ဖြစ်ခဲ့တဲ့ Mufasa အကြောင်းကို နောက်ကြောင်းပြန်လိုက်ကြရအောင်ပါ။ ဒီဇာတ်လမ်းမှာတော့ Mufasa ဆိုတာ ဘာလဲ။ Mufasa ဟာ ခြေလေးချောင်းသတ္တဝါတွေ ဘုရင်တစ်ပါး ဘာကြောင့်ဖြစ်နေရလဲ။ ဒီလို တောဘုရင်တစ်ပါးဖြစ်မလာခင် သူ့နောက်ကြောင်းကရော ဘာလဲ။ သူဘယ်လို အခက်အခဲတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ File size… (8.6 GB) / (3.2 GB) / (1.9 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Animation, Drama, Family Duration….01:58:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Act Molemy, Cyberboy

Family • Drama • Romance
6.7 2024 118 mins
Mufasa: The Lion King
She’s All That

IMDb Rating 5.9/10 ဆယ်ကျော်သက်အချစ်ရုပ်ရှင်ကားတစ်ကားပေမဲ့ ပုံမှန်ဆယ်ကျော်သက်ကားတွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ခံစားသက်ဝင်ပြီး ကြည့်ရှုရမယ့် She’s All That ……………. မင်းသားချောလေး Freddie Prinze Jr ပါဝင်ထားတဲ့ ကြည်နူးစရာအချစ်ကားလေးတစ်ကားဖြစ်ပြီး ဒီကားမှာ ဖရတ်ဒီက ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်…. ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာက Queen တေလာဗန်ဟာရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး အသဲကွဲနေသောအခါ… သူ့သူငယ်ချင်းတွေက အသဲကွဲနေတဲ့သူ့ကို နှစ်သိမ့်ကြရင်း အလောင်းအစားတစ်ခုကို လောင်းကြဖို့ အခြေအနေတစ်ခုဖြစ်လာပါတယ်…. အဲ့အလောင်းအစားကတော့ ဒီကျောင်းက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဇက်ဆိုင်လာက Queen ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ် သူတို့ဖန်တီးပေးရမယ့် သားကောင်က ကျောင်းက လူထူးဆန်းမလေး လန်နီဖြစ်နေတဲ့အခါ…… သူ့ရဲ့အလောင်းအစားကို အနိုင်ရဖို့ ဇက်ဆိုင်လာက လန်နီကို ချဉ်းကပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက်နီးစပ်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ? ဇက်ဆိုင်လာက အလောင်းအစားမှာ အနိုင်ရနိုင်မလား??? ဒါမှမဟုတ် လန်နီကို တကယ်ချစ်မိသွားမလားဆိုတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဆယ်ကျော်သက်အချစ်ကား တစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Thriller • Mystery • Horror
0 1999
She’s All That