YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Seobok 2021 - 1080p HEVC Bluray 5.1 [RMC].mp4

1.97 GB 1080p video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The VelociPastor
5

စူပါပါဝါလည်းရှိ၊ ဒိုင်နိုဆောလည်းပါပြီး၊ နင်ဂျာတွေနဲ့ပါချတဲ့ ရုပ်ရှင်မျိုး မရှိဘူးထင်ရင် မှားသွားပါမယ်။ Social mediaတွေမှာတွေ့နေကြ memeရုပ်ရှင်လေးလာပါပြီ။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ သူ့မိဘတွေဆုံးပါးသွားတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်အောင် တရုတ်ပြည်ဘက် ခရီးထွက်လာပါတယ်။ တရုတ်ပြည်သွားရာကနေ မထင်မှတ်ပဲ ဒိုင်နိုဆောအဖြစ်ပြောင်းနိုင်တဲ့အစွမ်းတွေရရှိလာပါတော့တယ်။ ဒိုင်နိုဆောအစွမ်းတွေရှိလာတဲ့အချိန် ကာရိုဆိုတဲ့ အပျော်မယ်လေးနဲ့တွေ့ဆုံမိချိန်မှာ သူ့ရဲ့ ဒိုင်နိုဆောပြောင်းနိုင်တဲ့ အစွမ်းတွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာကြည့်ရှု့ရမှာပါ။ File size…(1.63GB)  / (837MB) / (483MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:15:00 Genre...Action / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Comedy
5 2018 75 mins
The VelociPastor
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
Mat Kilau
7.7

IMDb 5.6 အထိရရှိထားတဲ့မလေးရှားအက်ရှင် ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး ဗြိတိသျှတွေနယ်ချဲ့ခံနေရတဲ့မလေးလူမျိုးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ကတော့ မက်ကီလူဆိုတဲ့မလေးစစ်သည်တစ်ယောက်ဖြစ်ပြီးဗြိတိသျှတွေကိုဆန့်ကျင်တဲ့နေရာမှာ သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့မလေးကျွန်းငယ်လေးတစ်ခုကိုနယ်ချဲ့တွေကမလိမ့်တပတ်နဲ့လာအုပ်စိုးနေပြီးမက်ကီလူတို့စစ်သည်တွေကနယ်ချဲ့တွေကိုပြန်တော်လှန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ အကြီးအကဲတွေနဲ့ရွာသားတော်တော်များများကသက်သာရာမှာနေချင်ကြပေမဲ့မက်ကီလူတို့ကတော့နယ်ချဲ့လက်အောက်ကကျွန် မဖြစ်ချင်တာကြောင့်ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်ကြပါတော့တယ် ဘာသာတရားရဲ့အဆုံးအမတွေနဲ့သစ္စာတရားကိုအခြေခံထားတဲ့မက်ကီလူတို့လူမျိုးတွေကနယ်ချဲ့တွေကိုမောင်းထုတ်နိုင်ပါ့မလား မမျှတတဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ

7.7 2022 118 mins
Mat Kilau
Despicable Me 3
6.5

ချစ်စရာMinionsလေးတွေကိုအားလုံးမှတ်မိကြမှာပါ။ Despicable me 1 ကနေစပြီးအောင်မြင်ခဲ့တဲ့ဒီဇာတ်ကားကို Illumination Entertainment နဲ့ Universal Picture တို့ကနေပြီး Despicable me 3ဆိုပြီး ထပ်မံရိုက်ကူးထုတ်လုပ်လိုက်ပါပြီ။ ဂရူးတယောက်တော့ဒီတခါ ဘော်တယ်ဇာ ဘရက်တ် ကိုနှိမ်နင်းရပါတော့မယ်။ ဘရက်တ်ဟာငယ်စဉ်ကကလေးသရုပ်ဆောင်ဖြစ်သလို၈ဝခုနှစ်လောက်ကသူသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကောင်တွေကိုစွဲလန်းရူးသွပ်နေသူတယောက်ပါ။ ဒီကားလေးမှထူးခြားတာတော့ ဂရူးရဲ့အမြွာညီအစ်ကိုတယောက်ပေါ်လာတာပါပဲ။ ဒရူးဟာ ဂရူးလို ဗီလိန်အလုပ်တွေ လုပ်ဖို့ အရမ်းစိတ်အားထက်သန်နေပါတယ် ဂရူးကလည်း သူ့အလုပ်ပြန်ရဖို့ ဗီလိန်ဘော်တယ်ဇာ ဘရက်တ်ကို ဖမ်းဖို့လိုနေတာကတစ်ကြောင်း ဒရူးကလည်း ဗီလိန်လုပ်ပြီး ဘရက်တ်ခိုးသွားတဲ့စိန်ကို ပြန်ယူဖို့ ညီအစ်ကိုနှစ်ယောက်သား အတိုင်အဖောက်ညီညီ ကြိုးပမ်းကြပါတယ် ထုံးစံအတိုင်းရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ ထွက်ခဲ့ပြီးတဲ့ Despicable me1,2လိုပဲ ပရိသတ်ကိုကျေနပ်စေမှာပါ။ အဲတော့ ဒရူးနဲ့ဂရူးတို့ ဘယ်လိုကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းအပြည့်အစုံကို ရှုစားကြပါဦးဗျာ (မြန်မာစာတန်းထိုးဖိုင်ကိုတော့ Mmsubtitles မှကူညီပေးထားတာဖြစ်ပါတယ်) File Size : (708 MB) Quality : 720pWebrip Running Time : 1hr 30minutes Format : Mp4 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Subtitle by Mmsubtitles Encode by Thanhtike Zaw

Crime • Drama
6.5 2017 96 mins
Despicable Me 3
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
Raaz
6.6

Raaz (2002) Horror/Drama IMDb 6.6/10 (3.6K) ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းတစ်ကားကို ရှာနေတယ်ဆိုရင်တော့ မင်းသမီး ဗီပါရှားဘာဆူးရဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ… ဒီဇာတ်ကားလေးမှာ အချစ် အလွမ်း အဆွေး ရသမျိုးစုံပါနေတဲ့အပြင် သီချင်းလေးတွေလည်း ကောင်းလို့ ဘောလီဝုဒ်သီချင်းကြိုက်တဲ့သူတွေ နှစ်သက်စေမှာ အမှန်ပါပဲ… အာဒစ်သယားနဲ့ ဆန်ဂျနားဟာ ပြတ်တော့မယ့်ဆဲဆဲ သူတို့ရဲ့အိမ်ထောင်ရေးလေးတည်မြဲဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုပေးချင်တဲ့အနေနဲ့ သူတို့ရဲ့အချစ်တွေစတင်ပေါက်ဖွားရာ အူတီမြို့လေးကို ထွက်လာခဲ့ပါတယ်.. အဲ့ဒီမှာပဲ ညညဆို ဆန်ဂျနားဟာ မိန်းကလေးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်သံနဲ့ သေနတ်သံတွေကို ညတိုင်းလိုလိုကြားနေခဲ့ရပါတယ်… အဲ့ဒီအသံတွေကလည်း သူမတစ်ယောက်တည်းကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ မကြားရပါဘူး… တစ်စတစ်စနဲ့ တဖြည်းဖြည်း အသံတွေဟာ နီးကပ်လာတဲ့အခါမှာတော့…..

Drama • Romance
6.6 2002
Raaz
Nimona
7.7

Nimona (2023) =========== Genre – Animation, Adventure, Comedy, Drama IMDb Rating – 7.7/10 Netflix ကနေ အသစ်ဆက်ဆက် ထွက်ရှိထားတာ မကြာ သေးတဲ့ Animation ကားကောင်းလေး ဖြစ်ပါတယ်။ တ ကယ်ဆို ဒီကားလေးဟာ ၂၀၂၁ ခုနှစ်ကတည်းက Ice Age တို့ Rio တို့ကို ဖန်တီးခဲ့တဲ့ Blue Sky Studio ကနေ ဖန်တီး နေတဲ့ လက်ရာဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းတောင် ပြီးစီးနေ ခဲ့ပါပြီ ဒါပေမဲ့ Disney က ပိတ်ချလိုက်တဲ့အခါမှာတော့ Netflix ကနေ ပြန်လည်လက်လွှဲယူပြီး ခုမှ ထွက်ရှိလာခဲ့ တာပါ။ အသံသရုပ်ဆောင်ဆိုရင်လည်း ဇာတ်ကောင် Nimona နေရာမှာက ကလေးဘဝကတည်းက ခုထက်ထိ သရုပ်ဆောင် နေပြီး အကုန်ချစ်ရတဲ့ မင်းသမီးလေး Chloe Grace Moretz ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဆိုရင်လည်း Blue Sky Studio က နေ ခွဲထွက်လာပြီး Will Smith နဲ့ Tom Holland တို့ ပါဝင် ထားတဲ့ Spies in Disguise Animation ကို ပွဲဦးထွက် ရိုက် ကူးထားတဲ့ Nick Bruno နဲ့ Try Quane Duo နှစ်ယောက် ဖြစ်ကြပါတယ်။ ဇာတ်လမ်းလေးကတော့ ပြောရမယ်ဆို ခေတ်မှီနေတဲ့ ရှေး ခေတ်ဆန်ဆန် တိုင်းပြည်ကြီးတစ်ခုမှာ အခြေခံထားတာပေါ့။ ရှေးခေတ်ဆန်တယ်ဆိုတာက တိုင်းပြည်မှာ ရဲတွေ စစ်သား တွေမဟုတ်ပဲ ဟိုးအရင်ကတည်းက တိုင်းပြည်တည်ထောင်သူ ဘုရင်မဂလောရက်ရဲ့ တော်ဝင်မျိုးဆက် အစဉ်အဆက် သူရဲ ကောင်းတွေနဲ့ Institute ဆိုပြီး အုပ်ချုပ်ခဲ့တာမျိုး ဆိုပါစို့။ အဲဒီ မှာ လက်ရှိဘုရင်မကြီးက ဒီအစဉ်အလာကို ချိုးဖောက်ပြီး တော် ဝင်သွေးမဟုတ်တဲ့ ဘယ်လီစတာဆိုတဲ့ကောင်လေးကို ဓားပေးပြီး သူရဲကောင်းလုပ်ခဲ့ခိုင်းရာမှာ ဒီနေ့ ဘုရင်မကြီးကိုယ်တိုင် Sir ဆြာ ဘွဲ့ပေးအပ်တော့မယ့် အနေအထားတောင် ရောက်လာပါတယ်။ ဒါပေမဲ့လည်း လူတချို့ကတော့ အညတရပြည်သူတစ်ယောက်ကို လုပ်ခိုင်းစရာလား ဘာလားနဲ့ ကွဲလွဲမှုတွေတော့ ရှိတာပေါ့။ သူတို့ သူရဲကောင်းတွေကြားမှာလည်း ဘယ်လီစတာတစ်ယောက် မျက် နှာငယ်ရပြီး အနှိမ်ခံရတဲ့အချိန် အားကိုးဖော်ဘော်ဒါတစ်ယောက်ပဲ ရှိပါတယ်။ ဒီလိုနဲ့ ဘုရင်မကြီးပေးတဲ့ ဘွဲ့ကို ခံယူနေချိန်မှာပဲ သူ့ရဲ့ဓားက ထဖောက် ပြီး ဘုရင်မကြီးကို သတ်မိသွားကာ အားကိုးရတဲ့ သူငယ်ချင်းကလည်း လက်ကို ခုတ်ဖြတ်လိုက်ပြီး ဘယ်လီစတာတစ်ယောက် ဝရမ်းပြေး ဖြစ် သွားရပါတော့တယ်။ တစ်တိုင်းပြည်လုံးက ဗီလိန်ဆိုပြီး ဝရမ်းပြေးဖြစ် နေတဲ့အချိန် နီမိုနာဆိုတဲ့ လူထူးဆန်းကောင်မလေးကတော့ စိတ်ဝင်စားပြီး ဘယ်လီစတာကို ရှာပြီး ဗီလိန်လက်ထောက် ဖြစ်ချင်လို့ပါ ဆိုတဲ့အခါမှာ တော့… ဘယ်လီစတာ သူ့ နာမည်ပျက်ကိစ္စ ဖြေရှင်းနိုင်မလား၊ ကောင်မလေး နီမိုနာကရော ဘယ်လိုတွေ ထူးဆန်းနေသလဲ စသဖြင့် ရိုးရိုးအေးအေး ဘယ်လီစတာနဲ့ ပေါက်ကရလေးဆယ် နီမိုနာတို့ စွန့်စားခန်းထွက်ကြတာကို ကြည့်ရှုရမယ့် Animation ကားကောင်းလေး ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဟာသလေးတွေ ဝေဝေဆာဆာကြည့်ရမယ့်အပြင် ဒရမ်မာချိုးတာလေး တွေလည်း ခံစားရဦးမှာ ဖြစ်လို့ ပြေးကြည့်ကြဖို့သာ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.4 GB) / (614 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsuba Format…………MP4 Genre…………..Animation, Action, Adventure Translator…….Thura Aung Encoder……….Zin Phyo Aung

7.7 2023
Nimona
The Cat Returns
7.1

The Cat Returns (2002) =================== Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။ အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။

7.1 2002
The Cat Returns
American Ninja

ဂျိုးဆိုတဲ့ကောင်လေးဟာ ကိုယ့်မိဘ ဘယ်သူမှန်းလည်း မသိ၊ ကိုယ့်မွေးနေ့မွေးရက်ကိုလည်းမသိတဲ့အပြင် ကျွန်းတစ်ကျွန်းမှာ ပေါက်ကွဲမှုကြောင့် အတိတ်မေ့သွားရှာတဲ့ ကောင်လေးတစ်ယောက်ပါ။ သူဟာ အရွယ်ရောက် ကတည်းက ပြဿနာအမျိုးမျိုးတက်ပြီး လူငယ်ထိန်သိမ်းရေးကျောင်းကိုလည်း ခဏခဏရောက်ပြီး နောက်ဆုံးမှာ တရားရုံးက စစ်မှုထမ်းဖို့ အမိန့်ချမှတ်လိုက်တဲ့အတွက် စစ်တပ်ထဲရောက်လာတဲ့သူပါ။ တစ်နေ့မှာတော့ သူတာဝန်ကျရာစခန်းက ကာနယ်ကြီးရဲ့သမီးကို အိမ်ပြန်ပို့ဖို့ တာဝန်ကျလို့ ပြန်ပို့ရာလမ်းမှာ နင်ဂျာတစ်ဖွဲ့က သူတို့ထရပ်ကားတွေကို ဝင်စီးတဲ့အခါမှာ ထူးဆန်းစွာပဲ သူခန္ဓာကိုယ်အလိုအလျောက်တုန့်ပြန်ပြီး ကာနယ်သမီးကို နင်ဂျာအတတ်ပညာဖြစ်တဲ့ နင်ဂျုဆုတွေကို အသုံးပြုပြီး ကယ်တင်လိုက်ပါတယ်။ ဒီလိုနဲ့ ပြန်ရောက်တဲ့အခါမှာ ဆာဂျင်က သူ့ကိုပြစ်ဒဏ်ချတဲ့အနေနဲ့ ထရပ်ကားသိုလှောင်ရုံဘက်မှာ တာဝန်ချရာကနေ စစ်တပ်နဲ့ ဒီနင်ဂျာသူပုန်အဖွဲ့ဟာ ပူးပေါင်းကြံစည်နေပြီးတော့ နိုင်ငံတော်ပိုင်လက်နက်တွေကို မှောင်ခိုထုတ်နေမှန်းသိလိုက်ရာကနေ သူ့ကိုလိုက်သတ်နေတဲ့နင်ဂျာအဖွဲ့တွေဆီကရော သူ့ကို ပြဿနာကောင်အနေနဲ့ မြင်တဲ့ စစ်တပ်က လူတွေကိုရော ဘယ်လိုယုံအောင်ရှင်းပြမလဲ ဒီကိစ္စရဲ့နောက်ကွယ်မှာရော ဘယ်သူတွေပါဝင်နေလဲ သူကရော နင်ဂျာအတတ်ပညာတွေကို ဘယ်လိုတတ်မြောက်နေတာလဲ အတိတ်မေ့နေတဲ့မှတ်ဉာဏ်တွေကရော ပြန်ပေါ်လာပါ့မလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး 90s ရာစုက အငွေ့အသက်ကို အပြည့်အဝခံစားရမှာဖြစ်ကာ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ အာနိုးဇာတ်ကားတွေကို ပြန်လည်သတိရစေမှာဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 1985
American Ninja
Freaky Friday

ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို တင်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အမေနေရာမှာ သရုပ်ဆောင်တဲ့ Jamie Lee Curtis ကလည်း ဆယ်ကျော်သက်ပုံစံကို အမိအရ သရုပ်ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပြီး သမီးနေရာမှာ သရုပ်ဆောင်တဲ့ Lindsay Lohan ကလည်း စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ဆယ်ကျော်သက်ဘဝကို ရင့်ကျက်တဲ့ အမူအရာနဲ့ အမေတစ်ယောက်လိုပုံဖော်ရင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်အိမ်လေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အချိန်ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်လို့ Heart Warming ဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကိုယ့်မိဘ မဟုတ်လည်း ချစ်ခင်ရသူတွေနဲ့အတူတူ အချိန်ပေးကြည့်ဖြစ်ရင် ပိုကောင်းမယ်လို့ အကြံပေးရင်းနဲ့ပဲ ကဲ ရှုစားလိုက်ကြပါဦးဗျာ။ File size…(2.0 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

0 2003
Freaky Friday
Zhu Bei Uncrackable Cases
6

မှုခင်းရဲတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင်မုံ့တုန်းဟာ ရာထူးခန့်အပ်ခါစမှာပဲ ခြေထောက်ပြတ်တစ်ခုကို မြစ်ထဲက ဆယ်ခဲ့ရပြီး အမှုစစ်ဆေးစရာဖြစ်လာပါတယ်။ ဒီအမှုအတွက်ကျူးပေမြို့ကလေးက တံငါသည် ရှီဆွေရှန်းက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တဲ့အတွက် မုံ့တုန်းစိတ်ထဲ သံသယ ပိုများနေခဲ့ပါတယ်။ ရှီဆွေရှန်းရဲ့ ပြီးပြည့်စုံလှတဲ့ ဖြောင့်ချက်ကတစ်ဆင့် မုံ့တုန်းဟာ သဲလွန်စတွေ ရှာဖွေနိုင်ခဲ့ပြီး လီလောင်စန်းကို သံသယဖြစ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာတော့ မုံ့တုန်းဟာ မတော်တဆ လူသတ်မိတဲ့ လီလောင်စန်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံကို ရှာတွေ့ပြီအထင်နဲ့ အမှုပိတ်ခါနီးမှာ ခရိုင်မြို့မှ DNA စစ်ဆေးချက်အဖြေကို ရရှိခဲ့ပြီး ခြေထောက်ပြတ်ရဲ့ ပိုင်ရှင်ဟာ တခြားလူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ…… မုံ့တုန်းတို့အဖွဲ့ တရားခံအစစ်ကို ဖမ်းဆီးနိုင်ပါ့မလား…… ရထားတဲ့ သဲလွန်စတွေထဲမှာ ဘယ်လောက်ကအစစ်ဖြစ်ပြီး ဘယ်လောက်က အတုတွေ ဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

6 2022
Zhu Bei Uncrackable Cases
Duchess

ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့ တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့ အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

0 2024
Duchess
The Dishwasher
7.2

ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ် စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင် Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင် အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကို အခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာ Prix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်… မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေး တစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ် လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊ လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင် မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Horror • Thriller • Science Fiction
7.2 2023 128 mins
The Dishwasher
Ready to Rumble

Ready to Rumble ဆိုတဲ့ “လုံးသတ်ဖို့အသင့်ပဲ” လို့အဓိပ္ပါယ်ရတဲ့ဒီဇာတ်ကားက Professional wrestling အတွင်းမှာ ပရိသတ်ရဲ့ စိတ်အားထက်သန်မှုနဲ့ အားကစားချစ်သူတို့ရဲ့ ခံစားချက်များကို ပြသဖို့ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂေါ်ဒီနဲ့ ရှန်တို့နှစ်ယောက် နပမ်းသမားလောကမှာ သူတို့စံ,ထားရတဲ့ ဂျင်မီကင်းဟာ ပွဲတစ်ပွဲမှာ မမျှမတ ရှုံးနိမ့်သွားတာကြောင့် ပွဲစဥ်ကနေ တသက်တာအနားယူခဲ့ရပါတယ်။ ဇာတ်လမ်းထဲမှာ ပရိသတ်များက သူတို့နှစ်သက်ရာ နပမ်းသမား ကို အောင်မြင်စေဖို့ အားပေးကြပြီး နောက်တန်းထွက်ကစားသမားများ, ကမ္ဘာ့စံချိန်ပြိုင်ဆိုင်မှုများနဲ့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများကို ဖော်ပြထားပါတယ်။ ဟာသကားဖြစ်တာနဲ့အညီ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့စွမ်းရည် ဟာသဉာဏ်ကွန့်မြူးမှုတို့ကို တစိမ့်စိမ့်ခံစားရင်း ကြည့်ရှုရမှာပါ။ အနားယူခံရတဲ့ ဂျင်မီကို သိမ်းသွင်းပြီး နပမ်းသမားလောကကို ပြန်ရောက်အောင် ဘယ်လိုဖြောင်းဖြသွားမလဲဆိုတာ…… File size…(2.5 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

0 2000
Ready to Rumble
Kutsal Damacana 5: Zombi!

Kutsal Damacana 5: Zombi (2025) (ကာသလွန်ရေဘူး ၅ ဇွန်ဘီ) ဇာတ်လမ်းအကျဉ်း ကွတ်စတယ် ဒါမာကာနာဟာ ပဋိပက္ခဇာတ်ကားအသစ်ဖြစ်ပြီး ဇွန်ဘီ ဇာတ်လမ်းနဲ့ ပျော်ရွှင်ဖွယ် ကောလာဟလများ ပါဝင်ပါတယ်။ နာမည်ကြီး မင်းသမီ၊ ဇာတ်ဆောင်တွေနဲ့ရိုက်ကူးထားတာပြီး ဟာသနဲ့ စွန့်စားမှုတွေ ပေါင်းစပ်ထားပါတယ်။ ဟာသနှင့် ကြောက်ရွံမှုကို ပေါင်းစပ်ထားတာကြောင့် လူကြိုက်လည်းအတော်လေးကိုမှ များပါတယ်။ ဇာတ်လမ်းမှာ ဇွမ်ဘီတွေက ကြီးပြင်းလာပြီး ပန်းခြံမြိုလေးတစ်ခုမှာ ဖျက်ဆီးနေကြပါတယ်။ ဇာတ်ဆောင်နဲ့ သူ့သူငယ်ချင်းတွေ ကြိုးစားကာ ကာကွယ်ကြရရင်း ဟာသအပြည့်နဲ့ စွန့်စားမှုတွေကြောင့် ကြောက်စရာမကောင်းပဲ ဟာ,သနဲ့ရယ်စရာတွေအလွန်ပဲပါဝင်နေပါတယ်။ လက်ရှိ လူကြိုက်များတဲ့ ဟာသဇာတ်ကားတစ်ခုဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်အပန်းဖြေဖိုအတွက်ကြည့်ဖို သင့်တော်ပါတယ်။ ကြောက်စရာနည်းပြီး ဟာသကြိုက်တတ်တဲ့ သူတွေအကြိုက်ဖြစ်လို ကြည့်ကြည့်ဖိုကိုတိုက်တွန်းချင်ပါတယ်ဗျ။ အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brian, Cym, Yunni, V, Honey တိုမှတင်ဆက်ပေးထားပါတယ်ခင်ဗျာ။

0 2025 97 mins
Kutsal Damacana 5: Zombi!