YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Selfiee (2023) Hindi TRUE WEB-DL - 1080p - AVC.AAC5.1CH(CM).mp4

3.44 GB 1080p video/mp4 1608 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Medellin
5.7

Medellin (2023) ဟာသအက်ရှင်ကား ကောင်းကောင်းကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကမင်းသားတွေအဖြစ် Taxi 5 ရုပ်ရှင်ထဲမှ မင်းသား Frank Gastambide နဲ့ 2 lone in Paris ဟာသရုပ်ရှင်ကားထဲမှ မင်းသား Ramzy Bedia တို့မှ တွဲဖက်မိမိနဲ့ သရုပ်ဆောင်ထားပါတယ်။ Mike Tyson လည်း ပါဝင် အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရီဒါဟာ ပြင်သစ်မှာ လက်ဝှေ့အားကစားရုံဖွင့်ထားတဲ့လူတစ်ယောက်ပါ။ သူ့ညီဖြစ်သူ ဘရာဟင်းကတော့ နာမည်ကြီးမင်းသားအတိုင်း ဝတ်စားပြင်ဆင်တတ်တဲ့ Influencer တစ်ယောက်ပါ။ ဘရာဟင်းလည်း ကိုလမ်ဘီယာနိုင်ငံ မက်ဒလင်းမြို့ကို သွားလည်ရင်းနဲ့ မူးယစ်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်။ အဲဒါကို သိသွားတဲ့ ရီဒါလည်း သူ့ညီကို ဒီအတိုင်းပစ်မထားနိုင်တာကြောင့် ဘရာဟင်းကို ကယ်ဖို့ ကိုလမ်ဘီယာကို လိုက်ဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ရီဒါရယ် စတန်ရယ် ရှာဖိခ်ဆိုတဲ့ လူပုလေးတို့ ဘရာဟင်းကို ကယ်ဖို့လာရင် မက်ဒလင်းမြို့မှာ စွန့်စားခန်းထွက်ပါတော့တယ်...... အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 1GB | 489MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Action & Adventure • Drama
5.7 2023 104 mins
Medellin
A Paris Proposal
5.9

Romance တွေ ပေါက်ဖွားရာ ပဲရစ်မြို့လေးမှာ ဖြစ်ပျက်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ ရိုမန့်စ် ဒရမ်မာ ဇာတ်ကားလေးဖြစ်ပါတယ်။ နယူးယော့ခ်မြို့က ကြော်ငြာ အေဂျင်စီ ကုမ္ပဏီတစ်ခုမှာ စရိုက်မတူတဲ့ သူတို့ ၂ ဦး "အန်နာ ဘိုးမန်း" နဲ့ "ဆက်ဘာရှန် လောရန့်" ။ ဆက်ဘာရှန်က အပူအပင်ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ငွေစာရင်း မန်နေဂျာ အန်နာဘိုးမန်းကတော့ စာရင်းနဲ့ ချက်ကျ လက်ကျ တွေးပြီး စိုးရိမ်တတ်တဲ့သူတစ်ဦး။ ပဲရစ်မြို့က နာမည်ကြီး စိန်ဘရန်းဖြစ်တဲ့ ဂျူးရန်း ဒိုင်းမွန်းစ်က အမေရိကမှာ လုပ်ငန်းတိုးချဲ့ဖို့အတွက် အန်နာတို့ရဲ့ အေဂျင်စီကို ကြော်ငြာအတွက် ငှားခဲ့တယ်။ ဒီလိုနဲ့ သူတို့ ၂ ဦး ပဲရစ်မြို့ကြီးကို ရောက်သွားပြီး ဘယ်လိုအချစ်ဇာတ်လမ်းမျိုး ကြုံရမလဲ အလုပ်ကိစ္စရော အဆင်ပြေပါ့မလားဆိုတာတော့..... File Size :(1.6GB) and (691MB) Quality :Web-Dl 1080P,720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Comedy • Drama • Romance
5.9 2023 84 mins
A Paris Proposal
The Stepford Wives
5.7

မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ အဆင်မပြေနိုင်ဘူးဆိုတာကို ပြထားတယ်လို့ ထင်တာပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ယောက်ပေါင်းမှ ဖြစ်တဲ့ ကိစ္စမဟုတ်လားဗျာ။ အဲဒီတော့ မိန်းမတွေ ပေးဆပ်ထားသလောက် ယောက်ျားတွေကလည်း ပြန်ပေးနိုင်ပြီး အပြန်အလှန်နားလည်နိုင်ကြမှ အဆင်ပြေမှာကိုး။ ခုလို Comedy, Horror, Sci-Fi ဇာတ်ကားလေးဖြစ်တဲ့ The Stepford Wives မှာ အရမ်းတော် အရမ်းထက်နေတဲ့ အမျိုးသမီးများ တစ်ခုခုတော့ စဉ်းစားစရာရသွားပြီး အမျိုးသားများလည်း တွေးစရာတစ်ခုရသွားနိင်တယ်လို့ ထင်ပါတယ်။ စကားမစပ် မင်းသမီးကလည်း အလန်းစားမမ Nicole Kidman ဖြစ်ပြီး လှပကျော့မော့တဲ့ Stepford က ဇနီးသည်တွေလည်းပါနေတဲ့အတွက် အစ်ကိုကာလသားများ မျက်စိပသာဒဖြစ်ကြမယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Comedy, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.7 2004 93 mins
The Stepford Wives
Bound by Blackmail
6

ပိရမစ်လိမ်နည်းဆိုလား MLM လား ဘာလား ဘာညာသရာကာ အဲဒါမျိုးကို အားလုံးရင်းနှီးပြီးသားပဲမလား။ ဒီကားကတော့ တက်ကျမ်းတွေဟောတဲ့ ဘဲက ပိရမစ်လိမ်နည်းနဲ့ စိတ်ဓာတ်မြှင့်တင်ရေးအတန်းတွေဖွင့်၊ လူခေါ်အောင် မက်လုံးပေး၊ ထွက်မရအောင် အကြပ်ကိုင်တာတွေ လုပ်တဲ့ကားပေါ့။ ထူးတာက ဒီကားက အကောင်းစားကားလို့တော့ ပြောမရပေမဲ့ Thriller ကား ပီသတယ်။ စစချင်းမှာ ခင်ဗျား ဘာတွေဖြစ်နေတာလဲ တွေးမိမယ်။ နောက်ကျ ဇာတ်ရည်တဖြည်းဖြည်းလည်လာမယ်။ ဘယ်သူလုပ်နေတာလဲ ဆိုတဲ့ အချက်ကို ပြောင်းတွေးမိလာမယ်။ အဆုံးကျ ခင်ဗျား ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ အဖြေကို သိချင်လာရင်း ရင်တသိမ့်သိမ့်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ကလေးပါပဲ။ အကောင်းစားမဟုတ်ပေမဲ့ သင့်ရာတော်ရာကားကောင်းလေးပေါ့။ ပေါ့ပေါ့ပါးပါး ရင်တအေးအေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးဆိုလည်းမမှားဘူး။ ဒီရုပ်ရှင်ဟာ လိုးဘတ်ဂျက် တီဗီမူဗီကားတစ်ကားဖြစ်ပေမဲ့လည်း သူမနိုင်တာတွေ ဘာမှမလုပ်ထားဘဲ သူနိုင်တဲ့အပိုင်းကိုပဲ သေချာပြပြီး ဇာတ်ညွန်းကိုလည်း Thriller ကား ပီပီသသ ရင်တဖိုဖိုဖြစ်ရအောင် သိချင်စိတ်ကိုဆွပြီး တဖြည်းဖြည်းချင်း သူ့ဇာတ်သူပုံဖော်သွားသလို သရုပ်ဆောင်တွေကလည်း ခက်ခက်ခဲခဲမဟုတ်တဲ့ ဇာတ်ရုပ်တွေကို အဆင်ပြေပြေသရုပ်ဆောင်သွားခဲ့ပါတယ်။ အကောင်းကြီးမဟုတ်လှတဲ့ကားပေမဲ့ သူသုံးထားတဲ့ ဘတ်ဂျက်အနေအထားအရ စုတ်ပြတ်မသွားတဲ့ ခြောက်ပြစ်ကင်းတယ်ဆိုတာ ရိုးရှင်းခြင်းမှာရှိတယ်ဆိုတာကို တစ်နည်းတစ်ဖုံသက်သေပြသွားတဲ့ ရုပ်ရှင်လေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 680MB Quality - 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 23Min Genre - Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Crime • Drama • Thriller
6 2022 85 mins
Bound by Blackmail
Archive
6.2

သေပြီးတဲ့နောက်မှာ ဘဝကြီးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ။ ကိုယ့်ရဲ့ အသိစိတ်ကို ခဏသိမ်းထားလို့ရပြီး နောက်မှာ ကျန်ခဲ့မယ့်လူတွေကို နှုတ်ဆက် စကားပြောခွင့်ရမယ်ဆိုရဂ်ရော။ Artificial intelligence(ညဏ်ရည်တု)နည်းပညာနဲ့ ပက်သက်တဲ့ နယ်ပယ်မှာ ပညာရှင်တိုင်းဖြေဖို့ကြိုးစားနေတဲ့မေးခွန်းတစ်ခုရှိတယ်။ "အသိ စိတ်ကို ဖန်တီးလို့ရလား"ဆိုတဲ့မေးခွန်းပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီမေးခွန်းကိုရိုးရိုးလေး ဖြေပြသွားတာကိုတွေ့ရမှာပါ။ 1238ခုနှစ်မှာ စက်ရုပ်ပညာရှင်တစ်ယောက်က ဂျပန်နိုင်ငံရဲ့ နှင်းတောထဲက အလုပ်ရုံတစ်ခုမှာ လူလိုအသိညဏ်ရှိတဲ့စက်ရုပ်တွေကို ကြိုးစားပြီးဖန်တီး နေတယ်။ သူ့ရဲ့အသိစိတ်ရှာပုံတော်က တော်တော်တောင်ခရီးရောက်နေပြီပြောရမယ်။ လိုအပ်နေတာလေးတွေတော့ရှိသေးတာပေါ့။ ဒါပေမယ့် သူကတိကျတဲ့ရည်ရွယ်ချက်တစ်ခု အတွက် လူသားတစ်ယောက်နဲ့ထပ်တူကျတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။ တိတိကျကျပြော ရရင် သေသွားတဲ့သူ့မိန်းမနဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ် က အန္တရာယ်များလာပြီး စွန့်စားရမှာတွေရှိလာတယ်။ သူအောင်မြင်ပါ့မလား။ ဘယ်လိုပြဿ နာတွေကိုကြုံရဦးမလဲဆိုတာသိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။ -------------- ဇာတ်ကားက IMDB Rating 6.3/10 ရရှိထားပြီး si-fi ဇာတ်ကားတစ်ကားအနေနဲ့ဆို မဆိုးဘူး လို့ပြောရမှာပါ။ ခပ်အေးအေးဇာတ်လမ်းနဲ့ မထင်မှတ်ထားတဲ့ အဆုံးသတ်နဲ့ ပရိတ်သတ်ကို ဪ ဒီလိုလားဆိုပြီးဖြစ်သွားစေပါလိမ့်မယ်။ ညဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး ညဏ်ရည်တုနဲ့ လူသားတွေရဲ့ကြားထဲမှာရှိလာနိုင်တဲ့ သံယောဇဉ်တွေကိုပါချပြထားပါတယ်။ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nay Myo Thu ပဲဖြစ်ပါတယ်။) Quality – 720p WebRip Duration - 1 hr 49 min Subtitle – Myanmar Hardsub Format – Mp4 Genre : Sci-Fi Source : 1080p.WebRip Translator – Nay Myo Thu Encoder – SWM

Comedy • Drama
6.2 2020 109 mins
Archive
Dungeons & Dragons: The Book of Vile Darkness

Dungeons & Dragons : The Book of Vile Darkness (2012) Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။ Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။ ~ ဇာတ်လမ်းအကျဉ်း ~ ဒီတတိယကားကတော့ ပထမကားနဲ့ရော ဒုတိယကားနဲ့ရော မအပ်စပ်တော့ပါဘူး။ ခေတ်တစ်ခေတ်မှာ ဆိုးယုတ်တဲ့‌ မှော်ဆရာတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဒီဘဲက ဘယ်လောက်ယုတ်သလဲဆို သူကလူဆိုတော့ လူ့သက်တမ်းတစ်လျှောက်လေးပဲ ယုတ်ရမှာ နည်းလိုက်တာဆိုပြီး သံသရာအဆက်ဆက်ယုတ်ဖို့ ကြံစည်ပါတယ်။ နတ်ဆိုးကို ဝိညာဉ်ရောင်းပြီး သူ့ခန္ဓာကိုယ်ကို ယုတ်ညံ့မှုအပေါင်းကို ခေါ်ဆောင်လာမယ့် စာအုပ်အဖြစ်ပြောင်းလဲခဲ့တာပါ။ ဒီစာအုပ်ကိုကြည့်မိတဲ့လူတိုင်း မကောင်းဆိုးရွားဖြစ်ကုန်ပါမယ်။ ကြာလာရင်တစ်လောကလုံး မကောင်းဆိုးရွားဖြစ်ပြီး လောကကြီးပျက်မယ့် မဟာအိုင်ဒီယာကြီးပေါ့။ ဒါပေမဲ့ အလင်းနတ်ဘုရား ပါလာရဲ့ ကျေးကျွန်တွေဖြစ်တဲ့ နယူးဆန်းသူရဲကောင်းတွေက သူတို့ကိုတားဆီးပြီး လောကကြီးကိုကယ်တင်လိုက်ပါတယ်။ စာအုပ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ အကုန်တော့မပျက်ဘဲ ကျန်နေတဲ့အစိတ်အပိုင်းတွေကို နောက်မျိုးဆက်ရဲ့လူယုတ်တွေက ပြန်အသက်သွင်းဖို့ကြံပါတယ်။ ဒီအချိန်မှာ ဒါကိုတားမယ့် သူရဲကောင်းတွေက ဘာအစွမ်းမှမရှိတော့ပါဘူး။ နှစ်ရှစ်ရာလုံး အားယားနေခဲ့လို့ စွမ်းအားလက်မဲ့ဖြစ်ကုန်ကြပါပြီ။ တစ်နေ့သူရဲကောင်းသစ်ဝင်တဲ့အခမ်းအနားလုပ်နေတုန်း သူတို့ကို အကုန်သတ်သွားပြီး သူရဲကောင်းတစ်ယောက်သာကျန်ပါတယ်။ သူ့အဖေက‌တော့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူရဲကောင်းဟာ သူ့အဖေကိုဖမ်းထားတဲ့နေရာကို သိရအောင် လူဆိုးတွေနဲ့ပေါင်းပြီး နဂါးတွေဘာတွေသတ်ပြီး လူဆိုးတွေနဲ့ စွန့်စားခန်းထွက်ပါတယ်။ စာအုပ်ပြန်ပေါ်လာမှာကို သူရဲကောင်း ဘယ်လိုတားမလဲတော့ သူတို့ရဲ့စွန့်စားခန်းကြီးမှာ ကျွန်တော်တို့မြင်ကြရမှာပါ။ (ဒီဇာတ်ကားတွေနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 815MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Action, Adventure, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Action • Adventure • Mystery • Science Fiction
0 2012 90 mins
Dungeons & Dragons: The Book of Vile Darkness
Delta
5.6

ဒီရုပ်ရှင်ဟာ ဒယ်လ်တာလို့အမည်ရတဲ့ မြစ်ဝှမ်းမှာရှိတဲ့ တံငါသည်တွေနဲ့ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသမားတွေအကြားက ပဋိပက္ခကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်‌ဖို့ကြိုးစားနေသူတစ်‌ယောက်ပါ။ တစ်ဖက်က ငါးခိုးဖမ်းတဲ့ ဖလော်ရီယန်တွေဘက်မှာတော့ ဒယ်လ်တာဒေသမှာကြီးပြင်းလာခဲ့တဲ့ အီလီယာဆိုတဲ့သူရှိပါတယ်။ အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်‌ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

5.6 2022
Delta
Róise & Frank
6.6

Róise & Frank (2022) ================ IMDb Rating – 6.6/10 ဒီကားလေးကတော့ အိုင်ယာလန်ရဲ့ နိုင်ငံအားကစားနည်းတစ်ခုဖြစ်တဲ့ ဟာလင်းဆိုတဲ့ ကစားနည်းလေးနဲ့၊ ခွေးလေးတစ်ကောင်ရယ် သူ့ရဲ့ ပိုင် ရှင်မိသားစုလေးရယ်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဟာလင်းဆိုတာ က တင်းနစ်ဘောလုံးအရွယ်အစားဘောလုံးကို ရိုက်တံနဲ့ ဟိုဘက်ဒီဘက် ၁၅ယောက်စီ ဂိုးသွင်းအမှတ်ယူရတဲ့ ကစားနည်းပါ။ အိုင်ယာလန်မှာ တော့ နိုင်ငံအားကစားနည်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ အရင်က ကြည့်ဖူးတဲ့ တိရစ္ဆာန်ကားတွေလိုပဲ ခွေးလေးက ဟာလင်းမှာ ပါရမီပါတဲ့ ကောင်လေးနဲ့အတူတူ ပွဲကစားတာမျိုးပါပဲ။ ထူးခြားတာက ခွေးလေးဖရန့်နဲ့ပိုင်ရှင်ဖြစ်သူ ရို့စ်စီကြားက ဆက်ဆံရေးပဲဖြစ်ပါတယ်။ ဖရန့်နဲ့ ရို့စ်စီကြားက ဆက်ဆံရေးကဘယ်လိုမျိုးထူးခြားနေလဲ၊ ဖရန့်နဲ့ ကောင်လေးတို့ ဘယ်လိုမျိုး ဟာလင်းဆော့ကြမလဲ၊ ဘယ်လိုအခက် အခဲတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.25 GB) / (535 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thetti Tun Encoder……….SWM

Comedy • Science Fiction • Romance
6.6 2022 88 mins
Róise & Frank
Godzilla Minus One
8.4

Godzilla Minus One (2023) ===================== IMDb Rating – 8.3/10 ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့ စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ် ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေ ရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင် အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdb မှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ Gareth Edwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့ မှတ်ချက်ပေးသွားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း – ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ် ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်း မတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ပင်လယ်ကြမ်းပြင်အောက် မှာ ရှိနေခဲ့တဲ့ သတ္တဝါကြီးပါ။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် သူ့အသိုက်နဲ့ ဆွေ မျိုးတွေ ပျက်စီးသွားပြီးနောက် ဒေါသတကြီးနဲ့ ကုန်းမြေပေါ်ကို တက်လာတာလည်း ဖြစ်ပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပစ်ပြီး အဏုမြူဓာတ် ရောင်ခြည်တွေကိုလည်း စုပ်ယူနိုင် ပြန်သုံးနိုင်ပါတယ်။ ဂေါ်ဇီလာရဲ့ ဇစ်မြစ်ဟာ အဏု မြူဆန့်ကျင်ရေး သင်္ကေတအတွက် ရည်စူးပြီး စတင်ခဲ့တာပါပဲ။ ဟောလိဝုရုပ်ရှင်တွေမှာ ဂေါ်ဇီလာကို သတ္တဝါဆိုးကြီးအနေနဲ့ပဲ ပုံဖော်တာမျိုးပေမဲ့ ဂျပန်တွေမှာတော့ ဂေါ် ဇီလာဟာ သတ္တဝါကြီးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအနေနဲ့ ပုံဖော်ခံရတာများပါတယ်။ နတ်ဘုရားဆိုပေမဲ့ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ နတ်ဘုရားမျိုးကို ပုံဖော်ထားတာပါ။ 1954 ပထမဆုံးဂေါ်ဇီလာရုပ်ရှင်ကို ရုံတင်ချိန်မှာ လာကြည့်ကြတဲ့ ဂျပန်နိုင်ငံသားတွေ မျက်ရည်တွေနဲ့ ထွက်လာခဲ့ကြတယ်ဆိုရင် အခြားနိုင်ငံသားတွေနားလည်နိုင်မှာမဟုတ် ပါဘူး။ ဒုတိယကမ္ဘာစစ်အဆုံးမှာ အနုပညာရှင်တွေ နဲ့ နိုင်ငံရေးသမားတွေဟာ အဏုမြူ ဗုံးကိစ္စကို ပေါ်တင်ဆွေးနွေးခွင့် ရှုံ့ချခွင့်မရကြပါဘူး။ ဒါကြောင့်ပဲ ဟီရိုးရှီးမားနဲ့နာဂါဆာ ကီတို့ရဲ့ အဖြစ်ဆိုးကို ဂေါ်ဇီလာနဲ့ တင်စားပြခဲ့တာပါ။ ဂေါ်ဇီလာရဲ့ ကျောက ဆူးတောင် တွေဟာ အဏုမြူဗုံးဒဏ်ရာကြောင့် အမာရွတ်ကြီးတွေဖြစ်လာတာဖြစ်ပြီး ဂျပန်တွေရဲ့ ရင်ထဲက အမာရွတ်ကြီးကို ပုံဆိုးပန်းဆိုးတမင်လုပ်ပြီး ဖော်ပြထားတာပါ။ ဟောလိဝုရုပ် ရှင်အချို့ဟာ ဒီဆူးတောင်တွေကို လှအောင်တောင် ပြင်လိုက်ပါသေးတယ်။ ဒီဇာတ်လမ်းဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကာစ လေကြောင်းတိုက်ပွဲတွေကြောင့် ပြန်နာ လံထူနေစ ဂျပန်နိုင်ငံ ဂေါ်ဇီလာတိုက်ခိုက်ခံရတာနဲ့ အစပြုခဲတာပါ။ စစ်အပြီးသုညအချိန်မှာ ဂေါ်ဇီလာတိုက်ခိုက်မှုဟာ သုညမှ အနုတ်သို့လို့ ဆိုလိုပြီး Minus One ဆိုတဲ့နာမည်ကို ပြန်သုံးခဲ့တာပါ။ ဒီရုပ်ရှင်ဟာ မူလဂေါ်ဇီလာ စတင်တိုက်ခိုက်တဲ့ အိုဒိုကျွန်းကနေပဲ စတင် ထားပြီး၊ စစ်အပြီးလက်နက်တွေဖြုတ်သိမ်းနေချိန် ပြန်အပ်နေချိန်မှာ ရှိမဲ့စုမဲ့ အင်အားလေးနဲ့ ဂေါ်ဇီလာကို ရန်ဆိုင်ကြပုံတွေကို ပြသထားတာဖြစ်ပါတယ်။ ဒါကြောင့် ခုနှစ်ပိုင်းမှာ လူတွေ ကြည့်ထားတဲ့ နောက်ဆုံးပေါ် Monsterverse က တိုက်ပွဲအကြမ်းတွေကို မြင်ရမှာမဟုတ် ပါဘူး။ လေယာဉ်နောက်မြီးတောင်ပံလေးထပ်တပ်နိုင်တာကိုတောင် တအံ့တဩဖြစ်ရတဲ့ လေယာဉ်စက်ပြင်ဆရာတွေ၊ ခုန်ထွက်ခလုတ်ဆိုတာဘာမှန်းမသိတဲ့ပိုင်းလော့တွေကိုပဲ မြင် ရမှာပါ။ ဒီတော့ ကိုယ်တွေရဲ့ ကလေးဘဝတွေကို အလွှမ်းမိုးဆုံးဇာတ်ကောင်တွေထဲက တစ်ခု ဖြစ်တဲ့ ဂေါ်ဇီလာရဲ့ အမှတ်တရရုပ်ရှင်အဖြစ် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(6.2 GB) / (2.02 GB) / (1.05 GB) Quality…………BLU-RAY 4K HEVC / 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MKV / MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

8.4 2023
Godzilla Minus One
Handling the Undead

နော်ဝေအမျိုးသမီးလူငယ်ဒါရိုက်တာ Thea Hvistendahlရဲ့ လက်ရာကောင်းအဖြစ် သတ်မှတ်ခံရတဲ့ နော်ဝေဟော်ရာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အော့စလိုမြို့ထဲမှာ ဘာအကြောင်းအရင်းမှ ရေရေရာရာမှမရှိဘဲ လျှပ်စစ်မီးတွေ မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး ငှက်တွေအုပ်လိုက်ကြီး ဆူညံစွာနဲ့ ဦးတည်ရာမဲ့ ပျံသန်းနေကြတယ်။ နောက်ရက်မှာပဲ မိသားစုသုံးခုစီက သေဆုံးသွားပြီးသား ချစ်ခင်ရသူတွေတစ်ယောက်စီ ထူးဆန်းစွာနဲ့ ပြန်လည်နိုးထလာခဲ့ကြတယ်။ ဘာကြောင့် သူတို့တွေ ပြန်နိုးထလာခဲ့ကြတာလဲ။ ပုံမှန်လူသားအတိုင်း သူတို့ရှင်သန်မှာလားဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Handling the Undead
Hijack (2024)

Hijack 1971 (2024) ******************* ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့ 1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ​လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာ ကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာ တွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်း ဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကို ခံရပြီး မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။ အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့် တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ ဖြစ်လာတဲ့အခါမှာတော့…. တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး.. အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့ တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ.. မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့ မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်.. ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့.. သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့ မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ် မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့ လေယာဥ်မှူးအဖြစ် မင်းသားကြီး Sung Dong-il တို့က ပါဝင်အားဖြည့်ထားပါတယ်။ File size…1.76GB / 760MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Action, Adventure, Thriller, Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary, Hnin Wai & Hsu Pyae

0 1971 100 mins
Hijack (2024)
Escape Plan 2: Hades
3.9

Escape Plan 2: Hades (2018) ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး “50 cent” နဲ့ တရုတ်မင်းသား Huang Xiaoming တို့လည်းပါဝင်ထားပါတယ်။ Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်…..။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို d3mon မှတင်ဆက်ထားပါတယ်။)

3.9 2018
Escape Plan 2: Hades
Turn Me On
5.7

Turn Me On (2024) IMDb Rating (5.7) ဒီရုပ်ရှင်ကတော့ thought-provoking ဖြစ်တဲ့ Dystopian/Indie Drama အမျိုးအစား ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလိုရမ္မက်တွေက လောကကြီးရဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်လို့ယူဆပြီး ဒီခံစားချက်တွေကို ချိုးနှိမ်ထားနိုင်တဲ့ ဗိုက်တာမင်ဆေးဝါး တစ်မျိုးကို Our Friends လို့ အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုက တီထွင်ခဲ့ပါတယ်။ Joy နဲ့ William တို့ဟာ Our Friends က ဖန်တီးထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခုက စုံတွဲဖြစ်ပြီး ဘဝကို ပုံမှန်အတိုင်း ခံစားချက်မရှိ၊ စက်ရုပ်လို ဖြတ်သန်းနေရာမှ တစ်နေ့မှာ Joy ဟာ နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဆေးပြားကို တစ်ရက်တာ မသောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအခါမှာ ခါတိုင်းနဲ့မတူတဲ့ လူသားတွေရဲ့ ပင်ကိုယ်ခံစားချက်တွေ၊ အချစ်၊ ရမ္မက်နဲ့ ရှုပ်ထွေးတဲ့ စိတ်အခြေအနေတွေကို ရင်ဆိုင်ခံစားမိလာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကုန်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားက Matrix နဲ့ အနည်းငယ်ဆင်တူပေမဲ့ ပိုပြီး သဘာဝကျတဲ့ ရှုထောင့်တစ်ရပ်ပို ဦးတည်ထားပြီး ကြည့်ရှုပြီးချိန်မှာ စဥ်းစားစရာ အတွေးစတွေကို ချန်ထားခဲ့နိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေ၊ အလိုရမ္မက်တွေ၊ နာကျင်ခံစားရမှုတွေက စစ်ပွဲတွေ၊ ဒုက္ခတရားနဲ့ နာကျင်မှုတွေကို စေ့ဆော်ပေးတယ် ဆိုပေမဲ့လည်း တစ်ချိန်တည်းမှာ ဒီသိမ်မွေ့တဲ့ ခံစားချက်တွေကြောင့်ပဲ လူ့ဘဝမှာ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိလာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ ဒီတင်ပြမှု သဘောတရားကို လက်ခံ၊ မခံ ဆိုတာကတော့ ကြည့်ရှုသူရဲ့ အမြင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size… (910 MB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance, Sci-Fi Duration….01:36:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wolfenheim

5.7 2024 99 mins
Turn Me On
Highway 65
5.9

Highway 65 (2024) IMDb Rating (5.9) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာ အစ္စရေး-ပြင်သစ် ပူးတွဲထုတ်လုပ်ခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ကျေးရွာအသေးလေးမှာနေထိုင်တဲ့ ဒက်ဖနာဆိုတဲ့ ရဲက အမှုငယ်သေးလေးတွေကို နေ့စဉ်ဖြေရှင်းကနေ ရုတ်တရတ် အော်လီ ဆိုတဲ့ အမျိုးသမီး ပျောက်ဆုံးမှုကို ရင်ဆိုင်ရပါတော့တယ်။ ဒီအမျိုးသမီးကို ဘာလို့ဘယ်သူကမှ မရှာကြလဲဆိုတာ သူ့ စိတ်ထဲ တွေးနေခဲ့ပါတယ်။ ဒီပျောက်ဆုံးမှုကို ဒက်ဖနာ ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက Ophir award အတွက် ၉ကြိမ်တိုင် စာရင်းတင်သွင်းခံရပြီး ဆုပေါင်းများစွာ ရရှိခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller Duration…. 01:43:10 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Eaint Phu Khin

Action • Drama
5.9 2024 109 mins
Highway 65