YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

See You Again E08 (1080p) CM.mp4

455.48 MB 1080p video/mp4 91 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Titina
7.2

ဒီတစ်ခါတော့ Animation fan လေးတွေအတွက်ပါ.... Italian အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Umberto Nobile ဆိုသူဟာ တစ်နေ့မှာ အပြင်ထွက်ရင်း Titina ဆိုတဲ့ ခွေးလေးတစ်ကောင်ကို ကောက်ရခဲ့ပါတယ်.. နောက်တစ်နေ့မှာတော့ ဝင်ရိုးစွန်းတွေကို Explore လုပ်တဲ့ Roald Armendson ဆိုတဲ့သူဟာ မြောက်ဝင်ရိုးစွန်းက်ုသွားဖို့ Airship တစ်စင်းဆောက်ပေးဖို့ သူ့ဆီဖုန်းနဲ့ဆက်သွယ်လာပါတယ်.... Airship ဆောက်ပေးရုံမကပဲ မြောက်ဝင်ရိုးစွန်းကိုပါ အတူလိုက်ပါခွင့်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ကိုပျော်မိတာပေါ့... ဒီလိုနဲ့တစ်နေ့ သူ့ရဲ့ Airship ကြီးဆောက်လုပ်ပြီးစီးတဲ့အခါမှာ Roald Armendson နဲ့အတူမြောက်ဝင်ရိုးစွန်းကို ခရီးနှင်ခဲ့ပါတယ်.အဲ့ဒီခရီးမှာ သူ့ခွေးလေး Titina လေးလည်း လိုက်ပါလာပါတယ် ... ဒီလိုနဲ့ Armendson နဲ့ Nobile တို့နှစ်ယောက် ဘယ်လောက်ရင်းနှီးသွားကြမလဲဆိုတာအပြင် Titina လေးရဲ့ ချစ်စရာကောင်းတာကိုပါ မြင်တွေ့ရမှာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး.... File Size :(1.4GB) and (496MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:31:00 Genre : Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by  Eric Encoded by Phyo Pyae

Action • Crime • Drama • Thriller
7.2 2022 80 mins
Titina
Elvis
7.6

သမိုင်းတလျှောက် အအောင်မြင်ဆုံး အဆိုတော်တွေထဲ တစ်ယောက်ဖြစ်တဲ့ အဲလ်ဗစ်ပရက်စ်လီအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆင်ပေးထားပါတယ်။ မင်းသားကြီး တွမ်ဟန့် နဲ့ မင်းသား အော်စတင်ဘတ်တလာတို့ အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ၊ ဇာတ်ညွှန်းကတော့ The Great Gatsby ရဲ့ ဇတ်ညွှန်းဆရာကြီး Baz Luhrmann ပဲဖြစ်ပါတယ်။ အဲလ်ဗစ်ရဲ့ ငယ်ဘဝကနေသေဆုံးသွားတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အောင်မြင်မှုတွေ အခက်အခဲတွေ သမိုင်းတွေ အကြောင်းကို သီချင်းတွေနဲ့အတူ အကောင်းဆုံးရိုက်ကူးထားတာပါပဲ။ Bohemian Rhapsody လို အရသာမျိုးကောင်းကောင်းခံစားရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size…2.6GB | 1.4GB | 554MB Format… mp4 Duration…. 2h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Drama
7.6 2022 159 mins
Elvis
Tomb Empty Coffin

IMDb Rating - 6.3/10 လူငယ်ပေါင်ချိန်ကို ဇာတ်လမ်းတွဲတွေပဲကြည့်ရတာရိုးနေရင် အပြောင်းအလဲလေးဖြစ်သွားအောင် ရုပ်ရှင်လေးပြောင်းကြည့် ရအောင်။ ပေါင်ချိန်ဆိုတော့ အမှုလိုက်ပြီပေါ့နော်။ ဒါပေမဲ့ သူလိုက်မယ့်အမှုက တော်ရုံတန်ရုံခေါင်းစားတာမျိုးမဟုတ်ဘဲနဲ့ ဘဘာဝလွန်ဖြစ်ရပ်တွေပါ ပါတတ်တာ ပေါင်ချိန်ရဲ့ထုံးစံလိုဖြစ်နေပါပြီ။ အခုလည်း အမှုက သေရာ ကနေပြန်ရှင်လာတဲ့လူသတ်သမားတဲ့။ ဘယ်လိုဖော်ထုတ်မလဲ ဆက် ကြည့်လိုက်ပါဦးနော်။ ။ ဇာတ်လမ်းအကျဉ်းကတော့ ပေါင်ချိန်က သူ့ဆရာဖြစ်တဲ့ သမားတော်ဟူ ဆုံးသွားလို့ ကုန်းအန်းပြည်နယ်ကို ခွင့်ရက်ရှည်ယူပြီး ဆရာ့အုတ်ဂူကို သွားကန်တော့မလို့ပါ။ ဒါပေမဲ့ အဲ့ဒီကုန်းအန်းပြည်နယ်မှာ မိန်းကလေး ငယ်တွေ ပျောက်ဆုံးနေပြီး သူ့ဆရာအလောင်းလည်း ပျောက်နေပါတယ်။ လူတွေပြောကြတာကတော့ သေရာကနေပြန်ရှင်လာပြီး လူတွေကိုလိုက် သတ်၊ မျက်နှာအရေပြားတွေကို ဓါးနဲ့ဆွဲခွာထားပါတယ်တဲ့။ အဲ့ဒီတော့ ဆရာ့အုတ်ဂူကိုကန်တော့ဖို့လာရင်းနဲ့ သေရာကနေပြန်ရှင်လာတဲ့ အမှုအပြင် တခြားပဟေဠိတွေကိုပါ တစ်ခုပြီးတစ်ခု ဘယ်လိုဖြေရှင်းသွား မလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.27 GB) / (572 MB) Quality............WebRip 1080p / 720p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Jo Jo Va Encoder..........SWM

Action • Drama • Mystery • Science Fiction
0 2020 88 mins
Tomb Empty Coffin
The Midnight Maiden War
5

Grammy Winnerလေး Billie Eilishရဲ့သီချင်းကို Soundtrackအနေနဲ့ ပထမဦးဆုံးပွဲဦးထွက် အသုံးပြုခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ် ။ "Happier Than Ever"သီချင်းကို Ending Themeအနေနဲ့အသုံးပြုထားပါတယ်။ Billieက သူ့သီချင်းပါဝင်ခွင့်ရခဲ့တဲ့အတွက် ပျော်နေခဲ့ပြီး ဂျပန်ဘာသာနဲ့ကျေးဇူးတင်စကားပြောခဲ့တဲ့အပြင် Eyelashesတွေကိုလည်း ဇာတ်ကားကြည့်ဖို့ ဖိတ်ခေါ်ထားပါသေးတယ်။ Kakegurui,Eren The Southpawတို့ရဲ့ မင်းသမီးလေး "Elaiza Ikeda"၊J Idolအဖွဲ့King & Prince ရဲ့ Memberတစ်ဦးဖြစ်တဲ့မင်းသား "Ren Nagase"၊ And Your Bird Can Sing (2018), It Feels So Good (2019)တို့ထဲက မင်းသား "Tasuku Emoto"တို့က ပါဝင်ထားပါတယ်။ ကမ္ဘာကြီးမှာ ရောဂါတွေအရှိန်ကောင်းဆဲကာလ စီးပွားရေးတွေဇောက်ထိုးဆင်း အလုပ်တွေပြုတ်ကြတဲ့ကာလကိုရည်ညွှန်းရိုက်ကူးထားတာမို့ "ကျွန်တော်"နဲ့ "စီနီယာ"ဇာတ်ကောင်တို့ရဲ့အတွေးရှုထောင့်ကို ခံစားမိကြလိမ့်မှာပါ။ ကျွန်တော်(ren nagase)က ဇာတိ တိုကျိုမြို့ကနေ ခိုဘဲကိုပြောင်းလာခဲ့ရပါတယ်။ ရောက်ရောက်ချင်းကတော့ ကလေးတွေကိုစာပြန်သင်တဲ့ဆရာအလုပ်လေးရှိတော့ ဝင်ငွေကောင်းတာပေါ့ ။လတ်တလော စားဝတ်နေရေးစရိတ်တွေအတွက်တော့ ခဏလောက်စိတ်အေးရပြီ။ အမေနဲ့ဖုန်းပြောဖြစ်တော့ အလုပ်အဆင်ပြေကြောင်း ကျောင်းလခလည်း အမေပေးဖို့မလိုဘူးလို့ပြောခဲ့တာပေါ့။ဒါပေမဲ့အကျပ်အတည်းဖြစ်နေကြတော့ ကုမ္ပဏီ မူဝါဒပြောင်းပြီး အလုပ်ဖြုတ်တဲ့အထဲ ကျွန်တော်ပါသွားပါရော။ ကျောင်းလခနဲ့နိစ္စဓူဝအတွက် ရရာအလုပ်ကိုဝင်လုပ်ပြီး ဆူပူကြိမ်းမောင်းတဲ့ဒဏ်လည်း သည်းခံရတယ်။ တက္ကသိုလ်ကလည်းစိတ်ဝင်စားစရာမကောင်း အိပ်မက်ရယ်လို့လည်းမရှိတဲ့ ပျင်းစရာကျွန်တော့်ဘဝက တူတူပုန်းတမ်းကစားတဲ့အဖွဲ့ထဲကို ဝင်တော့မှပြောင်းလဲတော့တာပဲ။ စီနီယာ(Elaiza Ikeda)နဲ့တွေ့တော့ သူက ဉာဏ်ပြေးပြီး ထက်မြက်တဲ့သူပေါ့။ သူငယ်ချင်းတစ်ယောက်မရှိတဲ့ကျွန်တော့်ကို စကားပြောပေး အဖော်လုပ်ပေးတဲ့ LINE ID အပြန်အလှန်လဲတဲ့တစ်ဦးတည်းသောသူက အစ်မ(စီနီယာ)ပါ။တူတူပုန်းတမ်းကစားရင်းအမှိုက်ကန်ထဲမှာ ညရောက်တဲ့ထိပုန်းနေတဲ့ကျွန်တော့်ကို ပြဿနာမဖြစ်အောင်ဆွဲထုတ်တာလည်းသူပါပဲ။ သူနဲ့စကားပြောရတုန်းကတော့ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် အဖျက်ဆီးချင်ဆုံးပဲဆိုတာကို ပြောမိသေးတယ်။ "ဝတ်စုံနက်"(Tasuku Emoto)ကတော့ အလယ်တန်းတည်းက Porn siteကိုကိုယ်တိုင်ထောင် Dating appတွေလုပ်ပြီး ချမ်းသာနေခဲ့တဲ့သူပါ။ လက်ရှိဝင်ငွေနဲ့ နောက်ရမှာတွေပေါင်းရင် တစ်သက်လုံးအလုပ်ထပ်မလုပ်ဘဲ ထိုင်စားလို့ရနေပါပြီ။ဒါပေမဲ့ သူလက်ရှိလုပ်နေတာကတော့ တက္ကသိုလ်ထဲကနေရာတွေကို မီးလိုက်ရှို့တာမျိုး ဖျက်ဆီးရေးအလုပ်တွေပါပဲ။ သူနဲ့တွေ့လိုက်ရတော့ အိပ်မက်မရှိတဲ့ကျွန်တော်က သူနဲ့ပေါင်းပြီး ကျောင်းwebsite ကို hackတာ စက်ဘီးထိုင်ခုံလိုက်ဖြုတ်တာ စတဲ့ဖျက်ဆီးရေးပေါင်းစုံလုပ်တော့တာ။ နောက်ကျတော့ ဝတ်စုံနက်မှာ ရဲဘော်ရဲဘက် Maiden (အပျိုစင်)တွေက ကျွန်တော်တင်မကတော့ဘဲ လူတော်တော်များလာတာပါပဲ။ ရဲအရာရှိတွေ စီးပွားရေးဝန်ကြီးဌာနကအရာရှိတွေ နေရာပေါင်းစုံက လောကကြီးကိုအရွဲ့တိုက်ချင်တဲ့သူတွေသွားစုမိကြတော့တာ။ အဲဒီမှာ ဝတ်စုံနက်က "သန်းခေါင်ယံအပျိုစင်စစ်ပွဲ"ကို ခရစ္စမတ်နေ့မှာလုပ်ဖို့ အကြီးကြီးကြံတော့တာပဲ။ ဒီစစ်ပွဲက စီးပွားကျ ရောဂါထူနေတဲ့ကမ္ဘာကြီးထဲက တိုကျိုမြို့ကိုမီးတင်ရှို့မဲ့ပွဲပါပဲ။ အဲဒီအချိန်မှာ ကျွန်တော်က စီနီယာ့ကို ခရစ္စမတ်ညမတိုင်ခင် မြို့ထဲကထွက်သွားဖို့ ပြောပေမဲ့ သူက မြို့ထဲကထွက်မသွားတာကြောင့် ဒီစစ်ပွဲကို တားဖို့ကြိုးစားကြည့်လိုက်ပါသေးတယ်။ ထောင့်စေ့ပြီးအကြံကြီးတဲ့ ဝတ်စုံနက်က ဘာတွေလုပ်ထားဦးမလဲတော့ မသိပါဘူး။ ဒါနဲ့ ဒီဇာတ်လမ်းက ၁၁၀မိနစ်မှာ ဇာတ်သိမ်းတာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:51:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Comedy • Crime
5 2022 113 mins
The Midnight Maiden War
The Trial of the Chicago 7
7.7

တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ... နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD... ၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာ ချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ ပဋိပက္ခတွေဖြစ်ပွားပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို အဓိကရုဏ်းဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ၁၉၆၉ မတ်လ ၁၀ ရက်နေ့မှာ ခေါင်းဆောင် ၇ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ နေဦး တရားစွဲတယ်လို့ ပြောမိတာလား။ မတရားအဆွဲခံရတယ်လို့ ပြောရင် ပိုမှန်မလား။ အဲဒါကို ဇာတ်ကားကို တစ်ချက်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပေမဲ့ အတော်ကို ဟာသမြောက်ပါတယ်။ Chicago 7 လို့ လူသိများတဲ့ ဒီ ၇ ယောက် စစ်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်ဆန္ဒပြရင်း ထောင်ခြောက်ဆင်ခံရပြီး နိုင်ငံရေးကစားပွဲထဲက ထိုးကျွေးခံနယ်ရုပ်လေးတွေ ဖြစ်လာတဲ့ပုံကို လှလှပပလေးပြထားပါတယ်။ ဒီ လူ ၇ ယောက်ထဲက နာမည်ကျော် နိုင်ငံတကာလူငယ်ပါတီ(YIP - Yippy လို့လည်းခေါ်ပါတယ်) ခေါင်းဆောင် အက်ဘီ ဟော့ဖ်မန်း ရဲ့ပြက်လုံးတွေကတော့ အဓိကအားဖြည့်ထားတာပေါ့။ သောက်တလွဲတရားသူကြီး ဂျူလိယက် ဟော့ဖ်မန်း(တရားခံ အက်ဘီဟော့ဖ်မန်းနဲ့အမျိုးမတော်ပါ။ ဒီအကြောင်းကို ဇာတ်ကားထဲမှာ သေချာရှင်းရှင်းလင်းလင်းပြထားပါတယ်။) ရဲ့ ကြောင်တောင်တောင် ဂေါက်တောက်တောက် လုပ်တာတွေက တကယ်ကို မုန်းချင်စရာကောင်းသလို ရယ်လည်းရယ်ချင်စရာကောင်းပါတယ်။ သူတို့ ၇ ယောက် တရားရုံးမှာ မလှုပ်သာမလှည့်သာ အကြပ်ရိုက်နေကြတာကို ထေ့လုံးငေါ့လုံးတွေနဲ့ သရော်ပြထားပြီး အဓိကရုဏ်းဖြစ်တဲ့နေ့က အဖြစ်အပျက်ကို အပြည့်အစုံပြထားပါတယ်။ ဒီတရားခွင်ဖြစ်လာတဲ့ အကြောင်းကို သိရင် အပေါ်မှာ ပြောထားတဲ့အတိုင်း နိုင်ငံရေးတရားခွင်ဆိုတာ ရှိလား ဆိုတာ ပြန်ပြီးမေးခွန်းထုတ်ချင်စရာဖြစ်လာပါလိမ့်မယ်။ ပိုပြီး ထင်ရှားတာကတော့ သူတို့ ၇ ယောက်နဲ့ ဘာမှမဆိုင်တဲ့ လူမည်းအခွင့်အရေးတက်ကြွလှုပ်ရှားသူ Black Panther ပါတီ ခေါင်းဆောင် ဘော်ဘီစီးလ် ကိုပါ သူတို့ ၇ ယောက်နဲ့ အတူတရားစွဲခံထားရတာကိုသာကြည့်ပါတော့။ သူတို့တွေက အတွေးအခေါ်တစ်ခုကို ပြည်နယ်တွေကို ဖြတ်ပြီးသယ်လာရင်း တစ်နိုင်ငံလုံးကို သိလာအောင် မြင်လာအောင် ကြားလာအောင် ပြောပြဖို့ ကြိုးစားရင်းက ပါးစပ်တွေကို ပိတ်ထားလိုသူတချို့ရဲ့စနက်ကြောင့် ရာဇဝတ်သားတွေဖြစ်လာခဲ့ရတာပါ။ တရားခွင်ကျင်းပနေစဉ်မှာပါ တကယ်ကို ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး မပြောနိုင်အောင် ပါးစပ်ပိတ်ထားခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီသောက်တလွဲ တရားခွင်က ဘယ်လိုသောက်တလွဲတွေဖြစ်မယ်ဆိုတာကို The Trial of Chicago 7(2020) ကြည့်ပြီး ခွီရင်း ဒီဇာတ်ကားရဲ့ မတ်စေ့(Message) ကြီးကို ယူလိုက်ကြပါကုန်။ "တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်"တဲ့ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံပါ။ သူတို့ပြောတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်ဆိုပေမဲ့ စောင့်ကြည့်နေကြရုံပါပဲ။ မပြောဘဲ၊ မလုပ်ဘဲနေခဲ့ကြတာပါ။ ဒီနေရာမှာ အက်မွန် ဘရွတ်ရဲ့ စကားကို ကိုးကားချင်ပါတယ်။ "မကောင်းမှုအောင်မြင်ဖို့အတွက် ဘာမှမလိုပါဘူး။ လူကောင်းတွေ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေဖို့ပဲလိုပါတယ်" ဆိုတဲ့စကားလေးပါပဲ။ လိုအပ်ရင် ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ပြဖို့လိုပါတယ်။ လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ ပြောတဲ့သူတွေ ဘာဖြစ်တတ်တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်မှာပါ။ ဘေးကနေ လက်ပိုက်ကြည့်နေရုံအတွက်တော့ သတ္တိမလိုဘူးပေါ့။ တစ်ယောက်ယောက်ကတော့ ပြောဖို့လိုနေပြီဆိုတာကို သိပြီး သိတဲ့အတိုင်းပြောခဲ့ကြတဲ့ သူရဲကောင်း ၇ ယောက်ကို ဒီအညွှန်းနဲ့ ဦးညွှတ်လိုက်ချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်…) File Size : (1.80 GB) , (950 MB) and (480 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 2hr 09min Format : Mp4 Genre : Drama, History, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB.h264-PALEALE Translated by d3mon Encode by Thanhtike Zaw

Action & Adventure • Crime • Drama
7.7 2020 130 mins
The Trial of the Chicago 7
Aquaman
6.9

ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။ သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ရယူဖို့ ကြိုးစားရပါတော့တယ်......... (ဘာသာပြန်သူ Littleneo ဖြစ်ပြီး အန်ကုတ်ပေးတာတော့ Than Htike Zaw ပါ) File Size : (2.0 GB),(1.10 GB),(550 MB),(800 MB) Quality : Blu-Ray (1080p 5.1,720p,720PX265,360p) Running Time : 2hr 23min Format : Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Littleneo Encode by Thanhtike Zaw

Crime • Horror • Thriller
6.9 2018 143 mins
Aquaman
Babel
7.4

[Unicode] Babel (2006) IMDB – 7.4 Rotten Tomatoes – 69/100 ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်မှာ နိုင်ငံသုံးနိုင်ငံပါတယ်။ အမေရိကန် ဂျပန် မော်ရိုကို သူတို့ရဲ့ဘာသာစကားတွေ မတူညီကြဘူး။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုဟာ အဲ့ဒီနိုင်ငံသုံးခုက မိသားစုသုံးခုက ကလေးတွေကို ချိတ်ဆက်ပေးလိုက်တယ်။ ဒီချိတ်ဆက် မှုဟာ ကလေးတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေနဲ့ ချိတ်ဆက်ထားတယ် ထင်စရာရှိပေမယ့် ဂျုန်းမိသားစုက ကလေးနှစ်ယောက်ကတော့ ဘာအမှားမှမလုပ်ခဲ့တဲ့အတွက် ဒီရုပ်ရှင်ရဲ့ ဦးတည်ရာက မိဘတွေကိုပါပဲ။ ” ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်းငှာ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေ‌ ‌တော်မူသဖွငျ့ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ “ ကမ္ဘာဦးကျမ်း ၁၁ ၆ ၇ ၈ ကမ္ဘာဦးကျမ်းအတိုင်းပြောရရင် ဘုရားသခင်ဟာ လူသားတွေကို ဖန်တီးခဲ့တယ်။ ဘုရားသခင်ဟာ လူသားတွေရဲ့ဖခင်ပါပဲ။ သူဖန်တီးခဲ့တဲ့ သူ့သားသမီးတွေဟာ ဘုရားသခင်ကို အန်တုဖို့ပြင်ဆင်လာကြတယ်။ ကလေးတွေရဲ့ ဘာသာသဘာဝအသစ်အဆန်းကို မြင်ရင် စမ်းသပ်ချင်ကြတယ်။ ဒါကို ဘုရားသခင်က လူသားတွေကို အပြစ်ပေးပြီး ဘာသာစကား အရပ်ဒေသတို့ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်ကို ခင်ဗျားကြည့်ပြီးတဲ့ အခါ ဒီကလေးတွေရဲ့ အမှားတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ကမ္ဘာဦးက လူတွေရဲ့အမှားအတွက်ရော ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိမှာပါ။ ဒီရုပ်ရှင်ဟာ ဒီတစ်လမ်းတည်းတည်းသွားတာတော့ မဟုတ်ပါဘူး။ Brad Pittကိုယ်တိုင်မှာလည်း ကမ္ဘောဒီးယား အီသီယိုးပီးယားနဲ့ ဗီယက်နမ်က ကလေးသုံးယောက်ကို မွေးစားထားပါတယ်။ သူ့သွေးရင်းကလေးသုံးယောက်လည်းရှိတယ်။ ဒီရုပ်ရှင်ဟာ ဘရက်ပစ်ရဲ့ကလေးသုံးယောက်နဲ့ လူမျိုးကွဲ ကလေးသုံးယောက်ကို အဓိကပြထားပါတယ်။ တိုက်ဆိုင်မှုဆိုရင်တောင် အတော်ကြီးတဲ့ တိုက်ဆိုင်မှုပါ။ ဒါရိုက်တာ Alejandro G. Iñárrituကလည်း Revenant တို့ 21 gramsတို့ Birdmanတို့ ရိုက်ထားတဲ့သူပါ။ ့ ဘာသာစကားခြောက် မျိုးကိုသုံးသွားပြီး တစ်ခုသော ဘာသာစကားကတော့ ဆွံ့အနားမကြားကောင်မလေးသုံးတဲ့ Sign Languageပါပဲ။ သေချာတာကတော့ မိဘနဲ့ သားသမီးမှမဟုတ်ပါဘူး။ ဆက်နွယ်ပက်သက်နေတဲ့ လူတွေတိုင်းမှာ ဘယ်လိုဘာသာစကားကိုပဲသုံးသုံး ချစ်ခြင်းရဲ့ အရာရာလိုက်လျောမှုသဘောအပေါ် ခံစားနားလည်မှုမပေါင်းရင် တကယ်တမ်း ကျွန်တော်တို့ တစ်ဖက်သားကို အပြည့်အဝ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ ပင်လယ်သမုဒ္ဒရာကြီးပါပဲ။ ဘာဘယ်မျှော်စင်ကြီးပေါ်က ကြည့်နေရသလို ကျယ်ပြန့်လှတဲ့ကမ္ဘာထဲက ဘဝတွေကို ခင်ဗျား‌မြင်ရမယ်။ ဘယ်မြစ်ကနေပဲသွားသွား အဆုံးမှာတော့ ဒီရသပင်လယ်ကြီးရဲ့တစ်နေရာကို ရောက်သွားမှာပါပဲ။ ပင်လယ်နီလား ပင်လယ်ဝါလား ဘယ်ပင်လယ်ထဲရောက်သွားမလဲဆိုတာတော့ ခင်ဗျားအပေါ်ပဲမူတည်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__( 2GB ) IMDb Rating__7.4/10 Format__mp4 Duration__02:23:50 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Animation • Family
7.4 2006
Babel
Darkland: The Return
6.7

Darkland: The Return (2023) ~ ပထမပိုင်းမကြည့်ရသေးသူများအတွက် Spoiler ပါ၀င်သည် ~ ဒီကားလေးကတော့ ၂၀၁၇နှစ်ကထွက်ရှိခဲ့တဲ့ ဒိန်းမတ်အက်ရှင်ဒရာမာကား Darkland ရဲ့အဆက်လေးပါ။ လွန်ခဲ့တဲ့(၇)နှစ်က ညီဖြစ်သူအတွက် တရားမျှတမှုရှာရင်း ဇိတ်တစ်ယောက် ဆရာ၀န်ဘ၀ ဇနီးဖြစ်သူနဲ့သားလေး အကုန်ဆုံးရှုံးလိုက်ရပြီး ထောင်ထဲမှာအချိန်ကုန်နေရပါတယ်။ တစ်ရက်ကျတော့ အမျိုးသားလုံခြုံရေးအရာရှိတစ်ဦးရောက်လာပြီး ဂိုဏ်းတစ်ခုထဲမှာ သူလျှိုအဖြစ်လုပ်ပေးရင် လွတ်လပ်ခွင့်ရမယ်လို့ကမ်းလှမ်းလာပါတယ်။ ဇိတ်ကလည်း သားဖြစ်သူနဲ့ ပြန်နီးစပ်နိုင်ဖို့ လက်ခံဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ Rating ကောင်းတွေရထားရုံတင်မက အရင်ကားထက် ဒီ Sequel က ပိုကောင်းတယ်ဆိုတဲ့ Review ကောင်းတွေလည်းရထားတဲ့အတွက် အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 50Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Drama
6.7 2023 110 mins
Darkland: The Return
How to Deal with a Heartbreak

How to Deal with a Heartbreak (2023) အေးအေးငြိမ်ငြိမ်နဲ့ လက်တွေ့ဘ၀နဲ့ဆက်စပ်ပြီး မိသားစုနဲ့ Friendship ကို အဓိက ပုံဖော်ထားတဲ့ ကားလေး လာပါပြီ။ အဓိက ဇာတ်ကောင် မာဖေးက စာရေးဆရာလုပ်ရင်းကနေ Influencer လိုင်း‌ ပြောင်းသွားပြီး Blog လေးတွေတင်ကာ ပီရူးမှာ မိဘတွေနဲ့အတူ နေပါတယ်။ သူ့အမေကတော့ စာဆက်ရေးစေချင်ပေမယ့် မာဖေးက စာအုပ်တစ်အုပ်ထုတ်ပြီး ဆက်မလုပ်နိုင်သေးတာပါ။ နောက်တော့ စိတ်အပြောင်းအလဲဖြစ်အောင် ဒုတိယစာအုပ်လည်း ဆက်လုပ်နိုင်အောင် သူငယ်ချင်းတွေဆီ အလည်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်း ၂ယောက်ကတော့ ဘ၀စီမံကိန်းတွေချပြီး အဆင်ပြေနေကြပါတယ်။ စိတ်ဓာတ်ကျနေတဲ့ မာဖေးအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး သူ့အဖေကပါ နှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးသွားတဲ့အခါ… နာကျင်မှုတွေ ပူဆွေးမှုတွေကို သူငယ်ချင်း မိတ်ဆွေတွေ အကူအညီနဲ့ ကျော်ဖြတ်ပြီး အချစ်သစ်ရှာဖွေတဲ့ပုံ… စာအုပ်အသစ်ထုတ်နိုင်ဖို့ ကြိုးပမ်းပုံတွေကို ရိုးရိုးရှင်းရှင်း သရုပ်ဖော်ထားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

TV Movie • Thriller
0 2023
How to Deal with a Heartbreak
Bloodlust: Subspecies III
5.6

Bloodstone; subspecies ဆိုတဲ့ဗန်ပိုင်းယား ရုပ်ရှင်ဇာတ်လမ်းတွဲအဆက်ဖြစ်ပြီး IMDb 5.6/10 ရရှိထားတာပါ။ Horror & thriller အမျိုးအစားဖြစ်ပြီး ရုတ်ရုတ်သဲသဲကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပေမဲ့ သွေးပျက်စရာအခန်းတွေအများကြီးပါပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေဘက်ကာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ညီမလေးကိုရှာဖို့နဲ့ သူ့ညီမရဲ့ဝိဉာဉ်ကိုသိမ်းယူသွားတဲ့ဗန်ပိုင်းယားနဲ့ရင်ဆိုင်ဖို့ ထွက်လာခဲ့ပါတော့တယ် ဗန်ပိုင်းယားကြီးကသူ့ညီမလေးကို တပည့်မွေးသလိုမွေးထားပြီးဗန်ပိုင်းယားစစ်စစ်ဖြစ်စေချင်နေတာပါ ရေဘက်ကာတို့ညီအစ်မနှစ်ယောက်သား ဗန်ပိုင်းယားလက်အောက်ကနေ ဘယ်လိုလွတ်မြောက်အောင်ဘယ်လိုထွက်ပြေးကြမလဲ ရက်စက်တဲ့ဗန်ပိုင်းယားနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Fantasy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

Mystery • Drama • Thriller
5.6 1994 83 mins
Bloodlust: Subspecies III
The Conference
5.8

The Conference (2023) ရင်တသိမ့်သိမ့်တုန်ဖို့လည်းကောင်း ခွီလည်းခွီရမယ့် ဆွီဒင်စကားပြော ဟော်ရာဇာတ်ကားလေးပါ။ တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်မျိုးဖြစ်နေတဲ့ စည်ပင်အဖွဲ့ကလူတွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတိုးတက်အောင် အဖွဲ့လိုက် အပန်းဖြေခရီးထွက်ကြပါတယ်။ သူတို့တွေ ပူးပေါင်းပြီး နောက်လုပ်ရမယ့် စီမံကိန်းကတော့ သူတို့ရဲ့ ရွာလေးမှာ ရှော့ပင်းမောလ်ဆောက်ဖို့ပါပဲ။ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ သူတို့ စီမံကိန်းက စရတော့မှာဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခရီးထွက်လာကြတာပါ။ ဒါပေမဲ့ ရှော့ပင်းမောလ်ဆောက်တဲ့ ကိစ္စမှာ မသမာမှုတွေ ရှိနေပြီး ဒီခရီးက လိမ်ဆင်ဖန်တီးဖို့အတွက် ထွက်တာကို သိလာရမှာပါ။ အဲဒီထက်ဆိုးတာက သူတို့ သွားတဲ့နေရာမှာ လူသတ်သမားတစ်ယောက်ရောက်နေတာပါပဲ။ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ သူတို့အုပ်စု လူသတ်သမားကို ဘယ်လိုမျိုး စည်းစည်းလုံးလုံး ပြန်ပြီး တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 810MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 40Min Genre – Comedy, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Romance
5.8 2023 101 mins
The Conference
The Seven Darks

ဇာတ်လမ်းအစမှာ လူတစ်ယောက်ကို အမည်မသိ အသံဖျက်ထားတဲ့ သူစိမ်းတစ်ယောက် ဖုန်းလှမ်းဆက်ပါတယ် အိမ်က အခန်းထဲမှာ တစ္ဆေသဏ္ဌာန် သတ္တဝါတစ်ကောင်ကို မြင်လိုက်ရတဲ့အခါမှာ… သူငယ်ချင်းကောင်မလေးကို တွေ့ဖို့ အကူအညီတောင်းရပါတယ် သူခိုင်းတဲ့အတိုင်း အထူးပြုလုပ်ထားတဲ့ အသံဖိုင်ကို နားထောင်ပြီး အိပ်မွေ့ချ မေ့ဖျောက်ဖို့ကြိုးစားတဲ့အခါမှာ… ကြောက်လန့်စရာ အိပ်မက်ဆိုးကို တွေ့ကြုံရပါတော့တယ် လော့အိန်ဂျလိစ်က လူခြေပြတ်တဲ့ လမ်းမတွေမှာ အိမ်ပြန်နောက်ကျတဲ့လူတွေကပါ… အမျိုးမျိုးသော ခြောက်လှန့်မှုတွေကို ကြုံတွေ့လာရတဲ့ အချိန်မှာတော့ …. File size…(900 Mb)/(300 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:03:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

0 2024
The Seven Darks
Dying to Sleep

Dying to Sleep ဇာတ်ကားက မအိပ်နိုင်တဲ့ ဘဝဖြစ်စဥ်အကြောင်းကို စိတ်ဓာတ်ဖိစီးမှုတွေနဲ့ ထိတွေ့သဘောထားထားပြီး စိတ်လှုပ်ရှားစရာကောင်းအောင် ဖန်တီးထားတဲ့ သရုပ်ဆောင်မှုကောင်းများနှင့် ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဦးဆောင်သရုပ်ဆောင်မင်းသား (actor name) က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ ဒါရိုက်တာ (director name) က ဇာတ်အိမ်ကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ နာမည်ကြီး ရုပ်ရှင်ပွဲတွေနဲ့ ဆုပေးပွဲတွေမှာလည်း အကောင်းဆုံး အလှည့်အပြောင်းဖြစ်စေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ မအိပ်ချင်ကြီးပြင်းလာချိန်မှာ အဖြစ်မှန်နဲ့ အိပ်မက်တွေ အပေါ်ဆုံးမှ ထိခိုက်စေတဲ့ ရိုက်ချက်တွေ၊ ရှေ့ပြေးလှုပ်ရှားမှုတွေက ရင်ခုန်စရာအတွေ့အကြုံကို ပေးစွမ်းထားပြီး စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ ကြည့်ရှုသူကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ File size…(969 MB)/(542 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2023
Dying to Sleep
Kiss the Ground
8.1

“ဒါက ဘာသာရေးလည်းမဟုတ်သလို နိုင်ငံရေးလည်းမဟုတ်ပါဘူး ချစ်ခြင်း‌မေတ္တာပါ တစ်စုံတစ်ခု‌ကိုချစ်မြတ်နိုးပြီး တစ်စုံတစ်ယောက်ကိုချစ်ရင် သူတို့ကို နားလည်ချင်လာတယ် ဂရုစိုက်ပေးပြီး ကာကွယ်ပေးချင်လာတယ်” ဒီဇာတ်ကားထဲမှာတော့ ကမ္ဘာတစ်၀န်းက လေးစားအံသြဖို့ကောင်းတဲ့သူတွေကို တွေ့မြင်ရမှာပါ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာမြေကြီးကို ထိန်းသိမ်းဖို့ ကာကွယ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားအဖြေရှာပြီး လုပ်ဆောင်နေကြသူတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အတုယူဗဟုသုတဖြစ်ဖွယ်ကြည့်ရှူရမှာပါ တစ်ခေတ်တစ်ခါက ကြီးကျယ်မြင့်မြတ်တဲ့လူမှုအဖွဲ့အစည်းတွေ ပျောက်ကွယ်သွားခဲ့ကြတာ ဘာကြောင့်လဲ စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်ထားပြီးလုပ်ကိုင်ခဲ့ကြတဲ့နေရာတွေမှာ ဘာကြောင့်အရင်လို အလုပ်မဖြစ်တော့တာလဲ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ ဘယ်လိုပြသနာတွေကြုံနေရတာလဲ ကျွန်တော်တို့အတူ “Kiss The Ground”မှာ အဖြေရှာပြီး ကမ္ဘာမြေကြီးကို ချစ်တတ်ဖို့ ကာကွယ်တတ်ဖို့ လေ့လာကြည့်ကြရအောင် File Size : 2.8 GB, 1.4 GB Quality : WEB-DL 1080p / 720p Running Time : 1hr 24min Format : Mp4 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

8.1 2020 85 mins
Kiss the Ground
Lucca’s World
6.6

Cerebral palsy လို့ခေါ်တဲ့ ဦးနှောက်အကြောသေရောဂါကြောင့် လူကာဆိုတဲ့ကလေးငယ်ဟာ စကားမပြောနိုင် ၊ အစားမစားနိုင်သလို လမ်းလည်းမလျှောက်နိုင်ပါဘူး။ မိခင်ဖြစ်သူဘာဘာရာကတော့ ကလေးမွေးတုန်းက သူမညှစ်နိုင်ခဲ့လို့ဖြစ်ရတာဆိုတဲ့အပြစ်ရှိစိတ်နဲ့ လူကာကိုလူကောင်းလိုဖြစ်တဲ့အထိ ကုသပေးမယ်လို့ ဆုံးဖြတ်ထားသူပါ။ တစ်ရက်မှာတော့ ဆိုင်တိုထရွန်လို့ခေါ်တဲ့ အိန္ဒိယကစက်တစ်မျိုး အကြောင်း သိလိုက်ရတာကြောင့် ဘာဘာရာတို့မိသားစုဟာ အိမ်ပေါင်ပြီး လူကာကို အိန္ဒိယခေါ်လာခဲ့ကြပါတယ်။ ဆိုင်တိုထရွန်ကြောင့် လူကာရဲ့ ဦးနှောက်နှစ်ခြမ်းဟာ ဆက်သွယ်မှုတွေလုပ်နိုင်လာပြီး အစားစားတာ၊ စကားပြောတာနဲ့လမ်းလျှောက်တာတွေကို စလုပ်လာနိုင်ခဲ့ပါတယ်။ ကုသမှုပြီးလို့ မက္ကစီကိုကိုပြန်ခဲ့ရပေမယ့် ဘာဘာရာကတော့ ဆိုင်တိုထရွန်နဲ့ဆက်ကုမယ်ဆိုရင် လူကာဟာ အခုထက်ပိုတိုးတက် လာနိုင်တာကိုသိနေပေမယ့် သူတို့မိသားစုကလည်း အိန္ဒိယအထိ ထပ်ခရီးနှင်ဖို့မတတ်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ မက္ကစီကိုဆိပ်ကမ်း တစ်ခုမှာ အမေရိကန်ကိုပို့ဆောင်ဖို့ ဆိုင်တိုထရွန်စက်နှစ်လုံး ရောက်နေကြောင်းသိရှိလိုက်ရတာကြောင့် ဘာဘာရာတစ်ယောက် ဒီစက်တွေကို အမေရိကန်အထိမရောက်ဘဲ မက္ကစီကိုကလေး ဆေးရုံမှာတင်အသုံးချနိုင်အောင် စတင်ကြိုးပမ်းပါတော့တယ်။ ဘာဘာရာရဲ့စိတ်ကူးအတိုင်း ဆိုင်တိုထရွန်စက်တွေကို မက္ကစီကိုမှာတင် တကယ်ပဲအသုံးပြုနိုင်သွားမှာလား။ လူကာကရော ဘယ်အခြေအနေအထိပြန်ကောင်းလာမှာလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.34GB) / (732MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama • Comedy
6.6 2025 96 mins
Lucca’s World