YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Secret Love Affair (2014).EP6.WEB-DL1080P.PP(CM).mp4

1.23 GB 1080p video/mp4 117 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The To Do List
5.7

ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းက လောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီး အဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက် ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီး ကြွေသွားမိသွားပါတော့တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်က ရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီး သူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။ စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့ သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့် ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲ ကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြား ဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော် File size…  1.75 GB /  874 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 44m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Phu Myat Thwe

Drama • History • War
5.7 2013 104 mins
The To Do List
The Lord of the Rings: The Fellowship of the Ring
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8.1 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:48:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Sci-Fi & Fantasy
8.4 2001 179 mins
The Lord of the Rings: The Fellowship of the Ring
Watching the Detectives
6.2

Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်‌ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် ‌နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။ IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ File size…(1.9 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

6.2 2007
Watching the Detectives
Revanche
7.5

IMDb 7.5 , RT – 96 % ရသပေါင်းစုံ ပေးစွမ်းနိုင်မယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့ ဂျာမနီ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သင့်မှာ သိပ်ချစ်ရတဲ့ လူ တစ်ယောက်ရှိလား။ အဲဒီလူရဲ့ ဖြစ်တည်မှု၊ အပြုမူ၊ ကာရိုက်တာ၊ အလုပ်၊ အကုန်လုံးကို အရာရာ နားလည်ပေးနိုင်တဲ့အထိ ချစ်ပေးရတဲ့ Favourite person မျိုး ရှိပြီလား။ ယောင်္ကျားလေးတွေက ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးကိုဆိုရင် အသက်ပါပေးပြီး ကာကွယ်ပေးချင်ကြတာက သဘာဝပါပဲ။ အကယ်၍ ကိုယ် နှစ်နှစ်ကာကာ ချစ်ရတဲ့ ကောင်မလေးကို လက်လွတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော ….. ရင်ကွဲမတတ် ခံစားရမှာက မလွဲဧကန်ပါပဲ။ တာမာရာနဲ့ အဲလက်စ်က သိပ်ကို ချစ်ကြတဲ့ရည်းစားတွေပါ။ ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတော့ ၂ယောက်လုံး ဆင်းဆင်းရဲရဲနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေနေကြရပါတယ်။ ဒါပေမယ့် လောကကြီးရဲ့ Matrix အတိုင်း ဆင်းရဲလေ ပိုပြီးဆင်းရဲလေ ဆိုတော့ ကြံမိကြံရာတွေ ကြံရပါတော့တယ်။ အဲလက်စ်တစ်ယောက် မရတဲ့အဆုံး ဘဏ်ဓားပြတိုက်ပါတော့တယ်။ ဒါပေမယ့် ဘဏ်ဓားပြတိုက်မှုအတွင်း အဲလက်စ်ရဲ့ကောင်မလေး တာမာရာက ရဲပစ်လိုက်တဲ့ ကျည်ဆံကြောင့် သေဆုံးသွားရပါတော့တယ်။ အဲလက်စ် တစ်ယောက် သူသိပ်ချစ်ရတဲ့ကောင်မလေးကို ဆုံးရှုံးလိုက်ရတော့ သူ့ကောင်မလေးကို သတ်သွားတဲ့ ရဲကို ရှာပြီး လက်စားချေဖို့လုပ်ပါတော့တယ်။ အဲလက်စ် တစ်ယောက် ဘယ်လို လက်စားချေမလဲ ….. အဲလက်စ်ဘက်ကအမြင် ….. ရဲရဲ့အမြင် ….. မိသားစုဝင်တွေဘက်ကအမြင် ….. လူပေါင်းမျိုးစုံ ဘက်ပေါင်းမျိုးစုံရဲ့အမြင်ဘက်ကနေ စုံလင်စွာနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကိုရီးယား/ဂျပန် ရုပ်ရှင်တွေ Dramaကောင်းမှန်း သိပေမယ့် ဂျာမနီ Drama ဘယ်လောက်ကောင်းကြောင်းကို ယခုရုပ်ရှင်မှာ မျက်မြင်တွေ့ရှိရမှာပါ။ ဇာတ်လမ်းက အနိမ့်ကနေ အမြင့်ထိကို ဆွဲခေါ်သွားနိုင်ပြီး ရုပ်ရှင်ရဲ့ run time ၂နာရီက ကုန်သွားလို့ကုန်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ပါဘူး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre…Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant kyi win

7.5 2008
Revanche
Grudge
5.5

Grudge (2021) ဇာတ်ကားဟာ တူရကီနိုင်ငံမှာ အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး တူရကီနိုင်ငံရဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာ/ဒါရိုက်တာဖြစ်တဲ့ Yilmaz Erdogan ကိုယ်တိုင် ရေးသားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ action/crime ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကျောရိုးက ဆုချီးမြှင့်ခံရပြီး ရာထူးတိုးတော့မဲ့ ရဲမှူးကြီးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ သူ ရာထူးမတိုးခင်လေးမှာ သူသာမန်ရဲဘဝတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်လိုလူတွေက သူ့ကို ရန်ငြိုးတွေနဲ့ ဘာများကြံစည်ကြမလဲ။ သူကကော အဲ့အခက်အခဲတွေကို ကျော်လွှားနိုင်မှာလား။ သူ့ရဲ့အတိတ်က အရိပ်မည်းတွေကို လွတ်အောင် ရှောင်ပြေးနိုင်မှာလားဆိုတာတွေကို ကြည့်ရှူရမှာဖြစ်ပါတယ်။ သာမန် crime တွေနဲ့ မတူတာက ဇာတ်လမ်းမဆုံးမချင်း ဘယ်သူက ဘာတွေ ဖြစ်လိုဖြစ်မလဲဆိုတာ လုံးဝမှန်းလို့မရနိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို အပေါ့ထသွားဖို့တောင် မေ့လောက်တဲ့အထိ အစကနေအဆုံး ဆွဲခေါ်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ မဖြစ်မနေ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… File size…1.08GB / 531MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.5 2021 104 mins
Grudge
Dr. Cheon and the Lost Talisman
7.1

Dr. Cheon and the Lost Talisman(2023) ************************************ စွန်းကြမ်းတဲ့ အပနှင်Mystery / Thriller movie လာပါပြီ… အပနှင်တဲ့သူလိုလို နတ်ဆရာလိုလို အာပလာ ပရော်ဖက်ဆာချွန်းနဲ့ သခင်လေးဂန်လို့ ခေါ်တဲ့ သူ့တပည့် ဂန်အင်ဘယ်တို့က အပနှင်ဖို့ အလုပ်လာအပ်တိုင်း အပနှင်ချင်ယောင်ဆောင် အိမ်ကို 4D နည်းပညာသုံးပြီးတော့ ဝုန်းဒိုင်းကြဲပြလေ့ရှိပါတယ် ပစ္စည်းတွေကိုလည်း မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး သိမ်းယူလာခဲ့ပြီး အောက်ဈေးနဲ့ ပြန်ရောင်းစားနဲ့ ပိုက်ဆံရှာကြတဲ့ လူလိမ်တွေပေါ့ အပနှင်တဲ့ အလုပ်လုပ်ပေမဲ့လည်း သရဲ ရှိတယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိသလို သူတို့ရင်ဆိုင်ရမယ့်အရာက သရဲ မဟုတ်ဘဲ လူတွေရဲ့ စိတ်လို့ပဲ လက်ခံထားကြတယ် ဒါပေမဲ့ တစ်နေ့မှာ ယူဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီးတော့ သိန်း ၅၀၀ ပုံပေးပြီး သူ့ ညီမလေးကို အပနှင်ပေးဖို့အတွက် သူ့အိမ်ကို ခေါ်ခဲ့တယ် အလုပ်ဖြစ်ရင် နောက်ထပ် သိန်း ၅၀၀ ထပ်ပေးမယ်လို့ မက်လုံးပေးတဲ့အတွက် ပိုက်ဆံမက်တဲ့ ပရော်ဖက်ဆာကြီးတို့လည်း ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်….. ကောင်မလေးအိမ်ကို ရောက်တဲ့အခါမှာ‌တော့ အလွန်ကြောက်စရာ ပရောဂစွဲကပ်နေသလို အောက်လမ်းဆရာကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့….အညွှန်းကိုတော့ Miriကရေးသားပေးထားပါတယ်… File size… 1.4GB/608MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 38min Genre …..Mystery, Horror, Crime, Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Tiff Miri, Treasure Hnin & Stary

7.1 2023 98 mins
Dr. Cheon and the Lost Talisman
Curry & Cyanide: The Jolly Joseph Case
6

Curry & Cyanide – The Jolly Joseph Case (2023) ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု IMDb – 6.7/10 Documentary ဇာတ်လမ်းတွေကို သဘောကျတဲ့CMပရိသတ်တို့အတွက် အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၉ ခုနှစ်က Koodathayi Cyanide Killings(ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု)ဆိုပြီး အိန္ဒိယတစ်ခွင်မှာ ဖိန့်ဖိန့်တုန်သွားစေတဲ့ Netflixဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ပြီး အတော်လေးဂယက်ရိုက်သွားတဲ့အတွက် ဒီအကြောင်းကို ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ကူးထားတာတွေရှိခဲ့ပေမဲ့ အခုတစ်ခါမှာတော့ မတူညီတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ Netflix version လေးကို ရှုစားကြည့်ကြပါဦး။ 2019 ခုနှစ် အောက်တိုဘာလ နံနက်ခင်းဝေလီဝေလင်းအချိန်၊ အိမ်တိုင်းမှာ လူတိုင်းတောင်မနိုးထသေးတဲ့ ဒီအချိန်မှာ ကူဒါသာရီဆိုတဲ့မြို့လေးမှာတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်သွားပါတယ်။ လူအများကလေးစားရတဲ့ လူတိုင်းနဲ့အဆင်ပြေတဲ့ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့မိသားစုဝင် ၆ ယောက်ကို Cyanide လို့ခေါ်တဲ့ အဆိပ်ပြင်းတစ်မျိုးနဲ့ သတ်ခဲ့တဲ့ လူသတ်တရားခံအဖြစ်နဲ့ ရဲဘက်က လာရောက်ဖမ်းဆီးသွားခဲ့လို့ပါပဲ။ မီဒီယာထုံးစံအရ ဒီလိုအမှုဖြစ်ပြီဆိုတာနဲ့ သတင်းသမားတွေက အမှန်တရားနဲ့ ကောလာဟလကိုရောယှက်လို့ ကိုယ့်ရဲ့ထင်မြင်ချက်တွေပါစွက်ပြီး သတင်းတွေဖောင်းပွအောင်ရေးကြတော့တာပါပဲ။ ဂျိုလီဟာ လေးစားအပ်တဲ့ သဘောကောင်းတဲ့ အမျိုးသမီးလို့ ပြောသူကပြော၊ ပြည့်တန်ဆာအလုပ်နဲ့ဆက်စပ်နေတယ်ပြောသူကပြောနဲ့ အမှားကအမှန် အမှန်ကအမှားဖြစ်အောင် တစ်စိတ်ကိုတစ်အိတ်လုပ်နေကြတာပေါ့။ ဒါပေမဲ့ လူတွေပြောနေတဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့ ဒီအမျိုးသမီးကဘယ်သူလဲ။ ၂၀၀၂ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၁၄ နှစ်တာကာလအတွင်းမှာ ၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ကိုယ့်ရဲ့မိသားစုဝင် ၆ ယောက်တိတိကို သူတကယ်ပဲ‌ သွေးအေး‌စွာနဲ့ သတ်ဖြတ်ခဲ့တာလား။ အမှန်တော့ ဂျိုလီက ကတ္တပန်နာဆိုတဲ့မြို့လေးက လယ်သမားမိသားစုမှာ ကြီးပြင်းလာခဲ့တဲ့သူပါ။ လက်လုပ်လက်စားမိသားစုမှာမွေးပေမဲ့ ဝံ့ဝံ့ကြွားကြွားနဲ့ ကျော့ကျော့လေးနေချင်တဲ့ဂျိုလီဟာ ကူဒါသာရီက လူရိုသေရှင်ရိုသေမိသားစုဖြစ်တဲ့ ပူနာမာတမ်မိသားစုရဲ့ချွေးမဖြစ်လာဖို့ သူဟာ MComဘွဲ့ရပညာတတ်ဖြစ်တယ်လို့ လိမ်လည်ပြီး မျက်နှာကောင်းရဖို့လုပ်ပါတော့တယ်။ ဒီလုပ်ကြံထားတဲ့ MComဘွဲ့ကပဲ သူ့ကို ပူနာမာတမ်ရဲ့သားကြီးဖြစ်တဲ့ရွိုင်နဲ့နီးစပ်နိုင်ဖို့ တွန်းအားပေးခဲ့သလို လူသတ်မှု ၆ ခုစဖြစ်လာဖို့ ကနဦးအစဆိုရင်လည်းမမှားပါဘူး။ ဘာလို့လဲဆိုတော့ လက်ထပ်ပြီး အသားကျတာနဲ့ ယောက္ခမဖြစ်သူ အန်နမ်မာက MComဘွဲ့ယူထားပြီး အိမ်မှာအလကားမနေဖို့ ပညာရေးကိုတန်ဖိုးထားတဲ့မိသားစုပီပီ တတ်သိပညာကိုအသုံးချဖို့ တဖွဖွတိုက်တွန်းတော့တာပါပဲ။ ဒီဘာမဟုတ်တဲ့ ဘွဲ့လေးတစ်ခုကို လိမ်ညာတာကနေစလို့ လူသတ်မှု ၆ ခုဖြစ်ပွားခဲ့ရတဲ့ အမှိုက်ကစပြာသာဒ်မီးလောင်ပြီး လူသတ်မှုတွေအထိ ဘယ်လိုဖြစ်လာခဲ့သလဲ။ တခြားဘယ်သူတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေခဲ့သလဲ။ ဘာမဟုတ်တဲ့ အလိမ်အညာလေးတစ်ခုကိုဖုံးကွယ်ဖို့အတွက်နဲ့ ပေးဆပ်လိုက်ရတဲ့တန်ကြေးတွေ ဘယ်လောက်ထိကြီးမားသွားမလဲဆိုတာ အားလုံးအတူ ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ BpL ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6 2023
Curry & Cyanide: The Jolly Joseph Case
Painted Skin: Love is Destroyed
5.8

ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။ အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့… နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး

5.8 2024
Painted Skin: Love is Destroyed
Immortal

အနာဂတ်ကာလကို အခြေခံပြီးတော့ နတ်ဘုရားတွေနဲ့ လူသားတွေကြားက ဖြစ်ရပ်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၁ရာစုအနှောင်းပိုင်းကာလခေတ်ကို အခြေခံထားပြီးတော့ အဲဒီခေတ်အခြေအနေမှာ ကမ္ဘာကြီးကို နတ်ဘုရားတွေနဲ့ လူသားတွေက ပိုင်စိုးထားပါတယ်။ ဒီလိုနဲ့ နတ်ဘုရားတစ်ပါးဟာ မသေနိုင်ဖို့အတွက်နဲ့ လူသားအမျိုးသမီးတစ်ယောက်နဲ့ ကလေးရအောင်လုပ်ဖို့ ကြိုးစားဖို့ လိုအပ်လာပါတော့တယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်လက်ခံကောင်လိုအပ်လာပြီး လက်ခံကောင်ကို ရှာဖွေကာ လူသားအမျိုးသမီးတစ်ယောက်ကို ချည်းကပ်ပြီး ကိုယ်ဝန်ရအောင် ကြိုးစားတဲ့အခါမှာတော့ ……… နတ်ဘုရားက လက်ခံကောင်အဖြစ်ရွေးထားတဲ့ လူသားကရော အသာတကြည်နဲ့ လက်ခံပေးလိုက်လား….. လူသားအမျိုးသမီးနဲ့ ကိုယ်ဝန်ရဖို့ကြိုးစားတဲ့နေရာမှာရော ဘယ်လိုတွေဖြစ်ပျက်မလဲ …. ဆိုတာတွေကို ကြည့်ရှုရမယ့် Sci-fi ဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Drama, Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2004
Immortal
Gaganachari
7.4

Gaganchari (2024)”အာကာသခရီးသည်” =============================== အိန္ဒိယ ရုပ်ရှင်လောကထဲမှာ ဇာတ်လမ်းကောင်းတွေ အထွက်များတဲ့ Mollywood ကနေ အသစ်ထွက်လာတဲ့ IMDb 7.5/10 ရ ဒက်စတိုးပီးယန်းဆန်ဆန် ဇာတ်အိမ်ဆန်းဆန်းရုပ်ရှင်သစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဝာတိယဂာမ္ဘာစစ်ဖြစ်ပြီးချိန် ကမ္ဘာပျက်ကပ်အလွန် ၂၀၄၀ ခုနစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ် အိန္ဒိယနိုင်ငံအတွင်းမှာ စက်သုံးဆီတွေသုံးခွင့်ပိတ်ပင်ထားပြီး ဂြိုဟ်သားတွေရဲ့စိမ့်ဝင်မှုကိုလည်းကြုံနေရပါသေးတယ်။ အဲဒီလို ကမ္ဘာပျက်ကပ်အလွန်ခေတ်ကြီးထဲမှာ စပ်စုတတ်တဲ့ လူငယ်နှစ်ယောက်က ဂြိုဟ်သားမုဆိုးဆိုတဲ့ ရေလည်ကြမ်းတဲ့ဘဲကြီးတစ်ပွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားရင်း အဲဒီကာလကြီးမှာ လူတွေကြုံတွေခဲ့ရတဲ့အကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Mystery
7.4 2024 114 mins
Gaganachari
Till the End of the Night
5.4

‘လီနီ’ကတော့ trans woman တစ်ဦးဖြစ်ပြီး သူမက မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ထောင်ကျနေတာ ဖြစ်ကာ တစ်ရက်မှာတော့ သူမကို ရဲတွေက ထောင်ကနေ စောလွှတ်ပေးမှာဖြစ်ကြောင်းနဲ့ အွန်လိုင်းကနေတဆင့် မူးယစ်ဆေး ကုန်သွယ်နေတဲ့ ဝက်ဘ်ဆိုဒ် တည်ထောင်သူတစ်ဦးကို ဖမ်းဆီးပေးဖို့အတွက် အသွင်ယူရဲတစ်ဦးနှင့်အတူ ပူးပေါင်း၍ စစ်ဆင်ရေးတစ်ခု လုပ်ပေးစေလိုကြောင်း ဆက်သွယ်လာပါတော့တယ်။ ဝက်ဘ်ဆိုဒ် တည်ထောင်သူက သူမရဲ့ အရင်ဘော့စ် ဖြစ်ပြီး စစ်ဆင်ရေးမှာ သူမ လက်တွဲပြီးလုပ်ကိုင်ရမယ့် အသွင်ယူရဲကတော့ သူမအနေနဲ့ လိင်ပြောင်းဖို့ မစဉ်းစားခင်က ချစ်ခဲ့ရသူ စုံထောက် ‘ရောဘတ်’ပါ။ ‘ရောဘတ်’ဘက်ကကြည့်ပြန်တော့လည်း သူက ဂေးတစ်ယောက်ဖြစ်နေပြီး လိင်ပြောင်းဖို့ ဆုံးဖြတ်ထားသူ ‘လီနီ’ ကို ဘာလုပ်လုပ် အကောင်းကို မမြင်နိုင်ပါဘူး။ ဒီတော့ ဒီစစ်ဆင်ရေးက ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။) File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Drama • Thriller
5.4 2023 123 mins
Till the End of the Night
10 Days of a Curious Man
5.8

2023တုန်းက ထွက်ရှိခဲ့တဲ့ 10 Days of a Good Man နဲ့ 10 Days of a Bad Man တို့ရဲ့ sequel ရုပ်ရှင်ကားကိုတင်ဆက် ပေးလိုက်ချင်ပါတယ်။ အရှေ့နှစ်ကားရဲ့ ဖြစ်ရပ်တွေအပြီးမှာတော့ ဆာဒစ်ဟာ ဘဲလက်ဆိုတဲ့မြို့လေးမှာ တစ်ကိုယ်တည်း အေးအေးဆေးဆေး စာလေးတွေရေးရင်း နေထိုင်နေပုံကနေ ဇာတ်လမ်းကိုစတင် ထားပါတယ်။ ရှေ့မှာသူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို စာမူရေးပြီး ပုံနှိပ်တိုက်‌ တွေကို ပေးပို့ခဲ့ပေမဲ့ အယ်ဒီတာဘက်ကသဘောမကျဘူးပေါ့လေ။ ဒီလိုနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ရေးမယ်ဆိုပြီး အကြံ ထုတ်နေတုန်း ဆာဒစ်ရဲ့ အိမ်ရှေ့နားမှာ ကြောင်လေးတွေကို အစာလာကျွေးနေကျအဘွားကြီးက အစာလာမကျွေးတော့တာကို သတိထားမိသွားပါတယ်။ အဘွားကြီး ဘာလို့မလာတော့လဲဆိုတာကို သွားစုံစမ်းရင်း ‌ကြောင်စာတွေထောက်ပံ့နေကျဖြစ်တဲ့ မူတဲနာဆိုတဲ့ ကောင်မလေးရဲ့ပျောက်ဆုံးမှုကိုသိလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရပ်ကွက်ထဲမှာ အိမ်တွေကိုမီးလိုက်ရှို့နေတဲ့ လူတစ်စုလည်းရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ စာမူရေးဖို့ ဇာတ်အိမ် ကုန်ကြမ်းရှာနေတဲ့ ဆာဒစ်တစ်ယောက် မူတဲနာဆိုတဲ့ကောင်မလေးရဲ့ ပျောက်ဆုံးမှုကို စတင်စုံစမ်းပါတော့တယ်။ Crime/mystery အမျိုးအစားဖြစ်တာကြောင့် မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းချိတ်ဆက်ပုံတွေကို ကောင်းကောင်းကြီးကြည့်ရှုရမှာပါ။ လူကောင်းရော လူဆိုးပါဖြစ်ခဲ့ပြီးတဲ့ ဆာဒစ်တစ်ယောက် လူပျောက်မှုကို စပ်စုမိတဲ့အခါမှာတော့ ဘာတွေဖြစ်ဦးမလဲဆိုတာ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… (1.89GB) / (979MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024
10 Days of a Curious Man
The Unseen Sister
6.2

အသက် ၁၄ နှစ်အရွယ်မှာတည်းက စာပေလောကထဲကို စာရေးဆရာအနေနဲ့ ရောက်လာခဲ့တဲ့ ကျန်းယွဲ့ရန်ရဲ့ (Da Qiao Xiao Qiao)တချောင်ရှောင်ချောင် (ခ) ချောင်ညီအစ်မဇာတ်လမ်းက အွန်လိုင်းဝတ္ထုတိုလေးဆိုပေမယ့်လည်း…. အခု ကျောက်လိယင်းနဲ့ ရှင်းကျစ်လေ မင်းသမီးနှစ်လက်အသားပေးပြီး The Unseen Sister (2024) ရုပ်ရှင်ကားအဖြစ်တစ်မျိုး၊ တစ်ဖက်မှာလည်း Tencent က ကျောက်လုစီနဲ့ ချန်ဝေထင်တို့က ဇာတ်လိုက်သရုပ်ဆောင် ဖန်တီးထားတဲ့ Love’s Ambition ( 2025 မျှော်မှန်း) ဇာတ်လမ်းတွဲအဖြစ် တစ်ဖုံ စင်ပြိုင် အလုခံရတဲ့ ဝတ္ထုတိုလေးပါ… ဒီလိုစင်ပြိုင်လုခံရတဲ့ ဇာတ်ကားလေးက ဘယ်လို ဇာတ်အိမ်တွေနဲ့ တည်ဆောက်ထားတယ်ဆိုတာကတော့ မူရင်းဝတ္ထုလေးဖတ်ဖူးသူတွေသိကြမှာပါ… ဒီနေ့မှာတော့ ယင်းပေါင်(ခ) ကျောက်လိယင်ရဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ရုပ်ရှင်ဗားရှင်းမှာတော့… နာမည်ကြီးသရုပ်ဆောင်မင်းသမီး ချောင်ယန် (ကျောက်လိယင်)က အမည်မသိလူတစ်ယောက်ရဲ့ လျို့ဝှက်ခြိမ်းခြောက်မှုကို ခံနေရတာပေါ့… တစ်ဖက်မှာလည်း သူ့ကို ငွေရှာစက်လိုသဘောထား အသုံးချ အသားယူဖို့ကြိုးစားနေတဲ့ ရှန်ဟောက်မင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြန်တယ်… တစ်ဖက်မှာလည်း ချောင်ယန်ရဲ့ အောင်မြင်မှုကို တရုတ်နယ်စပ် မြန်မာနိုင်ငံကနေ ဗိုက်တစ်လုံးနဲ့ ကြည့်နေတဲ့သူကတော့ တချောင်( ရှင်းကျစ်လေ) ပါပဲ… တချောင်က တခြားသူမဟုတ်ပါဘူး… ချောင်ယန်နဲ့ ၁၇ နှစ်တာ ကွဲနေတဲ့ သူ့အစ်မအရင်းပါပဲ… သူ့မှာလည်း ဗိုက်တစ်လုံးနဲ့ ထားသွားတဲ့ ယောက်ျားက ဒီတိုင်းမထားဘဲ အကြွေးရှင်တွေနဲ့ ထားသွားတော့… ကူသူကယ်သူမဲ့နေရာကနေ နောက်ဆုံးမှာတော့…. ချောင်ယန်ရှိတဲ့ ပေကျင်းကို ထွက်လာဖို့ဖြစ်လာခဲ့တယ်… ၁၇ နှစ်တာ ဝေးကွာနေတဲ့ ညီအစ်မတွေ ပြန်ဆုံချိန်မှာ အမှတ်မထင် တချောင်ပြောတဲ့စကားက… “နင့်ဆီက ချောင်ယန်ဘဝကို ပြန်လိုချင်လို့”တဲ့… ဟုတ်ပါတယ်… ချောင်ယန်ဆိုတဲ့နာမည်နဲ့ဘဝက အခုမင်းသမီးချောင်ယန်ရဲ့ ဘဝမဟုတ်ဘဲ တချောင်ရဲ့ နာမည်ပါတဲ့… ဒါပေမယ့် ဘာလို့ ရှောင်ချောင်က တချောင်ရဲ့ နာမည်နဲ့ဘဝကိုရသွားတာလဲ… ချောင်ယန်ကို လျို့ဝှက်ခြိမ်းခြောက်နေတဲ့သူကရော ဘယ်သူလဲ… နောက်ပြီး ချောင်ယန်တစ်ယောက် သူ့ကို ငွေရှာစက်လို သဘောထားတဲ့ ရှန်ဟောက်မင်လက်က ဘယ်လိုရုန်းထွက်နိုင်မှာလဲ… တချောင် ရှောင်ချောင် ညီအစ်မနှစ်ယောက်ဘဝက ဘယ်လိုပြောင်းလဲသွားမှာလဲ… CM မှာ ဘာသာပြန်ပေးထားတာမို့ ကြည့်ရှုအားပေးလိုက်ကြရအောင်

6.2 2024
The Unseen Sister
Zero Dark Thirty
7.4

Zero Dark Thirty (2012) IMDb Rating (7.4) / Rotten Tomatoes (91 %) “အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကို အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။ အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။ အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင် ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ အသေးစိတ်ကြည့်ရှုကြရမှာပါ။ ‌Zero Dark Thirty ဆိုတဲ့အဓိပ္ပါယ်ကတော့ သန်းခေါင်ယံကျော်လွန်ပြီး မိနစ် သုံးဆယ်အကြာကို ဆိုလိုတာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ ဘင်လာဒင်ကို အမေရိကန်တို့ သုတ်သင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးက Rating တွေမြင့်ပြီး ကြည့်ရှုသူတိုင်းကြိုက်ကြတဲ့ ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်ကားဖြစ်ပြီး အော်စကာဆုတဆု ရရှိခဲ့သလို အခြားသော ဆုပေးပွဲတွေမှာလဲ ဆုပေါင်း ၈၆ ဆုထိရရှိခဲ့ပါတယ်။

7.4 2012
Zero Dark Thirty
: When the Day Comes (2017)

1987: When the Day Comes (2017) ******************************** IMDb… 7.7 Kim Yun-Seok, Ha Jung-Woo, Yu Hae-Jin, Kim Tae-Ri, Park Hee-Soon, Kang Dong-Won, Yeo Jin-Goo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး Baeksang လို ဂုဏ်သရေရှိဆုပေးပွဲကြီးမှာ Daesang နဲ့ ဇာတ်ညွှန်းဆုအထိပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၇ ခုနှစ် ၁ လပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားလေး ဘတ်ဂျုံချောဟာ ရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ ရဲအရာရှိတွေက ဘတ်ဂျုံချောအမှုကို ဖုံးဖိပြီး ခြယ်လှယ်လုပ်ကြံဇာတ်ခင်းဖို့ ကြိုးစား‌နေကြတဲ့ကြားကနေ အမှန်တရားပေါ်ပေါက်လာအောင် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများ၊ မီဒီယာများရဲ့ ၁၉၈၇ ခုနှစ် ၆ လပိုင်း အရေးတော်ပုံအကြောင်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အဆုံးပိုင်းမှာ လက်တွေ့ အရေးတော်ပုံ မြင်ကွင်းများကိုပါ ထည့်သွင်းထားပြီး သရုပ်ဆောင်ကြီးများရဲ့ သရုပ်ဆောင်ပုံတွေကလည်း ပီပြင်လွန်းလှတာကြောင့် ကြက်သီးတဖြန်းဖြန်းထရင်း ကြည့်ရှုကြရမဲ့ ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုပေးလိုက်ပါရစေရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။) File Size : 3.35GB/ 1.40GB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…02:09:49 Genre : Thriller, Drama, Political Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

0 1987 129 mins
: When the Day Comes (2017)