YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Secret.Garden.2010.EP20.WEB-DL.1080P(CM).mp4

1.85 GB N/A video/mp4 46 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Tango in Paris
7

Last Tango in Paris (1974) ~ IMDb - 6.9/10, Rotten Tomatoes - 83% ~ ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။ မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ထိပ်တန်းကျခဲ့တဲ့ 400 Blows က မင်းသားကြီး Jean-Pierre Léaud နဲ့ ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ရုပ်ရှင်ပေါင်းများစွာမှာ သရုပ်ဆောင်ဖူးခဲ့တဲ့ မာလွန်ဘရန်ဒိုတို့က အဓိက သရုပ်ဆောင်ထားတယ်။ မင်းသမီးကလည်း ပြင်သစ်မင်းသမီး Maria Schneider ပါ။ ဘရန်ဒိုကလွဲ အကုန်ပြင်သစ်တွေချည်းလို့ ပြောလို့ရပါတယ်။ Erotic Drama Film တစ်ကားအနေနဲ့ဆို ဒီကားဟာ တော်တော်ထိပ်တန်းကျတဲ့ အရည်အသွေးရှိတယ်လို့တောင် ပြောချင်ပြောလို့ရပါတယ်။ Sex Scenes တွေက အကြမ်းပတမ်းတွေတောင်ပါတာမို့ အများသူငါ သူယှဉ်တွဲကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 9Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Drama • Sci-Fi & Fantasy
7 1972 129 mins
Last Tango in Paris
Twelve Nights
6.7

The Warlords နဲ့ Dragon တို့လို ကားကောင်းတွေမှာ ဇာတ်ညွှန်းရေးခဲ့တဲ့ စာရေးဆရာမ Aubrey Lam ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဟောင်ကောင်ရဲ့ အကျော်အမော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Cecilia Cheung နဲ့ သူ့ခင်ပွန်းဟောင်း လက်ရှိခေတ်ရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့၊ ကျွန်တော်တို့တော့ ဟွားဝူချွဲအဖြစ်နဲ့ စသိခဲ့ကြတဲ့ Nicholas Tse တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အချစ်တို့ရဲ့ ၁၂ညတာ အကြောင်းပါပဲ။ အချစ်ရဲ့ ပြေးတော့လိုက် လိုက်တော့ပြေးခြင်းတွေ၊ အချစ်ရဲ့မရင့်ကျက်ခြင်းတွေ၊ ဘဝရဲ့လှည့်စားခြင်းတွေကို ၁၂ညတာအချိန်အတွင်း ဘောင်သွင်းပြသွားတဲ့ ဟောင်ကောင်ရိုမန့်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အလှတရားနဲ့ ညှို့ကွင်းထောင်နေတဲ့ ယန်တစ်ခုလို Cecilia Cheung နဲ့တင် ဒီဇာတ်လမ်းကို ကြည့်သင့်နေပြီ ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 32Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.7 2000 92 mins
Twelve Nights
A Woman Called Sada Abe
5.3

အေဘီ ဆာဒါ ဆိုတာ သူမ ချစ်သူကို ချစ်လွန်းလို့ အဆုံးရှုံးခံရမှာစိုးလို့၊ တခြားသူလက်ထဲ မထည့်ပေးနိုင်လို့ ချစ်သူကို ကိုယ်တိုင်သတ်ပစ်ပြီး၊ လိင်အင်္ဂါကိုဖြတ်ယူကာ သူမ ကီမိုနိုထဲထည့်ကာ ကိုယ်နဲ့မကွာဆောင်ထားတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ 1936 ခုနှစ်မှာ ဂျပန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး လူထုအကြားတုန်လှုပ်ခြောက်ခြားစေခဲ့ပြီး တွေးခေါ်ပညာရှင်တွေ၊စာရေးဆရာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေအကြားပိုပျံ့နှံခဲ့ပါတယ်။ 1975 မှာတော့ သူမအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ထွက်ရှိခဲ့ပါတော့တယ်။ တကယ်လည်းအချစ်ကြီးခြင်းရဲ့ ကြောက်စရာကောင်းတဲ့အိပ်ရာခန်းတွေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကွင်းကွင်းကွက်ကွက်မြင်ရမှာမို့ မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူးခင်ဗျ File Size : (1.3GB) and (445 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Adult, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Comedy • Fantasy
5.3 1975 76 mins
A Woman Called Sada Abe
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern

CM ရဲ့ချစ်ပရိသတ်ကြီးကို ထူးခြားတဲ့စွမ်းရည်တွေနဲ့ Fantasyကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့...... ထူးခြားတဲ့အစွမ်းတွေပိုင်ဆိုင်တဲ့ လူငယ်လေးကျိုးချူက ဆိုးသွမ်းပြီး ဆန့်ကျင်လိုစိတ်တွေများပါတယ်။ အမြဲဒုက္ခတွေရှာလို့ ဝူကျွင့်မြို့သားတွေကသူ့ကို ဒုက္ခအိုးလို့သဘောထားကြတယ်။ တစ်ညမှာတော့မြို့ပြင်ကကလေးငယ်လေးကို ကယ်ဖို့အတွက် ကျားဘုရင်ရဲ့သားကိုသတ်ခဲ့တယ်။ ဒီလိုနဲ့ ကျားဘုရင်က ဝူကျွင့်မြို့ကိုဒုက္ခပေးလာတော့ ကျားဘုရင်နဲ့တိုက်ခိုက်တဲ့အချိန်မှာ ကျိုးချူကဒဏ်ရာအပြင်းအထန်ရသွားပြီး အစွမ်းတွေပျောက်သွားခဲ့တယ်။ သာမန်လူလို့ဖြစ်သွားတဲ့အချိန်မှာ ကျိုးချူက ပြည်သူတွေရဲ့မေတ္တာနဲ့ စောင့်ရှောက်မှုကိုခံယူပြီး သူအရင်တုန်းလုပ်ခဲ့တာတွေကမှားမှန်းသိသွားခဲ့တယ်။ သူရဲကောင်းတစ်ယောက်ရဲ့တာဝန်ကိုနားလည်သွားပြီး ကျားဘုရင်နဲ့နောက်ဆုံးအကြိမ်တိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ အထူးeffectတွေနဲ့ သိုင်းချတဲ့အခန်းတွေ တစ်ဝကြီးကြည့်ရင် ဘာတွေဆက်ဖြစ်မလဲ ဆက်ကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy,Action Runtime : 1h 22 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Drama • Romance
null 2022
The Prodigal Son
Deadly Flower

တရုတ်နိုင်ငံကို ဂျပန်တွေ အုပ်စိုးစဥ် အချိန်ကာလ ၁၉၃၁ ခုနှစ် ဝန်းကျင်အချိန်မှာ တရုတ်ပြည်သူတွေအားလုံးဟာ ဂျပန်တွေရဲ့ နှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပါတယ် ။ ဒီလိုအခြေအနေတွေ အကြပ်ရိုက်နေစဥ်မှာ ကိုယ့်ရဲ့ဂုဏ်သက္ခာကို ရောင်းစားပြီး ဂျပန်လက်အောက်ခစားကြတဲ့ သစ္စာဖောက်တွေကလဲ ပေါ်ပေါက်လို့ လာခဲ့ချေပါတယ် ။ အဲဲဒီအထဲမှာ မြို့တော်ဝန် ကျန်းဝမ်လင် ဆိုသူဟာလဲ အပါအဝင်ပါပဲ ။ မြို့တော်ဝန် ကျန်းဝမ်လင် ရဲ့ ဇနီးဖြစ်သူဟာ ယောကျာ်းဖြစ်သူရဲ့ လုပ်ပုံကိုင်ပုံတွေကို အလိုမကျဖြစ်ကာ လုပ်ကြံတော်လှန်ဖို့အထိ ကြံစည်လာခဲ့ပါတယ် ။ ဒါပေမဲ့ မြို့တော်ဝန်ကျန်းဝမ်လင် နဲ့ သူ့ရဲ့ ဂျပန်အပေါင်းအပါတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ချေပါဘူး ။ အဲတာကြောင့် အမွှာသမီးနှစ်ယောက်ကိုခေါ်ကာ ထွက်ပြေးဖို့ ကြိုးစားရင်း မလွတ်မြောက်နိုင်ပဲ အမွှာသမီး ၂ ယောက်ဟာ တစ်ကွဲစီ ကွဲပြားသွားခဲ့တဲ့အခါမှာတော့ ...? ❏ အကြီးဖြစ်သူ သမီးလေးဟာဆိုရင် ဂျပန်တော်လှန်ရေးအဖွဲ့မှာ ပါဝင်ဦးဆောင်နေပြီး ဖခင်ဖြစ်သူကို လုပ်ကြံဖို့ ကြံစည်နေတဲ့အခါ ? ❏ တစ်ဖက်မှာလဲ အငယ်ဖြစ်သူ သမီးမှာတော့ ဖခင်ရဲ့ ချစ်သမီးလေးအဖြစ်ရှင်သန်နေပြီး ဂျပန်ရဲ့ လက်အောက်မှာ ရှိနေတဲ့အခါ ? မတူညီတဲ့ အမွှာညီမနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာ ဘယ်လိုဆက်ပြီးဖြစ်ကြမှာလဲ ။ မတူညီတဲ့ လမ်းကြောင်းနှစ်ခုပေါ်က အမွှာညီအစ်မတွေ ပြန်လည်ဆုံတွေ့နိုင်ပါ့မလား ။ ရက်စက်လှတဲ့ဂျပန်တပ်တွေနဲ့ ဖခင်ဖြစ်သူကိုရော ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရန်အတွက် ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

0 2023 80 mins
Deadly Flower
Aporia
5.3

Aporia (2023) ဆိုဖီဟာ ခင်ပွန်းဖြစ်သူ မယ်လ်ကို ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဆုံးရှုံးထားရပြီးနောက်ပိုင်းမှာ သမီးလေး ရိုင်လီနဲ့ သူဟာ ဦးတည်ရာမဲ့ စိတ်လေလွင့်နေခဲ့ကြပါတယ်။ အမေနဲ့ သမီး အစေးမကပ် နေ့ရက်တွေကို ဖြစ်သလို ဖြတ်သန်းနေကြရင်းက မယ့်လ် သူငယ်ချင်း ဂျဘီးယားက ဆိုဖီိ့ကို သူနဲ့ မယ်လ် တီထွင်ထားတဲ့ အချိန်သွားခရီးစက်ကို ပြသပါတော့တယ်။ အချိန်သွားခရီးစက်ဆိုတာထက် ဒီစက်ဟာ အတိတ်က လူတွေကို သတ်ပစ်နိုင်တဲ့စက်ပေါ့… ဆိုဖီဟာ ချက်ချင်းဆိုသလို ဒီစက်ကိုအသုံးပြုပြီး မယ့်လ်ကို ပြန်ခေါ်ခဲ့ပါတယ်…. ဒါပေမယ့် အကြောင်းကြောင့် အကျိုး… အရာရာတိုင်းဟာ ဆက်စပ်မှုတွေ ရှိနေစမြဲပါ… ဒီစက်ကို အသုံးပြုလိုက်တဲ့အတွက်ကြောင့် ဘာတွေ ဖြစ်လာသလဲ… မယ်လ်တစ်ယောက်ပဲ ပြန်လာတာလား…. ဒီလူတစ်ယောက်ကနေ ဘာတွေ ဆင့်ပွားဖြစ်လာခဲ့သလဲ… မယ်လ်ကရော ဆိုဖီသိတဲ့ မယ်လဲပဲလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… Timelineeနဲ့ ပက်သက်တဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တယ်ဆိုရင် ဒိကားကို ကြည့်ရှုဖို့ လုံးဝ recommend ပေးပါတယ်ခင်ဗျ အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama, Sci-fi Quality…. 1080p | 720p File size…1.6GB | 849MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

Drama • Crime • Mystery • Thriller
5.3 2023
Aporia
Anyone Anywhere
6.7

Anyone Anywhere(2023) *********************** မရိုးနိုင်တဲ့ ကျောင်းတွင်းအကြမ်းဖက်ကားသစ်လေး ထွက်ရှိလာပါပြီ… Penthouse ထဲက ဘယ်ရိုနာလို့ လူသိများတဲ့ မင်းသမီး Kim Hyeon Soo နဲ့အတူ Crash Course In Romance မှာ ဂွန်းအူနဲ့ ဆူအာအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ Lee Min Jae နဲ့ Kang Na Eon တို့က main cast အနေနဲ့ ပါ၀င်ထားပါတယ်…. ဂန်မင်ဂျူ (Kang Na Eon)က ကျောင်းတွင်းအကြမ်းဖက်မှုခံနေရသူလေးပါ တခြားအတန်းဖော်သူငယ်ချင်းတွေနဲ့ မျက်လုံးချင်းဆုံခဲ့ရင်တောင် ချက်ချင်းဆိုသလိုပဲ အကြည့်ရှောင်ပစ်လိုက်ကြပါတယ် လျစ်လျူရှုမှု ပြက်ရယ်ပြုမှုတွေနဲ့ ကျင့်သားရနေပြီဖြစ်တဲ့ မင်ဂျူ‌တစ်ယောက် သူ့မွေးနေ့ကိုရောက်ဖို့ ၄၅ မိနစ်အလိုမှာပဲ အားလုံးမထင်မှတ်ထားတဲ့ကိစ္စဖြစ်သွားပါတယ်.. ဒီကိစ္စဖြစ်ပြီးချိန်မှာ အားလုံးဟာ ရှော့ရသွားကြပါတယ်.. ဒါနဲ့ပတ်သက်တဲ့ ကျောင်းသားတွေအားလုံး ဘယ်လိုတုန့်ပြန်ပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့.. File size… 887MB/ 312MB Quality…HDTV 1080P/ 720p Format…mp4 Duration….1hr 03min Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Miri Hnin, Stary Kinni & Treasure Htet

6.7 2023
Anyone Anywhere
Street Dancer 3D
3.4

(Unicode) အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . . လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . . အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . . အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . . Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . . လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . . တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်း ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . . ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ . . Varun Dhawan, Nora Fatehi , Shraddha Kapoor တို့အဓိကခေါင်းဆောင်ပါဝင်ထားပီး အကအလှဝေေ၀ဆာဆာနဲ့ ကြည့်ရှုခံစားရမဲ့ နာမည်ကြီး ရုံတင်ဇာတ်ကားကောင်းတစ်ကားမို့မလွတ်တမ်ခံစားကြည့်ရှုသင့်တဲ့ . . .ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း . . .? ဇာတ်လမ်းအညွှန်းကို MLMC မှ ကူးယူဖေါ်ပြထားဖြစ်ပါတယ် ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

3.4 2020 146 mins
Street Dancer 3D
Monster Inside: America’s Most Extreme Haunted House
5.5

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ရုပ်ရှင်မဟုတ်ပဲအမေရိကရဲ့ ကြောက်စရာ အကောင်းဆုံးအိမ်ကြီးထဲက မကောင်းဆိုးဝါးတစ်ကောင် အကြောင်း ဖြစ်ရပ်မှန်တီဗီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ Monster Inside America’s Most Extreme Haunted House ဆိုတဲ့ နာမည်နဲ့ထွက်ရှိထားတာဖြစ်ပြီး သည်းထိပ်ရင်ဖိုဆိုကြိုက်မှကြိုက်ဆိုတဲ့ လူတွေ လက်လွတ်မခံကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်လောက်တုန်းက အမေရိကမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ မက်ကေမီအိမ်ကြီးဆိုတဲ့ နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို ရက်စ်မက်ကေမီဆိုတဲ့ လူက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကိုအဓိကကြီးကြပ်ဦးစီးနေသူလည်း ဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးက ဘာလို့နာမည်ကြီးသွားရလဲဆိုရင် အဲ့ဒီအိမ်ကြီးထဲကို လာတဲ့ လူတိုင်းကို စစ်မှန်တဲ့ပြင်းထန်တဲ့ အလွန်အမင်းဖြစ်တဲ့သည်းထိတ်ရင်ဖို အတွေ့အကြုံတွေကို ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲကို ဝင်ချင်တိုင်းလည်း ဝင်လို့မရပါဘူး။ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး သင့်တော်တယ်ဆိုမှ သူတို့ရဲ့ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုသဘောတူလက်မှတ်ထိုးပြီးမှ ဝင်ခွင့်ရှိတာပါ။အဲ့ဒါကြောင့်မလို့ လည်း ယနေ့ထိတိုင်စိတ်ဝင်စားနေတဲ့လူအများအပြား ရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကိုယ့်ကိုနှိပ်စက်မယ် ရိုက်နှက်မယ် ရေနှစ်မယ် သွားတွေဆွဲထုတ်မယ် မသေရုံတမယ်နှိပ်စက်မယ်ဆိုတဲ့ ၈ နာရီကြာဝန်ဆောင်မှုတွေ အများကြီးရပါတယ်။ဒီတော့ကိုယ့်သတ္တိကိုယ်ယုံကြည်ပြီးတော့ သည်းထိပ်ရင်ဖို အစစ် အမှန်ကိုမှခံစားချင်တယ်ဆိုရင်တော့ အဲ့ဒီကိုသွားကြဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့် လူတွေဆိုတာသိတဲ့အတိုင်း ကောင်းတာလုပ်ရင်တောင် ဝိုင်းပြောချင်နေကြတာဆိုတော့ ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုအပေါ်မှာလည်း သဘောထားတွေကွဲလွဲလာခဲ့ကြပါတော့တယ်။ ထောက်ခံသူတွေက ထောက်ခံ ဆန့်ကျင်သူတွေကဆန့်ကျင်ပြီးတော့ ပွဲတွေဖြစ်ခဲ့ကြတာဆိုရင် ယနေ့ထိတိုင်ပါပဲ။ဒီထဲမှာ အဲ့ဒီအိမ်ကိုသွားခဲ့ဖူးတဲ့ လူသုံးယောက်ကသူတို့ရဲ့အတွေ့အကြုံတွေ အထင်အမြင်တွေကို ပြောပြထားတာကိုအဓိကထား ရိုက်ကူးထားပါတယ်။ဒီတော့ ကိုယ်လဲစိတ်ဝင်စားလို့ သွားချင်တယ်ဆိုရင်တော့ မသွားခင် ဒီအစီအစဉ်လေးကိုကြည့်သွားဖို့ အတွက်အကြံပေးလိုက်ချင်ပါတယ်။ File size…1.60GB / 681MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Documentary , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023
Monster Inside: America’s Most Extreme Haunted House
Goodbye Mr. Loser
6.7

ဒီကား​လေးဟာ imdb6.7ရရှိထားပြီးChinese box officeမှာ $228millionအထိဝင် ငွေရရှိ​ထားတဲ့ဇာတ်​ကား​ကောင်​း​လေးတစ်​ကားဖြစ်​ပါတယ်​.. ဇာတ်​လမ်​းအကျဉ်​း​လေးက​တော့ရှ​လော့ဟာ​တေး​ရေးအဆို​ကျော်​ဖြစ်​ချင်​​နေ​ပေမယ်​့ မ​အောင်​မြင်​နိုင်​ပဲ အမြဲကျရှုံး​နေရသူပါ…တစ်​​နေ့မှာသူငယ်​စဉ်​ကcrushခဲ့ရတဲ့ ​ကျောင်​းရဲ့အလှဘုရင်​မ​လေးချုံးယာမင်္ဂလာ​ဆောင်​ကိုစမတ်​ကျကျနဲ့ ဟန်​​ဆောင်​ပြီးသွားရာက​နေ​ မင်္ဂလာပွဲမှာဘယ်​​လို​တွေရှုပ်​ယှက်​ခတ်​ကုန်​မလဲ.. သူ့မိန်​းမ မာတုန်​းမိန်​လို်က်လာပြီးအရှက်​​တွေကွဲပြီးထွက်​​ပြေးရာက​နေ 1990ခုနစ်​ သူ့ရဲ့အထက်​တန်​း​ကျောင်​းသားဘဝကို အမှတ်​မထင်​အချိန်​ခရီးသွားပြီး ပြန်​လည်​​ရောက်​ရှိသွားပါ​တော့တယ်​… ဒီလိုနဲ့ သူ မပိုင်​ဆိုင်​နိုင်​ခဲ့တဲ့အချစ်​နဲ့ ​အောင်​မြင်​မှု​တွေကို ရယူနိုင်​ဖို့ကြိုးစားပါ​တော့တယ်​… ရာစုနှစ်​၂စု​လောက်​​နောက်​ကျပြီးမှထွက်​လာမယ်​့အဆို​ကျော်​​တွေရဲ့သီချင်​း​တွေကို Copyလုပ်​ပြီး​အောင်​မြင်​​ကျော်​ကြားလာပါ​တော့တယ်​….. သူလိုချင်​တဲ့​အောင်​မြင်​မှု​တွေနဲ့ချုံးယာကိုပိုင်​ဆိုင်​ခဲ့ရ​ပေမယ်​့ ဒါကသူလိုချင်​တဲ့ဘဝမျိုးဖြစ်​ရဲ့လား…သူ့နှလုံးသားထဲမှာရှိ​နေတဲ့ မိန်​းက​လေးဟာတစ်​စုံတစ်​​ယောက်​လို့သိလိုက်​ရချိန်​မှာ​တော့.. ဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည်​့ရှုရမှာဖြစ်​ပါတယ်​.. ဒီဇာတ်​ကား​လေးကြည်​့ပြီးရင်​​တော့ ကိုယ်​မပိုင်​ဆိုင်​ခဲ့ရတဲ့ဘဝ​တွေကိုတမ်​းတ​နေမဲ့အစား ကိုယ်​့​ဘေးမှာ ဆိုးတူ​ကောင်​းဖက်​ရှိ​နေ​ပေးတဲ့သူကို မြင်​နိုင်​ပြီးတန်​ဖိုးထား​ရမယ်​ဆိုတာသိလာမိပါတယ်​….

6.7 2015 104 mins
Goodbye Mr. Loser
June Zero

(function(f,b,n,j,x,e){})(); ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် သမိုင်းကြောင်းတစ်ခုက လူတစ်ယောက်အပေါ်ကို ဘယ်လောက်တောင်သက်ရောက်မှုရှိလဲ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်တွေပါဝင်နေသလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးစုတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တဲ့ Adolf Eichman ရဲ့ လူသိနည်းတဲ့တရားခွင်အပေါ်မှာ ဇာတ်ကြောင်းခံပြီး ဇာတ်လမ်းကိုတင်ဆက်ပြသထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ လူသားဆန်ဆန်နေထိုင်မှုရဲ့အဓိပ္ပာယ်တွေ ပြီးတော့ Eichman ကိုကွပ်မျက်ခြင်းကိုလုပ်ဆောင်တဲ့ အပိုင်းမှာပါဝင်တဲ့ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေတွေ ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ နာဇီတွေရဲ့ ပြစ်မှုတွေကဘယ်လောက်တောင်လွှမ်းမိုးမှုရှိလဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2022
June Zero
Legend of Changbai Mountain Hunter
5.7

အရမ်းအေးပြီးနှင်းထူထပ်တဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းဒေသမှာ ထူးဆန်းတဲ့ဒေသန္တရဇာတ်လမ်းတွေ အရပ်ပုံပြင်တွေနဲ့ ပြည့်နေတယ်။ မုဆိုးကြီးတစ်ယောက်ရဲ့မိန်းမကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့ မြွေကြီးရဲ့သည်းခြေနဲ့ဆေးဖော်သောက်မှ ပျောက်မယ်ဆိုလို့ မုဆိုးကြီးကမြွေသည်းခြေသွားရှာခဲ့တယ် အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သားလေးဟာ ရုတ်တရက်ပျောက်သွားခဲ့တယ်။ ရွာသားတွေကဒါက မြွေနတ်ကပြန်ပြီးလက်စားချေတာလို့ပြောကြတယ်။ မိန်းမလဲဆုံး သားလဲပျောက်သွားတဲ့မုဆိုးကြီးက အဲဒီအချိန်ကစပြီး တောထဲမှာတစ်ယောက်ထဲနေနေခဲ့တယ်။ နောက်နှစ်(၂၀)ကြားတော့ ရွာကလူတွေရုတ်တရက်ရူးကုန်တယ်။ မြွေနတ်ကပြန်လာပြီးလက်စားချေတာဖြစ်မယ်ဆိုပြီး မုဆိုးကြီးကို ဖြေရှင်းခိုင်းကြတယ်။ ဒီလိုနဲ့မုဆိုးကြီးနဲ့ လူစိမ်းကောင်လေးတစ်ယောက် နောက်ပြီးတော့ ရူးနေတဲ့မိန်းမကိုကယ်ချင်တဲ့လူကြီးတစ်ယောက်ဟာ တောထဲမှာမြွေကြီးကိုနှိမ်နင်းဖို့ထွက်လာကြပါတယ်။ နှင်းတောကြီးထဲမှာဘယ်လိုအရာတွေကစောင့်နေမလဲ……. နတ်တွေတစ္ဆေတွေကတကယ်ရှိတဲ့အရာတွေလား…… ရူးသွားတဲ့ရွာသားတွေကိုပြန်ကယ်နိုင်ပါ့မလား……

Thriller
5.7 2024
Legend of Changbai Mountain Hunter
Atlas

ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ သိပ္ပံကားကြိုက်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။ File size…(4.2 GB)/ (1.96 GB)/ (1 GB ) Quality….Webrip 4K HEVC / 1080p / 720p Format…mp4 Duration….02:00:00 Genre…Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson And Ka Naung Translated by Mr. Anderson

TV Movie • Drama • History
0 2024
Atlas
Into the Wild
8.1

Into the Wild (2007) IMDb Rating (8.1) / Rotten Tomatoes (83%) ၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ လှုပ်လှုပ်ရှားရှား သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။ အသက် ၂၀ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊ ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊ အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာ တောထဲကို ဝင်ရောက်သွားခဲ့တယ်။ တောထဲမှာ တစ်ကိုယ်တော်နေထိုင်ရင်း သစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့ သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့တယ်။ ♦️ ဘာကြောင့်သူဟာ ပိုင်ဆိုင်မှူတွေကို စွန့်ခွာခဲ့တာလဲ ♦️ ဘာကြောင့်သူဟာ အောင်မြင်မှူတွေကို စွန့်ခွာခဲ့တာလဲ ♦️ ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲ အဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသားတွေကြားမှာ ဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ လူငယ်လေးရဲ့ ကိုယ်ရေးမှတ်တမ်းတွေအပါအဝင် သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမတွေ၊ မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာ Jon Krakauer က Into the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါတယ်။ အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာ နိုင်ငံတကာထိ ပေါက်မြောက် အောင်မြင်ခဲ့ပါတယ်။ အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ခဲ့သလို အမေရိကန်ရှိ တက္ကသိုလ်ကျောင်းအားလုံးနီးပါးရဲ့ Book Club တွေထဲ ထည့်သွင်းဆွေးနွေးရတဲ့ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းတဲ့ မြို့ပြလူနေမှူစနစ်အောက်မှာ ရုန်းကန်နေရတဲ့ လူငယ်တွေအတွက် ထွက်ပေါက် ကျမ်းစာအုပ်တစ်အုပ်အလား အောင်မြင်ခဲ့ပါတယ်။ မင်းသားကြီး ရှောင်ပင်းကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးခဲ့ရာမှာလည်း အောင်ပွဲဆင့်ခဲ့ပြန်ပါတယ်။ စာအုပ်အဖြစ်သာမက ရုပ်ရှင်အဖြစ်ပါ လူငယ်များအကြား အထူးရေးပန်းစားခဲ့ပြန်ပါတယ်။ မင်းသား Emile Hirsch မှ တောထဲကလူငယ်လေးအဖြစ် ကွက်တိကျအောင်သရုပ်ဆောင်ထားပြီး မင်းသမီး Kristen Stewart နဲ့ အခြားသရုပ်ဆောင်များစွာလဲ ပါဝင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းအား NDSP Books မှ ကူးယူဖော်ပြပါသည်။)

8.1 2007 148 mins
Into the Wild