YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

SEAL Team S07E03 Ships in the Night 1080p AMZN WEB-DL -MW (CM).mp4

890.34 MB 1080p video/mp4 308 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Transporter
6.7

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ The Transporter(2002)မှာတော့ တရုတ်မင်းသမီး Shu Qi ပါဝင်ထားပြီး IMDb Rating(6.8/10)ရရှိထားပါတယ်။ File size…(2.3 GB)/(760 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:32:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Horror
6.7 2002 92 mins
The Transporter
Pathaan
6.6

Pathaan (2023) (FUL HD အကြည်ဗားရှင်း) Action, Crime, Drama IMDb 6.4/10 (122K) ကဲ လူတွေပါးစပ်ဖျားရေပန်းစားနေကြပြီး ဘတ်ဂျတ်ကုဋေ၂ရာကျော်ရင်းပြီး ရုံတင်ငွေကုဋေ၁သိန်းကျော်ထိ အမြတ်ပြန်လည်ရရှိထားတဲ့ ရှာရွတ်ခန်းရဲ့ ပထန်ဇာတ်ကားကြီးရဲ့ ကြည်တောက်ရှင်ဗားရှင်ကိုတင်ဆက်ပေးပါတော့မယ်နော်။ မင်းသားကြီး ရှာရွတ်ခန်း...ဂျွန်အေဗရာဟင်..ဒီပီကားပါဒူကွန်တို့က Lead Role နေရာကနေ သရုပ်ဆောင်ပေးထားကြပြီး တခြားသော သရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားသလို မင်းသားကြီးဆလ်မာန်ခန်းကလည်း cameo အနေနဲ့ ပါဝင်ပေးထားပါသေးတယ်နော်။ ဒီဇာတ်ကားကို အိန္ဒိယနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yash Raj Films မှ တာဝန်ယူထုတ်လုပ်ပေးထားပြီး လက်ပွားမင်းသားရဲ့ War ဇာတ်ကားကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဆစ်ဒါသ်အာနန်းရဲ့အက်ရှင်လက်ရာတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆလ်မာန်ရဲ့ (Tiger)..လက်ပွားရဲ့ (War) တို့နဲ့ချိတ်ဆက်ပေးမယ့် Pathaan ဇာတ်ကောင်ရဲ့ spin-off ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Yash Raj ကုမ္ပဏီဟာ နောက်ပိုင်းမှာ spy universe ကို တည်ဆောက်သွားမယ့်ပုံပေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံသမ္မတကြီးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဒူဘိုင်းက အခမ်းအနားပွဲတစ်ခုမှာ ပြန်ပေးဆွဲဖို့ရှိနေခဲ့ပါတယ်။ ဒီတော့ လုံခြုံရေးကို သုံးဆတိုးမြှင့်ပြီး စောင့်ကြပ်ပေးနေခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ကိစ္စက အကြမ်းဖက်အဖွဲ့အစည်းဟာ သမ္မတကြီးကိုပြန်ပေးမဆွဲဘဲ သမ္မတကြီးနဲ့အတူလိုက်ပါလာတဲ့ သိပ္ပံပညာရှင်နှစ်ယောက်ကို ပြန်ပေးဆွဲလိုက်ပါတော့တယ်။ ခေါင်းခဲစေတဲ့ကိစ္စက ဘာလို့ သိပ္ပံပညာရှင်တွေကို ပြန်ပေးဆွဲခဲ့တာလဲ...။ ဆိုတော့ အက်ရှင်ခန်းတွေ အကြမ်းအရမ်းတွေနဲ့ ရေလည်မိုက်အောင် ရှုစားရဦးမှာမို့ ပေါက်ပေါက်...အားလူးကြော်လေးတွေစားပြီး ဇိမ်ကျပေတော့နော်။ File size…(9GB)/(3.1 GB) / (1.3 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San, Taylor

Drama
6.6 2023 146 mins
Pathaan
Three Monkeys
6.9

Three Monkeys (2008) ================== Directed By Nuri Bilge Ceylan IMDb Rating - 7.3/10 Once Upon a Time in Anatoliaတို့ Winter Sleep တို့ The Wild Pear Tree တို့ကို ရိုက်ခဲ့တဲ့ တူရကီဒါရိုက်တာ Nuri Bilge Ceylanရဲ့ နာမည်ကျော် ရုပ်ရှင်တွေထဲက တစ်ကားပါ။ Ceylanဟာ ၂၀၁၄မှာ Winter Sleep နဲ့ Palme d'Orရဖူးပြီး ကားတိုင်းနီးပါးလည်း ဝေဖန်ရေးသမားတွေ သဘောကျခံရတဲ့ ဒါရိုက်တာပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဖြစ်တည်မှုပဓာနဝါဒ အငွေ့အသက်နဲ့ လူ့ဘဝရဲ့ငြီးငွေ့ဖွယ် ကောင်းမှုတွေကို ရိုက်ပြတတ်ပြီး နေ့စဉ်ဘဝကို အသေးစိတ်ဖော်ပြတတ်တဲ့ ဒါရိုက်တာလို့လည်း ဆိုပါတယ်။ သဘာဝကျတာကို တော်တော် အသားပေးတဲ့ ဒါရိုက်တာလည်းဖြစ်ပြီး သူ့ရုပ်ရှင်တွေမှာ ဆက်တင်ကို သီးသန့်ပြင်ဆင်ခြင်းမရှိဘဲ မူလသဘာဝအတိုင်း ရိုက်ပြတတ်သလို သရုပ်ဆောင်တွေကလည်း သရုပ်ဆောင် မဟုတ်တဲ့ သူ့မိသားစုဝင်တွေ အိမ်နီးနားချင်းတွေကိုပဲ သုံးတာများပါတယ်။ သူ့မိန်းမ ရုပ်ရှင်မင်းသမီးကတော့ ခြွင်းချက်ပေါ့။ သူ့ကားတွေအကုန်လုံးကို သူကိုယ်တိုင် ရိုက်ကူးရေးသားထုတ်လုပ်ထားတာချည်းဖြစ်သလို သူကိုယ်တိုင်ကလည်း ဖိုတို ဂရပ်ဖာလည်းဟုတ်တော့ သူ့ကားတွေက အပြတော့တော်တော်လှပါတယ်။ အခုရုပ်ရှင် Three Monkeys နဲ့လည်း ကိန်းမှာ Best Director ဆုကိုရထားပါ သေးတယ်။ ဇာတ်လမ်းကတော့ ရွေးကောက်ပွဲဝင်တော့မယ့် အမတ်တစ်ယောက်က ကားမောင်းလာရင်း လမ်းသွားလမ်းလာတစ်ယောက်ကို တိုက်မိတယ်။ ဒါပေမဲ့ သူထောင်ကျရင် ရွေးကောက်ပွဲရှုံးမှာမို့ သူ့အစား သူ့ဒရိုင်ဘာကို ငွေပေးပြီး ထောင် ကျခံခိုင်းလိုက်တယ်။ သူ့ဒရိုင်ဘာထောင်ကျနေတုန်း သူက သူ့ဒရိုင်ဘာရဲ့မိန်းမနဲ့ ဖောက်ပြန်ဖြစ်သွားတယ်။ ဒါကို သူ့ဒရိုင်ဘာရဲ့သားက သိသွားတယ်။ ကိုးလကြာတော့ သူ့ဒရိုင်ဘာ ထောင်ကလွတ်လာတော့ အခြေအနေတွေ မူမမှန်နေတာသိနေသလို သူ့ဒရိုင်ဘာရဲ့မိန်းမကလည်း သူ့ကို တမ်းတမ်းစွဲဖြစ်ပြီး မဖြတ်နိုင်ဖြစ်နေတယ်။ ဒီလိုနဲ့ နိုင်ငံရေးသမားရယ်, သူ့ဒရိုင်ဘာရယ်, သူ့ဒရိုင်ဘာရဲ့မိသားစုရယ် ဘယ်လို ဇာတ်ကို ဆက်ကကြမလဲ မြင်ရမယ့်ဇာတ်ပါပဲ။ ရုပ်ရှင်နာမည်ကို မျောက်သုံးကောင်လို့ ပေးထားရတဲ့အကြောင်းရင်းကို ဇာတ်နဲ့ခြုံငုံ ကြည့်လိုက်ရင် ဒီနာမည်ဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်လို့တွေးမိ ကြမှာပါ။ မျောက်သုံးကောင်ဟာ ဂျပန်ရိုးရာကနေ ဆင်းသက်လာတဲ့ မျက်စိကို လက် နဲ့အုပ်ထားတဲ့မျောက်ရယ်, ပါးစပ်ကို လက်နဲ့အုပ်ထားတဲ့မျောက်ရယ်, နားကိုလက်နဲ့ အုပ်ထားတဲ့မျောက်ရယ်ကို ရည်ညွှန်းထားတာဖြစ်ပြီး "see no evil, hear no evil, speak no evil"ကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.6 GB) / (480 MB) / (280 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 49Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family • Fantasy
6.9 2008 109 mins
Three Monkeys
D@bbe 2

ဒီကားကတော့ Dabbe series တွေထဲမှာ နည်းနည်းလေး ချာတယ်လို့ ပြောလို့ရတယ်။သို့သော်လည်း သူ့ဟာနဲ့သူတော့ မဆိုးပါဘူး။ Dabbe ကားတွေ series လိုက်ရှိပေမယ့် ဒီကားကတော့ Dabbe ဆိုတဲ့ နာမည်နဲ့ အလိုက်ဆုံးပဲ။ ဒီဇာတ်ကားတွေအရ Dabbe ဆိုတာ ကုရ်အာန် ကျမ်းစာထဲက ကမ္ဘာပျက်ကိန်းကြီးပေါ့။ ကမ္ဘာပျက်ကိန်းဆိုက်ရောက်တဲ့အခါ Dabbe ဆိုတဲ့ သတ္တဝါကြီးဟာ တစ်ကမ္ဘာလုံးကို သူ့ကွန်ရက်တွေနဲ့ ရစ်ပတ်ပြီး အိမ်တိုင်းကို ဝင်ရောက်လိမ့်မယ်လို့ (ဒီကားအရ) ကုရ်အာန်ထဲမှာ ဆိုထားတယ်။တွေးကြည့်လေ။တစ်ကမ္ဘာလုံးကို ရစ်ပတ်ထားတဲ့ ကွန်ရက်ကြီး ။ကမ္ဘာ့ကွန်ရက်ကြီး ။ World Wide Web ။ www. အင်တာနက် အင်တာနက်ပေါ်ပြီးနောက်မှာ ကျွန်တော်တို့ ဘဝတွေဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားတယ်။အင်တာနက်ပေါ်ကနေ တစ်ဦးနဲ့ တစ်ဦး အမုန်းစကားတွေ ဖြန့်ကြတယ်။စကားလုံးတွေနဲ့ ခြိမ်းခြောက်ကြတယ်။ စိတ်တွေကို အဆိပ်ခပ်ကြတယ်။Internet ပေါ်က negative comments တွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေသူတွေတောင် ဒုနဲ့ ဒေးပဲ။ ဒီကားထဲမှာတော့ အင်တာနက်ပေါ်လာပြီးနောက် ကမ္ဘာပျက်ကိန်းနဲ့ ကြုံရတဲ့ မိသားစုတစ်စုအကြောင်းကို Horror အနေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ File size…1.26GB / 472MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Science Fiction • Fantasy • Western
0 2009
D@bbe 2
In the Fire

In the Fire (2023) ဟိုတလောတုန်းက တော်တော်လေးနာမည်ကြီးခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ ရုပ်ရှင်ကားအသစ်ပါ။ ရှေးအင်္ဂလန်မှာ ဇာတ်အိမ်တည်ထားတာဆိုတော့… ထုံးစံအတိုင်း ရှေးအင်္ဂလိပ်တွေရဲ့ အယူသီးမှုတွေနဲ့ သိပ္ပံပညာကြားက ပဋိပက္ခတွေအကြောင်းကိုပဲ နောက်ထပ်ဇာတ်အိမ်အသစ်နဲ့ ပြထားတယ်။ မွေးရာပါ ဉာဏ်ကောင်းပြီး စိတ်စွမ်းအားသဘောမျိုးပါရှိနေတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်မူထူးနေတော့ မကောင်းဆိုးရွားဆိုပြီး တစ်ရွာလုံး ဝိုင်းစွပ်စွဲပြီး ပစ်ပယ်ထားကြတယ်။ အခြေအနေအကြောင်းကြောင်းနဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး မိုးခေါင်တာတွေ စိုက်ခင်းပျက်တာတွေ ဖြစ်လာတော့ သူ့ကို ဝိုင်းသမုတ်ကြဖို့ ပိုအကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး ရွာက သူ့အကြောင်းနဲ့သူ ကပ်ဘေးဆိုက်လာလေလေ အကြောက်တရားနဲ့လူတွေဟာ အကြောက်တရားကို ကောင်လေးကြောင့်ပါဆိုပြီး လွှဲချပြီး အကြောက်တရားကို ဖြေဖျောက်ဖို့ ကြိုးစားကြရင်း ကောင်လေးအိမ်ကိုမီးရှို့၊ ကောင်လေးကိုပါ သတ်ဖြတ်ဖို့အထိဖြစ်လာတယ်။ ဒါကို ကောင်လေးရဲ့ စိတ်စွမ်းအင်ကိုရော စိတ်ဝေဒနာကိုရော သိပ္ပံနည်းကျဖြေရှင်းချင်တဲ့ ဆရာဝန်မတစ်ယောက်ရောက်လာပြီး ကောင်လေးကို ကုသပေးဖို့ နားလည်ပေးဖို့ ကြိုးစားရင်း ဒီအရှုပ်ထဲဝင်မိသွားတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြသထားတာပါ။ သိပ္ပံပညာနဲ့ အယူသီးမှုတွေ အားပြိုင်တဲ့အကြောင်းဆိုတော့ ပမာဏတစ်ခုထိ ကြည့်ကောင်းတာမို့ စိတ်ပြေလက်ပျောက်တော့ဖြစ်ကြမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 785MB Quality – 1080p, 720p Format – mp4 Duration – 1H 27Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by RGB

0 2023 87 mins
In the Fire
A Wonderful Cloud
5.8

A Wonderful Cloud 2015 IMDB 5.8/10 ကိတ်နဲ့ ယူဂျင်းဆိုတာက အကွဲကွဲအပြဲပြဲနဲ့ ပြတ်သွားခဲ့ကြတဲ့ရည်းစားဟောင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကိတ်တယောက် ရည်းစားဘ၀တုံးက အတူထောင်ခဲ့တဲ့ ကုမ္ပဏီကိုလက်လွှဲယူဖို့အတွက် ယူဂျင်းရှိရာ လော့စ် အိန်ဂျလိစ်မြို့ကို အလည်ခရီးလာဖို့အကြောင်းဖန်လာပါတော့တယ်။ ကိတ်ကို မပြတ်နိုင်သေးတဲ့ ယူဂျင်းရဲ့ ပြန်သိမ်းသွင်းမယ့် ဉာဏ်နီဉာဏ်နက် အစီအစဉ်တွေကို ကိတ်တယောက်ရိပ်မိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဘ၀အနာဂတ်တခု တကယ်ရှိနိုင်ပါ့မလားဆိုတာ 72နာရီအတွင်းအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ ယူဂျင်းတယောက် ကိတ်ကို ပြန်စည်းရုံးနိုင်ပါမလား။ ကိတ်ကလည်း ဘာကိုရွေးချယ်သွားမလဲ။ ဒီအလည်ခရီးရဲ့ အဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးက ဘယ်လိုမျိုးနိဂုံးချုပ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒီ အချစ်ဒရာမာ ဇာတ်ကားရဲ့ထူးခြားချက်အနေနဲ့ကတော့ မင်းသား/ ဒါရိုက်တာ ယူဂျင်းကိုယ်တိုင်က တကယ့်ရည်းစားဟောင်းဖြစ်တဲ့ ကိတ်နဲ့ပဲ ဇာတ်လမ်းကို အမည်နာမပြောင်းလဲခြင်းမရှိ ရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။ File size… 1.7 GB / 790 MB Quality… Webrip 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Romance • Comedy
5.8 2015 80 mins
A Wonderful Cloud
Delibal
6.7

“သိပ်ကိုချိုမြတဲ့ပျားရည်တစ်စက်ဟာ တစ်ခါတရံမှာ သိပ်ကိုခါးသက်တဲ့ အဆိပ်တစ်ခွက် ဖြစ်နေတတ်ပါသတဲ့” CM ပရိသတ်ကြီးအတွက် ရိုမန့်စ်ဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဗိသုကာပညာဗေဒကျောင်းသားလေး ဘားရစ်စ်က သူ့ဝါသနာဖြစ်တဲ့ သီချင်းတွေကိုလုပ်ရင်း ဘဝကို ပျော်ပျော်ပဲ နေတတ်တဲ့သူတစ်ယောက်ပါ။ ဖူဆွန်ဆိုတဲ့ ကောင်မလေးကို ပထမဆုံးမြင်လိုက်ရတဲ့ အခါမှာတော့ ဘဝမှာ တစ်ခါမှမချစ်ဘူးတဲ့ အချစ်တွေနဲ့ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတော့တယ်။ နာမည်လည်း မသိ၊ ကောင်မလေးအကြောင်း ဘာမှမသိဘဲ ချစ်မိသွားလေတော့ ကောင်မလေးကို ရှာပုံတော်ထွက် ရပါတော့တယ်။ သူ့ရဲ့အချစ်တွေက စစ်မှန်ခဲ့တော့ သူချစ်တဲ့ ကောင်မလေးကို ရှာတွေ့သွားပါတယ်။ သူချစ်တဲ့ကောင်မလေး ဖူဆွန်ကတော့ အချစ်ဆိုတာ ဘာမှန်းမသိ အဖေရဲ့ဖြစ်ချင်စေတဲ့ဆန္ဒတွေနဲ့ အတူ ယူအက်စ်မှာ မာစတာဘွဲ့ယူဖို့အတွက် စာဆိုမှစာပဲ လုပ်ပြီး ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုကောင်မလေးမျိုးကို ချစ်မိသွားတဲ့ ဘားရစ်စ်ကတော့ ကောင်မလေးကို ကြိုးစားလိုက်ရင်းနဲ့ နောက်ဆုံးတော့ ကောင်မလေးအချစ်ကို ရသွားပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ပုံပြင်ထဲက နတ်သမီးပုံပြင်တွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြပါတော့တယ်။ ချစ်သူဘဝနဲ့ အိမ်ထောင်ရေးဆိုတာ ဆီနဲ့ရေလိုကွာခြားနေတယ်ဆိုတဲ့ အတိုင်းပဲ သူတို့နှစ်ယောက်လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ရုတ်တရက်ကြီး ဘာမှမပြောမဆိုနဲ့ ဘားရစ်စ်တစ်ယောက် အစအန မကျန်လောက်အောင် ခြေရာဖျောက်သွားချိန်မှာတော့……. ဒီလောက်ချစ်ကြတဲ့နှစ်ယောက် ဘာပြဿနာတွေများရှိလို့ ဘားရစ်စ် တစ်ယောက်ဒီလိုလုပ်သွားရတာလဲ ဆိုတာကို အဖြေရှာကြည့်ရှူရင်း သူတို့နှစ်ယောက်ရဲ့ ချစ်သူရည်းစားဘဝက တစ်ယောက်အပေါ် တစ်ယောက် ချစ်တတ်ပုံလေးတွေ ကြင်နာတတ်ပုံလေးတွေနဲ့ အကြင်လင်မယားဘဝကို နှစ်ကိုယ်တူဖြတ်သန်းကြပုံလေးကို စောင်ကိုက်ရင်း ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…1.95 GB / 0.99 GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 57m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

6.7 2015
Delibal
How to Date Billy Walsh
5.6

ဒီဇာတ်ကားလေးကတော့အထက်တန်းကျောင်းနောက်ခံအချစ်ဟာသဒရာမကားလေးတစ်ကားဖြစ်ပါတယ်။ အာချီနဲ့မီလီဟာတစ်ဆေးရုံတည်းမွေးပြီးမိဘချင်းသာမကခွေးတွေချင်းပါရင်နှီးနေတဲ့အထိခင်မင်ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ အာချီကမီလီကိုငယ်ငယ်ကနေကြိတ်ချစ်လာခဲ့ပေမဲ့ဖွင့်မပြောနိုင်တာတော့အထက်တန်းနောက်ဆုံးနှစ်အထိပါပဲ။ ဒီလိုနဲ့တစ်ရက်မှာတော့အာချီတစ်ယောက်သေချာအစီစဉ်ချပြီးမီလီဖွင့်ပြောဖို့ကြံပါတယ်။အဲဒီနေ့မှာပဲသူတို့ကျောင်းကိုဘီလီဝါ့ရှ်ဆိုတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပါတယ်။ဘီလီကိုမီလီကလည်းအဲဒီနေ့မှာတင်ကြွေသွားပါတော့တယ်။ဒီတော့အာချီကပဲသူငယ်ချင်းကနေချစ်သူအဆင့်တက်သွားနိုင်မလားအသည်းကွဲပဲကျန်ခဲ့ရမလားကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါရှင့်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by May Khant

5.6 2024 101 mins
How to Date Billy Walsh
Reign Over Me

အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။ တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ ကြည့်ရှုသင့်ကြောင်း အကြံပြအပ်ပါတယ်ခင်ဗျာ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Romance • Drama
0 2007
Reign Over Me
Laandhar
5.6

Laandhar 2024 ( လူထူးဆန်း) Imdb -7.8 လူနေထူထပ်လှတဲ့ Coimbatore မြို့တော်ကြီးမှာထူးဆန်းတဲ့အမှုကိစ္စတစ်ခုထွက်ပေါ်လာပါတယ် ဂေါ်ပြားကိုကိုင် မိုးကာကြီးဝတ်ထားတဲ့လူတစ်ယောက်က သူ့လမ်းမှာရှိသမျှလူတိုင်းကို မညှာမတာရိုက်ပစ်တာပါ သူ့ကြောင့်ဆေးရုံတင်ရပြီး အသက်လုနေရတဲ့နစ်နာသူတွေလည်းဒုနဲ့ဒေးဖြစ်လာခဲ့တယ် ဒါကြောင့်ရဲတွေဝင်ပါလာရပြီး ဒီလူကိုအင်တိုက်အားတိုက်ရှာရပါတော့တယ် ဒါပေမဲ့သာမန်လူမဟုတ်တဲ့ ဒီလူထူးဆန်းကြောင့် ရဲတွေပါဆေးရုံတင်ရတဲ့အထိဖြစ်လာတော့ ဒီအမှုထဲ ACP အာရာဗင်ဝင်ပါလာရပါတော့တယ် ACP အာရာဗင်အကြောင်းပြောရရင် ဒီလူကလာဘ်မစား တရားမျှတမှုဘက်တော်သားပေါ့ဗျာ သူ့အထက်ကလူတွေတောင် သူ့ကိုပြန်ကြောက်ရတဲ့အထိ‌ လုပ်ရည်ကိုင်ရည်လည်းရှိတယ် သူ့အမျိုးသမီးကတော့ လူတအားကြောက်ပါတယ် ပြောရရင်တစ်ယောက်တည်းနေရမှာလည်းကြောက်တတ်ပြီး ‌အကြောက်လွန်ရင် မေ့လဲတတ်တဲ့ရောဂါရှိသူတစ်ဦးပါ ကံဆိုးချင်တော့ ဒီလူထူးဆန်းကိစ္စကိုလိုက်မိရာကနေ မိန်းမဖြစ်သူပျောက်သွားလေတော့ သူဘယ်လိုတွေကြိုးစားအားထုတ်ပြီး ပြန်ရှာဖို့ကြိုးစားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thura ~ ToMo တို့ပဲဖြစ်ပါတယ် )

5.6 2024 117 mins
Laandhar
Waqt
6.7

Waqt The Race Against Time(2005) ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှု IMDb-6.7/10 ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ် ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်‌ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူ သားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။ သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲ သိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား 20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေ‌ကတော့ CM Bollywood Team မှဖြစ်ပါတယ်

6.7 2005 153 mins
Waqt
Rocky Road to Berlin
7.4

ယခုတစ်ယောက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ KUZMA SCRYABINရဲ့ ဇာတ်လမ်းကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Adventureပုံစံ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ကူဇ်မာဆိုတာကတော့ ယူကရိန်းက ဖျော်ဖြေပွဲလုပ်ခါနီး ရော့ခ်သမားလေးတစ်ယောက်ပေါ့။ ကူဇ်မာဟာ ချစ်သူလေးဘာရ်ဘာရဲ့ ကားစီးချင်တဲ့ အိပ်မက်တွေအမှန်ဖြစ်လာဖို့အတွက် စုထားတဲ့ပိုက်ဆံလေးနဲ့ တစ်ပတ်ရစ်အဟောင်းတန်းက ပိုဘီဒါကားလေးတစ်စီးကို ဝယ်ယူလိုက်တဲ့အခါမှာ ကားကစုတ်နေတဲ့အတွက် ချစ်သူလေးရဲ့ စိတ်ခုချင်းကို ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဖျော်ဖြေပွဲလုပ်ဖို့ ရက် ဘယ်လောက်မှ မကျန်တော့တဲ့အချိန်မှာ အဖော်ကောင်း ဘာ့ဒ်ဆိုသူနဲ့ ချိန်မိပြီးတော့ ဘာလင်မှာ ပိုဘာဒါကားကို မာစီဒီးနဲ့ လဲချင်တဲ့သူရှိတယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ ဘာ့ဒ်နဲ့အတူ ဘာလင်ကို လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကူဇ်မာနဲ့ ဘာ့ဒ်တို့ နှစ်ယောက်သား ဘာလင်ကို ခရီးဆက်ရာကနေ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ ……. စိတ်ဓာတ်တွေကျပြီး ဂီတလမ်းကြောင်းကို စွန့်ပစ်ချင်စိတ်ဖြစ်နေတဲ့ ကူဇ်မာတစ်ယောက်ရော ဒီခရီးစဉ်မှာ ဘယ်လိုစိတ်အပြောင်းအလဲတွေဖြစ်ဦးမလဲ …… ခရီးစဉ်ရဲ့အဆုံးမှာရော ဘယ်လိုအဆုံးသတ်တွေက စောင့်ကြိုနေမလဲ ….. ဆိုတာတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sakura

7.4 2023 100 mins
Rocky Road to Berlin
At Midnight
5.6

At Midnight (2023) ဆိုဖီဝိုင်လ်ဒါက နာမည်ကျော်စူပါဟီးရိုးဇာတ်ကောင်ရှင် ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်ပြီး သုံးကားတွဲကားရဲ့ နောက်ဆုံးဇာတ်ကားကိုရိုက်ဖို့ မက္ကဆီကန်ကိုရောက်ရှိနေပါတယ်။ ဒီဇာတ်ကားအပြီးမှာတော့ သူကိုယ်တိုင်ခေါင်းဆောင်ခွင့်ရမယ့် spin-off ရိုက်ရဖို့လည်းမျှော်လင့်နေတာပါ။ ဇာတ်ကားမှာသူ့ရဲ့သရုပ်ဆောင်ဖက်လည်းဖြစ် အပြင်မှာလည်းရည်းစားဖြစ်တဲ့ အဒမ်ရဲ့ဖောက်ပြန်မှုကို သူမိသွားတဲ့နောက်မှာတော့ ပုံမှန်အတိုင်းရှေ့ဆက်နိုင်ဖို့ကြိုးစားရပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့တည်းနေတဲ့ဟိုတယ်ရဲ့ မန်နေဂျာ Alejandro ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တာပါ။ အစပိုင်းမှာ အလွဲတစ်ခုနဲ့စခဲ့ကြပေမယ့် ပိုမိုရင်းနှီးလာရင်း တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေပိုလာပြီး အဆင့်တက်ချင်လာချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲဆိုတာ ဟာသလေးတွေစွက်ပြီး ပေါ့ပေါ့ပါးပါးရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး ချောချောလှလှတွေ၊ သာယာတဲ့ရှုမျှော်ခင်းတွေ ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ rom/com တွေရဲ့အငွေ့အသက်တွေကိုပြန်လည်ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.6 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Romance Duration….01:40:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5.6 2023
At Midnight
A Prince in Paradise A Royal in Paradise
6.4

A Prince in Paradise (2023) A Royal in Paradise (IMDb rating 6.4) ရထားပြီး ဒါရိုက်တာ Andrian Powers က စီစဥ်ရိုက်ကူးထားပါတယ်။ အိုလီဗီယာဆိုတဲ့စာရေးဆရာမတစ်ယောက်ဟာ သူနှစ်ရှည်ကြာတွဲလာခဲ့တဲ့ ရည်းစားနဲ့ပြတ်သွားပါတယ်။ သူ့ရည်းစားက အလုပ်ကိစ္စကြောင့် အချိန်မပေးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ကို ထားသွားတာပါ။ အချစ်ဇာတ်လမ်းတွေ သီကုံးရေးဖွဲ့တတ်တဲ့ အိုလီဗီယာဟာ ကိုယ်တိုင်အသဲကွဲရတဲ့အခါမှာတော့ ဝတ္ထုဆက်ရေးဖို့ အခက်တွေ့ပါတော့တယ်။ ဒီလိုနဲ့ စွန့်စားခန်းတွေ ထပ်ရှာဖို့အတွက် အပူပိုင်းဇုန်ဆီကို ခရီးထွက်လာရပါတော့တယ်။ ခရီးက သူ့ကို အရင်တုန်းကလို သူစာတွေပြန်ရေးနိုင်စေပါ့မလား။ ဒီ A Royal In Paradise 2023 ဟာ drama ကားဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့ ကြည်နူးဖို့ကောင်းပြီး ဇာတ်မြူးတဲ့ ရုပ်ရှင်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:30:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

6.4 2023
A Prince in Paradise A Royal in Paradise