YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Scooby-Doo! Frankencreepy (2014) 720p BluRay {CM}.mp4

742.77 MB N/A video/mp4 81 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Short Term 12
7.8

လူတယောက်ကိုသူ့ရဲ့အပြင်ပန်းပုံစံနဲ့ သူ့စိတ်ထဲမှာဒီလူဘာတွေဖြစ်နေလဲ ဆိုတာကိုဆုံးဖြတ်လို့မရဘူး။သတ်သေဖို့ကြိုးစားတဲ့သူတွေရဲ့အများစုက အပြင်လောကမှာပျော်ရွှင်နေသယောင်ထင်ခဲ့ရသူတွေချည်း။ Short Term 12 ဆိုတာက ဒီလိုမျိုးကိုယ့်ကိုယ်ကိုယ်အန္တရာယ်ပြုနိုင်တဲ့ ကလေးငယ်တွေကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့နေရာလေးတခု။ ဒီမှာအလုပ်လုပ်နေတာက ဂရေ့စ်ဆိုတဲ့ပျော်ပျော်ပဲနေတတ်တဲ့ကောင်မလေးနဲ့ သူ့ကိုအရမ်းချစ်အရမ်းဂရုစိုက်တဲ့ မေဆင်ဆိုတဲ့ချစ်သူကောင်လေး။ ဒီစခန်းကကလေးတွေရဲ့သူတို့ခံစားခဲ့ရတဲ့ဒုက္ခအဖုံဖုံတွေ စိတ်ခံစားချက် အမျိုးမျိုးတွေကိုကူညီဖြေရှင်းပေးနေကြတာပေါ့။ ဒါပေမယ့်တကယ့် အတွင်းမှာတော့သူမရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ခက်နေတဲ့ စိတ်ဓာတ်ကျ နေတဲ့ဂရေ့စ်။ သူမရဲ့ဘေးမှာဒါကိုစိတ်ရှည်ရှည်နဲ့သည်းခံကူညီပေးဖို့ အသင့်ဖြစ်နေသူတော့မေဆင်။ သူ့လိုမျိုးကလေးတွေကူညီနေတဲ့ဂ‌ရေ့စ်ကရော ဒါကို‌မေဆင်နဲ့အတူကျော်ဖြတ်နိုင်ပါ့မလား။ ဂရေ့စ်ရဲ့အတိတ်ကရော ဘာကြောင့်ဒီလိုမျိုးဖြစ်စေခဲ့တာလဲ။အဆုံးမှာသူတို့နှစ်ယောက်အတူတူ ပျော်ရွှင်စွာ‌နေနိုင်ကြမလားဆိုတာကိုShort term 12 ဆိုတဲ့အင်ဒီးဒရာမာ ကားလေးမှာရှုစားပေးကြပါဦး။ Captain marvel မှBrie Larson Bohemian rhapsodyမှ Rami Malek တို့လိုသရုပ်ဆောင်တွေကလည်းပါ၀င်ထားသလို Brie Larson ရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုလည်းခံစားနိုင်မှာပါ။ File size…1.16GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

7.8 2013 96 mins
Short Term 12
Red Tails
6.5

Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။ တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း အကြမ်းကြီးတွေချည်း ဆက်တိုက်ထည့်ပြီး ဒရာမာတို့ ဇာတ်ကောင်chemistryတို့က ပါတယ်ဆိုရုံလေး ဗြုန်းစားဆန်ဆန်ကြီးထည့်သွင်းထားတာပါ။ ကောင်းကွက်ကတော့ လေကြောင်းတိုက်ခန်းတွေ အများကြီးပါတဲ့ကားတွေကို ကြည့်ချင်တဲ့ သူတွေအတွက် တော်တော်လေးကောင်းမှာပါ။ ဂိမ်းဆော့သလိုကို ခဏနားလိုက် ချပြလိုက် ခဏနားလိုက် ချပြလိုက် ဆက်တိုက်ကိုဆော်နေတာပါ။ မက်ဗရစ်လို စိတ်ထင်ရာလုပ် မောင်းချင်သလိုမောင်း အမိန့်မနာခံတဲ့ ပိုင်းလော့လည်းပါတဲ့အတွက် သူ့ရဲ့ အကြမ်းစားအခန်းတွေ တော်တော်များပါတယ်။ သို့ပေမဲ့ realityလည်း ပိုကျပါတယ်။ သရုပ်ဆောင်တွေကတော့ မူလ war machine ဖြစ်တဲ့ Terrence Howard , Men of Honor နဲ့ Gladiatorနဲ့ Jerry Maguireတို့က Cuba Gooding Jr, ဘလက်ပန်သာထဲက Erik Killmonger ဖြစ်တဲ့ Michael B. Jordan တို့အပါအဝင် တခြားနာမည်ကြီး လူမဲသရုပ်ဆောင်တွေအများကြီးကို သုံးထားပါတယ်။ Red Tailsဟာ စစ်ကားကောင်းကောင်း လေတပ်ကားကြမ်းကြမ်း ချခန်းပစ်ခန်း တစ်ပိဿနဲ့ ကြည့်ချင်တဲ့သူတွေအတွက် လူးကပ်စ်ကြီး နောက်ဆုံးထုတ်ပေးခဲ့တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.71 GB) / (853 MB) / (584 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 05mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, History Translator.......WiRa Aung Encoder..........SWM

Action • Science Fiction
6.5 2012 125 mins
Red Tails
Boiling Point
7.3

စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လား စားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လား စားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလား ဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။ အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။ မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေ စားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ ) File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt

Adventure • Fantasy • Mystery
7.3 2021 92 mins
Boiling Point
Holidate
7.1

နှုတ်ခမ်းနီမလေးတွေအတွက် ခန့်ချောကြီး Lucke Bracey နဲ့ ညီအစ်တွေအတွက်ကတော့ Emma Robert တို့ရဲ့  မျက်နှာလေးနဲ့တင်ကို အတော်တန်နေတဲ့ ဇာတ်ကားပါပဲ။ မင်းသား၊ မင်းသမီးနဲ့ ဂျင်းထည့်တဲ့ကားတော့မဟုတ်တာ အာမခံပါတယ်။ အားလပ်ရက်တိုင်းမှာ အမြဲတမ်းတစ်ကိုယ်တည်းဖြစ်နေလို့ တစ်အိမ်လုံးက သူ့ရဲ့အချစ်ရေးကိုပါ  လိုက်ဂရုစိုက်ပေးနေရတဲ့ Sloane တစ်ယောက် ခရစ္စမတ်မှာတော့ ထူးထူးခြားခြား ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တယ်... တစ်ဘက်ကောင်လေးဟာလည်း ဘာတွေအဆင်မပြေဖြစ်လာတယ်မသိ...သူတို့(၂)ယောက်စဆုံးခြင်းဟာ ဘုနဲ့ဘောက်ပါပဲ... အချိုးမပြေတဲ့သူတွေအဖြစ် တစ်ယောက်ကိုတစ်ယောက်အသိအမှတ်ပြုသွားကြတယ်... အချစ်ကားလေးတွေမှာ ဘုဘောက်ကျရင်း အဆင်ပြေသွားတဲ့ဇာတ်လမ်းအမိုက်စားတွေကို သဘောကျတဲ့သူတွေအဖို့ တကယ်ကိုကြည့်လို့ကောင်းပါတယ်..ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားလိုက်ကြပါဉီးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3monပဲဖြစ်ပါတယ်.. File Size :(979 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre : Comedy  , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by d3mom Encoded by Phyo Pyae

Drama • Sci-Fi & Fantasy
7.1 2020 104 mins
Holidate
My Dead Dad
5.6

My Dead Dad (2022) ဆုံးပါးသွားပြီဖြစ်သော အဖေ ….. မိဘမေတ္တာကို ဆုံးပါးသွားပြီးမှ သိခွင့်ရတဲ့ သားတစ်ယောက်ရဲ့ဇာတ်လမ်းပါပဲ။ မိဘတွေကွာရှင်းပြီးနောက် အဖေဖြစ်သူကို ငယ်ငယ်ထဲကမတွေ့ရတော့တဲ့ လူးကပ်စ်တစ်ယောက် ရုတ်တရက်ဆိုသလို အဖေဖြစ်သူ ဆုံးပါးသွားတဲ့ သတင်းကိုကြားလိုက်ရပါတယ်။ သွားလေသူအဖေက သူ့အတွက် တိုက်ခန်းတွေကို အမွေအဖြစ်ထားခဲ့ရာကနေ အယ်လ်အေကိုသွားဖို့ဖြစ်လာပါတယ်၊ စကိတ်စီးတာကို စွန့်လွှတ်ထားတဲ့ လူးကပ်စ် တစ်ယောက် အယ်လ်အေမှာဘာတွေကြုံရမလဲ၊ အဖေဖြစ်သူချန်ခဲ့တဲ့ တိုက်ခန်းတွေကို သူ ဦးစီးနိုင်ပါ့မလား၊ သူ့ဘဝထဲကို ဝင်လာတဲ့‌ကောင်မလေးနဲ့ရော အဆင်ပြေပါ့မလား၊ နောက်ဆုံး သူ့ရဲ့ အဖေဖြစ်သူအပေါ်မကျေနပ်ချက်တွေ အတွက်ရောအဖြေရှာတွေ့နိုင်မလား စတာတွေကို ဒီကား‌ကြည့်ရင်း အဖြေရှာနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်က ထွက်ရှိထားပြီး HBO Max ကနေ June 1 ရက်နေ့ကမှ ထုတ်လွှင့်သွားတာပါ IMDB rating 60% နဲ့ Rotten Tomatoes 83% ထိရရှိထားပြီးတော့ ဆုပေါင်း ၅ ဆု နဲ့ တစ်ကြိုစာရင်း ၂ ကြိမ် ဝင်ထားတဲ့ မိဘမေတ္တာဘွဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size… 1.4GB | 585MB | 280MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leo Encoder ….. August

Action • Crime • Thriller
5.6 2021
My Dead Dad
The Phantom Lover
6.6

The Phantom Lover (1995) ~ IMDb – 6.6/10, Rotten Tomatoes – 60% ~ လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The Phantom Loverရဲ့ ဒါရိုက်တာ Ronny Yu ဟာ ဟီးရိုးပြီးရင် ဂျက်လီရဲ့ ဒုတိယအကောင်းဆုံးကားလို့ ပုဂ္ဂလိက အမြင်အရ ကျွန်တော်သတ်မှတ်ထားတဲ့ Fearless ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်းဟုတ်သလို ကမ္ဘာသိ အများကြိုက်ကြတဲ့ Freddy vs. Jason ကို ရိုက်ခဲ့တဲ့သူလည်း ဟုတ်တယ်။ နောက် ဒီကားမှာ လတ်စလီချောင်အပြင် ကျွန်တော်သဘောကျတာက ဂျက်ကလင်းဝူ။ ဂျက်ကလင်းဝူဟာ A Moment of Romance ထဲ အချစ်ကလွဲ ဘာမှမမြင်တဲ့ ချစ်စရာကောင်မလေးအဖြစ် သရုပ်ဆောင်တဲ့နေရာမှာ အတုမရှိအောင် ပြောင်မြောက်ခဲ့သလို ဒီရုပ်ရှင်ထဲက အချစ်ကို ဘဝတစ်ခုလုံးနဲ့ ရင်းခဲ့တဲ့ဇာတ်ကောင်နေရာမှာလည်း အံဝင်ခွင်ကျဖြစ်နေတယ်။ ဒါရိုက်တာဘက်ကလိုနေရင်တောင် သရုပ်ဆောင်တွေ မျက်နှာထောက်ပြီး ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်လို့ပြောရမှာပဲ။ ဟောင်ကောင်ပရိသတ်တွေတော့ ကျွန်တော့်လိုပဲ လတ်စလီချောင်နဲ့ ဂျက်ကလင်းဝူနဲ့တင် သဘောကျကြမှာပဲ။ The Phantom of the Opera ကို မှီးထားတယ်ဆိုပေမဲ့လည်း ဒီရုပ်ရှင်ထဲက ကာရိုက်တာကတော့ တကယ်ရှိခဲ့တဲ့ တရုတ်အော်ပရာသမား ထန်ချောင်ကိုလည်း မှီငြမ်းထားသေးတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကိုသုံးပြီးလည်း ဇာတ်ကို ပိုကြွအောင်လုပ်ထားသေးတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ဝန်းကျင် တရုတ်ပြည်က နာမည်ကျော် အော်ပရာသမားတစ်ယောက်ရယ် သူချစ်တဲ့ မြို့မျက်နှာဖုံးသူဌေးသမီးရယ်။ တားမြစ်ထားတဲ့အချစ်ကို ဖန်တီးမိတဲ့သူတို့၂ယောက်ကို ခွဲကြမယ့်သူတွေရယ်ကြားက ဇာတ်ပေါ့။ ကြမ္မာဆိုးတွေ ဝိုင်းရံခြင်းခံရတဲ့ ချစ်ခြင်းတစ်ခုအကြောင်းဆိုလည်း မမှားဘူး။ ထူးတာကတော့ ဒါရိုက်တာက အတိတ်နဲ့ လက်ရှိမှာ လက်ရှိကို မှုန်မှုန်မှိုင်းမှိုင်းပြပြီး အတိတ်ကိုကြည်ကြည်လင်လင်ပြသွားတယ်။ မြင်နေကျစတိုင်တော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ပစ္စုပ္ပန်က မှုန်မှိုင်းနေပြီး လှပခဲ့တဲ့ အချိန်တွေက အတိတ်မှာပဲကျန်နေတာဆိုတော့ ဒီလိုပဲဖြစ်သင့်တယ်လို့ ပြောရမှာပဲ။ ဘာနေနေပါ ဂျက်ကလင်းကို ချစ်မိဖူးတဲ့လူတွေ၊ ဟောင်ကောင် ဂန္ထဝင်တစ်ပါးဖြစ်တဲ့ လတ်စလီချောင်ရဲ့ ကြွင်းရစ်တဲ့ ဖန်တီးမှုတွေကို ချစ်တဲ့လူတွေအတွက် ဒီကားဟာ အရမ်းကြီးမကောင်းတောင် ကောင်းနေပါလိမ့်မယ်။ ဒီရုပ်ရှင်ရဲ့ Theme song ကိုလည်း လတ်စလီချောင်ကိုယ်တိုင်သီဆိုခဲ့ပြီး သူ့အယ်လ်ဘမ်မှာ ပြန်ထည့်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာလည်း လတ်စလီကို လွမ်းဆွတ်တဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားပဲပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 865MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 40Min Genre – Drama, Music, Romace Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 1995
The Phantom Lover
Butchers Book Two: Raghorn

ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့ နောက်ဆက်တွဲ Butchers Book : Raghorn ကို ကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာ ဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃ Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း **************** ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကို ကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီး နယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှု ဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစား စိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ် ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့ လူသားစားတွေပါ။ ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ် ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေ မကြည့်သင့်ပါဘူးနော်။ File size…1.44GB / 685MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
0 2024 88 mins
Butchers Book Two: Raghorn
Legend of the Lost Locket

IMDB 6.9/10 ရရှိထားတဲ့ အချစ်ဇာတ်ကား အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အမ်မီလီယာက မိခင်ဖြစ်သူ မဆုံးပါးခင်က ဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ လော့ကတ်လေးတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒဏ္ဍာရီတွေအရ အဲဒီလော့ကတ်လေးရဲ့ နာမည်က အချစ်စစ်လော့ကတ်ဖြစ်ပြီး ဝတ်ဆင်သူကို အချစ်စစ်နဲ့ဆုံဆည်းရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာနဲ့ နှစ်ခြမ်းကွဲနေရှာတဲ့ လော့ကတ်လေးက တစ်ကွဲစီဖြစ်နေခဲ့ပြီး တစ်ခြမ်းကိုတော့ အမ်မီလီယာရဲ့အမေက ငွေအမြောက်အမြားပေးပြီး ဝယ်ယူသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ မိခင်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့လော့ကတ်တစ်ခြမ်းကို ရှာဖွေဖို့ လမ်းစတွေရှာရင်းနဲ့ နောက်ဆုံးမှာတော့ အမ်မီလီယာက ဝယ်လ်မာတန်ဆိုတဲ့ မြို့ငယ်လေးကို ရောက်ရှိလာခဲ့ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက သမိုင်းရှိခဲ့တဲ့ မြို့ငယ်လေးမှာ သူ့ကို ကူညီပေးတဲ့ ရဲမှူး မားကတ်စ်နဲ့အတူ ပျောက်ဆုံးနေတဲ့ လော့ကတ်ကို ရှာရင်း မထင်မှတ်ထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရာမှာ အမ်မီလီယာတစ်ယောက် အခက်အခဲများစွာကိုကျော်ဖြတ်ပြီး တကယ်ပဲ အချစ်စစ်လော့ကတ်တစ်ခြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ အဲဒီလော့ကတ်ကရော တကယ်ပဲ ဒဏ္ဍာရီတွေထဲလို ဝတ်ဆင်သူကို အချစ်စစ်နဲ့ ဆုံဆည်းအောင် ပေါင်းစည်းပေးနိုင်တာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ) File size…(1.4 GB)/(823 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance,TV Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
Legend of the Lost Locket
Legacy of Rage
6

ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6 1986
Legacy of Rage
Nadanna Sambhavam
6.4

Nandanna Samhbavam (2024) “လွတ်မြောက်ရာ” IMDb – 6.4/10 ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6.4 2024
Nadanna Sambhavam
Adios Amigo
6.1

Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်း သြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ… IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်)

6.1 2024 156 mins
Adios Amigo
Enchanted Kingdom
Cunk on Life

ဒီတစ်ခုကတော့ လူသိများတဲ့ Charlie Brooker ရဲ့ British mockumentary television series ဖြစ်တဲ့ Cunk on Earth နဲ့ Cunk on Britain တို့လိုမျိုး ဘ၀နဲ့ပတ်သက်ပြီး သက်ဆိုင်ရာပညာရှင်တွေကို အူကြောင်ကြောင်မေးခွန်းတွေနဲ့ အင်တာဗျူးပြမယ့် film တစ်ခုပါ။ ဒီတစ်ခုမှာဆိုရင် ဘ၀နဲ့ပတ်သက်တဲ့ကိုးကွယ်ယုံကြည်မှုတွေ နာမည်ကြီးပန်းချီပညာရှင်တွေအတွေးအခေါ်ပညာရှင်တွေ Big-Bang theory ၊Existentialism၊Nihilismတွေ အခုလူသားတွေဘ၀မှာအချိန်နဲ့အမျှပါ၀င်လာ‌နေတဲ့ AI တွေအပေါ်အထင်အမြင်တွေပါပြီး ကန့်ရဲ့ပုံစံအတိုင်းပဲ မျက်နှာတည်ကြီးနဲ့ တလွဲဆံပင်ကောင်းမေးခွန်းတွေနဲ့ ပုံဖော်သွားမှာကို တ၀ကြီးကြည့်ရှုရမှာပါ။ File size…(1,2 GB)/(623 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Documentary Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Science Fiction • Action • Comedy
0 2024
Cunk on Life
Life and Death EOD
5.6

စက္ကန့်တိုင်းဟာအသက်လိုအရေးကြီးတဲ့ ဗုံးရှင်းလင်းရေးသမားတစ်ယောက်နဲ့ သမီးကိုဆုံးရှုံးလိုက်ရလို့ အမုန်းတရားတွေနဲ့ လက်စားချေဖို့ကြိုးစားတဲ့ အဖေတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ပြည်သူရဲ့အသက်နဲ့အိုးအိမ်ကိုကာကွယ်ဖို့အတွက် ဗုံးတွေကိုရှင်းလင်းရတဲ့ ကောင်းကျစ်ယန်ဟာ တစ်နေ့မှာ လုပ်ငန်းရှင်တစ်ယောက်ကိုကယ်လိုက်မိပါတယ်။ အဲဒီလုပ်ငန်းရှင်ကိုကယ်လိုက်တဲ့အတွက် ဗုံးနဲ့အကြပ်ကိုင်ပြန်ပေးဆွဲတဲ့တရားခံရဲ့သမီးဟာ ရောဂါမကုနိုင်ပဲသေသွားခဲ့ပါတယ်။ တရားခံကလဲထောင်ကျသွားခဲ့တယ်။ ဒီလိုနဲ့မထင်မှတ်ပဲ ရန်ငြှိုးတစ်ခုကိုမွေးဖွားခဲ့မိတယ်။ တရားခံဟာ ထောင်ကလွတ်လာပြီးတော့ ဓာတုပစ္စည်းတွေမှောင်ခိုဝယ်ယူပြီးတော့ လက်စားချေဖို့စတင်ပါတော့တယ်

Action • Science Fiction • Horror
5.6 2025
Life and Death EOD
Brave the Dark
6.6

Brave the Dark (2025) IMDb Rating (6.6) / Rotten Tomatoes (74%) ဒီ Movie ကတော့ ထုတ်လုပ်သူနေသန်နီရယဲဒင်းရဲ့ ငယ်ဘ၀ကို ရိုက်ကူးထားတဲ့ကားပါ။ ဇာတ်ကြောင်းကတော့ သူ့အမေကို အဖေကမျက်စိရှေ့မှာတင် သတ်လိုက်တာကို မြင်လိုက်ရတဲ့ နိတ်ဆိုတဲ့ကောင်လေးတစ်ယောက်က ပတ်၀န်းကျင်ရဲ့အပြောတွေကြားမှာ ဆိုးဆိုးဝါးဝါးနဲ့ ဂရုစိုက်မှုမခံရပဲကြီးပြင်းလာခဲ့ပါတယ်။ မိဘတွေမရှိတော့ပဲ ဆွေမျိုးတွေက ပစ်ထားတော့ ဖြစ်ချင်တိုင်းဖြစ်ပြီး ကားပေါ်မှာနေနေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဆရာဖြစ်သူစတန်ဒင်းက သူ့ကျောင်းသားရဲ့ကောင်းကွက်ကိုမြင်ခဲ့ပြီး အကူအညီပေးခဲ့ပါတယ်။ မိဘမေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ဆရာဖြစ်သူရဲ့ ကြီးကြပ်စောင့်ရှောက်ပေးမှုအောက်မှာ ဘ၀စတင်ပြောင်းလဲလာခဲ့ပါတယ်။ လမ်းမှားရောက်တော့မယ့် ကလေးတစ်ယောက်ကို အခြားသူတွေလို ပစ်မထားပဲ အတတ်နိုင်ဆုံး လမ်းမှန်ပေါ်ဆွဲတင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ မေတ္တာကို ရိုးရိုးလေးရိုက်ကူးပြထားတဲ့ကားပါ။ ဒီကားကိုဖန်တီးခဲ့တာကလည်း သူ့ဘ၀ရဲ့မှောင်မိုက်နေတဲ့အချိန်တွေမှာ အလင်းဆောင်ကျဉ်းပေးပြီး လမ်းမှန်ပြပေးခဲ့တဲ့ ဆရာဖြစ်သူရဲ့စေတနာမေတ္တာကို ပြပေးချင်ခဲ့တာကြောင့်ပါ။ Plot twist တွေဘာတွေမပါတဲ့ ပေါ့ပေါ့ပါးပါးကားလေးမို့ ကြည့်ရတန်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.5 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

6.6 2025 110 mins
Brave the Dark