YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

School.of.Lies.S01E02.1080p.HS.WEB-DL.AAC5.1CH(CM).mp4

702.47 MB 1080p video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Drinking Buddies
5.9

Genre – Comedy, Drama, Romance IMDB – 6.1/10 ဇာတ်ကားနာမည်လေးအတိုင်း အရက်သောက်ဖော် သောက်ဖက် အကြောင်းလေးပါ ဒါပေမဲ့ ယောက်ျားလေးအချင်းချင်း မိန်းကလေးအချင်းချင်း မဟုတ်ပဲ ယောက်ျားလေးနဲ့ မိန်းကလေး သောက်ဖော်သောက်ဖက်ပေါ့လေ။ ဘီယာ ချက်စက်ရုံတစ်ခုမှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ ပွဲစီစဉ်သူ စီမံခန့်ခွဲရေးက ကိတ်နဲ့ ဘီယာချက်တဲ့စက်ပိုင်းက လုခ်တို့ဟာ အရမ်းခင်မင် အတူတူသောက်စား မူးရူး ညတွေလည်း ပလူးပလဲနေကြတဲ့ ဘော်ဒါနှစ်ယောက်ဖြစ် ကြပါတယ် ဒါပေမဲ့ လွန်ကျူးတာမျိုး ချစ်မိသွားတာမျိုး မရှိခဲ့ပါဘူး။ ကိတ်မှာလည်း စတူဒီယို လုပ်နေတဲ့ ချစ်သူ ခရစ်စ်ဆိုတာ ရှိသလို လုခ်မှာလည်း စာသင်တဲ့ကောင်မလေး ဂျေးလ်ဆိုတာ ရှိကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အလုပ်ပိတ်ရက်မှာ နှစ်တွဲချိန်းကြပြီး ပင်လယ်ဘေးက အိမ်လေး အလည်အပတ် ထွက်ခဲ့ချိန်မှာတော့ ကိုယ်စီ ကိုယ်စီ တွဲနေကြတာက မှန်ကန်တဲ့လူ ဖြစ်မလား၊ ဘယ်သူက ကိုယ့်အတွက် မှန်ကန်မလဲ စသဖြင့် အတွဲနှစ်တွဲကြားက ပြဿနာလေးတွေ အလုပ်က ပြဿနာလေးတွေ အနောက်တိုင်း အချစ်ပြဿနာလေးတွေကို ဖော်ပြထားတဲ့ ဟာသ ဒရမ်မာကားလေး တစ်ကားဖြစ်ပါတယ်။ ခေါင်းဆောင်နေရာက ကျွန်တော်တို့ မင်းသမီးအလန်းစား Olivia Wilde သရုပ်ဆောင်ထားပြီး ချစ်စရာမင်းသမီးလေး Anna Kendrick ကလည်း ပါဝင်ထားပါသေးတယ်။ မင်းသားတွေနေရာကတော့ သိပ်နာမည်မရှိလှတဲ့ Jake Johnson နဲ့ ဇာတ်ကားတော်တော်များမျာ အရံပါဝင်လေ့ရှိတဲ့ Ron Livinston တို့ဖြစ်ပါတယ်။ သောက်သောက်စားစားနဲ့ သူငယ်ချင်းလေး ပါပေါ့ဗျာ။ ဒါပေမဲ့ အဆုံးသတ်လေးကတော့ မထင်ထားတာ မျိုးလေး မတ်ဆေ့ပေးထားပါတယ်။ File size…1.49GB / 572MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 3၀m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Sci-Fi & Fantasy
5.9 2013 90 mins
Drinking Buddies
The Railway Man
6.9

၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့ မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ ရောက်သွားတယ်။အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာ အခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာ ကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။ အဲ့ထဲမှာ အခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eric Lumox ဆိုတဲ့ ဘဲလည်း ပါတယ်။သူက ဗြိတိသျှတပ်မှာ ဆက်သွယ်ရေး အရာရှိ၊ မီးရထားလမ်းတွေနဲ့ ပက်သက်ရင် ဝါသနာကြီးတဲ့သူ။ တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့ နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာ ဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်း သေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။ လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့ အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စစ်ရဲ့အနိဌာရုံတွေ၊ စစ်ပြန်တွေကို ခြောက်လှန့်နေတဲ့ အရိပ်ဆိုးတွေ၊ အောက်ခြေစစ်သားတွေရဲ့ ဘဝတွေကိုတွေ့ရမှာဖြစ်ပြီး အချိန်ပေးရတာနဲ့ တန်အောင် တွေးစရာတွေ ငေးစရာတွေ ကျန်ခဲ့မှာမို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.31GB / 538MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….1h 56m Genre ..... Biography , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Crime • Drama • Thriller
6.9 2013 116 mins
The Railway Man
Three Colors: Blue
7.7

ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော် အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီး ယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။ အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေ ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေ အချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကို အပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေ အရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။ မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းက လှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။

7.7 1993 98 mins
Three Colors: Blue
Hacksaw Ridge
8.2

((Blu-Ray 1080p 5.1 CH, Blu-Ray720, တို့ဖြင့် နင်းကန်ကောင်းသည့် စစ်ကားအား ပြန်လည် အရောင်အသွေးစုံလင်စွာဖြင့် တင်ဆက်ပေးလိုက်ပါသည်....)) စစ်ခုံရုံးတစ်ခု မှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်... စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ... စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် ... သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်... သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် ... အားပေးမှုတွေလုပ်မယ် ... ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ... စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ ... ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် ... Ratingမြင့် ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်... နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ Medal of Honorဆုကိုရသွားတယ် ... ဒီစစ်သည်လေးဟာ သူ့ရဲ့ ပုံမှန်ထက်ပိုတဲ့ယုံကြည်ချက်ကြောင့် ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ အများကြီးပါပဲ ... ချစ်သူ မိဘ ရဲဘော်ရဲဘက် အထက်ခေါင်းဆောင်အရာရှိတွေကြားမှာပေါ့... ပြီးတော့ ဒီဇတ်ကားထဲမှာမင်းသား Andrew Garfield၊မင်းသမီးTeresa Palmer၊မင်းသား Sam Worthingtonအခြား နာမည်ကျော်ဇာတ်ပို့များပါလေတော့ သရုပ်ဆောင်ပိုင်းထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ် Screen playပိုင်းဆိုရင် အထူးသဖြင့်ဒုတိယ ကမ္ဘာစစ်အတွင်းထိချက်ပြင်း 7.62မမကျည်ဆန်ရဲ့ အသားတွေပေါ်ဖောက်ထွက်ပုံတွေ အမြောက် ကျည်ဆန်တွေထိဖြာပုံတွေကဝေဖန်ရေးဆရာတွေရဲ့ချီးကျူးခံရလောက်အောင် လန်းလွန်းတယ်... ကဲ ပရိတ်သတ်ကြီးရေ ရေးတာလည်းများပြီဗျာ IMDBကလည်း 8.1 ဆိုတော့ကျွန်တော်ညွန်းတာ ဟုတ်မဟုတ်ကတော့ စောင့်သာကြည့်လိုက်ပါဦးလို့ ====================== File Size : (2.7 GB) and (1 GB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:30:00 Genre : Adventure, Drama, Fantasy1 Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Comedy • Horror
8.2 2016 139 mins
Hacksaw Ridge
The Secret Life of Pets
6.3

ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတို့ ဘာလုပ်နေကြမယ် ထင်ပါသလဲ? သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတော နေကြမယ်ထင်ပါသလဲ? အဲဒီအကြောင်းတွေကို ဒီ Animation လေးထဲမှာ ကြည့်ကြပါစို့။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့..... Jack Russell Terrier အမျိုးအစား ခွေးလေး Max ဟာ သူ့သခင်မလေး ကေတီနဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီဟာ ပိုင်ရှင်မဲ့ခွေးလေး Duke ကိုပါ အိမ်ကိုခေါ်လာတဲ့အခါ.....သူတို့ ၂ ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင် Snowball နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး.....အဲဒီအချိန်မှာပဲ Max ကို ခရက်ရှ်နေတဲ့ အဖြူရောင်Pomeranian ခွေးမလေး Gidget ကလည်း Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့ ချီတက်လာတဲ့အခါမှာတော့......

Comedy • Drama
6.3 2016 86 mins
The Secret Life of Pets
The Red Shoes: Next Step
5.9

ဆမန်သာဟာ ဘဲလေးအကကို ခုံမင်သဘောကျတဲ့ဆယ်ကျော်သက်လေးဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမရဲ့အစ်မဖြစ်သူ အန်နီနဲ့ ဖုန်းပြောနေရင်း အန်နီကို ကားတစ်စီးက ဖြတ်တိုက်သွားလို့ အစ်မဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ သူမရဲ့ အိပ်မက်တွေ စိတ်အားထက်သန်မှုတွေ ကြိုးစားအားထုတ်ချင်စိတ်တွေ အကုန်ပျောက်ကွယ်သွားပြီး အိဗ်ဆိုတဲ့ မိတဆိုးသမီးလေးနဲ့ ပေါင်းပြီးတော့ ကလေက‌ချေနဲ့ မိဘတွေကို အာခံပြီး လောကကြီးကို အရွဲ့တိုက်ပြီး ကျောင်းလစ်လိုက် အတန်းပြေးလိုက် စတိုးဆိုင်တွေကို အလစ်သုတ်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေပါတော့တယ်။ ဆမန်သာရဲ့ အဖြစ်ကို လက်ပိုက်ကြည့်မနေနိုင်တဲ့အမေဖြစ်သူက သူအရင်တက်ခဲ့တဲ့ဘဲလေးသင်တန်းကျောင်းကို သန့်ရှင်းရေးလည်းလုပ်ရင်း ကျန်ရှိတဲ့ ကျောင်းပညာသင်နှစ်ကို ပြီးဆုံးအောင်တက်ဖို့ ပို့လိုက်ပါတော့တယ်။ သူမဟာ သင်တန်းကျောင်းကို ပြန်ရောက်တဲ့အချိန်မှာ အကခေါင်းဆောင်ဖြစ်တဲ့ ဂရေစီက အကလေ့ကျင့်ရင်း ခြေခေါက်သွားလို့ သူမဟာ ခဏတာ အစားထိုးလေ့ကျင့်ပေးဖို့ အကြောင်းဖန်လာတော့ပါတယ်။ လာမယ့်ပြဇာတ်အတွက် အစားထိုးနေရာဝင်ပြီး ကပေးရင်း သူမရဲ့ စိတ်ဒဏ်ရာတွေ အစ်မရဲ့သေဆုံးမှုကြောင့် ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတာတွေ ဘဲလေးအကမှာ အစွမ်းကုန် အရည်အချင်းထုတ်မပြနိုင်တာတွေကို ဆမန်သာတစ်ယောက် ဘယ်လိုစိတ်ပြင်ဆင်မလဲ ကုသမလဲဆိုတာကို အေးအေးဆွေးဆွေးလေးကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက ဒရာမာအမျိုးအစားဖြစ်ပြီးတော့ ၂၀၂၃ မှာ ပူပူနွေးနွေးလေး ထွက်ရှိထားတာဖြစ်ပြီး ကြည့်ပျော်တဲ့ဇာတ်ကားလို့ပြောရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားဟာဆိုရင် IMDb မှာ Rating 6.3 တောင်ရရှိထားပြီး Rotten Tomatoes မှာဆိုရင်လည်း Audience Score 80% တောင်ရရှိထားပါတယ်။ File size…(1.4 GB)/(748 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Music, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Thriller • TV Movie
5.9 2023
The Red Shoes: Next Step
A Cure for Wellness
6.4

A Cure for Wellness (2016) IMDb Rating (6.4) ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့…. ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ……။

6.4 2016 146 mins
A Cure for Wellness
With Love, Your Sweetly Salted
6.1

အယ်လီ ဟာ ချီကာကို က စာဖတ်သူတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ Sweety Salted အချိုကဲ အငံဓာတ် နာမည်ပြောင် သုံးပြီး ရေးတဲ့ အစားအသောက်ဝေဖန်သူတစ်ယောက်ပါ…… ဂုဏ်သတင်းကျော်ကြားပြီး လူပုံဓာတ်ပုံရိုက်မခံလို့ သူ့ကို နာမည်သာ ကြားဖူးကြပြီး ဘယ်သူမှ မမြင်ဘူးကြတဲ့ စာဖိုမှုး ဆတ်ရေနယ်ဒို ဆိုင်သစ်ဖွင့်တော့ အယ်လီရေးလိုက်တဲ့ သူ့ဆိုင်က ဂျဘရီတို အကြောင်းဝေဖန်ချက်ကြောင့် အယ်လီအတွက်ရော ဆတ်အတွက်ပါ အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး တခါမှမတွေ့ဘူးတဲ့ သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံကြမယ်ဆိုမလဲဆိုတာ ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုခံစားရမှာပါ အစားအသောက်ကားလေးတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

6.1 2023 90 mins
With Love, Your Sweetly Salted
Angels of Sex El sexo de los ángeles
6.4

Angels of Sex (2012) Original title: El sexo de los ángeles IMDb Rating (6.4) *အဖော်အချွတ်အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုဖို့မသင့်တော်ပါ* အခုနောက်ပိုင်းခေတ်စားလာတဲ့ Throuple Relationship ကိုပုံဖော်တဲ့ဇာတ်ကားတစ်ကား (၂၀၁၀) အစောပိုင်းဆီက ထွက်ခဲ့ဖူးပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘရူနိုနဲ့ကာလာဆိုတဲ့ ကောလိပ်ကျောင်းသား စုံတွဲတစ်တွဲရှိပါတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းကချစ်သူတွေဖြစ်ခဲ့ကြပေမယ့် ဘရူနို့ကိုတော့ ကာလာ့မိဘတွေက သိပ်ကြည့်မရပါဘူး။ တစ်နေ့တော့ ဘရူနိုဟာ ကာလာ့ဆီကိုလာရင်း လမ်းဘေးက Underground ကပွဲတစ်ခုကိုရပ်ငေးရင်း လုယက်ခံရရာကနေသူ့ကိုကူညီပေးတဲ့ ရိုင်း ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံပြီး သူကိုယ်တိုင်မသိခဲ့တဲ့ သူ့လိင်စိတ်တိမ်းညွတ်မှုရဲ့တစ်ခြားဘက်ကိုရှာတွေ့ခဲ့ပါတယ်။ ရိုင်းနဲ့အချစ်နယ်ကျွံမိသွားပေမယ့် ဘရူနိုဟာ ကာလာကို မစွန့်လွှတ်နိုင်ပြန်ပါဘူး။ ကာလာကိုယ်တိုင်ကလည်း အကြောင်းစုံသိသွားပေမယ့် နားလည်မှုပေးထားရာကနေ ဘရူနိုဟာ သူ့ချစ်သူနှစ်ယောက်ဖြစ်တဲ့ ရိုင်းနဲ့ ကာလာတို့ကို မိတ်ဖြစ်ဆွေဖြစ်စေ့စပ်ပေးရာကနေ သူတို့နှစ်ယောက်ကပါ မိတ်ဆွေအဖြစ်ထက်ပိုသွားတဲ့အခါမှာတော့..။ ထူးခြားဆန်းကြယ်တဲ့ အချစ်ကို ရိုးရှင်းစွာပေါ့ပေါ့ပါးပါးပုံဖော်ထားတဲ့ Rom/com ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါပေမယ့် ဥရောပကားပီပီ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ ခပ်များများပါဝင်ထားတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….BLU-RAY 1080P HEVC / 720p Format…. mkv/mp4 Duration….01:43:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

6.4 2012
Angels of Sex El sexo de los ángeles
Klaantha

klaantha (2024) “ထိတ်လန့်သည်းဖို” ပိတ်ရက်ရှည်မှာ အပျင်းတော်ပြေစေဖို့ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပရိုဂရမ်တစ်ခုအတွက် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ရဖို့ အပြင်းအထန်ရှာနေရတဲ့အမျိုးသမီးတစ်ယောက်။ ဘယ်မှာမှရှာမရတဲ့အဆုံး စာကြည့်တိုက်ကိုသွားတော့ စာကြည့်တိုက်မှူးက စာအုပ်တစ်အုပ်ထုတ်ပြပါလေရော။ အသည်းတထိတ်ထိတ်ရင်တဖိုဖိုတင်မက အသည်းတွေပြုတ်ကျပြီး ရင်တွေနာရမဲ့ဇာတ်လမ်းတဲ့။ စာအုပ်ကိုစဖွင့်လိုက်တော့တွေ့ရတာ အဖေရယ် အမေရယ်က လင်ကောင်းသားကောင်းရဖို့ အသည်းအသန်ကြိုးစားခြင်းခံနေရတဲ့ ကောင်မလေးတစ်ယောက်။ အမေတစ်ခုသားတစ်ခုရယ်နဲ့ အမေ့လောင်းရိပ်ကမလွတ်ဘဲ မိန်းမကောင်းလေးနဲ့ရဖို့ နားပူနားဆာလုပ်ခံနေရတဲ့ အမေချစ်သားလေးတစ်ယောက်။ ဒီနှစ်ယောက်က ချစ်သူတွေဖြစ်ပြီး မိဘတွေမသိအောင် ခရီးအတူထွက်ဖို့ကြိုးစားကြတဲ့အခါ။ ခရီးမှာ မထင်မှတ်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

0 2024
Klaantha
The American
6.5

The American (2010) ********************* IMDb….6.5,,,,Rotten ….70% မင်းသားကြီး George Clooney ရဲ့အမိုက်စားကားကိုတင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်ကားလေးမှာ အီတလီသရုပ်ဆောင်နဲ့အဆိုတော် Violante Placidoရဲ့ … ရင်သပ်ရှုမောဖွယ် အလှအပတွေကိုလည်း ဝေဝေဆာဆာတွေကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း ————— အဖွဲ့အစည်းတစ်ခုလက်အောက်မှာနေပြီးတော့ လျှို့ဝှက်စွာ အလုပ်လုပ်တဲ့ ဂျက်ဆိုတဲ့ သူတစ်ယောက်ရှိတယ်။ သူလုပ်တဲ့အလုပ်က ဘယ်သူမှ မသိအောင် သဲလွန်စဖျောက်ပြီး လူသတ်တဲ့အလုပ်ပါပဲ… အလုပ်လုပ်တာ အတော်ကြာလာတော့ မကျေနပ်တဲ့အဖွဲ့အစည်းတွေက စုံစမ်းရင်းသိလာပြီးတဲ့နောက်မှာ… ဂျက်ကိုပြန်လည် သုတ်သင်ဖို့ စတင်ကြိုးစားလာကြတယ်။ ဒီလို သားကောင်အဖြစ်ပြန်ရောက်ရတဲ့ ဂျက်တစ်ယောက်.. အီတလီနိုင်ငံက မြို့ငယ်လေးတစ်မြို့မှာ ကိုယ်ယောင်ဖျောက်ပြီးသွားရောက်နေထိုင်ဖို့ကြိုးစားပါတယ်။ သို့ပေမယ့်…သူ့ကိုလိုက်သတ်ကြတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မလဲ… လူပေါင်းများစွာကိုသတ်ပစ်ခဲ့တဲ့ သွေးအေးလူသတ်သမားကြီးဂျက်တစ်ယောက်… အသက်ဘေးကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်လိုက်ကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ် File Size : 1.6GB / 650MB Quality : 1080p / 720p Duration : 01:45:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Heather Oo

6.5 2010 104 mins
The American
GATAO: Like Father Like Son
6.2

ကြမ်းမှရမ်းမှဆိုတဲ့ ဂိုဏ်းစတားပရိသတ်တွေအတွက် Golden Horse Film Festival မှ ာ Nomineeတစ်ခု နဲ့အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုတစ်ခုရခဲ့တဲ့ ထိုင်ဝမ်ကားကြမ်းကြမ်းတစ်ကားကိုCMမှတင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထိုင်ဝမ်မြောက်ပိုင်းမြို့တစ်မြို့မှာ လူမိုက်ဂိုဏ်း(၄)ဂိုဏ်းက ကိုယ့်ပိုင်နက်နဲ့ကိုယ်ကြီးစိုးပြီး သင့်သင့်မြတ်မြတ်နေကြတယ်။ မျိုးသစ်လူငယ်တစ်ယောက်ဖြစ်တဲ့မိုက်ကယ်က မူးယစ်ဆေးရောင်းတဲ့အပြင် သူ့အဖေရဲ့လုပ်ရပ်တွေကိုအားမရပဲ လောဘတက်ပြီးတစ်နယ်လုံးကို ကြီးစိုးနိုင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ပိုက်ဆံရှာဖို့ တစ်ခုထဲနဲ့မိုက်ကယ်ဆီရောက်လာတဲ့ ဂိုဏ်းမရှိ အဖွဲ့အစည်းမရှိတဲ့ လူငယ်လေး(၃)ယောက်က လူမိုက်ဂိုဏ်းပိုင်လောင်းကစားရုံမှာပိုက်ဆံလုပြီးပြန်လာနိုင်ခဲ့ကြတယ်။ သူအထင်မကြီးတဲ့ကောင်လေးတွေက ဘာမှမဖြစ်ပဲပြန်လာနိုင်တဲ့အတွက် မိုက်ကယ်ကအံ့ဩပြီး သဘောကျနေခဲ့တယ်။ ဒီလိုနဲ့ အရင်မျိုးဆက်ကိုကျော်ပြီး အာဏာလုချင်တဲ့မိုက်ကယ်တို့ရဲ့ဂိုဏ်းအရှုပ်အထွေးပဋိပက္ခတွေကြားမှာ လက်ရဲဇက်ရဲလူငယ်လေး(၃)ယောက်က ဘုမသိဘမသိရောက်သွားပါတော့တယ်။ ဉာဏ်များတဲ့အဖိုးကြီးတွေနဲ့ စိတ်အားထက်သန်ပြီးစိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူငယ်မျိုးဆက်ကြားကတိုက်ပွဲဟာ ဘယ်လိုအဆုံးသတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ……

6.2 2025
GATAO: Like Father Like Son