YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Scandal (2024) E44 WEB-DL 1080P (CM).mp4

510.67 MB 1080p video/mp4 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Spit on Your Grave III: Vengeance Is Mine
5.8

I Spit On Your Grave ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Vengeance Is Mine ဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီတစ်ကားမှာ ဂျနီဖာဟေးစ် ဟာ အရင်တုန်းက အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရတဲ့ မှတ်ဉာဏ်တွေ အချိန်တိုင်း ခြောက်လှန့်တာခံနေရပါတယ်။ သူဟာ သူ့နာမည်တွေ‌၊ မြို့တွေ ပြောင်းနေခဲ့ပြီး ဘ၀အသစ်တစ်ခုကို စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူ့စိတ်ကျန်းမာရေးဆရာ၀န်ရဲ့ အကြံပေးချက်အရ အုပ်စုဖွဲ့စိတ်ကုထုံးလုပ်တဲ့အဖွဲ့ထဲ ၀င်ရောက်ပြီးတဲ့နောက်မှာ မာလာ ဆိုတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ မာလာအသတ်ခံရပြီး လူသတ်သမားက တရားသေလွတ်မြောက်သွားတဲ့အခါ ဂျနီဖာတစ်ယောက် တရားမျှတမှုကို ကိုယ်တိုင်ပဲရှာဖို့ ကြိုးစားပါတော့တယ်။ ဒါတင်မက သူ့ပတ်၀န်းကျင်မှာ မုဒိမ်းမှုတွေ များလာတဲ့အခါ သူဘယ်လိုမျိုး လက်စားချေဖို့ ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ သတ်တာဖြတ်တာတွေ၊ သွေးထွက်သံယိုတွေနဲ့ ဖင်ကျိန်းစရာ အကွက်ဆန်းတွေ ပါ၀င်ပါတယ်။ File Size          : 1.03GB, 466MB Quality            : Blu-Ray 1080p , 720p format            : mp4 Duration         : 1hr & 32mins Genre              : Horror , Thriller Translated by : Jaka Encoded by : Thit San Khant

Drama • Science Fiction
5.8 2015 91 mins
I Spit on Your Grave III: Vengeance Is Mine
FIR
5.7

IMDb 8.1 Action/ Triller ၂၀၂၂ ခုနှစ်ရဲ့အက်ရှင်ကားတွေထဲမှာ ရှယ်ကောင်းတဲ့ကားလေးကိုပြပါဆို ဒီကားလေးက ထိပ်ဆုံးကပါလိမ့်မယ်ဗျ။ ဇာတ်လမ်းလေး‌တွေက ရှယ်ကောင်းပါလျက်နဲ့ မင်းသားနဲ့လူကြမ်းတွေဖိုက်တဲ့အခါ အဝေးကြီးလွင့်ထွက်ထွက်သွားတဲ့ အိုဗာအက်ရှင်စတိုင်ကို မကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီလိုပြောလို့လည်း သူတို့ရဲ့အဝေးကြီးလွင့်ထွက်သွားတဲ့ရိုက်ချက်တွေမလှဘူးလို့ ပြောတာတော့မဟုတ်ဘူးဗျ၊ ရိုက်ထားတာတွေ တော်တော်လှပါတယ်ဗျ။ ဒါပေမဲ့ဗျာ အပြင်မှာမှ တကယ်မဖြစ်နိုင်တာပဲ။ ဒီသည်းထိတ်ရင်ဖိုအက်ရှင်ကားလေးထဲမှာတော့ ဘာအိုဗာအက်ရှင်ချခန်းမှမပါသလို ဝှီးဆို ၁၅ ပေလောက်မလွင့်သွားတဲ့အပြင် အနောက်တိုင်းကားတွေနီးပါး ရှယ်ကောင်းတဲ့ချခန်းတွေကို ပါတာပါ။ ကျွန်တော်ကြည့်ချင်တဲ့အိန္ဒိယကားတွေ တမီးလ်ကားတွေရဲ့ချခန်းတွေဆိုတာ ဒီကားထဲကလိုမျိုးဗျ။ ဒီတော့ဗျာ ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်ကြီးက ရှယ်ခိုင်တဲ့အပြင် အက်ရှင်ခန်းတွေရှယ်ကောင်းလှတဲ့ ဒီကားလေးကိုတော့ လူကြီးမင်းတို့‌အနေနဲ့ လက်လွတ်မခံသင့်ဘူးလို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အီဖန်အာမက်‌ဆိုတဲ့ ဓာတုအင်ဂျင်နီယာလေးဟာ မွတ်စလင်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ ရှယ်အနှိမ်ခံနေရတာက စပါတယ်။ အိန္ဒိယရဲ့ ဒီဘာသာရေးပြဿနာတွေအကြောင်း‌ကတော့ ကျွန်တော်မပြောပြလည်း အားလုံးသိကြမယ်ထင်ပါတယ်။ ဒီလိုနဲ့ သူဟာ သူ့ရဲ့ဓာတုအင်ဂျင်နီယာအလုပ်ရဲ့ကိစ္စတစ်ခုလုပ်ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်မယ်လုပ်တဲ့အချိန်မှာ သူဖုန်းပျောက်သွားပါတော့တယ်။ ပျောက်သွားတဲ့သူ့ဖုန်းကို လေဆိပ်ရဲတွေက မရှာပေးတဲ့အပြင် လေယာဉ်ပေါ်အတက်မခံတဲ့အခါ သူကဗုံးခွဲမယ့်သူများမှတ်နေလို့လားလို့စိတ်ပေါက်ပေါက်နဲ့ပြောမိတဲ့အခါ သူ့ကိုဖမ်းလိုက်ပြီး စစ်ဆေးကြ၊ အပြစ်မရှိတော့မှ ပြန်လွှတ်ကြပါတယ်။ ဒါပေမဲ့ ပြန်လွှတ်နေတုန်းမှာပဲ အဲလေဆိပ်မှာ တကယ်ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အပြင် ဗုံးထိန်းတဲ့ဖုန်းကလည်း သူ့ဖုန်းဖြစ်နေတဲ့အခါ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်ဖမ်းထားလိုက်ကြပါတော့တယ်၊ ဒီတော့ အီဖန်ရဲ့ဖုန်းဟာ ဘယ်လိုလုပ်အဲလိုဖြစ်သွားရတာလဲ၊ အီဖန်ဟာတကယ်ပဲ အိုင်အက်စ်အကြမ်းဖက်သမားလား၊ ဇာတ်ရှုပ်ဇာတ်ပွေတွေဘယ်လိုရောက်လာမှာလဲဆိုတာကို အဆုံးထိဇာတ်ရှိန်တက်တဲ့ကားလေးကို ရှု့စားပေးကြပါဦး။ File size…2.47GB / 2GB /700MB Quality…True Web DL720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & San Thu Aung &  Eliza

Drama
5.7 2022 156 mins
FIR
The Twins Effect
6

၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Drama • War
6 2003 107 mins
The Twins Effect
The Great Raid
6.6

ဒါကတော့ ၂၀၀၄ ကထွက်တဲ့ဒုတိယကမ္ဘာစစ်ကားလေးပါ။၁၉၄၁ မှာဂျပန်တွေက ပုလဲဆိပ်ကမ်းကိုဗုံးကျဲပြီးနောက် အမေရိကန်ပိုင် ဖိလစ်ပိုင်ကို၀င်သိမ်းတာ အမေရိကန်စစ်သားတစ်သောင်းလက်နက်ချအဖမ်းခံခဲ့ရပါတယ်။ ၁၉၄၄အရောက်မှာတော့အမေရိကန်တွေက စစ်ရေးသာလာပြီး ဖိလစ်ပိုင်ကိုပြန်သိမ်းဖို့တာစူနေပါပြီ။ အဲဒီအချိန်မှာ ရိန်းဂျားတပ်ရင်း(၆)ဟာ ရှေ့တန်း‌ကိုကျော်ပြီး အမေရိကန်စစ်သုံ့ပန်းငါးရာရှိတဲ့စခန်းကို ၀င်စီးပြီး သုံ့ပန်းတွေကိုကယ်ဖို့ တာ၀န်ကျလာပါတယ်။ လမ်းခရီးမှာတွေကြုံရတဲ့အခက်အခဲတွေ၊တိုက်ပွဲ၀င်ပုံတွေ၊ရဲဘော်ရဲဘက်စိတ်ထားပုံတွေကို ပြထားပါတယ်။ သုံးစွဲတဲ့လက်နက်တွေ၊အသုံးအဆောင်တွေ၊လက်နက်တွေကိုလည်း အမှန်အတိုင်းဖြစ်အောင် ဂရုစိုက်ပြီးသုံးပြထားပါတယ်။ Director John Dahl ရိုက်ကူးထားပြီး နာမည်ကျော်မင်းသား James Franco, Benjamin Bratt,Joseph Fiennes တို့ပါ၀င်ထားပါတယ်။ စစ်ကားကြိုက်တတ်သူတွေ အတွက်အကြိုက်တွေ့မယ့်ကားလေးပါ။ File size…(3.24GB)/(1.4GB)/(1014MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:12:00 Genre...Drama /Action/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Fantasy
6.6 2005 132 mins
The Great Raid
Three Billboards Outside Ebbing, Missouri
8.1

လက်သည်မပေါ်တဲ့ လူသတ်မှု တွေက ကမ္ဘာအနှံ့မှာ ရှိနေရစ်ပြီးသားပဲ။လူပြတ်တဲ့လမ်းမတစ်နေရာမှာ ဒဏ်ရာဗလပွနဲ့ သေဆုံးနေတာတို့။ရေအိုင်ကလေးထဲက ပေါလောပေါ်လာမှ သေဆုံးမှန်းသိနေတာတို့။အချို့နေရာမှာတော့ နေရာကာလကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာမျို းတွေပေါ့။ ဗီဇအမျို းမျို းနဲ့ ဖြစ်တည်လာကြတဲ့ လူအဖွဲ့အစည်းအရ ဒီလို ဖြစ်ပျက်မှု တွေဟာ နေရာအနှံ့အပြားမှာ ရှိနေဦးမှာပဲ။ထိုအခါမှာ ကျန်ရစ်သူတွေက ဒေါသတွေဖြစ်နာကျင်ခဲ့ရ ။သတ်ဖြတ်သူအပေါ်ကို ဒေါသတရားတွေနဲ့ အမျက်သိုပြီး နာကျင်ကျန်ရစ်ခဲ့ရတယ်။တကယ်ပဲ သတ်ဖြတ်သူကို ဖမ်းမိသွားပြန်ရင်ရော မိမိတို့ကာယကံရှင်တွေအနေနဲ့ ကျေနပ်နိုင်မှာ သေချာပါရဲ့လား။ဒီအချက်တွေဟာ လူအဖွဲ့အစည်းထဲမှာ နေထိုင်ကြသူတွေအတွက် မဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ဖြစ်များဖြစ်ခဲ့ရင်တော့ ရှောင်လွှဲလို့မရတဲ့ ဘေးထွက်ဆိုးကျို းတွေပဲ။လူအဖွဲ့အစည်းထဲက ယိုပေါက်နေတဲ့ ကင်ဆာဆဲလ်တွေဖြစ်တယ်။အနည်းဆုံးဖြစ်အောင် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖြစ်ပျက်မှု တွေ လျော့ပါးသွားမည်ဟု ယူဆမိပါတယ်။ ယခုရုပ်ရှင်ဟာလည်း အထက်ကပြောပြခဲ့တဲ့ လူအဖွဲ့အစည်းယိုပေါက်မှုကပေးတဲ့ ဘေးထွက်ဆိုးကျို းတွေကို ရှောင်လွှဲခွင့် မရနိုင်ခဲ့တဲ့ မိသားစုတစ်ခုနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းထဲက လူအချို့တွေရဲ့ ပဋိပက္ခကို ရိုက်ပြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားသာ ဖြစ်ပါတယ်။ပြောရရင် တကယ့်ရုပ်ရှင်ထဲက စုံထောက်ကျော်တွေ ။ထူးချွန်ထက်မြက်တဲ့ ဇာတ်ကောင်တွေမပါတဲ့ လူတွေရဲ့ နာကျင်ရတဲ့ သောကဆိုးတွေအပေါ် သရော်တော်တော်အမြင်ကို သဘာဝကျကျ တင်ပြထားခြင်းလို့သာ မြင်မိပါတယ်။ Ebbingမြို့ကလေးဘေးက လစ်လပ်နေတဲ့ ဆိုင်းဘုတ်သုံးခုကို မိန်းမကြီးတစ်ယောက်က ငှားရမ်းပြီး စာတမ်းသုံးခုကို ရေးချိတ်ခဲ့တယ်။စာကြောင်းသုံးကြောင်းက ဘာမှတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ ခုနှစ်လလောက်က မုဒိန်းကျင့်ပြီးသတ်ဖြတ်ခံရတဲ့ သမီးငယ်လေးရဲ့အမှု ကို ပေါ်ပေါက်အောင် ဖော်ထုတ်မပေးနိုင်တဲ့ ရဲအဖွဲ့တွေအပေါ် မေးခွန်းထုတ်လိုက်တဲ့ စကားတွေသာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီစကားသုံးခုဟာ တိတ်ဆိတ်နေတဲ့မြို့ကလေးထဲကလူတွေဆီကို ဆူညံစွာနဲ့ ခေါင်းလောင်းတီးနိုင်ခဲ့တယ်။ "Raped while dying " ။"And still No arrests? "How Come, Chief Willoughby?" ဆိုတဲ့ စကားသုံးခုဟာ ထိတ်လန့်ချောက်ခြားဖွယ်ရာ အဖြစ်သနစ်နဲ့ အသုံးမကျတဲ့ဥပဒေအဖွဲ့အစည်းကို လက်ညှို းငေါက်ငေါက်ထိုး၍ မေးလိုက်သလို ပေါ်လွင်လွန်းလှတယ်။ကိုယ်ပတ်ဝန်းကျင်မှာသာ ဖြစ်ပွားတာမဟုတ်ခဲ့ရင် တုံဏှိဘာဝေသာ ရှိလှတဲ့ လူအများစုအနေနဲ့ ဒီဆိုင်းဘုတ်က စာတွေကို ဖတ်မိလိုက်တိုင်း တစ်စုံတစ်ရာအတွက် စိတ်ခံစားအချို့ကို သက်ရောက်ကူးစက်သွားမှာအမှန်ပေါ့။ သူမမေးခွန်းထုတ်တဲ့ ရဲအရာရှိဆိုသူက ဒီမြို့ငယ်ကလေးထဲက ရဲဌာနကို ဦးစီးရတဲ့ သူကို ဆိုလိုတာပါ။သူမရဲ့ခံစားနေရတဲ့ သောကတွေကို တကယ်ပဲ သက်ဆိုင်ရာ ဥပဒေဌာနတွေက ကူညီဖြေရှင်းမပေးနိုင်တော့တာ သေချာလို့လား။ယင်းသို့မဟုတ်ရင်လည်း ဒီရဲဌာနက လူတွေကပဲ ဖြေရှင်းလိုစိတ် မရှိကြတာလား။ လူပျို ပေါက်သားတစ်ယောက်နဲ့ လက်လွတ်ဆုံးရှုံ းလိုက်ရပြီဖြစ်တဲ့ ဆယ်ကျော်သက်သမီးငယ်ကို ပိုင်ဆိုင်ထားတဲ့ မိခင်ကြီးမှာတော့ ခုလိုကာလမျို းမှာ ဘယ်သူကိုမှ အမြင်မကြည်မလင် ဖြစ်နေမှာ သေချာပါတယ်။အဓိကကတော့ ဘာမှအသုံးမကျဘူးလို့ သတ်မှတ်ထားတဲ့ ရဲစခန်းအစုတ်ပလုတ်ကိုပေါ့။ ဒီလိုနဲ့ မြို့ငယ်လေးဟာ ကျန်ရစ်ခဲ့ရသူတွေရဲ့သောကတွေနဲ့ တစ်ဖြည်းဖြည်းပြည့်အင့်ခြောက်ကပ်လာတယ်။ဆိုင်းဘုတ်ကြီးသုံးခုကတော့ လမ်းမပေါ်ကနေ ဖြတ်သန်းသွားသမျှလူတွေကို ရေရွတ်ပြောဆိုနေတယ်။ကင်ဆာဝေဒနာခံစားနေရတဲ့ သူမမေးခွန်းထားတဲ့ အဓိက ရဲအရာရှိ Willoughby မှာလည်း အမှု အပေါ်ကို တတ်အားသမျှဆောင်ရွက်ခဲ့တာရှိပေမယ့် ရေပေါ်အရုပ်ခြစ်သလို အရာထင်ပုံ မပေါ်ပါဘူး။သူ့ရဲ့အရောင်မှိန်စပြု နေတဲ့ ဘဝပန်းချီကားဟာ ဖြေးညင်းစွာ လောင်မြို က်စပြု နေပြီဆိုတာလည်း သိပါတယ်။သူ့နောက်လိုက် ရဲသား Dixonကတော့ ထုံးစံအတိုင်း ဂမူးကရူးနဲ့ သူတို့ကို ခုလို လုပ်ရပါ့မလားဆိုပြီး ဒေါကန်နေတယ်။ဆိုရရင် ဒီအဖြစ်အပျက်ရဲ့ဝဲဂယက်မှာ သူတို့တွေလည်း ရုန်းမထွက်နိုင်ရှာဘူး။လူသတ်သမားကတော့ နှင်းခါးမိုး ကဗျာစာသားထဲကလို ဒီအချိန်ဆို ညစာ စားနေလောက်ပြီ။ဝိုင်ကလေးသောက်လိုက် စပျစ်သီးလေးမြုံ့လိုက်နဲ့လေ။ မိခင်ကြီးရဲ့ မျက်ဝန်းတွေကတော့ သောကဖြစ်လာတဲ့ ဒေါသစေ့ဆော်မှု ကြောင့် ဝန်းပနေသလို နှုတ်ခမ်းတွေကလည်း ရေခဲနေတဲ့ ရုပ်ကြွင်းတစ်ခုလို အချိန်မရွေးတင်းမာနေလေတယ်။ပြောသမျှစကားတွေကလည်း ဘယ်တော့မှ ကောင်းကောင်းမွန်မွန် ထွက်မလာဘူး။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဆိုင်းဘုတ်ကြီးသုံးခုဟာ မီးရှို့ခံလိုက်ရတော့တယ်။ ______________________________ ယခု ရုပ်ရှင်ဟာ အကြိမ်ကိုးဆယ်မြောက် အော်စကာဆုနှင်းဘင်မှာ ဆန်ကာတင်ခုနှစ်ဆုနဲ့ လျာထားခံရပါတယ်။ကျွန်တော့်အနေနဲ့တော့ ဒါရိုက်တာကြီး Martin McDonagh ကို ဇာတ်ညွှန်းဆုအနေနဲ့ဖြစ်စေ ပြီးတော့ သမီးငယ်အတွက် သောကတွေနဲ့ အသက်ဆက်နေရတဲ့ မိခင်ကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ Frances McDormand ကိုဖြစ်စေ ဇာတ်ပို့သရုပ်ဆောင်ကြီး Sam Rockwell ကိုဖြစ်စေ ထူးချွန်ဆုတွေ ရစေချင်တာအမှန်ပါပဲ။(အခြားရုပ်ရှင်ဆုနှင်းသဘင်မှာတော့ အောင်ပွဲခံထားတာတွေ့ရ)ဒါရိုက်တာ Martin McDonagh ဆိုတာ ဟောလိဝုဒ်က သရုပ်ဆောင်အင်မတန်ကောင်းပြီး နာမည်မရကြတဲ့ သရုပ်ဆောင်တွေကို စုစည်းရိုက်တတ်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဆိုတာ သူ့ရဲ့Seven Psychopaths Movie နဲ့ In Bruges တို့မှာ သိရှိပြီးသား ဖြစ်ခဲ့သလို ယခုရုပ်ရှင်မှာလည်း Seven Psychopaths က သရုပ်ဆောင်အများစုကိုပဲ ပြန်လည်သုံးစွဲထားတာတွေ့ရပေမယ့် ယခုရုပ်ရှင်ဟာ အရင်ရုပ်ရှင်တွေထက် ဖျော်ဖြေရေးလမ်းကြောင်းကနေ သိသိသာသာ ပို၍ ကွဲထွက်လာကာ သရုပ်ဆောင်တွေဆီကနေ စိတ်ခံစားမှု ရှု ပ်ထွေးပုံတွေအား လေးလေးနက်နက်ပင် ခံစားခဲ့ရတာမို့ ယခုနှစ်အော်စကာဆုအတွက်တော့ (အခြားကားတွေမကြည့်ရသေးသော်လည်း)သူဇာတ်ကားကိုပင် လက်မထောင်လိုက်မိပါကြောင်း။ (ဇာတ်လမ်းအညွှန်းကို ကိုညီလင်းအိမ်၏ Facebook Account ( Nyi Linn Eain )  မှကူးယူဖော်ပြပါသည်။) File Size : (957 MB) Quality : Blu-Ray 720p Running Time : 1hr 55min Format : Mp4 Genre :Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Thura Zarni Aung Encoded by Thanhtike Zaw

Drama • Mystery
8.1 2017 115 mins
Three Billboards Outside Ebbing, Missouri
The Stalking Fields

The Stalking Fields(2023) ====================== စစ်ပြန်တွေ စစ်မြေပြင်ကနေ ရလာခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ နာကျည်းစရာအတိတ်တွေ PTSD တွေကို ကုသပေးဖို့အတွက် ကုထုံးအမျိုးမျိုးရှိတဲ့ အထဲမှ Stalking Fields ဆိုတဲ့ အမဲလိုက် ပရိုဂရမ်တစ်ခု ပေါ်လာပါတယ် အမဲလိုက်ရမှာကတော့ တိရစ္ဆာန်တွေမဟုတ်ဘဲ…ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေ ကျူးလွန်ထားတဲ့ လူတွေ …အနာဂတ်ပျောက်ဆုံးနေတဲ့လူတွေကို ပြန်ပေးဆွဲပြီး အမဲလိုက်ကွင်းကြီးထဲကို လွှတ်ပေးကာ…စစ်ပြန်တွေကို အမဲလိုက်ခိုင်းတာဖြစ်ပါတယ် နောက်ဆုံးကျန်ရစ်သူကို ဆုငွေဒေါ်လာ ၅ သိန်းနဲ့ ဘဝအသစ်စဖို့ အခွင့်အရေးပေးမယ်ဆိုပြီး ကမ်းလှမ်းပါတယ် အဲ့ဒီထဲမှာမှ အာဖဂန်စစ်မြေပြင်မှာ လူ ၂၀၀ ကျော်သတ်ခဲ့တဲ့ စစ်ပြန်ပြီး ဝုဒ်မန်းဆိုသူ အပါအဝင်ဖြစ်ပါတယ်… ဝုဒ်မန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ အမဲလိုက်ခဲ့ရင်း …အချင်းချင်းပြန်သစ္စာဖောက်မှုတွေနဲ့ ရာဇဝတ်သားကောင်တွေကို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာကို အလှည့်အပြောင်းများစွာနဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်) Genre….. Action Quality…. 1080p | 720p | 480p File size… 1.55GB | 742MB | 360MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

0 2022 90 mins
The Stalking Fields
The Blind
6.1

The Blind(2023) ============ Drama., Biography အမေရိကန် တီဗီစတား ဖေးလ်ရောဘတ်ဆန်ရဲ့ ဘဝအကြောင်းကို ရိုက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ် ဖေးလ်ဟာ နာမည်ကြီးတစ်ယောက်မဖြစ်ခင်က အရမ်းဆိုးသွမ်းပြီး မိသားစုမှာ မူးယစ်ရမ်းကားနေတဲ့ အရက်သမားတစ်ယေဦက်ဖြစ်ခဲ့ပါတယ် သူ့ရဲ့ မိုက်ရူးရဲဆန်မှုကြောင့် မိန်းမ၊ ကလေး ၃ ယောက်နဲ့လည်း ကွဲခဲ့ရပြီး တောထဲမှာ တစ်ယောက်ထဲ အမဲလိုက်မူးရူးနေတဲ့ အရူးကြီးတစ်ယောက်အထိဖြစ်ခဲ့ပါတယ်… ဘာသာရေးဆရာတစ်ဦးနဲ့တွေ့ပြီး ယေရှုဆီမှာ အပြစ်ဝန်ခံဆေးကြောသန့်စင်ပြီးမှ လူကောင်းတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်လာကာ အောင်မြင်တဲ့လူတစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင် တီဗီစတားတစ်ယောက် ဖြစ်လာခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.3GB | 672MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

Action • Western
6.1 2023 110 mins
The Blind
The Interpreter
6.4

Special ops: Lioness, The undoing, Aquaman 1,2 , Nice perfect stranger အစရှိတဲ့ ရုပ်ရှင်ကားကောင်းများစွာရဲ့ သရုပ်ဆောင် အမျိုးသမီး Nicole Kidmanနဲ့ I’m Sam , Mystic River, Deadman walking , Casualties of War, Black Flies အစရှိတဲ့ ရုပ်ရှင်ကောင်းများစွာရဲ့ မင်းသား Sean Penn တို့ ၂ယောက်ရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ The Interpreter ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ မတိုဘူလို့ ခေါ်တဲ့ အာဖရိက နိုင်ငံလေးမှာ ဒေါက်တာ ဇူဝါနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရယ်၊ အဂျင်း ဇိုလာ ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ရယ်၊ ပြည်နှင်ခံထားရတဲ့ တော်လှန်ရေးခေါင်းဆောင် ကူမန်း-ကူမန်း ဦးဆောင်တဲ့ အဖွဲ့ရယ်ဆိုပြီး ၃ဖွဲ့ ရှိပါတယ်။ အဂျင်း ဇိုလာနဲ့ ကူမန်း-ကူမန်းက ဒေါက်တာ ဇူဝါနီ အစိုးရအဖွဲ့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တော်လှန်နေတဲ့ တပ်ဖွဲ့တွေ ဖြစ်ကြပါတယ်။ ဒေါက်တာ ဇူဝါနီက သူ့ရဲ့ လူမျိုးတုန်းသုတ်သင်ရေး မူဝါဒအတွက် ကုလသမဂ္ဂရဲ့ ICCမှာ တရားစွဲခံရတော့မှာပါ။ ဒီလို တရားစွဲခံရတော့မှာမို့လို့ ဒေါက်တာ ဇူဝါနီက UNကို လာပြီးတော့ အစိုးရတစ်ရပ်အနေနဲ့ သူ့ရဲ့အမြင်နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို မိန့်ခွန်းလာပြောတော့မှာပါ။ ဆေးလ်ဗီယာ ဘရွန်းလို့ ခေါ်တဲ့ ကောင်မလေးက ကုလသမဂ္ဂမှာ စကားပြန်အနေနဲ့လုပ်နေတဲ့ မတိုဘူ နိုင်ငံသူလေးပါ။ သူအလုပ်လုပ်နေရင်း ကုလသမဂ္ဂက ရုံးခန်းမှာ ပစ္စည်းကျန်ခဲ့လို့ လာယူရင်း ကုလသမဂ္ဂမှာ မိန့်ခွန်းလာပြောမယ့် ဒေါက်တာဇူဝါနီကို လုပ်ကြံမယ့်အကြောင်း လုပ်ကြံရေးသမားတွေ ပြောနေကြတာကို ကြားသွားပါတော့တယ်။ ထိုအကြောင်းကို သူ(မ)က လျှို့ဝှက်ထောက်လှမ်းရေးကို တိုင်လိုက်တော့ အေးဂျင့် တိုဘင် ကယ်လာနဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ တိုဘင်နဲ့ ဆေးလ်ဗီယာတို့ လုပ်ကြံရေးသမားကို လိုက်ရှာကြရင်း မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ လုပ်ကြံမှုတွေ၊ သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေနဲ့ ကြုံလာတဲ့အခါမှာတော့ ….. လုပ်ကြံရေးသမားတွေက ဘယ်သူလဲ ….. ဘာလို့လုပ်ကြံမှာလဲ …. ဒီ ဇာတ်လမ်းမှာ လူဆိုးက ဘယ်သူလဲ …. လူကောင်းက ဘယ်သူလဲ …. အစရှိတာတွေကို Action ဆန်ဆန် ပြေးရင်းလွှားရင်းနဲ့ ထောက်လှမ်းရေးပုံစံနဲ့ကိုပါ ပေါင်းပြီး ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ကဲ Reviewကို ဒီမှာတင် အဆုံးသတ်ပြီး Please enjoy the movie ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre…Crime, Mystry, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.4 2005 128 mins
The Interpreter
4:44 Last Day on Earth
4.6

4:44 Last Day on Earth (2011) ======================= IMDb Rating – 4.6/10 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Abel Ferrara ရိုက်ကူး ထားတဲ့ Drama, Fantasy အမျိုးအစား ဇာတ်ကားကောင်းလေး ပဲဖြစ်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းလေးကိုတော့ ကမ္ဘာမပျက်ခင် တစ်ရက်အလိုကာလ မှာ ဇာတ်အိမ်တည်ထားပါတယ်။ နောက်နေ့မနက် ၄ နာရီ ၄၄ မိနစ် မှာကမ္ဘာကြီးရဲ့ အဆုံးအသတ်ကိုရောက်မှာဖြစ်လို့ လူတွေကလည်း ပစ္စည်းတွေအလကားပေးသူကပေး၊ ဆုတောင်းတဲ့သူကဆုတောင်း၊ သတ်သေတဲ့သူက သတ်သေနဲ့ ရှုပ်ယှက်ခတ်နေကြပါတယ်။ ဒီလိုကမ္ဘာကြီးအဆုံးမသတ်ခင်နေ့ကို အဓိကဇာတ်လိုက်တွေဖြစ်ကြတဲ့ ဆစ်စကို နဲ့ စကိုင် တို့ဘယ်လိုဖြတ်သန်းကြလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ Review ဖတ်တာထက် ကိုယ်တိုင်ကြည့် ရှုခံစားတာကမှ ကမ္ဘာကြီးရဲ့အဆုံးအသတ်ကို သေချာခံစားစီးမြောနိုင် မှာဖြစ်လို့ ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့ခင်ဗျာ။ Sex scene တွေ nudity အခန်းတွေပါတဲ့အတွက် မိသားစု‌နဲ့ကြည့်ဖို့သင့်တော်တဲ့ ဇာတ် ကားမျိုးတော့မဟုတ်ပါဘူး။ ဒီဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်တွေကတော့ အားလုံးသိကြတဲ့ Willem Dafoe နဲ့ Shanyn Leigh တို့ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.22 GB) / (540 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Fantasy, Sci-Fi Translator…….Theo Katt Encoder……….SWM

Drama • Horror • Thriller
4.6 2011
4:44 Last Day on Earth
Zero Fucks Given
6.4

Zero Fuck Given(2021) ပြင်သစ်ရုပ်ရှင်တွေဟာ လူတွေရဲ့ နေ့စဉ်ဓူဝ ဘဝအဖုံဖုံကို အေးဆေးလေးဖော်ပြသွားတဲ့နေရာမှာ ကြည့်ရတာ အရမ်းကဗျာဆန်လွန်းတယ်.. Rating 6. 4 လောက်ရထားတဲ့ ဒီ Drama ရုပ်ရှင်မှာလည်း မိခင်ဆုံးသွားပြီး အိမ်မှာမနေချင်ဘဲ အိမ်ပြေးဖြစ်နေတဲ့ ကန်ဆန်ဒေါ်ဝီဆယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတယ်… အသေးစားဘက်ဂျက်လေယာဉ်လိုင်းမှာ လေယာဉ်မယ်ဝင်လုပ်ရင်း နိုင်ငံပေါင်းစုံက ဘဝအဖုံဖုံလူမျိုးစုံနဲ့တွေ့ပြီး ဖြတ်သန်းခဲ့ရပုံတွေ… နောက်ဆုံး private jet ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရင်း ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေကြားမှာ အကောင်းဆုံးနေနေတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ဇာတ်ရှိန်က ဖြေးဖြေးလေးတက်သွားတာဖြစ်တဲ့အတွက်… အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး… ကော်ဖီသောက်ရင်း ဖတ်နေရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ.. ဒီဇာတ်ကားကိုလည်း အေးဆေးလေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 967MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

Drama • Comedy • Romance
6.4 2021
Zero Fucks Given
The Mercenary
5.2

The Mercenary(2019) IMDb….5.6 The mercenaryဆိုတဲ့အဓိပ္ပာယ်က ကြေးစားစစ်သား… မက်စ်တို့အဖွဲ့က Central Africa တို့ Columbia တို့မှာ သူတို့ကိုခိုင်းတဲ့ လူသတ်မှုတွေကို ကြေးကြီးကြီးယူပြီးလုပ်ကြတယ်…. South Americaမှာ သူတို့ mission လုပ်နေရင်း မက်စ်တစ်ယောက်ကို အကြောင်းတစ်ခုကြောင့်သေပြီဆိုပြီး ထားခဲ့ကြတယ်….. အနီးနားက ဘုရားကျောင်းက ဖာသာက သူ့ကိုကယ်တင်စောင့်ရှောက်ထားခဲ့တယ်.. သူ့ကျန်းမာရေးပြန်ကောင်းလာပြီးနောက် ဘုရားကျောင်းမှာပဲ သူ့ရဲ့ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေရင်းနဲ့မှ ဘာတွေ ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ကြပါတော့….. ဒီကားက အက်ရှင်ဆိုတဲ့အတိုင်း အစမှ အဆုံးထိ နင်းကန်ဗျင်းပါတယ်… နင်းကန်ဗျင်းတာကြိုက်တဲ့သူတွေအတွက်တော့ ဒေါင်းကြည့်ကြပါလို့ လက်တို့လိုက်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်… File Size : 2.45GB / 950MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:32:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae

Action • Drama • Thriller
5.2 2019
The Mercenary
Nightbitch
5.7

Nightbitch (2024) IMDb Rating (5.7) / Rotten Tomatoes (59%) Man of Steel (2013)မှာ လူးဝစ်လိန်းအဖြစ်တမျိုး Enchanted(2007)မှာ ဂျစ်ဆဲလ်အဖြစ်တဖုံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Amy Adamsရဲ့ ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ black comedyလည်းဖြစ် horrorလည်းဟုတ်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသမီး Amy Adamsက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သက်လတ်ပိုင်း ကလေးအမေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ နှစ်နှစ်အရွယ်သားလေးကို အိမ်မှာပဲနေပြီး အချိန်ပြည့်ပြုစုပေးဖို့ ပန်းချီဆရာမအလုပ်ကိုယ်စွန့်လွှတ်လိုက်ဖို့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ခဲ့တဲ့ မိခင်တစ်ယောက်။ ခင်ပွန်းဖြစ်သူနဲ့တိုင်ပင်ကြည့်တဲ့အခါ ပြုံးပြီး မင်းသဘောပြောခဲ့တော့ အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အိမ်မှာပဲနေရင်း သားဖြစ်သူနဲ့လင်ဖြစ်သူကို စောင့်ရှောက်ရင်းနဲ့ ပင်ပန်းဆင်းရဲမှုတွေ နောင်တတွေ မခံချင်စိတ်တွေ ကြုံတွေ့ခံစားလာရတဲ့အခါမှာတော့ ထင်ယောင်မှားမှုတွေလား၊ အစစ်အမှန်လား မသဲကွဲတော့ဘဲ ရှင်သန်ရာပတ်ဝန်းကျင်မှာ ကမောက်ကမတွေဖြစ်လာခဲ့ပါတော့တယ်။ မိခင်ဘ၀ကို ရှုထောင့်တစ်ခုကနေ သေချာလေးတင်ဆက်ထားပြီး သင်ခန်းစာယူနိုင်စရာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(3.9 GB) / (1.3 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:40:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

5.7 2024
Nightbitch
The Problem with People

ပေါ့​ပေါ့ပါး​ပါး ကြည့်ရှု​လို့​ရမဲ့ ဟာသ​ရုပ်ရှင်​လေး​တစ်ခု​ ဖြစ်​တဲ့ ဒီဇာတ်ကားလေးက buddy comedy အမျိုး​အစား​ဖြစ်​ပြီး​ ဇာတ်​ဝင်​ခန်း​အများ​စုကို အိုင်​ယာ​လန်​နိုင်ငံ​ ကျေး​လက်ဒေသတွေမှာ​ပဲ ရိုက်ကူး​ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Ciaran နဲ့ Berry တို့​ဟာ​ တစ်ဝမ်းကွဲ​ညီအစ်ကို​တွေ​ ဖြစ်​ကြပေမဲ့ တစ်ယောက်​ကို​ တစ်ယောက်​ တစ်ခါမှ​ မမြင်ဖူးသူတွေပါ။ ဒီလို​ဖြစ်​ရတာ​က ဆယ်စုနှစ်​များစွာ​ ကြာမြင့်​ခဲ့ပြီ​ဖြစ်တဲ့ မိသားစု​တစ်​ခုတည်းက မျိုး​ဆက်​နှစ်​စုအကြား ပဋိပက္ခ​ကြောင့်​ဖြစ်​ပါတယ်။ မျိုး​ဆက်​တစ်​ခုက​ အမေရိက​မှာ​ အခြေ​ချ​ပြီး​ ကျန်​တစ်​ခုက​ အိုင်​ယာ​လန်​မှာပဲ အခြေ​စိုက်​ပါတယ်​။ ဒီလို​နဲ့​ Ciaran ရဲ့အ​ဖေ ဆန္ဒ​အတိုင်း​ နယူးယောက်​က Berry တစ်ယောက်​ အိုင်​ယာ​လန်​ကို​ ရောက်လာပါတော့တယ်။ အစပိုင်းမှာ Ciaran​ နဲ့ Berry တို့​ အချင်း​ချင်း​ အဆင်​ပြေ​ပေမဲ့​ နောက်​ပိုင်း​မှာ အမွေ​ကိစ္စ​ကြောင့် နှစ်​ယောက်​သား ခွာ​ပြဲ​သွား​ကြပြီ​ တစ်ယောက်​ကို​တစ်ယောက်​ ဒုက္ခ​ပေး​ကြပါ​တော့​တယ်​။ ဇာတ်လမ်း​အမျိုး​အစားက ပေါ့​ပေါ့ပါး​ပါး​ ဟာသ​ရုပ်ရှင်​ ဖြစ်​ပြီး​ ဇာတ်​အိမ်​ရိုး​ရှင်း​သလို​ အိုင်း​ရစ်​ရှ်နောက်ခံဂီတတွေနဲ့ အပျင်းပြေကြည့်ရှုလို့ကောင်းမဲ့ ဇာတ်​ကား​တစ်​ကား​ဖြစ်​ပါတယ်​။ File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

0 2024
The Problem with People
An American Tail
6.9

An American Tail 1986 1986 မှာထွက်ရှိခဲ့ပြီး IMDB 6.9 ရထားတဲ့ Animation ကားကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ Don Bluthဖြစ်ပြီး CMကာတွန်းချစ်သူတွေကြား လူသိများတဲ့ Land before Time ရဲ့ဒါရိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Disney ရဲ့နာမည်ကျော် Animation ဖြစ်တဲ့ Winnie the Pooh,Robin Hood တို့လို့ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ ၊၁၉၈၆ လောက်က ဒေါ်လာ ၅သန်းအကုန်ကျခံရိုက်ကူးခဲ့ကာ ဒေါ်လာ ၈၅ သန်းပြန်ရပြီး Box Office မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ One of the Best Animation of All Time လို့ ချီးကျူးမှုတွေပါရရှိထားတာဖြစ်ပါတယ်။ ဒါဆို ဒီကားဟာ ကလေးကြိုက်တင်မဟုတ်ပဲ လူကြီးတွေပါ ကြည့်ရှုသင့်တဲ့ Animation ကားကောင်းတစ်ကား ဆိုတာ သိသာနေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မောက်စကီဝဇ်ဆိုတဲ့ကြွက်မိသားစုဟာ ရုရှားမှာ ကော့ဆက်တွေရဲ့ တိုက်ခိုက်လုယက်မှုတွေကြောင့် အမေရိကကို ရွှေ့ပြောင်း‌အ‌ခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ သားဖြစ်သူ ဖိုက်ဗယ်ဟာ ရေထဲမတော်တဆပြုတ်ကျသွားပြီး မိသားစုနဲ့ကွဲကွာသွားပါတယ်။ ဗိုက်ဗယ်ဟာ အမေရိကမှာ ပျောက်ဆုံးသွားတဲ့ သူ့မိသားစုကို ရှာပုံတော် ဖွင့်တာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဘာလို့ဒီလောက်အောင်မြင်ခဲ့ရလဲဆိုရင် ဇာတ်လမ်းရဲ့ ညွှန်းဆိုချင်တဲ့ ပိုကြီးမားတဲ့ရည်ရွယ်ချက်ရှိနေလို့ပါပဲ။ ရုရှားက မောက်စကီဝဇ်မိသားစုဆိုတာ ဥရောပမှာ ခွဲခြားဆက်ဆံမှုတွေခံခဲ့ရတဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုပြီး ကြောင်တွေကတော့ ဂျူးမုန်းတီးရေးသမားတွေဖြစ်ပါတယ်။ ဂျူးတွေရဲ့ ခွဲခြားဆက်ဆံခံရမှု၊ခါးသီးဖွယ်ခံစားချက် နဲ့ ပိုကောင်းတဲ့ဘဝသစ်အတွက် စွန့်စားခဲ့ရပုံတွေအပြင် American Dream Consept ကို လည်းဒီကားမှာတစ်စွန်းတစ တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။ File size… 1.38 GB / 725 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Family / Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Comedy • Romance
6.9 1986 80 mins
An American Tail