YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Scandal (2024) E20 WEB-DL 1080P (CM).mp4

514.05 MB N/A video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Monica
5.1

IMDb 6.3 Rotten Tomatoes 83% 2 wins ,6 nominations ဒီကားလေးကတာ့ ၂၀၂၂တုန်းကထွက်ခဲ့တဲ့ မိသားစုဒရာမာကားကောင်းလေးပါ။ မော်နီကာဆိုတဲ့အမျိုးသမီး ဘရိန်းကျူမာရောဂါခံစားနေရတဲ့မိခင်အိုကြီးကိုဂရုစိုက်ပေးဖို့ နှစ်၂၀အတွင်းမှာ အိမ်ကိုပထမဦးဆုံးပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မော်နီကာဟာ မိခင်ဖြစ်သူ ယူဂျီးနီးယားက သူ့ကိုမှတ်မိဖို့ရာ မသေချာပေမယ့် သူ့ရဲ့ငယ်ဘ၀တုန်းကအိမ်လေးမှာ မိသားစုဝင်တွေနဲ့ပြန်ဆုံဆည်းပြီး အတိတ်ကဒဏ်ရာတွေကိုကုသရင်း ခွင့်လွှတ်ခြင်း၊ လက်ခံခြင်းတွေနဲ့အတူ သူ့ဘ၀အတွက်လမ်းအသစ်ဖောက်ဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်က မော်နီကာဆိုတဲ့အမျိုးသမီးရဲ့ နာကျင်မှုတွေ၊စိတ်ဒဏ်ရာတွေ၊လိုအင်ဆန္ဒတွေကို ရိုက်ပြထားပြီး မိသားစုတစ်ခုအတွင်းက ချစ်ခြင်းမေတ္တာ၊ခွင့်လွှတ်နားလည်ပေးမှု၊ပစ်ပယ်ခံရမှုတို့ကိုလည်း မီးမောင်းထိုးရိုက်ကူးပြထားတဲ့ healing drama ကားကောင်းလေးမလို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (Nudity နဲ့ sex scene တချို့ပါတာကိုတော့သတိပြုပေးပါ) File size…(2.2 GB)/(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Crime • Drama • Thriller
5.1 2023 114 mins
Monica
[18+]Strawberry Shortcakes
5.7

[ပွင့်လင်းမြင်သာတဲ့အိပ်ရာခန်းလေးတွေပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ...} ဒီဇာတ်ကားလေးကတော့ တိုကျိုမှာနေထိုင်နေကြတဲ့ မိန်းကလေးတွေရဲ့ စိတ်မလုံခြုံမှုတွေအခက်အခဲတွေကိုရိုက်ပြထားတယ်။ တစ်ယောက်ချင်းစီရဲ့ ဇာတ်ကွက်တွေကိုရိုက်ပြထားတာကြောင့် ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုတွေသိပ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တစ်ယောက်က အခိယောဆန်ပါ၊ ပြည့်တန်ဆာအလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မိန်းကလေးတွေထဲမှာ အခိယောဆန်ဟာ အသက်အရွယ်အားဖြင့်အကြီးဆုံးဖြစ်ပြီးအရင့်ကျက်ဆုံးလို့လဲပြောလို့သလို့စိတ်ဓာတ်အကျဆုံးသူပါပဲ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အတွက် လာသမျှဖောက်သည်တိုင်းကိုလိုက်ပါတယ်။ ‌နောက်တစ်ယောက်ကတော့ တိုကို ၊ စာအုပ်မျက်နှာဖုံးတွေ ပန်းချီတွေကိုဆွဲပြီးအသက်မွေးတယ်။ သူတန်ဖိုးထားတဲ့အရာတွေကို အခြားသူတွေက မျက်နှာလွှဲခဲပစ်ခပ်ပေါ့ပေါ့ထားတာကိုသူအရမ်းမုန်းတယ်။ နောက်တစ်ယောက်က တိုကိုနဲ့အတူနေတဲ့ ချိဟိယိုက ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ်။ နောက်ဇာတ်ကောင်တစ်ယောက်က ဆတိုကိုက အသက်လည်းငယ်တယ် ချစ်သူရည်းစားထားချင်တယ်။ သူချစ်သလိုမျိုး သူ့ကိုချစ်မယ်သူမျိုးကိုလိုချင်တယ်၊ သူတို့တွေရဲ့ တိုကျိုမြို့ကြီးမှာ ကြုံတွေရခဲ့တဲ့အခက်အခဲတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုပေးပါဦး... File Size :(1.9 GB) and (590 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:07:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Comedy • Drama • Fantasy
5.7 2006 127 mins
[18+]Strawberry Shortcakes
Maleficent: Mistress of Evil
7.3

2014 တုန်းက ထွက်ရှိထားတဲ့ Maleficent ရဲ့ အဆက် ဒုတိယမြောက်ကား ဖြစ်ပါတယ်....ပထမအပိုင်းတုန်းက ကြည့်လိုက်ရတဲ့ အတိုင်းပဲ ကျိန်စာတိုက်ထားတဲ့ ကလေးမလေးကို ချစ်မိသွားတဲ့ မယ်လိဖိဆင့် ဟာ အော်ရိုရာ လေးကို သမီးအရင်းလို မွေးစားခဲ့ပြီး မော့စ်ကို အုပ်ချူပ်တဲ့ ဘုရင်မ အဖြစ် သရဖူဆောင်းပေးခဲ့တာပါ... ဒီ ဒုတိယ အပိုင်းမှာတော့ မော့စ်တိုင်းပြည် နဲ့ မတည့်တဲ့ လူသားတွေတိုင်းပြည်က မင်းသားလေး ဖိလစ်က အော်ရိုယာ လေးကို လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်ခံခဲ့တဲ့အတွက် နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဦးတည်ခဲ့ပါတယ်.... လူသားတွေ တိုင်းပြည်က ဘုရင်ကြီး နဲ့ ဘုရင်မကြီးက မယ်လိဖိဆင့် နဲ့ အော်ရိုရာ လေးကို ညစာ ဖိတ်ကျွေးတဲ့ညမှာပဲ လူသားတွေကို ကြည့်မရတဲ့ မယ်လိဖိဆင့် ဟာ ထပ်မံ ပြသနာရှာခဲ့သော အခါမှာတော့..... ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ပေးထားပါတယ်

Comedy • Drama
7.3 2019 119 mins
Maleficent: Mistress of Evil
Garuda
9.2

Garuda(2022) IMDb-9.2/10 ကန်နာဒါရုပ်ရှင်မင်းသမီးချောလေးနှစ်ယောက် ဖြစ်တဲ့ Ashika Ranganath နဲ့ Aindrita Ray တို့ရဲ့ အလှကိုခံစားရင်းကြည့်ရှူရမယ့်အက်ရှင် ဇာတ်ကြမ်းလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ ဂိုအာဆိုတဲ့ကမ်းခြေမြို့လေးဟာ သာယာလှပသလောက် အကြမ်းဖက်မှုပေါင်းစုံ၊ လူသတ်မှုပေါင်းစုံ စသဖြင့် အကြမ်းဖက်သမားနဲ့ ရဲတွေလက်ဝါးချင်းရိုက်နေတဲ့ ဒုစရိုက်နေရာပါ။ အဲ့နေရာမှာ ရမ်ဆိုတာက သူ့ဘဝကိုဇာတ်မြှုပ်ပြီး ဟိုတယ်အသေးစားလေးဖွင့်ကာ လုပ်ကိုင်စားသောက်နေတဲ့သူ‌ပေါ့ တစ်နေ့မှာ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့ ဟိုတယ်စား‌သောက်ဆိုင်ထဲ၀င်ကာ စားသောက်ပြီးငွေမရှင်းဘဲ စားပွဲထိုးကိုပါ ပါးရိုက်လိုက်ပါတယ်။ သူဌေးဖြစ်တဲ့ရမ်က သူ့၀န်ထမ်းကိုစော်ကားသွားတဲ့ လုပ်ရပ်ကို သူလက်ပိုက်ကြည့်မနေနိုင်တဲ့အခါ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတော့တယ်။ ဒုစရိုက်မြို့ကြီးထဲမှာ ဒုစရိုက်သမားကို ရမ်တစ်ယောက်ဘယ်လိုဖြေရှင်းရမလဲ သူ့ရဲ့မြှုပ်ထားတဲ့ ဘဝဇာတ်ကြောင်းကရောဘာဖြစ်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။

9.2 2022 142 mins
Garuda
Good Kids
6.1

Good Kids (2016) သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။ အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။ ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး… (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 26Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Family • Drama
6.1 2016
Good Kids
The Voices
6.3

The Voice (2014) Horrer/Thriller Imdb 6.3/10 ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။ File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre…Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo

Drama • Romance
6.3 2014
The Voices
Jaga Pocong
5.5

Jaga Pocong (2018) ============== လူနာတစ်ယောက်ရဲ့အိမ်မှာသွားပြုစုပေးလိုက်ရတဲ့ သူနာပြုမလေး မီလာရဲ့ ‌ခြောက်ခြားဖွယ်ရာအတွေ့အကြုံတွေကိုကြည့်ရှုရမှာဖြစ်တယ်။ ဇာတ်လမ်းအစမှာ မီလာက လူနာကလေးလေးတစ်ယောက်ကိုပြုစုပေး‌နေရင်း သိပ်မကြာခင်မှာပဲ လူနာကဆုံးသွားရှာတယ်။ အဲမှာပဲ မီလာ့ဆီကိုတာဝန်တစ်ခုကျလာပါတော့တယ်။ အဲ့တာတာဝန်ကတော့ လူနာဘွားအိုကြီးတစ်ယောက်ကို သူ့အိမ်မှာအကြောဆေးသွား‌သွင်းပေးဖို့ပဲဖြစ်တယ်။ မီလာကလည်း ငြင်းလို့မရတဲ့အတွက် အိမ်ကြီးဆီကိုထွက်လာလိုက်ပါတော့တယ်။ အိမ်ရှေ့ရောက်တဲ့အခါမှာ အဘွားအိုရဲ့သားဖြစ်သူ ရာဒစ်တ်က အမေဖြစ်သူဆုံးသွားပြီဖြစ်ကြောင်းပြောပြီး သူ့အမေရဲ့အလောင်းကိုဆေးကြောပေးဖို့ မီလာ့ကိုတောင်းဆိုလိုက်ပါတော့တယ် မီလာ့ကလည်း မထူးဇာတ်ခင်းပြီး သဘောတူလိုက်တဲ့အခါမှာတော့… ‌ ရင်တမမနဲ့ ခြောက်ခြောက်ခြားခြားကြည့်ရမဲ့ အင်ဒိုနီးယားသရဲကားလေးကိုတင်ဆက်‌ပေးလိုက်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

5.5 2018
Jaga Pocong
Rathnam
8.4

Rathnam 2024 (ပတ္တမြားမှန် နွံမနစ် ) ******************************* မူရင်းအသံ Tamilဗားရှင်းပြန်လည် UPDATEပေးထားပါပြီ ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက် တမီးလ်ဘာသာစကားပြော အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ IMDb rating အနေနဲ့ကတော့ 8.4 အထိတောင် ရရှိထားလို အတော်လေး ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ Hari ကနေ ရိုက်ကူးထားပြီးတော့ 2023 ခုနှစ်က ထွက်ရှိထားတဲ့ Mark Antony ဇာတ်ကားမှ မင်းသားချော Vishal မှလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အားလုံးရဲ့ အချစ်တော် ဟာသသရုပ်ဆောင် Yogi Babu ကလည်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်ကားအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ရာသ်နမ်ဆိုတဲ့ လူဟာ MLA ပါနီးရ်ဆယ်လ်ဗမ်ရဲ့ လက်အောက်မှာ လက်မရွံနောက်လိုက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း ဇာတ်ကားရဲ့ အစ‌မှာတော့ အန်ဒရာ-တမီးလ်နာဒူနယ်စပ်မှာ အကြီးစားဓားပြတိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပါတယ်။ နာမည်ကြီး မင်းသမီးချော Priya Bhavani Shankar သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်မိန်းကလေးမာလီဂါဟာ အင်တာဗျူးဖြေဖို့ ဗဲလ်လောရ်ကို လာတဲ့အချိန်မှာတော့ ရာသ်နမ်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီမိန်းကလေးရဲ့ မိသားစုပိုင်ဆိုင်တဲ့မြေယာ ကိစ္စနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ ဖြစ်လာသလို သူမဟာလည်း အန်ဒရာအခြေစိုက်ကြေးစားဂိုဏ်တစ်ခုရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။ အဲဒါကြောင့် သူမကို သတ်ပစ်ဖို့ ကြိုးစားကြတဲ့အချိန်မှာ ရာသ်နမ်က ဝင်ကယ်ရင်း ရာသ်နမ်တစ်ယောက် မာလီဂါရဲ့ သက်တော်စောင့် သဘောမျိုးဖြစ်လာသလို ကိစ္စမျိုးစုံကြုံတွေ့ရင်း ဇာတ်လမ်း ဇာတ်ကွက်တွေ ရှုပ်ထွေးလာတာကို တွေ့မြင်ရမှာပါ။ တကယ်ပဲ ရာသ်နမ်တစ်ယောက် မာလီဂါကို ကြာကြာကာကွယ်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ )

8.4 2024 159 mins
Rathnam
Twenty Hacker
7.4

ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့် ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ် ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့် ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့ “ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲ့နဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက် သူတို့အချင်းချင်းပူးပေါင်းပြီးဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ

7.4 2021
Twenty Hacker
Mom, If I Were a Vampire
5.7

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသူလေး အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ GL နည်းနည်းဆန်ပါတယ်နော် ဇာတ်လမ်းအညွှန်းလေးအနေနဲ့ ကျန်းရှောင်ဝမ်ဆိုတဲ့ကောင်မလေးဟာ အမြဲတမ်းတွေးနေ ဆွေးနေတတ်ပြီးတော့ သူ့အမေနဲ့ မတူချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အဲဒီလိုမှုန်ကုတ်ကုတ်ဖြစ်နေလို့ပဲ ကျောင်းပြောင်းတဲ့နေ့မှာပဲ အနိုင်ကျင့်ခံရပါတော့တယ် ။ ဒါပေမဲ့ မမျှော်လင့်ဘဲသူ့ဘဝကိုအလင်းပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက် ၊ သူ့အတွက်လက်စားချေပေးနိုင်မဲ့ သူငယ်ချင်းကောင်းနဲ့ဆုံတွေ့ခဲ့ရပါတယ် ။ ကဲဒီသူငယ်ချင်းနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ကလေးတွေကို ဘယ်လိုပြန်လက်စားချေကြမလဲ ? ‌သူဖြစ်ချင်နေတဲ့ ဗန်ပိုင်းယားရောဖြစ်လာမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြည့်ပါအုံးနော် ။

5.7 2022
Mom, If I Were a Vampire
The Quiet Man
7.7

IMDb Rating – 7.7/10, RT -91% Awards – 2wins and 11Nominations ဒီကားလေးကတော့ အော်စကာဆုနှစ်ဆုရခဲ့တဲ့ Old but Goldတန်း၀င် ရိုမန့်စ်ဟာသဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း – ရှောင်သွန်တန်က ဘောင်ဆင်လောကကနေ အနားယူပြီး မွေးရပ်မြေ အိုင်ယာလန်ကိုပြန်လာတဲ့သူပါ။ ရောက်ရောက်ချင်းမှာပဲ အရင်နေခဲ့တဲ့အိမ်လေးကို မုဆိုးမတီလန်ဆီမှာသွား၀ယ်ရင်း လူဂွစာမြေရှင်‌ဝေလ်ဒန်နာဟာနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ နောက်တော့ မြို့ကိုပြန်ရောက်ရောက်ချင်း ချစ်ကြိုက်မိတဲ့သူက မြေရှင်ရဲ့ညီမဖြစ်နေတဲ့အခါ ရှောင်ရဲ့အချစ်ရေးကအဆင်ပြေပါ့မလား သူ့အစ်ကိုကလက်ခံပါ့မလား နောက်ပိုင်းအချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:09:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

7.7 1952
The Quiet Man
[18+] Crazy in Love Folle Damour

Crazy in Love (Aka) Folle Damour (2024) ပြင်သစ် Erotic Drama ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း အပြခပ်ကြမ်းကြမ်းတွေနဲ့ ခံစားရမယ့်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… ဖလီဆီယာဆိုတာ သုတ်ပိုးဘဏ်တစ်ခုက သူနာပြုမ ချောချောလေးတစ်ယောက်။ တစ်ရက်ကျ သုတ်ပိုးလာလှူတဲ့ ဒီမီထရီဆိုတဲ့ ဘဲကြီးနဲ့ တွေ့ခဲ့ပြီး အချစ်ဆိုတာကို စတင် မြည်းစမ်းသွားမိတာပေါ့။ ဒါပေမဲ့ ဒီမီထရီဆိုတာက ခရီးမသွားရမနေနိုင် စစ်သတင်းထောက်တစ်ယောက် ဖြစ်နေပါတယ်။ ဒီတော့ အတူတူနေရတယ်ဆိုတာ မရှိပဲ စစ်ဖြစ်နေတဲ့နိုင်ငံ သွားလိုက် သတင်းယူလိုက် ပြန်လာလိုက် တွေ့လိုက်ဆိုတော့ နည်းနည်း လိုချင်တပ်မက်မှုများတဲ့ ဖလီဆီယာအတွက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို Narrative စတိုင်နဲ့ ရိုက်ကူးထားတဲ့ ပြင်သစ် Erotic Drama ကား ဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)

0 2017
[18+] Crazy in Love Folle Damour
Sgt. Stubby: An American Hero
7

ဒီAnimation ကားလေးကတော့ Rating 7 ရရှိထားပြီး ပထမကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့ကားလေးဖြစ်ပါတယ်…. ဒီကားလေးရဲ့main characterကတော့ stubbyဆိုတဲ့ ခွေးလေးပေါ့နော် ခွေးလေးနဲ့ စစ်သားလေးတစ်ယောက်ရဲ့friendshipလေးကို ရိုက်ပြထားတာပါ stubbyလေးနဲ့ ဒီအမေရိကန်စစ်သားလေး ဘယ်လိုတွေတွေ့ကြလဲ အမေရိကန်စစ်သားတွေနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်တွေကို ဘယ်လိုတွေ တိုက်ကြလဲဆိုတာကို ကြည့်ရမှာပါ စိတ်ဝင်စားဖို့လည်းကောင်းသလို ဟာသလေးတွေလည်း ပါတာမလို့ ပျင်းစရာမကောင်းပါဘူးနော် ခွေးလေးကလည်း အရမ်းကို ချစ်စရာကောင်းတာမလို့ puppy loverလေးတွေလဲ လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ကားလေးပါနော်…. File size… 1.3 GB / 548 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Adventure / Animation / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

Action • Comedy • Adventure
7 2018 85 mins
Sgt. Stubby: An American Hero