YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Scandal (2024) E05 WEB-DL 1080P (CM).mp4

576.53 MB N/A video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl Missing
6.1

ဘ၀ဆိုတာ တချို့အတွက်ပုံမှန်လေးစီးမျောနေတာ ဖြစ်နိုင်ပေမဲ့ တချို့အတွက်တော့ အကွေ့အကောက်များလွန်းပါတယ်။ မျှော်လင့် ချက်တွေပြည့်ပြီ ထင်ရပေမဲ့ မထင်မှတ်ဘဲ တစ်ဆစ်ချိုးပြောင်းလဲမှု မျိုးနဲ့ ရင်ဆိုင်လိုက်တာလည်း ဖြစ်တတ်ပါတယ်။ ဒီဇာတ်လမ်းထဲက သိတတ်တဲ့ကလေးအရွယ်မှာ ပျောက်ဆုံးသွားတဲ့ ကောင်မလေးတစ်ယောက်၊ ဖြစ်ချင်တော့ အတိတ်လည်းမေ့သွားခဲ့ပါတယ်။ မိဘဘယ်သူဘယ်ဝါ၊ သူ့ကိုယ်သူဘယ်သူမှန်းမသိတော့တာကြောင့် မိဘမဲ့ဂေဟာမှာ ဂျိန်းဆိုတဲ့နာမည်နဲ့ ဘ၀သစ်စခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ အရွယ်ရောက်လာပြီးတဲ့အချိန်မှာ မိခင်ဆိုတဲ့သူ ပေါ်လာခဲ့ပါတယ်။ ဒီအန်အေအဖြေမထွက်သေးတာကလွဲရင် ဂျိန်းရဲ့ အမေဆိုတာသေချာသ လောက်ဖြစ်နေတဲ့ ဆေလ်ဗီယာဟာ ဂျိန်းကို အိမ်အလည်ခေါ်ခဲ့ပါတယ်။ ဆိတ်ငြိမ်ရာအရပ်က အဲဒီအိမ်ကြီးမှာ  ဂျိန်းဟာ အိမ်ထိန်းကြီးထရီဇာ၊ ဆေလ်ဗီယာရဲ့ဒုတိယခင်ပွန်းကာလိုတို့နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဘီလျံနာမုဆိုးမ မိခင်ရဲ့သမီးအဖြစ် ပျော်ရွှင်ရတော့မယ်ထင်ခဲ့တဲ့ ဂျိန်းတစ်ယောက် အိမ်ရောက်တဲ့ နောက်တစ်ရက်မှာပဲ ထူးဆန်းပြီး သံသယဖြစ်စရာတွေကြုံလာရပါတယ်။ အဲဒီစိတ်မသိုးသန့်စရာအဖြစ်တွေဟာ ဂျိန်းပျောက်ဆုံးပြီးအတိတ်မေ့သွားတဲ့ အဖြစ်၊ သူ့ဖခင်သေဆုံးတဲ့အဖြစ်တွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာကို သို့လောသို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ကြရမှာပါ။ ကြည့်ရင်းကြည့်ရင်းနဲ့ အဆုံးအထိကို စိတ်၀င်တစားဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးမို့ Mystery/ Thriller ကြိုက်တဲ့ ရုပ်ရှင်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.72 GB) / (542 MB) / (286 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 24mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......C'mon Encoder..........SWM

6.1 2015 85 mins
Girl Missing
(18+) Last Cannibal World
5.6

(ကြမ်းကြမ်းတမ်းတမ်းပြကွက်တွေနဲ့ ကိုယ်လုံးတီးအခန်းတွေကြောင့် ကလေးငယ်တွေနဲ့ ရွံတတ်သူများအတွက် မဟုတ်ပါကြောင်း သတိလေးပေးလိုက်ပါရစေ) မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီး Me Me Lai ရဲ့ နောက်ထပ် လူသားစားကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရေနံရှာဖွေသူ ရာ့ဖ်နဲ့ ရောဘတ်တို့ ၂ဦးဟာ မင်ဒါနာအိုကျွန်းမှာရှိတဲ့ ကင်းစခန်းကို လာရောက်ခဲ့ကြပါတယ်။ လေယာဥ်ဟာ အဆင်းကြမ်းတမ်းတာကြောင့် အနည်းငယ်ပျက်စီးသွားပါတယ်။ ရောဘတ်တို့ ၂ယောက် ကင်းစခန်းကို သွားကြည့်ချိန်မှာတော့ ပစ္စည်းရော လူတွေပါပျောက်ဆုံးနေကြတာကို သိလိုက်ရတယ်။ တောထဲမှာ အနည်းငယ် လှည့်ပတ်ရှာဖွေရင်း အလောင်းတစ်လောင်းကို တွေ့လိုက်ရချိန်မှာ သူတို့လူတွေကို လူရိုင်းမျိုးနွယ်စုက သတ်ဖြတ်သွားတယ်လို့ ယူဆလိုက်ကြပါတယ်။ လေယာဥ်မောင်းသူ ချာလီက ပြင်လို့ပြီးသွားပေမယ့် မှောင်တော့မှာမို့ မိုးလင်းမှ ထွက်ခွာဖို့ပြောပါတယ် ညအခါမှာ အတူပါလာသူ မိန်းကလေး စွမ်းဟာ အပေါ့သွားရင်း ပျောက်ဆုံးသွားတဲ့နောက်... ပရိသတ်တို့ ကိုယ်တိုင်သာ ဆက်လက်ကြည့်ရှုပေးကြပါဦးလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 723MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 28Min Genre - Adventure, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Crime • Drama • Romance • Thriller
5.6 1977 92 mins
(18+) Last Cannibal World
The Insider
7.5

MDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.. .ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့ Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် … အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်. .စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်း အထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်... .အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်… ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်… .. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်... အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့ အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်... ….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်း လက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်…. ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့ အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်.. ..နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်… File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama
7.5 1999 158 mins
The Insider
Taanakkaran
7.6

IMDb - 8.5/10 Disney+ Hostarကနေ သိပ်မကြာခင်မှထွက်ထားတဲ့ ရသပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတပုဒ်ပါ "အာရီဗူ...ရဲအရာရှိဆိုတာ အရမ်းတန်ဖိုးကြီးတဲ့အလုပ်ပဲ... ပြဿနာ ကြုံလာရင် သူတို့ဆီသွားလိုက်ရင်စိတ်အေးရပြီ...ဒါပေမဲ့ အဖေတို့ပြဿနာကို သေချာစစ်ဆေးပေးပြီး မျှမျှတတဖြေရှင်းပေးတဲ့ရဲ တွေ့ဖူးလား" "ဟုတ်တယ်အဖေ...သားတို့ပြဿနာတွေကို သေချာ နားထောင်ပေးပြီး တရားမျှတစွာဖြေရှင်းပေးတဲ့ ရဲမြင်ဖူးလား" "အာရီဗူ...သားကြီးလာရင် ရဲဖြစ်ပေးပါ" အာရီဗူဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဟိုးငယ်ငယ်လေးတည်းက သူ့အဖေကြောင့်ရော သူ့ကိုယ်ပိုင်ဆန္ဒကြောင့်ပါ ရဲဖြစ်ချင်ခဲ့သူပါ။ ဒီအိမ်မက်အတွက် သူ့ဘဝကိုရင်းထားခဲ့ပြီး တစ်နေ့သူဟာ ရဲအလုပ်ကို ဝင်လျှောက်ခဲ့ပါတယ်။ အရင်ဦးဆုံးတော့ ရဲဖြစ်သင်တန်း ဆင်းရတာပေါ့။ "ငါပြောသလိုလုပ် မေးခွန်းပြန်မထုတ်နဲ့ အတွန့်မတက်နဲ့" ဆိုပြီးအထက်ဖား အောက်ဖိ စနစ်နဲ့ ကျင်လည်နေတဲ့ ဒီလောကထဲမှာ အာရီဗူ တစ်ယောက် သူ့အိမ်မက်ကို ဘယ်လိုဆက်လျှောက်လှမ်းမှာလဲ။ မတရားမှုတွေကို ခေါင်းငုံ့ငြိမ်ခံ မနေတတ်တဲ့ အာရီဗူတစ်ယောက် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မှာလဲဆိုတာကို တလောင်လောင်နဲ့ ကြည့်ရမှာမလို့ အခုပဲ down ပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ် File size…2.35GB / 1.2GB Quality…1080p HQ AAC 5.1CH  / 720p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Poe & Eliza

Action • Adventure • Thriller
7.6 2022 142 mins
Taanakkaran
The Autopsy of Jane Doe
6.7

Horror ကားတွေ Thriller ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် IMDb 6.8 ရရှိထားတဲ့ ဇာတ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ် တစိမ့်စိမ့်ကြည့်ရင်းကြောက်ဖို့ကောင်းတဲ့ခံစားချက်တွေနဲ့အတူ.ကြည့်ရှုလိုက်ရအောင် သေမှုသေခင်းက အလောင်းတွေကို ရင်ခွဲစစ်ဆေးပြီး သေရတဲ့အကြောင်းအရင်းကိုဖော်ထုတ်ပေးရတဲ့ ရင်​ခွဲရုံက သားအဖနှစ်​​ယောက်​ဆီကို ဘယ်သူဘယ်ဝါဆိုတာမသိရတဲ့ ပိုင်ရှင်မဲ့အမျိုးသမီးအလာင်​းတစ်​ခုရောက်​လာပါတယ်​ အဲ့အမျိုးသမီးဟာ သေစေနိုင်လောက်တဲ့ပြင်ပဒဏ်ရာကြီးကြီးမားမားမရှိဘဲ ​သေဆုံး​နေတာဖြစ်​ပါတယ်​ သူသေဆုံးရခြင်​းအ​ကြောင်​းအရင်​းကိုလိုက်​ရှာရင်း​ ရှာရင်းနဲ့ သူတို့နှစ်ယောက် ကြုံတွေ့သိရှိလိုက်ရတဲ့အရာတွေကတော့... ​ အဲ့ဒီအမျိုးသမီးရဲ့ ​သေဆုံးရတဲ့အ​ကြောင်​းအရင်​းကိုပဲ အ​ဖြေရှာနိုင်​မလား အဲ့အမျိုးသမီး မ​သေခင်​ဘာ​တွေဖြစ်​ခဲ့လဲဆိုတာကို အ​​ဖြေရှာနိုင်​မလား မရှာနိုင်​ဘူးလား ဆိုတာကို​တော့ ...... Translated & Review By May Myat Thu Encoded By LK

Crime • Drama
6.7 2016 86 mins
The Autopsy of Jane Doe
The Lost City
6.6

ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။ တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာ ကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။ ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။ အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။ ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Comedy, Romance Quality….4K HEVC | WEB-DL 1080p | 720p | 480p File size…4.35GB | 1.8GB | 800MB | 292MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Comedy • Drama • Fantasy
6.6 2022 112 mins
The Lost City
Breath

တောင်ကိုရီးယား Art Houseဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Kim Ki Dukကို ဒီကလူ တော်တော်များများသိကြသလို သူ့ရုပ်ရှင်တွေဖြစ်တဲ့ 3-Iron, Spring Summer Fall winterနဲ့ တခြားရုပ်ရှင်တွေလည်း ဒီမှာ တော်တော်ကြိုက်ကြပါတယ်။ Breathဟာ Kimရဲ့ ကားကောင်းတွေထဲက တစ်ကားပါပဲ။ Castတွေထဲ ထူးထူးခြားခြား ဝေါင်ကာဝေးလက်စွဲတော်တစ်ယောက်ဖြစ်တဲ့ ချန်းချန်ကို သုံးထားပါတယ်။ နောက် တောင်ကိုရီးယား A Listတန်း၀င် မင်းသား Ha Jung-Wooနဲ့ Park Ji-Ahတို့ကို သုံးထားပါတယ်။ Breathဟာ Kim Ki Dukကားပါ။ ဒီတော့ သူရိုက်တတ်တဲ့ပုံစံအတိုင်း ဒီထဲမှာ ချန်းချန်ရဲ့ ဇာတ်ကောင် Jiang Jinဟာ ဒီထဲစကားတစ်လုံးမှ မပြောပါဘူး။ လူ့အဇ္ဈတ္တအတွင်းသဏ္ဍာန်ကို သာမန်လူတွေ မတွေးမိတဲ့ဟန်နဲ့ပဲ ပုံဖော်ထားပါတယ်။ သူ့ကားပီပီသသ နည်းနည်းလည်း ပဟေဠိဆန်ပါတယ်။ သူ့ကားပီပီသသ လိင်ဆန္ဒသရုပ်ဖော်ခန်းတွေလည်း ပါတယ်။ ဖရန်စစ် ဖို့ဒ် ကော်ပိုလာဟာ သူ့ရုပ်ရှင်တွေကို စကားလုံးတစ်လုံးတည်းနဲ့ ခြုံငုံပြောပြဖူးပါတယ်။ မှတ်မိသလောက်ဆို Godfatherဆို Familyလို့ ပြောခဲ့တယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကို စကားလုံးတစ်လုံးနဲ့ ကြံဖန်ပြောရရင် ကျွန်တော်တော့ curiosityလို့ပဲ ပြောမှာပါ။ Kim Ki Dukကားကြိုက်တဲ့လူတွေအတွက်တော့ စိတ်ပျက်စေမယ့်ကား လုံး၀မဟုတ်ပါဘူး။ ကိန်းရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆန်ခါတင် ၀င်ခဲ့တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ 2020မှာ Kim ဆုံးသွားခဲ့ပြီဆိုတော့ သူ့ရုပ်ရှင်အသစ်တွေကို ကျွန်တော်တို့ ကြည့်ရတော့မှာ မဟုတ်တော့ပါဘူး။ ကဗျာဆရာသေပေမဲ့ ကဗျာတွေမသေဘူးဆိုသလိုပဲ ဒီရုပ်ရှင်ဟာ သူ့အရသာအပြည့်နဲ့ သူ့ကိုသတိရမိစေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 480p File size… 605MB Format…mp4 Duration…. 1h 24min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Crime • Drama
null 2007 84 mins
Breath
My Man
6.1

အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်... မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်... ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ် တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ် ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ... ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး ဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt

Action • Crime • Thriller
6.1 2014 129 mins
My Man
Batman: The Dark Knight Returns, Part 1
7.7

1986 ခုနှစ်က Frank Miller ရဲ့ Dark Knight Returns Comic ကို 2012 ခုနှစ်မှာ Dark Knight Returns  Part 1 နဲ့ Part 2ရယ်လို့ နှစ်ပိုင်းခွဲပြီး Animated ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ Dark Knight Return comic ဟာ ကမ္ဘာ့အဆင့်သတ်မှတ်တဲ့ top 10 comic booksတွေ စာရင်းမှာ ထိပ်ဆုံးပိုင်းတစ်နေရာမှာ အမြဲပါနေတတ်တာကသူ့ရဲ့ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ သေသပ်ဆွဲဆောင်မှု ရှိတဲ့ story line ကြောင့်ဖြစ်ပါတယ် ဒီလို Comic ကို ပြန်ပြီး ပုံဖော်ထားတဲ့ Animated ကလည်း Rotten Tomatoesရဲ့ rating မှာ အင်မတန်ရှားပါးလှတဲ့ 100% rating အပြည့်ရရှိထားခဲ့တာကြောင့် ဒီ Animatedကောင်းလားမကောင်းလားဆိုတာ သိပ်ပြီး အငြင်းပွားနေစရာ မလိုလောက်အောင်ပါပဲ ဇာတ်လမ်းအညွှန်းဘက် နည်းနည်းသွားရရင် Gotham မှာ Batman ရယ်လို့ ပျောက်ကွယ်သွားခဲ့တာ ဆယ်စုနှစ်တစ်ခုရှိတဲ့ကာလတစ်ခုကနေဇာတ်အိမ်တည်ထားပါတယ် Bruce Wayne ကိုလည်း တွေ့လေ့တွေ့ထရှိတဲ့ အသက်အရွယ်မဟုတ်ပဲ ဇရာထောင်းလို့ စိတ်ထောင်းကိုယ်ကြေ ဆုံးရှုံးမှုတွေ အများကြီးနဲ့ Batman ဘဝက အနားယူထားတဲ့ အဘိုးကြီးတစ်ယောက်အနေနဲ့ ပုံဖော်ထားတာက မြင်နေကျ Batman နဲ့ ခွဲထွက်ထားတဲ့ကွဲပြားမှုတစ်ခုအဖြစ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း အတိတ်က Batman ရဲ့အရိပ်က Bruce တစ်ယောက်ကို အမြဲတစ်စေ ခြောက်လှန့်နေပြီး... Gotham မြို့ကိုကြီးစိုးချယ်လှယ်နေတဲ့ Mutants ဂိုဏ်းကြီး ဟာတစ်နေ့တစ်ခြား ဆိုးဝါးလာတဲ့ အခါမှာတော့ Bat vigilante ဘဝကို မလွှဲမရှောင်သာ ပြန်လည်  လှုပ်ရှား လာရပါတော့တယ်။ Part ( 1 ) ဟာ Batman နဲ့ Mutants ဂိုဏ်းအကြား အားပြိုင် တိုက်ခိုက်မှုတွေကို စိတ်ဝင်စားစရာ တင်ဆက်ထားတာဖြစ်ပါတယ် Zack Snyderရဲ့ Batman VS Superman ဟာ Dark Knight Returns ရဲ့ကျောရိုးကို အများဆုံးအသုံးပြုထားတာ ဖြစ်ပြီး Ben Affleck ရဲ့ Batmanဟာလည်း DKR ရဲ့ Batman နဲ့ အနီးစပ်ဆုံး တူအောင်ရွေးချယ်ထားတဲ့ Batman Character ဖြစ်ပါတယ်။ Review သပ်သပ်ရေးတာမဟုတ်ပဲ ဇာတ်ကားအတွက်အညွှန်းရေးပေးတာဖြစ်လို့ တစ်ချို့မဆိုင်တာလေးတွေနဲ့ မလိုအပ်တာလေးတွေကို ပယ်ပြီး ဇာတ်ကားကိုလည်း Spoil မဖြစ်အောင် ဒီလောက်ပဲညွှန်းပေးချင်ပါတယ်။ ကြည့်ပြီးသားလူတွေကလည်း ပြန်ကြည့်လည်းမရိုးသွားတော့ ထပ်ပြီးပြန်ကြည့်လို့ရအောင် မကြည့်ရသေးသူတွေအတွက်လည်း Animated ကားကောင်းတစ်ကားကို မကြည့်ဖူးတယ် မဖြစ်ရလေအောင် CM မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (အညွန်းကိုတော့ CM မှ Translator တစ်ဦး ဖြစ်တဲ့ ကို Han Htoo Zaw မှ တင်ဆက် ပေးထားတာဖြစ်ပါတယ်) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BRrip.x264.YIFY Encoded by A_Z

Comedy • Drama
7.7 2012 76 mins
Batman: The Dark Knight Returns, Part 1
Chang Can Dunk
6.4

Chang Can Dunk (2023) ~ IMDb – 6.4/10, Rotten Tomatoes – 95% ~ 2023 ဒီလထဲမှာမှ လတ်လတ်ဆတ်ဆတ် Disney+ က​နေထွက်ထားတဲ့ အားကစား လူငယ်ဒရာမာကား​လေးနဲ့မိတ်ဆက်​​ပေးလိုက်ပါတယ်။ ၁၆ နှစ်အရွယ် အရပ် ၅​ပေ ၈လက်မ အာရှလူမျိုး ချန်း။ အာရှမိသားစုက ဆင်းသက်လာသူပီပီ အိမ်ကအ​မေက စာကိုပဲတစ်စိုက်မတ်မတ်လုပ် ပညာ​ရေးဘက်ကို အားသန်​နေ​သော်လည်း မိမိကိုယ်တိုင်က ဘက်စကက်​ဘောအားကစားကိုရူးသွပ်​နေတဲ့ ချန်းတစ်​ယောက်… အရပ် ၅​ပေ ၈လက်မဆိုတာ ဘက်စကက်​​ဘောအားကစားအတွက် ​သိပ်​ဘောင်မဝင်တာ​ကြောင့် မတ်ရဲ့ အနိုင်ကျင့်မှု​တွေ နှိမ်တာ​တွေကို ခံ​​နေရတဲ့ချန်း… တစ်​နေ့ ​ကျောင်းသူအသစ် ခရစ်စတီ ​ကျောင်းကို​ရောက်လာ​တော့ ချန်းနဲ့ မတ် အပြန်အလှန် ပိုးပန်းရင်း မခံချင်စိတ်နဲ့ ဘက်စကက်​ဘောအားကစားနည်းမှာ အခက်ခဲဆုံးနည်းတစ်ခုဖြစ်တဲ့ ခုန်သွင်းနည်း(Dunk) ကို လုပ်နိုင်မလုပ်နိုင် မတ်နဲ့​လောင်းလိုက်မိတဲ့အခါ… မတ်နဲ့ စိန်​ခေါ်ထားတာကို လုပ်နိုင်ဖို့ နည်းပြရှာရင်း ယူကျူ့​​ပေါ်က ဒီရွန်းဒ​ရေးနဲ့​တွေ့တဲ့အခါ ဘယ်လို သ​ဘောတူညီမှု​တွေလုပ်လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ​နောက်ဆုံး တကယ် လုပ်နိုင်သွားလား ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို လူငယ်ဆန်ဆန် ​ပေါ့​ပေါ့ပါးပါး​လေးကြည့်ရမယ့်ကား​လေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 950MB Quality – 1080p, 720p IMDb Rating – 6.410 Format – mp4 Duration – 1H 49Min Genre – Drama, Family, Sport Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.4 2023
Chang Can Dunk
Past Lives
8.4

Past Lives (2023) ~ IMDb – 8.4/10, Rotten Tomatoes – 97% ~ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်… ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်… တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်… ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။ သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့သွားတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ လက်ဖျားချင်းထိရုံကစခဲ့တဲ့ ရှေးရေစက်ကလေးကလည်း ဘဝချင်းလွဲခဲ့ရင် တစ်သက်လုံး နာလန်မထူနိုင်အောင် ပြိုလဲစေနိုင်စွမ်းသလို တစ်ဘဝလုံး မခန်းနိုင်အောင် လွမ်းစေနိုင်စွမ်းတယ်။ Past Lives ဟာ အဲဒီရေစက်တွေအကြောင်းပေါ့။ ဘာမှမဟုတ်ခဲ့ခြင်းများအကြောင်းပါပဲ။ ကျွန်တော့်အတွက်တော့ Past Lives ရဲ့အရသာဟာ ဟိုးတုန်းက ၃၈ကားတွေရဲ့ မှန်တံခါးမှာ ဆိုင်သလိုလိုမဆိုင်သလိုလို ကပ်ထားတတ်တဲ့ “သတိရရင် ပြန်လာပါ” ဆိုတဲ့ စာသားကို မိုးမည်းမည်းညနေတစ်ချို့မှာ အမှတ်မထင်ငေးကြည့်မိတဲ့ ဖီလင်မျိုးပေါ့။ အချိုးအကွေ့တို့က ရိုးရိုးလေးပဲ အစိမ်းသက်သက်မျက်နှာကလေးကို ဘဝပျက်သွားအောင် ငေးမောရင်း အစိမ်းသက်သက်ဖြစ်ခဲ့ရခြင်းတွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.7GB, 2.35GB, 995MB Quality – 4K HEVC, 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 1H 45Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 2023 106 mins
Past Lives
Angry Annie
6.8

Angry Annie (2022) =============== IMDb Rating – 6.8/10 ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.31 GB) / (937 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 59Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

6.8 2022
Angry Annie
[18+] Kabit
6.7

ဒါရိုက်တာ Lawrence Fajardo ဟာကိုယ်တိုင်ပြဇာတ်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ဖူးသလို၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပွဲတိုးတဲ့ ဆုတွေအများကြီးရခဲ့ဖူးတဲ့သူပါ။ အဲ့ဒီလိုပဲ ကျနော်တို့ပရိသတ်တွေနဲ့ရင်းနှီးပြီးသား Nerisa, Mahjong Nights,Reroute, Scorpio Nights 3 တို့လိုကားတွေ ရဲ့ဖန်တီးရှင်လည်းဖြစ်ပါသေးတယ်။ ဒီဇာတ်ကားမှာတော့ သူအကျွမ်းကျင်ဆုံးဘာသာရပ်ဖြစ်ပုံရတဲ့ ပြဇာတ်လောကကို အခြေခံထားပါတယ်။ နာမည်ကျစပြုနေတဲ့ (သူ့ကိုယ်သူတော့ အနုပညာမှာဆရာတစ်ဆူလို့ထင်နေပုံရတဲ့)ပြဇာတ်ဒါရိုက်တာတစ်ယောက်၊ ငယ်စဉ်ကတည်းက အနုပညာလောကထဲရောက်ခဲ့ပေမယ့် အခုချိန်ထိရှေ့တန်းမရောက်နိုင်တဲ့ မင်းသားငယ်တစ်ဦး ပြီးတော့ သူပါဝင်ခဲ့သမျှရုပ်ရှင် role တွေကို မကျေနပ်ပဲ အခုချိန်မှ ပြဇာတ်လောကကို ခေါင်းဆောင်အနေနဲ့တိုးဝင်မယ့် မျက်နှာသစ်မင်းသမီး အစရှိတဲ့သူတွေဟာ သူတို့အားလုံးအတွက် အောင်မြင်ပေါက်ရောက်စေမယ့် ပြဇာတ်တစ်ခုကိုဖန်တီးကြမှာပါ။ ပြဇာတ်ရဲ့ဇာတ်လမ်းသွားကတော့ ၉၉ ကထွက်ခဲ့တဲ့ Ang kabit ni Mrs. Montero သို့မဟုတ် Lady chatterley’s lover နဲ့ကျောရိုးအတူတူပါပဲ။ အောက်ပိုင်းသေနေတဲ့သူဌေးကြီး၊ သူ့ကိုအားမရတော့တဲ့ ဇနီးနဲ့ သူတို့လယ်တောက အားကောင်းမောင်းသန်သူရင်းငှားလေးတို့ကြားကဇာတ်ရှုပ်ဖြစ်ပါတယ်။ အဲ့ဒီလိုဇာတ်ကို ဇာတ်ခုံပေါ်မှာတင်ဆက် ကပြမှာဖြစ်တဲ့အတွက် public sex ဝါသနာရှင်တွေအတွက်တော့ ရှယ်ပါပဲ။ ဇာတ်လမ်းက ကြောက်စရာကောင်းလောက်အောင်ကိုကြမ်းပါတယ်။ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 1.3GB)/( 680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.7 2024 124 mins
[18+] Kabit
Too Much Love

Too Much Love (2023) Netflix ကနေထုတ်ထားတဲ့ ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ တူရကီကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဖောရက်ပြောခဲ့သလိုပဲ ဘဝဆိုတာ ချောကလက်ဗူးလေးလိုပဲ မင်းဘာရလာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ဘူးတဲ့ ဒါကိုကလဲ ဘဝရဲ့အဓိပ္ပာယ်နေမှာ။ ဒီဇာတ်ကားလေးမှာဆိုရင်လဲ လူငယ်တစ်ယောက်ပေတေလေလွင့်နေရာကနေ အချစ်နဲ့တွေ့ပြီး ဘဝကို ဘယ်လိုအနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Comedy ဆန်ဆန်လေးနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်နေ့ကျရင် ဇတ်ညွှန်းရေးမယ် ရုပ်ရှင်တွေရိုက်မယ်ဆိုပြီး အိပ်မက်တွေရှိတဲ့ ဂျော့ခွန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘဝမှာအချစ်နဲ့ပထမဆုံး စတင်ထိတွေ့မိခဲ့တဲ့အချိန်ကစပြီး သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။ သူ့အချစ်အတွက် သူ့ဝါသနာနဲ့ ယှဉ်လာတဲ့အခါမှာ ဘယ်အရာကိုဦးစားပေးရမလဲဆိုတာ ဝေခွဲရခက်လာပါပြီ။ ဝါသနာကိုလဲ မစွန့်လွှတ်နိုင်သလို အချစ်ကိုလဲ မစွန့်လွှတ်နိုင်တဲ့ လူငယ်လေးတစ်ယောက် သူ့ဘယ်အရာတွေကိုဦးစားပေးပြီး ဘယ်အရာကိုလက်လွှတ်မှာလဲ နှစ်ခုလုံးကိုကော ပိုင်ဆိုင်နိုင်မလားဆိုတာကိုတော့ ဟာသဆန်ဆန်လေးနဲ့ တင်ဆက်ထားတာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.8GB | 988MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Too Much Love
Veteran
7

အက်ရှင်ဇာတ်ကားကောင်းကောင်းကို အခွီလေးနဲ့ ရောကြည့်ချင်တဲ့လူတွေအတွက် မင်းသား Hwang Jung Min နဲ့ Yoo Ah In တို အပြိုင်သရုပ်ဆောင်ထားတဲ့ Veteran ဇာတ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ စုံထောက်လောကရဲ့ခွေးရူးလိုဖြစ်နေတဲ့ စုံထောက်ဆောဒိုချောဟာ အမှုကြီးတစ်ခုဖြေရှင်းအပြီးမှာ ချမ်းသာတဲ့သူတွေ တက်ရောက်ကြတဲ့ ပါတီတစ်ခုကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဂျိုထယ်အိုဆိုတဲ့ လုပ်ငန်းကြီး တစ်ခုရဲ့ သားဖြစ်သူက ပါတီကိုဦးဆောင်တာဖြစ်ပြီး အဲဒီပါတီမှာ ကတည်းက ဂျိုထယ်အိုရဲ့နိုင်ထက်စီးနင်းအပြုအမူတွေကြောင့် စုံထောက်ဆောဒိုချောနဲ့ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာတော့ စုံထောက်ဆောဒိုချောတို အဖွဲကို အမှုဖြေရှင်းရာမှာကူညီပေးခဲ့တဲ့ ဒရိုင်ဘာဘဲ့ဆိုတဲ့လူက ဂျိုထယ်အိုရဲ့ကုမ္ပဏီမှာ သေကြောင်းကြံစည်သွားပါတယ်။ အဲဒီသတင်းကိုကြားတဲ့စုံထောက်ဆောဒိုချောက အဖြစ်မှန်ကို ဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ ချမ်းသာတဲ့မျိုးဆက်က သားဖြစ်သူဂျိုထယ်အိုရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေကြားမှာ စုံထောက်ဒိုချောတိုအဖွဲ အမှန်တရားကို ဖော်ထုတ်ဖိုကြိုးစားကြတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…2.09GB / 1GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 3m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

7 2015
Veteran