YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Satja Nai Chum Joan (2022) (Ep8).mp4

925.6 MB N/A video/mp4 108 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gyeong-ah's Daughter
5

အမေတစ်ခု သမီးတစ်ခု .. သားအမိနှစ်ယောက်ကြားက သံယောဇဉ်နဲ့ အေးမြတဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းလေးပါ။ အားကိုးစရာဆိုလို့ သမီးတစ်ယောက်ပဲ ရှိတဲ့ မိခင်တစ်ယောက်က သူ့သမီးလေး သူ့ခြေပေါ်သူရပ်တည်ကာ အိမ်ကထွက်သွားပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့အခါမှာတော့ အားကိုးရာမဲ့ဖြစ်သွားပြီး ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။ သမီးဖြစ်သူကလည်း အလုပ်ထွက်လုပ်တယ်ဆိုပေမဲ့ သူ့ရဲ့ အဆက်ဟောင်းက ပေးတဲ့ ဝေဒနာတွေကြောင့် စိတ်သောက ရောက်နေရသူပါ။ တစ်နေ့မှာတော့ အမေဖြစ်သူဆီကို သူစိမ်းလူတစ်ယောက်က အရမ်းကိုတုပ်လှုပ်ဖွယ်ကောင်းတဲ့ မက်ဆေ့ဂျ်တစ်စောင်ပေးပို့လာတဲ့အခါမှာတော့ ... သူစိမ်းလူက ပို့လိုက်တဲ့ မက်ဆေ့ဂျ်က ဘာဖြစ်မလဲ? ဂယောင်းအာနဲ့ ယွန်းဆူတို့ သားအမိနှစ်ယောက် ဘယ်လိုဖြစ်ရပ်တွေ ကြုံရမလဲ? သူတို့သားအမိနှစ်ယောက် ဘယ်လိုတွေဖြေရှင်းကြမလဲ? ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦး (ဝူယောင်းဝူကားထဲက နတ်သမီးလေး ချွဲဆူယွန်း (Ha Yoong-kyung) က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။) File Size : 1.6GB, 563MB & 275MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 57mins Genre : Family, Drama Subtitle : Myanmar Subtitle(Hardsub) Translated by Win & Estel Encoded by Kinnov

Comedy • Drama • Romance
5 2022 118 mins
Gyeong-ah's Daughter
Asking For It
5.8

Vanessa Hudgens ရဲ့ Thriller Movie အသစ်လေး ထွက်လာပါပြီ ဇာတ်လမ်းဇာတ်အိမ်က မြင်နေကျပုံစံနဲ့ မတူဘဲ ထူးခြားနေပါတယ်။ မိန်းကလေးတွေကို အဓိကဇာတ်ကောင်ထားပြီး တည်ထားတဲ့ ဇာတ်အိမ်မျိုး ဖြစ်နေတာပါ။ "ကိုယ် အချိန်မီတော့ ထုတ်လိုက်နိုင်ပေမယ့် ပိုသေချာသွားအောင် ဆေးလေးဖြစ်ဖြစ် သောက်လိုက်ပေါ့".................. ကောင်မလေးတစ်ယောက်ကို ခြေတော်တင်ပြီး ဒီလို စကားမျိုးပြောခဲ့ရုံနဲ့.... ဖုတ်ဖက်ခါပြီး အိပ်ရာက ထသွားရုံနဲ့ .... ဒီတစ်ညတာ ကိစ္စပြီးသွားရောလား.... ယောကျာ်းလေးတွေက တစ်ခဏစာမို့ ပြောခဲ့နိုင်ပေမယ့် တစ်ဖက်က မိန်းကလေးက တစ်ဘဝစာပါ....။ အထူးသဖြင့် မိန်းကလေးက မူးနေတဲ့အချိန် မရုန်းနိုင်တာကို သဘောတူတယ်လို့ပဲ ယူဆပြီး ကြုံတုန်း တွယ်လိုက်မယ်ဆိုတာမျိုးက..... သဘောတူကြည်ဖြူတယ်လို့ ဆိုနိုင်ရိုးလား။ ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံမှာ အခြေတည်ထားတဲ့ ဒီဇာတ်လမ်းလေးက မထင်မှတ်ထားတဲ့ ဒိုင်ယာလော့တွေ ပါလာပြီး ကြည့်ရှုသူတွေကို မေးခွန်းတွေ ဆက်တိုက် မေးချင်လာအောင် လုပ်နိုင်ပါတယ်...။ ဇာတ်လမ်းနာမည်လေးက "Asking For It" လို့နာမည်ရပြီး 2022 ခုနှစ်ကမှ ပူပူနွေးနွေး ထွက်ထားတာပါ။ အသားရောင်ခွဲခြားမှုတွေ ၊ လိင်ခွဲခြားဆက်ဆံမှုတွေ အမြတ်ထုတ်မှုတွေ ပြည့်နှက်နေတဲ့ လောကထဲကို ရိုးသားတဲ့ မိန်းမပျိုတစ်ယောက် ရောက်ရှိသွားတဲ့အခါ..... သူ့လိုမျိုး အလိုမတူဘဲ အမြတ်ထုတ်ခံရတဲ့ မိန်းကလေးတွေကို ဂိုဏ်းတစ်ခုမှာ သိကျွမ်းလိုက်ရတဲ့အခါ..... ဖိုဝါဒကြီးစိုးနေတဲ့ လောကကြီးကို ဘယ်လိုပညာပေး သွားမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်လက်ခံစားကြည့်ကြလိုက်ရအောင်။ သတိပေးချင်တာကတော့ R rated movie ဖြစ်တဲ့အတွက် ကြမ်းတမ်းတဲ့စကားလုံးတွေ၊ ဆဲဆိုတာတွေတော့ ရှောင်လို့မရနိုင်ပါဘူး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။ Genre.....Thriller Quality….WEB-DL 1080p and 720p and 480p File size…1.4GB and 737MB and 305MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder ..... August

Crime • Drama • Thriller
5.8 2022 97 mins
Asking For It
I, Tonya
7.5

IMDb....7.5,,,,Rotten...89  Biography တွေကိုပြန်ရိုက်တဲ့ဇာတ်ကားတွေမှာ အထူးသဖြင့်  ကြည့်ရှှုသူပရိတ်သတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့်  အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်...ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ ဒါရိုက်တာက မူရင်းနဲ့  သွေဖီမသွားအောင်ရိုက်ရင်း  ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်...အဲ့လိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Harding အကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်... Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊ သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊ သူမအားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ ရေခဲစကိတ်အကြောင်းကိုစိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကို ကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ ခင်ဗျားဟာ  Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက် ဒီကားလေးကိုတော့ကြည့်စေချင်တယ်...မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်း ဝင်ခဲ့တယ်...ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲမြည်းစမ်းစေချင်တယ်....ဆက်ကြည့်ဖို့မဆွဲဆောင်နိုင်ဘူးဆိုရင်တော့......... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae

Action • Adventure • Science Fiction
7.5 2017 120 mins
I, Tonya
Cristiano Ronaldo interview – Piers Morgan Uncensored

လွန်ခဲ့တဲ့ တနင်္လာ​နေ့မနက်မှာ တစ်ကမ္ဘာလုံး ဟိုး​​လေးတ​ကျော်ဖြစ်သွား​စေမယ့် သတင်းတစ်ပုဒ် လိုင်း​ပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်​ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်​​ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်​မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြ​ဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်း​ဖော်​ဟောင်းဝိန်းရွန်းနီကိုပါ ​ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ​ဘောလုံး​​လောကတစ်ခုလုံး ​အုတ်​အော်​သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ ​စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် ​နောက်ဆက်တွဲ​​ မေးခွန်း​​ပေါင်းများစွာထွက်လာခဲ့ပါတယ်။ အခုဆိုရင်​တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။ ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စီ​ရော်နယ်ဒိုကိုယ်တိုင်ပဲ ဖောက်သည်ချခဲ့တာလား။ မန်ယူနိုက်တက်ရဲ့အတွင်း​ရေးက တကယ်ပဲရှုပ်​ထွေး​နေတာလား။ မီဒီယာ​တွေကပဲ လိုအပ်တာထက် ချဲ့ကားထားတာလား စသဖြင့် မေးခွန်း​တွေရဲ့အ​ဖြေ​တွေ တစ်ခါတည်းပါလာမှာပါ။ ​ သေချာတာတစ်ခုက ဒီအင်တာဗျူး​ကြောင့် မန်ယူနိုက်တက်နဲ့ စီ​ရော်နယ်ဒိုရဲ့ အနာဂတ် မ​ရေရာ​တော့သလို ​ဘောလုံးပရိသတ်​တွေကြားမှာပါ ဂိုဏ်းဂဏ​​တွေ ကွဲကုန်တဲ့အထိ သက်​ရောက်မှု ကြီးသွားခဲ့ပါပြီ။ အင်တာဗျူးက ၂ ပိုင်းရှိတာဖြစ်ပြီး 2 ပိုင်းလုံးကို တင်ဆက်လိုက်ပါပြီ။ Download Part-1 (1080p) >>> Yoteshin / Megaup / StreamSB Download Part-1 (720p) >>> Yoteshin / Megaup / StreamSB Download Part-2 END (1080p) >>> Yoteshin / Megaup / StreamSB ရိုနယ်ဒိုနဲ့မန်ချက်စတာယူနိုက်တက်တို့ကြားက ပြသနာလေးတွေကို ပရိတ်သတ်တို့ရော ဘယ်လိုမြင်ကြပါသလဲ။။။။

Action • Thriller
0 2022
Cristiano Ronaldo interview – Piers Morgan Uncensored
Northeast Disco
5.9

ကိုယ်ကြီးလာတဲ့အခါဘယ်လိုဖြစ်မယ်လို့ပုံဖော်ခဲ့ကြဖူးလဲ? ငယ်ဘဝရဲ့အိပ်မက်နဲ့ ကြီးပြင်းလာတဲ့အခါ တစ်ထပ်တည်းကျတတ်ရဲ့လား? ဒစ္စကိုခေတ်က ကျိုးချွမ်ယွဲ့ဆိုတဲ့ရုပ်ဆိုးဆိုးလူငယ်လေးဟာ မတော်တဆထိခိုက်မိသွားပြီး ပြန်နိုးလာတဲ့အခါ ၂၀၂၂ခုနှစ်ကိုရောက်နေပါပြီ…… နိုးလာတဲ့ကျိုးချွမ်ယွဲ့ဟာ အိမ်ကြီးအိမ်ကောင်းမှာနေ ကားကောင်းကြီးစီးပြီး ကုမ္ပဏီဥက္ကဌကြီးဖြစ်နေတာတွေ့လိုက်ရတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာက သူငယ်ငယ်တုန်းက ရင်ထဲကနတ်ဘုရားမလေး ဖုဖန်းဟာသူ့ရဲ့ဇနီးဖြစ်နေပါလား…… ကျိုးချွမ်ယွဲ့လက်မခံနိုင်တဲ့အမှန်တရားကတော့ သူဟာရှယ်ယာရှင်ပြည်သူတွေရဲ့ငွေတွေကိုလိမ်လည်ခဲ့ပြီး မိဘကပါစွန့်လွှတ်ထားတဲ့ လူဆိုးကြီးဖြစ်နေတာကိုပါပဲ…… တစ်နေ့မှသူ့ရဲ့ရည်းစားလုဖက်ဖြစ်ခဲ့တဲ့လိုင်အန်နဲ့ပြန်ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့ရည်းစားလုဖက်လိုင်အန်က ဖုဖန်းကိုမမေ့နိုင်သေးပါဘူး….. ဒီလိုနဲ့နှစ်ယောက်သားအကြိမ်ကြိမ်အကွက်တွေထုတ်သုံးပြီး ယှဉ်ပြိုင်ကြတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ အားလုံးကိုသေချာပေါက်စိတ်ပျော်ရွှင်စေမယ့်ကားလေးပဲဖြစ်ပါတယ်နော်၊

Comedy • Romance
5.9 2022
Northeast Disco
Embarrassment Of Will
6

မိန်းမ စွန့်ပစ်တာကို ခံရပြီး ဘာမှလက်ကြောတင်းအောင် မလုပ်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ – ကောဖုန်း မိန်းမနဲ့ကွာရှင်းပြီးတဲ့နောက် စိတ်ပြေလက်ပျောက် အရက်ဘားမှာထိုင်နေရင်း မိန်းကလေး မော့လီနဲ့ တွေ့ဆုံခဲ့တဲ့အခါ..? အစတုန်းကတော့ ဒီတွေ့ဆုံမှုကို တိုက်ဆိုင်မှုတစ်ခုအဖြစ်ထင်ခဲ့ပေမဲ့လို့ ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သတ်နေခဲ့ပါတော့တယ်။ အလုပ်မှာ လုပ်ရည်ကိုင်ရည် ရှိလှတဲ့ မော့လီတစ်ယောက် နေမကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ ဆေးဖိုးရရှိဖို့ ကြိုးစားနေရရှာပါတယ်။ အဲဒီတစ်ချိန်ထဲမှာပဲ သူမဟာ အရေးကြီးလှတဲ့ တာဝန်တစ်ခုကို လက်ခံရှိခဲ့ပါတယ်။ အဲဒီတာဝန်ကတော့ ကောဖုန်းကို ပြန်ပေးဆွဲပြီး သူပိုင်ဆိုင်တဲ့ ကျောက်စိမ်းပြားလေးလို့ ခိုးယူဖို့ပါ။ သမီးဖြစ်သူဆေးဖိုးရရှိရေးအတွက်ပဲ ရှေ့တန်းတင်ထားတဲ့ မော့လီတစ်ယောက် ကောဖုန်းကို စွန့်စားရှာဖွေဖို့ ကြိုးစားလာခဲ့ရင်း…..? ❏ ဒီကိစ္စနောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိကြောင်းသိလိုက်ရတဲ့အခါ? ❏ ကောဖုန်းနဲ့ မော့လီတို့ ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ? ❏ နောက်ကွယ်က ကြိုးကိုင်ခိုင်းစေနေသူကတော့ဘယ်သူဖြစ်နေမှာလဲ? ❏ နောက်ကွယ်က အမှန်တရားကိုရော သူတို့ ရှာဖွေနိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့အပြင် အလွဲလေးတွေ အခွီလေးတွေပါ ပါတာမို့ တကယ်ကို ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်

Crime • Drama • History • Thriller
6 2022
Embarrassment Of Will
Lamya’s Poem

ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ အခဲယဉ်းဆုံးဖြစ်တဲ့ ကိုယ့်ရဲ့အတ္တနဲ့ မာနကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာ တင်ပြထားတဲ့၊ IMDB 7/10, Rotten Tomatoes 90% ရရှိထားတဲ့ Lamya’s Poem ဆိုတဲ့ ကာတွန်းကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာကြိုးစားပြီး စကားနားထောင်တတ်တဲ့ လန်မ်ရာက Syria က ၁၂အရွယ်ကလေးမလေးပါ။ စာတော်တဲ့သူ့ကို ဆရာဖြစ်သူက ရှေးရှေးတုန်းက ကဗျာပညာရှင် ဂျလာအာဒင်ရူမီရဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကို ပေးခဲ့ပါတယ်။ စာပေကိုမြတ်နိုးသူ လန်မ်ရာလေးက ရူမီ့ရဲ့ကဗျာစာအုပ်လေးကို ရရှိအပြီးမှာပဲ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်ပျက်ခဲ့ပါတော့တယ်။ အဲဒါကတော့ ကဗျာစာအုပ်လေးကတစ်ဆင့် လန်မ်ရာက ညစဉ်ညတိုင်း အိပ်မက်ထဲမှာ ၁၃ ရာစုနှစ်က လူငယ်လေး ရူမီနဲ့ တွေ့ဆုံခဲ့တာပါပဲ။ သူနဲ့ အိပ်မက်ထဲမှာတွေ့တဲ့ ကဗျာဆရာလေး ရူမီကတော့ သူတို့နေတဲ့မြို့ကို မွန်ဂိုတွေဝင်တိုက်လို့ ဒုက္ခသည်လေးဖြစ်နေရှာသူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမှတ်မထင်ဘဲ လန်မ်ရာ့ဆီကိုလည်း တူညီတဲ့ကံကြမ္မာက ကျရောက်ခဲ့ပါတော့တယ်။ အဲဒါကတော့ Syria ပြည်တွင်းစစ်ပါပဲ။ နေ့ချင်းညချင်း အိမ်ခြေရာမဲ့ဖြစ်သွားရှာတဲ့ လန်မ်ရာတို့သားအမိနှစ်ယောက်က နယ်မြေသစ်ကိုသွားရင်း တကွဲတပြားစီဖြစ်သွားခဲ့ရပြီး လန်မ်ရာ့အတွက် အားထားစရာဆိုလို့ ရူမီ့ရဲ့ကဗျာစာအုပ်လေးသာကျန်ရစ်ခဲ့တော့တာပေါ့။ ဒီလိုနဲ့ လန်မ်ရာက ၁၃ရာစုနှစ်က ဒုက္ခသည်လေး ရူမီနဲ့ ကဗျာစာအုပ်လေး တစ်အုပ်အရင်းပြုလို့ ညစဉ်ညတိုင်း အိပ်မက်ထဲမှာ တွေ့ဆုံရင်း ထပ်တူညီတဲ့အခြေအနေမှာ ဒုက္ခတွေကို အတူဖြတ်ကျော်နိုင်မလားဆိုတာ.. ဘာအကြောင်းကြောင့်များ ၂၀ရာစုက လန်မ်ရာနဲ့ ၁၃ရာစုက ရူမီတို့ ကဗျာစာအုပ်လေးကနေတစ်ဆင့် အိပ်မက်ထဲမှာ သွားတွေ့ကြတာလဲဆိုတာ.. လက်တွေ့ဘဝမှာရော သူတို့နှစ်ယောက် အတူရှိနိုင်မလားဆိုတာ.. ကဗျာလေးတွေက သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်တည်မှုတွေကို ဖန်တီးပေးမလဲဆိုတာ.. စတာတွေကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre…Drama, Adventure, Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2021
Lamya’s Poem
Once and for all / Odata Pentru Totdeauna

“Once and for all” လို့အဓိပ္ပါယ်ရတဲ့ရိုမေးနီးယန်းဇာတ်ကား‌တစ်ကားဖြစ်ပြီးအရမ်းအောင်မြင်နေတဲ့ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့လူတွေမသိတဲ့အခြားတစ်ဖက်ကဘဝအကြောင်းကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပါ အဲလက်စ်ဟာအပြင်ပန်းမှာတော့လူတိုင်းအားကျရလောက်အောင်အောင်မြင်ကျော်ကြားနေပေမဲ့တကယ်တမ်းသူ့ဘဝကတော့ထင်သလောက်မကောင်းခဲ့ပါဘူး ဂုဏ်သတင်းအပြင်ငွေတွေပါအများကြီးရှာနိုင်နေပေမဲ့စိတ်ကျရောဂါနဲ့စိတ်‌ခြောက်ခြားတာဟာသူ့ဘဝကြီးကိုတစ်စတစ်စတိုက်စားနေပါတော့တယ် အဲလက်စ်တစ်ယောက်ကုသလို့မရနိုင်တဲ့စိတ်ဝေဒနာကြောင့်စိတ်ဓာတ်တွေအောက်ဆုံးထိထိုးကျပြီးသူတစ်ယောက်ထဲထွက်သွားဖို့စီစဉ်ထားရာကနေ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပါတော့တယ် သူ့ဘဝမှာအရေးကြီးတာတွေကိုသတိရသွားတာကြောင့်သူ့ရဲ့စိတ်‌ဝေဒနာကိုဘာပဲလုပ်ရလုပ်ရကုသဖို့ဆုံးဖြတ်လိုက်တဲ့အဲလက်စ်တစ်ယောက် ကြုံတွေ့လာတဲ့ဖြစ်ရပ်တွေကိုကျော်လွှားနိုင်ပါ့မလား သူ့စိတ်ကပဲသူ့ကိုအနိုင်ယူသွားမလား ဆိုတာကိုကြည့်ရှုရမဲ့အပြင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆဖို့နဲ့ဘဝဟာလုံးဝအဆုံးသတ်မဟုတ်သေးဘူးဆိုတာကိုမီးမောင်းထိုးပြထားပြီးကြုံရင်ကြုံသလိုဟာသလေးတွေပါထည့်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ File size…(1.1 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

0 2022
Once and for all / Odata Pentru Totdeauna
Pet Sematary: Bloodlines

မြေမြှပ်လိုက်တိုင်း ပြန်ရှင်လာတဲ့ သင်္ချိုင်း၊ စာရေးဆရာကိုယ်တိုင်အကြောက်ဆုံးစာအုပ် Pet Semetary ဒီဇာတ်လမ်းဟာ ဟော်ရာစာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်အကြီးဆုံး ဝတ္ထုတွေထဲက တစ်အုပ်ဖြစ်တဲ့ Pet Semetary ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ စတီဖင်ကင်းဟာ အင်တာဗြူးတိုင်းမှာ သူရေးတဲ့ဝတ္ထုတွေထဲ သူအကြောက်ဆုံးဇာတ်လမ်းကိုပြောပါဆိုရင် Pet Semetary ကိုပဲ ညွှန်းလေ့ရှိပါတယ်။ ပထမဆုံးရုပ်ရှင်ကို 1989 မှာ ရိုက်ကူးခဲ့ပြီး၊ ၂၀၁၉ မှာ ဗားရှင်းအသစ်ရိုက်ကူးထားပါတယ်။ နှစ်ကားလုံးကို ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ အခု ဇာတ်လမ်းကတော့ မူရင်းဝတ္ထုထဲက ဇာတ်လမ်းကြီးမစခင် ရှေ့မျိုးဆက်အကြောင်းကို ရိုက်ကူးထားတာပါ။ မူရင်းဇာတ်လမ်းထဲက အဘိုးကြီးဂျက်ဟာ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်လိုက်ပါပဲ။ မူရင်းဇာတ်လမ်းတုန်းက တိရစ္ဆာန်သင်္ချိုင်းအကြောင်းကို အဘိုးကြီးက စကားအနေနဲ့ သတိပေးတဲ့ဟာကို အခြေခံပြီး ဇာတ်လမ်းပြန်ဖွဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း လဒ်လိုမြို့မှာ ဖုန်းဆိုးမြေလို့ ခေါ်ရမဲ့ နေရာတစ်ခုရှိတယ်။ အရင်ကတော့ မျိုးနွယ်စုတွေဟာ တိရစ္ဆာန်တွေကိုမြှပ်နှံပြီး တိရစ္ဆာန်ဝိညာဉ်တွေဟာ လူတွေကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အဲဒီမြေက ပုတ်သိုးသွားပြီး သီးနှံတွေလည်းသေဆုံးလာသလို မကောင်းဆိုးဝါး အားကောင်းလာတဲ့အခါ စွန့်ခွာပြီး ပြေးခဲ့ကြပါတော့တယ်။ နှောင်းလူတွေ အဲဒီ သင်္ချိုင်းမြေကို ဆက်မသုံးမိအောင်လည်း သတိပေးထားကြပါတယ်။ ဒါပေမဲ့ အဲဒီမြေရဲ့ မကောင်းဆိုးဝါးက သူစည်းရုံးရမဲ့ ပစ်မှတ်တွေကို ရှာနေဆဲပါပဲ။ ချစ်ရတဲ့လူတွေ တိရစ္ဆာန်တွေသေဆုံးသွားတဲ့အခါ သူတို့တွေကို လက်မလွှတ်နိုင်သေးတဲ့လူတွေကို တီးတိုးခေါ်ပြီး သင်္ချိုင်းမြေမှာ လာမြှပ်အောင် ပြန်ရှင်လာအောင် ဆွဲဆောင်နေပါတယ်။ ပြန်ရှင်လာတဲ့ လူတွေ အကောင်တွေက မသေခင်ကအတိုင်းမဟုတ်တော့ပါဘူး။ ရက်စက်တဲ့မကောင်းဆိုးဝါးတွေတဖြည်းဖြည်းဖြစ်လာတာပါ။ အဲဒီအရာတွေနဲ့ မြို့ခံတွေနဲ့ ရင်ဆိုင်ကြရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။ စတီဖင်ကင်းရဲ့ ဇာတ်လမ်းတွေကိုအခြေခံရိုက်ကူးထားတဲ့ နာမည်ကြီးရုပ်ရှင်တွေကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ မကြည့်ရသေးတာတွေပါရင်လည်း ကြည့်ကြည့်လိုက်ပါ။ A Good Marriage Apt Pupil The Boogeyman Carrie Cat’s Eye Cell Children of the Corn Christine Creepshow Creepshow 2 Cujo The Dark Half The Dark Tower The Dead Zone Doctor Sleep Dolan’s Cadillac Dolores Claiborne Dreamcatcher Firestarter Gerald’s Game The Girl Who Loved Tom Gordon Graveyard Shift The Green Mile Hearts Hearts in Atlantis In the Tall Grass IT: Chapter Two IT – Part 1: The Losers’ Club The Mangler Maximum Overdrive Mercy Misery The Mist Mr. Harrigan’s Phone My Pretty Pony Needful Things The Night Flier Pet Sematary (1989) Pet Sematary (2019) Riding the Bullet The Running Man Salem’s Lot Secret Window The Shawshank Redemption The Shining Silver Bullet Sleepwalkers Stand By Me Suffer the Little Children Tales from the Darkside: The Movie Thinner 1408 1922 File size… 3.1 GB / 1 GB / 560 MB Quality… Web-DL 4K / 1080p / 720p Format… mp4 / mkv Duration…. 1h 27m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr. Anderson

0 2023
Pet Sematary: Bloodlines
Stay Awake
6.8

Stay Awake ရုပ်ရှင်ဟာ 2022ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Sisley ကသူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်အနေနဲ့ ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မိမိရဲ့အိမ်မှာနာမကျန်း‌ဖြစ်နေတဲ့မိသားစုဝင်ကို ပြုစု‌စောင့်ရှောက်ပေးနေရတဲ့လူနာစောင့်တွေရဲ့ရှုထောင့်ကနေ အလေးပေးဖော်ပြထားပါတယ်။ ဆယ်ကျော်သက်ညီအစ်ကို Ethan နှင့် Derek တို့ဟာ သူတို့ရဲ့လူငယ်ဘဝမှာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူ Michelle ကိုပဲပြုစုစောင့်ရှောင့်ရင်းနဲ့ပဲ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းကြရပါတယ်။ သူတို့ရဲ့အိပ်မက်တွေကို ဘေးချထားပြီး မိခင်ရဲ့ဆေးဖိုးအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရှာရင်း ဘဝကိုကြိုးစားရုန်းကန်နေကြရပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ဘဝကိုဖြတ်သန်းနေရပေမယ့် ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပါတယ်။ ဆေးစွဲနေတဲ့မိခင်ကို ဆေးရုံပို့ပေးလိုက် ပြန်လည်ထူထောင်ရေးကိုပို့လိုက်နဲ့ သံသရာလည်နေတဲ့သူတို့ဘဝဟာ ဘယ်လိုအချိုးအကွေ့တွေရှိလာမလဲ၊ သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်သွားနိုင်မလား၊ညီအကိုနှစ်ယောက်နဲ့မိခင်ကြားမှာ ဘယ်လို‌ဆက်ဆံရေးတွေရှိလာနိုင်လဲဆိုတာကို အံ့အားသင့်ဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.2 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Lwin

6.8 2022
Stay Awake
Parastree
6.1

Parastree (2023) IMDb 6.1/10 (Adult scene တချို့နှင့် သတ်ခန်းဖြတ်ခန်းများအားပီပြင်စွာရိုက်ကူးထားသည့်အတွက် မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါ) သူများပိုင်တဲ့ပိုက်ဆံ ဇနီးမယားကိုပစ်မှားစိတ်နဲ့ကြည့်တာက အိပ်ရာပေါ်သေခါနီးဆဲဆဲကို မီးရှို့သတ်သေတာနဲ့တူပါတယ်တဲ့ သူများပိုင်ဆိုင်မှုကိုမှသဘောကျတတ်သူတွေ ရှိတာနဲ့ရောင်ရဲမတင်းတိမ်နိုင်ဘဲလိုက်ပွဲလိုချင်တဲ့လူတွေကိုဘယ်လိုမျိုးပညာတွေပြမလဲဆိုတာအားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ် အာဗယာဆိုတာက ရေဒီယိုအသံလွှင့်ဌာနက ချိုသာလွန်းတဲ့အသံကြောင့်အမာခံပရိသတ်များစွာရရှိထားသူတစ်ယောက်ပါ သူ့မှာအမျိုးသားက ငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် တချို့ကိစ္စတွေမှာစိတ္တဇဆန်ဆန်ဖြစ်နေသူတစ်ဦးပေါ့ ဒီအချက်ကိုအာဗယာကမကြိုက်ပါဘူး ဒီလိုနဲ့တစ်နေ့ အာဗယာ့အမျိုးသားကအလုပ်ကိစ္စနဲ့ပြည်ပခရီးရှည်တစ်ခုထွက်သွားတယ် တစ်ဖက်မှာလည်း အာဗယာဆော့နေကျ Gym ရုံမှာ လူသစ်တစ်ယောက်ရောက်လာပြီးအာဗယာ့ကိုမြင်မြင်ချင်းသဘောကျသွားလေတော့ အဖော်မဲ့နေတဲ့အာဗယာ့ကိုယောကျာ်းမာယာနဲ့နည်းလမ်းကုန်ထုတ်သုံးပြီးတော့ပိုးပန်းပါတော့တယ် ယောကျာ်းဖြစ်သူကိုစိတ်ကုန်နေတဲ့သူမအတွက် အချစ်သစ်တွေပြန်လန်ပွင့်လန်းလာချိန်မှာ ယောကျာ်းဖြစ်သူပြန်ရောက်လာတာနဲ့တိုးလေတော့ အရင်ကမှစိတ္တဇဖြစ်နေတဲ့အမျိုးသားတစ်ယောက်က အချစ်ရဆုံးမိန်းမဖောက်ပြန်ခံလိုက်ရတဲ့ခံစားချက်ပါထပ်တိုးလေတော့ သူတို့ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဥာဏ်ပညာကပဲအနိုင်ရမလား ဥပဒေကပဲအနိုင်ရမလား.. (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~ BpL တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.1 2023
Parastree
H. P. Lovecraft’s The Old Ones

ဒီဇာတ်ကားကတော့ စာရေးဆရာကြီး H. P. Lovecraft ရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး ဒီနှစ်၂၀၂၄ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ Lovecraftian Works လို့ခေါ်တဲ့ Lovecraft ရေးသားဖန်တီးခဲ့တဲ့ ဇာတ်လမ်းဇာတ်ကောင်တွေက အနောက်တိုင်းက Horror ဒါရိုက်တာနဲ့ စာရေးဆရာတွေကို လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကပ္ပတိန်ရပ်ဆဲလ်မာရှ့်ဆိုသူကို ရှေးကျတဲ့မကောင်းဆိုးဝါးတစ်မျိုးက ၉၃ နှစ်ကြာပူးကပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ လွတ်မြောက်အောင်ထွက်ပြေးရင်း ဒဏ်ရာရပြီး သားအဖနှစ်ယောက်က ကယ်တင်ခဲ့ပါတယ်။ သူနောက်ကိုလိုက်လာတဲ့ မကောင်းဆိုးဝါးများရဲ့ဘေးကလွတ်ဖို့ ရပ်ဆဲလ်တစ်ယောက် အတိတ်ကိုပြန်ပြီး ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးကို ပြန်ပြင်ဖို့ကြိုးစားပါတော့တယ်။ Lovecraft ရဲ့ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားက 3.4 rating ရရှိထားပြီး Low badget အမျိုးအစားဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Drama
0 2024
H. P. Lovecraft’s The Old Ones
A Match for the Prince
6.2

A Match for the Prince (2023) ====================== IMDb Rating – 6.2/10 အချစ်ဟာ နူးညံ့ပါတယ်၊ သိမ်မွေ့ပါတယ်၊ တစ်ဖက်မှာလည်း ဆုံးရှုံးလိုက်ရတဲ့အခါ ထိခိုက်ရတယ်၊ နာကျင်ရတယ်ပါတယ်။ စိတ်ဒဏ်ရာဆိုတဲ့ သဘောဟာလည်း အထိအရှတွေ ဖြစ်လာတဲ့ အခါ ရှောင်ပြေးမနေဘဲ၊ ကျောခိုင်းမနေဘဲ ရင်ဆိုင်ကုစားမှသာ လျှင် ကုစားနိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ ဂျူလီယာဟာ ပြီးပြည့်စုံတယ်ဆိုတာ ကို စွဲလန်းနေတဲ့၊ တစ်ချိန်မှာ သူ(မ)ရဲ့ကိုယ်ပိုင် သံချပ်ဝတ်စစ်သည် တော် ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ စိတ်ကူးယဉ် အချစ် ဝတ္ထုရေးဆရာမလေးပါ။ သူ(မ)ရဲ့ ဝတ္ထုတိုင်းဟာ ပြီးပြည့်စုံတဲ့ဇာတ် သိမ်းတွေရှိပြီး ရောင်းအားအကောင်းဆုံးဖြစ်နေတာမို့ အချစ်ရေး ကျွမ်းကျင်သူအဖြစ် ထင်မြင်ခံရပါတယ်။ မင်းသားမက်စ်ဟာတော့ ဗော်လ်ဒါရီယိုနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ် ပြီး တော်ဝင်လက်ထပ်ပွဲမဆင်နွှဲရသေးတာကြောင့် နန်းမတက်ရသေး သူပေါ့။ အသက် (၄၀) မပြည့်ခင် လက်ထပ်မှ ထီးနန်းဆက်ခံရမယ် ဆိုတဲ့ စည်းမျဉ်းကြောင့် ကြင်ယာအရှာထွက်လာရင်း အစ်မဖြစ်သူရဲ့ အကြံပေးမှုနဲ့ ဂျူလီယာ့ကို အောင်သွယ်တော်အဖြစ် ငှားလိုက်ပါတော့ တယ်။ သို့ပေမဲ့ အချစ်ရေးမှာ ဒဏ်ရာရထားတဲ့ မင်းသားဟာ ဂျူလီယာ တွေ့ပေးသမျှလူတိုင်းကို သတိကြီးကြီးထား၊ စည်းခြားပြီးပဲ ချဉ်းကပ် ခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ကြင်ယာရှာပေးရင်း အောင် သွယ်နဲ့မှ သံယောဇဉ်တွယ်မိသွားတဲ့အခါ အချစ်ကြောက်ရောဂါကနေ ရုန်းထွက်ပြီး နှစ်ယောက်လုံး ရွှေလက်တွဲသွားကြမလား ဒါမှမဟုတ် တော်ဝင်လက်ထပ်ပွဲမှာပဲ စီစဉ်ထားတဲ့အတိုင်း လက်ထပ်လိုက်ရမလား ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Aditi ဖြစ်ပါတယ်) File Size……….(1.39 GB) / (763 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Aditi Encoder……….SWM

6.2 2023 90 mins
A Match for the Prince
Bad Romance: The Vicky White Story
6.1

စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကို Bad Romance : The Vicky White Story လို့ပေးထားပြီး လက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲက ဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့ မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသား ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကား ဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့ အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ ထောင်ဖောက် အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့ အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကို အသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေ ဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိ ဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်း ထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်း သွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော် အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီက ဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီး တောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ် မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာ မကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေက ပိုပိုကြီးထွားလာခဲ့ပြီး အထက်မှာပြောခဲ့သလို ဗစ်ကီကကေစီ့ကို ရုတ်တရက်ကြီး ထောင်ကနေခေါ်ထုတ်ပေးပြီး ထွက်ပြေးကြတဲ့ အခါမှာတော့ သူတို့ရဲ့ရှေ့ဆက်ကျန်ရှိတဲ့ဘ၀တစ်လျှောက်မှာ အတူတူပျော်ရွှင်စွာနေထိုင်သွားရမလား သူတို့နောက်ကို လိုက်ဖမ်းမဲ့ ရဲတွေလက်ကနေကော ထွက်ပြေးနိုင်ကြပါ့မလား ဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာ ဇာတ်လမ်း ဇာတ်ကွက်များစွာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 734MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 27m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2023 88 mins
Bad Romance: The Vicky White Story