YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sanctuary.A.Witchs.Tale.S02E01.1080p.mp4

789.46 MB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stolen in Her Sleep
7.2

Stolen in Her Sleep (2022) =================== ဟေလီဟာ နှလုံးအစားထိုးခွဲစိတ်ကုသခံထားရတာ သိပ်မကြာသေး တဲ့ သမီးလေးဖြစ်သူအေဗာနဲ့အတူ အိမ်မှာပဲနေဖြစ်တာများတဲ့ stay- at-home ပန်းချီဆရာမတစ်ယောက်ပါ။ စိတ်ပူပန်မှုတွေအလွန်များ လွန်းတတ်တာကြောင့်မို့လို့ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဆေးတွေ ကိုလည်း သောက်သောက်နေရတဲ့သူပေါ့။ ခင်ပွန်းသည်ဖြစ်သူ ဂျိမ်းစ် ရှိပေမယ့်လို့ အလုပ်ကိစ္စနဲ့ခရီးတွေ ခဏခဏထွက်နေရတာကြောင့်မို့ လို့ တစ်နေ့မှာတော့ ဂျိမ်းစ်ဟာ ဟေလီအတွက်အကူအညီဖြစ်ရအောင် ရယ်၊ သူကိုယ်တိုင်နဲ့လည်း နှစ်ပေါင်းများစွာကြာအောင် အလှမ်းဝေး ကွာလျက်ရှိနေပြီး သိပ်မကြာခင်ကမှ ပြန်အဆက်အသွယ်ရထားတဲ့ မိခင်ဖြစ်သူလင်းနဲ့ မိသားစုဘဝလေး ထပ်ဖြစ်စေချင်တာကြောင့် လင်း ကို တစ်ခါတလေအိမ်ကိုလာကူညီပေးဖို့ခေါ်ထားလိုက်ဖို့ဆုံးဖြတ်လိုက် ပါတယ်။ ဟေလီ့အနေနဲ့ သဘောအကျကြီးမဟုတ်ပေမယ့်လည်း ခင်ပွန်း သည်ကိုအားနာပြီးလက်ခံလိုက်ရတာပေါ့။ ဒါ့အပြင် ဟေလီတစ်ယောက် အပြင်မှာ မက်ဂန်ဆိုတဲ့အမျိုးသမီးတစ် ယောက်နဲ့ မထင်မှတ်ဘဲတွေ့ဆုံမိပြီး သူငယ်ချင်းတွေလို ရင်းနှီးကျွမ်း ဝင်လို့လာခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့နားကိုလူသစ်နှစ်ယောက်ရောက်လာ အပြီးတစ်နေ့မှာတော့ ကလေးထိန်းဖြစ်သူမေရီဟာ ပန်းခြံမှာကလေး ထိန်းပေးနေရင်းနဲ့ ရုတ်တရက်သေဆုံးသွားခဲ့သလို ဟေလီ့အနေနဲ့လည်း သူ့အနောက်ကနေ လိုက်လိုက်နေတဲ့ ယောကျ်ားတစ်ယောက်ကို ခဏ ခဏတွေ့တွေ့နေလာရပါတယ်။ ဒါပေမယ့်လည်း သူကလွဲပြီး အဲဒီယော ကျ်ားကို ဘယ်သူမှမတွေ့ရဘူးပြောပြောနေတော့ တကယ်ရောဟုတ်ရဲ့ လား ဒါမှမဟုတ် ဟေလီတစ်ယောက် စိတ်တွေထင်ယောင်ထင်မှားဖြစ်ပြီး မြင်ယောင်နေတဲ့အရာလား။ မေရီသေဆုံးသွားတာဟာ သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား။ လင်းဟာလည်း ဂျိမ်းစ်ရဲ့မိခင်ဆိုပေမယ့်လို့ ဝေးကွာနေတာနှစ်တွေအတော်ကြာနေပြီဖြစ် လို့ ဟေလီတစ်ယောက် အပြည့်အဝနဲ့ယုံကြည်လို့မရနိုင်တဲ့သူဖြစ်နေသလို မက်ဂန်ဟာလည်း အခုမှစသိကျွမ်းလာရတာဖြစ်လို့ သဘောရိုးရှိနေနိုင်ပါ့ မလားဆိုတဲ့ မေးခွန်းပေါင်းများစွာကိုတော့ ဒီ Stolen in Her Sleep ဆိုတဲ့ ကားလေးကိုကြည့်ရင်း အဖြေရှာလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.59 GB) / (693 MB) / (434 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Fiona Gillen Encoder..........SWM

Action & Adventure • Animation • Sci-Fi & Fantasy
7.2 2022 85 mins
Stolen in Her Sleep
Northeast Beast
6

ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဘဝအမောတွေပြေစေဖို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေရှင် ။ “ မြို့ကိုတက်ပြီးအလုပ်လုပ်နေပေမဲ့ အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူ ၊ ဖခင်ဖြစ်သူဟာ လျောင်ခရိုင်မှာ တိရိစ္ဆာန်ရုံတစ်ခုကိုဖွင့်လှစ်ထားပေမဲ့ ၎င်းတိရိစ္ဆာန်ရုံကို ဦးစီးဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိသူ ၊ ဖခင်နဲ့လဲ ဆက်ဆံရေး အဆင်မပြေသူ - စွင်းရှောင်ဟူ ” တစ်နေ့မှာတော့ ရင်းနီးမြှုပ်နှံသူတစ်ချို့ဟာ စွင်းရှောင်ဟူ ဖခင်ရဲ့ တိရိစ္ဆာန်ရုံကို စီးပွားရေးနယ်ချဲ့ဖို့အတွက် မျက်စိကျနေခဲ့ကာ တိရိစ္ဆာန်ရုံမြေနေရာကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်လာခဲ့ပါတယ် ။ အဲဒါနဲ့ပဲ အလုပ်အကိုင် / ငွေကြေးအဆင်မပြေတဲ့ စွင်းရှောင် ဟူကို ငွေနဲ့ဖျားယောင်းကာ တိရိစ္ဆာန်ရုံရဲ့ စီးပွားရေးဖျက်ဆီးပစ်ပြီး မြေနေရာကို ဖယ်ခိုင်းခဲ့ပါတယ် ။ ဖခင်အပေါ်လဲ စိတ်ကျေနပ်မှုမရှိတဲ့ စွင်းရှောင်ဟူဟာ ဒီသဘောတူညီချက်ကိုလက်ခံပြီး တိရိစ္ဆာန်ရုံကို ဖျက်ဆီးပစ်ဖို့ စီစဥ်လာခဲ့ပါတော့တယ် ။ ❏ စွင်းရှောင်ဟူတစ်ယောက် ဖခင်ဖြစ်သူကိုဘယ်လိုရင်ဆိုင်မှာလဲ ? ❏ တိရိစ္ဆာန်ရုံဖျက်ဆီးပြစ်ဖို့ အကြံကရော အောင်မြင်နိုင်ပါ့မလား ? ❏ သူ့အပေါ်ဆို ဘယ်အရာနေနေ သစ္စာရှိကြတဲ့ သူငယ်ချင်းတွေကရော သူ့လုပ်ရပ်အတွက် ခွင့်လွှတ်နိုင်ပါ့မလား ? ❏ ဘယ်လိုအလွဲလွဲ အမှားမှားတွေ ဖြစ်လာဦးမလဲဆိုတာ ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime • Drama • Mystery
6 2023
Northeast Beast
[18+] An Affair
6.7

~ IMDb - 6.8/10, MyDramaList - 7.5/10 ~ (ကိုရီးယားခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 720p ကိုပဲ ကြည့်ရအဆင်ပြေအောင် ဖန်တီးပေးလိုက်ပါတယ်ခင်ဗျာ) သိပ်မကြာသေးခင်ကပဲ Squad Game နဲ့ Emmy ဆု ရခဲ့တဲ့ လီဂျောင်ဂျေး နုငယ်စဉ်တုန်းက ရုပ်ရှင်ပါ။ City of the Rising Sun ကိုမရိုက်ခင် တစ်နှစ်တည်းမှာ ဒီကားကိုရိုက်ခဲ့ပြီး ဒီရှေ့မှာ သူအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဆိုလို့ ကျွန်တော် သိသလောက် Sandglass ဇာတ်လမ်းတွဲပဲ ရှိတော့ ဒီကားဟာ သူတော်တော်ဝါနုသေးတဲ့အချိန်က ကားပါ။ ဝါနုသေးပေမဲ့ ပါရမီတော့ မနုကြောင်း ဒီရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ ပနံသင့်နေတဲ့ သူ့ဟန်ပန်တွေကြည့်ရင် သိသာပါတယ်။ နောက်ပိုင်းမှာ အကြမ်းပတမ်းကားတွေပဲ အရိုက်များလာတဲ့ လီဂျောင်ဂျေးဟာရိုမန့်မှာလည်း မခေကြောင်း သိနိုင်မယ့်ကားလည်းဟုတ်ပါတယ်။ ဇာတ်လမ်းကတော့ ညီအစ်မနှစ်ယောက်ရှိတယ်။ ညီမက အမေရိကန်မှာ။ သူ့ကောင်လေးက လက်ထပ်ပြီးရင် ဆိုးလ်မှာနေဖို့လာစီစဉ်တယ်။ သူ့ကောင်လေးကလည်း အမေရိကန်မှာပဲ အကြာကြီးနေလာတဲ့သူဆိုတော့ ဆိုးလ်အကြောင်း ဘာမှမသိတော့ သူ့အစ်မနဲ့ အတူ စီစဉ်ခိုင်းလိုက်တယ်။ အစ်မနဲ့ ညီမရဲ့ကောင်လေးတို့ရဲ့ ဇာတ်လမ်းစလာတယ်။ ကားနာမည်ကိုက ဖောက်ပြန်တဲ့ကား ဖြစ်ကြောင်းပြနေပေမဲ့လည်း ဖောက်ပြန်ခြင်းမှာလည်း ရိုမန့်တွေရှိနေကြောင်း ပညာပေးမယ့်၊ ဘဝမှာ ဘယ်သူတွေ ဘယ်လိုပဲထင်ထင် အချစ်ကိုသာကိုးကွယ်သင့်ကြောင်း ပညာပေးတဲ့ ကားပါပဲ။ ဒီရုပ်ရှင်ရဲ့ မြန်မာနာမည်ကို‌‌ ပြောရရင်တော့ မောင်လေးက အချစ်ကို ကိုးကွယ်သတဲ့လား ဖြစ်ပါလိမ့်မယ်။ လတ်တလော ခြံခုန်နေတဲ့ (သို့) ခြံခုန်ဖို့အစီအစဉ်ရှိနေတဲ့ လူတွေ ဘယ်လိုမျက်ရည်ချူရမလဲသိအောင် ပညာယူကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.72GB, 799MB Quality - 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 1H 48Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
6.7 1998 108 mins
[18+] An Affair
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Collision
5.9

အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။ တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ကျောင်းဆောက်တဲ့ ပရောဂျက်ကို ပိတ်ပစ်မယ်လို့ မြို့တော်ဝန်က ခြိမ်းခြောက်လိုက်တော့ သူလည်းနစ်ကို ပြန်ပေးဆွဲပြီး ငွေငါးသန်းညှစ်ပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသားတွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြားမှာ သမီးကို ပြန်ရဖို့ သူ့ရဲ့ မိဘတွေ ဘယ်လိုကြိုးစားအားထုတ်ကြမလဲ? ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 1.7GB, 613MB, 285MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 39mins Genre : Crime, Drama, Thriller Translated by Poant Encoded by Kinnov

Action • Fantasy • Horror • Science Fiction • Thriller
5.9 2022 99 mins
Collision
Open The Coffin
4.5

ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ "Open The Coffin" ဆိုတဲ့နာမည်အတိုင်း အခေါင်းဖွင့်ရာကနေ စဖြစ်တည်လာတဲ့ ဇာတ်လမ်းလေးပါ ဇာတ်ကြောင်းလေးကတော့... သင်္ချိုင်းဂူဖောက်တဲ့ လူတစ်စု ထန်မင်းဆက်က သင်္ချိုင်းကို ဖောက်ထွင်းရာမှာ မဖွင့်သင့်တဲ့ အခေါင်းတစ်ခုကို ဖွင့်မိပြီး သင်္ချိုင်းက အလောင်းအားလုံး အသက်ဝင်လာခဲ့တယ် သူတို့တွေ ​ကံကောင်းထောက်မလို့ သင်္ချိုင်းကနေ ပြန်ထွက်လာနိုင်ခဲ့ပေမဲ့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းတဲ့ပုံစံအမျိုးမျိုးနဲ့ သေကုန်ကြပါတယ် ရှန်ချွင်ဟယ်ဆိုတဲ့ ရဲအုပ်ရှန်ဟာ သူ့ဆရာ သေဆုံးမှုအတွက် တစ္ဆေလက်ဆိုတဲ့သင်္ချိုင်းဖောက်ထွင်းသူကို ၃နှစ်ကြာစုံစမ်းနေတာပါ တစ်နေ့မှာတော့ ဆန်းကြယ်မှုအမျိုးမျိုးနဲ့ သင်္ချိုင်းဖောက်ထွင်းသူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေတဲ့အမှုကို စုံစမ်းရဖို့ ဖြစ်လာပါတယ် ဒီအမှုဟာ တစ္ဆေလက်နဲ့ ဆက်နွယ်နေတာကို သိလိုက်ရချိန်မှာတော့ ရှန်ချွင်ဟယ်တစ်ယောက် အမှုကို တစ်စ,တစ်စ ဘယ်လိုမျိုးဖော်ထုတ်ဖြေရှင်းသွားမလဲဆိုတာ စိတ်လှုပ်ရှားကြောက်မက်ဖွယ် ဆက်ကြည့်ကြရမှာပါ ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:32:00 Type__Thriller, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt

Drama
4.5 2022 92 mins
Open The Coffin
Maayon
7

Maayon (2022) IMDb-6.5/10 ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခုထဲမှာ လူတွေဘုရားဝတ်ပြုနေကြပြီးဘုရား‌ကျောင်းရဲ့ ကြောက်မက်ဖွယ်ရာထူးခြားမှုကြောင့် နေဝင်ရင် အဲဒီ‌ဘုရားကျောင်းကြီးထဲ ဘယ်သူမှ မနေရဲကြတာမို့ လူတွေအားလုံးက အိမ်ပြန်ဖို့လုပ်နေကြတယ်။ ဘုန်းကြီးငယ်တစ်ပါးကတော့ ညမိုးချုပ်ရင် ဒီဘုရားကျောင်းကြီးထဲ ဘာတွေဖြစ်မလဲသိချင်တာကြောင့် အားလုံးပြန်သွားကြပေမဲ့ မပြန်ဘဲ ဘုရားကျောင်းကြီးထဲမှာ နေခဲ့ပြီး အဲဒီဘုန်းကြီး ထူးထူးဆန်းဆန်း သေသွားတဲ့ မြင်ကွင်းနဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ တစ်ဖက်မှာတော့ အဓိကဇာတ်ဆောင်အာဂျွန်ဟာ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေထိန်းသိမ်းတဲ့အစိုးရအဖွဲ့အစည်းက ရှေးဟောင်းသုတေသနအဖွဲ့ဝင် တစ်ယောက်ဖြစ်သလို အဲဒီပစ္စည်းတွေကို တရားမဝင်ရောင်းတဲ့ မှောင်ခိုအဖွဲ့ကကြံရာပါလူလည်း ဖြစ်နေပြန်ပါတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းခေါင်းဆောင်က တန်ဖိုးကြီးရှေးဟောင်းဆင်းတုတစ်ဆူကို လိုချင်တာကြောင့် ‌အာဂျွန်နဲ့ သူ့ရဲ့ကြံရာပါဖြစ်တဲ့ အထက်လူကြီး ဒေဝရာ့ဂ်ျတို့ဟာ ခုနက ကြောက်စရာဘုရားကျောင်းကြီးထဲက အဖိုးတန်ဆင်းတုကို ရှာဖို့ကြံစည်ကြပါတော့တယ်။ နေဝင်ရင်တောင် လူတွေမသွားရဲတဲ့ ‌ဘုရားကျောင်းထဲကရှေးဟောင်းဆင်းတုကို ယူဖို့ကြိုးစားရင်း အာဂျွန်တို့တွေ ဘယ်လိုထူးခြားဆန်းကြယ်တဲ့ အန္တရာယ်တွေနဲ့တွေ့မလဲ ၊ နောက်ပြီး အဓိကဇာတ်လိုက်ကျော်အာဂျွန်ကရော တကယ့်ရှေးဟောင်းသုတေသနပညာရှင်အဖြစ်နဲ့ပဲ‌ ပြန်နေသွားမလား ၊မှောင်ခိုလုပ်ပြီး စီးပွားရှာတဲ့ နိုင်ငံရဲ့ သစ္စာဖောက်အဖြစ်နေသွားမှာလားဆိုတဲ့မေးခွန်းတွေရဲ့ အဖြေတွေကိုသိဖို့ ကြည့်လိုက်ကြရအောင်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Aditi~Moon~Vတို့ပဲ ဖြစ်ပါတယ်) File size… 2.22GB / 972MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Aditi~Moon~V

7 2022 130 mins
Maayon
Thousand and One Lies
8

1001 Nunakal (2022) IMDb-8.0/10 ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။ နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB  /  613MB  Quality…1080p WEB DL  / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~BpL~Zwe~Yunni

Drama • Mystery
8 2022 104 mins
Thousand and One Lies
Unlocked
6.2

အက်ရှင်ကားကြိုက်သူတွေအတွက်၂၀၁၇စက်တင်ဘာလဆန်းထွက်ပဲဖြစ်တဲ့အသစ်စက်စက်အက်ရှင်ကားလေးတစ်ကားတင်ပေးလိုက်ပါတယ်။ IMDb rating-6.1ရထားတဲ့အက်ရှင်ကားလေးဆိုတော့မဆိုးဘူးလို့ပြောရမှာပါပဲ။ လူပေါင်းများစွာအသက်ဆုံးရှုံးလိုက်ရတဲ့ပြင်သစ်နိုင်ငံပါရီမြို့အကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်ကကြိုးကိုင်သူကိုမဖော်နိုင်တဲ့နောက်စုံထောက်အဲလစ်တစ်ယောက်လန်ဒန်ကိုပြောင်းရွေ့တာဝန်ပေးခြင်းခံလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်းသိပ်မကြာခင်မှာပဲနောက်ထပ်အကြမ်းဖက်တိုက်ခိုက်မယ့်သတင်းသဲလွန်စကိုစီအိုင်အေကရရှိပြီးနောက်မှာတော့ သူ့ကိုအထက်ကပြန်ခေါ်ယူလိုက်ပါတယ်။ နောက်ထပ်အကြမ်းဖက်မယ့်ဖြစ်စဉ်ကိုစုံစမ်းရင်းပဲသူ့ကိုကူညီနေတဲ့စစ်သားဟောင်းတစ်ယာက်နဲ့ကသီကလင်ဖြစ်နေပုံကိုလည်းရသစုံအောင်ရိုက်ပြထားပါသေးတယ်။ ကဲ အဲလစ်တစ်ယောက်အဲဒီအကြမ်းဖက်မှုကိုဖော်ထုတ်နိုင်မလား။ကြိုတင်တားဆီးနိုင်မလား။ ဒီတခါဘယ်မှာဖြစ်မှာလဲ။ စစ်သားဟောင်းကြီးနဲ့အတူအဲလစ်တစ်ယောက်လူတွေအသက်ကိုကယ်နိုင်ပါ့မလားဆိုတာတော့ဇာတ်ကားလေးကိုရှုစားလိုက်ပါဦးဗျာ။ (ဘာသာပြန်သူကတော့နေခြည်ပါ) File Size : (750 MB) and (280 MB) Quality : 720p Bluray Running Time : 1hr 38min Format : Mp4 Genre :Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encode by Thanhtike Zaw

Comedy
6.2 2017 98 mins
Unlocked
Lucky
5

Lucky (2020) =========== ဇာတ်လမ်းနာမည် Lucky ပေမဲ့ တကယ် Lucky ဖို့ မလွယ်တဲ့ Horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မေရိုင်ယာဟာ အတော်အသင့်လူသိတဲ့အိမ်‌ထောင်သည် စာရေးဆရာမ တစ်ယောက်ပါ။ တစ်ည မေနဲ့ သူ့ယောက်ျားဖြစ်သူတက်ဒ်တို့ အိပ်မောကျနေစဉ် မေတစ်ယောက် ဖျတ်ကနဲလန့်နိုးလာပါတယ်။ အိမ်ရဲ့ဧည့်ခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရပ်နေတဲ့လူစိမ်းတစ်ယောက်ကို ထိတ်လန့်စရာတွေ့ လိုက်ရပါတယ်။ တက်ဒ်ကိုထိတ်လန့်တကြားနှိုးပြီး လူစိမ်းကိုရင်ဆိုင်ကြရာ တက်ဒ်ရော မျက်နှာဖုံးတပ် လူစိမ်းပါ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူစိမ်းဟာ လဲကျနေရာက ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ မနက်ရောက်တဲ့အခါမှာ မေနဲ့တက်ဒ်စကားများပြီး တက်ဒ် ထွက်သွားခဲ့ပါတယ်။ နောက်တစ်ညမှာ‌ ရောက်လာပြန်လာတဲ့လူစိမ်းကို မေတစ်ယောက် တည်း ရင်ဆိုင်ခဲ့ရပါတယ်။ လူစိမ်းကိုဘယ်လိုပဲဒဏ်ရာရအောင်လုပ်ပေမဲ့ ညတိုင်း လာနေဆဲ၊ ထူးဆန်းစွာပျောက်ဆုံးသွားမြဲဖြစ်နေတာကတော့ အတော်ထူးဆန်းလွန်းပါတယ်။ ဒီလိုနဲ့ မေတစ်ယောက် သူ့ကိုသတ်ဖို့ညတိုင်းရောက်လာမြဲဖြစ်တဲ့လူစိမ်းကို ဘယ်လို ရင်ဆိုင်မလဲ၊ လူစိမ်းကဘယ်သူဖြစ်နေမလဲ၊ မေကိုယ်တိုင်ကြုံနေရတာတွေက အိပ်မက်လား တကယ်လား… ဆိုတာတွေကို သို့လောသို့လော ဒွိဟတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမှာပါ။ ဒီကားလေးမှာ တွေးတောစရာတွေပါတဲ့ တကယ်အသည်းအေးစရာဇာတ်လမ်းမို့ Horror ချစ်သူတို့ လက်မလွတ်တမ်းကြည့်သင့်ပါကြောင်းပြောကြားချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(920 MB) / (400 MB) / (200 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 23mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Fantasy, Horror Translator…….C’mon Encoder……….SWM

Comedy • Crime
5 2020
Lucky
Department Q: The Keeper of Lost Causes
7.2

ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့ စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့် အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။ တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့ အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး အမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့် စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့ သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင် သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း IMDB မနည်းတာကို တွေ့ရှိရမှာပါ။ File size…1.03GB / 455MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy
7.2 2013 93 mins
Department Q: The Keeper of Lost Causes
Melodate

Melodate (2024) ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဆောင်နေဘော်ဒါ တက်တဲ့သူနဲ့ မြို့ထဲကနေ ကျုရှင်တတ်တဲ့သူဆိုပြီး ဆယ်တန်းဘဝမှာ ကျောင်းသားနှစ်မျိုးရှိခဲ့တာပေါ့။ အဆောင်နေတဲ့သူတွေကတော့ မိဘကထိန်းရတာ လက်လန်လို့ ဆရာတို့ပဲထိန်းတော့ဆိုပြီး ဘော်ဒါအပ်ခံရတဲ့သူနဲ့ နယ်ဝေးကနေလာပြီး ကျောင်းတက်ရလို့ အဆောင်နေတဲ့သူ နှစ်မျိူးကွဲတာပေါ့။ ကိုယ်တွေကတော့ ပထမတန်းစားထဲကပေါ့ အိမ်မှာလဲ မိဘကမနိုင် အဆောင်ရောက်တော့လဲ အဆောင်မှူးကို မွေလိုက် ဂိုက်ဆရာမတွေကို စလိုက်နဲ့ ဗရုတ်သုတ်ခကောင်တွေပေါ့။ ဒီလိုအဆောင်နေအဆောင်စား ကျောင်းသားဘဝလေးကလဲ တစ်မျိုးတော့ လွမ်းချင်စရာပါပဲ။ ခုဇာတ်ကားလေးကလဲ အင်ဒိုကနေ ရိုက်ထားတဲ့ Family Drama ဇာတ်ကားလေးဖြစ်ပြီးတော့ ဒီလိုအဆောင်နေကျောင်းသားဘဝအကြောင်းလေးကို ပျော်ရွှင်စရာ လွမ်းမောစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသမီးက အော်ကြောလန် အဖေဖြစ်သူက လန်ဒန်ထိပို့ထားတာတောင် အိမ်ပြန်လာပြီး သောင်းကျန်းတဲ့ကျောင်းသူ နောက်ဆုံးတော့ အဖေဖြစ်သူလဲ မနိုင်တော့တာနဲ့ ဂျာကာတာမြို့က စည်းကမ်းအကြပ်ဆုံး အဆောင်မှာနေဖို့ သမီးဖြစ်သူကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ နဂိုကတည်းက ခြေထောက်မှာဗွေပါတဲ့သူက ထိပ်တုံးခေတ်ထားရင်တောင် ထိပ်တုံးမပြီး လျှောက်လည်တဲ့သူဆိုတော့ သမီးဖြစ်သူက အဆောင်မှာပါ ဇာတိပြပါလေရော။ အဆောင်က စည်းကမ်းတွေလိုက်ဖောက်နေရာကနေ အဆောင်မှူးဆရာမကြီးရဲ့ သားဖြစ်သူနဲ့တွေ့ဆုံမိတဲ့အခါမှာတော့ ဆရာမကြီးကိုပဲ သူ့ဘက်ပါအောင် စည်းရုံးနိုင်မလား သူပဲ စည်းကမ်းတွေကို လက်လျော့ပြီး လိုက်နာနိုင်မလာဆိုတာ ဇာတ်လမ်းမြုးမြုးလေးနဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.2GB | 615MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2024
Melodate
Kill Your Lover
5.8

သမီးရည်းစားဆက်ဆံရေးတွေမှာ တစ်ဖက်က ဖောက်ပြန်မှ တစ်ဖက်က စိတ်ကုန်ပြီး ပြတ်စဲ ကြတာမျိုးတွေပဲရှိတာမဟုတ်ပါဘူး။ အစက ကိုယ်အရမ်းသဘောကျခဲ့ရတဲ့ ချစ်ရသူဟာ အချိန်ကြာလာတော့မှ ကိုယ်နဲ့ အကျင့်စရိုက်တွေ အတွေးအခေါ်တွေ နေပုံထိုင်ပုံတွေ မတူညီလာတဲ့အခါ ပြဿနာ အသေးအမွှားလေးတွေက ရင်ထဲမှာ အစိုင်အခဲကြီးတစ်ခုအနေနဲ့သွားစုနေတတ်ပါတယ်။ ဒီလို အစိုင်အခဲကြီးက ကြီးထွားလာတာနဲ့အမျှ တစ်ဦးအပေါ်တစ်ဦး နားမလည်နိုင်တော့ဘဲ စိတ်ကုန်လာပြီး လမ်းခွဲပြတ်စဲကြတာမျိုးအထိဖြစ်သွားတတ်ပါတယ်။ ဒီဇာတ်ကားထဲက ဒက်ကိုဒါဟာလည်း အဲဒီလိုတွေ ခံစားနေရတာကြောင့် ရည်းစားဖြစ်သူနဲ့ လမ်းခွဲ ပြတ်စဲဖို့ အချိန်ကောင်းကိုစောင့်နေသူပါ။ ဒက်ကိုဒါဟာ အက်ဆဲနဲ့မတွေ့ခင်က ရော့ခ်ဂီတတီးဝိုင်း တစ်ခုရဲ့ အဖွဲ့ဝင်၊ မိုက်ကန်းကန်းကောင်မလေးတစ်ယောက် ဆိုပေမဲ့ အဲဒါကိုသဘောမကျတဲ့ အက်ဆဲက ဒက်ကိုဒါရဲ့ ပုံစံကိုပြောင်းလဲအောင်တဖြည်းဖြည်းလုပ်ယူခဲ့ပါတယ်။ အချိန်ကြာလာတဲ့အမျှ သူ့ကိုယ်သူပျောက်ဆုံးလာတယ်လို့ ခံစားရတဲ့ ဒက်ကိုဒါဟာ အက်ဆဲနဲ့လမ်းခွဲဖို့ ပြင်ဆင် ပါတော့တယ်။ ဒါပေမဲ့ သူလမ်းခွဲစကားပြောမဲ့နေ့မှာပဲ အက်ဆဲဟာ သူ့ရဲ့ဓာတုဗေဒအလုပ်ကနေ ထိခိုက်လာပြီး ခန္ဓာကိုယ်အနှံ့ အမည်းရောင်သွေးကြောတွေပေါ်လာကာ လောင်ကျွမ်းစေတဲ့ ဓာတုရည်တွေစိမ့်ထွက်လာပါတော့တယ်။ ဒီလိုနဲ့ သာမန် သမီးရည်းစား ပြဿနာဖြေရှင်းခန်း ဇာတ်လမ်း တစ်ပုဒ်ကနေ သွေးသံတရဲရဲ ဟော်ရာဇာတ်လမ်းအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတော်တော်များများမှာ အဖော်အချွတ် လိင်ဆက်ဆံခန်းတွေ၊ သွေးထွက်သံယိုပြကွက်တွေပါဝင်တဲ့ အတွက်ကြောင့် မိသားစုဝင်တွေ ကလေးသူငယ်တွေနဲ့ အတူကြည့်ရှုဖို့မသင့်တော်ပါဘူး။ ဒက်ကိုဒါနဲ့ အက်ဆဲတို့နှစ်ယောက် ဘယ်လိုဇာတ်သိမ်း သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size…1.1GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 7m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2023 77 mins
Kill Your Lover
I Want to Talk
7.1

I Want to Talk (2024) “ဒုတိယအခွင့်အရေး” IMDb 7.1 မင်းသားအမီတာဘဂျမ်းရဲ့ သားဖြစ်သူ အာဘီရှက်ဘဂျမ်း သရုပ်ဆောင်တဲ့ ဟင်ဒီဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် အိန္ဒိယဖွား အမေရိကန်အခြေစိုက်သူ မစ္စတာစန်ဟာဆိုရင် မားကတ်တင်းအလုပ်ကိုကျွမ်းကျင်ပြီး စကားအပြောအဆို သွက်လက်ညက်ညောတဲ့လူ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် သမီးငယ်ဖြစ်သူ ရီယာကို သတ်မှတ်ရက်မှာသာ ထိန်းကျောင်းခွင့်ရပြီး အဖေနဲ့သမီးဆက်ဆံရေးဟာတော့ သူ့အလုပ်လောက် မချောမွေ့လှပါဘူး တစ်ရက်အလုပ်မှာ ချောင်းဆိုးရင်းသွေးပါလာတော့ ဆေးစစ်ရာမှာ လည်ချောင်းကင်ဆာဖြစ်နေမှန်းသိလိုက်ရတဲ့အပြင် အသက်ရှင်သန်ခွင့် ရက် ၁၀၀ ထက်နည်းမယ်လို့ ခန့်မှန်းရတာကြောင့် သူ့ဘဝဟာ နေ့ချင်းညချင်းပြောင်းလဲသွားခဲ့ပြီးနောက်မှာ ဘဝကိုဘယ်လိုကြိုးစားရင်ဆိုင်သွားမှာလဲ သမီးဖြစ်သူနဲ့ ဆက်ဆံရေးတိုးတက်လာအောင် သူဘယ်လိုပြုပြင်မှာလဲ ဒီရုပ်ရှင်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Action • Thriller
7.1 2024
I Want to Talk