YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sanctuary.A.Witchs.Tale.S01E01.1080p.x265(CM).mp4

724.1 MB N/A video/mp4 188 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Strange World
6.5

ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ ‌တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ‌တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ပန်ဒိုအပင်ကို စိုက်ပျိုး၊ သုတေသနပြုပြီး ပန်ဒိုဆီကနေ စွမ်းအင်ထုတ်ယူနိုင်ခဲ့ပါတယ်။ အဲ့စွမ်းအင်ကိုပဲ လျှပ်စစ်လို အသုံးချပြီး အဗာလိုနီးယားကို လူနေမှူအဆင့်မြင့်မားစေခဲ့လို့ အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လေးစားခံရပါတယ်။ တစ်နေ့မှာ ဆာချာရဲ့အိမ်ရှေ့စိုက်ခင်းမှာ သူတို့အဗာလိုနီးယားပြည်သူတွေ သုံးစွဲနေကျလေသင်္ဘောအငယ်စားထက်ကြီးမားတဲ့ ယာဉ်တစ်ခုရောက်နေလို့ ထွက်ကြည့်လိုက်တဲ့အခါ အဗာလိုနီးယားသမ္မတဖြစ်သူ မောလ်ကိုတွေ့လိုက်ရပါတယ်။ မောလ်ဟာ ဂျေဂါရဲ့ခရီးစဉ်မှာ အဖွဲ့သားအဖြစ်လိုက်ပါဖူးသူပါ။ မောလ်ပြောပြချက်အရ အဗာလိုနီးယားပြည်ရဲ့ အဓိကစွမ်းအင်ထုတ်ကုန်ဖြစ်တဲ့ ပန်ဒိုပင်မှာ ဘေးအန္တရာယ်ကျရောက်နေကြောင်းသိလိုက်ရပြီး မောလ်ကလည်း ပန်ဒိုကိုကယ်တင်မယ့်ခရီးစဉ်တစ်ခုစီစဉ်ထားလို့ ဆာချာကိုလည်း လိုက်စေချင်ကြောင်း ပြောပါတယ်။ မငြင်းသာလို့ ဆာချာလိုက်ရမယ့်အချိန်မှာ စူးစမ်းလိုစိတ်ပြည့်နေတဲ့ ဆယ်ကျော်သက် သားဖြစ်သူ အီသန်လည်း အတင်းလိုက်ချင်နေတဲ့အခါ…။ ဆာချာတို့ရဲ့ခရီးစဉ်ထဲ အီသန်ပါသွားမလား…။ ပန်ဒိုကိုဒုက္ခပေးနေတဲ့ အရာရဲ့ဇာစ်မြစ်ကို မောလ်တို့အဖွဲ့ ဖော်ထုတ်တားဆီးနိုင်မှာလား…။ နောက်ထပ် ဘာအလှည့်အပြောင်းတွေရှိလာဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြည့်ကြရအောင်ပါ။ ဒစ္စနေးအင်နီမေးရှင်းကားတွေရဲ့ ထုံးစံအတိုင်း အသက်ဝင်ပီပြင်အောင် ဖန်တီးရိုက်ကူးထားလို့ ရှုခင်းတွေ၊ စိတ်ကူးယဉ်သတ္တဝါဆန်းတွေ၊ လှုပ်ရှားမှုတွေကို ပီပီပြင်ပြင်ရသမြောက်‌စွာ ရှုစားကြည့်ရှုရမှာပါ။ အဖေနဲ့သားကြား၊ မြေးအဘိုးကြား သံယောဇဉ်တရားနဲ့ လူကြီး၊လူငယ်ကြား ပဋိပက္ခလွန်ဆွဲတတ်မှုတွေအကြောင်း ပညာပေးရိုက်ကူးပြသထားလို့ မိသားစုတွေနဲ့ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ gender orientation သဘောဆန်တဲ့ အကြောင်းလေးအချို့ပါလို့ စိတ်အနှောင့်အယှက်ရှိနိုင်ပါတယ် (ဟောလိဝုဒ်ရဲ့ ပထမဦးဆုံး LGBT တုတ်ထိုးအိုးပေါက်ဇာတ်ဝင်ခန်းပါတဲ့ဇာတ်ကားလို့‌တောင် ဝေဖန်ရေးသမားတွေကတော့ မှတ်ချက်ပြုထားပါတယ်) IMDb rating 5 ဖြစ်ပြီးတော့ Rotten tomatoes 74% ဖြစ်ပါတယ်။ File size…(2.5GB)  / (1.07GB) / (537MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:42:00 Genre...Animation / Action / Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

Drama • Romance
6.5 2022 102 mins
Strange World
Summer of 84
6.9

ပေ့ါပေါ့ပါးပါး နဲ့ ကြောက်စရာကောင်းတဲ့ Summer of 84 ပါ။ Horror ကားဆိုပေမယ့် ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက်ဘဝတွေကို ခပ်ပါးပါးလေး လွမ်းမိသွားအောင် ပြထားနိုင်ပါတယ်။ သတ်နေဖြတ်နေတဲ့ဇာတ်ကားမျိုးမဟုတ်ပဲ သာမန် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားတာမျိုးကို ရိုးရိုးလေးပဲချပြထားတာပါ။ ဇာတ်လမ်းက စုံထောက်ဇာတ်လမ်းလို စိတ်ဝင်စားစရာတွေကိုမျက်မှောင်ကြီးကြုံ့ပြီး ကြည့်မနေရပဲနဲ့ စိတ်ဝင်စားစရာအချက်တွေကို ပေါ့ပေါ့ပါးပါးလေးပဲပြပေးထားပါတယ်။ ၁၉၈၀ ကနွေရာသီတစ်ခုမှာ ဒီအတိုင်းနွေရာသီကျောင်းပိတ်ရက်ကိုပျော်ပျော်ပါးပါး ဖြတ်သန်းရင်း Davies တစ်ယောက် အိမ်နီးချင်းတစ်ယောက်ကို Cape May Slayer လို့ခေါ်တဲ့ ပျောက်နေတဲ့လူသတ်သမားလို့ သံသယဝင်မိတာကစပြီးတော့ သူ့ရဲ့ လူသတ်သမားရှာပုံတော်ကြီးကို စဖွင့်ပါတော့တယ်။ အဲဒီအိမ်နီးချင်းက သူထင်သလိုပဲ လူသတ်သမားဖြစ်နေမလား။ ဒီအတိုင်း ကလေးချစ်တတ်တဲ့ ရဲသားကြီးတစ်ယောက်ပဲလားဆိုတာ ကြည့်ကြည့်လိုက်ပါတော့။ အဲဒါနဲ့ ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.7 ဖြစ်ပြီးတော့ လူတိုင်းဟာ အတွဲလိုက်လူသတ်သမားတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်နေနိုင်ပါတယ်ဆိုတဲ့ စကားလေးနဲ့ စထားပြီးတော့ အဲဒါလေးနဲ့အဆုံးသတ်ထားပါတယ်။ နည်းနည်း Spoil မယ်နော် လူသတ်သမားရဲ့ နောက်ဆုံးလုပ်သွားတဲ့အကွက်လေးလှတယ်ဗျာ xD (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (865 MB) and (377 MB) Quality : AMZN WEB-DL 720p Running Time : 1hr 45min Format : Mp4 Genre : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by d3mon Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.9 2018 105 mins
Summer of 84
Casanova
7

Casanova(2005) ************** Heath Ledger ပါဝင်ပြီး ဆုကြီး ၅ ဆုတောင်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.. ညှို့ဓာတ်ပြင်းလွန်းပြီး မိန်းကလေးတိုင်းလိုလိုကိုဆွဲဆောင်နိုင်တဲ့ ကာဆာနိုဗာ.. အမျိုးသမီးငယ်၊ အပျိုစင်တွေ၊ အိမ်ထောင်ရှိအမျိုးသမီးတွေသာမက မယ်သီလရှင်တွေကိုပါ ဆွဲဆောင်ပြီးအိပ်ရာထဲခေါ်နိုင်တဲ့အတွက် တရားရုံးကပါကြိုးပေးသတ်ချင်နေတဲ့သူ.. အဲဒီလိုလူတစ်ယောက် တစ်နေ့မှာတော့ အရာရှိတွေလိုက်ဖမ်းလို့ပြေးရင်း အမျိုးသမီးတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားပါတော့တယ်.. ထို “ဖရန်ချက်စ်ကာ”ဆိုတဲ့အမျိုးသမီးလေးမှာလည်း စေ့စပ်ထားတဲ့သူရှိတဲ့အခါ.. ကာဆာနိုဗာတစ်ယောက် ဖရန်ချက်စ်ကာ့စေ့စပ်ထားတဲ့သူနေရာက ဟန်ဆောင်ပါတော့တယ်။ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ တခြားမိန်းကလေးတွေနဲ့မတူထူးခြားတဲ့ သူတကယ်ချစ်တဲ့ဖရန်ချက်စ်ကာရဲ့အချစ်ကို ရနိုင်ပါ့မလား.. အလိမ်တွေရောဘယ်လိုပေါ်ကုန်မလဲ.. File Size :(2.04GB)(1.04 GB) and (293 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:52:00 Genre : Adventure, Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

7 2005
Casanova
Margarita with a Straw
7.2

Margarita with a Straw (2014) =============================== imdb 7.2 / 3.9k Margaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီး သောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကို ဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီး ပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ် လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ် အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်… သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလား ဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေ ဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်

Thriller • Science Fiction • Mystery
7.2 2014
Margarita with a Straw
Happiness for Beginners
6.7

Happiness for Beginners(2023) **************************** အမေရိကန်စာရေးဆရာမ Katherine Centerရဲ့ ဝတ္ထုကောင်းတွေထဲကတစ်အုပ်ဖြစ်တဲ့ Happiness for Beginnersကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး ‌တောတွင်း ခရီးထွက်ရတဲ့ hiking vibeလေးတွေ ရှုခင်းလှလှလေးတွေကိုပါ လိုက်ပါခံစားလို့ရမယ့် ဇာတ်ကားလေးပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဟယ်လန်ဟာ ယောကျ်ားဖြစ်သူနဲ့ကွာရှင်းပြတ်စဲပြီး တစ်နှစ်အကြာမှာ ဘဝအသစ်ပြန်စဖို့ အားယူရန် တောတွင်းလမ်းလျှောက်ခရီးလေးကို စိတ်ပြေလက်ပျောက်ထွက်ခဲ့လိုက်ပါတယ်…။ အိမ်ထောင်ရေးကံခေလို့ ကွာရှင်းပြီးတာတောင် ခင်ပွန်းဟောင်းဖြစ်သူက လိုက်ကပ်နေတာတွေ…၊ အိမ်ထောင်ကွဲမိဘတွေရဲ့စွန့်ပစ်ခံခဲ့ရတဲ့အတိတ်တွေ…၊ တစ်ဦးတည်းသောသွေးသားရင်း မောင်လေးနဲ့ အဆင်မပြေတာတွေ စတဲ့ အထိုထိုသောဘဝရဲ့ အခက်အခဲတွေကို move onလုပ်ဖို့အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ ဒီခရီးကိုထွက်ခဲ့တာ….။ တိုက်ဆိုင်ချင်လို့လားပဲ…။ ဒီခရီးမှာ ဟယ်လန့်မောင်လေးရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂျိတ်လည်း လိုက်ပါလာပါတယ်…။ တစ်ယောက်တည်း ဆိတ်ငြိမ်ချင်လို့ခရီးထွက်ပါတယ်ဆိုမှ ခရီးမှာ မျက်နှာသိပါလာတော့ ဟယ်လန်တစ်ယောက် ထပ်ပြီးစိတ်ညစ်ပြန်ရပါလေရော…။ သို့ပေမဲ့ ဘဝဆိုတာ ဆိုးတာချည်းပဲကြုံမနေဘူးလေ အပြောင်းအလဲလေးရှိသေးတာကိုး…။ ဟယ်လန်တစ်ယောက် တောတွင်းလမ်းလျှောက်ခရီးမှာ မျက်နှာသိ ဂျိတ်နဲ့ ကတောက်ကဆ၊ကမောက်ကမဖြစ်ရင်း ဘယ်လိုတွေ စခန်းသွားကြမလဲဆိုတာကို ဒီ Comedy Drama movieလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.8GB/ 741MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 43min Genre ….. Comedy, Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Themes

TV Movie • Comedy • Romance
6.7 2023 103 mins
Happiness for Beginners
Race for Glory: Audi vs Lancia
5.8

ဇာတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ Audi vs Lancia ကားတံဆိပ် နှစ်ခုကြားက ပြိုင်ပွဲအကြောင်းကောင်းကောင်းသိနိုင်ပါတယ် ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ၁၉၈၃ခုနှစ် ကမ္ဘာ့ချန်ပီယံ တာဝေးခရီးကြမ်းကားပြိုင်ပွဲက ယှဥ်ပြိုင်မှုကို ရိုက်ကူးထားတာပါ။ ထိုခေတ်အခါက ကားထုတ်လုပ်သူတွေဟာ ကားတွေကို ကြော်ငြာပြီး ရောင်းတာထက် ဒီလို ကားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခိုင်းပြီး အရောင်း သွက်အောင်လုပ်လေ့ရှိပါတယ်…။ အ‌ကောင်းဆုံးကားက အနိုင်ရမယ်၊ ပုရိတ်သတ်တွေက သဘောကျမယ် လူတွေပိုဝယ်ကြမယ်ပေါ့…။ ဒီထဲမှာအပြိုင်အဆိုင်ပိုပြင်းထန်တာကတော့ ဂျာမန်ကားကုမ္ပဏီAudi နဲ့ အီတလီကားကုမ္ပဏီLanciaပါ။ ဂျာမန်တွေအနေနဲ့ ဒီလိုကားပြိုင်ပွဲမျိုးမှာ Audi Quattroဆိုတဲ့ four-wheel drive လေးဘီးမောင်းစနစ်ကို ချပြလိုက်တဲ့အခါ အီတလီကားလုပ်ငန်းစုတစ်ခုလုံးက ခေတ်နောက်ကျသွားခဲ့ရပါတယ်။ အီတလီတွေမှာက နှစ်ဘီးမောင်းစနစ်ပဲရှိသေးတာကိုး…။ ဒါပေမဲ့ ပြိုင်ပွဲဆိုတာမျိုးက ကားပေါ်ပဲ၊ ဘတ်ဂျက်ကိုပဲ အားကိုးလို့ မရဘူးဆိုတာ အီတလီတွေကလုပ်ပြသွားပြန်ပါတယ်။ lancia 037ကားဟာ နှစ်ဘီးမောင်းဆိုပေမယ့် Audiရဲ့ လေးဘီးမောင်းစနစ်ကို ကောင်းကောင်းယှဥ်ပြသွားတာမျိုးတွေမြင်တွေ့ရမှာပါ..။ ကားမောင်းသမားတို့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ၊ အသင်းကွပ်ကဲသူမန်နေဂျာရဲ့ ဖြတ်ထိုးဉာဏ်တီထွင်ဉာဏ်ကောင်းချက်တွေကိုပါ စိတ်ဝင်တစားမြင်တွေ့ရဦးမယ့် ကားလေးပါပဲ….။ File size…1.89 GB / 844 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Biography , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.8 2024
Race for Glory: Audi vs Lancia
Primbon
5.3

Primbon (2023) ထုံးတမ်းထလေ့ အယူအဆတွေ ဘေးလူတွေရဲ့ ပြောစကားကို နားမထောင်မယုံကြည်တတ်တဲ့ မိသားစုလေး သဘာဝလွန် ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ရာနာ တစ်ယောက်သူ့အမေအတွက် မွေးနေ့လက်ဆောင်လုပ်ပေးဖို့ တောစပ်ထဲကိုထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ပတ်အကြာ အားလုံးက သေပြီလို့မှတ်ယူထားတဲ့ ရာနာတစ်ယောက် အိမ်ကိုပြန်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး မိသားစုအတွင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ။ ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုာကို သည်းထိတ်ရင်ဖိုနဲ့ ကြောက်လန့်စွာကြည့်ရှုရမယ့် မိသားစု သရဲရုပ်ရှင်‌လေးဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ် Genre….. Drama, Horror Quality…. 1080p | 720p File size… 874MB | 476MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Robin Encoder ….. Aaron

Drama • History
5.3 2023
Primbon
Zack Snyder’s Justice League
8.9

(function(f,b,n,j,x,e){})(); DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/dceu/ ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013) – Batman vs Superman: Dawn of Justice (2016) – Suicide Squad (2016) – Wonder Woman (2017) – Justice League (2017) (Theatrical Cut) – Aquaman (2018) – Shazam! (2019) – Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020) – Wonder Woman 1984 (2020) – Zack Snyder’s Justice League (2021) – The Suicide Squad (2021) – Black Adam (2022) – Shazam!: Fury of the Gods (2023) – The Flash (2023) – Blue Beetle (2023) – Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Zack Snyder’s Justice League (2021) [or ] Justice League (2017) IMDb Rating (7.9) / Rotten Tomatoes (72%) စောင့်မျှော်နေတဲ့ Snyder’s Cut တော့ ထွက်ရှိလာပါပြီ 2017 မှာထွက်ရှိခဲ့တဲ့ Justice League ရဲ့ အကြီးအကျယ် Failed တာကြောင့် DC ပရိတ်သတ်တွေဟာ Zack Snyder နှုတ်မထွက်ခင်က Version ကို WB ကိုအသည်းအသန်တောင်းကြပါတယ် 4 နှစ်အကြာမှာတော့ အိမ်မက်တွေဖြစ်မြောက်ပြီလို့ဆိုရမှာပါ ဒီဇာတ်ကားဟာ Super Man & Batman ကားရဲ့ အဆုံးသတ်ကနေစပြီး ဇာတ်လမ်းပြန်တည်ထားပါတယ်..SuperMan သေဆုံးပြီးတဲ့နောက် ကနေစပြီး Mother Box သုံးခုနိုးထလာမှုနဲ့အတူ Steppenwolf ဟာ လိုက်လံစုဆောင်းပါတော့တယ် Mother Box သုံးခုရဲ့ကြီးမားတဲ့ အစွမ်းကိုသိနေတဲ့ Wonder Woman ဟာ Bruce Wayne ကိုပြောပြပြီး ဖြစ်လာမယ့် အန္တရာယ်တွေအတွက် တားဆီးဖို့ လူစုခိုင်းပါတော့တယ် ဒီလိုနဲ့ပဲ Justice League အဖွဲ့ဖြစ်တည်လာဖို့ Bruce Wayne ကစတင်ပြီး လူစုပါတော့တယ်…ဒီဇာတ်ကားဟာ 4 နာရီကြာမြင့်တာဖြစ်ပြီး တချို့ဇာတ်ကောင်တွေရဲ့ Origin တွေဟာလည်းပြည့်ပြည့်စုံစုံပါတယ် ဒီတခါတော့ JL ဟာသင်တို့ကိုစိတ်ပျက်စေမှာမဟုတ်လောက်ဘူးလို့ထင်ပါတယ်… Screen Ratio ကတော့ Zack Snyder ရဲ့ သူ့ Original အတိုင်း ခပ်ရှည်ရှည်ပဲဖြစ်ပါမယ်။

Drama • Romance
8.9 2021
Zack Snyder’s Justice League
Skiptrace
5.6

ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း မက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။ အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။ ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Family • Comedy
5.6 2016
Skiptrace
Luv Ki Arrange Marriage
5

Luv Ki Arrange Marriage 2024 နှစ်ဆောင်ပြိုင်ချစ်ခြင်း IMDb-5.0/10 တစ်နေ့တာပင်ပန်းတာတွေကို ဟာသနဲ့ဖြေဖျောက်လိုသူတွေအတွက် ဟင်ဒီဟာသကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အချစ်ရေးရော ဟာသလေးတွေရောပါတဲ့အပြင် heavyမဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းကို ရှုစားလိုသူတွေအတွက် အဆင်ပြေမှာပါ။ မေတ္တာဆိုတာ တစ်ယောက်တည်းကိုပေးရင် အတ္တလို့သဘောထားတဲ့သူပီပီ မစ်ရှရာဟာ မိန်းမတိုင်းနဲ့ လက်ပွတ်တတီးနေတတ်သူပါ။ ပရမ်ကဘယ်လောက်ပဲ ဖြူစင်တဲ့ ၅၂၈ မေတ္တာ မိတ်ဆွေဆက်ဆံရေးလို့ပြောပြော ဒီမိန်းမတွေရဲ့ ကာမပိုင်ယောက်ျားတွေက မကြည်ဖြူတာကြောင့် လစ်ရင်လစ်သလို သမခံရသူပေါ့။ သားဖြစ်သူလပ်ဗ်က ဖိုက်တာဖြစ်နေလို့သာ မစ်ရှရာတစ်ယောက်ခံသာနေတာဆိုလည်းမမှားပါဘူး။ တစ်နေ့ လပ်ဗ်တစ်ယောက် အီရှီကာဆိုတဲ့ ထက်ထက်မြက်မြက်မိန်းကလေးကို သဘောကျသွားချိန်မှာ ကိုမေတ္တာရှင်မစ်ရှရာကလည်း အီရှီကာရဲ့အမေကို သဘောကျမိလေတော့…. တစ်ပြိုင်နက်မဖြစ်နိုင်တဲ့ ဒီသားအ‌ဖရဲ့အချစ်ရေးမှာ ဘ ယ်သူကဘယ်သူ့အတွက် စတေးသွားမလဲဆိုတာ ရှုစားကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)

5 2024 121 mins
Luv Ki Arrange Marriage
The Platform 2
6.2

The Platform 2 (2024) 2019 ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင် The Platform ရဲ့ အဆက် ဒုတိယရုပ်ရှင် ထွက်လာပါပြီ။ အဆက်ထွက်တဲ့ ရုပ်ရှင်တွေဟာ ပေါသွားတတ်တယ်ဆိုပေမဲ့ ဒီတစ်ခါမှာတော့ ပထမရုပ်ရှင်ကို ပိုပြီး ပြီးပြည့်စုံစေတဲ့ ဇာတ်လမ်းအနေနဲ့ထွက်ရှိလာပါပြီ။ ပထမကားဒါရိုက်တာဖြစ်တဲ့ Galder Gaztelu-Urrutia ပဲ ရိုက်ကူးထားတာပါ။ ဒုတိယကားဆိုပေမဲ့ Trimagasi နဲ့ Goreng တို့ရဲ့စကားအရ ပလက်ဖောင်း-၁ (၂၀၁၉) မစခင် ရှေ့နှစ်ပိုင်းကာလကို ရိုက်ကူးထားတယ်လို့ ယူဆရပါတယ်။ ဇာတ်လမ်းအကျဉ်း (၁ ရော ၂ ရော မကြည့်ရသေးတဲ့သူတွေ ဖတ်ဖို့ပါ) ဇာတ်လမ်းရဲ့ သဘောတရားကတော့ ထောင်တစ်ခုရှိတယ်။ ထောင်ထဲမှာ အကျဉ်းခန်းတွေကို တစ်ထပ်တစ်ခန်းဆီ မျှော်စင်ကြီးလိုတည်ဆောက်ထားတယ်။ နေ့တိုင်း အဲဒီ အထပ်တွေကို အပေါ်ဆုံးကနေ အောက်ဆုံးအထိ စားစရာတွေပါတဲ့ ပလက်ဖောင်းဆိုတဲ့ အခင်းပြားကြီးကို ချပေးတယ်။ တစ်ထပ်မှာ စားသောက်ချိန် မိနစ်ပိုင်းပဲရပြီး စားစရာတွေကို သိမ်းထားခွင့်လည်းမရှိဘူး။ ဒီတော့ အပေါ်ဆုံးကလူတွေက စားချင်တာတွေကို အားရပါးရစားတယ်။ အောက်ရောက်လေလေ ရွံစရာအကြွင်းအကျန်တွေပဲ ရှိလေလေပဲ။ အောက်ဆုံးထပ်ကလူတွေဆိုရင် ငတ်မွတ်ပြီး အချင်းချင်းပါ သတ်စားရတဲ့အခြေအနေဖြစ်လာတယ်။ ဒါပေမဲ့ ဒါက တသမတ်တည်းမဟုတ်ဘူး။ တစ်လကို တစ်ခါ အကျဉ်းသားတွေကို မေ့ဆေးပေးပြီး အထပ်တွေကို ကျပမ်းပြန်လဲပစ်တဲ့အတွက်၊ အပေါ်ဆုံးရောက်တဲ့လူတွေက အောက်ကလူတွေကို တဖန် အကျင့်ပြန်ယုတ်ပြီး သံသရာလည်နေတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီသံသရာကို ချိုးဖျက်ပြီး လူတွေအားလုံး တန်းတူစားနိုင်ဖို့ ကြိုးစားတဲ့လူတစ်ယောက်အကြောင်းနဲ့ လူတွေရဲ့ စိတ်ရိုင်းနဲ့ စရိုက်တွေကို ဖော်ပြထားတဲ့ ရုပ်ရှင်ကို ကြည့်ရမှာပါ။ ဒုတိယရုပ်ရှင်ကတော့ အဲဒီ ပထမဇာတ်လမ်းရဲ့ နောက်ဆက်တွဲတွေကို ရိုက်ကူးပြထားတာပါ။ The Platform 2 ဇာတ်လမ်းအကျဉ်း (၁ ကြည့်ပြီးသူများသာ ဖတ်ပါ) ဒီရုပ်ရှင်က ပထမဆုံး ရုပ်ရှင်ကို ဘာလို့ ပြီးပြည့်စုံသလဲဆိုရင် ပထမရုပ်ရှင်ကို ကြည့်ခဲ့တဲ့လူအားလုံးရဲ့ စိတ်ထဲက မေးခွန်းတွေကို ဖြေပေးလို့ပါပဲ။ လူတွေအကုန် မျှမျှတတစားကြမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာပေါ့။ ဒုတိယရုပ်ရှင်မှာတော့ ပထမဆုံးရုပ်ရှင်ရဲ့ မင်းသား ကြိုးစားခဲ့သလိုပဲ မျှတစွာစားသုံးရေး နည်းလမ်းကို ယုံကြည်သူတွေ ရှိနေပါတယ်။ သူတို့ကိုယ်သူတို့ သစ္စာရှင်တွေလို့ ခေါ်ကြတယ်။ အဲဒီလူတွေက ဒီနည်းလမ်းကို စပြီးဖော်ဆောင်ခဲ့တဲ့ ပရောဟိတ်ကို ဘုရားလို ကိုးကွယ်ပြီး ထောင်တစ်ခုလုံးကို ဥပဒေထုတ်ထားပါတယ်။ ကိုယ်မှာခဲ့တဲ့ အစားအစာပဲ စားရမယ်။ သူများဟာကိုမစားရဘူး။ သေသွားတဲ့လူဟာကိုတောင် မစားရဘူးစသဖြင့်ပေါ့။ စည်းကမ်းဖောက်တဲ့လူရှိရင်လည်း အပေါ်ထပ်တွေကနေ လူစုပြီး လာသတ်ကြတယ်။ ထောင်တစ်ခုလုံးကို တင်းကြပ်တဲ့စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးစားတယ်။ အဲဒီတော့ ထိန်းချုပ်မှုထဲမှာ ပါလာတဲ့ မတရားတာတွေ အစွန်းရောက်တာတွေကို မခံနိုင်တဲ့လူတွေက အရင်အတိုင်း နိုင်ရာစားအခြေအနေကို ပြန်သွားနိုင်ဖို့ တော်လှန်ကြပြန်တယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာပေါ်က နိုင်ငံရေးသဘောတရားမျိုးစုံ အားပြိုင်နေပုံနဲ့ ဘယ်သဘောတရားမဆို အစွန်းရောက်နေသရွေ့ လူဆိုတဲ့အမျိုးရဲ့ မကောင်းတဲ့သဘာဝတွေပါနေသရွေ့ ချို့ယွင်းချက်တွေရှိနေမှာပဲဆိုတာ မီးမောင်းထိုးပြထားသလိုပါပဲ။ (အားလုံးသေမှအေးမယ်) ပြီးတော့ ပလက်ဖောင်းထောင်ဟာ အဖြေမရှိတဲ့ ငရဲတွင်းတစ်ခုလိုပဲဆိုတာကို မြင်ရမှာပါ။ အဲဒီထက်ပိုပြီး မသိမသာ မက်ဆေ့ပေးချင်တာကတော့ အထပ်အရေအတွက်နဲ့ လူအရေအတွက်ပါပဲ။ ၃၃၃ ထပ်မှာ ၂ ယောက်စီ နေတာကြောင့် စုစုပေါင်း အကျဉ်းသား ၆၆၆ ယောက်ရှိပါတယ်။ ဒါဟာ ငရဲကို ကိုယ်စားပြုတဲ့နံပါတ်ပါပဲ။ ကျန်တဲ့မက်ဆေ့တွေကတော့ ကိုယ့်အတွေးနဲ့ကိုယ်တွေးရင် ဆက်ကြည့်လို့ရတာမို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB, 655MB Quality – 1080p HEVC, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 39Min Genre – Horror, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.2 2024 101 mins
The Platform 2
Freedom Libre
5.8

Freedom (2024) IMDb Rating (5.8) ဒီရုပ်ရှင်က ပြင်သစ်ရဲ့ အကြမ်းမဖက်တဲ့ နာမည်ကျော်ဓားပြကြီး ဘရူနိုဆူလက်အကြောင်းဖြစ်ရပ်မှန်ကို အခြေခံပြီး စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ပြင်သစ်ရုပ်ရှင်။ 1970နဲ့ 1980ကြားကာလမှာ ကျည်တစ်ချက်မဖောက်ဘဲ စူပါမားကတ်တွေနဲ့ လက်ဝတ်ရတနာဆိုင်တွေကို လုယက်ခဲ့တဲ့ လွပ်လပ်မှုကိုမြတ်နိုးသူ ဓားပြလူချောကြီးတစ်ယောက်ပေါ့။ လုယက်ရလာတာတွေကို ဆင်းရဲသားတွေဆီခွဲဝေပေးတတ်လို့ ခေတ်သစ်ရော်ဘင်ဟုလို့လည်း သမုတ်ကြသေးတယ်။ ရှစ်လအတွင်း စူပါမားကတ်၁၈ခုကို တစ်ခါမှအဖမ်းမခံရဘဲ အောင်အောင်မြင်မြင်နဲ့ လုယက်နိုင်ခဲ့သူ။ ဒီဇာတ်လမ်းမှာတော့ ဆူလက်ရဲ့ ဘ၀ခံယူချက်၊ ပြစ်ဒဏ်နဲ့ အချစ်ကြားက ရှင်သန်ပုံကို ရှုမြင်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.8 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Romance, Thriller Duration….01:51:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

5.8 2024 110 mins
Freedom Libre
Tom and Jerry & The Wizard of Oz
6.1

ဒီဇာတ်လမ်းက နာမည်ကျော် The Wizard of Oz ပုံပြင်ကို အခြေခံထားတဲ့ Tom&Jerryဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ကန်းဆတ်နယ်က ဒိုရိုသီဆိုတဲ့ ကလေးမလေးဟာ လေဆင်နှာ‌မောင်းကြီး တစ်ခုကြောင့် အော့ဇ်ဆိုတဲ့ မှော်တိုင်းပြည်ကြီးတစ်ခုကို ရောက်သွားပြီး စာ‌ခြောက်ရုပ် ခြင်္သေ့နဲ့ သံပုံးလူသားဆိုတဲ့ မိတ်ဆွေသစ်သုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွမ်နဲ့ ဂျယ်ရီတို့ကတော့ ဒိုရိုသီရဲ့အဖော်လေး နှစ်ကောင်ပေါ့။ အော့ဇ်တိုင်းပြည်ကိုရောက်တဲ့အချိန် စွမ်းအားကြီးတဲ့ စုန်းမကြီးရဲ့ အန္တရာယ်ကို အော့ဇ်နိုင်ငံသားတွေ ကြုံနေရတဲ့ အချိန် ဖြစ်နေခဲ့တာပါ။ သူ့အန္တရာယ်ကို ကာကွယ်ဖို့ မှော်နတ်သမီးလေး ဂလင်ဒါက ဒိုရိုသီကို ပတ္တမြားဖိနပ်တစ်ရံပေးလိုက်ပြီး မြမြို့တော်က မှော်ဆရာကြီး အော့ဇ်ဆီကို စေလွှတ်လိုက်ပါတယ်။ အဲဒီမြို့တော်ကိုအသွား ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ စုန်းမကြီးက ဘယ်လိုတွေတားဆီးပြီး ဒိုရိုသီတို့ ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size… 1.2 GB / 624 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 56m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

6.1 2011 59 mins
Tom and Jerry & The Wizard of Oz
The Naughty List of Mr. Scrooge
5

ကောလိပ်မှာကတည်းက ထူးထူးဆန်းဆန်းလက်ဆောင် လဲတမ်းဆော့ကြတဲ့ တက်ဘီတို့သူငယ်ချင်းတစ်သိုက်ဟာ ကျောင်းပြီးသွားပြီးတော့ ဆယ်စုနှစ်တစ်ခုနီးပါးကြာမှ သူငယ်ချင်းတစ်သိုက်ပြန်ဆုံပြီး ငယ်ဘဝကအတိုင်းအချိန် ကုန်ကြဖို့စီစဉ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ကောလိပ်မှာတုန်းကအတိုင်း လျှို့ဝှက်လက်ဆောင် တွေလဲကြတဲ့အခါမှာ မထင်မှတ်ထားတဲ့လက်ဆောင်တွေ ရလာကြပြီး ဘယ်လိုမျိုးအဖြစ်အပျက်တွေကြုံရမလဲဆိုတာကို ကြည့်ရမယ့် Thriller ကားကောင်းလေးတစ်ကားဖြစ်လို့ လက်မလွှတ်တမ်းကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေဗျာ…. File size… (837MB) / (425MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Drama
5 2024 89 mins
The Naughty List of Mr. Scrooge
Bila Esok Ibu Tiada
5.7

Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)

Thriller • Crime
5.7 2024 104 mins
Bila Esok Ibu Tiada