YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Salon.De.Nabi.S1E10.720p.CM.mp4

312.02 MB N/A video/mp4 237 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spirited
7.1

ခရစ္စမတ်နီးပြီဆိုတော့ ခရစ္စမတ်ဇာတ်လမ်းလေးတွေလဲစပြီးထွက်လာပါပြီ။ ခရစ္စမတ်ဇာတ်လမ်းကိုမှ Ryan Reynolds နဲ့ Will Ferrell တို့က Christmas Carol ကိုပြန်အသက်သွင်းထားတဲ့ဇာတ်လမ်းဆိုရင်တော့ Christmassy feeling အပြည့်အဝနဲ့ စခွီလဲထရမယ့်ဇာတ်လမ်းဆိုတာ တကူးတကပြောစရာမလိုလောက်ပါဘူး။ Dickens ရဲ့ Christmas Carol ကို အားလုံးသိထားပြီးသားနေမှာပါ။ အကျဥ်းချုံးပြောရရင် ခရစ္စမတ်ညမှာလူတစ်ယောက်ကိုပြောင်းလဲစေဖို့ ခရစ္စမတ်တစ္ဆေသုံးကောင်လာတယ်။ အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ် ခရစ္စမတ်တစ္ဆေတွေပေါ့။ သူတို့ကဒီလူကိုသူ့ရဲ့ အတိတ်လက်ရှိနဲ့အနာဂတ် တစ်လျှောက်ခေါ်သွားပြီး သူ့ကိုအပြောင်းအလဲတွေဖြစ်စေဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပေါ့။ ဒီဇာတ်လမ်းမှာတော့ Clint လို့ခေါ်တဲ့ Ryan Reynolds က မီဒီယာအကြံပေးတစ်ယောက်ဖြစ်ပြီး သူ့ကိုအလုပ်အပ်သူတွေအတွက် မီဒီယာမှာသူတို့ပြိုင်ဘက်တွေကိုနိုင်ဖို့ကူညီပေးသူပေါ့။ ပြိုင်ဘက်တွေရဲ့အပုပ်အစပ်ပေါင်းစုံကိုရှာပေးသူ ပွဲရှာပေးသူဆိုပါတော့။ သူကလူတွေအပေါ်သိပ်လွှမ်းမိုးနိုင်သူလဲဖြစ်နေတော့ သူသာပြောင်းလဲသွားရင် သူ့နောက်ကတခြားလူပေါင်းများစွာလဲလိုက်ပြောင်းလဲမယ်ဆိုပြီး ခရစ္စမတ််တစ္ဆေတွေက လာမယ့်နှစ်ခရစ္စမတ်အတွက်သူ့ကိုခြောက်လှန့်ပြောင်းလဲဖို့ ကလင့်ကိုရွေးချယ်လိုက်တော့ တစ္ဆေတွေရဲ့ပရောဂျက်ကြီးအောင်မြင်မလားကြည့်ရမှာပါ။ ဒီဇာတ်လမ်းက Muscial လဲဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းလို့ ဒီနှစ်ရဲ့ Holiday Movies ထဲက ကားကောင်းတစ်ကားပါပဲ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Kevin တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Comedy, Family, Musical Quality…. 1080p | 720p | 480p File size… 2GB | 1.19GB | 500MB Format… mp4 Duration…. 2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Roman NoX, Kevin Encoder ..... August

Crime • Drama • Thriller
7.1 2022 127 mins
Spirited
Nocebo
6.2

IMDb Rating - 5.7/10 ကြည့်ရင်းနဲ့ ကိုယ်တိုင်စိတ်တ္တဇဖြစ်ချင်သလိုလို မရိုးမရွခံစားရမယ့် Mystery, Psychological thriller ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိ‌တ် ဆက်ပေးချင်ပါတယ်။ ခရစ္စတင်းဟာ အလုပ်အရမ်းများတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး ခင်ပွန်းသည်ဖီးလစ်၊ သမီးလေးဘော့ဘ်တို့နဲ့ အတူနေထိုင်ပါတယ်။ အားလုံးအဆင်ပြေနေသယောင်ရှိပေမဲ့ ခရစ္စတင်းဟာ စိတ်ကယောင် ခြောက်ခြားဖြစ်ပြီး အရမ်းမေ့တတ်တဲ့ ရောဂါဆန်းတစ်မျိုးရှိပါတယ်။ အဲဒီအထိက ပုံမှန်လိုပါပဲ။ ဒါပေမဲ့ သူတို့အိမ်ကို ဒိုင်ယာနာဆိုတဲ့ ဖိလစ်ပိုင်သူရောက်လာချိန်မှာ အဓိကဇာတ်လမ်းစပါတော့တယ်။ သံသယ၀င်စရာကောင်းတဲ့ ဒိုင်ယာနာ့ အပြုအမူတွေကလည်း ပရိသတ်ကိုစိတ်၀င်တစားဖြစ်စေမှာပါ။ ဒိုင်ယာနာဟာ ခရစ္စတင်းအတွက် မိတ်ဆွေဖြစ်မလား ရန်သူဖြစ်မလာ၊ ခရစ္စတင်းရဲ့ရောဂါဆန်းက ဒိုင်ယာနာနဲ့ပတ်သက်နေမလား၊ နောက်ပိုင်းမှာ ဘယ်လိုမထင်မှတ်တဲ့ ထိတ်လန့်စရာတွေက စောင့်ကြိုနေမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ခပ်ဆန်းဆန်း Psychological thriller ကားမျိုးမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် တင်ဆက် ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို C'mon မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ C'mon, Fiona Gillen တို့ဖြစ်ပါတယ်) File Size..........(1.87 GB) / (600 MB) / (390 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......C'mon, Fiona Gillen Encoder..........Zin Phyo Aung

Drama • Fantasy • Romance
6.2 2022 96 mins
Nocebo
Frank and Penelope
7.5

Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ထူးတော့ထူးပါတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးက စလာကတည်းက စာအုပ်ဖတ်ပြနေတာမို့ ပြီးပြီးသားဖြစ်နေပေမဲ့ အဖြေကိုမသိရတဲ့ကားမျိုးပေါ့။ ပဟေဠိဆန်ဆန်ရုပ်ရှင်တွေလည်းကြိုက် ခပ်ဆန်းဆန်းတင်ပြပုံတွေလည်းကြိုက်ရင်တော့ ဒီရုပ်ရှင်ဟာ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကိုက အဖော်အချွတ်မယ် ဖြစ်နေတာမို့ လိင်မှုခန်းတွေအများကြီးပါတဲ့အတွက် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ --- ပါ ) File Size__( GB) / ( MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:53:00 Type__Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Drama • Romance
7.5 2022 112 mins
Frank and Penelope
Downton Abbey: A New Era
7.6

ဒေါင်းတန် အက်ဘီဆိုတဲ့ ရုပ်ရှင်ဟာ အင်္ဂလန်သမိုင်းနောက်ခံ ဇာတ်လမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးစီးရီးလည်း ရိုက်ကူးထားတာရှိပါတယ်။ မူရင်းထင်ရှားတဲ့သမိုင်းအဖြစ်အပျက်တွေ ခေတ်ပြောင်းခေတ်လဲတွေ သက်ရောက်မှုတွေအကြောင်းကို ဗြိတိန်တော်ဝင်ဆွေကြီးမျိုးကြီး မိသားစုတစ်စုအပေါ် အခြေခံပြီး ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ရုပ်ရှင်အနေနဲ့ ၂၀၁၉ မှာ တစ်ကားထွက်ခဲ့ပြီး အခု ၂၀၂၂ မှာ တစ်ကားထပ်ထွက်လာတာပါ။ ဒီရုပ်ရှင်ကတော့ပျော်စရာတွေနဲ့ ကြည်နူးစရာတွေ ပြည့်နေတာ ထူးခြားတဲ့အချက်ပါ။ ကြည့်ရင်းနဲ့ ဗဟုသုတလည်းရသလို၊ အင်္ဂလိပ်ဆွေကြီးမျိုးကြီးတွေရဲ့ ယဉ်ကျေးတဲ့စကားတွေ၊ စနစ်ကျပုံတွေကိုလည်းလေ့လာရမှာပါ။ နောက်ပြီးဒီမိသားစုရဲ့ ရိုင်းပင်းပုံတွေ အိမ်အကူတွေ အိမ်ထိန်းတွေနဲ့ အပြန်အလှည် လေးစားသမှုတွေ သံယောဇဉ်‌တွေ စေတနာတွေကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါင်းတန်မိသားစုရဲ့ အိမ်တော်ကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်အတွက် သုံးဖို့ ကမ်းလှမ်းလာပါတယ်။ အဲဒါကိုလက်ခံလိုက်ပြီးနောက်မှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ဒေါင်းတန်မိသားစုရဲ့ အဖြစ်အပျက်တွေကို သမိုင်းတစ်ခုနဲ့ တပြေးညီတွေ့ရမှာပါ။ တချိန်တည်းမှာပဲ ဒေါင်းတန်မိသားစုရဲ့ ဘွားဘွား လေဒီဂရေသမ်၊ ဗိုင်အိုလက်ရဲ့ ငယ်ချစ်တစ်ယောက်ဟာ ပြင်သစ်မြို့စားဖြစ်နေပြီး သူကွယ်လွန်ချိန်မှာ ဗိုင်အိုလက်အတွက်ဗီလာအိမ်ကြီးတစ်လုံး ပြင်သစ်တောင်ပိုင်းမှာ အံ့ဩဖွယ် ချန်ထားခဲ့ပါတယ်။ အဲဒီအိမ်ကြီးကိုလည်း ဘယ်လိုဆက်ဖြေရှင်းကြမလဲ အတိတ်က သမိုင်းတွေကတော့ ဘာလျို့ဝှက်ချက်တွေရှိနေမလဲဆိုတာ စိတ်ဝင်စားစရာစောင့်ကြည့်ရမှာပါပဲ… ဒရာမာကောင်း သမိုင်းရုပ်ရှင်ကောင်းကြိုက်သူတွေ ကောင်းကောင်းသဘောကျကြမှာသေချာပါတယ်။ File size…(1.9GB)/(974Mb)/(488 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre…Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Adventure • Science Fiction
7.6 2022
Downton Abbey: A New Era
Maybe I Do
4.9

Maybe I Do (2023) =============== တိုးတက် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရ လူငယ်တွေရဲ့ အချစ်ရေးကလည်း တမျိုးတဖုံ ပြောင်း လဲလာသလို အိမ်ထောင်ရေးတစ်ခုကို အတည်တကျ တည်ဆောက်ဖို့ ကြောက်ရွံ့လာကြပါတယ်။ အိမ်ထောင်ရေးတစ်ခုကို စတင်ဖို့ Commitment, Loyalty, Trust စတဲ့ အခြေခံအချက်တွေလိုအပ်သလို အိမ်ထောင် ကျပြီးကာစ ချစ်ကြည်နူးချိန်တွေကုန်ဆုံးပြီး၊ ပြဿနာတွေ ပေါ်လာတဲ့အချိန် ဘယ်လိုအရာတွေက အိမ်ထောင်ရေးတစ်ခု ကို ဆက်လက်တည်မြဲအောင် တွန်းအားပေးသလဲ ဆိုတာတွေ ကို မတူညီတဲ့ ခံယူချက် စိတ်နေစိတ်ထားတွေနဲ့ ချစ်သူနှစ်ဦး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲ။ အိမ်ထောင်တစ်ခုကို စတင်ဖို့ကြိုးစားချိန် အခက်အခဲ၊ အလှည့် အပြောင်း၊ လွန်ဆွဲမှုများကို လေးနက်တဲ့ ဒိုင်ယာလော့ဒ်တွေ ကြားထဲက ဟာသနှောရင်း တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ် ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.45 GB) / (484 MB) / (267 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Sai Sumali Encoder……….SWM

4.9 2023
Maybe I Do
[18+] Alexandra’s Project
6.5

IMDb Rating/(6.5) အိမ်ထောင်ရေးတစ်ခုမှာ သာယာမှုဆိုတာကို ဘယ်လိုဆုံးဖြတ်တတ်ကြပါသလဲ လူအမျိုးမျိုး စိတ်အထွေအထွေမို့ အကြောင်းအရာမျိုးစုံရှိကြမှာပါ အပေါ်ယံကြည့်ရင် သာယာချမ်းမြေ့တဲ့ မိသားစုလို့ ထင်ရပေမယ့် နောက်ကွယ်မှာ ကာယကာရှင်ကိုယ်တိုင်သာ သိမြင်ခံစားရတဲ့ ကိစ္စတွေအတော်များများရှိတတ်ကြပါတယ် ဒီကားလေးကတော့ Gone Girl ဆန်ဆန်လေး ဆိုပါတော့ အထန်ကောင် ယောက်ျားကို ပိုင်ဆိုင်ထားမိတဲ့ Alexandra တစ်ယောက် သားသမီးမျက်နှာကိုထောက်ပြီး နှစ်ပိုင်းများစွာ သည်းခံခဲ့ပေမယ့် အတိုင်းထက်လွန်လာတဲ့ ကိစ္စတွေ သိရှိကြုံတွေ့ လာရတဲ့အခါ ဘယ်လိုသင်ခန်းစာပေးမလဲ ချစ်ခြင်းမေတ္တာတွေ ဆာလောင်မွတ်သိပ်ချိန် ခင်ပွန်းဖြစ်သူရဲ့ လိင်အသုံးချမှုသက်သက်အဖြစ်ပဲ နေထိုင်လာရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘယ်လို တုန့်ပြန်မလဲဆိုတာ CM ပရိသတ် ယောကျာ်းဘသားတို့ ဘုတုတ အနေနဲ့သတိထားရအောင် ကြည့်ရှုခံစားလိုက်ကြပါ… အမျိုးသမီးထုတို့လည်း မွေးနေ့လက်ဆောင်ကောင်းလေး ရှာဖွေနေရပြီဆိုရင် ဒီကားလေးကို ကြည့်ရှုရင်း လေ့လာလိုက်ကြပါနော် Best Film from Oceania, Best Screenplay နဲ့ Best actress ဆု၃ဆုအပြင် Nominations တွေလည်း အများကြီး ဝင်ထားတာမို့ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ခံစားရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း….. (ဝတ်လစ်စလစ်နဲ့ လိင်အသားပေးခန်းတွေ ပါရှိတာကြောင့် ၁၈ယောက်စုပြီးမှကြည့်ရှုကြပါရန်…) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Mugiwara Ya ပဲဖြစ်ပါတယ်။)

Romance • Science Fiction
6.5 2003 103 mins
[18+] Alexandra’s Project
Southern Mao and Northern Ma
5.9

ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ plot twist တွေနဲ့ ပြည့်နက်နေတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ ထူးဆန်းတဲ့ တောင်နတ်ကျောင်းက လူသတ်မှုက ရှန်းဟိုင်ဂိတ်အပြင်က ကျီဆွေမြို့ရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။ မြို့စားရဲ့ သခင်လေးတို့အဖွဲ့ ခရီးထွက်လာရာမှာ သခင်လေးတစ်ယောက်ထဲ ရူးသွပ်ပြီး ပြန်လာတာက လွဲရင် ကျန်လူအားလုံး သေဆုံးခဲ့ရပါတယ်။ မြို့ပေါ်မှာလည်း ဒီလူသတ်မှုက သရဲမ လုပ်တာလို့ ပြောနေကြပြီး အားလုံးက စိုးရိမ်နေကြပါတယ်။ မြို့ထဲက ဦးလေးရင်းဟာ ဆေးပညာဖြင့် သခင်လေးရဲ့ ရောဂါကို ကုသပေးခဲ့ပေမယ့်လဲ အမြစ်ပြတ်မပျောက်နိုင်ပဲ မကြာခဏ ရောဂါပြန်ဖောက်နေပါတယ်။ ပိုင်လျိုဟွေး ဆိုတဲ့ ဆာ့မန်ပညာရှင်အဖွဲ့က ကျီဆွေမြို့ကို ရောက်လာပြီး သခင်လေးအတွက် တရားပွဲလုပ်ပေးပြီး မိစ္ဆာနှင်ပေးမှပဲ သခင်လေးမှာ ချက်ချင်းသက်သာသွားခဲ့ပါတယ်။ သူတို့ ၃ ယောက်ကိုလည်း နတ်အဖြစ် ပူဇော်ခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ မြို့ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ထွက်ပေါ်လာပါတော့တယ်။ ရေကန်ထဲမှ သရဲမ၊ မိစ္ဆာတပ် လမ်းဖြတ်ခြင်း စတဲ့ ဒီလိုကိစ္စတွေမှာ ပြည်သူတွေကလည်း နတ်သား ၃ ပါးကို အကူအညီတောင်းကြပါတော့တယ်။ ဦးလေးရင်းက ဖြစ်ရပ်မှန်တွေကို လိုက်လဲစုံစမ်းပြီး ဒီအရာအားလုံးက ပိုင်လျိုဟွေးတို့ လုပ်တာမှန်း သေချာသလောက် ဖြစ်နေစဉ် ထို နတ်သား ၃ ပါးထဲက ဟွေးဝူချန်နဲ့ ပိုင်စစ်ရဲတို့ သေဆုံးသွားခဲ့ပါတယ်။ ဦးလေးရင်းတစ်ယောက် အမှန်တရားကို ဘယ်လို ဖော်ထုတ်မလဲ….. နောက်ကွယ်က ကြိုးကိုင်နေတဲ့ တရားခံအစစ်ကရော ဘယ်သူ ဖြစ်နေမလဲ….. ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်လိုက်ရအောင်နော်။

Drama • Horror
5.9 2023
Southern Mao and Northern Ma
Guidance
5.6

AI ခေတ်ကြီးထဲ AI ကို အဆုံးမဲ့စွမ်းအင်အဖြစ် အသုံးပြုပြီး လူတွေရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်မယ်ဆို ဘယ်လို ကမ္ဘာကြီးဖြစ်လာမှာလဲ စဉ်းစားတဲ့သူရှိကြမှာပဲ.. ဒီလူငါ့ကို လိမ်နေတာလား… အမှန်အတိုင်းပြောနေတာလား ဆိုပြီး အလိုလိုသိချင်တဲ့သူရှိမှာပဲ.. သူတွေးလိုက်တိုင်း ငါသိနေတယ် ဆိုတာမျိုး ဖြစ်ချင်ကြသူလည်း နည်းမှာမဟုတ်ပါဘူး…. ဒီဇာတ်ကားလေးက Guidance ဆိုတဲ့ လူတွေရဲ့ စိတ်ခံစားချက်ကို လိမ်ညာမရအောင် ခံစားချက်အမှန် ဖော်ပြပြီး ထိန်းချုပ်ထားတဲ့ App အကြောင်း နောက်ခံထားပြီး ရိုက်ကူးထားတာပေါ့…. NIS ဆေးလုံးလေးသောက်လိုက်တာနဲ့ အချင်းချင်း ကိုယ့်ကို လိမ်နေတာလား…. အမှန်ပြောနေရဲ့လား… သူ့ခံစားချက် အစစ်အမှန်က ဘာလဲ မြင်ရမယ်ဆို သောက်ကြည့်ကြမှာလား… ဇာတ်လမ်းထဲက ဟန်မြောင်ဆိုတဲ့ ကောင်မလေးနဲ့ သူ့ချစ်သူ မိုက်ဇီရွှမ်တို့ကတော့ သောက်ခဲ့ကြပါတယ်… အပြန်အလှန် သိချင်တဲ့ အချက်လေးတွေက တွန်းအားပေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်… ကဲဒီတော့ သဘာဝလွန် ဒီစိတ်ကူးယဉ် ဆေးလုံးလေးက တကယ်ပဲ လူတွေကို ထိန်းချုပ်နိုင်သွားမှာလား… တကယ်ရော ချစ်သူနှစ်ဦးကို ပိုကောင်းတဲ့ အဆုံးသတ်ဆီ ပို့ပေးမှာလား… တကယ် ဒီ App က ချစ်ကြည်ရေးတွေ သယ်ဆောင်ပေးပြီး လူသားတွေအတွက် လိုအပ်ရဲ့လား… ကြည့်လိုက်ကြရအောင်~

Comedy • Action • Crime
5.6 2021
Guidance
Love Will Tear Us Apart
6

june10,2021မှာ ထွက်လာတဲ့ ရင်နင့်အောင်ခံစားရပြီး လူကြိုက်များလှတဲ့ အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ… ၁၀နှစ်ကြာ ငါနဲ့အတူရှိနေခဲ့တဲ့ သူမကမနက်ဖြန်လက်ထပ်တော့မယ်…….. ငါလိုချင်တာငါတို့အတူရှိနေဖို့ပဲ….. မင်းငါ့ကိုမလိုချင်တော့တာကလွဲရင် ငါကမင်းကိုဘယ်တော့မှပစ်ပယ်မှာမဟုတ်ဘူး… ငါမင်းကိုချစ်ခဲ့မိလို့ ဘယ်တော့မှနောင်တမရဘူး….. လွီချင်းယန်ဟာ လင်ယီးယောင်ဆိုတဲ့ကောင်မလေးကို အထက်တန်းကျောင်းသားဘဝမှာ တစ်ချိန်ကျရင် သူမကို ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုဖန်တီးပေးမယ်လို့ တစ်ကျောင်းလုံးရှေ့မှာ ဂတိပေးခဲ့တယ်….. သူတို့တွေ အပြန်အလှန် အရူးအမူးချစ်မိသွားလို့ နှစ်ပေါင်းများစွာချစ်သူဖြစ်လာတယ်.. လွီချင်းယန်ဟာ ကောင်မလေးအတွက် အလုပ်ပေါင်းများစွာကြိုးစားလုပ်ကိုင်ခဲ့ပြီး ​ လူအများအားကျရတဲ့ မဂ်လာပွဲနဲ့ ဘဝကိုဖန်တီးပေးဖို့ အမြဲစိတ်ကူးနေခဲ့တယ်….. သူတို့ရဲ့ဘဝလေးဟာ ငွေကြေးမပြည့်စုံပေမယ့် ပျော်ရွှင်ဖွယ်ကောင်းနေခဲ့တယ်….. တခြားအရာတွေထက် ကောင်လေးဘေးမှာ ရှိနေဖို့သာလိုအပ်ပြီး အမြဲလိုလိုလက်ထပ်ဖို့ အသင့်ရှိနေတဲ့သူမ… သူမကို​​ပြီးပြည့်စုံအောင်ထားနိုင်မှ လက်ထပ်ယူချင်တဲ့သူတို့ ထာဝရပေါင်းစည်းနိုင်ပါ့မလား.. Quality : WEB-DL 720p Format : mp4 Filesize : 1.24 GB Genres : Romance During : 1h 45min Subtitle : Myanmar Subtitle ( Hardsub ) Translator : Yamin Ei Encoder : LK

Comedy • Drama
6 2021 105 mins
Love Will Tear Us Apart
The Tracey Fragments
6

The Tracey Fragments ဒီဇာတ်လမ်းထဲမှာတော့ လက်ရှိခေတ်စားနေတဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Umbrella Academy မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Elliot Page ရဲ့ ကလေးဘဝသရုပ်ဆောင်ထားတဲ့ ဇာတ်ကွက်တွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ထရေစီလို့ခေါ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကြောင်းကို အခြေခံထားတာပါ။ ထရေစီဟာ ငယ်ငယ်ကတည်းက အတွေးအမြင်တွေ ဆန်းသစ်လွန်းလို့ သူ့မိဘတွေက သူ့ကို စိတ္တဇဆိုပြီးနာမည်တပ်ပြီး အိမ်ထဲမှာ မျက်သာလုံးဝမပေးခံရတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ သူဟာ သူ့မောင်လေး ဆန်နီနဲ့ကစားနေရင် တစ်နေရာမှာ သူ့မောင်လေးပျောက်သွားပါတယ်။ ဒါကို သူ့အိမ်ကကော ကျောင်းပတ်ဝန်းကျင်က တခြားဖိအားတွေနဲ့ ပေါင်းသွားတဲ့အခါမှာ ထရေစီဟာ တကယ့်အရူးသယောင် ဖြစ်သွားရပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ စိတ္တဇတစ်ယောက်ရဲ့ တွေးတောဆင်ခြင်ပုံ လူတစ်ယောက်က စိတ်ဒဏ်ရာရသွားတဲ့အချိန်မှာ ဦးနှောက်နေ သူတို့ရဲ့မှတ်ဉာဏ်ကို ဘယ်လိုမျိုးပြောင်းလဲပစ်တတ်လဲဆိုတာကို တစိုးတစမြင်ရမှာပဲဖြစ်ပါတယ်။ File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

6 2007 77 mins
The Tracey Fragments
L’immensità

ဒီဇာတ်ကားကတော့ ၁၉၇၀ခုနှစ်လောက်မှာဇာတ်အိမ်တည်ထားပြီး ကလာယာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဖောက်ပြန်ပြီးကြမ်းတမ်းစွာပြောဆိုပြုမှုတတ်တဲ့ယောကျာ်းနဲ့ စိတ်ဆင်းရဲစွာပေါင်းသင်းနေရတာပါ။ သူ့ဖက်က ကွာရှင်းဖို့ကြိုးစားပေမယ့်လဲ မအောင်မြင်တာကြောင့်အောင့်အီးသည်းခံပြီး ဆက်လက်ပေါင်းဖက်နေရတာပေါ့။ ဒီလိုမျိုး မိဘတွေကအမြဲတမ်း အ‌ဆင်မပြေဖြစ်နေတော့ ကလေးတွေအပေါ်ကိုပါတဖြည်းဖြည်းနဲ့ ရိုက်ခတ်လာတော့တာပါပဲ။ ကလေးသုံးယောက်ရှိတာကိုမှ အခံစားရဆုံးကတော့ သိတတ်နားလည်တဲ့အရွယ်ရောက်နေတဲ့ သမီးအကြီးဆုံး အန်ဒရီရာပါ။ မိဘတွေနဲ့ပတ်သက်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့အန်ဒရီရာဟာ စိတ်ထွက်ပေါက်အနေနဲ့ ယောကျာ်းလေးလိုဝတ်၊ယောကျာ်းလေးလိုပြောပြီး၊ ယောကျာ်းလေးလို‌ပဲနေပါတော့တယ်။ ဒီလို‌နဲ့တစ်နေ့မှာတော့ ဆာရာဆိုတဲ့ကောင်မလေးနဲ့တွေ့မိပြီး သူငယ်ချင်းအဖြစ်ကနေ တစ်ဖြည်းဖြည်းသံယောဇဉ်ပိုလာကာ ဘာတွေဆက်ဖြစ်မလဲဆို‌တာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…(1.4 GB)/(886 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 2023
L’immensità
Cellar Door

IMDb – 5.4 Thriller ကားကောင်းတွေ သဘောကျတဲ့ cm ပရိသတ်တွေအတွက် 2024 ထွက် thriller ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဂျွန်နဲ့ ဆာရာတို့ကတော့ သူတို့ရဲ့ပထမဆုံးကိုယ်ဝန်ပျက်ကျပြီးနောက်မှာ အရာအားလုံးကိုပြန်စတင်ဖို့ အိမ်အသစ်လေးတစ်လုံးကို လိုက်ရှာဖွေနေခဲ့ကြ‌တာပါ။ သူတို့နေချင်တဲ့မြို့မှာ အိမ်တွေလိုက်ရှာခဲ့ပေမဲ့လည်း ဈေးမတတ်နိုင်တဲ့အိမ်တွေနဲ့ ပျက်စီးနေတဲ့အိမ်ဟောင်းတွေပဲတွေ့နေရလို့ လက်လျော့ခါနီးဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိမ်ခြံမြေပွဲစားက သူ့ရဲ့မိတ်ဆွေကတော့ ကူညီပေးနိုင်လောက်တယ်ဆိုပြီးအကြံပေးမှုကြောင့် အိမ်ကြီးပိုင်ရှင် အမ်းမက်ဆီ ရောက်သွားခဲ့ကြရာကနေ အခြေအနေတစ်ခုကို လက်ခံနိုင်ရင် အိမ်ကြီးတစ်အိမ်လုံးကို အပိုင်ရမယ်ဆိုပြီးအမ်းမက်က ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီအခြေအနေကတော့ မြေအောက်ခန်းတံခါးကို ဘယ်တော့မှဖွင့်မကြည့်ဖို့ပါ။ ဂျွန်နဲ့ ဆာရာတို့လည်း ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး သူတို့အိပ်မက်ထဲကအတိုင်း အိမ်ကြီးမှာ ဘဝသစ်ကိုစကြရတော့မယ်ဆိုပေမဲ့ တဖြည်းဖြည်းနဲ့ အိမ်ကြီးရဲ့ လျို့ဝှက်ချက်တွေပေါ်ပေါက်လာတဲ့အခါမှာ‌ ဂျွန်နဲ့ဆာရာရော သူတို့သဘောတူထားတဲ့ အချက်ကို ဆက်ပြီး လိုက်နာနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(786 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:37:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by TMMT

Drama
0 2024
Cellar Door
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red
Boonie Bears: Future Reborn
6

ဒီတစ်ခေါက်မှာတော့ တရုတ်ရဲ့ ပြည်တွင်း နာမည်ကြီး ကာတွန်းစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ ဝက်ဝံညီအစ်ကိုနဲ့ သစ်ခုတ်သမားကြီး ဖိုးကတုံး (ကွမ်းထို့ချန်) တို့ရဲ့ ၁၁ ခုမြောက်ရုပ်ရှင်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရုံတင်သွားခဲ့တဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးထဲမှာ အရင်လိုပဲ မတည့်အတူနေ ဝက်ဝံကြီးနဲ့ ဝက်ဝံလေးတို့က ကွမ်းထို့ချန် နဲ့ မိတ်ဆွေတွေပါပဲ… မတူတော့တာကတော့ နောက် အနှစ် ၁၀၀ မှာ ဒီလောကကြီးက မတူတော့တာပါပဲ… အသားစားတဲ့ အပင်တွေက နေရာယူပြီး… ယခင်ကတည်ရှိနေတဲ့ သက်ရှိအားလုံးကတော့ မျိုးတုံး ပျက်စီးကုန်တာပါပဲ… ဒါတွေအားလုံးက တရားခံကတော့ ကွမ်းထို့ချန်ပါပဲ… ဟုတ်ပါတယ်… ဇာတ်လမ်းလေးအစကို ပြောရမယ်ဆိုရင်… ဒီရုပ်ရှင်ထဲမှာ ကွမ်းထို့ချန် က သစ်မခုတ်တော့ဘဲ ခရီးသွားလမ်းညွှန်အလုပ်ကို ပြောင်းလုပ်နေတာပါ… ဒါပေမယ့် ခရီးသည်တွေကို မထိန်းနိုင်တဲ့လမ်းညွှန်ပေါ့… ဒီလိုနဲ့ ခရီးသည်တွေရဲ့ ကွန်ပလိန့်(မကျေနပ်ချက်)တွေကို ဖြေရှင်းရင်း… သူက ခရီးသွားလို့ကောင်းမယ့် နေရာသစ်ကို ရှာတွေ့ပြီး… ဒီဒေသအသစ်ရဲ့ သီးသန့်ကိုယ်စားလှယ်အဖြစ် ရာထူးတိုးခံရတော့မယ့်အချိန်မှာပဲ… အနာဂတ်က ရှောင်လျန်ဆိုတဲ့ ကောင်လေးတစ်ယောက်က အချိန်ခရီးသွားပြီးတော့ ကွမ်းထို့ချန်ကို လူဆိုးကြီးဆိုပြီး အပြစ်တင်ရင်း… အလုအယက်ဖြစ်ရင်း အနာဂတ်ကိုရောက်သွားရော… ဝက်ဝံ့ညီနောင်လည်း ပါတာပေါ့… ဒီတော့ သူတို့နဲ့ စိမ်းနေတဲ့ အနာဂတ်ဝန်းကျင်မှာ နေနိုင်ပါ့မလား… ရှောင်လျန်နဲ့ပေါင်းပြီးပဲ အနာဂတ်ကို ကယ်တင်နိုင်မလား… သူတို့ရဲ့ မူလဘဝကိုပဲ ပြန်သွားနိုင်ပါ့မလားဆိုတာကိုတော့… ဇာတ်လမ်းလေးကြည့်လိုက်ကြတာပေါ့နော်

6 2025
Boonie Bears: Future Reborn
Young Gun in The Time
7.3

Young Gun in The Time (2012) IMDb 7.3 ဇာတ်လမ်းအညွှန်း ဒီတစ်​ခေါက် တင်ဆက်​ပေးမယ့် ရုပ်ရှင်ကားက​တော့ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ Young Gun in the Time ဆိုတဲ့ သိပ္ပံအက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ ​ယောင်းဂွန်း​စုံ​ထောက်​အေဂျင်စီမှာ အလုပ်လုပ်​နေတဲ့ စုံ​ထောက်ဟုန်းဆီကို ချွဲဆုန်းဟျွန်းလို့ခေါ်တဲ့ မိန်းမလှ​လေးတစ်​ယောက် ​ရောက်လာပြီး အမှုတစ်ခုလာအပ်ခဲ့တယ်။ အဲဒါက​ လူတစ်​ယောက်ကို သတ်ခိုင်းတဲ့အမှုဖြစ်ပြီး အဲဒီလူကို မသတ်ရင် သူ​သေရပါမယ်ဆိုပြီး ​ပြော​နေ​ပေမဲ့ စုံ​ထောက်ဟုန်းက အမှုကိုလက်မခံနိုင်​ကြောင်း ငြင်းဆိုလိုက်တယ်။ မကြာခင်မှာပဲ အဲဒီမိန်းမလှ​လေး အသတ်ခံလိုက်ရပါ​တော့တယ်။ စုံ​ထောက်ဟုန်းတစ်​ယောက် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ခံစား​နေရချိန်မှာ ချွဲဆုန်းဟျွန်းကို အမှတ်မထင် ပြန်​တွေ့လိုက်ရပါ​တော့တယ်။ တကယ်​တော့ ​သေသွားတဲ့ ချွဲဆုန်းဟျွန်းဆိုတာက အချိန်ခရီးသွားစက်ကိုသုံးပြီး အနာဂတ်က​နေ ​ရောက်လာတဲ့သူဖြစ်​နေတာကို သိလိုက်ရတယ်။ ဒါ​ကြောင့် စုံ​ထောက်ဟုန်းတစ်​ယောက် ​ပျောက်​နေတဲ့ အချိန်ခရီးသွားစက်ကို လိုက်ရှာပြီး ချွဲဆုန်းဟျွန်းမ​သေခင် ၃ရက်အလိုကို ပြန်သွားဖို့ ကြိုးစားပါ​တော့တယ်။ တစ်ဖက်မှာလည်း ချွဲဆုန်းဟျွန်းကို​ သတ်ဖို့ကြံ​နေတဲ့လူဟာ အချိန်ခရီးသွားစက်ကို လိုက်ရှာ​နေတာမို့ ဒီအမှုထဲ ဝင်ရှုပ်တဲ့ စုံ​ထောက်ဟုန်းနဲ့ အ​ပေါင်းအပါကိုပါ လိုက်သတ်ပါ​တော့တယ်။ ဒီလို​ပွေလီတဲ့အမှုအခင်းထဲက စုံ​ထောက်ဟုန်းတစ်​ယောက် ဘယ်လို​အ​​ဖြေရှာပြီး ​ရုန်းထွက်မလဲ။ လူသတ်သမားကို ဘယ်လိုအနိုင်ယူမလဲ။ ချွဲဆုန်းဟျွန်းကို​ရော ကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုလိုက်ရ​အောင်ပါ။ (အညွှန်းကိုတော့ Staryက ရေးသားထားပါတယ်) File Size ~~~ 1.49 GB/ 646 MB Quality ~~~WED-DL 1080p/ 720p Duration~~~ 1:36:16 Format~~~mp4 Genre ~~~ Action, Comedy, Crime Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Stary Encoded by~~~ Treasure Htet

Comedy
7.3 2012
Young Gun in The Time