YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Sakla Beni.2023.EP10(A)720P(CM).mp4

368.49 MB N/A video/mp4 89 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Last Coffee
7

နာမည်လေးကိုကနောက်ဆုံးကော်ဖီတစ်ခွက်တဲ့ ‌ကြည့်ရင်းနဲ့ သင်ခန်းစာယူစရာတွေနဲ့ အတွေးတစ်ခုခုရနိုင်မဲ့ဇာတ်ကားမျိုးပါ ဘဝမှာပြန်ပြင်လို့မရတဲ့အမှားတွေလုပ်ဖူးကြမှာပေါ့ ဒီထဲမှာအိမ်ထောင်ရေးလည်းပါဝင်မှာပါ ဒီကားမှာဆိုရင်တော့ သိပ်ချစ်ကြတဲ့လင်မယား၂ယောက် ရီဟန်နဲ့ အီရမ်တဲ့ ရီဟန်ကအိမ်ထောင်ကွဲပေမဲ့ အရာရာနားလည်ပေးပြီးလက်ထပ်ပေးခဲ့တဲ့အီရမ်... ပြဿနာတစ်ခုကြောင့် ကွာရှင်းရမဲ့အထိဖြစ်လာတဲ့အခါ ဘယ်သူမှားမလဲဘယ်သူမှန်မလဲ အိမ်ထောင်ရေးတစ်ခုမှာယုံကြည်မှုက အဓိကမဏိုင်ဖြစ်ပြီး တစ်ဖက်လူကိုမယုံကြည်နိုင်တော့ရင်တောင်မှ ပြဿနာကိုအဆုံးထိနားထောင်ပြီးမှ အိမ်ထောင်တစ်ခုကိုအဆုံးသတ်ကြဖို့ လွယ်လွယ်နဲ့လက်မလျော့ကြဖို့မီးမောင်းထိုးပြထားတဲ့ကားပဲဖြစ်ပါတယ် File size…855MB / 422MB Quality…1080p Zee5 WEB DL / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni

Drama • Romance • TV Movie
7 2023 80 mins
The Last Coffee
Don't Worry Darling
6.8

ဒီဒရာမာလေးကတော့ ပရိသတ်အချစ်တော်နာမည်ကြီးတွေများပါတယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ် ပြူ၊ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားပါတယ်။ Psycho drama thriller လေးပါပဲ။ ဇာတ်လမ်းထဲမှာ ဗစ်ထရီစီမံကိန်းဆိုတဲ့ ဘာမှန်းမသိတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ယောကျာ်းတိုင်းအတွက် အိမ်ရာတစ်ခုရှိပါတယ်။ အဲဒီအိမ်ရာမှာပဲ ဇနီးကိုယ်စီနဲ့ ပျော်ပျော်ရွင်ရွှင်နေကြပါတယ်။ စားစရာသောက်စရာ၊ ငွေကြေး ဘာမှကိုပူစရာမလိုပါဘူး။ အလုပ်ဆင်းတာနဲ့အချိန်တိုင်း ပျော်စရာတွေချည်းပါပဲ။ ပါတီတွေ၊ အားကစားတွေနဲ့ သုခဘုံအစစ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်ကနေဒီကိုရောက်လာသလဲ၊ ဘာအလုပ်တွေလုပ်ရလဲဆိုတာ အားလုံးဝေဝေဝါးဝါးပါပဲ။ အဲဒီလူတွေထဲကနေ ဒီလောကကြီးကို သံသယဖြစ်လာသူတွေရှိရင်လည်း အားလုံးက သူ့ကိုရူးနေသလိုပဲထင်ကြပါတယ်။ အဲဒီလို သံသယရှိလာသူတွေထဲမှာ အဲလစ်ပါလာတဲ့အခါ ဒီအရာတွေအားလုံးကိုအဖြေရှာဖို့ ကြိုးပမ်းလာပါတော့တယ်... ဒီဇာတ်ကားကတော့ လက်ရှိဘဝတွေနဲ့လူတွေရဲ့စိတ်တွေကို နိမိတ်ပုံလေးနဲ့ ပြထားတာဖြစ်ပြီး ကြည့်နေရတဲ့လူကိုပါ အားမလိုအားမရ မွန်းကြပ်လာအောင်ဖန်တီးထားတဲ့အမျိုးအစားမို့ တမူထူးခြားပြီးခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ခုပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 901MB | 495MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Fantasy • Horror
6.8 2022 123 mins
Don't Worry Darling
Men in Black 3
6.5

ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်... အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်... တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်... သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ထင်တာပါပဲ အေးဂျင့်ကေ ကို သတ်လိုက်နိုင်ပြီး အချိန်စက်ဝိုင်းက ပြောင်းလဲသွားခဲ့ပါတယ်.... အေးဂျင့် ကေ ကို လူတိုင်းက မေ့သွားပေမဲ့ အေးဂျင့် ဂျေ တစ်ယောက်ထဲ မှတ်မိနေပါတော့တယ် အချိန်စက်ဝိုင်း ထဲ ပြန်သွားပြီး ပြုပြင်ဖို့ အေးဂျင့် ဂျေ မှာ တာဝန်ရှိလာခဲ့သော အခါ.... ဒီရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် File size…9.67GB / 2.28GB / 1GB Quality…4K UHD BluRay / 1080p BluRay / 720p Format…mkv /mp4 Duration….1h 46mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Archi Thang Gyi

Crime • Science Fiction • Thriller
6.5 2012 106 mins
Men in Black 3
Ingrid Goes West
6.4

Ingrid Goes West(2017) ဇာတ်ကားလေးကတော့Social Media တွေမှာဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။ လေ့လာချက်တွေအရ Social Media တွေကြောင့် လူတွေက မနာလိုစိတ်တွေ စိတ်ဖိစီးမှုတွေ စိတ်ကျရောဂါတွေ ပိုခံစားလာရပါတယ်တဲ့။ သင်ကိုယ်တိုင်ရော အဲ့လိုတွေခံစားနေရရင်တော့ ဒီကားလေးကိုကြည့်ကြည့်ပါ။ လက်တွေ့ဘဝနဲ့ ကွာဟမှုတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ စွဲလမ်းမှုတွေ ကို ဒီကားထဲမှာကောင်းကောင်းကြီး ပြသထားနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဂရစ်ဆိုတဲ့ကောင်မလေးက အမေသေသွားပြီးနောက်ပိုင်း အင်စတာဂရမ်ကိုသာအဖော်ပြုနေခဲ့ရတာပါ။ ကြာလာတော့ အပေါင်းအသင်းမရှိပဲ အကုန်လုံးနဲ့ကင်းကွာသွားချိန်မှာ အမေ့အမွေ ဒေါ်လာ ၆သောင်းကျော်ကို ရလိုက်ပါတော့တယ်။ အဲ့အချိန်မှာ ဘဝအသစ်ကိုစတင်တော့မယ်ဆိုပြီး LA ကိုထွက်လာပါတော့တယ်။ အင်စတာဂရမ်ထဲက နာမည်ကြီးcele တွေလို စိတ်တိုင်းကျနေထိုင်ခွင့်သူ့မှာရှိလာတဲ့အခါ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့စိတ်ဝင်စားစရာပါ။ ကြည့်ပြီး တစ်ခုခုတော့မှတ်သားစရာရသွားမှာပါ။ Rating တွေအနေနဲ့ကတော့ Imdb 6.9/10 Rotten Tomatoes 86ရရှိထားတာမို့ကားကောင်းလေးပါလို့ပဲ ညွှန်းလိုက်ပါတော့တယ် (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ) File Size : (750 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Comedy • Drama
6.4 2017 97 mins
Ingrid Goes West
Free State of Jones
6.7

ဒီ Free State of Jones ဇာတ်ကားဟာဖြင့်အမေရိကန်ပြည်တွင်းစစ်အတောအတွင်းဖြစ်ပွားခဲတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံထားတဲ့ကားကောင်း တစ်ကားပါပဲ။ဒီဇာတ်လမ်းမှာ ဆင်းရဲသားတွေနဲ့လူချမ်းသာတွေရဲ့ တဖြည်းဖြည်းကွာဟလာတဲ့ ဘဝတွေကိုပေါ်လွင်အောင်ပြထားနိုင်တယ်လို့ချီးမွမ်းကြပါတယ်။ ဒီဇာတ်လမ်းမှာNewton Knight ဆိုတဲ့ ဆင်းရဲသားလယ်သမားတစ်ယောက် ဦးဆောင်တဲ့ လွတ်မြောက်လာတဲ့ကျွန်တွေ၊ဆင်းရဲသားတွေရဲ့ တော်လှန်ပုံ ကိုပီပီပြင်ပြင်ပုံဖော်ထားလို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောရမှာပါ (ဇာတ်လမ်းအညွန်းကိုတော့ Shocking Pink မှရေးသားပေးထားတာဖြစ်ပါတယ်) File Size : 1 GB /500 MB Quality : Blu ray 720P Running Time : 2hr 15 minute Format : Mp4 Genre : Action, Biography, Drama Encoder : Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.7 2016 140 mins
Free State of Jones
The Kill Room

The Kill Room (2023) ============ Comedy , Thriller Samuel L.Jackson နဲ့ Ethan Hawke သမီး Maya တို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းဖြစ်ပါတယ် ဂေါ်ဒန်လို့ခေါ်တဲ့ ဆင်မြူရယ်ဂျက်ဆင်က နယူးဂျာစီမှာ စားသောက်ဆိုင်ဗန်းပြပြီး မူးယစ်မှောင်ခိုတွေလုပ်နေတဲ့ လူမိုက်ကြီးပေါ့… ဒါပေမယ့် တစ်နေ့သူ့ရဲ့ မသမာတဲ့ ငွေတွေကို ငွေကြေးခဝါချပြီး…တရားဝင်သုံးလို့ရတဲ့ ငွေဖြူအဖြစ်ပြောင်းလဲဖို့ လိုအပ်လာပါတယ် အဲ့ဒီမှာ သူသွားတွေ့လိုက်တာက ပန်းချီပြခန်းတစ်ခုပါပဲ….. ကားရောင်းအဝယ်လုပ်ပြီး ဗန်းပြရင်တောင်..ကားတစ်စီးရဲ့တန်ဖိုးနဲ့ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို IRS ခေါ် အခွန်ဌာနက လူတွေက သိပြီး အမှုပတ်သွားနိုင်ပါတယ်… ဒါပေမယ့် အနုပညာပစ္စည်းဖြစ်တဲ့ ပန်းချီကားတွေဆိုတာက …တစ်ချပ်ကို သိန်းချီ သန်းချီဆိုလည်း တန်ကြေးရှိနိုင်ပြီး ဗန်းပြလို့ကောင်းပြီး ငွေဖြူပြောင်းပေးနိုင်တဲ့ အကောင်းဆုံး လမ်းကြောင်းတစ်ခုပဲ ဒါကို မြင်သွားတဲ့ ဂေါ်ဒန်ကသူ့တပည့် ရက်ဂျီကို ပန်းချီကားတစ်ချပ် ဆွဲချင်သလို ဆွဲခိုင်းပါတယ်… ရက်ဂျီကလည်း လက်တည့်စမ်းလိုက်တာ..သူဆွဲလိုက်တဲ့ ပန်းချီကားက ကမ္ဘာ့အနှံ့က ပန်းချီကားစုဆောင်းသူတွေ ထိပ်ထိပ်ကြဲသူဌေး‌ မီလီယံနာကြီးတွေအထိ နာမည်ကြီးပြီး…သတင်းစာ မီဒီယာတွေကတောင် ဆောင်းပါးတွေ ရေးကုန်ပါတယ်… ဒီအတွက် ရက်ဂျီလည်း လူတွေမရိပ်မိအောင် နောက်တစ်ချပ် ထပ်ဆွဲရပြန်ပါတယ်… ပန်းချီဆွဲရင်းနဲ့ ငွေပိုရှာနိုင်လာတဲ့ ရက်ဂျီနဲ့ဂေါ်ဒန်တို့ နှစ်ယောက်… ဒုစရိုက်လုပ်ငန်းတွေနဲ့ တရားဉပဒေကြားမှာ ဘယ်လို လှုပ်ရှားရင်း အဆုံးသတ်ကျော်ဖြတ်သွားမလဲ စိတ်ဝင်တစားကြည့်ရမယ့် Comedy , Thriller ကားကောင်းလေးဖြစ်ပါတယ် Cast တွေကလည်း အားလုံးသိတဲ့နာမည်ကြီးတွေဆိုတော့…မလွတ်တန်းစောင့်ကြည့်သင့်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Thriller Quality…. 1080p | 720p File size… 983MB | 519MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

Action • Adventure
0 2023
The Kill Room
Ronnie O’Sullivan: The Edge of Everything
7.8

Ronnie O’Sullivan: The Edge of Everything (2023) ~ IMDb rating – 7.8/10 ~ ရွန်နီ အို ဆာလီဗန် သို့မဟုတ် စနူကာတျာချင်းတို့ရဲ့ ပဉ္စလက်ရှင် သက္ကလတ်ခင်း စစ်မြေပြင်မှာ ကျူတံဝင့်ပြီး တိုက်ပွဲဝင်ခဲ့သူတွေထဲ “ရွန်နီ အို ဆာလီဗန်“ ဆိုတဲ့ နာမည်တစ်လုံးက အတောက်ပဆုံးဖြစ်တယ်။ ရွန်နီဟာ စနူကာရဲ့ နပိုလီယံ၊ စနူကာရဲ့ ဘီသိုဗင်၊ စနူကာရဲ့ ဒါဗင်ချီ၊ စနူကာရဲ့ စနူကာပဲ။ ကျူတံနဲ့ မှော်ဝင်သံစဉ်တွေဖန်ဆင်းကြတဲ့အခါမှာ ရွန်နီရဲ့တေးသွားတွေက သိပ်ကိုအရသာရှိလွန်းတယ်။ ထိုးချက်တိုင်းမှာ ဘုရားသခင်တန်ခိုးတော်နဲ့ လမ်းကြောင်းပေးတယ်လို့ထင်ရလောက်အောင် သိမ်မွေ့တိကျလွန်းတယ်။ သူကိုယ်တိုင်တော့ အကြီးကျယ်ဆုံးအဖြစ် မခံယူထားပေမဲ့ စနူကာတလောကလုံးက ရွန်နီကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားအဖြစ် လက်ခံထားကြပါတယ်။ ဒါကတော့ ဒီလိုဆာလီဗန်ရဲ့ ဘဝကို ခြေရာကောက်ထားတဲ့ ဒိုကူမန်ထရီတစ်ခုပါ။ နောက်ဆုံးမှာသူပြောသလိုပေါ့။ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဗီဒီယိုမှတ်တမ်းစစ်စစ်နဲ့ ကြည့်ခွင့်ရတာ ကျွန်တော်တို့ သိပ်ကံကောင်းပါတယ်။ ကမ္ဘာ့ချန်ပီယံရှစ်မှာ အသက်အငယ်ဆုံးဆုရှင်အဖြစ် အသက် ၁၇ နှစ်အရွယ်ကစပြီးပြေးလိုက်တဲ့ ဒီပြိုင်မြင်းဟာ ကမ္ဘာ့ချန်ပီယံဆု ၇ ကြိမ်၊ အင်္ဂလန်ချန်ပီယံဆု ၈ ကြိမ်၊ မာစတာဆု ၇ ကြိမ် နဲ့ အဆင့်မြင့်ဆုဖလားပေါင်း ၄၀ လုံးရရှိထားတယ်။ ကမ္ဘာ့နံပါတ်တစ် ကစားသမားအဖြစ် ရပ်တည်နေခဲ့တာလည်း ၃၆၆ ပတ်ရှိပါပြီ။ အင်တာနက်မှာ စနူကာလို့ ရှာလိုက်တာနဲ့ စနူကာနဲ့အတူ ရွန်နီရဲ့နာမည်ကို ဖော်ပြပါလိမ့်မယ်။ သူ့ကစားသမားဘဝသက်တမ်း အနှစ် ၃၀ မှာ ချိုးခဲ့ဖူးတဲ့စံချိန်တွေလည်း မနည်းမနောပါပဲ။ သူ့ရဲ့နာမည်ပြောင် ဒုံးပျံကြီး ဆိုတဲ့အတိုင်း အမြန်နှုန်းနဲ့ပတ်သက်ရင် သူတင်ထားတဲ့စံချိန်တွေမှ မနည်းမနောပဲ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ ပထဆုံးရာသီမှာတင် ၉ကျော့ပွဲကို ၄၃ မိနစ်နဲ့ အနိုင်ထိုးပြီး ဒုံးပျံဆိုတဲ့နာမည်ပြောင်ကိုရခဲ့တယ်။ ဒါက ဘာလို့အထင်ကြီးစရာကောင်းသလဲဆိုရင် ပျှမ်းမျှအားဖြင့် ၉ကျော့ပွဲတွေက ၂ နာရီ ကနေ ၃ နာရီအထိ ကြာတတ်လို့ပါပဲ။ အဲဒါတင်မကသေးပါဘူး။ ရွန်နီက Maximum Break တွေကို သိပ်ကြိုက်တဲ့သူပါ။ အနီ ၁၅ လုံး အမည်း ၁၅ လုံး နဲ့ တခြားအရောင် ၆ မျိုးစလုံး အပြည့်ထိုးမှရတဲ့ ၁၄၇ မှတ်စာ Maximum Break ကို ၁၅ ကြိမ် နဲ့ အများဆုံး စံချိန်တင်ထားပြီး Maximum Break အတွက် အမြန်ဆုံးစံချိန်ကိုလည်း ၅မိနစ် ၈ စက္ကန့်နဲ့ တင်ထားပါသေးတယ်။ ဆာလီဗန်ရဲ့ ကစားပုံတွေကိုကြည့်ရင် ပန်းချီဆရာတယောက် လက်စွမ်းပြနေရတာကို ဘေးကထိုင်ကြည့်နေသလိုပဲခံစားရလိမ့်တယ်။ ပန်းချီဆရာက သူ့ရဲ့အတွေးတွေကို စိတ်တိုင်းချဖြန့်ကျက်ခွင့်ပေးပြီး စိတ်လိုလက်ရ ဆေးခြယ်နေသလို ဆာလီဗန်ရဲ့ ကျူတံကိုင်ရင်း တစ်လုံးပြီးတစ်လုံး အတိမ်းအစောင်းမရှိ တည်ထိုးနေတာတွေကိုမြင်ရတာက ကြည့်ကောင်းသလောက် မယုံနိုင်စရာလည်းကောင်းလွန်းတယ်။ စနူကာဆိုတာ ပန်းချီမဟုတ်ဘူး။ စိတ်တိုင်းကျ စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး ကြုံသလိုထိုးရတာမျိုးမဟုတ်ဘူး။ ၁ မီလီမီတာ လောက်အတိမ်းအစောင်းက ဖလားကိုပါ ရင်းလိုက်ရနိုင်တဲ့အထိ ဖိအားများတယ်။ ဒီလိုနယ်ပယ်မှာ ဝုန်းဒိုင်းနဲ့ စဉ်းစားချိန်မယူသလောက်တွေးပြီးထိုးနေတဲ့ ဆာလီဗန်ရဲ့ခေါင်းထဲ ဘာတွေရှိနေမလဲ ရိုးရိုးလေးသိချင်မိမှာပါ။ သူကတော့ သူ့ကိုယ်သူ အတိမ်းအစောင်းမခံနိုင်တဲ့လူ Perfectionist လို့ပြောတယ်။ အဲဒီစိတ်ကြောင့်လည်း သူထမ်းပိုးခဲ့ရတဲ့ ဝန်ထုပ်တွေ သိပ်များလွန်းခဲ့တယ်။ မိသားစုအရေးမှာလည်း သူအချစ်ရဆုံး အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ သူ့အဖေက သူ့အသက် ၁၆ နှစ်မှာပဲ ထောင်ကျသွားခဲ့တယ်။ သူ စနူကာထပ်မထိုးတော့ဘူးလို့ သူ့အဖေကတောင် ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ရွန်နီက သူလုပ်စရာရှိတာကိုဆက်လုပ်တယ်။ သူ့ရဲ့အောင်ပွဲတွေကို သူ့အဖေနာမည်နဲ့ရည်စူးတယ်။ “အဖေ ကျွန်တော်လုပ်နိုင်ခဲ့ပြီ…” ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်လာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးနဲ့ အရက် ကို လွန်လွန်ကျွံကျွံ စားသုံးခဲ့တယ်။ အဲဒါကြောင့် ပြိုင်ပွဲက ရပ်နားခံရပြီး ဆုဖလားတစ်ခုလည်းသိမ်းယူခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့ ဇာတာပါတဲ့လူအတွက် ပြန်လာနိုင်စွမ်းဆိုတာအမြဲရှိတဲ့အတိုင်း သူပြန်လာခဲ့တယ်။ အခမ်းနားဆုံးဆိုတဲ့ ဘွဲ့ကိုယူဖို့ သူပြန်လာခဲ့တယ်။ သူ့အတွက် သမိုင်းဝင် သတ္တမအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ကို ၂၀၂၂ မှာ ပူပူနွေးနွေးပဲရယူခဲ့တယ်။ ဒါလည်း စံချိန်က ပြေးမလွတ်ပါဘူး။ အသက် ၄၆ နှစ်နဲ့ အသက်အကြီးဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်သွားတယ်။ တခြားအားကစားနယ်ပယ်တွေမှာ လူလွန်မသားလို့ခေါ်ရလောက်အောင်ကောင်းရင် စက်ရုပ်တို့ ဂြိုဟ်သား တို့ဆိုတဲ့နာမည်မျိုးပေးလေ့ရှိတယ်။ ရွန်နီရဲ့ လက်စွမ်းဟာ စကြဝဠာ လွန်ပါတယ်။ ဒါပေမဲ့ သူ့ကို စနူကာစက်ရုပ်ကြီးလို့ ဘယ်သူမှ နာမည်မတပ်ကြဘူး။ အကြောင်းအရင်းက သူ့ရဲ့ လူသားဆန်မှုကြောင့်ပဲဖြစ်လိမ့်မယ်။ ရွန်နီက သူ့ရဲ့ခံစားချက်တွေအပေါ် သိပ်ရိုးသားတဲ့လူပဲ။ သူ့စိတ်ထဲဘာတွေခံစားနေရလဲ၊ ဘာတွေတွေးနေလဲ အမြဲထုတ်ပြောတယ်။ မြိုသိပ်ထားလေ့မရှိဘူး။ သူ့ရဲ့ တမူထူးခြားတဲ့စရိုက်က တခြား စက်ရုပ်စနူကာသမားတွေထက်သာပြီး ရွန်နီအိုဆာလီဗန် ဆိုတဲ့ နာမည်တလုံး ‌ဖြစ်လာစေခဲ့တယ်။ ကမ္ဘာကျော်တွေရဲ့ ဒိုကူမန်ထရီတွေဟာ ကိုယ့်ကိုအမြင်ပွင့်စေပါတယ်။ အောင်မြင်ကျော်ကြားလွန်းတဲ့ သူတို့ရဲ့ ဘဝနေထိုင်ပုံက မျက်မြင်အရဆိုရင် ပြီးပြည့်စုံတယ်လို့ ထင်ရနိုင်ပေမဲ့ သူတို့ကိုယ်တိုင်ထုတ်ပြောလာမှ သူတို့ထမ်းပိုးထားရတဲ့ အစိုင်အခဲတွေကို မြင်ရတယ်။ ဒါကတော့ ‌ဒုံးပျံကြီး ရွန်နီအိုဆာလီဗန်ရဲ့ လျှော့ချနေဆဲ အစိုင်အခဲတွေအကြောင်းပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 915MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 53Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.8 2023 113 mins
Ronnie O’Sullivan: The Edge of Everything
Chile ’76
6.7

ဒီတစ်ခါမှာတော့ IMDb မှာ 6.7 ရရှိထားပြီး Rotten Tomatoes မှာ 91% အထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားလေးကတော့ 1976ခုနစ် ချီလီနိုင်ငံကို ဗိုလ်ချုပ် Augusto Pinochet က အာဏာသိမ်းပြီး 3နှစ်အကြာ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးနေတဲ့ အချိန်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် ကာမန်းဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ လူလတ်တန်းစားမိသားစုက အိမ်ရှင်မတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ အပန်းဖြေဖို့ အပန်းဖြေအိမ်ရှိရာ အရပ်ကို လာခဲ့ပါတယ် အဲ့ဒီမှာတော့ သူတို့ရဲ့ မိသားစု ဘုန်းကြီးတစ်ပါးဟာ ကာမန်းကို အကူအညီတစ်ခုတောင်းခဲ့ပါတယ် အဲ့ဒါကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ‌ခြေထောက်မှာ သေနတ်မှန်ထားတဲ့ လူငယ်တစ်ယောက်ကို စောင့်ရှောက်ပေးဖို့ပါပဲ ကာမန်းတစ်ယောက် ကြက်ခြေနီအဖွဲ့ဝင်ဟောင်းလည်းဖြစ်တာမလို့ လူငယ်လေးကို စောင့်ရှောက်ပေးဖို့ သဘောတူလိုက်ရာက အစိုးရက နိုင်ငံရေး လှုပ်ရှားသူတွေကို အင်အားသုံး ဖမ်းဆီးနေချိန် လူငယ်လေးကို လုံလုံခြုံခြုံ စောင့်ရှောက်ထားနိုင်မှာလား ဆိုတော့ကိုတော့ စောင့်ကြည့်ပေးကြပါဦးဗျာ….. File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

6.7 2022 96 mins
Chile ’76
Desperado
6

ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်……

History • Comedy • Drama
6 2024
Desperado
Alibaba Ani Chalishitale Chor
6.6

Alibaba Ani Chalishitale Chor 2024 (သံသယ) ယောက်ျားလေးနဲ့ မိန်းကလေးက တကယ်ပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နိုင်ရဲ့လား ဒီနေ့ခေတ်မှာ တကယ်ထိလွယ်ရှလွယ်ပြီး ပွဲဖြစ်နိုင်တဲ့မေးခွန်းမျိုးပါ။ ဒီဇာတ်ကားထဲမှာ​တော့ ခင်မင်မှုနဲ့ ဖောက်ပြန်မှုက အရမ်းပါးတဲ့ မျဥ်းကလေးတစ်ခုလို့ ဆိုထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စုံတွဲသုံးတွဲနဲ့ ယောက်ျားလေးတစ်ယောက် ပါတီလုပ်ရကနေ အစပြုပါတယ်။ ပါတီမှာပျော်ပါးကြရင်း မီးရုတ်တရက်ပျက်သွားတဲ့အခါ အနမ်းပေးတဲ့အသံနဲ့ ပါးရိုက်ခံရတဲအသံကို တစ်ပြိုင်နက်ကြားလိုက်ကြရတယ်။ မီးပြန်ရလာတော့လည်း လက်သည်မပေါ်ဘဲ အီလည်လည်နဲ့ပါတီပြီးသွားတော့တယ်။ ပါတီရဲ့ အဖြစ်အပျက်ကိုမကျေနပ်နိုင်သူက ဝက်ဘ်ဆိုက်ထောင်ပြီး မိမိသံသယရှိသူကို အမည်မဖော်ဘဲ ရေးလို့ရတယ် ဆိုလာတဲ့အခါ…….. ပါဝင်သူတွေက မကျေနပ်နိုင်ဘဲ စုံစမ်းဖို့ ကြိုးစားကြတဲ့အခါ လင်နဲ့မယားကြား အချစ်ဆုံးသူငယ်ချင်းတွေကြား အထင်အမြင်လွဲမှုတွေ အရင်ကဖုံးကွယ်ထားခဲ့တဲ့ သံသယတွေ ပိုပြီးရှုပ်ထွေးလာတော့တယ်။ ဒီလိုအရာတွေကြားမှာ ကာယကံရှင်တွေကို ရှာတွေ့နိုင်ပါ့မလား အချင်းချင်း အရင်လိုပြန်ဖြစ်ကြပါ့ဦးမလားဆိုတာ ဒီကားလေးမှာ စီးမျောကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Crime • Thriller
6.6 2024
Alibaba Ani Chalishitale Chor
Shaun of the Dead
7.9

ကဲ Three Flavours Cornetto Trilogy ထဲက ပထမဆုံးကားလာပါပြီ…. Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။ Shaun of The Dead (2004) ရုပ်ရှင်ကတော့ Cornetto Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တာနဲ့အညီ IMdb Rating (7.9) Rotten Tomatoes (92%) ထိ ရရှိခဲ့ပြီး အနုပညာအရည်အသွေးမြင့် Comedy Horror ရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်…ရိုက်ကူးကုန်ကျစရိတ် Budget $6 million ပဲကုန်ကျခဲ့ပေမယ့် Box office $38.7 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် ဝင်ငွေအရလဲအောင်မြင်ခဲ့ပြီး နောက်ဆက်ထွက်မယ့် ၂ ကားကိုလဲ ပံ့ပိုးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ရှောင်ဆိုတဲ့ အသက်သုံးဆယ်ကျော် အရှုံးသမားတစ်ယောက်ဟာသူ့အချစ်ဆုံးသူငယ်ချင်း ငကြောင် အတ်ဒ်နဲ့ အတူနေထိုင်ပါတယ်။ သူ့မှာ ကြွားစရာဆိုလို့ သူ့ရည်းစား လစ်ဇ်ပဲရှိပါတယ်။ တစ်နေ့တော့ သူတို့ရဲ့ငကြောင်ကမ္ဘာထဲမှာ ဇွန်ဘီတွေ ပေါ်လာတဲ့အချိန်မှာတော့ ရှောင်တို့အဖွဲ့ အသက်ရှင်လွတ်မြောက်နိုင်မှာလား? ဇွန်ဘီတွေကြားထဲ သူတို့အဖွဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….ရယ်မောပျော်ရွှင်အောင်ရိုက်ကူးထားပါတယ်။ Cornetto Trilogy ၃ ကားစလုံး အတည်ပေါက်နဲ့ရယ်နေရတာမလို့ လက်လွတ်မခံသင့်ပါဘူး။

Thriller • Crime • Drama
7.9 2004 99 mins
Shaun of the Dead
The Strange Story of Miao Ling
5.8

မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။ အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။ သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာက တော်တော်လေးသဘောကောင်းပြီးတော့ သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။ ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်က ချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီး ရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲ ထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊ အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်း ဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို‌ ရောက်လာကြပါတော့တယ် ။ ဒါပေမဲ့ လူ‌သတ်မှုတွေကို အဖြေရှာမရသေးဘဲ နောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့… သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ? ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ? ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့ သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး

Documentary
5.8 2024
The Strange Story of Miao Ling
The Deaths of Ian Stone
5.5

အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။ တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မ‌ကောင်းဆိုးဝါးတစ်‌ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။ အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။ အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေး‌ရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Khant Sett Naing ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

5.5 2007 87 mins
The Deaths of Ian Stone
Dall’alto di una fredda torre
5.8

Dall’alto di una fredda torre (2024) IMDb Rating (5.8) အမွှာနှစ်ယောက်ဖြစ်တဲ့ အယ်လီနာနဲ့ အန်တိုနီယိုတို့ဟာ တစ်နေ့မှာ သူတို့ရဲ့အသက်ကြီးနေပြီဖြစ်တဲ့ မိဘနှစ်ပါးမှာ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီးတော့ ရိုးတွင်းခြင်ဆီအစားထိုးကုသမခံရင် အသက်မရှင်နိုင်ကြောင်း သိလိုက်ရပါတယ်… ဒါ့အပြင် ရောဂါအခြေအနေကြောင့် တခြားအလှူရှင်တွေရှာဖို့အချိန်လည်း မရှိတော့တာကြောင့် လက်ရှိလှူဒါန်းဖို့ အသင့်တော်ဆုံးမှာ သားသမီးအရင်းတွေဖြစ်ကြတဲ့ သူတို့ပဲရှိပါတော့တယ်… ဒ ါကြောင့် မိဘတွေကို ရိုးတွင်းခြင်ဆီလှူဒါန်းပေးဖို ဆုံးဖြတ်ခဲ့လိုက်ကြပေမယ့်လည်း ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာ ထင်သလိုဖြစ်မလာခဲ့ဘဲ မိဘနှစ်ပါးမှာ တစ်ယောက်ကိုပဲကယ်ဖို့ ဆုံးဖြတ်ရမယ့်အခြေအနေဖြစ်လာပါတယ်… ဒီတော့ အကျဥ်းအကျပ်ထဲရောက်သွားတဲ့အချိန်မှာ သူတိုမောင်နှမနှစ်ယောက် ဘယ်လိုမျိုးအ‌ဖြေရှာကြမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်၊ အတက်အကျများစွာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ကားပြီးသွားတဲ့အခါ ကိုယ်သာ သူတို့နေရာမှာဖြစ်နေခဲ့လို့ရှိရင်ဆိုတဲ့ အတွေးမျိုးတွေလည်း ဝင်လာမိမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.1 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Spalko

5.8 2024
Dall’alto di una fredda torre
Nizharkudai
7.9

Nizharkudai (2025) “မေတ္တာရိပ်” ‌အခုတစ်ခါမှာ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော ဒရာမာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ လန်ဆီနဲ့နီရမ်ဂျာတို့ဟာ ဘာသာချင်းမတူပေမဲ့ မိသားစုဆွေမျိုးတွေကို ဆန့်ကျင်ပြီး အိမ်ထောင်ပြုခဲ့ကြတဲ့ လူငယ်ဇနီးမောင်နှံပါ။ သူတို့မှာ သမီးလေးတစ်ယောက်ရှိပြီး မိသားစုလိုက် အမေရိကမှာအခြေချဖို့ ကြိုးစားနေကြသူတွေပေါ့။ နှစ်ယောက်လုံးက အလုပ်အကိုင်တွေနဲ့မို့ သူတို့အလုပ်သွားချိန်ဆို သမီးဖြစ်သူကို ကလေးထိန်းနဲ့ ထားခဲ့ရပါတယ်။ အဲဒီကလေးထိန်းမိန်းကလေးဟာ လန်ဆီတို့လင်မယား အလုပ်သွားပြီဆိုတာနဲ့ ကလေးကို အိပ်ဆေးတိုက်၊ ရည်းစားကို အိမ်ပေါ်ခေါ်ပြီး နေ့တိုင်း သာယာဇိမ်ကျနေပါတယ်။ တစ်နေ့တော့ ပြဿနာတစ်ခုတက်ရာက အဲဒီအကြောင်း လန်ဆီတို့လင်မယားသိသွားပြီး ကလေးထိန်းဖို့ လူထပ်ရှာရပါတယ်။ အဲဒီအချိန်မှာပဲ လန်ဆီတို့သမီးလေးအတွက် ဂျိုသီဆိုတဲ့ မေတ္တာရှင်အမျိုးသမီးနဲ့ တွေ့ဆုံရဖို့ အကြောင်းဖန်လာပါတော့တယ်။ ခင်ရာဆွေမျိုးဆိုတဲ့အတိုင်း တကယ်‌စေတနာ မေတ္တာထားသူနဲ့ကြုံဆုံရတဲ့ သူစိမ်းတွေဖြစ်ပေမဲ့ သံယောဇဉ်တွေ နှောင်တွယ်မိကြပါတယ်။ ဒီလိုနဲ့ အမေရိကအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ လန်ဆီတို့လင်မယား၊ သံယောဇဉ်နှောင်တွယ်နေကြပြီဖြစ်တဲ့ သူတို့သမီးလေးနီလာနဲ့ ဂျိုသီတို့ကြား ရှေ့ဆက်ဘယ်လိုတွေဖြစ်လာမလဲ၊ ဘာတွေကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

7.9 2025
Nizharkudai