YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sad Power S01E04 1080p CM.mp4

655 MB N/A video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella II: Dreams Come True
6.1

Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီး တဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရော ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် I လောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီး စင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကို ပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ် ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့ အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲ တွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ် ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရ တာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့ Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမ အန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန် တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီ ကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့ လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.27GB / 538MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Drama
6.1 2002 74 mins
Cinderella II: Dreams Come True
Temptress Moon
6.7

Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d'Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။ မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ နောက်တစ်ယောက်က ဖန်းအိမ်တော်နဲ့ ဆွေမျိုးနည်းနည်းဝေးတဲ့ ဖန်းယုရီရဲ့အစ်ကိုဝမ်းကွဲ သွမ့်ဝူ။ ဒီသုံးယောက်က ဖန်းအိမ်တော်နဲ့ပတ်သက်ပြီး ကြမ္မာမလှခဲ့သလို ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်၃ယောက်လည်း ဟုတ်တယ်။ ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီက သူတို့အိမ်တော်က လူကြီးတွေကျေးဇူးနဲ့ ငယ်ငယ်လေးကတည်း ဘိန်းစွဲနေသလို လတ်စလီချောင်ရဲ့ဇာတ်ကောင်ကလည်း ‌ဂေါင်လီရဲ့အစ်ကို ဘိန်းသမားကျေးဇူးနဲ့ စိတ်ဒဏ်ရာတော်တော်မသေးဘူး။ ဘိန်းသမားက ဘိန်းကြောင်ပြီး သူ့မိန်းမနဲ့ သူ့မိန်းမရဲ့မောင်ကို မောင်နှမချင်း အတင်းမဖွယ်ရာမရာပြုခိုင်းတဲ့ဒဏ်ကို လတ်စလီချောင်ရဲ့ဇာတ်ကောင်က ခံစားခဲ့ရတယ်။ သွမ့်ဝူကျ အမျိုးဆိုပေမဲ့ အမျိုးဝေးတော့ ကျွန်သပေါက်သာသာ နှိမ်တာခံခဲ့ရတယ်။ ဒီလိုနဲ့ လတ်စလီချောင်ရဲ့ဇာတ်ကောင်က သူ့ယောက်ဖဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ပီကင်းကို စာသင်ဖို့ထွက်သွားခဲ့တယ်။ သို့ပေမဲ့ စာသင်တဲ့ဆီမရောက်လိုက်ပါဘူး။ လမ်းမှာ ပစ္စည်းတွေအလုခံရပြီး လူမိုက်ဂိုဏ်းဝင်ဖြစ်သွားခဲ့တယ်။ ဂေါင်လီကလည်း ဘိန်းစွဲနေလို့ စေ့စပ်ကြောင်းလမ်းထားတဲ့အိမ်ကနေ ဖျက်သိမ်းတာခံလိုက်ရတယ်။ ဒီလိုနဲ့ သူတို့အရွယ်ရောက်လာပြီး ဖန်းသခင်ကြီးသေသွားတဲ့အချိန်မှာ အစ်ကိုက ဘိန်းဒဏ်နဲ့ နာလန်မထူတော့လို့ ဂေါင်လီက အိမ်ရဲ့ အကြီးအကဲဖြစ်လာခဲ့တယ်။ ဒီအချိန် လတ်စလီချောင်က ပြန်လာပြီး ဖန်းအိမ်က စည်းစိမ်တွေကို အပိုင်သိမ်းဖို့ကြံတယ်။ ဒါပေမဲ့ ဂေါင်လီကို ချစ်မိသွားပြီး အထ,မမြောက်ခဲ့ဘူး။ ဂေါင်လီကလည်း လတ်စလီချောင်ကို ချစ်ပေမဲ့ လတ်စလီက ငယ်ငယ်က သူ့အစ်မနဲ့အတင်းမဖွယ်မရာအပြုခံခိုင်းခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ဆိုတော့ ဘယ်မိန်းမကိုမှ တကယ်တမ်း မချစ်နိုင်ခဲ့ဘူး။ နောက် သူတို့တွေ အဲဒီအိမ်တော်ကြီးထဲ ဘာဆက်ဖြစ်ကြမလဲဆိုတဲ့ ဇာတ်မျိုးပေါ့။ ဇာတ်ကတော့ တော်တော်လေးရှင်းပေမဲ့ တစ်ခုခုလိုအပ်နေသလိုလို ခံစားရသလို Chen Kaige ဘာပြချင်တာလဲဆိုတဲ့ အချက်ကလည်း တော်တော်လည်းမရှင်းဘူး။ နာမည်ကျော် ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကိုယ်တိုင်လည်း ဇာတ်က ဘာပြချင်တာလဲ သူလည်းမရှင်းပေမဲ့ ဇာတ်ဟာ ပုရီနန်းဆင်းပြီးနောက် တည်ထားတာဆိုတော့ ဒီဖြစ်ရပ်တွေအားလုံးဟာ အဲဒီကနေမှ မော်စီတုန်းသေတဲ့အထိကို Symbolism နဲ့ ပြထားသလားတော့မသိဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်လောက်တယ်။ ပြည်မက ဒီကားကို ဘန်းထားရတဲ့အကြောင်းရင်းတော့ ရှိတော့ရှိမှာပဲ။ ပုရီနန်းဆင်းပြီးနောက်ကနေ မော်စီတုန်းသေတဲ့ခေတ်အထိကို ကျမ်းကြေတဲ့လူတွေကတော့ ဒီဇာတ်ကို သဘောပေါက်ချင်ပေါက်မှာပဲ။ ဒီတိုင်းကြည့်ရင်တော့ Chen Kaige ရဲ့ဇာတ်ဟာ ရိုးရှင်းပေမဲ့ သူပြချင်တာတစ်ခုခုကို ဝှက်ထားသလို ကျွန်တော်တို့ ကျိန်းသေခံစားရမှာပါပဲ။ ပုရီနှောင်းပိုင်း တရုတ်ပြည်ရဲ့ အနောက်တိုင်းယဉ်ကျေးမှုစိမ့်ဝင်မှုတွေအကြောင်းလည်း တစ်စွန်းတစ်စပြသထားတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ဟာ အပြနဲ့တင်တော်တော်ကြည့်ရတန်ပါတယ်။ တန်ဆို သူ့ စီနီမာတိုဂရပ်ဖာက ဝေါင်ကာဝေးအသည်းကျော် ဟောင်ကောင်ရဲ့နာမည်အကြီးဆုံး စီနီမာတိုဂရပ်ဖာတွေထဲကတစ်ယောက်ဖြစ်တဲ့ Christopher Doyle ကိုး။ ဂေါင်လီ၊ လတ်စလီချောင်၊ ခရစ္စတိုဖာဒွိုင်း... ဒါနဲ့တန်တော်တော်တန်ပါတယ်။ Temptress Moon ဟာ ဘယ်လိုကားလဲတော့ ဖော်ပြရခက်ပေမဲ့ သေချာတာတော့ လတ်စလီချောင်ရဲ့အသိရခက်တဲ့ဇာတ်ကောင်ရယ်၊ ဂေါင်လီရဲ့အလှရယ်၊ ဒွိုင်းရဲ့ စီနီမာရယ်ကတော့ ပရိသတ်ရင်ထဲ အရောက်လှမ်းနိုင်မှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 950MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 2H 10Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action & Adventure • Crime • Drama
6.7 1996 130 mins
Temptress Moon
The Ant Bully
5.7

တစ်ခါက လူးကတ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်.. သူကလူကောင်သေးသေးလေးဆိုတော့ ခဏခဏ အနိုင်ကျင့်ခံရတယ်... သူအနိုင်ကျင့်ခံရတိုင်း သူ့အိမ်က မြက်ပင်တွေနားမှာရှိတဲ့ ပုရွက်ဆိတ်အုံလေးကိုပဲ သူ့ဒေါသတွေပုံချတတ်တယ် ...ပုရွက်ဆိတ်အုံ ကိုရေလောင်းလိုက် ကညှော့လိုက်နဲ့ နည်းမျိုးစုံဒုက္ခပေးတာပေါ့... ဒါကို မကျေနပ်တဲ့ပုရွက်ဆိတ်တွေဟာ တစ်ရက်မှာ လူးကတ်စ်လေးကို ပုရွက်ဆိတ်အရွယ်ဖြစ်အောင်ပြောင်းလိုက်တဲ့ အခါမှာတော့.... ပုရွက်ဆိတ်တွေတွေ့ရင် အနိုင်ကျင့်တတ်တဲ့ လူးကတ်စ်နဲ့ လူတွေမြင်ရင်ကြောက်နေ လန့်နေရွံမုန်းနေတဲ့ ပုရွက်ဆိတ်တွေ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ story ကတကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ် ပေးချင်တဲ့ message လည်းထိမိတယ် ကြည့်ရတာကာတွန်းကားဆိုပေမယ့် တော်တော်လေးမိုက်တဲ့ story မို့ တစ်ဖန်ပြန်တင်ဆက်ပေးလိုက်ပါတယ်... File Size : (1.5GB) and (776MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:28:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae

Comedy • Romance
5.7 2006 88 mins
The Ant Bully
tick, tick... BOOM!
7.7

IMDb Rating - 8.6/10 စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။ တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။ သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲ ဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musical ကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB ) Quality – WebDL 1080p, 720p Duration - 1hrs 55min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, Musical Translator – CM Team Encoder – San Win Maung

Action • Fantasy
7.7 2021 120 mins
tick, tick... BOOM!
Survival Island
4.9

Survival Island (2005) ပိုစတာကိုကြည့်ပြီးရင် ဘာမှရှည်ရှည်ဝေးဝေး‌ တွေးနေစရာ‌တောင်မလိုဘဲ ဒေါင်းချင်စိတ်ပေါက်သွားမယ့် ကားမျိုးပဲမလား။ ပိုစတာကလည်း မဂျင်းပါဘူး။ တကယ် အဲဒီလို ဝတ်လစ်စလစ်အခန်းတွေအပြည့်ပါပါတယ်။ ပိုတောင်ကြမ်းပါသေးတယ်။ မင်းသမီးကလည်း ခြောက်ပြစ်ကင်းသဲလဲစင် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဆွဲဆောင်နေတဲ့မင်းသမီး။ နာမည်အတိုင်း survival ကားပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဆန်ဆန်တွေလည်းပါတာမို့ ဇာတ်အိမ်ကလည်း ကြည့်ရကောင်းတယ်။ အကြမ်းဖျဉ်းပြောရရင်တော့ လူတစ်စု အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ကြတယ်။ သင်္ဘောက မီးထလောင်တယ်။ သင်္ဘောဝန်ထမ်းတွေရော ကျန်တဲ့လူ အများစုရော ဘာဖြစ်သွားမှန်းမသိဘူး။ သင်္ဘောဝန်ထမ်းတစ်ယောက်ရယ် ကောင်မလေးရယ် ကျွန်းပေါ်အတူတူသောင်တင်နေကြတယ်။ နောက်ကျ ကောင်မလေးလင်ကြီးရောက်လာတယ်။ ကျွန်းပေါ်မှာ သုံးယောက်အတူတူ ရှင်ကြသန်ကြရင်း ကောင်မလေးဟာ ဟိုဘက် ဒီဘက် လွန်ဆွဲပွဲကြားမှာ စားလိုက် အစားခံရလိုက် သံသရာလည်တာကို စိတ်ဝင်စားစရာပြထားတဲ့ ရုပ်ရှင်လေးပါပဲ။ လူသုံးယောက်ရဲ့ သံသရာပေါ့။ ကမ်းစပ်လေးမှာ တဲလေးထိုးပြီး တစ်တဲနဲ့တစ်တဲ ရန်ဖြစ်နေပုံတွေကလည်း တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဗမာရုပ်ရှင် ကြိုးတန်းလိုလို ဘာလိုလိုပါပဲ။ ကားဟာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ လှလည်းလှသလို ပမာယူစရာ မက်ဆေ့တွေလည်း အပြည့်ပေးထားတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.33GB, 1.2GB, 650MB Quality – 1080p, 720p, 480p IMDb Rating – 4.9/10 Format – mp4 Duration – 1H 35Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Horror • Thriller
4.9 2005 95 mins
Survival Island
Get Carter
5.1

ဒီတစ်ခါမှာတော့ မင်းသားကြီး စတားလုံးရဲ့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Get Carter ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ကာတာဆိုတာကတော့ သူ့မွေးရပ်မြေမြို့လေးကနေ ထွက်ပြီး အကြွေးလိုက်သိမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် သူ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့ညီလေး ရစ်ချီ သေဆုံးသွားခဲ့လို့ပါပဲ။ အကုန်လုံးကတော့ အမူးလွန်ကားမောင်းလို့ သေဆုံးသွားခဲ့ရတယ်လို့ ပြောခဲ့ကြပေမယ့် ကာတာတစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒီလိုနဲ့ ရစ်ချီ သေဆုံးရတဲ့ အမှုမှန်ကို လိုက်တူးဖော်ရင်း ကာတာတစ်ယောက် သူ့မွေးရပ်မြေလေး‌ နောက်ကွယ်ကအရိပ်မည်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ File size…(2GB) / (1017MB) / (634MBMB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre…Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Action • Adventure • Fantasy
5.1 2000 102 mins
Get Carter
Deadly Love Poetry
5

IMDb Rating/(5.0) Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွ‌လေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကား‌လုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်‌ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ‌ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ Ranum တစ်ယောက် စိတ်ပါလုလုအဖြစ်မျိုး။ ဒါပေမဲ့ အဲဒီမမကလည်း နောက်ကြောင်းမရှင်းတဲ့ စားဆော်ကြီး။ အဲဒီမမကြီးက သူ့ရဲ့ သူငယ်ချင်းဟောင်း ကောင်မလေးနဲ့ ပလူးနေပြန်ရော။ ဖက်ရှင်မမလည်း မကြာပါဘူး။ သေတာပဲ။ Ranum အပေါ် ဖောက်ပြန်သမျှလူတွေ အသေဆိုးနဲ့ သေလာရတဲ့အချိန် Ranum နောက်မှာ အကောင်အထည်မဲ့၊ လျှို့ဝှက်ဆန်းကြယ်အရာတစ်ခု အရိပ်လိုကပ်ပါလာခဲ့တယ်။ ဒီတော့ ဖောက်ပြန်သူတွေကို Ranum ကပဲသတ်တာလား။ အသံမပေး အကောင်အထည်မပြတဲ့ အဲဒီအရိပ်နဲ့ပဲဆိုင်နေသလား။ အဲဒီနောက်ပိုင်း ဘယ်လိုကြုံရမယ်ဆိုတာတော့ အင်ဒိုနီးရှား သရဲကားတွေရဲ့ Vibe နဲ့ ခံစားနိုင်ပြီဖြစ်ကြောင်းပါ။

5 2022
Deadly Love Poetry
Joji
7.8

ဒီဇာတ်လမ်းကတော့ စိတ်ဝင်စားရတဲ့ India Murder/ Thirller ကားပါ IMDB မှာ 7.8/10 ရထားပါတယ် မိသားစု family ဇာတ်လမ်းကို ဦးတည်ရိုက်ထားပြီးဇာတ်အိမ်ကို covid အတွင်းတည်ဆောက်ထားပါတယ်.. မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့ဘဝအဖြစ်အပျက်ပေါ့ သန်မာပြီးအာဏာရှိတဲ့ အဖေရယ် သား ၃ ယောက်ရယ် ပထမသားရဲ့သား ဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ် ဒုတိယသားရဲ့မိန်းမရယ် တစ်အိမ်တည်း အားလုံး၆ယောက်အတူနေကြတယ် အိမ်ထဲ ခြံထဲမှာတော့ အလုပ်သမားတွေအများကြီးရှိကြတယ်. Joji ကတော့ ၃ယောက်တည်းကအငယ်ဆုံးသားပါ သူက ညီအကိုထဲမှာ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးက အဖေကို အရမ်းကြောက်ရတယ် တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်း ဦးနှောက်သွေးကြောပေါက်သွားပါတယ် covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့ ဆေးရုံအမြန်ပို့ပေမဲ့ လေဖြတ်သွားပါတယ် အဖေဒီလိုဖြစ်ချိန်မှာ Jojiက အခွင့်အရေးတွေ ယူလာတယ် အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီး ရအောင်လုပ်ရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ.. File size…1.93 GB / 729MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal Ei

Family • Drama • Adventure
7.8 2021
Joji
Before I Go to Sleep
6.3

ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများကြည့်ဖူးကြတဲ့ Kingsman ဇာတ်ကားထဲကနာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Colin Firth နဲ့ Mark Strong တို့နှစ်ယောက်နဲ့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ဂျင်းနီလိုဇာတ်ကားဖြစ်တဲ့ Bewitched ဇာတ်ကားထဲကမင်းသမီးကြီး Nicole Kidman တို့သုံးယောက် ရိုက်ကူးထားတဲ့ 2014 တုန်းကထွက်ရှိထားတဲ့ Before I Go to Sleep ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။I MDb Rating 6.3 ရရှိထားပြီးအခုပြန်ကြည့်လဲကောင်းနေဆဲ စိတ်ဝင်စားစရာ ကောင်းနေဆဲဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ခရစ္စတင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိပ်ရာကနိုးထလာပြီးမနက်တိုင်းမှာ သူ့အတိတ်က ဘာအကြောင်းအရာတွေကိုမှ မမှတ်မိတော့တဲ့အတိတ်မေ့ရောဂါခံစားနေရပါတယ်။ သူအိပ်ရာနိုးတိုင်း သူ့ဘေးမှာယောက်ျားဖြစ်သူဘန်ရှိနေပြီး သူဘယ်သူလဲဆိုတာကို နေ့တိုင်းရှင်းပြနေရပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်လည်ရရှိလာအောင် ကုသပေးနေတဲ့ဒေါက်တာနက်ရှ်ဆိုတဲ့ ဆရာဝန်တစ်ယောက်လည်းရှိနေပြီး ဘန်မရှိတဲ့ အချိန်မှာ ခရစ္စတင်းနဲ့ ဒေါက်တာနက်ရှ်က သူ့အတွက်အကူအညီဖြစ်မဲ့အရာအားလုံးကို လိုက်ကူညီပေးနေတာပဲဖြစ်ပါတယ်။ဒါပေမယ့် သူဒီလိုအတိတ်မေ့ရောဂါရသွားခဲ့တဲ့ အကြောင်းအရင်းကို မေးကြည့်လိုက်တဲ့အခါမှာ ယောက်ျားဖြစ်သူဘန်ပြောတဲ့စကားနဲ့ ဆရာဝန်ပြောတဲ့စကားမတူတဲ့အခါမှာ ခရစ္စတင်းတစ်ယောက် သူ့အတိတ်က မှတ်ဉာဏ်တွေကို ပြန်ရချင်စိတ်တွေပြင်းပြလာပြီး မှတ်မိနိုင်ဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာမယ်ဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.85GB / 615MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2014 92 mins
Before I Go to Sleep
Here After
5

Horror / Thriller ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် Here After ဆိုတဲ့ သေရွာပြန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။လူတွေသေဆုံးပြီးသွားရင် တမလွန်ဘ၀ကိုရောက်ကြတယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ဒါပေမယ့် အဲ့ဒီတမလွန် ဘ၀ကိုရောက်ပြီး ပြန်လာနိုင်ခဲ့တဲ့သေရွာပြန်တွေလည်းအများကြီး ရှိကြပါသေးတယ်။အသက်အန္တရာယ်ဆုံးရှုံးနိုင်လောက်တဲ့ အန္တရာယ် တစ်ခုခုကိုကြုံတွေ့ခဲ့ရပြီး လုံး၀မဖြစ်နိုင်တော့ဘူးထင်ရပြီးမှ လောက ကြီးထဲကိုပြန်ဝင်ရောက်လာတဲ့လူတွေလည်း အပြင်လောကမှအများကြီး ရှိပါတယ်။ ဒီဇာတ်ကားလေးထဲက ရော်ဘင်ဆိုတဲ့ကောင်မလေးကလည်း အဲ့လိုတမလွန် ဘ၀ကနေပြန်လာခဲ့တဲ့ သေရွာပြန်ဖြစ်ပါတယ်။ဘယ်လို ဘယ်ပုံကစ ဖြစ်ရသလဲဆိုရင်တော့ ရော်ဘင်ကဆွံ့အနေသူတစ်ယောက်ဖြစ်နေပေမဲ့ သူ့ရဲ့စန္ဒယားလက်ရာက အရမ်းကောင်းလွန်းတော့ ဂီတကျောင်းဝင်ခွင့် အင်တာဗျူးဖြေဖို့ ကမ်းလှမ်းခံရရင်းနဲ့ လမ်းမှာမတော်တဆဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေကလည်းလုံး၀လက်လျှော့ခဲ့ကြပေမဲ့ အံ့ဩစရာကောင်းစွာနဲ့ပဲ အသက်ပြန်ရှင်လာတဲ့အပြင် စကားပါပြန်ပြောနိုင်သွားခဲ့ပါတယ်။ ဒါပေမယ့် ရော်ဘင်ပြန်လာလို့ပျော်ရွှင်ရတဲ့ပျော်ရွှင်မှုက ရေရှည်မခံခဲ့ပါဘူး။ ရော်ဘင်တမလွန်ကပြန်လာနိုင်ခဲ့ပေမဲ့ အဲ့ဒီတမလွန်ကနေဆိုးဝါးတဲ့ အရာ တစ်ခုခုကပ်ပါလာပြီး အရင်တုန်းကရော်ဘင်နဲ့မတူဘဲ တစ်နေ့တခြားပိုပို ဆိုးရွားလာတဲ့အခါမှာတော့ မိဘဖြစ်သူတွေဘာဆက်လုပ်ကြမလဲ ရော်ဘင်ကရော အရင်လိုပြန်ဖြစ်နိုင်ပါ့ဦးမလားဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.33GB / 696MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre …..Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 89 mins
Here After
Blue Cave/ Mavi Magara

တူရကီ အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ ဆိုရမယ့် ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေကို ဝမ်းသာ ဝမ်းနည်း mood အမျိုးမျိုး ပေးနိုင်ပါတယ်။ အဓိက ဇာတ်ကောင် နှစ်ဦး ဖြစ်တဲ့ Alara နဲ့ Cem ရဲ့ ချစ်ဇာတ်လမ်းလေးမှာ ကိုယ်တိုင်က third wheel တစ်ယောက်လိုဖြစ်သွားပါတယ်။ Cem က ရေတပ်က တပ်သားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အတူ အပြင်ထွက်ရင်းနဲ့ စားသောက်ဆိုင်တစ်ခုမှ Alara ကို စတွေ့ခဲ့ပါတယ်။ စစတွေ့ချင်း မြင်မြင်ချင်း ချစ်မိသွားပေမယ့် စကားသွားမပြောရဲခဲ့ပါဘူး။ ဒါနဲ့ပဲ Alara ကိုယ်တိုင်က သူ့ကို တစ်ချိန်လုံး ငေးကြည့်နေခဲ့တဲ့ Cem ကို သတိထားမိပြီး စကားစလာပြောခဲ့ပါတယ်။ Alara က ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ နှစ်ဦးသား ချိန်းတွေ့ဖြစ်ကြပါတယ်။ Cem ကAlaraကို သူ့အတွက်အရေးပါတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ကစားကွင်းလေးတစ်ခုကို ခေါ်သွားခဲ့ပြီး Alara ကလည်း သူ့အတွက် အရေးပါတဲ့ နိဗ္ဗာန်ဘုံလို လှတဲ့ Mavi Magara လို့ခေါ်တဲ့ လှိုဏ်ဂူပြာအကြောင်းပြောပြခဲ့ပါတယ်။ တစ်နေ့မှာ ချစ်တဲ့သူ Cemနဲ့ အတူသွားမယ်ဆိုပြီး Alara တစ်ယောက် ရည်စူးထားပေမယ့် အိမ်မက်တွေ မပြည့်ဝခဲ့ရပါဘူး။ ရုပ်ရှင်ထဲမှာ Cem တစ်ယောက်ပဲ လှိုဏ်ဂူပြာဆီကို သွားနေတာ တွေ့ရမှာပါ။ ကြည့်ရင်း ကြည့်ကောင်းလာတဲ့ ရုပ်ရှင်မျိုးမလို့ ကိုယ်တိုင် ခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.2 GB)/(782 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2024
Blue Cave/ Mavi Magara
Scribe

၂၀၁၆ခုနစ်ကထွက်ရှိခဲ့တဲ့ ပြင်သစ်-ဘယ်လ်ဂျီယံလျှို့ဝှက်သည်းဖိုဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကုမ္ပဏီကနေ ရုတ်တရက်အနားပေးခံလိုက်ရတဲ့ စာရင်းကိုင်ဒူဗယ်။ ဖေးမပေးမဲ့သူတစ်ယောက်မှမရှိဘဲ စိတ်ကျရောဂါခံစားနေရတာမို့ နလန်ထူဖို့ကြိုးစားရင်း အလုပ်ထပ်ရှာပါတယ်။ အလုပ်နားထားတာကြာတာရော အသက်ကြီးနေတာရောမို့ သင့်တော်တဲ့အလုပ်ရှာမတွေ့ခဲ့။ တစ်ရက် ညအချိန်မတော်ကြီးမှာ အင်တာဗျူးလာဖြေဖို့ ဖုန်းဆက်လာပါတယ်။ အလုပ်လိုချင်နေတဲ့ ဒူဗယ်တစ်ယောက် အင်တာဗျူးသွားဖြေတဲ့အခါ သူလုပ်ရမှာက ဖုန်းပြောတာတွေကိုကြားဖြတ်အသံဖမ်းထားတဲ့ တိပ်ခွေတွေနားထောင်ပြီး လက်နှိပ်စက်နဲ့ စာပြန်ရိုက်ပေးရမှာ။ ရမဲ့ပမာဏကိုမက်ပြီးဝင်လုပ်ရာကနေ သူအကျွမ်းတဝင်မရှိတဲ့ နိုင်ငံရေးလောကနဲ့ အရှုပ်တော်ပုံကြီးတစ်ခုထဲကို ရောက်သွားတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။) File size…(776 MB)/(503 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo

Action • Romance
0 2016
Scribe
Naach Ga Ghuma
7.3

Nach Ga Ghuma (2024) “ကမောက်ကမ အိမ်ထောင်ရှင်မ” ခွီရမှကြိုက်တဲ့ ပရိသတ်ကြီးအတွက် သဘာ၀ကျကျ ရယ်ရမဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်‌ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားတွေချည်းပဲ ကြည့်ရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလဲအနေနဲ့ ဒီလိုဇာတ်လမ်းမျိုး ကြည့်သင့်ပါတယ်။ အိမ်ရှင်မတစ်ယောက်နဲ့ သူ့မိသားစုရေးကို အခြေခံပြီး အိမ်တွင်းဟာသလေးတွေကို သဘာ၀ကျကျ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ ရာနီဟာ အိမ်ရှင်မတစ်ယောက်ပီပီ မနက်မိုးလင်းတာနဲ့ ပျာယာခတ်အလုပ်များနေပုံနဲ့ အစပျိုးထားပါတယ်။ အလုပ်သွားမဲ့ ယောကျာ်းဖြစ်သူကိုနှိုးရ၊ သမီးအတွက်ပြင်ဆင်ပေးရနဲ့ အလုပ်များနေရတာက ရာနီ့ရဲ့နေ့စဉ်ကြုံနေရတဲ့ အိမ်ရှင်မဘ၀ပါ။ အဲဒီကြားထဲ အလုပ်ချိန်အမြဲနောက်ကျတတ်တဲ့ အိမ်အကူ အစ်မအက်ရှာနဲ့ကလည်း အမြဲတကျက်ကျက်ပေါ့။ နောက်ပိုင်းမှာတော့ ရာနီရဲ့အိမ်ရှင်မဘ၀ဟာ ဒီလိုပဲဆက်ဖြစ်သွားမလား၊ ဘာအ‌ပြောင်းအလဲတွေ ကြုံရမလဲ၊ ရာနီနဲ့အက်ရှာကြား ဘယ်လိုကမောက်မကတွေ ဖြစ်ဦးမလဲဆိုတာ ရယ်ရယ်မောမော ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အိမ်ထောင်သည်‌တွေကြုံတွေ့ရတတ်တဲ့အိမ်ထောင်ရေး၊ မိသားစုရေးနဲ့ လူမှုရေးကိစ္စပေါင်းစုံကို သဘာ၀ကျကျ ဟာသလေးတွေနှောပြီး တင်ဆက်ထားတာမို့ ဘ၀အမောလေးတွေ ခဏတာပြေပျောက်စေမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Drama • Horror • Thriller
7.3 2024
Naach Ga Ghuma
American Pie Presents: Beta House
5.3

American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့ Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: Beta House (2007) ဒီကားကတော့ သူ့ရှေ့ကကားဖြစ်တဲ့ American Pie Presents: The Naked Mile (2006) ရဲ့ အဆက်အနေနဲ့ထွက်ရှိခဲ့တာပါ။ ရှေ့ကကားမှာ အထက်တန်းကျောင်းသားလေး အီရစ်စတစ်ဖ်လာတို့တစ်သိုက် သူ့အစ်ကိုရှိတဲ့ ကောလိပ်ကျောင်းမှာ သွားကဲခဲ့ကြပါတယ်။ ယခုဇာတ်ကားမှာတော့ အိမ်မက်တွေ တကယ်ပြည့်ဝလာပြီလို့ပြောရမလား၊ အဆိုပါကောလိပ်ကို အီရစ်တို့တသိုက် တကယ်တက်ရောက်ခွင့်ရခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းမှာ သိတဲ့အတိုင်း အသင်းငယ်လေးတွေဖွဲ့လေ့ရှိပြီး အဆိုပါအဖွဲ့တွေထဲမှာ Beta House ဟာအတော်လေးကိုနာမည်ကြီးပါတယ်။ ဒါပေမယ့် Beta House နဲ့ အတော်လေးကွဲပြားပြီး ဆန့်ကျင်ဖက် “စဆရက အသင်း” တစ်ခုလည်းရှိနေပါသေးတယ်။ အဆိုပါ စဆရက များဟာ Beta အသင်းကိုဖျက်သိမ်းဖို့ ကြံလာကြပါတော့တယ်။ ဒီလိုနဲ့ နှစ်ဖက်အသင်းဟာ ထိပ်တိုက်တွေ့ဆုံလာပြီး ဘယ်လိုတလွဲတွေနဲ့ ပြိုင်ကြဆိုင်ကြရင်း ဘယ်လိုတွေ ခွီနေရမယ်ဆိုတာ……။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

5.3 2007 89 mins
American Pie Presents: Beta House