YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sabrina.1954.1080p.BluRay (CM).mp4

3.41 GB 1080p video/mp4 28 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fearway
4.6

ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ခုနက သူတို့မြင်ခဲ့တဲ့ စားသောက်ဆိုင်ကို ထပ်မြင်လိုက်ရတဲ့အခါမှာတော့.. စားသောက်ဆိုင်ထဲပဲဝင်ပြီး အကူအညီတောင်းခံခဲ့ရပါတော့တယ်။ စားသောက်ဆိုင်မန်နေဂျာက စိတ်အေးအေးထားဖို့ ဖျောင်းဖျရင်း သူတို့ကို အိပ်ဖို့အခန်းစီစဉ်ပေးမယ်ဆိုတာကြောင့် တစ်ညတာအိပ်စက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် စားသောက်ဆိုင်မန်နေဂျာက ထင်သလိုမရိုးရှင်းဘဲ သူတို့ကို လှည့်စားဖို့ ကြံနေတယ်ဆိုတာ သိလိုက်ရချိန်မှာတော့.. သူတို့နောက်ကို လိုက်လာတဲ့ကားက ဘယ်ကများလဲ.. ဘာလို့များ သူတို့နောက်ကို လိုက်လာရတာလဲ.. လမ်းကနေထွက်သွားပေမယ့် စားသောက်ဆိုင်တစ်ခုတည်းကိုပဲ ဘာလို့ ပြန်ပြန်ရောက်သွားရတာလဲ.. စားသောက်ဆိုင်မန်နေဂျာကရော ဘာလို့ သူတို့ကိုလှည့်စားဖို့ကြံခဲ့တာလဲ.. သူတို့နှစ်ယောက်ကရော အဲဒီနေရာကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာတော့.. ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ကြပါဦးနော်။ File size…(1.2 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

4.6 2023 81 mins
The Fearway
The God of Cookery
7

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ သူကိုယ်တိုင်လည်း ဘရုစ်လို ဝင်းချွန်းသိုင်း ကျင့်ထားတဲ့ သိုင်းသမားပါပဲ။ နောက် သူ့ရဲ့ပထမဆုံးဟာသကားလို့ ပြောရမယ့် Faithfully Yours ကို ဂျက်ကီချောင်တို့နဲ့ အတူရိုက်ခဲ့ပြီး နောက်ပိုင်း ဂျွန်ဝူးနဲ့ Just Heroes, ဂျက်လီနဲ့ Dragon Fight ဘာညာရိုက်ပြီးတဲ့နောက် ဟာသလိုင်းဘက် ကူးလာခဲ့ပေမဲ့ သူအခုလို ဒဘယ်စခွက်ပြောင်တဲ့ ပုံစံတွေတော့ မဖြစ်လာသေးပါဘူး။ သူ့ရဲ့ သိပ်မရယ်ရသေးတဲ့ကားတွေရဲ့ ကာလပေါ့။ ဒါပေမဲ့လည်း ဇာတ်ညွှန်းသာ သိပ်မရယ်ရရင်နေမယ် ချောင်ကတော့ Dragon Fight ထဲက တစ်ခန်းနှစ်ခန်းမှာတောင် ရယ်ရအောင် သရုပ်ဆောင်ပြနိုင်တဲ့ ပါရမီကောင်းတဲ့ ကြိုးစားမှုရှိတဲ့လူဆိုတော့ ကြည့်တော့ကောင်းခဲ့တာပါပဲ။ ၉၁မှာ ရိုက်ခဲ့တဲ့ God of Gamblers II တို့၊ Fight Back to School တို့၊ Tricky Brains တို့ကနေမှ သူ့အခုပုံစံပေါ်လာခဲ့ပြီးတဲ့နောက် ၉၂တစ်လျှောက်လုံး ဒီလိုကားမျိုးတွေပဲ ၈ကားဆက်လောက် ရိုက်ခဲ့တာပါပဲ။ ၉၃မှာတော့ ၃ကားပဲရိုက်ခဲ့ပြီး Flirting Scholar နဲ့ The Mad Monk တို့လို ရှေ့ကားတွေထက် ကွာလတီပိုကောင်းတဲ့ ကားတွေထွက်လာပါပြီ။ ၉၄မှာလည်း ထိုနည်းလည်းကောင်းပဲပေမဲ့ From Beijing with Love ကို တွဲဖက်ဒါရိုက်တာတစ်ယောက်နဲ့အတူတွဲပြီး သူစရိုက်ကူးခဲ့ပါတယ်။ ၉၅မှာတော့ A Chinese Odyssey တို့၊ Out of the Dark တို့လို ကွာလတီကျမလာတဲ့ကားတွေကို ရိုက်ခဲ့ပြီး ၉၆မှာတော့ The God of Cookery ကို သူအပြင်‌ နောက်တစ်ယောက်ပါခေါ်ပြီး ဒါရိုက်တာရော စာရေးဆရာရောလုပ်ပြီး ရိုက်ကူးခဲ့တာပါပဲ။ အဲဒီနောက်ပိုင်းလည်း သူကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ သူရဲ့နောက်ဆုံးလေးကားဖြစ်တဲ့ King of Comedy, Shaolin Soccer, Kung Fu Hustle, CJ7 တို့အထိ သူ့ရုပ်ရှင်တွေက အများအားဖြင့် အတက်ပဲရှိပြီး အကျမရှိခဲ့ဘူးလို့ပြောကောင်းပြောလို့ရပါတယ်။ အဲဒီနောက်ဆုံးလေးကားပြီးတဲ့နောက် သူသရုပ်ဆောင်တာနားသွားပါတယ်။ ချောင်ရဲ့သမိုင်းကိုပြန်ကြည့်ရင် သူဟာ ဘာမှမဟုတ်တဲ့ ဇာတ်ကောင်တွေနေရာကနေ ဒါရိုက်တာစေရာသွားရတဲ့ အရန်ကောင်တွေ၊ သိပ်မကောင်းလှတဲ့ ဇာတ်ညွှန်းတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ပေးခဲ့သလို သူ့လက်နဲ့သူ့ခြေဖြစ်လာတဲ့ နောက်ဆုံးအထိလည်း ပရိသတ်ကို စေတနာထားပြီး သူ့ရုပ်ရှင်တွေရဲ့ အရည်အသွေးဟာ အကျမရှိခဲ့ပါဘူး။ ဟောင်ကောင်က ကျန်တဲ့ ဘယ်သရုပ်ဆောင်နဲ့မှ မတူတဲ့လူလို့လည်း ကျိန်းသေအာမခံရဲပါတယ်။ ချောင်ဟာ ဇာတ်လမ်းလိုအပ်ချက်အရ ပေါတောတောဇာတ်ကောင်တွေပဲ သရုပ်ဆောင်တာများခဲ့ပေမဲ့ ပရိသတ်ကိုရော ရုပ်ရှင်ကိုပါ ချစ်တဲ့ သူ့နှလုံးသားကတော့ လေးနက်‌တယ်ဆိုတာ သူ့သမိုင်းကို ခြေရာပြန်ကောက်ကြည့်ရင် တော်တော်လေးကို သိသာမြင်သာရှိပြီးသားပါပဲ။ ဒီနောက်ပိုင်းမှာတော့ ချောင်ဟာ လူလုံးမပြသလောက်ဖြစ်လာပြီး ဒါရိုက်တာပဲလုပ်ပါတော့တယ်။ သိသလောက်ဆို ဆိုရှယ်မီဒီယာစသုံးတာလားမသိတဲ့ ခုလတွေထဲ သူတင်တဲ့ပုံတွေမှာတောင် ရုပ်သေချာတောင် မပြဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာအနေနဲ့ သူရိုက်ခဲ့တဲ့ Journey to the West: Conquering the Demons, The Mermaid နဲ့ The New King of Comedy ကို ကြည့်ကြည့်ရင် သူသရုပ်မဆောင်တော့ပေမဲ့ ဒါရိုက်တာအနေနဲ့ သူအကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတုန်းလို့တော့ ပြောရမှာပါပဲ။ ဒီသုံးကားကို မကောင်းပါဘူးလို့ ငြင်းလို့တော့မရဘူးမလား။ သူ့ဟာနဲ့သူ အဆင့်တစ်ခုတော့ ရှိနေတဲ့ကားတွေချည်းကိုး။ ချောင်ဟာ သူရဲ့ King of Comedy ရုပ်ရှင်ထဲကလို ဘာမှမဟုတ်တဲ့လူတစ်ယောက်နေရာကနေ ဟောင်ကောင်ရဲ့ King of Comedy ဖြစ်လာပြီး ကျွန်တော်တို့ကို အကောင်းဆုံးတွေပဲ ချပြချင်ခဲ့တဲ့သူဆိုလည်း မမှားပါဘူး။ ဟောင်ကောင်ရဲ့ ဂန္ထဝင်မင်းသားတစ်ချို့ကိုသာ လူတိုင်းမသိရင်နေပါမယ် ချောင်ကိုတော့ မသိတဲ့လူမရှိပါဘူး။ ချောင်ဟာ ဒီလိုကျော်ကြားမှုကို ရကိုရသင့်တဲ့လူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.03GB, 1.1GB, 523MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7 1996 95 mins
The God of Cookery
The Map Against The World
6.7

နာမည်ကြီးမင်းသားမင်းသမီးတွေတစ်စုတစ်စုတည်းပါဝင်တဲ့ တစ်ခေတ်တစ်ခါက ဖြစ်ရပ်မှန်သမိုင်းဝင်ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် GPS တွေမပေါ်သေးတဲ့နန်းတွင်းခေတ်မှာဆိုရင် မြေပုံတွေကိုပဲအားကိုးအားထားပြုကြရပါတယ် ဒါပေမယ့် အားကိုးရတဲ့မြေပုံကသာမှားယွင်းရေးဆွဲထားပါက လူကိုသတ်တာနဲ့အတူတူပါပဲ ဒီကားထဲမှာဆိုရင်လည်း မြေပုံဆွဲဆရာ ကင်ဂျောင်းဟိုငယ်စဉ်အချိန် သူပုန်တွေခေတ်ထတော့ နန်းတွင်းအရာရှိတွေက ကုန်သည်တွေကိုသွားတိုက်စေခဲ့ပါတယ် ဒီကုန်သည်‌‌တွေထဲမှာ ဂျောင်းဟိုအ‌ဖေလည်းအပါအဝင်ပေါ့အာဏာရှိလူတွေကခိုင်းတာကြောင့် မတတ်သာပဲ မြေပုံလေးတစ်ခုနဲ့ ထွက်လာကြတဲ့ကုန်သည်တွေဟာ မြေပုံအမှားကြောင့် နှင်းတောထဲလမ်းပျောက်ကာ မရှူမလှသေခဲ့ရပါတယ် ဖခင်သေဆုံးခဲ့ရလို့စိတ်နာခဲ့တဲ့ကင်ဂျောင်းဟိုလေးကြီးပြင်းလာတော့ ကမ္ဘာအနှံခြေဆန့်ပြီး ကမ္ဘာ့အရှေ့ခြမ်းမြေပုံကိုနှစ်နဲ့ချီရေးဆွဲခဲ့ပါတော့တယ် တခြားနေရာမှာသာဉာဏ်မကောင်းတဲ့ဂျောင်းဟိုက မြေပုံဆိုရင်တော့ သစ်ပင်ကအစမလွဲဘဲဆွဲနိုင်တာကြောင့် အရူးမြေပုံဆွဲသမားလို့လည်း ခေါ်ကြပါသေးတယ် ဒီလိုနဲ့ တစ်နေ့ နန်းတွင်းအင်အားကြီးနှစ်ဖွဲ့ကြား အရှုပ်အရှင်းတွေပေါ်ပေါက်လာခဲ့ပြီး ဒီမြေပုံကိုမဖြစ်မနေရရမယ့်အနေအထားပေါ်လာခဲ့ရမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲ အသက်ထက်တန်ဖိုးထားရတဲ့ဒီမြေပုံကို‌ကင်ဂျောင်းဟိုကာကွယ်နိုင်မလားဆိုတာ အခုပဲဒေါင်းကြည့်လိုက်ကြပါတော့ရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ ) File Size__(3.2GB) / (1.5GB) Quality__HD_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__02:10:00 Type__Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt

Action • Science Fiction • Thriller
6.7 2016 129 mins
The Map Against The World
Guardians of the Galaxy
7.9

Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.12 GB) and (1.2 GB in Openload) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tariq L Walker

Action • Science Fiction • Thriller
7.9 2014 121 mins
Guardians of the Galaxy
Ray
7.7

အော်စကာ ၂ ဆု ၊ အခြား ဆုပေါင်း ၅၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု စုစုပေါင်း ‌၅၅ အခုထိရရှိခဲ့တဲ့ အမေရိကန် ဂန္တ၀င် တေးရေး တေးဆိုနဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေးချားလ်စ်ရဲ့ ဂီတအတ္ထုပတ္တိ ဒရာမာရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကြောင်းမပြောချင်မှာ ရေးချားလ်စ်ရော်ဘင်ဆန် အကြောင်းကို အနည်း‌ငယ် ပြောပြချင်ပါတယ်။ ရေးချားလ်စ်ရော်ဘင်ဆန်ကို စက်ဘင်တာလ ၂၃ ရက်နေ့ ၁၉၃၀ ခုနစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အယ်လ်ဘာနီမြို့မှာဖွားမြင်ခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဘာဗလီဟေးစ်မှာ ဆုံးပါးခဲ့ပါတယ်။ ရေးချားလ်စ်ဟာ အသက် ၇ နှစ်ကတည်းက ရေတိမ်ရောဂါနဲ့ မျက်စိကွယ်ခဲ့ရပါတယ်။ ရေးလ်ချားလ်စ်ဟာ စန္ဒရားတီးခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီး သူ့ရဲ့သီဆိုဟန်ကိုတော့ ထိုခေတ်အခါက နာမည်ကြီး အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nat King Cole ကို အဓိကလွှမ်းမိုးမှုအဖြစ် ကိုးကားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေးချားလ်စ်ဟာ နာမည်ကြီးအဆိုတော်တွေရဲ့ အသံတွေကိုပါ တုပပြီးသီဆိုနိုင်စွမ်းရှိပါတယ်။ ရေးချားလ်စ်ဟာ Soul ဂီတအမျိုးအစားကို စတင်ထီထွင်ခဲ့ပြီး သူ့ရဲ့သီချင်းတွေဟာ အဓိကအားဖြင့် Blues , Jazz , Gospel စတိုင်လ်တွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ရေးချားလ်စ်ဟာ တေးသံသွင်းကုမ္ပဏီကြီးတွေက တစ်ကိုယ်တော်အမ်လ်ဘမ်ထုတ်‌ပေးပြီး စာချုပ်ချုပ်ငှားရမ်းတာခံခဲ့ရတဲ့ ပထမဆုံး လူမည်းဂီတပညာရှင်တစ်ဦးလည်းဖြစ်ပါသေးတယ်။ ဇာတ်လမ်းကိုတော့ ရေးချားလ်စ်တစ်‌ယောက် စီရက်တယ်မြို့မှာ အလုပ်လုပ်ဖို့ ကြုံရာဘတ်စ်ကားစီးပြီးရောက်လာခဲ့တာနဲ့ စထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ရေးချားလ်စ်ဟာ ကြုံရာ ဘားအသေးလေးတွေ ကပွဲရုံအသေးလေးတွေမှာ ၀င်ရောက်တီးခတ်ရင်း ဘ၀ကို အောက်ခြေကနေစတင်ခဲ့ပြီး အသံသွင်းကုမ္ပဏီကြီးတွေဆီက ထိုခေတ်အခါက မည်သည့်ဂီတပညာရှင်မှ မရရှိခဲ့ဖူးတဲ့ အခွင့်အရေးတွေ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခံရတဲ့အဆင့်အထိရောက်အောင် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းကိုတော့ အများကြီးထပ်မပြောတော့ပါဘူး။ အော်စကာနှစ်ဆုတောင်ရရှိခဲ့ပြီး ရုပ်ရှင်ပရိတ်သတ်တိုင်း အကြိုက်တွေ့စေမဲ့ရုပ်ရှင်ဖြစ်တာကြောင့် Jazz, County, Blues နဲ့ တခြားသော တေးဂီတသံတွေကို နားဆင်ခံစားရင်း ရေးလ်ချားလ်စ်ကြီးတစ်ယောက် ဘ၀ရဲ့အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်း အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့ပုံကို ကြည့်ရှုလိုက်ကြပါဦး။ File size…(3.8 GB)/(2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:39:00 Genre…Drama, Biography, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.7 2004 152 mins
Ray
Spark: L.I.F.E.
9.4

Spark L.I.F.E (2023) IMDb -9.4/10 Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။ အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ပွားနေတဲ့အချိန်ပေါ့။ လူလည်းသတ် ဆူဆိုက်လည်းလုပ်တဲ့အတွက် ဆူဆိုက်ကေလာတွေလို့တောင်ခေါ်ကြရတယ်။ ဒီနောက်ကွယ်ကနေ ကြိုးကိုင်နေသူက ဘယ်သူဖြစ်မလဲ ……… လက်ခါလေးရဲ့ အိပ်မက်ချစ်သူနဲ့ရော ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမှာလဲ …….. လက်ခါရဲ့ အိပ်မက်ထဲကချစ်သူက ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေနဲ့ရော ဆက်စပ်နေမှာလား ……. စတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအပြည့်နဲ့ ရိုဆန်ဆန်လေး ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

9.4 2023
Spark: L.I.F.E.
Rest Stop: Don’t Look Back
4.6

Rest Stop: Don’t Look Back (2008) ========================== Rest stop ပထမကားအဖြစ်အပျက်တွေအပြီးတစ်နှစ်အကြာကို အခြေခံထားပါတယ်။ စစ်ပြန်တစ်ဦးဖြစ်တဲ့ဂျက်ဆီရဲ့အစ်ကိုတွမ်ဟာ အားလပ်ရက်ရချိန်မှာ သူ့ညီပျောက်ဆုံးမှုကိုစုံစမ်းဖို့ သူ့ညီနဲ့ နစ်ကိုးလ် တို့သွားရာလမ်းအတိုင်း နောက်ကလိုက်ခဲ့ပါတယ်။သူနဲ့အတူ ချစ်သူ မိန်းကလေး မာရီလင်နဲ့ နစ်ကိုးလ်သူငယ်ချင်းလည်းဖြစ် ကြိတ်ကြိုက် နေတဲ့ငနဲလည်းဖြစ်တဲ့ ဂျဲရ်တို့ပါဝင်ပါတယ်။ သူတို့သွားမယ့် အဝေးပြေးလမ်းဟောင်းဆိုတာ မြေပုံပေါ်မှာမရှိတဲ့ အတွက် လမ်းဘေးဆီဆိုင်လေးတစ်ခုမှာ ဆီထည့်ရင်း ဝင်စုံစမ်းကြ ရာကနေ နစ်ကိုးလ်နဲ့ပတ်သက်တဲ့သဲလွန်စတွေနဲ့အတူ အဝေးပြေး လမ်းဟောင်းကိုပါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားကြရင်း နစ် ကိုးလ်နဲ့ ဂျက်စ်တို့ကို ကိုယ်စီပြန်တွေ့ခဲ့ကြရသလို သူတို့ကိုနှိပ်စက် သတ်ဖြတ်ခဲ့သူတွေနဲ့ပါရင်ဆိုင်တိုးမိခဲ့ချိန်မှာတော့..။ ပထမကားမှာ မရှင်းခဲ့တဲ့ပဟေဠိတွေကိုပါ ဒီထဲမှာထည့်ရှင်းသွားတာ ကိုတွေ့ရပါလိမ့်မယ်။ RV ပေါ်ကခြောက်ခြားစရာ တရားဟောဆရာ မိသားစု၊ ထရပ်ကားမောင်းသမား သူတို့ကြားက ဆက်နွယ်ပတ်သက် မှုတွေ၊ သူတို့ဘာကြောင့်ဘယ်လို ဒီဘဝကိုရောက်ခဲ့ကြသလဲဆိုတာ တွေကိုပါ တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.86 GB) / (735 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

Horror • Comedy
4.6 2008
Rest Stop: Don’t Look Back
Parallels
6

လွန်ခဲ့တဲ့ ၉ နှစ်က ထွက်ရှိခဲ့တဲ့ sci-fi ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Parallel ဆိုတာ မြန်မာလိုဆိုရင် အပြိုင်ပေါ့။ အပြိုင်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က Parallel Universe အပြိုင်စကြာ၀ဠာထဲက တခြားကမ္ဘာ‌တွေနဲ့ပတ်သက်တဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ သိပ္ပံကားတွေ၊ စူပါဟီးရိုးရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေဆိုရင်တာ့ ဒီလိုအရာတွေနဲ့ရင်းနှီးကြမှာပါ။ အပြိုင်စကြာ၀ဠာဆိုတာ ကျွန်တော်တို့စကြာ၀ဠာနဲ့ အပြိုင်တည်ရှိနေပြီး ‌ဒီစကြာ၀ဠာထဲက ကမ္ဘာတွေဟာလည်း ကျွန်တော်တို့ကမ္ဘာနဲ့ အနည်းနဲ့အများ တူညီနေကြပါတယ်။ ဥပမာ‌ပေးရရင် ကျွန်တော်တို့ကမ္ဘာမှာ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာ ၁ ထက် ပုရွက်ဆိတ်လေးတစ်ကောင်ပဲပိုများပြီး တည်ရှိနေပြီး ကွာခြားနေနိုင်သလို ကမ္ဘာ ၅ မှာတော့ နည်းပညာတွေအရမ်းတိုးတက်ပြီး ကားပျံတွေပါပေါ်နေတာမျိုး အစရှိသဖြင့် မဖြစ်စလောက် ကွာခြားချက်လေးက‌နေ အကြီးကြီးအထိရှိနေနိုင်ပါတယ်။ ဒီနေရာမှာ အချိန်ခရီးသွားတာနဲ့မတူတာက အပြိုင်ကမ္ဘာတွေမှာက timeline အချိန်စီးကြောင်းတွေက အတူတူဖြစ်နေပြီး ဒီကမ္ဘာမှာ ခင်ဗျားက အသက် ၃၀ ဆိုရင် တခြားကမ္ဘာမှာလည်း အသက် ၃၀ ပဲဖြစ်နေမှာပါ။ ဒီကမ္ဘာမှာ ခင်ဗျားက ကြောင်ချစ်တတ်တဲ့ ဆရာ၀န်ဖြစ်နေပေမဲ့ တခြားကမ္ဘာမှာတော့ ခွေးချစ်တတ်တဲ့ အင်ဂျင်နီယာဖြစ်နေနိုင်ပြီး အဲဒီလိုဖြစ်တည်မှုနဲ့ပတ်သက်တာတွေပဲ ကွာခြားသွားတာပါ။ ဇာတ်ကြောင်းကတော့ ရိုနန်ကာဗာဆိုတဲ့ ကြေးစားလက်ဝှေ့သမားဆီကို မတွေ့တာကြာပြီဖြစ်တဲ့ အဖေဖြစ်သူဆီက စာရောက်လာခဲ့ပါတယ်။ ဒီစာထဲမှာ ရိုနန်ကို အိမ်ပြန်လာဖို့ အရေးတကြီးခေါ်ထားတာပါ။ ဒီလိုနဲ့ ရိုနန်တစ်ယောက် အဖေဖြစ်သူရဲ့အိမ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ အဖေကိုမတွေ့ဘဲ ညီမဖြစ်သူ ဘီယာထရစ်သာရှိနေပါတယ်။ အဲဒီနောက်မှာတော့ အဖေဖြစ်သူဟာ ပျောက်ချင်းမလှပျောက်သွားကြောင်းကို ညီမဖြစ်သူထံကနေသိရှိလိုက်ရပါတယ်။ ဒါ့အပြင် အဖေဖြစ်သူဟာ မပျောက်ဆုံးသွားခင်မှာ သူတို့နှစ်ယောက်လုံးကို တိုက်ကြီးတစ်ခုဆီကို သတ်မှတ်ထားတဲ့အချိန်မှာ အတိအကျ သွားကြဖို့ မှာခဲ့တဲ့နောက်မှာတော့ ရိုနန်ရယ် ဘီယာထရစ်ရယ် အိမ်နီးချင်း မိတ်ဆွေဖြစ်တဲ့ ဟာရိုရယ်ဟာ အဖေဖြစ်သူသွားခိုင်းတဲ့တိုက်ကြီးဆီရောက်လာကြပါတော့တယ်။ ဒါပေမဲ့ ဒီတိုက်ကြီးဟာ ရိုးရိုးတိုက်မဟုတ်ဘဲ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာတွေနဲ့ အသွားအပြန်လုပ်တဲ့နေရာကြီးဖြစ်နေတဲ့နောက်မှာတော့ သူတို့သုံးဦး တခြားဘယ်ကမ္ဘာတွေကိုရောက်ပြီး ဘယ်သူ‌တွေနဲ့ ဆုံတွေ့ရမလဲ၊ ဘာတွေကြုံတွေ့ရမလဲ၊ သူတို့အဖေကိုရော ရှာတွေ့ပါ့မလား၊ သူတို့အဖေက ရော ဘာလို့တိုက်ကြီးဆီလွှတ်လိုက်တာလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို သိရဖို့အတွက် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.3 GB)/(606 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Action, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Comedy • Drama
6 2015
Parallels
Welcome Home, Brother!

ဒီဇာတ်ကားကတော့ အိမ်မှာ အေးအေးဆေးဆေးထိုင်ကြည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးသောစိတ်ကျေနပ်မှုတွေကို ပေးစေနိုင်မှာပါ။ ဇာတ်ကားလေးရဲ့ဇာတ်လမ်း ဇာတ်ကြောင်းက ပေါ့ပေါ့ပါးပါးလေးပဲ တည်ဆောက်ထားပြီး စိတ်အပန်းပြေသွားနိုင်တဲ့ခံစားမှုတွေရချင်သူတွေကြည့်သင့်ပါတယ်။ ဇာတ်လမ်းအညွှန်းကို ရှင်းရှင်းလေးပဲပြောပြရရင် လက်ထပ်ခါနီးစုံတွဲတစ်တွဲက ကောင်မလေးရဲ့မွေးရပ်မြေရွာလေးမှာ လက်ထပ်ပွဲ‌လုပ်ဖို့ပြန်သွားကြ‌တာပေါ့။ အဲဒီရွာကလူတွေကလဲ တော်ရုံတန်ရုံအပူအပင်တွေမရှိပဲနဲ့ အမြဲတမ်းနေချင်သလိုနေပြီး ဘာပဲဖြစ်ဖြစ်သောက်မယ်ဆိုတဲ့ရွာတစ်ရွာပါပဲ။ ဖြစ်ချင်တော့ သတို့သားကရိုးရိုးအေးအေး‌နဲ့ သတ်သတ်လွတ်စားပြီး အရက်ဆို အနံ့တောင်မခံတဲ့လူပါ။ အဲဒီမှာ အရက်မသောက်တဲ့သူနဲ့ တစ်ရက်မှာ ၂၄နာရီအရက်သောက်တဲ့ရွာနဲ့တွေ့ပြီး သတို့သားလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေအနေနဲ့ အမြဲတမ်းတစ်လွဲတွေလုပ်နေတဲ့ ထိုရွာကလူတွေကိုကြည့်ပြီး ပြုံးပျော်ရမှာသေချာတဲ့အတွက် အေးအေးဆေးဆေးရှိတဲ့အချိန်မှာကြည့်ရှုခံစားပေးကြပါဦး။ File size…(1.7 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

0 2022
Welcome Home, Brother!
Marei El Breemo
5.5

စိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက် ဟာသကားလေး ကြည့်ချင်တယ်ဆိုရင် အခုတင်ဆက်ပေးမယ့် Marei The Primo ဆိုတဲ့အီဂျစ်ဟာသလေးကိုကြည့်ဖို့ ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေက မဆိုသလောက် မြန်မာကားလေးနည်းနည်းဆန်တယ်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်တဲ့အတွက် သူ့ဟာလေးနဲ့သူတော့ ကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအစမှာတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သူ့ရဲ့မြေးဖြစ်သူကို ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ဥစ္စာလိုချင်ဇောနဲ့အကြံအဖန် လာလုပ်တဲ့ ဂျင်းကောင်တွေကို နောက်တစ်ခါဆိုတာ မရှိတော့အောင် သင်ခန်းစာပေးနေပုံကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ နောက်တစ်ခန်း မှာတော့ မာရီဆိုတဲ့ ဖရဲသီးကုန်သည်တစ်ယောက်နဲ့ သူ့ဘ၀ကို ရိုက်ကူးပြသထားပါတယ်။နောက်ပိုင်းမှာတော့ ပရိသတ်ကြီးထင်တဲ့ အတိုင်းပါပဲ မာရီကခုနကသူဌေးကြီးရဲ့တကယ့်မြေးအရင်းဖြစ်နေပြီး အဖိုးဖြစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။အဖိုးဖြစ်သူက သူ့မြေးနဲ့တွေ့တဲ့အခါမှာ သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတဲ့ သူတွေရှိနေတဲ့အတွက် အချိန်တွေဆွဲမနေတော့ပဲ မာရီ့ကို ပိုင်ဆိုင်မှုတွေ အားလုံးပေါင်းထားတဲ့ စိန်တွေပေးလိုက်ပြီး ထိန်းသိမ်းထားခိုင်းလိုက်ပါတော့တယ်။မာရီကလည်း ဖရဲသီးကုန်သည် ပီပီ အိမ်မှာထားထားတဲ့ ဖရဲသီးတွေထဲကနှစ်လုံးထဲမှာ အဲ့ဒီစိန် တွေကိုဖွက်ထားလိုက်ပါတော့တယ်။ အဲ့ဒီအထိ ကိစ္စမရှိသေးပေမဲ့ နောက်နေ့မနက်နိုးလာတဲ့အချိန်မှာ သူ့မိန်းမကအိမ်က ဖရဲသီးတွေ အကုန်လုံးကိုရောင်းလိုက်ပြီဖြစ်တဲ့အတွက် စိန်တွေပါသွားတာက တစ်ကြောင်း သူ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်နေတဲ့လူတွေပါ အိမ်အထိရောက်ချလာပြီး ခြိမ်းခြောက်တောင်းယူတာက တစ်ကြောင်းနဲ့ ပြဿနာပေါင်းစုံကြုံတွေ့ပြီးအဲ့ဒီစိန်တွေကို ပြန်ယူနိုင်ဖို့ကြိုးစားရတဲ့ခရီးကြမ်းကြီးကို ဟာသပေါင်းများစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.61GB / 1.3GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023 105 mins
Marei El Breemo
Pocahontas II: Journey to a New World
4.9

Pocahontas 2 ကိုလာကြည့်ဖို့လုပ်ပြီ ဆိုကတည်းက နံပါတ် 1 ကိုအတော်ကြိုက်ခဲ့လို့ ထင်ပါရဲ့။ ဒီဒုတိယပိုင်းမှာ ပိုကာဟွန်းတက်စ် ဟာ Disney Princesses တွေလုံးဝမရွေးချယ်ဖူးတဲ့ ကြီးမားတဲ့ မထင်မှတ်စရာ ရွေးချယ်မှုကို ရွေးချယ်သွားပါတယ်။ အမှန်ပြောရရင် ဒီကားကို ဘာသာပြန်မယ်ဆိုတုန်းက နံပါတ် 1လောက်ကောင်းမယ် လို့မထင်ခဲ့ဘူးဗျ။ လုံးဝမှားတာပါပဲဗျာ။ ဒီဇာတ်လမ်းလေးမှာတော့ အင်္ဂလန်နိုင်ငံနဲ့ အင်ဒီးယန်းလူရိုင်းတွေအကြား နားလည်မှုလွဲတာကို ပိုကာဟွန်းတက်စ် နဲ့ အင်္ဂလန်နိုင်ငံသား ဂျွန်ရော့ဖ် တို့ ပညာသားပါပါ ပြေလည်အောင်ကြိုးပမ်းရတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ မထင်မှတ်ထားတာ ဖြစ်မယ်ဆိုတာတော့ လောင်းရဲသဗျ File size… 1.2 GB / 566 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Adventure / Animation / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ag Ko Khant

4.9 1998 72 mins
Pocahontas II: Journey to a New World
Trespass Against Us
5.8

Trespass Against Us (2016) ကတော့ ၂၀၁၆ ခုနှစ်ထွက် Crime/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ မျက်နှာသိမင်းသားနှစ်ယောက်ဖြစ်တဲ့ Michael Fassbender နဲ့ Brendan Gleeson တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမလို့ တကယ်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း Chad Cutlerဟာ သူ့ရဲ့သားကို ပိုကောင်းတဲ့ ဘဝတစ်ခုကိုပေးဖို့အတွက် ရာဇဝတ်မှုတွေကိုကျူးလွန်တဲ့ ဘဝကနေပြီးရုပ်းထွက်ကာ ဘဝကို ပိုကောင်းအောင်နေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အဖေ Colby က သူ့ကိုသစ္စာဖောက်တစ်ယောက်ဖြစ်မှတ်ယူကာ ရာဇဝတ်ကောင်ဘဝကနေပြီး ရုန်းထွက်ရတာ မလွယ်ကြောင်းပြသခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးဆက် ၃ ခုကြား ဘယ်လိုဆက်ဖြစ်မှာလဲ။ ဖခင် ၂ယောက်နဲ့ သား ၂ နှစ်ယောက်ဘယ်လိုများ ရှေ့ဆက်ကြမှာလဲ။ ကြည့်လိုက်ကြပါခင်ဗျာ။ File size… 1.6 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kyaw Zayar Htun

Comedy • Romance
5.8 1900 99 mins
Trespass Against Us
The Boy With Pink Pants
6.7

IMDb Rating – 6.7/10 ဒီကားကိုတော့ ဒါရိုက်တာ Margherita Ferri ရိုက်ကူးထားပြီး Andrea Arru, Samuele Carrino, Sara Ciocca, Claudia Pandolfi တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားကတော့ အန်ဒရီယာဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ အန်ဒရီယာဟာ အထက်တန်းကျောင်းသားအရွယ် သူ့ရဲ့ ဆယ့်ငါးနှစ်မြောက် မွေးနေ့ပြီးနောက်နေ့မှာ သတ်သေ သွားခဲ့ပါတယ်။ သူသေဆုံးပြီးနောက်မှာ သူ့အမေဖြစ်သူက ဖေ့ဘုတ်အကောင့်ကနေတစ်ဆင့် အန်ဒရီယာတွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို သိရှိခဲ့ရပါတယ်။ အန်ဒရီယာက စာတော်တဲ့ကျောင်းသားလေးဖြစ်ပြီး သူ့ရဲ့ ကံဆိုးမှုလို့ ပြောလို့ရတဲ့ ခရစ်စတီယန်နဲ့ မတွေ့ခင်အထိ အေးချမ်းတဲ့ဘဝလေး ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ ခရစ်စတီယန်က သူ့အပေါ် မကောင်းနေလည်း သူကတော့ သူငယ်ချင်းလို့ မှတ်ယူထားတုန်းပါပဲ။ ဆာရာဆိုတဲ့ သူငယ်ချင်းမလေးက ခရစ်စတီယန်မကောင်းကြောင်း သူ့ကို သတိပေးပေမယ့် သူကတော့ သူငယ်ချင်းဖြစ်ချင်နေတုန်းပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ခရစ်စတီယန်က အန်ဒရီယာ့ကို မိန်းမလိုလိမ်ပြီးဝတ်ခိုင်းပြီးတော့ အတန်းဖော်တွေရှေ့ ခေါ်သွား တဲ့အပြင် လိုင်းပေါ်မှာပါ ပေ့ခ်ျထောင်ပြီးလှောင်ပြောင်ခဲ့ ပါတယ်။ ဒီလိုလုပ်ရတာက အန်ဒရီယာက ပန်းရောင် ဘောင်းဘီတွေ ကျောင်းကိုဝတ်လာခဲ့လို့ပါတဲ့။ ဒီကားမှာတော့ ဂေးတစ်ယောက်လို့ လှောင်ပြောင်ခံရတဲ့ ကောင်လေးအကြောင်းကို သနားဖွယ်ရာ မြင်တွေ့ရမှာပါ။ အီတလီမှာတင်မကပဲ တကမ္ဘာလုံးမှာကြုံနေရတဲ့ ကျောင်းတွင်းအနိုင်ကျင့်ခြင်းနဲ့ Cyber bullying တွေဟာ ဘယ်လောက် အန္တရာယ်များကြောင်းကို ပညာပေးရိုက်ကူး ထားတာဖြစ်ပါတယ်။ ရင်ထဲမှာ စွဲသွားစေမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။ File size… (1.59 GB) / (934 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 54m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Thriller
6.7 2024 114 mins
The Boy With Pink Pants