YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Saachi (2023) Telugu TRUE WEB-DL - 720p- AVC - YK(CM).mp4

1005.04 MB 720p video/mp4 504 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunger
7.3

ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊ အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။ File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Romance
7.3 2008 96 mins
Hunger
Utama
7.3

သိမ်းငှက်တစ်ကောင်ဟာ သူ့ဘဝကို ဘယ်အချိန်မှာ အဆုံးသတ်လဲတဲ့ တောင်ပံတွေမဖြန့်နိုင် အားအင်ချိနဲ့တဲ့ ဘဝနေဝင်ချိန်မှာ သိမ်းငှက်‌တစ်ကောင်ဟာ နောက်ဆုံးခွန်အားနဲ့ တောင်ထိပ်ကိုတက်ပြီး အဲ့ကနေ ပြုတ်ကျခံပြီး ကျောက်ဆောင်တွေနဲ့ တိုက်သေပါတယ် တဲ့ ဘဝရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်ရရင်လဲ အဲ့လိုပါပဲ ကိုယ့်ကိုယ်ကို အသုံးမဝင်တော့ဘူးလို့ ထင်တဲ့တစ်ချိန်ကျရင် ဘယ်သူမှဆက်လက်ရှင်သန်ချင်မှာ မဟုတ်ပါဘူး ဒီစပိန်စကားပြော ဇာတ်ကားလေးထဲမှာ စပိန်ကားတွေရဲ့မြင်နေကျ ကလက်စီကယ်ဂစ်တာတွေ ပေါင်တံရှည်တွေကို ကြည့်ရမှာမဟုတ်ပါဘူး အဲ့အစား သင်တို့ကို ခံစားချက်တွေတနင့်တပိုးနဲ့ တွေးစရာတွေ အပြွတ်လိုက်ထည့်ပေးမှာပါ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးမှာ ဘဝရဲ့အဓိပ္ပာယ်ကို ရှာ‌ဖွေကြည့်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 887MB | 449MB | 229MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... August

Action • Drama
7.3 2022 88 mins
Utama
Book of Blood
5.5

မိသားစုတစ်ခုရဲ့ သမီးက ဘယ်အရာက လုပ်သွားမှန်းမသိရဘဲ သူ့အိမ်အခန်းထဲမှာပဲ ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ပါတယ် ထိုသေဆုံးမှုကို သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်တဲ့ မယ်ရီနဲ့ ရက်ဂ်တို့က ဝိညာဉ်လောကနဲ့ဆက်သွယ်နိုင်တဲ့ ဆိုင်မွန်ဆိုတဲ့ကျောင်းသားနဲ့ အတူ အဆိုပါသေဆုံးမှုကို သွားရောက်စုံစမ်းတဲ့အချိန်မှာ ဘယ်လိုထူးဆန်းမှုတွေနဲ့ကြုံရမလဲ ဘယ်လိုသွေးပျက်စရာတွေနဲ့ ကြုံရမလဲ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ တွေ့ရမလဲဆိုတာကတော့ ..... သွေးသံရဲရဲနဲ့ horror movieကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုဖြစ်နေမှာပါ အဖော်အချွတ်အခန်းအချို့ ပါဝင်တာကြောင့် မိသားစုနဲ့ဆို သတိထားကြည့်ပါဗျ အညွှန်း နဲ့ ဘာသာပြန်ကတော့ Soe Htun Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Horror, Fantasy Quality….1080p | 720p| 480p File size…1GB | 460MB | 218MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Soe Htun Aung Encoder ..... August

War
5.5 2009 96 mins
Book of Blood
Il Boemo
6.5

Il Boemo (2022) ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။ မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ လက်ရာတွေမှာ သူလွှမ်းမိုးမှုရှိပြီး ငယ်စဉ်ကတည်းက အကြံပေးခဲ့ဖူးသူဆိုတာကတော့ အမှန်တရားပါပဲ။ ဘာလို့ဆို သူနဲ့ပတ်သက်ပြီး မိုးဇက်တို့ မိသားစုက မကြာခဏထုတ်ပြောဖူးခဲ့ကြတာကြောင့်ပါ။ နောက်တစ်ခုက ဒီကားထဲမှာ သူ့နာမည် ဂျိုးဆက်ဖ်ကို အီတလီအသံထွက်နဲ့မို့ထင်ပါတယ်… ဂီဆက်ဖ်လို့ပဲ ခေါ်ကြပါတယ်။ ဒီကားကို လက်ရှိမှာ ချက်နိုင်ငံက အကယ်ဒမီအတွက် အမည်စာရင်းသွင်းထားပါတယ်။ ၁၈ရာစုခေတ်ရဲ့ ဥရောပကို ပီပီပြင်ပြင် ရှုစားရမှာဖြစ်ပြီး ဂန္ထဝင်ဂီတတွေကိုပါ တစ်ပါတည်း အခမဲ့ နားဆင်ရဦးမှာဆိုတော့ မလိုင်အပြည့်နဲ့ နို့တစ်ခွက်လိုပဲနေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 10Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.5 2022 141 mins
Il Boemo
The Dilemma
5.3

2011 ခုနှစ်က ထွက်ရှိခဲ့ပီး IMbd 5.3 ရရှိခဲ့တဲ့ black comedy အမျိုးအစား ဇာတ်ကား ​လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ ရွန်နီ နဲ့ နစ်ခ် ဟာ အထက်တန်း​ကျောင်းတုန်းကနဲ့ ခင်ကြတဲ့ သူငယ်ချင်း​တွေဖြစ်ကြပီး စီးပွား​ရေး လည်းအတူတွဲလုပ်ကြတဲ့ သူတွေပါ။ ​ဂေါ်မစွံ့ လူပျိုကြီ ရွန်နီ ကို အိမ်​ထောင်ပြုဖြစ်​အောင် နစ်ခ် တို့ ဇနီး​မောင်နှံက ကြိုးစားတိုက်တွန်းကြပါတယ် ၊ တစ်​နေ့မှာ​တော့ နစ်ခ်ရဲ့ မိန်းမ က ​ဖောက်ပြန်​နေတာကို ရွန်နီ က သိရှိသွားတဲ့ အခါ နစ်ခ် ကို​ ​ပြောပြဖို့ ကြိုးစားပါတယ်။ အဲ့လိုလုပ်​နေရင်းနဲ့ မရိုးရှင်းလှတဲ့ အိမ်​ထောင်​ရေးပြသနာ​တွေ၊ လျို့ဝှက်ချက်​တွေကို သိသွားပီး ​ဖြေရှင်းဖို့ကြိုးစားပုံ​တွေ ၊ သူငယ်ချင်း​တွေ ကြားက သံ​ယောဇဥ် အ​ကြောင်း​တွေ ကို ​ပေါ်လွင်​အောင်​ဖော်ပြထားတဲ့ ဇာတ်လမ်း​လေးပဲ ဖြစ်ပါတယ်။ တဖက်ကလည်း အခက်အခဲ​တွေ​ကျော်လွှားပီး ​အောင်မြင်​အောင်ကြိုးစား အလုပ်လုပ်ကြပုံ​တွေကိုလည်း​တွေ့ရမှာပါ။ Vince Vaughn နဲ့ Kevin James တို့လို မင်းသားကြီး​တွေရဲ့သရုပ်​ဆောင်မှု နဲ့ ခပ်​သော့​သော့ ဟာသ ​တွေအပြင် Magic Mike မင်းသား Channing Tatum ပါပါဝင် သရုပ်​ဆောင်ထားတဲ့အတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်း​လေး ပဲဖြစ်ပါတယ်။ File size… 1.6 GB / 746 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

Thriller • Drama
5.3 2011 111 mins
The Dilemma
Hot Tub Time Machine
6.4

လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာပါ။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူးဗျ။ File size…(2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Science Fiction, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

6.4 2010
Hot Tub Time Machine
The Fourth Kind

Resident evil, Hell Boy, Survivor, Expendables 3 အစရှိတဲ့ဇာတ်လမ်းကောင်းပေါင်းများစွာရဲ့ မင်းသမီးဖြစ်သူ Milla Jovovich က ယခုရုပ်ရှင်ကို ပြောင်မြောက်လှတဲ့ သရုပ်ဆောင် skillတွေနဲ့ ဇာတ်လမ်းကိုဦးဆောင်သရုပ်ထားပါတယ်။ ဒါအပြင် Star Trek , Evidence တို့ရဲ့ ပဲ့ကိုင်ရှင် Olatunde Osunsanmiကလည်း ယခုကားမှာ Director လုပ်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟိုတလောလေးကမှ အမေရိကန်နိုင်ငံက ဂြိုဟ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုပေးလိုက်တာဆိုတော့ အချိန်အခါနဲ့အားလျော်သွားအောင် CMကနေ ဂြိုဟ်သားရုပ်ရှင် ကောင်းကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်တွေက သာမန်ဂြိုဟ်သားရုပ်ရှင်လို တိုက်တာခိုက်တာမျိုးမဟုတ်ပါဘူး။ Science Fiction Psychological horror thriller film ဆိုတော့ နက်နဲပြီး ကြောက်စရာကောင်းပြီး ထူးဆန်းထွေလာပုံစံမျိုး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားရင်တော့ သေချာပေါက် တွေးစရာ ၂ခုပေါ်လာမှာဖြစ်ပြီး အဆုံးမှာတော့ ကိုယ် ယုံကြည်မယ့် အရာကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကဲကဲ ဇာတ်လမ်းအကြောင်း စလိုက်ကြတာပေါ့ဗျာ။ လောလောလတ်လတ်ကမှ ဒေါက်တာ အက်ဘီဂေလ်း အမ်မလီ တိုင်လာရဲ့ ခင်ပွန်းဖြစ်သူ ဝေလ်က ဆန်းကြယ်စွာနဲ့ သေဆုံးခဲ့ပါတယ်။ ဝေလ် တစ်ယောက် အသတ်ခံလိုက်ရတယ်လို့ အက်ဘီကတော့ တစ်ထစ်ချ ယုံကြည်နေပါတယ်။ အက်ဘီရော ဝေလ်ရောက စိတ်ကုထုံးဆရာဝန်တွေပါ။ အက်ဘီက သူ့ရဲ့ခင်ပွန်းကို သတ်သွားတဲ့ တရားခံကို ရှာမတွေ့ခင်မှာ သူ့ရဲ့ဘဝကို ပုံမှန်အတိုင်းဖြစ်ဖို့ move on ရပါတော့တယ်။ စိတ်ကုထုံးဆရာဝန်ဆိုတော့ သူ့ဆီကို လူနာတွေ လာပြကြတာပေါ့။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက သူ့ဆီလာပြတဲ့ လူနာတွေ အကုန်လုံးရဲ့ ရောဂါလက္ခဏာက တူနေကြပါတယ်။ လူနာတွေအကုန်လုံးက ည၃နာရီဆိုရင် လန့်နိုးလာကြပြီး ဆက်အိပ်လို့မရတော့တာပါ။ သူတို့ အိပ်လို့မရတဲ့အကြောင်းရင်းက ဇီးကွက်တစ်ကောင်က စိုက်ကြည့်နေလို့ပါတဲ့။ အဲဒါနဲ့ အက်ဘီက သူ့ရဲ့ လူနာတွေကို အိပ်မွေ့ချတဲ့နည်းနဲ့ ကုသကြည့်ပါတော့တယ်။ အိပ်မွေ့ချတဲ့နည်းနဲ့ ကုသကြည့်မှ လူနာတွေ မြင်နေရတဲ့ ဇီးကွက်က ဇီးကွက် မဟုတ်နေသောအခါ ….. လူနာတွေက တကယ်ပဲ အိပ်မပျော်တာလား ဒါမှမဟုတ်တာ တခြားတစ်ခုခုကြောင့်လား ….. အိပ်မပျော်တဲ့ရောဂါနောက်မှာ ပိုပြီးကြီးမားကျယ်ပြန့်တဲ့ ကိစ္စအကြီးကြီး တစ်ခုခု ရှိနေသောအခါ ….. အက်ဘီ တစ်ယောက် သူမသိသေးတဲ့ အရာတစ်ခုကို ဘယ်လိုရင်ဆိုင်သွားမလဲ ….. လူတွေကရော သူ့ကိုယုံကြည်ကြပါ့မလား ….. အစရှိတာတွေကို ရုပ်ရှင်ထဲမှာ စီးမြောရမှာပါ။ ယခု ရုပ်ရှင်ကို ကြည့်ပြီးသွားရင် တွေးစရာ ၂ခု သေချာပေါက် ခေါင်းထဲ ဝင်လာပါလိမ့်မယ်။ တွေးရတာကြိုက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဒီရုပ်ရှင်က ထူးရှယ်ဖြစ်နေမှာသေချာပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကိုယ် ယုံကြည်မယ့် အရာကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပြီးသွားလို့ ယုံကြည်မယ့်အရာတစ်ခုကို ဆုံးဖြတ်ပြီးသွားရင်လည်း mentခဲ့ကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(940 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Mystery, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2009
The Fourth Kind
Dominion: Prequel to The Exorcist
5.2

Exorcist : The beginning ရဲ့ prequel ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Beginning မှာတော့ မိစ္ဆာကို ကောင်းမှုကုသိုလ်က အနိုင်ယူအောင်ပွဲခံတာကို ရိုက်ကူးပုံဖော်ထားပြီး ဒီ prequelမှာတော့ မိစ္ဆာရဲ့ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ၊ ဆင်းရဲခြင်းအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Dune, Andor, Chernobyl, Good Will Hunting, Pirates of the Caribbean 1နဲ့ 2, Thor, အစရှိသဖြင့် ပြောလို့တောင် မကုန်နိုင်တဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာရဲ့ သရုပ်ဆောင် မင်းသားကြီး Stellan Skarsgårdနဲ့ Rush Hour , Bat woman, Mad man , Damnation အစရှိတဲ့ ရုပ်ရှင်ကားကောင်းတွေပါ သရုပ်ဆောင်ဖူးတဲ့ မင်းသားGabriel Mannတို့က ဒီရုပ်ရှင်ကို ဦးဆောင်ပုံဖော်ထားတဲ့ Warner Bros. Picturesရဲ့လက်ရာစစ်စစ်ဖြစ်ပါတယ်။ ဖာသာ မယ်ရင်းက ဒုတိယကမ္ဘာစစ်မှာ နာဇီတွေရဲ့ရက်စက်မှုကြောင့် ဘုရားပေါ် သက်ဝင်ယုံကြည်မှုကို စွန့်လွှတ်ပြီး ရှေ့ဟောင်းသုတေသနပညာရှင်အဖြစ် လူဝတ်လဲသွားခဲ့ပါတယ်။ စစ်ပွဲပြီးကာလမှာ မယ်ရင်းတစ်ယောက် Turkana ခရိုင်၊ Rudolf ရေကန်ရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ ဘုရားကျောင်း တစ်ကျောင်းကို ရှာဖွေစူးစမ်းဖို့အတွက် ဘုန်းတော်ကြီး အသိုင်းဝိုင်းဘက်က မယ်ရင်းကို ကူညီဖို့နဲ့ သာသနာပြုဖို့အတွက် ဖာသာ ဖရန်စစ်ကို အကူညီအနေနဲ့ မယ်ရင်းနဲ့အတူတူ ထည့်ပေးလိုက်ပါတယ်။ မယ်ရင်း တူးဖော်တွေ့ရှိတဲ့ ဘုရားကျောင်းက ဘုရားကို ရည်စူးပြီးဆောက်လုပ်ထားတဲ့ ဘုရားကျောင်း ဟုတ်မနေတဲ့အခါမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာပါတယ်။ နွားတွေကို ဝင်တိုက်ခိုက်တဲ့ ခွေးအ,တွေကို နွားတွေက သတ်ပြီး၊ ခွေးအ,တွေရဲ့ အသားကို နွားတွေက စားသုံးကြတာမျိုး။ လူတွေ၊ နွားတွေ တိရစ္ဆာန်တွေ အကြောင်းမရှိ သေဆုံးလာကြတာမျိုး အစရှိသဖြင့်ပေါ့။ ဒါပေမယ့် အခြေနေတွေက ဒီထက်ဆိုးလာတဲ့အခါ ….. အခြေနေတွေကို ထိန်းချုပ်လို့ မရလာတော့တဲ့အခါမှာ ….. မကောင်းမှုတွေကို ဖြစ်အောင်လုပ်နေတာက ဘယ်သူလဲ ….. မကောင်းမှုတွေကြောင့် ခွန်အားတွေ တိုးပွားလာတာ ဘယ်သူလဲ …. အဲဒီမကောင်းဆိုးဝါးကို ဖာသာ ဖရန်စစ်နဲ့ ဖာသာ မယ်ရင်းတို့ တန်ခိုးရှင်ဘက်ကနေ ဘယ်လိုတိုက်ခိုက်သွားမလဲ ….. မကောင်းတဲ့မိစ္ဆာဘက်က နိုင်သွားမလား ….. ကောင်းတဲ့ ကုသိုလ်ဘက်က နိုင်သွားမလား ….. Plot နိုင်နိုင်နင်းနင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း ကြည့်ရတာကို ကြိုက်တဲ့လူတွေအတွက် ဒီကားက A+ ပါပဲ။ အဆိုပါရုပ်ရှင်က ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေ အတူတကွ ပုံဖော်ထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size… 1.87 GB / 1.32 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Minn Khant Kyi Win

5.2 2005
Dominion: Prequel to The Exorcist
Monster Inside: America’s Most Extreme Haunted House
5.5

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ရုပ်ရှင်မဟုတ်ပဲအမေရိကရဲ့ ကြောက်စရာ အကောင်းဆုံးအိမ်ကြီးထဲက မကောင်းဆိုးဝါးတစ်ကောင် အကြောင်း ဖြစ်ရပ်မှန်တီဗီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ Monster Inside America’s Most Extreme Haunted House ဆိုတဲ့ နာမည်နဲ့ထွက်ရှိထားတာဖြစ်ပြီး သည်းထိပ်ရင်ဖိုဆိုကြိုက်မှကြိုက်ဆိုတဲ့ လူတွေ လက်လွတ်မခံကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်လောက်တုန်းက အမေရိကမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ မက်ကေမီအိမ်ကြီးဆိုတဲ့ နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို ရက်စ်မက်ကေမီဆိုတဲ့ လူက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကိုအဓိကကြီးကြပ်ဦးစီးနေသူလည်း ဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးက ဘာလို့နာမည်ကြီးသွားရလဲဆိုရင် အဲ့ဒီအိမ်ကြီးထဲကို လာတဲ့ လူတိုင်းကို စစ်မှန်တဲ့ပြင်းထန်တဲ့ အလွန်အမင်းဖြစ်တဲ့သည်းထိတ်ရင်ဖို အတွေ့အကြုံတွေကို ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲကို ဝင်ချင်တိုင်းလည်း ဝင်လို့မရပါဘူး။ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး သင့်တော်တယ်ဆိုမှ သူတို့ရဲ့ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုသဘောတူလက်မှတ်ထိုးပြီးမှ ဝင်ခွင့်ရှိတာပါ။အဲ့ဒါကြောင့်မလို့ လည်း ယနေ့ထိတိုင်စိတ်ဝင်စားနေတဲ့လူအများအပြား ရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကိုယ့်ကိုနှိပ်စက်မယ် ရိုက်နှက်မယ် ရေနှစ်မယ် သွားတွေဆွဲထုတ်မယ် မသေရုံတမယ်နှိပ်စက်မယ်ဆိုတဲ့ ၈ နာရီကြာဝန်ဆောင်မှုတွေ အများကြီးရပါတယ်။ဒီတော့ကိုယ့်သတ္တိကိုယ်ယုံကြည်ပြီးတော့ သည်းထိပ်ရင်ဖို အစစ် အမှန်ကိုမှခံစားချင်တယ်ဆိုရင်တော့ အဲ့ဒီကိုသွားကြဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့် လူတွေဆိုတာသိတဲ့အတိုင်း ကောင်းတာလုပ်ရင်တောင် ဝိုင်းပြောချင်နေကြတာဆိုတော့ ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုအပေါ်မှာလည်း သဘောထားတွေကွဲလွဲလာခဲ့ကြပါတော့တယ်။ ထောက်ခံသူတွေက ထောက်ခံ ဆန့်ကျင်သူတွေကဆန့်ကျင်ပြီးတော့ ပွဲတွေဖြစ်ခဲ့ကြတာဆိုရင် ယနေ့ထိတိုင်ပါပဲ။ဒီထဲမှာ အဲ့ဒီအိမ်ကိုသွားခဲ့ဖူးတဲ့ လူသုံးယောက်ကသူတို့ရဲ့အတွေ့အကြုံတွေ အထင်အမြင်တွေကို ပြောပြထားတာကိုအဓိကထား ရိုက်ကူးထားပါတယ်။ဒီတော့ ကိုယ်လဲစိတ်ဝင်စားလို့ သွားချင်တယ်ဆိုရင်တော့ မသွားခင် ဒီအစီအစဉ်လေးကိုကြည့်သွားဖို့ အတွက်အကြံပေးလိုက်ချင်ပါတယ်။ File size…1.60GB / 681MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Documentary , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023
Monster Inside: America’s Most Extreme Haunted House
Northspur
5

2022 တုန်းကထွက်ရှိခဲ့တဲ့ Northspur ဆိုတဲ့ အက်ရှင် ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲမှာတွေ့ရမယ့် ကမ္ဘာကြီးမှာရောဂါပိုးမွှားတွေနဲ့ ပြည့်နှက်နေပြီး ကမ္ဘာ့လူဦးရေကလည်း အနည်းငယ်သာကျန်ပါတော့တယ်။ကျန်ခဲ့တဲ့ လူတွေကလည်း သင့်သင့်မြတ်မြတ်နေရမဲ့အစား အသက်ရှင်သန်နိုင်ဖို့အတွက် အချင်းချင်းသတ်ဖြတ်ပြီး ကြမ်းတမ်းတဲ့ကမ္ဘာကြီးတစ်ခုဖြစ်နေပါတော့တယ်။ ဒီလိုရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်သန်နိုင်ဖို့ အရေးအကြီးဆုံးအရာကတော့ အစားအသောက်မဟုတ်ဘဲ ဆေးဝါးဖြစ်နေ ပါတယ်။အဲ့ဒီကာလမှာ ခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုခုဖြစ်တာနဲ့ ပိုးဝင်ပြီး သေဆုံးမဲ့သေလူလို့ သတ်မှတ်လိုက်လို့ရပါပြီ။အဲ့ဒါကို ကယ်တင်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ပိုးသတ်ဆေးတွေထိုးဖို့ပဲဖြစ်ပါတယ်။ ကယ်လန်နဲ့ မလင်ဒါတို့ကလည်း ဒီလိုကမ္ဘာကြီးထဲမှာနေထိုင်နေကြတဲ့ လူတွေထဲမှာအပါအဝင်ဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ တစ်နေ့မှာ မလင်ဒါဒဏ်ရာရခဲ့ပြီး သေလုမြောပါးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ကယ်လန်က သူ့မိန်းမရဲ့အသက်ကို ကယ်တင်ပေးနိုင်ဖို့အတွက် ဆေးရှာပုံတော်ထွက်ခဲ့ပါတော့တယ်။အိမ်မှာ ကျန်ခဲ့တဲ့ မလင်ဒါလည်း ဒဏ်ရာတစ်ဖက်နဲ့ သူတို့အိမ်ထဲ ကျူးကျော်လာရတဲ့ ရန်သူတွေကို ရင်ဆိုင်ရတဲ့အပြင် ကယ်လန်ကလည်း သူ့မိန်းမကိုကယ်ဖို့အတွက် ဆေးတွေကိုရဖို့ နည်းလမ်းတွေ့ခဲ့ပေမဲ့ အရမ်းခက်ခဲနေတဲ့အခါမှာတော့ ကယ်လန်တစ်ယောက် သူ့မိန်းမကို အချိန်မီကယ်တင်နိုင်ပါ့မလား လင်မယားနှစ်ယောက်ဘယ်လိုအခက်အခဲ တွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.69 GB / 736 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror • Mystery • Thriller
5 2022 100 mins
Northspur
Dealing with Dad

IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။ File size…(1.7 GB)/(755 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Dealing with Dad
The Myth 2 : A Legend

ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီး ဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။ လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့….။

Drama • Horror • Mystery
0 2024
The Myth 2 : A Legend
The Demon Disorder
5

တစ်ကားလုံး အူတွေအသည်းတွေယားပြီး ကြည့်ရှုရမဲ့‌ သွေးထွက်သံယိုသည်း ထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်က The Demon Disorder ဖြစ်ပြီး လက်ရှိ IMDb Rating 5.0 အထိရရှိထားပါတယ်။ ဒီဇာတ်လမ်းရဲ့သည်းထိပ်ရင်ဖိုအမျိုးအစားက သရဲတွေလိုမျိုး မဟုတ်ဘဲ မကောင်းဆိုးဝါး ကပ်ပါးကောင်းပုံစံမျိုးဖြစ်ပါတယ်။ ပျင်းလည်းပျင်း Horror ကားလည်းတောင့်တနေတယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကိုဂရေဟမ် ဂျိတ်နဲ့ ဖေးလစ်တို့ညီအစ်ကို ၃ ယောက်နဲ့ သူတို့အဖေနဲ့ရှိခဲ့ဖူးတဲ့အရင်က အတိတ်အကြောင်းတွေကို အခြေခံပြီး ဇာတ်အိမ်တည်ထားတာတွေ့ရမှာဖြစ်ပါတယ်။ သူတို့အဖေမဆုံးပါးခင်တုန်းက လုံး၀ဖြေဆေးမရှိတဲ့အပြင် အရမ်း ကြောက်စရာကောင်းတဲ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့သူတို့ အဖေဆုံးပါးပြီးတဲ့နောက်မှာ အဲ့ဒီရောဂါဆိုးကြီးက ပြီးသွားလားဆိုတော့လည်း မပြီးသေးပါဘူး။ဖေးလစ်ဆိုတဲ့ ညီအငယ်ဆုံးဆီကို အဲ့ဒီရောဂါကပြောင်းရွှေ့လာခဲ့ပါတော့တယ်။ ဂရေဟမ်က အဲ့ဒီဖိအားတွေကိုမခံနိုင်တော့ပဲ အိမ်ကနေထွက်လာပြီး တခြားတစ်နေရာမှာစက်ပြင်ဆရာသွားလုပ်နေပါတော့တယ်။ ဒါပေမယ့် အိမ်မှာကျန်ခဲ့တဲ့ညီအစ်ကို ၂ ယောက်ကြားမှာ အခြေ အနေတွေကပိုဆိုးလာတဲ့အခါမှာတော့ ဂျိတ်က ဂရေဟမ့်ကို အကူအညီလာတောင်းရပါတော့တယ်။ဒီလိုနဲ့ ညီအစ်ကို ၃ ယောက် ပြန်လည်ဆုံစည်းခဲ့ကြပြီး သူတို့ညီအငယ်ဆုံး ဖေးလစ်ဆီမှာ ကပ်တွယ်နေတဲ့ ရောဂါဆိုးကြီးကဘာလဲဆိုတာကိုအဖြေရှာပြီး နှိမ်နင်းနိင်ကြမလားဆိုတာကို အသည်းတယားယားနဲ့ကြည့်ရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.57GB / 736MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Fantasy • Family
5 2024 86 mins
The Demon Disorder
The Astronaut’s Wife

သိပ္ပံရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် 1999 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Astronaut’s Wife ဆိုတဲ့ Sci-fi, Thriller ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ပရိသတ်တို့ရဲ့ အသည်းကျော် ပဲလှော် Johnny Depp က Commander Spencer Armacost အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ နိုင်ငံတော်ကစေလွှတ်တဲ့ အာကာသမစ်ရှင်တစ်ခုကို ထမ်းဆောင်ဖို့ Commander Spencer နဲ့ Captain Alex တို့နှစ်ဦးဟာ အဖွဲ့သားတွေနဲ့အတူ ဂြိုဟ်ပတ်လည်ကြောင်းတစ်ခုဆီ သွားခဲ့ကြပါတယ်။ အဲဒီမစ်ရှင်မှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပြီးတဲ့နောက် သူတို့နှစ်ဦးကို အသက်ရှင်လျက် ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ခဲ့ပြီးတဲ့အခါမှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေ လွဲမှားနေတဲ့ပုံစံတွေဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကို သတိထားမိလာတဲ့ Spencer ရဲ့ အမျိုးသမီး Jillian တစ်ယောက်ဟာ ပဟေဠိဆန်တဲ့အဖြစ်အပျက်တွေကြား အဖြစ်မှန်ကိုသိရှိသွားမလား။ အဲဒီမတော်တဆမှုရဲ့‌နောက်ကွယ်မှာ ဘာတွေရှိနေနိုင်မလဲ။ ဖြစ်လာမယ့်အန္တရာယ်တွေကို Jillian တစ်ယောက် အဆုံးထိရင်ဆိုင်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်သိပ္ပံရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

0 1999
The Astronaut’s Wife
Karl Denke

IMDbs 5.6/10 ဒီဇာတ်ကားကတော့ ဂျာမန်လူမျိုး ကားလ်ဒင်ကီဆိုတဲ့ ကွင်းဆက်လူသတ်ပြီး ”လူသားစားတဲ့”လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပဲဖြစ်ပါတယ် 1924 ခုနှစ် နောက်ဆုံးသားကောင်ဖြစ်တဲ့ ဗင်ဆင့်အိုလီဗာကို ဖျားယောင်းပြီးသတ်ဖို့ကြိုးစားချိန်မှာ မအောင်မြင်ခဲ့ရာက သူ့ကိုရဲက သံသယရှိတဲ့အတွက် ဖမ်းခံခဲ့ရပါတယ် အဲ့ဒီကနေ သူ့ကိုစစ်ဆေးမေးမြန်းတဲ့ အင်စပက်တော်အရာရှိနဲ့ သူနဲ့စကားပြောခန်းကနေ သူလူသတ်ခဲ့ပုံတွေ လူသားစားခဲ့တာတွေနဲ့ စိတ္တဇရာဇဝတ်ကောင်ရဲ့စိတ်နေစိတ်ထားကို ရိုးရိုးလေးနဲ့ ရိုက်ကူးပြထားတဲ့ဇာတ်အိမ်ပဲဖြစ်ပါတယ် File size… (1.2 GB) / (680 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si

Action • Thriller • Crime
0 2024
Karl Denke