YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[S4] Snowfall - Episode 10 (Fight Or Flight) - 1080p HEVC Webrip [RMC] Complete.mp4

938.75 MB N/A video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Batman Begins
7.7

IMDb Rating 8.2/10 ရထားပြီး voting အရေအတွက်ဟာ 1,257,970 ထိရှိနေခဲ့ပါတယ်။ June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။The Dark Knight Trilogy ရဲ့ပထမဆုံးကားဖြစ်ပါတယ်။ ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ တစ်နေ့ ကပွဲရုံမှာ ကပွဲသွားကြည့်ရင်း လင်းနို့ကြောက်တတ်တဲ့ Bruce ကြောင့်စောစောပြန်လာခဲ့ကြတုန်း လမ်းမှာ Joe Chill ဆိုတဲ့လူက ဓားပြတိုက်ပါတယ်။ Bruce ရဲ့မိဘနှစ်ပါးလုံးကို ဓားပြကသတ်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တော့ တစ်ကောင်ကြွက်ဖြစ်သွားတဲ့ Bruce ဟာ ဝိန်းမိသားစုရဲ့ အိမ်တော်ထိန်း Alfred Pennyworth ရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရပါတယ်။ ဘရုစ်ဟာ ငယ်စဉ်ကတည်းက မိဘတွေသေဆုံးခဲ့လို့ ဒုစရိုက်လောကကို ချေမှုန်းမယ်ဆိုပြီး မြေအောက်လောကထဲကို ကိုယ်တိုင်ဝင်ရောက်သွားပါတော့တယ် အဲ့ဒီမှာ မြေအောက်လောကရဲ့ဘုရင်လို့ခေါ်ရတဲ့ အရိပ်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် Ra’s al Ghul နဲ့တွေ့ပြီးသူ့ဆီမှာပညာသင်ပါတယ်။ Bruce Wayne အနေနဲ့ဆိုရင် သူဟာအမြဲမရှိနိုင်တဲ့အတွက် သူကြောက်ခဲ့တဲ့ လင်းနို့ သင်္ကေတကို ယူပြီး ဒုစရိုက်လောကကိုချေမှုန်းတာပါ။ နောက်မှ အရိပ်အဖွဲ့ကြီးရဲ့လုပ်ရပ်တွေကို နားလည်သွားတော့ သူ့မြို့တော်ကို အစွမ်းကုန်ကာကွယ်ပါတော့တယ်။ Bat Man ဟာ Super Hero တွေက အထူးခြားဆုံးသူတစ်ယောက်ပါ ဘာထူးခြားတဲ့စွမ်းအားမှမရှိဘဲ တိုက်ခိုက်စွမ်းရည်နဲ့ ညဏ်ရည်ကိုသာသုံးပါတယ်။ Justice League ကိုဦးဆောင်သူပါ။ Bat Man က Super Power မရှိပေမဲ့ ဘယ် Hero ကိုမှမကြောက်တဲ့သူပါ အားလုံးရဲ့ အားနည်းချက်ကိုလေ့လာပြီး ဗျူဟာကျကျ တိုက်ခိုက်တတ်သူပါ ( DC မှာ Bat Man ကြောက်တာ Wonder Woman တစ်ယောက်ပဲရှိပါတယ် comics ထဲမှာတော့ Bat Man က Wonder Woman နဲ့ဘာညာဘာညာတွေပါ )။ Bat man မှာ အိမ်တော်ထိန်း လူယုံ Alfred Pennyworth ၊ Bat Man ရဲ့ Technical supporter Lucius Fox နဲ့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်း Rachel Dawes ရဲမင်းကြီး ဖြစ်လာမဲ့ James Gordon တို့က ပင်တိုင်တွေပါပဲ။ ဒီရုပ်ရှင်ကားမှာတော့ Director Christopher Nolan က စိတ်ကူးယဉ်ဇတ်ကောင် Bat Man ကို ယုတ္တိရှိအောင်အသက်သွင်းခဲ့သူပါ။ Michael Caine, Liam Neeson, Morgan Freeman တို့လိုသရုပ်ဆောင်ကြီးတွေပါဝင်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ -Idiot Myo Ko- 4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။ Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=batman+dark+knight   မှာကြည့်ပါ။ File size…(5.6 GB)/(1.8 GB)/(999 MB) Quality….BluRay 4K  HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:20:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Mystery • Thriller
7.7 2005 140 mins
Batman Begins
Godse
6.2

IMDb 6.5/10 တစ်ချိန်က နာမည်ကြီး Crash Landing On You ဒရမ်မာရဲ့ နာမည်ကြီးစုံတွဲ BinJin တို့ရိုက်ကူးထားတဲ့ Negotiation ဇာတ်ကားနဲ့ ဆင်တူသော ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် Negotiation ကို မှီငြမ်းရိုက်ကူးထားတယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဒီဇာတ်ကားလေးရဲ့အညွှန်းကိုဖတ်ကြည့်ရအောင်။ အိန္ဒိယနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ဖြစ်တဲ့ Aiahwarya Lekshmiက ဗိုင်ရှာလီအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Satyadev Kancharanaက ဂိုစီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ညှိုနှိုင်းဆွေးနွေးရေးလုပ်တဲ့အခါ သူများနဲ့မတူ ကျွမ်းကျင်လှတဲ့ ဗိုင်ရှာလီက နောက်လိုက်အမှားကြောင့် ဓားစာခံကိုယ်ဝန်သည်တစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီးသူမကိုယ်သူမအပြစ်ရှိတယ်ခံစားရကာ အလုပ်ထွက်စာတင်ခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့ဒုရဲအုပ်က ဆယ်ရက်အချိန်ပေးပြီးစဉ်းစားခိုင်းခဲ့ပါတယ် ဒီဆယ်ရက်အတွင်းမှာ ထင်မထားတဲ့ပြောင်းလဲမှုကြီး ထွက်ပေါ်လာခဲ့ပါတယ် အဲဒီပြောင်းလဲမှုကြီးကဘာများဖြစ်မလဲ Trauma ရနေတဲ့ ဗိုင်ရှာလီကရော ဓားစာခံတွေကို ထပ်ကယ်တင်ပေးနိုင်မှာလား မင်းသား မင်းသမီး သရုပ်ဆောင်မှုတွေ အထူးသဖြင့် မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမှာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed By Yunni File size….........2.8GB / 1.3GB Quality…..........1080p WEB DL AAC5.1Ch / 720p Format…..........mp4 Duration…........2h 22mins Subtitle…..........Myanmar Subtitle (Hard Sub) Encoder…..........YK Translated by....Lwin Htoo Aung & Yunni & GuuGuu & Lai Laii

Crime • Drama
6.2 2022 142 mins
Godse
RoboCop
7.3

Science genre အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Robocop ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Robocop ဆိုတဲ့ စကားလုံးအတိုင်း စက်ရုပ်ရဲရဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒက်ထရွိုက်မြို့ကြီးမှာ ရာဇဝတ်မှုတွေက အဖြစ်များလှပါတယ်။ တစ်နေ့မှာတော့ ဒက်ထရွိုက်ရဲဌာနကို မာဖီ‌ဆိုတဲ့သူက တာဝန်ပြောင်းလာခဲ့ပါတယ်။ လူးဝစ်ဆိုတဲ့ ရဲမေနဲ့ ပါတနာအဖြစ် တာဝန်ထမ်းဆောင်ရင်း လူဆိုး ဂိုဏ်းတစ်ဂိုဏ်းကို လိုက်ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းရှာတဲ့ မာဖီက လူဆိုးတွေလက်ထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ OCP ဆိုတာက ဒယ်တာမြို့အသစ် တည်ဆောက်ရေးအတွက် ဒက်ထရွိုက်အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ အဖွဲ့အစည်းပါ။ သူတို့ဟာ ရဲတွေနေရာမှာ အစားထိုးမယ့် စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပေမဲ့ ပရိုဂရမ်အမှားအယွင်းကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာ သေသွားတဲ့ မာဖီကို နောက်ထပ်စမ်းသပ်ချက်အတွက် အသုံးချဖို့ လုပ်ခဲ့ပါတယ်။ မာဖီအလောင်းကိုယူပြီး စက်ရုပ်တစ်ခုအဖြစ် အသက် သွင်းခဲ့တာပါ။ ဒါဆိုရင် စက်ရုပ်ဖြစ်သွားမယ့် မာဖီကရော မြို့အတွက် အထောက်အကူပြုလာနိုင်မလား၊ သူ့ကို သတ်ခဲ့တဲ့လူတွေကိုရော ပြန်ပြီးလက်စားချေမလား၊ ဒီတီထွင်မှုကို ဖျက်စီးချင်တဲ့သူရော ရှိလာမလားဆိုတာကိုတော့ Robocop ဆိုတဲ့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ File size…1.98GB / 733MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Action , Crime , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Action • Adventure • Science Fiction
7.3 1987 102 mins
RoboCop
Rising Boas in a Girl's School
4.4

ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် Horror, Thrillerကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ မြို့အစွန်အဖျား တောင်ကုန်တွေကြားမှာ လျှို့ဝှက်မြွေမွေးမြူတဲ့စခန်းတစ်ခုရှိပြီး တရားမဝင်ဟော်မုန်းဆေးတွေ တိုက်ကျွေးမွေးမြူထားတာကြောင့် မြွေတွေဟာတစ်ဖြည်းဖြည်းဗီဇပြောင်းလာပါတယ်။ တစ်နေ့မှာတော့ မြွေတွေကလှောင်အိမ်ထဲကနေလွတ်မြောက်သွားပါတယ်။ အနီးနားမှာရှိတဲ့ လေကြောင်းတက္ကသိုလ်က လေယာဉ်မယ်ကောလိပ်ကျောင်းသူလေးတွေဟာ ကျောင်းဆင်းပွဲအခမ်းအနားအတွက်ပြင်ဆင်နေကြပါတယ်။ အဲဒီအချိန်မှာအလွန်ကြီးမားတဲ့မြွေကြီးတစ်ကောင်နဲ့ မြွေတွေရောက်လာပြီး လေယာဉ်မယ်လောင်းလေးတွေကိုအမဲဖျက်ပါတော့တယ်။ လေယာဉ်မယ်လောင်းအချောအလှလေးတွေရဲ့သည်းထိပ်ရင်ဖို ပြေးလွားစွန့်စားတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူတို့လေးတွေမြွေကြီးရန်ကနေလွတ်မြောက်နိုင်ပါ့မလား။ မိစ္ဆာမြွေကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့အဆုံးထိဆက်ကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Horror Runtime : 1h 28 min Subtitle : Myanmar Subtitle ( hardsub ) Translated by Nu Mon , Hnin Wut Hmon , Minnie , Shwe Zin Oo Encoded by LK

Horror • Thriller
4.4 2022 88 mins
Rising Boas in a Girl's School
Swordsman's Romance

သိုင်းလည်းတကယ်ချမယ်၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းပါမယ်၊ မင်းသားမင်းသမီးတွေလည်း အဆင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကိုညွှန်းပါရစေနော်။ သိုင်းကားဆိုပေမယ့် ပေါတောတောပြီးသွားမယ့်ကားမဟုတ်ဘူးဗျ။ ဘဝအဓိပ္ပါယ်ကို ဓါးသမားတစ်ယောက်က နားလည်သလိုရိုက်ပြထားတဲ့ပုံစံလေးပါ။ အလွယ်ပြောရရင်တော့ Comfort Zone ထဲကထွက်လာခဲ့တဲ့သိုင်းသမားအကြောင်းပေါ့.... တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ယဲ့အိမ်နဲ့လျောင်အိမ်ဆိုပြီး သိုင်းလောကမှာနာမည်ကြီးကြပါတယ်။ ယဲ့အိမ်ကတတိယသခင်လေး (ယဲ့ဝေ) ကတော့ မွေးရာပါပါရမီပါတာကြောင့် ခုနစ်နှစ်သားအရွယ်ကတည်းက သိုင်းကွက်ထွင်ခဲ့တဲ့သူပေါ့။ တောင်ပိုင်းမှာ နာမည်ဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ သူရဲကောင်းလို့တောင် နာမည်တပ်ပိုင်ခွင့်မရှိပါဘူးတဲ့။ အဲ့ဒီလိုနဲ့ တောင်ပိုင်းသိုင်းပြိုင်ပွဲမှာ မြောက်ပိုင်းက လျောင်ရှီးလို့ခေါ်တဲ့သခင်မလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ သူကယ်လိုက် ကိုယ်ကယ်လိုက်နဲ့ နောက်ဆုံးတော့ လည်လွန်းတဲ့ဘီးချီးပုံတက်နင်းမိတယ်ဆိုသလို ယဲ့ဝေတစ်ယောက် သိုင်းတွေအကုန်ပျက်စီးသွားပါတော့တယ်။ နာမည်ဂုဏ်သတင်းကြီးတဲ့ ယဲ့ဝေတစ်ယောက် သိုင်းတွေဆုံးရှုံးသွားတော့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ? သူအပြစ်လုပ်ခဲ့မိတဲ့ သိုင်းလောကမိတ်ဆွေတွေကရော သူနဲ့ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:28:00 Type__Action, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Comedy • Fantasy • Horror • Music
0 2022 89 mins
Swordsman's Romance
Hobo with a Shotgun
6.1

Hobo with a Shotgun (2011) သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။ သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ … ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zwel Zan Aung ပါ။) File Size : 4.1GB, 1.3GB, 536MB Quality :1080p BDRip AAC 5.1CH, 720p BDRip, 480p Format : mp4 Duration : 1hr 26mins Genre : Action, Comedy, Horror Translated by Zwel Zan Aung Encoded by Kinnov

6.1 2011
Hobo with a Shotgun
Tales From The Occult: Body and Soul
5.9

Tales from the Occult : Body and Soulမှာ အပိုင်းသုံးပိုင်းခွဲထားပြီးတော့ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ ရုပ်ရှင်အမျိုးအစားပါ ဇာတ်လမ်းအစပိုင်းမှာတော့ မိန်းကလေးမော်ဒယ်တစ်ယောက်က ကုမ္ပဏီသူဌေးရဲ့ ထိပါးစော်ကားမှုကိုခံခဲ့ရပြီး မထင်မှတ်ပဲ ဆိုက်ကိုလူသတ်သမားလုပ်တဲ့ ဆံပင်ညှပ်ဆိုင်ထဲကိုဝင်ရောက်မိပြီး အသတ်ခံရခဲ့တယ် ဒုတိယအပိုင်းမှာတော့ နိုရာရဲ့ကြောင်ပေါပေါကိုသတ်ခဲ့တဲ့တရားခံကို တဖြည်းဖြည်းဖော်ထုတ်ပြီး နိုရာကိုယ်တိုင်ပြန်ပေးဆွဲခံခဲ့ရတဲ့ ထိတ်လန့်စရာမြို့ပြဒဏ္ဌာရီတစ်ခုပဲဖြစ်ပါတယ် တတိယအပိုင်းဖြစ်တဲ့သွားဆေးခန်းအမှုမှာတော့ လူတိုင်းသွားဆေးခန်းမှာ ကြုံတွေ့ရနိုင်တဲ့ ကြောက်လန့်စရာဖြစ်ရပ်တွေကို ရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းသုံးမျိုးမှာ ဘယ်လိုအမှုတွေဖြစ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြတာပေါ့

Romance • Drama
5.9 2023
Tales From The Occult: Body and Soul
Aadikeshava
5.1

Aadikeshava (2023) “အစောင့်အရှောက်” IMDb – 5.1/10 Netflixကနေ ပူပူနွေးနွေးထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းဇာတ်လမ်းလေးကိုတင်ဆက်ပေးပါရစေ။ မင်းသားကတော့ ပထမဆုံးရုံတင်ကားမှာတင် အကောင်းဆုံးမျက်နှာသစ်ဇာတ်ဆောင်ဆုကိုရရှိခဲ့တဲ့ တောင်ပိုင်းလူငယ်မင်းသားချော ဗတ်ရှနေ့ဗ်တက်ဂျ်ပါ။ကုမ္ပဏီရဲ့ စီအီးအိုမလေးနေရာကသရုပ်ဆောင်တာကတော့ မင်းသမီးချောလေး ဆရီလီလာပဲဖြစ်ပါတယ်။ ဘာလူဆိုတဲ့ကောင်လေးက ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ ဘယ်လောက်ထိပေါ့ပါးလည်းဆို ဘာအလုပ်မှမလုပ်လို့ အဖေဖြစ်သူက အလုပ်မလုပ်ရင် အိမ်ပေါ်ကဆင်းဆိုတဲ့ထိအောင်ကို ပေါ့ပေါ့ပါးပါးနေတဲ့ကောင်လေး။ အမေချစ်သားလေးဆိုတော့ အမေဖြစ်သူ တစ်ချက်စိတ်ငြိုငြင်တာကို မြင်လိုက်ရင်ပဲ အလုပ်သွားလျောက်ပါတော့တယ်။တော်ကီကြွယ်တဲ့ လူငယ်လေးဖြစ်တာကြောင့် အင်တာဗျူးတဲ့နေ့မှာပဲ စီအီးအိုမမက ပြောပုံဆိုပုံကို သဘောကျသွားပြီး မာကတ်တင်းဌာနမှူးခန့်လိုက်ပါတော့တယ်။ ဘ၀ကိုဒီလို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေချိန်မှာပဲ သိလိုက်ရတဲ့အမှန်တရားက သူကမွေးစားသားဆိုတာပါပဲ။အဖေအရင်းဖြစ်သူက နိုင်ငံရေးသမားတစ်ယောက်ရဲ့ ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်ဆိုတာနဲ့ သူ့မိသားစုဝင်တွေရှိသေးတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့။ အချစ်၊အလွမ်း၊အက်ရှင်အကြမ်းပတမ်းတွေကို တ၀ကြီးကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama • History
5.1 2023 127 mins
Aadikeshava
Curry & Cyanide: The Jolly Joseph Case
6

Curry & Cyanide – The Jolly Joseph Case (2023) ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု IMDb – 6.7/10 Documentary ဇာတ်လမ်းတွေကို သဘောကျတဲ့CMပရိသတ်တို့အတွက် အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၉ ခုနှစ်က Koodathayi Cyanide Killings(ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု)ဆိုပြီး အိန္ဒိယတစ်ခွင်မှာ ဖိန့်ဖိန့်တုန်သွားစေတဲ့ Netflixဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ပြီး အတော်လေးဂယက်ရိုက်သွားတဲ့အတွက် ဒီအကြောင်းကို ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ကူးထားတာတွေရှိခဲ့ပေမဲ့ အခုတစ်ခါမှာတော့ မတူညီတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ Netflix version လေးကို ရှုစားကြည့်ကြပါဦး။ 2019 ခုနှစ် အောက်တိုဘာလ နံနက်ခင်းဝေလီဝေလင်းအချိန်၊ အိမ်တိုင်းမှာ လူတိုင်းတောင်မနိုးထသေးတဲ့ ဒီအချိန်မှာ ကူဒါသာရီဆိုတဲ့မြို့လေးမှာတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်သွားပါတယ်။ လူအများကလေးစားရတဲ့ လူတိုင်းနဲ့အဆင်ပြေတဲ့ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့မိသားစုဝင် ၆ ယောက်ကို Cyanide လို့ခေါ်တဲ့ အဆိပ်ပြင်းတစ်မျိုးနဲ့ သတ်ခဲ့တဲ့ လူသတ်တရားခံအဖြစ်နဲ့ ရဲဘက်က လာရောက်ဖမ်းဆီးသွားခဲ့လို့ပါပဲ။ မီဒီယာထုံးစံအရ ဒီလိုအမှုဖြစ်ပြီဆိုတာနဲ့ သတင်းသမားတွေက အမှန်တရားနဲ့ ကောလာဟလကိုရောယှက်လို့ ကိုယ့်ရဲ့ထင်မြင်ချက်တွေပါစွက်ပြီး သတင်းတွေဖောင်းပွအောင်ရေးကြတော့တာပါပဲ။ ဂျိုလီဟာ လေးစားအပ်တဲ့ သဘောကောင်းတဲ့ အမျိုးသမီးလို့ ပြောသူကပြော၊ ပြည့်တန်ဆာအလုပ်နဲ့ဆက်စပ်နေတယ်ပြောသူကပြောနဲ့ အမှားကအမှန် အမှန်ကအမှားဖြစ်အောင် တစ်စိတ်ကိုတစ်အိတ်လုပ်နေကြတာပေါ့။ ဒါပေမဲ့ လူတွေပြောနေတဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့ ဒီအမျိုးသမီးကဘယ်သူလဲ။ ၂၀၀၂ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၁၄ နှစ်တာကာလအတွင်းမှာ ၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ကိုယ့်ရဲ့မိသားစုဝင် ၆ ယောက်တိတိကို သူတကယ်ပဲ‌ သွေးအေး‌စွာနဲ့ သတ်ဖြတ်ခဲ့တာလား။ အမှန်တော့ ဂျိုလီက ကတ္တပန်နာဆိုတဲ့မြို့လေးက လယ်သမားမိသားစုမှာ ကြီးပြင်းလာခဲ့တဲ့သူပါ။ လက်လုပ်လက်စားမိသားစုမှာမွေးပေမဲ့ ဝံ့ဝံ့ကြွားကြွားနဲ့ ကျော့ကျော့လေးနေချင်တဲ့ဂျိုလီဟာ ကူဒါသာရီက လူရိုသေရှင်ရိုသေမိသားစုဖြစ်တဲ့ ပူနာမာတမ်မိသားစုရဲ့ချွေးမဖြစ်လာဖို့ သူဟာ MComဘွဲ့ရပညာတတ်ဖြစ်တယ်လို့ လိမ်လည်ပြီး မျက်နှာကောင်းရဖို့လုပ်ပါတော့တယ်။ ဒီလုပ်ကြံထားတဲ့ MComဘွဲ့ကပဲ သူ့ကို ပူနာမာတမ်ရဲ့သားကြီးဖြစ်တဲ့ရွိုင်နဲ့နီးစပ်နိုင်ဖို့ တွန်းအားပေးခဲ့သလို လူသတ်မှု ၆ ခုစဖြစ်လာဖို့ ကနဦးအစဆိုရင်လည်းမမှားပါဘူး။ ဘာလို့လဲဆိုတော့ လက်ထပ်ပြီး အသားကျတာနဲ့ ယောက္ခမဖြစ်သူ အန်နမ်မာက MComဘွဲ့ယူထားပြီး အိမ်မှာအလကားမနေဖို့ ပညာရေးကိုတန်ဖိုးထားတဲ့မိသားစုပီပီ တတ်သိပညာကိုအသုံးချဖို့ တဖွဖွတိုက်တွန်းတော့တာပါပဲ။ ဒီဘာမဟုတ်တဲ့ ဘွဲ့လေးတစ်ခုကို လိမ်ညာတာကနေစလို့ လူသတ်မှု ၆ ခုဖြစ်ပွားခဲ့ရတဲ့ အမှိုက်ကစပြာသာဒ်မီးလောင်ပြီး လူသတ်မှုတွေအထိ ဘယ်လိုဖြစ်လာခဲ့သလဲ။ တခြားဘယ်သူတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေခဲ့သလဲ။ ဘာမဟုတ်တဲ့ အလိမ်အညာလေးတစ်ခုကိုဖုံးကွယ်ဖို့အတွက်နဲ့ ပေးဆပ်လိုက်ရတဲ့တန်ကြေးတွေ ဘယ်လောက်ထိကြီးမားသွားမလဲဆိုတာ အားလုံးအတူ ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ BpL ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6 2023
Curry & Cyanide: The Jolly Joseph Case
The Batman vs. Dracula
6.6

The Batman vs. Dracula (2005) ======================= IMDb Rating – 6.6/10 Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ ပင်ကွင်းလည်း သူများအပြောနဲ့ ရတနာတွေ လိုက်ရှာရင်း ရှေး ခေတ်က ဒရက်ကူလာကြီးရဲ့ အုတ်ဂူကို ဖွင့်မိသွားပါတော့တယ်။ ဒီလိုနဲ့ ပြင်ဆင်ချိန်သာ ရှိမယ်ဆို ဘာကိုမဆို အနိုင်ယူနိုင်တယ်ဆို တဲ့ ဆျာဘတ်နဲ့ ဒရက်ကူလာကြီးတို့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.24 GB) / (560 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Horror Translator…….Leonard Lin Encoder……….SWM

Romance • Thriller
6.6 2005
The Batman vs. Dracula
The Embroidered Sword and The God of Cookery
5.7

ဒီကားလေးကတော့ လူငယ်တွေအတွက် အကျိုးရှိတဲ့ ကိုယ်ဒေသရဲ့ထူးခြားတဲ့အမွေအနှစ်ကိုအသုံးချပြီး ကိုယ့်ကျေးရွာစီးပွားရေးတိုးတက်ဖို့ လူငယ်လေးတွေကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ – ဘိုးဘေးတွေက မင်ခေတ်ကတော်ဝင်ကိုယ်ရံတော်တပ်ရဲ့အမွေဖြစ်တဲ့ ရှို့ချွင်းဓားနဲ့ ရှို့ချွင်းဓားသိုင်းပညာကို အမွေဆက်ခံထားတဲ့ စားဖိုမှူးလေးတစ်ယောက် -ကိုယ့်ဇာတိရဲ့အဝေးမှာအခြေချခဲ့ပေမယ့် အသဲကွဲပြီး ကိုယ့်မျိုးနွယ်ဇာစ်မြစ်ကိုပြန်လာရှာတဲ့ ဘလော့ဂါမလေးတစ်ယောက် – မြို့ကလာတဲ့ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပြီး အရာရာကူညီပေးနေတဲ့ ရွာသားကြီး – အစ်မကိုလိုက်ရှာရင် ရွာလေးကိုရောက်လာတဲ့ အစားအသောက်အရည်အသွေးဝေဖန်သူမြို့သားလေး သူတို့(၄)ယောက်ပေါင်းပြီးတော့ ရှို့ချွင်းဓားကိုအကြောင်းပြုပြီးတော့ ကျေးရွာတိုးတက်ဖို့ လုပ်ငန်းတည်ထောင်ကြတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

Drama • Comedy
5.7 2024
The Embroidered Sword and The God of Cookery
Lust, Caution
7.6

Lust, Caution (2007) IMDb Rating (7.6) / Rotten Tomatoes (73%) အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို အမွှန်းတင်တဲ့ကားဖြစ်နေတာကြောင့်ရော လိင်မှုခန်းတွေ အသက်ဝင်လွန်းတာကြောင့်ရော တရုတ်အစိုးရက သဘောမကျခဲ့သလို ထျန်းဝေကိုယ်တိုင်လည်း တရုတ်မှာ နှစ်ပါင်းများစွာ ရုပ်ရှင်ရိုက်ခွင့်အပိတ်ခံခဲ့ရတယ်။ ဇာတ်အိမ်တည်ထားတာက ၁၉၃၈ဟောင်ကောင်နဲ့ ၁၉၄၂ရှန်ဟိုင်းမှာ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်တစ်နှစ်နဲ့ မပြီးသေးခင်ကာလပေါ့။ ၁၉၃၇မှာ တရုတ်ပြည်ကို ဂျပန်တွေ ဝင်ကျူးကျော်ခဲ့ပြီးတစ်နှစ်အကြာ ၁၉၃၈မှာ ဟောင်ကောင်က လင်းနန်တက္ကသိုလ်မှာ ဝမ်ကျားချီဆိုတဲ့ ကောင်မလေးက ကျောင်းလာတက်တယ်။ ဒီအချိန်မှာ ဝမ်ကျားချီဟာ ယင်ဖိုတောင်မသန်းဖူးသေးတဲ့ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ရိုးသားတဲ့ ကောင်မလေးတစ်ယောက်ပဲ။ ဝမ်ကျားချီဟာ တက္ကသိုလ်မှာ မျက်စိပွင့်နားပွင့်အမြင်ကျယ်လာသလို အပေါင်းအသင်းတွေလည်းရလာတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းမတစ်ယောက်ကနေတစ်ဆင့် တက္ကသိုလ်ပြဇာတ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကွမ်ယုမင်နဲ့ ချိတ်မိသွားတယ်။ ကွမ်ယုမင်က ဝမ်ကျားချီကို မင်းသမီးတင်ပြီး မျိုးချစ်ပြဇာတ်တစ်ပုဒ်ကရာမှာ တော်တော်လေးအောင်မြင်သွားခဲ့တယ်။ မျိုးချစ်စိတ်ဓာတ်တွေလည်း ပိုများလာခဲ့တယ်။ ဒီလိုနဲ့ ကွမ်ဟာ သူ့အစ်ကိုရဲ့သူငယ်ချင်းဖြစ်တဲ့ တရှိုနဲ့သွားတွေ့တယ်။ တရှိုက အဲဒီအချိန်မှာ ဂျပန်အလိုတော်ရိဖြစ်နေတဲ့ ဝမ်ကျင်းဝေရဲ့ ထိပ်တန်းအေးဂျင့်ဖြစ်တဲ့ မစ္စတာရီဆိုတဲ့လူဆီမှာ အလုပ်လုပ်နေတာသိတော့ သူတို့တွေ ဂျပန်အလိုတော်ရိ မစ္စတာရီအိမ်ထဲ ချည်းဝင်ပြီး လုပ်ကြံဖို့ကြံကြတယ်။ ပြဇာတ်လောက်နဲ့တင်းတိမ်မနေဘဲ တကယ့်သစ္စာဖောက်တွေကို သတ်ရမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒီလိုနဲ့ သူတို့ တရှိုရဲ့အချိတ်အဆက်ကိုသုံးပြီး မစ္စတာရီနဲ့ ရင်းနီးလာအောင်လုပ်ကြတယ်။ ပြဇာတ်သမားတွေဆိုတော့ သူတို့ချည်းကပ်ပုံကလည်း ပြဇာတ်ဆန်ဆန်ပါပဲ။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မစ္စတာမာနဲ့ သူ့မိန်းမ မဒမ်မာအနေနဲ့ သရုပ်ဆောင်ပြီး ရှန်ဟိုင်းက လာတာမို့ ဟောင်ကောင်ကို သိပ်မကျွမ်းသေးတဲ့ မစ္စတာရီ့ဇနီးကို ဟောင်ကောင်ကို လိုက်ပတ်ပြပေးမယ်ဆိုပြီး ချဉ်းကပ်ခဲ့တယ်။ မဒမ်ရီနဲ့ ရင်းနှီးသွားတဲ့နောက် မဒမ်မာတစ်ဖြစ်လဲ ဝမ်ကျားချီဟာ မစ္စတာရီတို့အိမ်ကို အမြဲလိုမာကျောက်သွားကစားပြီး သူတို့ကြားပိုရင်းနှီးလာအောင်လုပ်ခဲ့တယ်။ အောင်မြင်ခဲ့ပါတယ်။ ဝမ်ကျားချီဟာ မစ္စတာရီ သူ့အပေါ် အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားလာအောင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ မစ္စတာရီက သူ့ကိုစိတ်ဝင်စားလာတဲ့နောက် သူ့ခန္ဓာကိုပါ ဆက်ရင်းဖို့ လုပ်ခဲ့တယ်။ ဒီနေရာမှာ သူက မဒမ်မာအနေနဲ့ နေနေတာဆိုတော့ အပျိုဖြစ်နေလို့မရသလို အတွေ့အကြုံမရှိမဖြစ်နေလို့လည်း မရတာကြောင့် သူတို့ထဲက တစ်ယောက်နဲ့ သူပန်းဦးခြွေခဲ့တယ်။ ဒီအခန်းရဲ့ရက်စက်မှုကတော့ ဝမ်ကျားချီရဲ့နောက်ပိုင်း ရမ္မက်ကြီးမှုတွေမှာ ဖုံးသွားသလိုလိုရှိပေမဲ့ သူချစ်တဲ့သူရှေ့မှာတင် တခြားတစ်ယောက်ဆီ ခန္ဓာပေးခဲ့ရတဲ့အထိ ရက်စက်မှုမျိုးဟာ ဒီအပြာရောင်သန်းတဲ့အခန်းတွေနောက်မှာ ကွယ်ဝှက်နေခဲ့တယ်။ ဒီလောက်ထိ လုပ်ခဲ့ကြပေဲ့လည်း အထက်က အမိန့်မရတာကြောင့် ဘာမှဆက်မလုပ်နိုင်နေတဲ့အချိန် မစ္စတာရီက ရှန်ဟိုင်းကိုပြန်ရဖို့အကြောင်းဖန်လာပြီး သူတို့ရဲ့ တော်လှန်ရေးအိပ်မက်ဟာ ပျက်သုဉ်းသွားတယ်။ ဇာတ်ရဲ့နောက်ထပ်ကာလက လေးနှစ်အကြာ ၁၉၄၂မှာ ရှန်ဟိုင်းမှာ ဝမ်ကျားချီပြန်ရောက်နေတာက စတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ပေါ့။ ဂျပန်တွေက တရုတ်ကိုသိမ်းထားတုန်းပဲ။ ဝမ်ကျင်းဝေကလည်း ရုပ်သေးအစိုးရရဲ့ သမ္မတဖြစ်နေပြီ သူ့အောက်က မစ္စတာရီကလည်း ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်နေပြီ။ ချိန်ကေရှိတ်တို့ ပြည်တွင်းစစ်ရှုံးပြီး ထိုင်ဝမ်ကို မကူးခင်ကာလပေါ့။ ဝမ်ကျင်းဝေရဲ့ အဓိကရန်ဘက်က ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ။ ရှန်ဟိုင်းက ပြည်သူတွေ နိုင်ငံခြားသားတွေကတော့ ဒုက္ခတွေ ပေါင်းစုံနေအောင် ခံနေရပြီ။ မစ္စတာရီကလည်း သတိလည်းပိုကြီးလာသလို သူ့အာဏာကလည်းပိုကြီးလာတဲ့အလျောက် သူ့ကိုလုပ်ကြံဖို့ဆိုတာ တော်တော်ခက်သွားပြီ။ တော်လှန်ရေးသမားတွေအနေနဲ့ သူ့ကိုလုပ်ကြံဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒီအချိန်မှာ ကွမ်ယုမင်ကလည်း ကူမင်တန်ထောက်လှမ်းရေးအေးဂျင့်ဖြစ်နေပြီ။ သူက ဝမ်ကျားချီကိုလာရှာပြီး သူတို့အပြီးမသတ်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကို ပြန်စဖို့ကြံကြတယ်။ Spoilerd Alert အန်းလီဟာ Lust, Cautionရဲ့ ဇာတ်က ကျွန်တော်တို့ကို ခေါ်သွားချင်တဲ့နေရာဆီ အရင်ခေါ်သွားပြီးမှ နောက်ပြန်ခေါ်ပြီး ဒီနေရာဆီ ဘယ်လိုရောက်လာခဲ့လဲ တဖြည်းဖြည်းချင်း ရုပ်လုံးပြန်သွင်းပြထားတယ်။ ပြောရရင် ဝမ်ကျားချီဟာ မစ္စတာရီကို မဒမ်မာအဖြစ် မလှည့်စားခင် ကျွန်တော်တို့ကို အရင်လှည့်စားသွားခဲ့တယ်။ Lust, Cautionရဲ့ တရုတ်နာမည်ဟာ လက်စွပ်ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်သေးတယ်။ အန်းလီဟာ စစမှာတင် ဒီကားရဲ့ symbolicဖြစ်တဲ့ လက်စွပ်ကိုလည်း ထည့်ပြောထားခဲ့တယ်။ မစ္စတာရီရဲ့ အတွေ့အောက်မှာ ဝမ်ကျားချီဟာ သူ့နှလုံးသားပါသွားတော့မလိုလိုဖြစ်ခဲ့တယ်။ ဝမ်ကျားချီဟာ ရမ္မက်ကနေ ပြောင်းလဲသွားတဲ့ တရွေ့ရွေ့တက်လာတဲ့ချစ်စိတ်တွေကို သတိနဲ့ ချွန်းအုပ်ထားခဲ့ရပေမဲ့ အဲဒီသတိကို ပြိုလဲစေခဲ့တဲ့အရာက လက်စွပ်တစ်ကွင်းဖြစ်ခဲ့တယ်။ မစ္စတာရီရော ဝမ်ကျားချီပါ သတိကြီးကြတဲ့လူတွေပါပဲ။ မစ္စတာရီရဲ့ သတိကိုပြိုလဲစေခဲ့တဲ့အရာက ရမ္မက်ဖြစ်ခဲ့ပြီး ဝမ်ကျားချီရဲ့သတိကိုပြိုလဲစေတဲ့အရာကတော့ လက်စွပ်တစ်ကွင်း ဖြစ်ခဲ့တယ်။ အဲဒီလက်စွပ်ဟာ ဝမ်ကျားချီအတွက်တော့ အချစ်ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ Lust, Cautionဟာ ကြမ်းကြုတ်တဲ့ခေတ်တစ်ခေတ်နောက်ခံက ဘက်မတူတဲ့လူနှစ်ယောက် သတိလွန်ဆွဲကြတဲ့ ဇာတ်ဆိုလည်းဟုတ်တယ်။ နိုင်ငံရေးအမြင်တွေ ကိုယ်ပိုင်ခံယူချက်တွေ, ရမ္မက်တွေ အချစ်တွေ သတိတွေလွန်ဆွဲကြတာဆိုလည်း ဟုတ်တယ်။ အန်းလီအတွက် ဒီမတိုင်ခင်က သူ့ဇာတ်ကားတိုင်းလိုလိုမှာ ဒီလိုလွန်ဆွဲကြတဲ့အကြောင်းအရာမျိုးတွေ ရိုက်ပြဖူးပြီးသားဆိုတော့ Lust, Cautionမှာ သူ့ကာရိုက်တာတည်ဆောက်ပုံဟာ ဒီလိုဇာတ်အတွက် တော်တော်ပိုင်နိုင်နေပြီ။ ကာရိုက်တာနှစ်ကောင်တည်းရဲ့ လွန်ဆွဲပွဲနဲ့တင် အန်းလီဟာ ဒီဇာတ်တစ်ခုလုံးကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဇာတ်အိမ်ကတော့ သူပြထားတဲ့ခေတ်နဲ့မလိုက်အောင်ကို ခေတ်ထက် ဒီလူ၂ယောက်ကိုပဲ အကုန်ပုံထားခဲ့တယ်။ ဒါကလည်း အန်းလီထက် မူရင်းစာရေးဆရာမ Eileen Changလက်ချက်။ သူ့ခေတ်က နိုင်ငံရေးကို ပိုထည့်ရေးကြတဲ့ခေတ်ဖြစ်ခဲ့ပေမဲ့ Eileen Changကတော့ နိုင်ငံရေးကို အရန်လောက်ပဲသုံးပြီး ဇာတ်ကောင်၂ကောင်ဆီပဲ ဦးတည်ထားခဲ့တယ်။ အန်းလီကလည်း ဒီတိုင်းပဲ အသက်သွင်းခဲ့တယ်။ Lust, Cautionရဲ့ ကာရိုက်တာနှစ်ယောက်ထဲက ထျန်းဝေရဲ့ကာရိုက်တာအပေါ်မှာတော့ မတရားလှတဲ့ရက်စက်ခြင်းတွေ လွှမ်းခြုံထားတယ်။ အဲဒီရက်စက်ခြင်းတွေဟာလည်း ကျွန်တော်တို့ဘဝထဲက အရာများစွာလိုပဲ အဖြေမရှိဘူး။ ဝမ်ကျားချီရဲ့ ရွေးချယ်မှုအတွက်လည်း အဖြေမရှိဘူး။ ဒါပေမဲ့ ကိုယ်က ဘယ်အရာအတွက် ပိုတာဝန်ရှိလဲ ရွေးချယ်ဖို့လိုလာတဲ့အခါ နှလုံးသားအတိုင်းလိုက်ရင် အမှားများကောင်းများလိမ့်မယ်။ ဒါပေမဲ့ အသိစိတ်အတိုင်းလိုက်ရင်တော့ ကိုယ့်အတွက် နောင်တပိုများနေမှာပဲ။ ပထမလမ်းအတိုင်းလိုက်တာက မှားနေရင်တောင် မှန်နေမယ်လို့ ကျွန်တော်တော့ သေချာတယ်။ ဝမ်ကျားချီမှာတော့ နောင်တရှိခဲ့မယ်မထင်ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

7.6 2007 158 mins
Lust, Caution
Bird
7.1

IMDb – 7.1, RT – 78% ဒီကားကို နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး Clint Eastwoodက ရိုက်ကူးခဲ့တာဖြစ်ပြီး Jazzဂီတအနုပညာရှင်ကြီး Charlie “Bird” Parkerရဲ့ဘ၀နဲ့ တေးဂီတအနုပညာကို ဂုဏ်ပြုဖန်တီးထားတဲ့ အနုပညာပန်းတိုင်တစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Charlie Parker အဖြစ် သရုပ်ဆောင်တဲ့ Forest Whitakerကတော့ လူသိများတဲ့မင်းသားကြီးပါပဲ။ Forest Whitakerရဲ့ သရုပ်ဆောင်မှုကောင်းကြောင့် Charlie Parker ရဲ့စိတ်ဒဏ်ရာ၊ တေးဂီတအပေါ်ခံစားချက်နဲ့ကိုယ်ရေးကိုယ်တာဒုက္ခတွေကို သဘာဝကျကျဖော်ပြနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ Parker ၏ အနုပညာရည်မှန်းချက်၊ မိသားစုအပေါ်ချစ်ခြင်း၊ မူးယစ်ဆေးဝါးအလေ့အထနဲ့ ကျန်းမာရေးပြဿနာများကြောင့် ကြုံတွေ့ရတဲ့ဒုက္ခများကို ပြသထားပါတယ်။ ဇာတ်ကွက်တွေက ပုံမှန်လိုမဟုတ်ဘဲ အချို့အခန်းတွေမှာ အတိတ်နဲ့ပစ္စုပ္ပန်ကို လွှဲပြောင်းဖော်ပြထားလို့ မရင်းနှီးသူတွေအတွက်ကတော့ တမျိုးဖြစ်နိုင်ပေမဲ့ အနုပညာဖန်တီးမှုနဲ့ စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်လို့ ဂျက်ဇ်ဂီတကို နှစ်သက်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ကား‌လေးပါ။ File size…(3 GB)/(1.4 GB) Quality….WebRip 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Tragedy, Biography, Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Action • Comedy • Thriller
7.1 1988 161 mins
Bird
The Grapes of Wrath
8.1

The Grapes of Wrath (1940) IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ ဇာတ်လမ်းကတော့ ၁၉၃၀မှာ ဇာတ်အိမ်တည်ထားတယ်။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်နဲ့ ကြုံနေရတဲ့ကာလ Great Depression ကာလပေါ့။ အဲဒီကာလမှာ အိုကလာဟိုမာက လယ်သမားတွေဟာ လူအားနဲ့ လယ်ထွန်ယက်စိုက်ပျိုးနေတဲ့ လူတွေနေရာမှာ ထွန်စက်တွေကို အစားထိုးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရင်း ဘဝတွေပျက်ကြတာကို ပုံဖော်ထားတယ်။ အိုကလာဟိုမာမှာ အိမ်အဖျက်ခံရမယ့် ညမှာ အလုပ်တွေပေါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအထိ ကားစုတ်ကြီးနဲ့ မိသားစုလုံးကျွတ် ခရီးနှင်လာခဲ့ပြီးတဲ့နောက် အိမ်ပျက်ရာကနေ အိပ်မက်တွေဆက်ပျက်ရတဲ့အကြောင်းတွေပေါ့။ အဆိုးတွေကြားမှာ ဇာတ်အိမ်ကို သရုပ်ဖော်ထားပေမဲ့ အကောင်းတွေလည်း ရောပြွန်းနေတဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။ ရုပ်ရှင်ကတော့ အဆုံးနားကို နည်းနည်းလှည့်လိုက်ပြီး ဝတ္တုရဲ့မာစတာပိစ်ဖြစ်လှတဲ့ ဇာတ်သိမ်းခန်းအထိ မပြခဲ့တာကလွဲ စတိုင်းဘတ်ရဲ့ ဝတ္တုအတိုင်းပဲ အတိအကျ ပုံဖော်ထားတယ်။ ခုနပြောခဲ့သလို စာအုပ်ကို အရင်ဖတ်မိတဲ့လူတွေ ဒီကားကို အားမရတဲ့ပြဿနာတော့ရှိတယ်။ ဘာလို့ဆို ဂျွန်စတိုင်းဘတ်ရဲ့ အရေးအသားက‌ တော်တော်လေး အသေးစိတ်ကျတဲ့ အရေးအသားဖြစ်နေလို့ပဲ။ သူ့ အဓိကဇာတ်အိမ်က ခုနမိသားစုရဲ့ခရီးရှည်ကြီးသက်သက်ပဲ ပြောရရင် ဒီကားမှာပြထားသမျှက အဓိကကျောရိုးအကုန်ပဲ။ ပြောရရင် ကာလတောင် အဲဒီလောက်မရှည်လှတဲ့အချိန်မှာပဲ ဇာတ်အိမ်တည်ထားတာ။ ဒါပေမဲ့ စတိုင်းဘတ်က ဇာတ်အိမ်ထက် ပုံဖော်မှုကို ပိုအသားပေးထားတယ်။ သူက ဇာတ်ကောင်တစ်ကောင်ရဲ့ ဒီကာလအတွင်းက အတွေ့အကြုံ လုပ်ရပ်တွေကို သေးသေးလေးကအစ သေချာထင်ရှားအောင်ပုံဖော်ထားသလို အဓိကကျောရိုးကို တစ်ခန်းနှစ်ခန်းရေးပြီးတာနဲ့ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကြီးတစ်ခုလုံး စာဖတ်သူမျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် ကြားဖြတ်အခန်းလေးတွေလည်း အဆုံးအထိ ဖြတ်ဖြတ်ရေးသွားတယ်။ ဒါတွေကို ဂျွန်ဝိန်းက မထည့်သွားသလောက်ပဲ သူထိသွားပုံရတဲ့တစ်ခုတော့ ထည့်ထားတယ်။ ပြောရရင် ထည့်လို့လည်းမပြေပါဘူး။ ခေတ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ၂နာရီစာ ဇာတ်ကားထဲထည့်ဖို့ဆို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျွန်ဝိန်းက သူရတဲ့၂နာရီစာဆိုတဲ့ အချိန်အတွင်းတော့ ဖြုတ်သင့်ဖြုတ် ပေါင်းသင့်တာပေါင်းပြီး အသပ်ရပ်ဆုံး ပုံဖော်သွားခဲ့တာကိုတော့ အာမခံလို့ရတယ်။ ဒီကားရဲ့ အဓိကပြဿနာက Run Time အရမ်းနည်းနေတာပါပဲ။ အဲဒီခေတ်ပရိသတ်ကလည်း ဒီ၂နာရီစာဆိုတဲ့ အချိန်လောက်ကိုပဲ လက်သင့်ခံကြတာကလည်း တစ်ပိုင်းပါတယ်။ ဒီလိုဆိုလို့ သူ့အရင် ထွက်တဲ့ Gone With The Windကျ ၄နာရီစာဖြစ်နေတဲ့အချက်ကိုတော့ ထောက်ပြစရာရှိမယ်။ လေရူးသုန်သုန်ရုပ်ရှင်က ၄နာရီကြာတာမှန်သလို အဲဒီခေတ်ပရိသတ်က ၂နာရီပဲ အများစုလက်ခံကြတာလည်းအမှန်ပါပဲ။ လေရူးသုန်သုန်က Civil War-era epic ဇာတ်အိမ်မျိုးရှိပေမဲ့ ဒေါသမာန်ကတော့ သူ့မျက်မှောက်ခေတ်နဲ့ သိပ်မကွာလှတာလည်းပါလိမ့်မယ်။ စတိုင်းဘတ်ကိုယ်တိုင် စာအုပ်မှာ တစ်ချို့လူတွေ ဖောင်းထုတာ ခံခဲ့ရတဲ့အပိုင်းကြောင့်လည်း ပါကောင်းပါမယ်။ ထုတ်လုပ်ရေးပိုင်းကြောင်းလည်းပါတယ်။ ဒေါသမာန်ကိုတော့ စတူဒီယိုက သာမန်လျှံကာပဲ ထုတ်ခဲ့ပေမဲ့ လေရူးသုန်သုန်ကိုတော့ စတူဒီယိုက prestige blockbuster ဖြစ်လာဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တယ်။ ဆိုတော့ ခေတ်အရရော ရုပ်ရှင်နဲ့စာအုပ်ရဲ့ ကွာခြားချက်အရရောကြောင့် ဒီကားကို အားမရတဲ့လူတွေ အားမရပေမဲ့လည်း ရုပ်ရှင်ကောင်းတော့ ဖြစ်နေတုန်းပါပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာပေါ့။ အဘိုးကြီးတစ်ယောက်က ကားလမ်းဘေးက စားသောက်ဆိုင်ကလေးထဲ ဝင်လာတယ်။ ဆိုင်ထဲမှာ ကားဒရိုင်ဘာတစ်ယောက်နဲ့ စကားပြောနေတဲ့ စားပွဲထိုးမကတော့ ဒီအဆင် ဒီအဆင်တွေဟာ အကျိုးပေးမယ်မှန်းမသိတော့ ခပ်ချေချေပေါ့။ အဘိုးကြီးက ဝင်လာတာနဲ့ ” ကျုပ်တို့ကို ပေါင်မုန့်လေးတစ်လုံးလောက် ရောင်းပေးနိုင်မလား”လို့ပြောတော့ စားပွဲထိုးမက ငါထင်သလိုပဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ” ဒါကုန်စုံဆိုင်မဟုတ်ဘူး ကျွန်မတို့မှာ ဆန်းဒဝစ်လုပ်ဖို့ပဲ ရှိတယ်”လို့ ပြန်ပြောတာပေါ့။ အဘိုးကြီးက မျက်နှာလေးအိုအိုနဲ့ ” သိပါတယ် မဒမ်ရာ အမေကြီးအတွက်မို့ပါ။ သူကသွားမရှိဘူးလေ ရေနဲ့နှူးပြီး ကျွေးမှ ဝါးနိုင်တာ သူဗိုက်ဆာနေလို့ပါ”လို့ပါ တောင်းပန်တယ်။ မလျှော့တဲ့ စားပွဲထိုးမက “ဆန်းဒဝစ်ပဲဝယ်လိုက်ပါလား ကျွန်မတို့ဆီက ဆန်းဒဝစ်တွေက သိပ်ကောင်းတာ”လို့ ခွန်းတုံ့ပြန်ပြန်ရော။ ဇီးရွက်လောက်ပဲ ကျန်တော့တဲ့ မျက်နှာနဲ့ အဘိုးကြီးကတော့ ထပ်ရှင်းပြရှာတယ်။ “ဟုတ်ကဲ့ ကျွန်တော်လည်း ဝယ်ချင်ပေမဲ့ မဒမ်ရယ်… ကျွန်တော်တို့မှာ ပေါင်မုန့်ဖိုးက၁၀ဆင့်ပဲရှိတာ အဲဒါမှခရီးအတွက်လောက်မှာမို့ပါ”လို့ပေါ့။ ဒါပေမဲ့လည်း စားပွဲထိုးမက မလျှော့ပြန်ပါဘူး “၁၀ဆင့်နဲ့ ဘာပေါင်မုန့်မှမရဘူး ပေါင်မုန့်တစ်လုံးကို အနည်းဆုံး၁၅ဆင့်တန်ပဲရှိတယ်”လို့ ပြောပြန်တယ်။ စားဖိုမှူးက ပေးလိုက်စမ်းပါကွာလို့ပြောတော့လည်း စားပွဲထိုးမက ပေါင်မုန့်ကားမလာခင် ပေါင်မုန့်ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်ပြန်တာပါပဲ။ စိတ်မရှည်တော့တဲ့ စားဖိုမှူးက ” အေး ကုန်တော့လည်းကုန်ပါစေ ကုန်ပါစေပေါ့”လို့ပြောပြီး ဘုတောလိုက်မှ စားပွဲထိုးမက ပေါင်မုန့်သွားယူလာပြီး အဘိုးကြီးကို ရောင်းပေးတော့တယ်။ ဒါလည်း ချိုချိုသာသာမဟုတ်ပါဘူး။ ဆောင့်ကြီးအောင့်ကြီးနဲ့ပဲ။ စားပွဲထိုးမပေါင်မုန့်သွားယူနေတဲ့အချိန်မှာ ကလေးလေး၂ယောက်က အဘိုးကြီးနောက်ကို လိုက်လာပြီး ဆိုင်ထဲဝင်လာခဲ့တယ်။ ငွေရှင်းတဲ့ကောင်တာနားက ချိုချဉ်တွေကို တွေ့သွားတဲ့အချိန် သူတို့အခြေအနေကိုလည်း သူတို့သိနေတော့ ဘာမှမပူဆာဘဲ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့ကြတယ်။ အဘိုးကြီးလည်း မနေသာတော့ ” ဟိုးက ချိုချဉ်တွေက တစ်ဆင့်တန်တွေလား”လို့ စားပွဲမကိုမေးလိုက်တယ်။ စားပွဲထိုးမက…” မဟုတ်ဘူး”လို့ ပြောပြီးမှ သူ့ကောင်တာရှေ့တည့်တည့်က ကလေးလေး၂ယောက်ရဲ့ မျက်လုံးကို မြင်သွားပြီး ဆောင့်ကြီးအောင့်ကြီးဖြစ်နေခဲ့တဲ့ သူ့မျက်နှာပေါ်ဝမ်းနည်းရိပ်သန်းလာခဲ့တယ်။ ” အာ မဟုတ်ဘူး ၂ချောင်းတစ်ဆင့်”လို့ ပြာပြာသလဲဖြေလိုက်တယ်။ အဘိုးကြီးကလည်း တစ်ဆင့်ပေးပြီး ကလေးနှစ်ယောက်ကို ချိုချဉ်တစ်ယောက်တစ်ခု ဝယ်ကျွေးနိုင်ခဲ့တယ်။ အဘိုးကြီးတို့ ထွက်သွားပြီးတော့ ခုန စားပွဲထိုးမနဲ့ စကားပြောနေတဲ့ ကားဒရိုင်ဘာက ” အဲဒါတွေက နှစ်ချောင်းတစ်ဆင့်တန်မဟုတ်ဘူးလေ တစ်ခုကို ၅ဆင့်မလား”လို့ မချိုမချဉ်မျက်နှာပေးနဲ့ စားပွဲထိုးမကို လှမ်းပြောလိုက်တာပေါ့။ စားပွဲထိုးမကတော့ ” ရှင့်အပူပါလို့လား”လို့ပဲ ပြန်ပြောခဲ့တယ်။ ခဏနေတော့ ကားဒရိုင်ဘာ ငွေရှင်းဖို့ ထလာတယ်။ ပိုက်ဆံပေးပြီးတဲ့နောက် တံခါးဝဆီတန်းသွားခဲ့တယ်။ စားပွဲထိုးမက ” နေပါဦး ပြန်အမ်းငွေယူသွားဦးလေ”လို့ ပြောတော့ ဒရိုင်ဘာကလည်း တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ” မင်းအပူပါလို့လား”တဲ့။ ဂျွန်ဖို့ဒ် နည်းနည်းပြင်ရိုက်ထားတဲ့ ဒီဇာတ်ဝင်ခန်းလေးကိုပဲ ဂျွန်စတိုင်းဘတ်က သူ့စာအုပ်ထဲ ပုံဖော်ထားတာက စာမျက်နှာ၂၀နီးနီးရှိတယ်။ စတိုင်းဘတ်က အဲဒီလောက် အသေးစိတ်ကျကျ ရေးတဲ့လူဆိုတော့ ဂျွန်ဖို့ဒ် ဒီလောက်ထိလုပ်ပြနိုင်တာပဲ ဟုတ်တော့ဟုတ်နေတဲ့ သဘောပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (2.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:09:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Animation • Adventure • Family • Comedy
8.1 1940 129 mins
The Grapes of Wrath