YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[S4] Snowfall - Episode 08 (Betrayal) - 720p HEVC Webrip [RMC].mp4

538.76 MB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Blind Side
7.7

The Blind Side (2009) IMDb Rating (7.7) / Rotten Tomatoes (66%) မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။ American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့ အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes

Crime • Thriller
7.7 2009 129 mins
The Blind Side
Rorschach
6.8

IMDb 7.9/10 (2.2K) လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။ မိန်းမ​ဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။ သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာ​ဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။ မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True  WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ

Comedy • Family • Fantasy
6.8 2022 150 mins
Rorschach
Tenet
7.2

Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ အရမ်းကောင်းပါတယ်၊ ကြည့်ပါ။ နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။ အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။ ၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။ တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို သွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာ နောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။ ဒီတော့ သက်ရောက်မှုက အရင်လာပြီး အကြောင်းရင်းက နောက်မှလာပါလိမ့်မယ်။ ဥပမာ ကျည်ဆံက အရင် နံရံမှာ မြှပ်နေပြီး နောက်မှ သေနတ်ထဲကို ပြန်ဝင်လာတာမျိုးပေါ့။ Grandfather paradox တို့ multiverse တို့ Feynman ရဲ့ ပိုစေထရွန်တွေဟာ အလက်ထရွန်တွေ အချိန်နောက်ပြန်သွားနေခြင်းဖြစ်တယ်ဆိုတဲ့အဆိုတို့ စတာတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီအောက်က စာတွေကိုတော့ ရုပ်ရှင်ကြည့်ပြီး မရှင်းမှ လာဖတ်လိုက်ပါ။ Spoiler Alert ပါ။ အရာဝတ္ထုတစ်ခုဟာ အချိန်လားရာအတိုင်း အရှေ့ကို သွားနေပေမယ့် အနုမြူစွမ်းအင် လို ပေါက်ကွဲမှုတစ်ခုကြောင့် အချိန်လားရာ ပြောင်းပြန်ရွှေ့လျားတတ်တဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ကုန်တာပါ။ ဒီတော့ ကျွန်တော်က သာမန် ပစ္စည်းတစ်ခုကို ၂၀၂၀ နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီမှာ နေရာတစ်ခုမှာ မြေမြှပ်ပြီး ဖွက်ထားတယ်ဆိုပါစို့။ အဲဒီပစ္စည်းဟာ အဲဒီနေရာမှာ အချိန်လားရာအတိုင်း တည်ရှိနေပြီ ၂၀၅၀ မှာ လူတစ်ယောက်က တူးဖော်ယူပါလိမ့်မယ်။ အဲဒီလူက အဲဒီပစ္စည်းကို အချိန်လားရာ ပြောင်းပြန်ပစ္စည်းဖြစ်အောင် ဖန်တီးလိုက်ပြီး အဲဒီနေရာမှာပဲ မြှှပ်လိုက်မယ်ဆိုရင် အဲဒီပစ္စည်းဟာ အတိတ်ကို တရွေ့ရွေ့နဲ့ ရောက်ရှိသွားပြီ။ ၂၀၂၀ နိုဝင်ဘာ ၃၀ မနက် ၉ နာရီ မှာပဲ အနာဂတ် နှစ် ၃၀ လောက်က ပစ္စည်းတွေကို တူးဖော်ယူလိုက်ရုံပါပဲ။ ဒီတော့ အနာဂတ်နဲ့အတိတ် သတင်းစကားပါးဖို့ဆိုတာ တစ်စက္ကန့်အချိန်ပဲလိုတယ်လို့တောင် ပြောလို့ရပါတယ်။ ပစ္စည်းတွေအတွက်အဆင်ပြေပေမယ့် ပြောင်းပြန်လူတွေအတွက်တော့ အဆင်ပြေမနေပါဘူး။ အဆုတ်ထဲကိုလေက ပုံမှန်မဝင်တာတွေ အမြင်အကြားတွေ ပုံမှန်မဟုတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်လမ်းအရ အနာဂတ်မှာ လူတွေဟာ ကမ္ဘာကြီးပျက်စီးခါနီးလာပြီး ရင်းမြစ်တွေရှားပေးလာတဲ့အတွက် အသက်ရှင်ဖို့ နည်းလမ်းတစ်ခုကို တီထွက်လိုက်ပါတယ်။ ဒါကတော ့အချိန်ကို လားရာပြောင်းပြန်နဲ့ သွားဖို့ပါပဲ။ တစ်ကမ္ဘာလုံးကို ဒီလို သွားနိုင်ဖို့ လုပ်လိုက်မယ်ဆိုရင် အတိတ်ကာလက အချိန်ရှေ့အတိုင်း သွားနေတဲ့ လူအားလုံး သေဆုံးပျက်စီးရပါလိမ့်မယ်။ ဒါဟာ Grandfather paradox အဘိုးဝိရောဓိ နဲ့ ညှိပါတယ်။ သင်ဟာ အတိတ်ကို ပြန်သွားပြီး ကိုယ့်အဘိုးကိုယ် သတ်လိုက်မယ်ဆိုရင် သင်လည်းမွေးမလာနိုင်တော့ပါဘူး။ မွေးမလာနိုင်တော့တဲ့အတွက် အတိတ်ကို ပြန်ပြီး အဘိုးကို သတ်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုမှ ဖြေရှင်းမရတဲ့ ဝိရောဓိပါ။ ဒီရုပ်ရှင်ရဲ့ အနာဂတ်က လူတွေကတော့ ဒီဝိရောဓိမျိုးဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ပြီး အတိတ်က ဘိုးဘေးအားလုံးကို ပြန်သတ်ဖို့ကြိုးစားသူရှိသလို၊ ဝိရောဓိကို ယုံကြည်လို့ တားဆီးဖို့ ကြိုးစားတဲ့သူတွေလည်း ရှိလာပါတယ်။ နောက်ပြီးတော့ တကယ်သာ အဲဒါ အောင်မြင်ပြီးသားဆိုရင် အတိတ်မှာ လူတွေအကုန်သေသွားတဲ့ စကြဝဠာဖြစ်တည်မှုတစ်ခု၊ အတိတ်ကလူတွေ မသေအောင် တားဆီးနိုင်တဲ့ အချိန်လမ်းကြောင်းတစ်ခု စသဖြင့် အမျိုးမျိးကွဲထွက်ပြီး multiverse တွေ တည်ရှိနိုင်မလားလည်း တွေးစရာဖြစ်နေပါတယ်။ ကျန်တဲ့ဇာတ်လမ်းတွေကတော့ ရုပ်ရှင်ထဲမှာပဲ ရှင်းလင်းသွားတာမို့နားလည်နိုင်မှာပါ။ File Size :(10.8GB) ( 3 GB , 1 GB ) Quality : BluRay.4K HEVC, 1080p , 720p  Running Time : 2 hr 30 min Format : Mp4 Genre : Action , Si-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama • Thriller
7.2 2020 150 mins
Tenet
Old People
5.7

"မှန်ရှေ့မှာဖီးလိမ်းခြယ်သ၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး တခြားသူတွေလို ပါတီပွဲတွေမှာ ပျော်ချင်‌တယ်ပေါ့‌လေ၊ အဖိတ်မခံရတာဆိုးတာပဲနော" လူအိုရုံ တစ်ခုရဲ့ဝန်ထမ်းလူငယ်က မင်္ဂလာဆောင်သီချင်း‌ကို နှစ်နှစ်သက်သက်နားထောင် နေတဲ့ အဘိုးအဘွားတွေကိုပြောတဲ့စကား၊ နောက်တစ်ယောက်ကပြောတယ်၊ အဘိုးအဘွားတွေကိုကုတင်မှာချုပ်ထားရတာက ထွက်ပြေးရင်လိမ့်ကျပြီး အနာတရဖြစ်မှာစိုးလို့ မတတ်နိုင်ပါဘူးတဲ့လေ။ အိုမင်းရင့်ရော်နေတဲ့ဘဝတစ်ခုရဲ့နောက်ဆုံးအချိန်မှာ အထီးကျန်ခြင်းဆိုတာကိုပဲ သိတော့တယ်။ "old people" ဆိုတဲ့ ဒီဂျာမန် horror thriller ရုပ်ရှင်ဟာ အထီး ကျန်လှတဲ့ ဘဝ‌နေဝင်ချိန်ကိုဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေအကြောင်းနဲ့ မိသားစုထဲက သံယောဇဉ်တွေ၊မေတ္တာတွေအကြောင်းကို တစ်ဖက်လှည့်နဲ့ ရိုက်ကူး ပုံဖော်ပေးထားတာပါပဲ၊ စိတ်ဝင်စားစရာကောင်းတာက ဇာတ်အေးကြီးမဟုတ်ဘဲ horror ဆန်ဆန်လေးပေါ့နော်၊ ဇာတ်လမ်းကြည့်ပြီးသွားရင်တော့တွေးစရာတွေကျန်ခဲ့လောက်တယ်ဗျ၊ ကိုယ်ရော အသက်ကြီးနေပြီဖြစ်တဲ့ကိုယ့်အဘိုးအဘွားနဲ့မိဘတွေအပေါ်မှာဘယ်လိုဆက်ဆံလေ့ ရှိလဲ၊ ပစ်ထားမိလား၊ ကိုယ့်အလှည့်ကျရင်ရောဘယ်လိုဖြစ်မှာလဲ။ old people ဟာ fav list ထဲထည့်လို့မရရင်တောင်မှ one time watch အနေနဲ့တော့ ကြည့်ကောင်းမယ့် ကားလေးပါလို့ ညွှန်းလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.0 GB) / (435 MB) / (241 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Drama Translator.......Ngwe Zin Encoder..........SWM

Comedy • Crime • Thriller
5.7 2022 101 mins
Old People
Three Months

Three months Coming of age ရုပ်ရှင်လေးပါ။ Caleb ဟာ ဆယ်ကျော်သက်အရွယ်ဂေး တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ပုံစံကြောင့် သူငယ်ချင်းတစ်ယောက်ကလွဲရင် အပေါင်းအသင်းမရှိပါဘူး။အထက်တန်းကျောင်းပြီးခါနီးမှာပဲ သူနဲ့တူတူနေမိတဲ့ သူစိမ်းတစ်ယောက်ဟာ HIV ရှိနေမှန်းသိလိုက်ရပါတယ်။ သူ့ဆီမှာလည်း ပိုးရှိမရှိကို‌ ဆေးစစ်ချက်အဖြေသိဖို့ သုံးလစောင့်ဆိုင်းရင်း တွေ့ကြုံရတဲ့ အချစ်ရေး၊သူငယ်ချင်းကြား သံယောစဉ်၊မိသားစုပြဿနာ တွေကိုပြသထားပါတယ်။ ဇာတ်လမ်း setting ထူးဆန်းစွာ 2011မှာတည်ထားပါတယ်။ Homosexuality ကိစ္စတွေ HIV ကူးစက်ခံသူတွေရဲ့ဘ၀တွေအပြင် မလွယ်ကူတဲ့ဆယ်ကျော်သက်ဘ၀ကို ပွင့်ပွင့်လင်းလင်းပြထားပါတယ်။ နာမည်ကျော်အဆိုတော် YouTuberလေး Troye Sivanက အဓိကနေရာကနေ ပါ၀င်ထားပြီး Judy Greer,Viveik Kalra တို့လည်းပါ၀င်ထားပါတယ်။ File size…(1.69 GB)/(720.39 MB)/(419.22 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Adventure • Family • Fantasy
0 2022 24 mins
Three Months
Love Tactics 2
7.2

ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။  သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်) File Size..........(1.85 GB) / (833 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM

7.2 2023 98 mins
Love Tactics 2
Where Is Anne Frank

Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ရဲ့ ယနေ့ခေတ်စွန့်စားခန်းတွေကိုရော တလှည့်စီပြထားပါတယ်။ 2021 ကထွက်တဲ့ Animated Film လေးပါ။Animation style ကကြည့်လို့ကောင်းပြီး ကြေကွဲစရာဖြစ်ရပ်တွေကိုလည်း ရှုစားရမှာပါ။ Rotten tomatoes -76% File size…(1.6gb)/(837mB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre…Drama/Animation/Fantasy/History/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by….SP

Drama • Romance
0 2022
Where Is Anne Frank
Never Back Down: No Surrender
6.3

Never Back Down ဇာတ်ကားတွေရဲ့ 2016 ကနောက်ဆုံးထွက်ထားတဲ့ ဇာတ်ကား‌လာပါပြီ။ 2008 နဲ့ 2011 တို့မှာထွက်ရှိခဲ့တဲ့ Never Back Down တွေရဲ့အဆက်ဖြစ်သလို R-rated လည်းဖြစ်ပြီး တိုက်ခိုက်ခန်းတွေလည်းပိုပြီးကောင်းလာတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ MMA လက်ဝှေ့ချန်ပီယံဟောင်း ကေ့စ် ဝေါကာ ဟာ သူရဲ့သူငယ်ချင်း ဘရိုဒီ ဂျိမ်းစ်နဲ့ ရှုံးပွဲမရှိသေးတဲ့အပြင် အန္တရာယ်လည်းများတဲ့ ဆီဆာ ဘရာဂါတို့ရဲ့ ထိုင်းနိုင်ငံမှာ ထိုးသတ်မဲ့ပွဲစဉ်အတွက် လေ့ကျင့်ဖို့ဘန်ကောက်ကို လိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲစခါနီးတစ်ပတ်အလိုမှာ ဘရိုဒီက ခြေထောက်ဒဏ်ရာရသွားတဲ့ အတွက် ဘရိုဒီရဲ့အစား ကေ့စ်က ဝင်ထိုးပေးဖို့ဖြစ်လာတဲ့အခါမှာ ကေ့စ်တစ်ယောက် ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ၊ သူနိုင်အောင်ရောထိုးနိုင်မှာလား၊ နောက်ကွယ်မှာရောဘယ်လိုအရှုပ်တော်ပုံတွေရှိနေမလဲဆိုတာကို အကြမ်းပတမ်းတိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။ File size…2.3 GB / 961.6 MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ….. Action , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Drama • History • War
6.3 2016
Never Back Down: No Surrender
Journey To The East: The Eight Immortals
5.9

နတ်ဆိုးတွေဟာ လူ့လောကကိုအစဥ်အနှောင့်အယှက် အဖျက်ပြုနေခဲ့ပါတယ်၊ နတ်ဆိုးအရှင်ဟွမ်ယွမ်ဟာ လွန်ခဲ့တဲ့နှစ်‌‌ထောင်ချီများစွာက ရှေးဟောင်းနတ်သီကျွင်းရဲ့ ချိတ်ပိတ်မှုကို ခံခဲ့ရပါတယ်၊ သို့သော် အဖျက်အမှောင့်စိတ်ကတော့ အတောမသတ်ခဲ့ပါဘူး… မိစ္ဆာစိတ်ကိုအသုံးချပြီး ဘယ်လိုသားကောင်တွေကို ပစ်မှတ်ထားဝါးမျိုသွားမလဲ…. တစ်ဖန်-အမတနတ်မင်း ရှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ လွီသုန့်ပင်းဟာ နတ်ဆိုးအရှင်ဟွမ်ယွမ်နဲ့တိုက်ပွဲမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဟယ်ရှန်းနတ်မိမယ်ကို နတ်သက်ကြွေစေခဲ့မိပါတယ် သို့သော် နတ်မိမယ်ရဲ့နာမ်ဝိညာဉ်အပိုင်းအစဟာ လူ့လောကရဲ့ လူသားတစ်ယောက်ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတဲ့ ပြောကြားချက်အရ လွီသုန့်ပင်းတစ်‌ေယာက်လူ့ပြည်ဆင်းပြီး ကပ်ဘေးကျော်ဖြတ်ရင်း ဟယ်ရှန်းနတ်သမီးကို လိုက်လံရှာဖွေခဲ့ပါတယ် -ထုံးစံအတိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ -ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုမြှုပ်ကွက်ဇာတ်ကောင်တွေ ရှိနေဦးမလဲ… ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ။

5.9 2023
Journey To The East: The Eight Immortals
John and the Hole
5.2

John and the Hole (2021) =================== ဒီဇာတ်ကားကို လူစိတ်ဝင်စားနေကြတာ တော်တော်များနေကြတယ်။ ဖြစ်ချင်ရာ ဖြစ်တဲ့ လောကကြီးထဲက ကိစ္စရပ်တစ်ခုပဲပေါ့။ မိသားစုကို မရ ရတဲ့နည်းနဲ့ စွန့်ပစ် ခဲ့တဲ့ လူမမည် ကောင်လေးတစ်ယောက်ရယ်၊ သမီးလုပ်သူကို တာဝန်မဲ့စွာ စွန့်လွှတ် ထားပစ်ခဲ့တဲ့အမေရယ်။ လောကကြီးက ရယ်ရတယ်‌ဗျ။ သူ့ချိုချဉ်ကို ဝိုင်းလုနေကြတဲ့ လူ‌ဆိုးလေးတစ်သိုက်ကိုတော့ အနာခံပြီး ချိုချဉ်မပေးခဲ့တဲ့ ကောင်မလေးက သူ့ကို ကူညီရင်း အရိုက်ခံ ဝိုင်းသေးပန်းခံလိုက်ရတဲ့ ကောင်လေးကိုတော့ ရက်ရက်ရော ရောကြီး သွားပေးနေပြန်ရော။ စတီဖင်ချောင်ရဲ့ဇာတ်ကားပြောပါတယ်။ အခုလည်းပဲ လာမယ့်ဘေး ပြေးတွေ့ပြီး ဘာပဲဖြစ်ဖြစ် မကြောက်ဘဲ အမေ၊ အဖေနဲ့ အစ်မကို တွင်းကြီးထဲ ပစ်ချခဲ့တဲ့ကောင်လေး။ သူက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ နေချင် တယ်။ လူကြီးတစ်ယောက်လို လုပ်ချင်ရာလုပ်ပြီး ‌ဘဝကိုဖြတ်သန်းချင်တယ်။ လွတ် လပ်မှုကို ရချင်တဲ့ ၁၃ နှစ်သား။ ကောင်မလေးကတော့ သူ့ကို ပိုက်ဆံတစ်နှစ်စာပေးပြီးစွန့်သွားတော့မယ့် အမေကို အတင်းဖက်တွယ်လို့ အမေနဲ့ နေရပါမယ့်အကြောင်း တောင်းပန်တိုးလျှိုးနေပြန်ရော။ နင်လုပ်ချင်တာလုပ်၊ နင့်ဆုံးဖြတ်ချက်နဲ့နင်။ ဒါပေမဲ့ သူကတော့ အမေ့ဘေးမှာ အမေ့ ဆုံးဖြတ်ချက်နဲ့ပဲ နေချင်ပါတယ်ဆိုတဲ့ ၁၂ နှစ်သမီး။ သူတို့နှစ်ယောက်ကို နေရာလဲ ပေးခဲ့ရင်တောင် လောကကြီးက မာယာများလွန်းတော့အဆင်ပြေမယ်မထင်ပါဘူးလေ။ ဒီဇာတ်ကားကတော့ 2021 ကထွက်ခဲ့တဲ့ ကလေးစိတ်ပညာရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရထိုက်သလောက် ရထားပြီး Rating လည်း မဆိုးလှ ပါဘူး။ မိသားစုကို တွင်းထဲပစ်ချပြီး အစာကျွေးတလှည့် မကျွေးတလှည့်လုပ်နေတဲ့ ကောင်လေး။ သူဘယ်လိုစိတ်မျိုးနဲ့ ဆက်နေမလဲ။ တွင်းထဲမှာ နံနံစော်စော် ငတ်ငတ် ပြတ်ပြတ်နေခဲ့ရတဲ့ မိသားစုသုံးယောက်သား တွင်းထဲကနေ လွတ်မြောက်နိုင်ပါ့မလား။ စိတ္တဇရုပ်ရှင်ပီပီ ဇာတ်ကွက် ဦးစားမပေးဘဲ ရိုက်ချက်တွေနဲ့ပဲ ပုံဖော်သွားတာပါ။ ရွေး ချယ်ကြည့်ရှုဖို့ မဆိုးလှတဲ့ ဇာတ်ကားဖြစ်ကြောင်းပြောကြားရင်းတင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Chun Winchester ဖြစ်ပါတယ်) File Size……….(1.97 GB) / (776 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator……Arr Chun Winchester Encoder……….SWM

Thriller • Drama
5.2 2021 103 mins
John and the Hole
Rama Ayodhya

Rama Ayodhya (2024) (အယုဒ္ဓယသို့ အလည်တစ်ခေါက်) IMDb- 6/10 ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ လေယာဉ်စီးစရာမလိုဘဲ အယုဒ္ဓယကို လည်ပတ်နေသလိုမျိုး ခံစားစေရမှာဖြစ်ပါတယ်။ သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်တော့ အကြိုက်ပေါ့ဗျာ။ ဇာတ်လမ်းကတော့ အယုဒ္ဓယမှာရှိတဲ့ အရှင်ရာမနဲ့ သက်ဆိုင်တဲ့နေရာတွေကို အသေးစိတ်ရှင်းပြပြီးတော့ အရှင်ရာမရဲ့ အကြောင်းတွေကို အသေးစိတ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အရှင်ရာမရဲ့ စိတ်နေသဘောထားတွေ ခွန်အားကြီးတာတွေ အစရှိသဖြင့် အရာတွေကို အရှင်ရာမရဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ယှဉ်ပြပြီး ပြောသွားတာမျိုးဆိုတော့ စိတ်ဝင်စားစရာလည်း ကောင်းပြီး သမိုင်းကြောင်းတွေကိုလည်း သိရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီလို သမိုင်းကြောင်းတွေပြောကြားရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းသောနေထိုင်နည်းနဲ့ နေထိုင်နိုင်ဖို့ကိုလည်း လမ်းညွှန်သင်ပြသွားပါသေးတယ်။ အဲဒီတော့ ဘယ်လိုသမိုင်းကြောင်းတွေ , ဘယ်လိုနေရာတွေကို ပြသသွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)

Thriller • Science Fiction
0 2024
Rama Ayodhya
Jackdaw
5.8

မော်တိုခရော့ ဆိုင်ကယ်ချန်ပီယံဟောင်းဖြစ်သလို စစ်မှုထမ်းဟောင်းဖြစ်တဲ့ Jack Dawson ဟာ သူ့မိခင်သေဆုံးပြီးနောက်မှာ သူ့ညီအရင်းကို ပြုစုစောင့်ရှောက်ဖို့ သူ့ရဲ့ဇာတိမြို့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဘဝသစ်ကိုစတင်ဖို့မျှော်လင့်ရင်း ကျောင်းနေဘက် သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ Silas ဆီကနေ ဘဝတဆစ်ချိုးပြောင်းလဲနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ မြောက်ပင်လယ်မှာရှိတဲ့ လျှို့ဝှက်အထုပ်တစ်ထုပ်ကို ယူပေးဖို့ပါ။ ဒါပေမဲ့‌ Jackdaw ဟာ ဒေသခံမူးယစ်ဂိုဏ်း၊ ဒုစရိုက်သမား ဖြစ်တဲ့ Silas ရဲ့သစ္စာဖောက်ခံရပြီး Jackdaw ရဲ့ ညီဟာလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ Jackdaw အတွက် အိပ်မက်ဆိုးတွေ ဝင်ရောက်လာခဲ့ပြီး အဖြစ်မှန်ကိုရှာဖွေဖို့ တိုက်ပွဲဝင် ရပါတော့တယ်။ Jackdaw တယောက် ရောဂါသည် ညီဖြစ်သူကို ရှာတွေ့နိုင်မလား။ တညတာရဲ့ကြမ်းတမ်းတဲ့ ခရီးမှာ မိတ်ဆွေဟောင်းမိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ ရန်သူသစ်တွေနဲ့ ဘယ်လိုတွေ့ဆုံရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ File size…2.14GB / 707MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Drama • Romance
5.8 2023
Jackdaw
Scouting for Christmas
6.1

Scounting for christmas ကားလေးကတော့ rating 6.1ရှိပြီး. christmasမှာ မိသားစုနဲ့အတူ ကြည့်ပြီး Chill လိုရမဲ့ကားလေးပါ။ ဒီဇာတ်ကားထဲမှာတော့ Single mother တစ်ယောက်ဟာ christmas မှာသူ့သမီးပျော်ရွှင်မှု အတွက် အကောင်းဆုံး ဖြည့်စည်းပေးရင်း တဖက်မှာလဲ အလုပ်တွေနဲ့ ပြည့်နေသူတစ်ဦးပါ။ ကိုယ့်ပျော်ရွှင်မှုအတွက် ဂရုမစိုက်နိုင်တဲ့ သူ့ကို သူသမီးက လက်တွဲဖော်အဖြစ် မုန့်ဖုတ်ဆိုင်က မုန့်ဖုတ်ဆရာ တစ်ယောက်နဲ့ စပ်ပေးဖိုကြိုးစားပါတော့တယ်။ တစ်နေ့မှာ သူ့ရဲ့ကွာရှင်းထားတဲ့ ယောကျ်ားဟောင်း ရုပ်ကြွင်း တူးဖော်ပညာရှင်ပြန်လာတဲ့အခါ သူနဲ့မုန့်ဖုတ်ဆရာ ကြားဘာ ဆက်ဖြစ်မလဲ… သူ့ပျော်ရွှင်မှုကိုပြန်ရှာနိုင်ပါ့မလား သူတိုမိသားစုကြားက ဆံရေးကဘယ်လိုဖြစ်သွားမလဲ…. ဆိုတာကို ပေါ့ပေါ့ပါးပါး နဲ့ကြည့်လိုရမဲ့ကားကောင်းဖြစ်ပါတယ်။ ဒီကားလေးက ပြဿနာတွေကြားထဲ မိသားစုထဲမှာရှိတဲ့ နွေးထွေးတဲ့မေတ္တာတစ်မျိုးကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပြီး. christmas အငွေ့အသက်တွေပါတာမို လာမဲ့christmasမှာ ကြည့်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.39 GB) / (870 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

6.1 2024 84 mins
Scouting for Christmas
The Pass: Last Days of the Samurai
5.9

The Pass: Last Days of the Samurai (2020) Toge: Saigo no Samurai (2020) ~ MyAnimeList – 7/10, IMDb – 5.9/10 ~ ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo) ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’s Minister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့ အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီး ဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲ အဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာ အခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို “ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကို စစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ The Pass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း “Baragaki: Unbroken Samurai (2021)” ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာ ဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက် ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။ အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့ Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပိုင်း စိတ်ဝင်တစား မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 855MB Quality – BluRay 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 54Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Drama
5.9 2022 114 mins
The Pass: Last Days of the Samurai