YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

[S2] House Of The Dragon - Episode 07 - 720p Web-DL [RMC].mp4

419.32 MB 720p video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Organ Trail
6.8

Drama/Thriller/Western IMDb – 5.3/10 ဒီဇာတ်လမ်းရဲ့ ပိုစတာကိုမြင်လိုက်တာနဲ့ သွေးသံတရဲရဲနဲ့ ကြောက်ဖို့ကောင်းတဲ့ခံစားချက်ဝင်မိမှာပါ ဒါပေမဲ့ ဒီဇာတ်ကားက သာမန် horror movie တွေလိုမျိုးမဟုတ်ဘဲနဲ့ ပရိတ်သတ်ကြီးကို ဇာတ်လမ်းအစကနေ အဆုံးအထိ ဇာတ်ရှိန်တဖြည်းဖြည်းတက်သွားပြီး စိတ်ဝင်စားအောင် ဖမ်းစားသွားနိုင်တဲ့ thriller ဆန်ဆန် ဇာတ်ကားကောင်းတစ်ခုပါ။ အကြမ်းဖက်မှုတွေ လက်တုံ့ပြန်မှုတွေကို အနောက်ပိုင်းစတိုင် horror ဆန်ဆန်ရိုက်ကူးထားပြီးတော့ ဒီဇာတ်လမ်းကိုတော့ ၁၈၀၀ ပြည့်နှစ်တွေတုန်းက အော်ရီဂွန်ချိုင့်ဝှမ်းနဲ့ မစ်ဆူရီမြစ်ကို ဆက်သွယ်ပေးတဲ့ လှည်းလမ်းကြောင်းဖြစ်တဲ့ Orgeon Trail ကိုအခြေတည်ပြီး ဒါရိုက်တာက နာမည်ပေးခဲ့တာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အက်ဘီ‌ဂေးလ်တို့မိသားစုလေးယောက် မုန်တိုင်းဒဏ်ကိုဖြတ်ကျော်ပြီး Orgeon Trail ကိုဖြတ်သွားတော့မယ်အချိန်မှာ သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အက်ဘီဂေးလ်ရဲ့အဖေက သူ့အစ်ကိုနဲ့ အမဲလိုက်ထွက်နေရင်း ဒဏ်ရာရအမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ခဲ့တာပါ။သူ့အဖေတို့ ဒဏ်ရာရာအမျိုးသမီးကို ကယ်ဆယ်ပေးပြီး သူတို့ယာယီစခန်းအထိ ခေါ်လာခဲ့တဲ့အချိန်မှာတော့ အက်ဘီဂေးလ်တို့ဆီကို ဘယ်လိုဒုက္ခမျိုးတွေယူဆောင်လာမှာလဲ...အက်ဘီဂေးလ်တို့ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ File size…(1.7 GB)/(1 GB)/(510 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Yee

Action
6.8 2023 112 mins
Organ Trail
Amsterdam
6.1

ဒီရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် အရှုပ်တော်ပုံ အမှုကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဘာဖြစ်ရပ်မှန်လဲဆိုတာတော့ ကြိုမပြောပြတော့ပါဘူး။ စုံထောက်ကားဆန်ဆန်ဖြစ်လို့ ပဟေဠိတွေ ကြိုသိမသွားအောင်ပါ။ ပါဝင်ထားတာကတော့ နာမည်ကြီးသရုပ်ဆောင်များလွန်းလို့ ဘယ်သူက စပြောရမလဲတောင်မသိပါဘူး။ အဆိုတော် တေလာဆွစ်ပါ ပါလိုက်ပါသေးတယ်။ ခေါင်းဆောင်မင်းသားက ခရစ်ရှန်ဘေး၊ မင်းသမီး မာဂေါ့ရော်ဘီ၊ ဂျွန်ဒေးဗစ်ဝါရှင်တန်၊ အာညာ တေလာဂျွိုင်း၊ ခရစ်စ် ရော့ခ်၊ တေလာဆွစ်၊ ရာမီမာလက်ခ် တို့ပါပါတယ်။ ဒါပေမဲ့ ရုံတင်တော့ အရှုံးပေါ်ထားပါသေးတယ်။ ၉၇ သန်းလောက်ကို ရှုံးတာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဒီဇိုင်းတွေ၊ သရုပ်ဆောင်တွေကို အရမ်းချီးကျူးထားပါတယ်။ ဒါရိုက်တာရဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်ပုံကို မကြိုက်ကြလို့ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဒီလူတွေစုပြီး သရုပ်ဆောင်ထားတာနဲ့တင် ကြည့်လို့တန်ကိုတန်လွန်းတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ဇာတ်လမ်းအကျဉ်း ဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန် ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းတစ်ခုဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီပေး၊ ကုသပေးနေတဲ့သူပါ။ ဒါပေမဲ့ ဆေးတွေမျိုးစုံစမ်းသပ်နေတဲ့အတွက် ဆေးကောင်စီက ခဏခဏ သတိပေးခံနေရတဲ့သူပါပဲ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း စစ်ပြန်ကြီးကတော့ ဟာရိုးဝုမန်းဖြစ်ပြီး ရှေ့နေအဖြစ် သူနဲ့အတူ ၁၀ နှစ်ကျော်အလုပ်တွဲလုပ်နေခဲ့တာပါ။ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်း သူနာပြု ဗယ်လာရီအဖြစ် မာဂေါ့ရော်ဘီက သရုပ်ဆောင်ထားပါတယ်။ ရာမီမာလက် နဲ့  အာညာတို့အတွဲကတော့ အရေးပါတဲ့ ဇာတ်ကောင်လင်မယားနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ တစ်နေ့မှာ ရှေ့နေ ဟာရိုးကို ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးက အမှုအပ်လာတယ်။ သူ့အဖေ ဗိုလ်ချုပ်ဟောင်း ဘေလ်မီးကင်းစ်သေဆုံးမှုကို စုံစမ်းဖို့ပါပဲ။ ဒါပေမဲ့ အဲဒီအမှုက ထင်သလို လူသေမှုလား လူသတ်မှုလား ခွဲရုံတင်မကဘဲ နိုင်ငံနဲ့ချီတဲ့ အရှုပ်တော်ပုံကြီးဖြစ်လာတဲ့အခါ.... File size…(1.5 GB)/(888 MB)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Comedy, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Family • Fantasy
6.1 2022 134 mins
Amsterdam
Laruan
5

ကမီးလ်ဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူဟာထက်မြက်တဲ့မိန်းမဖြစ်ကြောင်း ဖေစ့်ဘုတ်ပေါ်မှာ ပုံတွေတင်စာတွေမရေးဘဲ ယောက်ျားနှစ်ယောက်ကို နဖားကြိုးထိုးထားပြီးတော့ လက်တွေ့သက်သေပြသူဖြစ်ပါတယ်။ ကမီးလ်အလုပ်က အိမ်တွင်းအလှဆင်လုပ်ငန်းဖြစ်ပြီးတော့ လုပ်ငန်းမှာ သူ့ငယ်ချစ်ဦးဂျော့ဖ်ကိုလက်ထောက်အဖြစ်ခန့်ထားသလို၊ သူ့ထက်အသက်နှစ်ဆကြီးတဲ့ နာမည်ကျော်ပန်းချီဆရာကြီးတစ်ယောက်ကို ရအောင်ယူထားပြီး အဲဒီပန်းချီတွေကို လုပ်ငန်းထဲမှာထည့်ရောင်းပြီး အသုံးချတတ်ပါတယ်။ ဒီလိုပဲ အားလပ်ရက်တွေမှာ ဂျော့ဖ်ကို ကောင်မလေးတစ်ယောက်ယောက်နဲ့အတူ အိမ်ကိုလာခိုင်းပြီးတော့ ခင်ပွန်းနဲ့ဂျော့ဖ်ခေါ်လာတဲ့ ကောင်မလေးတို့ကိုပစ်ထားပြီး အလုပ်ခန်းထဲမှာ နှစ်ဦးသားကြိတ်ပုန်းတွယ်လေ့ရှိပါတယ်။ စကားနည်းပြီး လူတွေနဲ့အဆက်အဆံသိပ်မရှိတဲ့ သူ့ခင်ပွန်းသည်အဘိုးကြီးဟာ ဒါတွေကိုရိပ်မိသလို မရိပ်မိသလိုအနေအထားပေမယ့် ဘာမှပြောလေ့မရှိပါဘူး။ အစစအရာရာအဆင်ပြေနေတဲ့ ကမီးလ်အတွက်အခြေအနေတွေဟာ ဂျော့ဖ်ခေါ်လာတဲ့ ပန်းချီကျောင်းသူ မိန်းမလှလေး သီယာရောက်အလာမှာတော့ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဘယ်သူနဲ့မှစကားပြောလေ့မရှိတဲ့ ပန်းချီဆရာအဘိုးကြီးဟာ ဒီကောင်မလေးကိုတော့ အရောတဝင်ပြုံးရယ်လာသလိုမျိုး ငယ်ချစ်ဦးဂျော့ဖ်ကိုယ်တိုင်ပါ သူ့ကိုလျစ်လျူရှုပစ်ပယ်လာ၊ ကောင်မလေးအပေါ်ဂရုစိုက်မှုတွေပုံကျလာချိန်မှာတော့ ထက်မြက်တဲ့ ကမီးလ်တစ်ယောက် မောဟမီးတွေတောက်လောင်ပြီး သူ့ဘဝထဲကယောက်ျားနှစ်ယောက်နဲ့ ဒီမိန်းကလေးကိုခွဲထုတ်ပစ်ဖို့ဆင်ကြံကြံရပါတော့တယ်။ မျက်နှာသစ်မဟုတ်ပေမယ့် ကားရိုက်ကြဲတဲ့ အသစ်ကလေးနှစ်ဦးဖြစ်တဲ့ Franki Russell ကို ကမီးလ်အဖြစ်၊ Ava Mendez ကို ညိုပြာညက် ပန်းချီကျောင်းသူလေးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama
5 2022 86 mins
Laruan
Saloum
6.6

တောင်အာဖရိကက ဂီနီဘီဆူဆိုတဲ့နိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွါးပြီး မူးယစ်ရာဇာတွေက အာဏာရှင်တွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဘန်ဂီခွေးအများဆိုတဲ့ အဖွဲ့ကတော့ အရမ်းကျွမ်းကျင်တဲ့ ကြေးစားတွေဖြစ်ပြီး အပေးအယူနဲ့ မက္ကဆီကိုနိုင်ငံသား မူးယစ်ရာဇာတစ်ယောက်ကို ဒါကာနိုင်ငံကို ဘေးကင်းကင်းနဲ့ ရောက်အောင်ပို့ပေးရမယ့် မစ်ရှင်ကို လက်ခံလိုက်ပါတယ်။ အဲ့ဒီလိုပို့ပေးနေစဉ်အတွင်းမှာပဲ ဆီတိုင်ကီပေါက်ပြီး ဒါကာကိုမရောက်ခင် ဆင်းသက်လိုက်ရပြီး အင်မတန် ဝေးလံခေါင်သီတဲ့ ဆလုံးဆိုတဲ့ရွာစခန်းလေးတစ်ခုကို ရောက်ရှိသွားပါတော့တယ်။ ရွာသူကြီး အိုမာကလည်း တကယ့်ကို ဖော်ဖော်ရွေရွေပါပဲ။ အဲဒီမှာ တခြားဧည့်သည်တွေလည်းရှိနေပြီး အဲဒီထဲက ဆွံ့အနားမကြားကောင်မလေးက သူတို့သရုပ်မှန်ကိုသိနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ပါ ရောက်လာချိန်မှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size          : 2.1GB, 862MB, 398MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 24mins Genre              : Horror, Thriller Translated by May Myat Thu Encoded by Kinnov

Comedy • Horror
6.6 2021 84 mins
Saloum
Hero

ဒီတစ်ခါ CMကနေဘာသာပြန်တင်ဆက်ပေးမှာကတော့ 2022ထွက် Comedy Movieသစ်လေး HERO ဖြစ်ပါတယ် ။ဒီကားလေးမှာဆိုရင်တော့ မင်းသား Zirui Wangက ယွီဖေး(ဖေးကျီး), မင်းသားSun Haoက စွမ်းဟောက်(ဟောက်ကျီ) , မင်းသမီးLiu Yu Qiaoက ရွှီယွမ်ယွမ် အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အမှတ်တရပြတိုက် စကားပြန် ယွီဖေး(ဖေးကျီး)နဲ့ စွမ်းဟောက်(ဟောက်ကျီ)တို့ သူငယ်ချင်းနှစ်ယောက်ဟာ ပြတိုက်မှ ာ ရတနာသိုက်မြေပုံလာရှာတဲ့ ရွှီတာ့လုံတို့ညီအစ်ကိုအဖွဲ့တွေ့ဆုံခဲ့ကြရာက စကားများကြပြီး ဗုံးပေါက်ကွဲသွားတယ်....ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် လကြတ်ချိန်နဲ့ တိုးပြီး မင်ခေတ်ကို သူငယ်ချင်း၂ယောက်အတူတူ အချိန်ခရီးသွားမိသွားကြတယ် .... ထိုအချိန် မင်ခေတ်မှာလည်း အရာရှိဝန်ကြီးများရဲ့ အာဏာလုပွဲတွေ ​ ပြင်းထန်နေပြီး ယွီဖေးနဲ့ စွမ်းဟောက်တို့ သူငယ်ချင်းနှစ်ယောက် ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ.... ၎င်းတို့ သူငယ်ချင်းနှစ်ယောက်ကို ချင်းယီးတပ်က လက်ပူးလက်ကြပ်မိသွားပြီး သတ်လိုက်တဲ့အခါမှာတော့ ဘယ်လိုအံ့အားသင့်ဖွယ်ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲ..... အကြီးအကဲ ရွှီဝူချန်ရဲ့ သမီးချောလေး ရွှီယွမ်ယွမ်နဲ့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းလေးတွေ ဖြစ်လာဦးမလဲ ရွှီတာ့လုံတို့ ညီအစ်ကိုတစ်စုပါ မင်ခေတ်ကို ရောက်ရှိလာတဲ့အခါမှာ ဘယ်လိုရယ်မောဖွယ်ရာဖြစ်ရပ်တွေ ဆက်ဖြစ်လာဦးမလဲ.... ရတနာသိုက်မြေပုံနဲ့ မှတ်တမ်းလွှာလည်း နောက်ဆုံးမည်သူ့လက်ထဲရောက်မလဲ..... အချိန်ခရီးသွားရာကနေ ၎င်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ်တွေ ဘယ်လိုပြောင်းလဲလာမလဲ... စရိုက်မတူတဲ့ သူငယ်ချင်းတစ်စု မင်ခေတ်မှ ာ ပြဿနာတွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... စိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝလွန် ဟာသကားလေးကိုတော့ CMကနေ ကြည့်ရှုအားပေးပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 15min Genres : Drama , Comedy , Fantasy Subtitle : Myanmar Subtitle ( Hardsub ) Translated by Healer KE Encoded by LK

Drama
null 2022
Hero
Toxic Parents
6.2

Toxic Parents (2023) ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ကိုရီးယားလူငယ်တော်တော်များများကြုံတွေ့ရတတ်တဲ့အခက်အခဲကို သေချာလေးမီးမောင်းထိုးရိုက်ပြထားတဲ့ Toxic Parents ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အီယူရီဆိုတဲ့ကလေးမလေးကအတန်းထဲမှာစံပြကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် တင်းကြပ်လွန်းတဲ့သူမအမေဖြစ်သူကြောင့်သူငယ်ချင်းတစ်ယောက်မှမရှိသူပါ ဒါပေမယ့်တစ်နေ့မှာတော့အိုင်ဒေါလ်ဖြစ်ဖို့ကြိုးစားနေတဲ့သင်တန်းသူမလေး ယယ်နာနဲ့တွေ့ပြီးသူငယ်ချင်းဖြစ်သွားပါတော့တယ် ဂျစ်ပစီမလေးယယ်နာနဲ့ယူရီက အကျင့်စရိုက်ချင်းကွာခြားပေမယ့်အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပြီးတဲ့နောက်မှာရုတ်တရက်ယူရီကသေဆုံးသွားခဲ့ပါတယ် စုံထောက်တွေအနေနဲ့ယူရီသေဆုံးရတဲ့အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာ ယူရီဟာဘာကြောင့်သေဆုံးသွားသလဲ ဘယ်သူတွေပါဝင်ပက်သက်နေသေးလဲ ယယ်နာကရောယူရီရဲ့သေဆုံးမှုမှာပါဝင်နေမလားဆိုတာကြည့်လိုက်ကြရအောင် သားသမီးတွေကိုကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲအဆိပ်တွေပေးနေမိမှန်းမသိတဲ့မိဘတွေလည်းရှိပါတယ် ပညာပေးကားလေးလည်းဖြစ်တာမို့ နောင်တစ်ချိန်မိဘဖြစ်လာမယ့်လူငယ်တွေ‌ရော လက်ရှိမှာမိဘဖြစ်နေတဲ့သူတွေရောကြည့်ရှုသင့်တဲ့ကားလေးပါ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Thae Thae ပဲ ဖြစ်ပါတယ် Genre….. Drama, Mystery Quality…. 1080p | 720p File size… 1.1GB | 418MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

6.2 2023 104 mins
Toxic Parents
The Puppet Asylum

ဒီ short filmလေးကတော့ Down Syndromeခံစား‌ခဲ့ရတဲ့ ဒါရိုက်တာ Otto Baxterရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုလေးပါပဲ။ သူက ဒီဇာတ်လမ်းရဲ့ Main characterနေရာမှာ သူပဲသရုပ်ဆောင်ပြီးတော့ သူ့ရဲ့ဘဝမှာ ကြုံခဲ့တဲ့ အခက်အခဲပေါင်းများစွာရယ်၊ လူတွေက သူ့အပေါ်ဘယ်လိုမျိုးနှိမ့်ချဆက်ဆံခဲ့သလဲဆိုတာတွေကို horror, comedyနဲ့ fantasy ပေါင်းစပ်ထားတဲ့ short filmလေးတစ်ခုအဖြစ် အသက်သွင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးကို ပုံဖော်ထားတာက ပုံပြင်တစ်ပုဒ်ကိုပြောပြနေသလိုဖြစ်ပြီး ကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့လဲ ပုံပြင်တစ်ပုဒ်ကိုဖတ်နေရသလိုပဲ ထင်မှတ်စေမှာပါ။ အဲဒါကြောင့်ပဲ ပရိတ်သတ်ကြီးလဲ စိတ်ဝင်စားတယ်ဆိုရင် မိနစ်သုံးဆယ်ပဲကြာတဲ့ ဒီshort filmလေးကို အားတဲ့အချိန်လေးမှာ အေးအေးဆေးဆေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…(442 GB)/(224 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

Animation • Family • Comedy
0 2023
The Puppet Asylum
Star Wars: Episode VII – The Force Awakens
7.8

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode VII – The Force Awakens (2015) စတားဝါးစ်ရုပ်ရှင်တွေရဲ့ အပိုင်း(၇) ရုပ်ရှင်ပါ…. ဒီအပိုင်းကိုမကြည့်ခင် ရှေ့က ရုပ်ရှင်တွေကိုပြန်နွှေးဖို့ အတိုချုံးလေးပြန်ဆွေးနွေးကြည့်ပါမယ်။ အပိုင်း ၃ အဆုံးမှာ အနာကင် စကိုင်းဝေါကာ ဟာ ဒ့ါသ်ဗိတ်ဒါ ဆိုတဲ့ Sith ဖြစ်လာခဲ့ပြီး သူ့ဆရာ ဒါ့သ် စီးဒီးယပ်စ်က အင်ပါယာဖြစ်လာခဲ့ပါပြီ။ ပါ့ဒ်မီကတော့ အမွှာလေး ၂ ယောက်မွေးဖွားပေးပြီး သေဆုံးသွားခဲ့ပါပြီ။ အပိုင်း ၄ ၅ ၆ မှာတော့ သူတို့ ၂ယောက်ရဲ့သား လုခ် စကိုင်းဝေါကာဟာ မာစတာ ယိုးဒါးနဲ့ မာစတာ အိုဘီ-ဝမ် တို့ရဲ့ သင်ကြားပေးမှုကြောင့် Jedi မျိုးဆက်သစ်ဖြစ်လာခဲ့ပါပြီ။ သူ့ညီမ ဖြစ်သူ လိုင်ရာကတော့ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီး ဟန်ဆိုလို ဆိုတဲ့ မှောင်ခိုသမားတဖြစ်လဲ တော်လှန်ရေးအဖွဲ့ ဗိုလ်ချုပ်နဲ့ လက်ထက်ခဲ့ပါတယ်။ သူတို့ မောင်နှမ ၂ ယောက်နဲ့ ဟန်ဆိုလို တို့ကြောင့် ဒါ့သ်စီးဒီးယပ်စ် ကျဆုံးသွားခဲ့ပြီး သူ့တို့အဖေလဲ သေဆုံးသွားခဲ့ပါပြီ။ Sith တွေရဲ့ Death Star လို့ခေါ်တဲ့ ဂြိုလ်ဖျက်လက်နက်ကြီးကိုလဲ ဖျက်ဆီးနိုင်ခဲ့ပါပြီ။ အခု အပိုင်း ၇ မှာတော့ အင်ပါယာ ကျဆုံးမှုအောက်ကနေ First Order ဆိုတဲ့ အဖွဲ့ကြီးထပ်မံပေါ်ပေါက်လာပြီး Sith တွေကပဲ ဦးဆောင်နေပြန်ပါတယ်။ အဲဒီချိန်မှာ လုခ် စကိုင်းဝေါကာက ပျောက်ဆုံးနေပြီး ညီမဖြစ်သူ ဗိုလ်ချုပ်လိုင်ရာဟာ အပူတပြင်းရှာဖွေနေပါတယ်။ ဒီလမ်းခရီးမှာ သူ့ရဲ့ အကောင်းဆုံး ပိုင်းလော့ထ် နဲ့ သစ္စာဖောက် မုန်တိုင်းတပ်သား တစ်ယောက်နဲ့ အမှိုက်ကောက်သမားလေးတစ်ယောက်တို့ တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။

7.8 2015
Star Wars: Episode VII – The Force Awakens
Arcadian
5.9

နစ်ကလက်ကေ့ ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီကားလည်း ပေါကားမဟုတ်ပါဘူး။ သူ့ကားတွေက အခုနောက်ပိုင်း နည်းနည်းချင်း ပြန်ကောင်းလာတာတော့ တွေ့နေရပါပြီ။ IT ရုပ်ရှင်ထဲက မင်းသား Jaeden Martell က နစ်ရဲ့ သားအဖြစ်ပါဝင်ထားပါတယ်။ အက်ရှင် ဟော်ရာ အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်ကလည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို တည်ထားတာပါပဲ။ ကမ္ဘာဘာလို့ပျက်လဲ မပြဘဲ အသက်ရှင်ကျန်ခဲ့တဲ့လူတစ်စု ဆက်အသက်ရှင်ဖို့ ကြိုးစားပုံကိုပြတဲ့အမျိုးအစားပါပဲ။ နစ်ဟာ သားနှစ်ယောက်နဲ့အတူ အိမ်တစ်လုံးမှာနေတယ်။ လူနည်းစုလေးတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ့်ခြံနဲ့ကိုယ် အသက်ရှင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အတွက် အန္တရာယ်ကတော့ ညတိုင်း အိမ်တွေထဲကို အတင်းဝင်ဖို့ ကြိုးစားတဲ့ သတ္တဝါကြီးတွေပါပဲ။ မှောင်တာနဲ့ ကိုယ့်အိမ်ကိုယ် အချိန်မီပြန်ပြီး အိမ်ကို အမြဲလုံနေအောင် နေကြရတာပါ။ ဒါပေမဲ့ နစ်ရဲ့ သားအကြီးကောင်က အခြားခြံက ကောင်မလေးကို ဖွန်အကြောင်လွန်ပြီး ညဘက်နောက်ကျသွားတဲ့အခါ လမ်းမှာပိတ်မိသွားပါတယ်။ ဒါကို နစ်က လိုက်ကယ်ဖို့ကြိုးစားရင်း အကောင်ဗလောင်ကြီးတွေနဲ့ ရင်ဆိုင်ရပုံတွေကို ပြထားတာပါ။ ဒီလို ရုန်းကန်တိုက်ခိုက်ရတဲ့အမျိုးအစားတွေကို ကြိုက်တတ်တဲ့သူတွေ ကြည့်သင့်ပါတယ်။ File size…(1.4 GB)/(660 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Action, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson

Comedy • Drama • Music
5.9 2024 92 mins
Arcadian
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
London Confidential

London Confidential (2020) ************************** IMDb rating 7.7 ရရှိထားပြီး Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ COVID-19 ဆိုတဲ့ Virus ဟာ တစ်ကမ္ဘာလုံးကို ပျံနှံပြီး အားလုံးဒုက္ခရောက်နေတယ်… ဒီပြဿနာရင်းမြစ်ဟာ တရုတ်ကြောင့်လို အိန္ဒိယတို့က စွပ်စွဲပါတယ်…ဒီလိုစွပ်စွဲမှုနဲ့ … covid -19 ပြဿနာမပြီးသေးဘူး အိန္ဒိယနဲ့ တရုတ်နယ်စပ်မှာ ဒီထက်ဆိုးတဲ့ ဗိုင်းရပ်စ်တစ်မျိုးက… ထပ်ပျံ့လာတယ်။ စွပ်စွဲမှုတွေငြင်းဆန်မှုတွေနဲ့ (၂)နိုင်ငံစစ်ဖြစ်လာသည့်အထိ တင်းမာတဲ့အခြေအနေတွေဖြစ်လာတယ်။ စစ်ဖြစ်မဲ့အရေးကိုတားဆီးနိုင်ဖို့ အိန္ဒိယက လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့် တစ်ယောက်ဟာ… သတင်းပေးနဲ့ဆက်သွယ်ပြီး လန်ဒန်ရဲ့နိုင်ငံတကာညီလာခံမှာ ထုတ်ဖော်ဖို့ကြိုးစားပါတော့တယ်… သူတို့ကြိုးစားသလိုအောင်မြင်မှာလား…တခြားဘယ်လိုလှည့်ကွက်တွေရှိဦးမလဲ… ဒီပြဿနာဆိုးတွေဖြစ်ဖို့ တကယ်ကြိုးကိုင်နေတဲ့သူတွေက ဘယ်သူလဲ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size : 1.19GB / 480MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:17:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Heather Oo

0 2020 78 mins
London Confidential
Unstoppable
6.8

Unstoppable (2024) IMDb Rating (6.8) / Rotten Tomatoes (76%) ဒီဇာတ်လမ်းလေးကတော့ အမေရိကန် ပရော်ဖက်ရှင်နယ် နပန်းအားကစားသမားအန်တိုနီရိုဘယ်ရဲ့ ဘဝဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့မွေးဖွားလာခဲ့သူအန်တိုနီရိုဘယ်က ဘဝရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလည်း၊ အခက်အခဲတွေကြားကနေ ဘယ်လိုမျိုး အောင်မြင်မှုကို ရရှိသွားလည်းဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲ့တာအပြင်ကို ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သူ Jennifer Lopez က ဂျူဒီရိုဘယ်အဖြစ် အန်တိုနီရဲ့ မိခင်နေရာကနေ ပါဝင်ထားပါသေးတယ်။ အားကစားဇာတ်လမ်းတစ်ပုဒ် တစ်ဖြစ်လည်း ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N ဖြစ်ပါတယ်။) File size…(8.1 GB) / (2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:04:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by N

History • Comedy
6.8 2024 123 mins
Unstoppable
Post Malone: On His Terms
2

Post Malone: On His Terms (2025) IMDb Rating (2.0) “Post Malone: On His Terms” က genre အမျိုးအစားစုံ အနုပညာရှင်ဖြစ်တဲ့ Post Malone ရဲ့ ဘဝနဲ့ လုပ်ငန်းအကြောင်းကို တင်ပြထားတဲ့ Documentary တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီ Film မှာ Post ရဲ့ ထူးခြားမှုဖြစ်တဲ့ hip-hop, pop, R&B နဲ့ country ဂီတအမျိုးအစားတွေ ရောနှောမှုကို မီးမောင်းထိုးပြထားပြီးဂစ်တာကြိုးပြတ်လို့ ပထမဆုံး audition မှာ အငြင်းခံခဲ့ရတဲ့ ကောင်လေးဘဝကနေ Billboard Music Awards 10 ခုနဲ့ သန်း 80 records sold တွေ ရရှိထားတဲ့ အောင်မြင်တဲ့ artist အဖြစ် သူ့ရဲ့လုပ်ငန်းလမ်းကြောင်းနဲ့ အခက်အခဲတွေအကုန်လုံးကို တင်ပြထားလို့ Post Malone ဖန်တွေ ဒါမှမဟုတ် ဂီတကို စိတ်ဝင်စားသူတွေ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ documentary တစ်ပုဒ်ပဲ ​ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1 GB) / (400 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary,Music Duration….00:41:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy • Family
2 2025 41 mins
Post Malone: On His Terms
Havoc
6.7

မင်းသား တွမ်ဟာဒီရဲ့ ရဲအက်ရှင်ကားသစ် ထွက်လာပါပြီ။ ဒါရိုက်တာကလည်း The Raid ရဲ့ ဖန်တီးရှင် Gareth Evans ပါပဲ။ အက်ရှင်မှ အက်ရှင်အစစ်ပါ။ တရုတ် ရာဇဝတ်ဂိုဏ်းနဲ့ အမေရိကန်ဂိုဏ်း နှစ်ခုကြားမှာ ရဲတွေနဲ့ သုံးပွင့်ဆိုင် ကျုံးကြတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ++++++++++ ဝေါ်ကာဆိုတဲ့ ရဲက လာဘ်စားပြီးတော့ အမတ်လောင်း တစ်ယောက်ရဲ့ တရားမဝင်အလုပ်တွေကို လုပ်ပေးနေတဲ့သူပါ။ တစ်နေ့မှာ အမတ်လောင်းရဲ့ သားက တရုတ် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ရဲ့ သားကို သတ်မိသွားတယ်ဆိုပြီး တရုတ် ဂိုဏ်းတစ်ခုလုံးက လိုက်လာပါတယ်။ အဲဒီ ဂိုဏ်းနှစ်ခုကြားမှာ အမတ်လောင်းရဲ့သားကို ကယ်ဖို့ ကြိုးစားနေရတဲ့ ဝေါ်ကာနဲ့ သူ့ထက်အကျင့်ပျက်နေတဲ့ ရဲတွေကလည်း ထပ်ပြီး ထိပ်တိုက်တွေ့ကြပါတော့တယ်။ ဒီတော့ ပတ်လည်တွေ ကျုံးကုန်ကြပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ File size… (7.67 GB) / (2.74 GB) / (1.16 GB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …..Action , Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama
6.7 2025 107 mins
Havoc
Snow White
1.7

Snow White (2025) ဒစ္စနေးရဲ့ ကမ္ဘာကျော် ကာတွန်း စနိုးဝှိုက်ကို လူနဲ့ရိုက် လူနဲ့တီးထားတဲ့ ဗားရှင်း ထွက်ပါပြီ။ ဒါရိုက်တာကတော့ အားလုံးချစ်တဲ့ အချစ်ကားလေး 500 Days of Summer ရဲ့ ဖန်တီးရှင် Marc Webb ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း စနိုးဝှိုက်အဖြစ် ပြည်သူ့အချစ်တော် မင်းသမီးလေး Rachel Zegler ပါဝင်ထားပြီး မိဖုရားကြီးနေရာမှာလည်း မင်းသမီးကြီး Meryl Streep လိုမျိုး သရုပ်ဆောင်ကဝေတစ်ဆူဖြစ်တဲ့ Wonder Woman မင်းသမီး Gal Gadot က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ လူပေါင်းသုံးသိန်းကျော်ကလည်း IMDb rating (4×5)-12 / 5 တောင်ပေးထားပါတယ်။ ဒီ‌တော့ လက်လွတ်မခံဘဲ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း Gal Godot က ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်ချင်တဲ့ စုန်းမ မိဖုရားကြီးပါ ဒါပေမဲ့ သူ့ရဲ့မှော်မှန်ကြီးက စနိုးဝှိုက်သာ အလှဆုံးပါလို့ ဆက်တိုက်ပြောနေလို့ စနိုးဝှိုက်ကို လုပ်ကြံပါတယ်။ (မိဖုရားက ပိုလှတယ်ဆိုပြီးဖင်ယားမဲ့သူတွေကို ဒစ္စနေးကကြောက်လို့ ဇာတ်လမ်းထဲမှာ စိတ်အလှပါလို့ ပြန်ရှင်းထားပါတယ်) အဲဒီမှာ စနိုးဝှိုက်တစ်ယောက် တောထဲကို ရောက်သွားပြီး လူပုလေး ၇ဖော်နဲ့ တွေ့ပါတယ်။ နောက်တော့ ပန်းသီးစား၊ မင်းသားတွေ့၊ ပြန်ချ ဘာညာပါ။ ဒါပါပဲ။ (အညွှန်းရေးသားသူကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (4.6 GB) / (1.8 GB) / (1.1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Family, Fantasy, Musical, Romance Duration…. 01:51:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin & Min Wai Translated by Act Molemy & Matteo

Drama
1.7 2025 109 mins
Snow White