YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Ruslaan.2024.720p.JIO.WEB-DL.YK(CM).mp4

1.19 GB 720p video/mp4 1475 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sergeant

Sergeant (2023) ဆာဂျင်အနေနဲ့ မင်းသားကြီး Randeep Hooda ၊ ခပ်မိုက်မိုက်မင်းသမီးချောလေး Sapna Pabbi နဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်မင်းသားကြီးAdil Hussain တို့လို သရုပ်‌ဆောင်ကြီးတွေနဲ့ အချိတ်အဆက်ကောင်းကောင်းရိုက်ကူးပြထားတဲ့ကားလေးဖြစ်ပါတယ် ဆာဂျင်ကြီးနစ်ခေးရှာမာတစ်ယောက် အမှုလိုက်ရင်း အမှုပတ်ရတဲ့ကားပါ ကလင်းမ်ဆိုတဲ့ကောင်လေးအမှုကိုလိုက်ကယ်ရင်း ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသလို ကောင်လေးကိုလည်းမကယ်လိုက်နိုင် သူ့ဘဝနဲ့ အလုပ်ရဲ့ ဂုဏ်သိက္ခာတွေကိုပါ ဆုံးရှုံးလိုက်ရပါတယ် ဒီလိုနဲ့ အရက်ကိုအဖော်ပြုရင်း အရက်စွဲသွားချိန်မှာ ရေနစ်သူ ဝါးကူထိုးဆိုတဲ့အတိုင်း ကလင်းမ်သေရတာသူ့ကြောင့်လို့ပဲအပြစ်တွေတင် ၊ စကားတွေဟာလည်း သူ့အလုပ်ကလူတွေကြား သက်ရောက်မှုမရှိ ၊ အတိတ်ကမဖော်ထုတ်နိုင်ခဲ့တဲ့အမှုအကြောင်းကိုပါ ပြန်ဖော်ပြီးပြစ်တင်ပြောဆိုကြနဲ့ ဆာဂျင်ကြီးတစ်ယောက် ကိုယ်စိတ်ခန္ဓာ အရှက်သိက္ခာအားလုံးဆုံးရှုံးလိုက်ရချိန်က ဘယ်လိုပြန်လည်ရုန်းထမလဲ အတိတ်ကအမှုအကြောင်းအရာနဲ့ ကလင်းမ်ရဲ့ အမှုမှန်ရောပေါ်ထွက်လာဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Yunni ~ Thaik San တို့ပဲဖြစ်ပါတယ် File size…1.24GB / 550MB Quality…1080p WEB DL / 720p Format…mp4 Duration…2h 3m. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL ~ Zwe ~ Yunni ~ Thaik San

Action
0 2023 104 mins
Sergeant
House of Inequity
4.3

အကြောက်တရားဆိုတာ ကိုယ့်ရဲ့ရန်သူပါပဲတဲ့။ ဒါဆိုရင် အကြောက်တရားဆိုတဲ့အရာကဘာများပါလဲ။ လောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ အကြောက်တရားလည်းအပါအ၀င်ဖြစ်ပါတယ်။ ဘာလို့ဆို အကြောက်တရားက လူတွေရဲ့စိတ်ကိုသာမက ရုပ်ပိုင်းဆိုင်ရာအထိပါထိန်းချုပ်နိုင်စွမ်းရှိလို့ပါ။ လူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြတာပါပဲ။ ဒီအကြောက်တရားကိုရင်ဆိုင်မလား အရှုံးနိမ့်ခံမလားကတော့ ကိုယ်ကိုယ်တိုင်ရဲ့ရွေးချယ်မှုပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အင်တာနက်မှာ ခေတ်စားနေတဲ့အိမ်အိုကြီးဆီ ခရီးထွက်လာတဲ့သူငယ်ချင်းတစ်စုကိုမြင်ရမှာဖြစ်ပါတယ်။ အစက ဓါတ်ပုံရိုက်ဖို့အတွက်သာဆိုပေမဲ့ အိမ်ထဲ၀င်စပ်စုကြရင်း ‌ညမှောင်သွားတဲ့အခါ ဘယ်လိုအကြောက်တရားတွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သာမန်horrorဇာတ်ကားတွေလို ခေါက်ရိုးကျိုးဇာတ်လမ်းဖြစ်ပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ကြောက်စိတ်နဲ့နှိုင်းယှဉ်ရင်း အတွေးများစေတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.52 GB)/(790 GB)/(390 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Horror
4.3 2023 107 mins
House of Inequity
Mary Poppins Returns
6.5

တစ်ခေတ်တစ်ချိန်က အောင်မြင်ခဲ့ပြီး ဆုပေါင်းများစွာအရယူထားနိုင်ခဲ့တဲ့ Marry Poppins (1964) ရဲ့ Sequal အဖြစ် အခု ၂၀၁၈ မှာMary Poppins' Return ဆိုပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ Mary Poppins ဆိုတာ မှော်ဆရာမလေးတစ်ဦး၊ သူဘယ်ကလာလဲ၊ ဘယ်အချိန်ပေါ်လာမလဲ၊ ဘာကြောင့်မှော်အစွမ်းတွေရထားတာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။ Mary Poppins' Return အကြောင်းမပြောခင် Mary Poppins (1964) အကြောင်းလေးကနေစပြောမှ ဇာတ်ရေနည်းနည်းလည်ပါလိမ့်မယ်။ Jane Banks နဲ့ Michael Banks တို့ငယ်ငယ်တုန်းက Mary Poppins က ကလေးထိန်းအဖြစ်နဲ့ စောင့်ရှောက်ပေးခဲ့ပါတယ်။ အဲ့ဒီမောင်နှမနှစ်ယောက် အဖေဖြစ်သူနဲ့အဆင်ပြေပြေဖြစ်သွား၊ မိသားစုကိစ္စတွေလဲပြေပြေလည်လည်ဖြစ်သွားခဲ့တဲ့အချိန်မှာ Mary Poppins ကသူ့ရဲ့မူလနေရာလို့ဆိုရမယ့် လန်ဒန်မိုးကောင်းကင်ပေါ်ကို ပြန်သွားခဲ့ပါတယ်။ အဲ့အချိန်ကစပြီး Jane နဲ့ Michael တို့နှစ်ယောက် Mary Poppins ကိုပြန်မတွေ့တော့ပါဘူး။ Mary Poppins နဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ အထူးအဆန်းတွေ၊ စွန့်စားခန်းတွေက အိပ်မက်လိုလို စိတ်ကူးယဉ်မှုလိုလိုနဲ့ပဲ ထင်ယောင်ထင်မှားဖြစ်ကျန်ခဲ့ပါတယ်။ အခုဒီ Mary Poppins' Return မှာတော့ ဇာတ်ကားနာမည်အတိုင်းပဲ Mary Poppins ကောင်းကင်ပေါ်က ပြန်ဆင်းလာပါပြီ။ Jane နဲ့ Michael လဲ လူကြီးအရွယ်ရောက်၊ Michael ဆို ကလေးသုံးယောက်တောင်ရနေပါပြီ။ Michael က မိန်းမလဲဆုံးပါးသွားသလိုစီးပွားရေးအကြပ်အတည်းဖြစ်နေတာကြောင့် သူအလုပ်လုပ်တဲ့ဘဏ်မှာပဲ သူ့အိမ်ကို ပေါင်ထားခဲ့ပါတယ်။ ဒါပေမယ့် အတိုးတွေမဆပ်နိုင်ဖြစ်လာတဲ့အခါအိမ်ကို ဘဏ်ကနေ သိမ်းယူတော့မယ့်အခြေအနေမျိုးဖြစ်လာပါတယ်။ အဲ့အချိန်မှာပဲ Mary Poppins ကောင်းကင်ပေါ်ကဆင်းလာပြီးMichael ရဲ့ကလေးသုံးယောက်ကို စောင့်ရှောက်ပေးမယ့် ကလေးထိန်းအဖြစ် ပြန်လာခဲ့ပါတယ်။ ဟိုးအရင်တုန်းကအတိုင်း Banks မိသားစုရဲ့အခက်အခဲတွေကို Mary Poppins တစ်ယောက် ကူညီဖြေရှင်းပေးဖို့အတွက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက Musical, Comedy, Family, Fantasy အမျိုးအစားဇာတ်ကားဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မိသားစုနဲ့အတူကြည့်လို့ကောင်းမယ့်ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 10min Format : Mp4 Genre : Comedy, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Hein Min Tun Encoded by Thanhtike Zaw

Drama
6.5 2018 131 mins
Mary Poppins Returns
Comrades, Almost a Love Story
8.1

Comrades, Almost A Love Story (1996) ~ IMDb – 8.1/10, Rotten Tomatoes – 89% ~ Directed By Bunny Chan အချစ်ဇာတ်လမ်းတွေဟာ သိပ်ခမ်းနားပါတယ်။ အထူးသဖြင့် ဘာမှခမ်းနားမနေတဲ့ အချစ်ဇာတ်လမ်းတွပေါ့။ Comrades ဟာ ဘာမှ မထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အလှပဆုံးသီချင်းတွေ၊ အလှပဆုံးစီနီမာတိုဂရပ်ဖီတွေ သုံးပြီး အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ၉၀ပြည့်နှစ် အလယ်ပိုင်းတွေမှာ ပြည်မကလူတွေဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ဟောင်ကောင်ကို အိပ်မက်တွေအလီလီနဲ့ ပြောင်းလာခဲ့ကြတယ်။ အဲဒီပြောင်းလာခဲ့တဲ့ထဲ နှစ်ယောက်က လီယွန်လိုင်နဲ့ မက်ဂီချောင်တို့ရဲ့ ဇာတ်ကောင်၂ကောင်လည်းပါတယ်။ လီယွန်လိုင်ရဲ့ ဇာတ်ကောင်ကတော့ သူ့ရည်းစားကို ဟောင်ကောင်ခေါ်ပြီး လက်ထပ်ဖို့ လုံလောက်အောင် ငွေရှာချင်ရုံပါပဲ။ မက်ဂီချောင်ရဲ့ ဇာတ်ကောင်ကတော့ အိပ်မက်တွေ ဟိုးအမြင့်ကြီးနဲ့။ သူတို့ဇာတ်ကောင်၂ကောင်ဟာ အဲဒီခေတ်က ပြည်မကနေ ဟောင်ကောင်ကို ပြောင်းလာခဲ့တဲ့ သူတွေရဲ့ အခြေအနေကို ကောင်းကောင်းကြီး ပုံဖော်ထားခဲ့သလို ပြည်မကလူတွေ တောသားမြို့တက်အထင်ခံရမှာစိုးတဲ့ သဘာ၀ကိုလည်း ပုံဖော်ထားခဲ့တယ်။ အဲဒီလိုပုံဖော်ထားတဲ့အထဲ ရယ်ရခက်ငိုရခက် တစ်ချက်ကိုပြောရရင် ပြည်မကလူတွေဟာ Teresa Tang ဆိုတဲ့ အဆိုတော်ကို တော်တော်သဘောကျကြတယ်။ မက်ဂီချောင်ဟာ ပြည်မမှာ Teresa Tang အခွေတွေ ရောင်းတုန်းက အရမ်းရောင်းကောင်းခဲ့တော့ ဟောင်ကောင်ပွဲဈေးမှာရောင်းဖို့ ရှိသမျှပိုက်ဆံတွေကို Teresa အခွေတွေ၀ယ်ပြီး ရင်းခဲ့တယ်။ ကံဆိုးချင်တော့ ဟောင်ကောင်မှာ Teresa သီချင်းနားထောင်ရင် ပြည်မသားဆိုတာ လိုက်ပြောလိုက်သလိုဖြစ်နေတော့ ကြိုက်ကြပေမဲ့ ဘယ်သူ့မှ မ၀ယ်ကြပါဘူး။ ဒီလိုနဲ့ မက်ဂီချောင် အရင်းပြုတ်သွားတယ်။ ဒီလိုဆိုလို့ Teresa ကို ခပ်ညံ့ညံ့အဆို‌တော် မထင်လိုက်ပါနဲ့။ Teresa ဟာ တရုတ်ပြည်ရဲ့ ဂန္တ၀င်အဆိုတော်လို့ ပြောလို့ရပြီး တရုတ်တွေရှိတဲ့ နေရာတိုင်းမှာ Teresa သီချင်းသံကြားရတယ်ဆိုပါတယ်။ ဒီရုပ်ရှင်မှာ Teresa သီချင်းတွေ နေရာမလပ် လွှမ်းခြုံထားသလို ဒီရုပ်ရှင်မှာ Teresa ဟာ အရေးကြီးတဲ့ ဓာတ်ကူပစ္စည်းလည်း ဟုတ်ပါတယ်။ Comrades ရုပ်ရှင်ရဲ့ တရုတ်နာမည်က Tian Mi Mi ဆိုတဲ့ Teresa သီချင်းနာမည်ကို ယူထားတာဖြစ်သလို ဒီရုပ်ရှင်အနှံ့မှာ Tian Mi Mi သီချင်းကို ကြားရမှာပါ။ တော်တော်ကောင်းတဲ့ သီချင်းပါပဲ၊ YouTubeမှာ အလွယ်တွေ့နိုင်ပါတယ်။ တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးစာရင်း၀င်တဲ့ လီယွန်လိုင်ဟာ ဝေါင်ကာဝေးရဲ့ Fallen Angels မှာ ခပ်မိုက်မိုက် ကြေးစားလူသတ်သမား ဇာတ်ကောင်နေရာနဲ့ ပီပြင်ခဲ့သလို ဒီထဲလည်း ပြည်မကနေ ဟောင်ကောင်တက်လာတဲ့ အူတူတူ အတတ ဇာတ်ကောင်နဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းပါပဲ။ ဒီရုပ်ရှင်ထဲက သူ့ဇာတ်ကောင်ဟာ သူ့ဘ၀ကို ထင်ဟပ်နေတယ်လို့လည်းဆိုပါတယ်။ သူ့ရုပ်ရှင်ဆိုလို့ နှစ်ကားတည်း ကြည့်ဖူးပေမဲ့ လီယွန်လိုင်ဟာ ဒီတစ်ကားနဲ့တင် တော်တော်သရုပ်ဆောင် ကောင်းတဲ့သူဆိုတာ မြင်သာပါတယ်။ ကျွန်တော်တို့ရဲ့ မက်ဂီကတော့ ဒီထဲပိန်ချုံးကျနေပြီး အရင်လောက် မလှဘူးထင်ရပေမဲ့ တစ်နေ့လေးနာရီလောက်ပဲ အိပ်ပြီး အလုပ်ကြိုးစားနေတဲ့ ကောင်မလေးဇာတ်ရုပ်မှာ ဒီပုံစံက အံ၀င်ခွင်ကျပါပဲ။ ဒီလိုကမောက်ကမခေတ်ကြီးမှာ ဒီရုပ်ရှင်နဲ့ ရင်ဘတ်ချင်းနီးတဲ့သူတွေ များလောက်မှာပါပဲ။ အိပ်မက်တွေရှိတယ်။ ကြိုးစားကြည့်ကြတယ်။ လဲကျကြတယ်။ အချစ်တွေရှိတယ်။ ဘ၀တွေက အဆင်ပြေမနေခဲ့ဘူး။ အချိန်မှား နေရာမှား ရောက်လာရသလို လမ်းလွဲခဲ့ကြတယ်။ Comrades ဟာ ဒီအကြောင်းတွေကို ရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်းဖြစ်လုနီးနီး ဘ၀နှစ်ခုအကြောင်းဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ကျွန်တော့်အနေနဲ့တော့ ထိုင်၀မ်နဲ့ ပြည်မက မာစတာပိစ်တွေထဲ သူတို့ခေတ် သူတို့အခြေအနေကို ထင်ဟပ်တဲ့ ရုပ်ရှင်ကောင်းတွေ တွေ့ရပေမဲ့ ဟောင်ကောင်မှာ ဒီလိုမျိုးရုပ်ရှင်တွေကို မကြည့်ဖူးခဲ့ပါဘူး။ ဥပမာဆို – A Brighter Summer Day မှာ ပြည်မကနေ ထိုင်၀မ်ခွဲထွက်ပြီး နောက်ပိုင်း အခြေအနေတွေကို ပြထားတဲ့ ပုံစံမျိုးပေါ့။ Comrades ကတော့ အချစ်ဇာတ်လမ်းလည်းဖြစ်သလို အဲဒီလိုဇာတ်လမ်းတွေရဲ့ အရသာကိုလည်း ပေးနိုင်ခဲ့တဲ့ ဟောင်ကောင်ရဲ့ အရာရာလှပနေတဲ့ မာစတာပိစ်တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုရေးတဲ့ Ivy Ho ဟာ ဇာတ်ညွှန်းဆုများစွာရခဲ့သလို ရုပ်ရှင်ကလည်း တခြားဆုများစွာလည်း ရထားတယ်။ ထူးတာကတော့ ဒီရုပ်ရှင်မှာ ဝေါင်ကာဝေးရဲ့ ပင်တိုင် စီနီမာတိုဂရပ်ဖာ ခရစ္စတိုဖာဒွိုင်းက အင်္ဂလိပ်စာသင်တဲ့ဆရာ အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။။ လူပြောတော်တော်များပေမဲ့ ဒီလောက်ကောင်းတဲ့ ရုပ်ရှင်ကို အရင်က မကြည့်ဖြစ်ခဲ့ပါဘူး။ သို့ပေမဲ့ နောင်တတော့မရပါဘူး။ ဒီလိုအခြေအနေတွေမှာ ကြည့်မှ ပိုနီးစပ်သွားမယ့်ရုပ်ရှင်လို့ ယူဆလို့ပါပဲ။ ဗိန်းဗောင်းဆင့်ရောက်လာတဲ့ ကမောက်ကမခေတ်မှာ အခြေအနေအချိန်အခါတွေ မလွယ်တဲ့ဘ၀တွေကြောင့်နဲ့ လမ်းလွဲခဲ့ရတဲ့ ချစ်ခြင်းတွေ နည်းမှာမဟုတ်ပါဘူး။ Comrades ဟာ အဲဒီအချစ်တွေကို ထင်ဟပ်မိလောက်မယ့် ရုပ်ရှင်ပါ။ ပုဂ္ဂလိက အမြင်အရတော့ အကြိုက်ဆုံးရုပ်ရှင် ဆယ်ဂဏန်းထဲ စာရင်းသစ်၀င်သွားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.2GB, 1.23GB Quality – Blu-ray 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 58Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
8.1 1996 118 mins
Comrades, Almost a Love Story
Good Morning President
5.9

Good Morning President ထီဆုကြီးပေါက်ပေမယ့် သမ္မတဖြစ်နေတာကြောင့် ဆုငွေကို ယူဖို့ အခက်တွေ့ခဲ့ရတဲ့ သမ္မတ ဂင်ဂျောင်ဟို… ကျောက်ကပ်လှူပေးဖို့ လူအများ​ရှေ့အကူအညီ တောင်းခံခဲ့ရလို့ အကျပ်ရိုက်ခဲ့ရတဲ့ သမ္မတ ချာဂျီဝုနဲ့… အိမ်ထောင်ရေး ကွာရှင်းဖို့ ပြဿနာရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဟန်ဂယောင်ဂျာ… သူတို့ ၃ဦးရဲ့ မတူညီတဲ့ ခေါင်းဆောင်စိတ်ထား ခံယူချက်တွေနဲ့ ပြည်သူတွေအတွက် အရာရာစွန့်လွှတ်ပြီး ပြည်သူတွေ ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင်ရတဲ့ သမ္မတတစ်​ယောက်ရဲ့ ပျော်ရွှင်မှူဆိုတာကလည်း အရေးကြီးကြောင်းကို… တောင်ကိုရီးယား သမ္မတ (၃)ဆက်နဲ့အတူ နိုင်ငံရေးအရှုပ်တွေကြား သမ္မတစ်ယောက်ရဲ့ personal lifeကို ဟာသလေးတွေ နှောပြီး ရိုက်ကူးထားတဲ့ Political Comedy Movieဖြစ်လို့ ကြည့်ရှုလိုက်ကြရအောင်ပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) File Size__(1GB) Quality__720p IMDb Rating__5.6/10 Format__mp4 Duration__02:10:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt

Crime • Horror • Mystery • Thriller
5.9 2009 131 mins
Good Morning President
Embarrassment Of Will
6

မိန်းမ စွန့်ပစ်တာကို ခံရပြီး ဘာမှလက်ကြောတင်းအောင် မလုပ်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ – ကောဖုန်း မိန်းမနဲ့ကွာရှင်းပြီးတဲ့နောက် စိတ်ပြေလက်ပျောက် အရက်ဘားမှာထိုင်နေရင်း မိန်းကလေး မော့လီနဲ့ တွေ့ဆုံခဲ့တဲ့အခါ..? အစတုန်းကတော့ ဒီတွေ့ဆုံမှုကို တိုက်ဆိုင်မှုတစ်ခုအဖြစ်ထင်ခဲ့ပေမဲ့လို့ ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သတ်နေခဲ့ပါတော့တယ်။ အလုပ်မှာ လုပ်ရည်ကိုင်ရည် ရှိလှတဲ့ မော့လီတစ်ယောက် နေမကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ ဆေးဖိုးရရှိဖို့ ကြိုးစားနေရရှာပါတယ်။ အဲဒီတစ်ချိန်ထဲမှာပဲ သူမဟာ အရေးကြီးလှတဲ့ တာဝန်တစ်ခုကို လက်ခံရှိခဲ့ပါတယ်။ အဲဒီတာဝန်ကတော့ ကောဖုန်းကို ပြန်ပေးဆွဲပြီး သူပိုင်ဆိုင်တဲ့ ကျောက်စိမ်းပြားလေးလို့ ခိုးယူဖို့ပါ။ သမီးဖြစ်သူဆေးဖိုးရရှိရေးအတွက်ပဲ ရှေ့တန်းတင်ထားတဲ့ မော့လီတစ်ယောက် ကောဖုန်းကို စွန့်စားရှာဖွေဖို့ ကြိုးစားလာခဲ့ရင်း…..? ❏ ဒီကိစ္စနောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိကြောင်းသိလိုက်ရတဲ့အခါ? ❏ ကောဖုန်းနဲ့ မော့လီတို့ ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ? ❏ နောက်ကွယ်က ကြိုးကိုင်ခိုင်းစေနေသူကတော့ဘယ်သူဖြစ်နေမှာလဲ? ❏ နောက်ကွယ်က အမှန်တရားကိုရော သူတို့ ရှာဖွေနိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့အပြင် အလွဲလေးတွေ အခွီလေးတွေပါ ပါတာမို့ တကယ်ကို ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်

Crime • Drama • History • Thriller
6 2022
Embarrassment Of Will
Keep You Safe
6

ပိုင်ဆိုင်မှုအားလုံးကို မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့တဲ့အတွက် နာမည်ကြီးသွားတဲ့ “အလှူရှင်အစ်မ” ကြီးဟာ တစ်ညအတွင်းမှာပဲ ကလပ်မှ “ကောင်မလေး” အဖြစ် သတင်းထွက်လာသောအခါ…… အခုတစ်ခေါက် CM ပရိသတ်တွေအတွက် Keep you safe ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – သူငယ်ချင်းအတွက်နဲ့ ရန်ဖြစ်ပြီး ထောင်ကျခဲ့တဲ့ ဝေ့ဖျင်အန်းဟာ ထောင်ထွက်ပြီးနောက် သင်္ချိုင်းမြေရောင်းသူအဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။ လူလတ်အရွယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေတဲ့ ဝေ့ဖျင်အန်းဟာ သူ့ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဖောက်သည်ဖြစ်သူ ဟန်လုရဲ့ ကောလာဟလ သတင်းကို ကြားသိခဲ့ရပါတယ်။ ထို ကောလာဟလသတင်းကို ဖြေရှင်းနိုင်ရန်အတွက်၊ ကတိတစ်ခုအတွက် ဝေ့ဖျင်အန်းဟာ ကောလာဟလတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာပါတော့တယ်။ လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ပြည့်နက်နေခဲ့တယ်။ သူ့ညီမဖြစ်သူ ဝေ့ရူရိကလဲ ကောလာဟလဖြန့်တဲ့ထဲ ပါနေပြီး ချမ်းသာကြွယ်ဝလှတဲ့ ဒါရိုက်တာဖုန်ရဲ့ လိုက်လံ နှောင့်ယှက်ခြင်းကိုလဲ ခံခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ သူဟာ “ကိုယ်မှန်တယ်ထင်တဲ့အရာကိုလုပ်ခြင်း” က ပိုပြီးတော့ စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ ဝေ့ဖျင်အန်းတစ်ယောက် ကောလာဟလတွေကို ဖြေရှင်းနိုင်ပါ့မလား…… ဟန်လုရဲ့ သင်္ချိုင်းနေရာကိုရော ထိန်းသိမ်းထားပေးနိုင်မလာ…… ဆိုတာကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

6 2023
Keep You Safe
The Great Escaper
7.2

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာ မင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့ မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီး ကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအနှစ်ချုပ် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့ အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေ ခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာ နေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာ တခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းက စိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါ သေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေး ချွတ်ယွင်းလာတာကို မသိသေးတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ သူလုပ်စရာရှိတာကိုသာ သဲကြီးမဲကြီးအာရုံစိုက်နေရာက ဘဝတူစစ်ပြန်ကြီး Arthur ရဲ့အကူအညီကြောင့် မမျှော်လင့်ထားတဲ့နေရာကို ရောက်ခဲ့ပါတော့တယ်။ ခရီးသွားဟန်လွဲဆုံရတဲ့ Arthur ရဲ့ နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိမလဲ၊ Bernard သူရည်မှန်းထားတာတွေ အားလုံးလုပ်နိုင်ပါ့မလား။ သူတွေ့ချင်တဲ့အရာတွေနဲ့တွေ့နိုင်ပါ့မလား၊ ကျန်ရစ်ခဲ့တဲ့ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ရောက်တဲ့အထိ အသက်ရှည်ပါ့မလားဆိုတာ IMDB 7.2, Rotten Tomato 79% ရထားတဲ့ The Great Escaper ရုပ်ရှင်ဇာတ်ကားနဲ့ အတူစီးမျောရင်းခံစားသက်ဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…1.28GB / 499MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by miyamoto

7.2 2023
The Great Escaper
[18+] Nude Model

ကြော်ငြာတွေကို ဖန်တီးရတဲ့ ဒါရိုက်တာဂန်အင်နာက ကြော်ငြာတွေကို ဖန်တီးလိုက် သူ့ချစ်သူ ပရိုဂျူဆာလေးနဲ့ ချစ်ကြည်နူးလိုက်နဲ့ ဘဝလေးက သာယာနေတာပေါ့ ဒါပေမဲ့ တစ်နေ့မှာ သူ့အခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီးတော့ သူ့ချစ်သူကောင်မလေးက ဘဝင်မကျကြောင်း ဖြုတ်ပစ်စေချင်ကြောင်း ပြောလာတယ် အဲဒီပန်းချီကားလေးက သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားဖြစ်ပြီးတော့ ကိုယ်လုံးတီးဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံဖြစ်တယ် အဲဒါက ဒါရိုက်တာဖြစ်ဖို မရွေးချယ်ခင်မှာ ပန်းချီဆရာဖြစ်ဖို စိတ်ကူးအိပ်မက်နဲ့ နောက်ဆုံး ရေးခြယ်ခဲ့တဲ့ ပန်းချီကားဖြစ်တာကြောင့် သူ့ချစ်သူ ဘဝင်မကျကြောင်းပြောတဲ့အခါမှာ အဲဒီပန်းချီကားရေးဆွဲခဲ့ပုံ အမှတ်တရတွကို ပြန်လည် အောက်မေ့လာခဲ့မိတယ် အဲဒီနောက်မှာ ပန်းချီကားထဲက မော်ဒယ်လေးနဲ့ ‌ပြန်ဆုံခဲ့တဲ့အခါမှာတော့ … ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါနော် ချစ်ကြည်နူးပုံတွေ ကွက်ကွက်ကွင်းကွင်းပါတာမို မိသားစုနဲ့ ကြည့်ရှုဖို မသင့်တော်ပါဘူးနော် File Size : 1.44GB / 511MB Quality : WEB-DL 1080P / 720p Format…mp4 Duration…01:02:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2016
[18+] Nude Model
The Empty Chair: Final Exam

The Empty Chair : Final Exam (2024) စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။ Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။ စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊ စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။ အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။ အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။ အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့ စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။ စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင် ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် စစ်မေးခန်းထဲထည့်ပြီး သီးသန့်စာမေးပွဲ ဖြေရတဲ့ဘဝ ရောက်သွားပါတော့တယ်။ စာစစ်ခန်းမှာ စာမေးပွဲဖြေဆိုပြီးချိန်မှာတော့ ကျောင်းသားတစ်ယောက် ရုတ်တရက်လဲကျရာကနေ ပူတယ် ပူတယ်ဆိုတဲ့ညည်းတွားသံနဲ့အတူ ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် သရဲပူးခံရပြီးတော့ လူသတ်ပွဲကြီးစတင်လာတဲ့အခါ… ခေါ်ထားတဲ့အပနှင်ဆရာအာယုကလည်းမရောက်လာသေး၊ ကြောက်လန့်နေတဲ့ကျောင်းသားတွေကလည်း ကျောင်းပြင်ကိုထွက်ပြေးဖို့ကြိုးစားနေရင်း သရဲကဝင်ပူးပြီး သတ်ကြဖြတ်ကြနဲ့ အုတ်အော်သောင်းနင်းဖြစ်နေပေမဲ့ ခိုးချထားတဲ့ဆရာသမား ၄ ယောက်ကတော့ တခြားနေရာမှာခွဲဖြေနေတာဖြစ်လို့ ဒါတွေကို မသိနေပါဘူး။ ဒါပေမဲ့ ဆရာမကြီးအမန်ဒါကလည်း ဆရာအာယုမလာမချင်း ကျောင်းသားတွေကိုထွက်ခွင့်မပေးတော့ သရဲပူးတဲ့လူတွေ လူသေအလောင်းတွေ တစ်စတစ်စများလာတဲ့ကြားက အာရီရယ် ပါရှာ အင်ကာနဲ့ နာလာတို့နဲ့ ကျန်နေတဲ့ကျောင်းသားတွေ ဘယ်လိုအလွတ်ရုန်းကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 781MB | 437MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

0 2024
The Empty Chair: Final Exam
Tideland

IMDb 6.3/10 ရရှိထားတဲ့ Fantasy/Horror ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ သူမတူတဲ့ ဇာတ်လမ်းတင်ဆက်ပုံနဲ့ နောက်တစ်ခန်း ဘာဆက်ဖြစ်မလဲဆိုတာ မှန်းမရတဲ့ ဇာတ်လမ်းအသွားအလာကြောင့် ရောထွေးတဲ့ မှတ်ချက်များစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဂျီလက်ဇ်ရို့စ်ဆိုတဲ့ ကလေးမလေးက ဆေးစွဲနေတဲ့မိဘနှစ်ပါးအတွက် ထိုးဆေးပြင်ပေးရသူပါ။ သူ့အဖေက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပြီး ရို့စ်ကို သူ့စိတ်ကူးတွေထဲက အကြောင်းတွေကို မကြာခဏ ပုံဖော်ပြောပြလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့အမေက ရုတ်တရက်ဆန်စွာ ဆေးလွန်ပြီး သေဆုံးသွားခဲ့တာမို့ သူ့အဖေက သူ့လက်ကိုဆွဲပြီး သူ့အဘွားရှိရာဆီ ထွက်လာခဲ့ရပါတော့တယ်။ သူတို့သားအဖ သူ့အဘွားဆီရောက်သွားပေမယ့် သူ့အဘွားက မရှိတော့ဘဲ ပျက်စီးနေတဲ့ အိမ်အိုကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး နောက်တစ်ရက်မှာပဲ သူ့အဖေကလည်း ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်တာမို့ ရို့စ်လေးခမျာ လောကအလယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရရှာပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးဖြစ်တာမို့ အဖေသေဆုံးသွားတာကို မသိဘဲ အိပ်နေတယ်လို့ပဲ ထင်ကာ သူ့ရဲ့ ခေါင်းပြတ်အရုပ် အဖော်တွေနဲ့ စကားတွေပြောရင်း အချိန်ကုန်ဆုံးခဲ့ရရှာတဲ့ ရို့စ်လေးရဲ့ဘဝထဲ မထင်မှတ်ထားတဲ့ လူသားမဆန်တဲ့ လူသားနှစ်ဦး ရောက်ရှိလာခဲ့ချိန်မှာတော့.. အလောင်းကောင်အဖေနဲ့ ရို့စ်လေးရဲ့ဘဝထဲ ရောက်လာတဲ့သူတွေက ဘယ်သူတွေလဲ.. တကယ်ပဲ လူသားတွေလား.. ဒါမှမဟုတ် တခြားတည်ရှိမှုတွေလား.. ရို့စ်လေးအတွက်ရော ကောင်းခြင်း ဆိုးခြင်း ဘယ်လိုအရာတွေကို ဆောင်ကြဉ်းလာပေးမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Fantasy, Drama, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2005
Tideland
[18+] Butas
5

နိုဝယ်နဲ့ကေလာတို့ဟာ အဆောင်တစ်ခုတည်းမှာနေထိုင်ကြတဲ့ ချစ်သူတွေဖြစ်ပြီး အဆောင်ပိုင်ရှင်ကေလာအဒေါ်မသိအောင် တိတ်တိတ်လေးကြိတ်ပုန်းခုတ်နေရပါတယ်။ ကေလာကတော့ အဒေါ်ဖြစ်သူရဲ့ ကျေးဇူးမကင်းတာအပြင်ရှေးရိုးစွဲအယူအဆမျိုးရှိတာကြောင့် လိင်ကိစ္စနဲ့ပတ်သက်ရင် နိုဝယ်ကိုလိုက်လျောပေမယ့် သစ်တုံးကြီးလိုပဲ နေတာကြောင့်အကွက်ဆန်းတွေနဲ့ကြမ်းချင်တဲ့ နိုဝယ်မှာ မချင့်မရဲဖြစ်နေရပါတယ်။ တစ်နေ့တော့ သူတို့အဆောင်ကို မေယက်ဆိုတဲ့ အပြင်အဆင်ခေတ်ရှေ့ပြေးသလို ဆက်ဆံရေးပွင့်လင်းရဲတင်းတဲ့ အဆောင်သူအသစ်တစ်ယောက် ရောက်လာချိန်မှာတော့ သူတို့ဘ၀တွေမှာအပြောင်းအလဲတစ်ချို့နဲ့ကြုံဆုံရဖို့ဖြစ်လာပါတော့တယ်။ ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ alias ပါ ) File size_(1.8GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Adult, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama
5 2024 112 mins
[18+] Butas
Lonely Planet
6

ဒီတစ်ခါမှာတော့ မော်ရိုကို နိုင်ငံကို နောက်ခံထားထားတဲ့ မနဲ့မောင် ဇာတ်လမ်းချိုချိုလေး တစ်ပုဒ်ကို ဘာသာပြန် တင်ဆက်ပေးလိုက် ရပါတယ် ။ လောလောလတ်လတ်ကမှ ခင်ပွန်းဖြစ်သူနဲ့ ပြတ်စဲထားတဲ့ ကတ်သရင်းဟာ သူရေးနေတဲ့ စာအုပ်ကို အပြီးသတ်ဖို့အတွက် မော်ရိုကိုက စာရေးဆရာများ တွေ့ဆုံပွဲကို လာခဲ့ပါတယ် ။ ပထမဆုံး စာအုပ်မှာတင် နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ လူငယ်စာရေးဆရာမ လီလီကလည်း ချစ်သူဖြစ်တဲ့ အိုဝမ်ကိုပါ ဆွဲခေါ်ပြီး မော်ရိုကို ကို ရောက်လာခဲ့ပါတယ် ။ အေးအေးဆေးဆေး စာရေးချင်တဲ့ ကတ်သရင်း နဲ့ စာရေးဆရာတွေ ကြားထဲမှာ မနေတတ်မထိုင်တတ် အံဝင်ခွင်ကျမဖြစ်တဲ့ အိုဝမ် ။ လူတွေနဲ့ ဝေးရာကို ရှောင်ထွက်ရင်းကနေ သူတို့နှစ်ယောက်က ပိုရင်းနှီးလာတဲ့အခါ ။ လီလီနဲ့ အိုဝမ်ကြားထဲမှာ ဘယ်လို အဖုအထစ်တွေ ဖြစ်လာမလဲ ။ ကတ်သရင်းနဲ့ရော ဘယ်လို ဆက်ဖြစ်ကြမှာလဲ ။ မ နဲ့ မောင် ဇာတ်လမ်းလေးကို မော်ရိုကို နောက်ခံထားပြီး လှလှပပ ရှုစားရမှာဖြစ်တဲ့အတွက် နေသာတဲ့နေ့မျိုးမှာ အပျင်းပြေကြည့်ဖို့ ကွက်တိကျတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အကြံပေးလိုက်ရပါတယ် ။ File size…1.37GB / 736MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Animation • Family • Adventure • Drama • Comedy
6 2024
Lonely Planet
The Safari Duk dum dui

Duk dum dui (Aka) The Safari ဒီကားက ပေါက်ကရတွေချည်းရိုက်ထားတဲ့ ထိုင်းဟာသဇာတ်ကားပါ။ ထိုင်းကားဆိုပေမယ့် အာဖရိက ဆာဖာရီတောထဲ ရောက်သွားတဲ့ပုံနဲ့ ရိုက်ကူးထားတာမလို့ အာဖရိကလူမျိုးတွေရော တောတွင်းလူသားစ-ားလူရိုင်းတွေရော သရဲတွေရော ဘီလူးတွေရော လူပုလေးတွေရော မင်းသမီးလေးတွေရော ဘုန်းကြီးတွေရောနဲ့ တကယ့်ဗြုတ်ဇဗျင်းတောင်းဇာတ်ကားပါ။ ပိုက်ဆံရမယ်ဆိုလို့ အထူးအဆန်းလူသေမှုတွေဖြစ်နေတဲ့ ရွာကိုသွားစုံစမ်းကြမယ့် ဇာတ်လိုက်ကျော် ၄ ယောက်ဟာ ဇာတ်ကားစတာနဲ့ ကားပျက်သွားလို့ လမ်းဆင်းလျှောက်ကြရင်း ဘာမှန်းမသိတဲ့တောထဲရောက်သွားကြပြီး အထူးအဆန်းပေါင်းစုံနဲ့ တလွဲပေါင်းစုံကို ကြုံတွေ့ရပါတော့တယ်… တချိန်လုံးမရပ်မနား တလွဲတွေနဲ့ နင်းကန်ကြမ်းကြလို့ အခွီသက်သက်ကြိုက်တဲ့လူတွေတော့ကြိုက်ကြမှာပါ။ ဒီကားက ကြည်တောက်ရှင်း Quality တအားရှားတာမလို့ အတော်ကြည်တဲ့ Version ကို မနည်းရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။

Thriller
0 2003 102 mins
The Safari Duk dum dui
Phantom Youth / Bota Jone