YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Running.Man.E587.220109.720p-CM.mp4

642.64 MB N/A video/mp4 1238 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Baantjer: The Beginning
6.2

IMDb Rating - 6.8/10 ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီး ဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ် အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ် ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်း ရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့ စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည် စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက် ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေ လူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေ အလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန် စတွေကိုသိသွားခဲ့ရပါတယ်။ ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူ တွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြ မလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သ လဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.87 GB) / (680 MB) / (364 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 53Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator.......Fiona Gillen Encoder..........SWM

Drama • Thriller
6.2 2019 111 mins
Baantjer: The Beginning
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Dongeng Mistis
6.3

ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။ အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။ အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။ အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 628MB | 324MB 178MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Comedy • Drama
6.3 2018 88 mins
Dongeng Mistis
Tiny Cinema
5.4

ဒီရုပ်ရှင်ဟာ ခရမ်းချဉ်သီး ၈၆လုံးအထိ ရထားတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာတော့ သိပ်ပူစရာမလိုပါဘူး။ ကောင်းတာထက်ကို ခပ်ကြောင်ကြောင် ခပ်ဆန်းဆန်းတွေလို့ပြောရင် ပိုမှန်မလားပဲ။ သူက မြို့တစ်မြို့က ဖြစ်ရပ်တွေကို လူတစ်ယောက်က ဇာတ်ကြောင်းပြောပြတဲ့ ပုံစံနဲ့ရိုက်ထားပြီး ဇာတ်လမ်းတိုလေးတွေ တစ်ခုပြီးတစ်ခုပြောပြနေလိမ့်မယ်။ သူ့ဇာတ်လမ်းတွေကလည်း တော်တော်ကြောင်တဲ့ တော်တော်ဆန်းတဲ့ ဇာတ်တွေ။ တစ်ဇာတ်ဆို ခိုးတာတို့ ဓားပြတိုက်တာတို့နဲ့မှ ဟိုဟာ မာတဲ့ဘော်ဒါတစ်ပွေအတွက် သူ မာနိုင်အောင် ဓားပြသွားတိုက်ကြတဲ့ ဇာတ်မျိုး။ တကယ့်ကို အူကြောင်ကြောင်ပဲ။ တစ်ဇာတ်ကျ အတိတ်ကလူနဲ့ အနာဂတ်ကလူ တွေ့ကြတယ်။ အတိတ်ကလူကို အနာဂတ်ကလူက ငါက အနာဂတ်က မင်းပဲလို့ပြောပြီး မင်းနဲ့ငါ ဘာညာမလုပ်ရင် ကမ္ဘာကြီးပျက်တော့မှာပြောပြီး ညာပြီး ချခိုင်းတယ်။ တစ်ဇာတ်ကျ ဒီပျက်ရှင်ကောင်မလေးတစ်ယောက်ရှိတယ်။ သေချင်လို့ တံတားနားသွားရပ်ရင်း မြစ်ထဲက အလောင်းတစ်လောင်းတွေ့လာတယ်ပေါ့။ ဘယ်ရည်းစားနဲ့မှ အဆင်မပြေနေတော့ အဲဒီအလောင်းကို ရည်းစားလိုတွဲပြီး နေရာတကာခေါ်သွားတယ်။ အဲဒီမှာ သူငယ်ချင်းတွေ ဖောင်းထုခံရတော့တာပါပဲ။ အဲလိုဖောင်းထုခံရလို့ ဒီပျက်ရှင်ထပ်၀င်ရာက ကံကောင်းပြီး အလောင်းကို အသက်သွင်းနည်းတွေ့သွားတယ်။ အလောင်းကြီးက လူဖြစ်လာပြီး သူတို့အတူနေကြသတဲ့။ ဒီလိုဇာတ်လေးတွေပေါ့။ မပြောရသေးတဲ့ဇာတ်တွေလည်း အများကြီးကျန်ပါသေးတယ်။ အကုန်လုံးက ဂလယ်အူကြောင်နဲ့ တော်တော်ဆန်းတဲ့ ဇာတ်တွေချည်းပါပဲ။ ဒီလိုမကြုံစဖူး ထူးခြားဆန်းပြားကားကြီးကို ရှားရှားပါးပါးကြုံရတာမို့ ကြည့်ကြသင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 743MB Quality - 1080p, 720p Format - mp4 Duration - 1H 24Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama • War
5.4 2022 84 mins
Tiny Cinema
The Legend of Zhao Yun
2

The Legend of Zhao Yun (2020) ====================== IMDb Rating - 6.2/10 ဂန္တဝင်စစ်သူကြီး ကျောက်ယွင် (ကျောက်ကျီလုံ) ဆိုရင် သိုင်းလောကသားတွေရော၊ ဂိမ်းသမားတွေပါ ရင်းနှီးကြတဲ့စစ်သူကြီးတစ်ယောက်ဆို မှားမယ်မထင်ပါဘူးနော်။ ကျောက်ယွင်ပါဝင်တဲ့ သုံးနိုင်ငံကားတွေဆိုတာ မရေမတွက်နိုင်အောင်များတဲ့အပြင် သူ့အကြောင်းကိုပဲသီးသန့်ရိုက်ထားတဲ့စီးရီးတွေလည်း ရှိနေပါပြီ။ ဒီကားလေးကလည်း သူ့ကိုပဲဦးတည်ထားပါတယ်။ ထူးခြားတာကတော့ ရုပ်ရှင်တွေ၊ စီးရီးတွေမှာ ပြကွက် တစ်ကွက်လောက်ပဲပါတတ်တဲ့ လျိုပေ့ရဲ့မိန်းမနဲ့ကလေးကယ်တဲ့အခန်းကို တစ်ခမ်းတနားနဲ့ ရိုက်ပြသွားတာဖြစ်ပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်သဘောထားတွေကို သေချာလေးခံစားရမယ့် ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်ဗျ ။ ကျောက်ကျီလုံပါရင် ချောင်ချောင်၊ လွီပု နဲ့သောင်းချန်တို့လည်း မပါမဖြစ်ပေါ့။ လွီပု နဲ့ သောင်းချန်တို့ရဲ့အချစ်ကြီးမားပုံကို ပေါ်လွင်အောင်ရိုက်ပြထားသလို ချောင်ချောင်ရဲ့ ရည်မှန်းချက်ကြီးမားပုံကိုလည်း အကောင်းဘက်ကနေလှည့်ရိုက်ထားတယ်လို့တောင် ပြောလို့ရပါတယ်။ ဟန်မင်းဆက်ပျက်သုဉ်းနေတဲ့အချိန် တိုင်းပြည်ရှုပ်ထွေးနေပေမယ့် ကျောက်ကျီလုံကတော့ စစ်သူကြီးမလုပ်ချင်ခဲ့ပါဘူး။ မျက်စိမမြင်ရတဲ့မရီးကိုပဲ စောင့်ရှောက်ချင်ပါတယ်ဆိုပြီးရွာကိုပဲ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲရဲ့ရိုက်ခတ်ဒဏ်ကြောင့် မရီးလည်းဆုံး သူလည်းသေမလိုဖြစ်ခဲ့ ရပြီးတော့ လျိုပေရဲ့ဇနီးသည်က ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အသက်သခင် ကျေးဇူးရှင်ဆိုပြီး မရီးလို့တောင်မခေါ်ဝံ့ခဲ့တဲ့ ကျောက်ကျီလုံပါ။ အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့ သခင်မနဲ့လျိုပေ့ရဲ့ကလေးငယ်တို့ ချောင်ချောင်လက်ထဲမှာ ပိတ်မိနေတဲ့အခါ... ကျေးဇူးသိတတ်တဲ့ ကျောက်ကျီလုံတစ်ယောက် အစွမ်းကုန်ကြိုးစားပြီး ဘယ်လိုကယ်တင်မလဲ... ချောင်ချောင်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ... ဆက်ကြည့် လိုက်ပါတော့ဗျာ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.4 GB) / (700 MB) / (470 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 18mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, History, War Translator....... Jo Jo Va Encoder..........SWM

Drama • Romance
2 2021 96 mins
The Legend of Zhao Yun
County Line: All In
6

မြို့လေးတစ်မြို့မှာ သေနတ်အတုတွေနဲ့ ပစ်ကြ‌ခတ်ကြတဲ့ ကစားပွဲလေးတစ်ခုလုပ်တယ်။ အဲဒီပွဲမှာ လူတစ်ယောက် ကျည်အစစ်မှန်ပြီး သေသွားတယ်။ ပြဿနာက သူ့အလောင်းက ရဲအရေးပိုင်နယ်မြေ နှစ်ခုရဲ့ ကြားထဲကျနေတော့ ဒီအမှုက ဟိုဘက်စခန်းနဲ့ဆိုင်သလို ဒီဘက်စခန်းနဲ့ ဆိုင်သလိုလို တိုင်ပတ်‌သွားပြီးနောက် ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်း အမှုအတူတူလိုက်ကြတယ်။ သေတဲ့လူက မြို့ခံဂန်းစတားအကြီးစားရဲ့ ရှေ့နေဆိုတော့ မြို့ခံလူမိုက်တွေကို စုံစမ်းရာက နောက်ဆုံး နိုင်ငံရေးသမားတွေအထိ ဆက်နွယ်လာပြီး နောက်ထပ်လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် သေလာတဲ့အခါမှာတော့..... 2017က County Line ရုပ်ရှင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သူ့အဆက်ကားပါ။ 2017ကားက အရာရှိ ကလင့်သရုန်းအနားယူပြီးတဲ့နောက် အရာရှိအသစ်ရောက်လာတဲ့ အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ Bansheeတို့ ဘာတို့လို မြို့လေးတစ်မြို့မှာ မြို့ခံလူမိုက်ဂိုဏ်းတွေနဲ့ မြို့ခံရဲအရာရှိတွေကြားက အရှုပ်အထွေးတွေကို ကြိုက်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တရားခံ ဖြစ်နိုင်တဲ့လူတွေ အများကြီးပြပြီး ပြန်ရွေးထုတ်သွားတာလေးလည်း ကောင်းပါတယ်။ စုံထောက်ကားတွေကြည့်ပြီး တရားခံကိုခန့်မှန်းကြည့်ရတာ ကြိုက်ရင် ကြည့်ကြည့်ပါ။ တစ်ချို့အချက်တွေနဲ့ တရားခံကို အစကတည်းက အရိပ်ပြထားခဲ့ပေမဲ့ လုံး၀မမှန်းမိမှာတော့ သေချာသလောက်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ W ပါ ) File Size__(1.6GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:28:00 Type__Action , Crime Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Drama
6 2022 83 mins
County Line: All In
Iron Girl: Final Wars
3.5

၂၀၁၂နဲ့ ၂၀၁၅ခုနှစ်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားရဲ့ အဆက်ဖြစ်ပြီး ဒီဇာတ်လမ်းလေးကတော့ နောက်ဆုံးပိတ်ဖိုင်နယ်ရုပ်ရှင်ပဲဖြစ်ပါတယ်.... ရှေ့ဇာတ်လမ်းတွေမှာ မပြီးဆုံးခဲ့တဲ့ နောက်ဆုံးတိုက်ပွဲကို ပုရိသတို့အကြိုက်မင်းသမီးKirara Asukaက သရုပ်ဆောင်ထားပြီး Action SciFiဇာတ်အိမ်နဲ့ဆိုတော့ သဘောကျနှစ်ခြိုက်ကြဦးမယ့် ဇာတ်လမ်းတပုဒ်ပါပဲ.... တချို့ဇာတ်ဝင်ခန်းတွေမှာ မင်းသမီးရဲ့ ကောက်ကြောင်းပြေပြစ်ပုံတွေကို ရှင်းရှင်းလင်းလင်းချပြတင်ဆက်ထားမှုကြောင့် မိသားစုနဲ့တော့အတူမကြည့်သင့်တဲ့ဇာတ်လမ်းပါ.... File size…1.7GB / 700MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 30mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by  Dark

Comedy • Romance
3.5 2019 85 mins
Iron Girl: Final Wars
Ghosts of Christmas Always
7.6

Ghosts of Christmas Always (2022) စာရေးဆရာကြီး Charles Dickens ရဲ့ Christmas Carole ကိုမသိသူရှိမယ် မထင်ပါဘူး စာအုပ်နဲ့တဖုံ ရုပ်ရှင်တွေနဲ့ တလှည့် version မျိုးစုံထွက် ခဲ့ပါတယ် Christmas Carole နဲ့ Christmas Day ဟာ အနောက်နိုင်ငံမှာတော့ ခွဲလို့တောင် မရပါဘူး သီချင်းတွေလဲ များစွာထွက်ခဲ့ပြီး Christmas vibe ကို အမျိုးမျိုးပုံဖော်ကြပါတယ် ဒါပေမယ့် ထွက်ခဲ့သမျှ Christmas ရုပ်ရှင်တွေမှာ မူလဇစ်မြစ်ဖြစ်တဲ့ Christmas အကြိုနေ့မှာ လူတယောက်ဆီ တစ္ဆေသုံးကောင် ရောက်လာတယ်ဆိုတာတော့ မပြောင်းလဲသေးပါဘူး အခုဒီကားမှာလဲ ပီတာဘယ်ရွန်ဆိုတဲ့ ကောင်လေးဆီ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ် တစ္ဆေ ၃ကောင် အစွဲချွတ်ဖို့ ရောက်လာကြတယ် ဒါပေမယ့် ခက်တာက ပီတာတယောက်က မူရင်း ဝတ္ထုထဲက main character Scrooge လို ကပ်စီးနည်းကော်တရာ တချိန်လုံး အလုပ်ပဲလုပ်ဘာမှ ပေးကမ်းရကောင်းမှန်းမသိတဲ့ လူ့ဂွစာတယောက် မဟုတ်ပဲ တကယ်ကိုကြင်နာတတ် အပေးကမ်းရက်ရော တတ်တဲ့သူတယောက်ဖြစ်နေပါတယ် အဲ့လိုလူနဲ့မှ တစ္ဆေ ၃ကောင်တွေ့ပီး ဘယ်လိုဆက်ဖြစ်မလဲကတော့ ကိုယ့်ဟာကိုယ်သာကြည့်လိုက်ကြပါ Christmas ရာသီဒီဇင်ဘာလဲရောက်ပီဆိုတော့ Christmas vibe ကိုရမယ့် အရာလေးတွေလဲပိုပိုမြင်ရလာပါပြီ ကိုယ့်မိသားစု သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ဒီဇင်ဘာဆောင်းညလေးမှာ ပေါက်ပေါက် အတူစားရင် ကြည့်မယ်ဆိုရင်တော့ တကယ်ကိုကောင်းတဲ့ Charles Dickens Christmas Carole ရဲ့ Another Version of Christmas ကားလေးပဲဖြစ်ပါတယ် အဲ့ထက်ပိုပြီးမညွှန်းတော့ပါဘူး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:30:00 Type__Comedy, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama • Horror • Science Fiction • Thriller
7.6 2022 84 mins
Ghosts of Christmas Always
Open City
6.2

Open City (2018) တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါ ဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီ အမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်း ရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ် အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ? ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ? အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်း သူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ? အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ? ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ? ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime Quality…. 1080p | 720p | 480p File size… 2.3GB | 1.1GB | 524MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. KongHou Encoder ….. Aaron

6.2 2018
Open City
[18+] Hibang
8.5

Hibang (2023) အီဆာဆိုတဲ့ကောင်မလေးဟာ ခေါင်းမှာဒဏ်ရာတစ်ခုနဲ့၊ အတိတ်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဗလာနဲ့ လူသူမနီးတဲ့အရပ်ကအိမ်တစ်လုံးမှာ နိုးထလာခဲ့ပါတယ်။ အနားမှာ သူ့ကိုသိပ်ရင်းနှီးတဲ့ပုံနဲ့ ထရစ်စတန်ဆိုတဲ့ လူငယ်တစ်ယောက်ရှိနေပြီး အဲဒီလူငယ်က သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းငါးနှစ်ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ အီဆာနောက်ကိုတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကြောင့် အခုလိုမတော်တဆဒဏ်ရာရပြီး အတိတ်မေ့ခဲ့ရတာဖြစ်ကြောင်း၊ အခုလည်း အဲဒီလူလက်ကနေ လွတ်ဖို့ ဒီလိုလူသူမနီးတဲ့ နေရာတစ်ခုကိုတိမ်းရှောင်နေရကြောင်းရှင်းပြသလို သူတို့ရဲ့အတိတ်က အထောက်အထားတွေကိုလည်း အခိုင်အမာပြပါတယ်။ အီဆာ့စိတ်ထဲမှာ သူ့ကိုရင်းနှီးနေပေမဲ့ ချစ်သူခင်ပွန်းတစ်ယောက်လိုချစ်တဲ့စိတ် နည်းနည်းမှမခံစားမိတာကြောင့် အရာရာကိုသံသယထားနေရင်းက သူ့သံသယကိုခိုင်မာစေတဲ့ ကိစ္စတွေတစ်စစပေါ်လာပါတော့တယ်။ 2023 ရဲ့နောက်ဆုံးထွက်အနေနဲ့ အသစ်စက်စက် မင်းသမီးလေးတစ်ယောက်ကို စင်တင်မိတ်ဆက်ပေးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ Rica Gonzales လို့ခေါ်ပြီး အလှအပနေရာမှာတော့ ရှေ့က စီနီယာမမတွေထက်မလျော့သလို တခြားနေရာမှာလည်း တင်းပြည့်ကျပ်ပြည့်ဖြစ်တဲ့အတွက် Vivamax’s Crush အသစ်လေးကို အားပေးရှုစားအကဲဖြတ်ကြရအောင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 8.5/10 Format – mp4 Duration – 1H 50Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

8.5 2023
[18+] Hibang
Box: Metaphor

ဒီဇာတ်ကားကတော့ ကြည့်ပြီးရင်စဉ်းစားစရာတွေကျန်ခဲ့စေမယ့် psychological thriller ကားတစ်ကားဖြစ်ပါတယ်။ ထောင်တွေနဲ့မဆံ့အောင် ရာဇဝတ်သားတွေများလာတဲ့ ပျက်ကပ်စိုက်နေတဲ့ dystopian future တစ်ခုမှာ Box Rehabilitation ဆိုတဲ့ လူကိုသေတ္တာထဲလှောင်ပိတ်ပြီး ထောင်ချတဲ့စနစ်တစ်ခုကို ကျင့်သုံးကြတာအပေါ် ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကားနာမည်နဲ့လိုက်အောင် တစ်ကားလုံး boxလေးထဲမှာပဲရိုက်ကူးထားတာဖြစ်ပြီး၊ ကိုယ်ကိုယ်တိုင် ဇာတ်ဆောင်နဲ့အတူ သေတ္တာထဲအချုပ်ခံထားရသလိုခံစားချက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဖြည်းဖြည်းနှေးနှေးနဲ့ဇာတ်လမ်းကိုတည်ဆောက်ပြီး ဆွဲခေါ်သွားတတ်တဲ့ဇာတ်ကားမျိုးကိုကြိုက်ရင် ဒီကားကိုကြည့်ကြည့်သင့်ပါတယ်။ ပုံစံခွက်ထဲကလူ့အဖွဲ့အစည်းရဲ့နောက်ကွယ်ကရက်စက်မှုတွေရဲ့သဘာဝရယ်၊ မာကျောတဲ့လူ့စိတ်ဓာတ်ရယ်ကို ရှုစားရမယ့် thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(468 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2023 79 mins
Box: Metaphor
The Hidden Fortress
8.1

IMDb 8.1 / Metascore 89% / Rotten Tomatoes 96% ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ‌ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်‌နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ နဲ့ မင်းသမီးကို လျှို့ဝှက်စွာစောင့်ရှောက်ပေးနေတဲ့ စစ်သူကြီး ရိုကူရိုတာမာကာဘဲတို့နဲ့ ဆုံကြပါတယ်။ ဒါပေမဲ့ အူတူအတ လယ်သမားနှစ်ယောက်ဟာ အာခိဇုကိ စစ်သူကြီးနဲ့ မင်းသမီးဖြစ်သူတို့ရဲ့ သရုပ်မှန်ကိုမသိဘဲ ဟာရာကာဝါမြို့တော်ကိုဖြတ်ပြီး အာခိဇုကိကို အတူခရီးဆက်ရင်း လိုက်ပို့ပေးဖို့ သဘောတူလိုက်ကြပါတော့တယ်။ ဒီရုပ်ရှင်ထဲက ကာရိုက်တာတွေကို ဂျော့ခ်ျလူးကပ်စ်က Star Wars အတွက် inspire ယူခဲ့တာပါ။ ပထမဆုံးအနေနဲ့ အူကြောင်ကြောင် လယ်သမားသူငယ်ချင်းနှစ်ယောက်က Star Wars ထဲက စက်ရုပ်သူငယ်ချင်းနှစ်ကောင်ဖြစ်ကြတဲ့ R2D2 နဲ့ C3PO ပေါ့။ နာမည်ကြီးစစ်သူကြီး ရိုကူရိုတာကတော့ အိုဘီ၀မ်ကင်နိုဘီဖြစ်ပြီး သူကာကွယ်ပေးနေတဲ့ မင်းသမီး ယုကိကတော့ Princess Leia ပါ။စစ်ရှုံးနေကြတဲ့ အာခိဇုကိတွေ နဲ့ Star Wars ရဲ့ Rebels တွေအတွက် မင်းသမီး ယုကိ နဲ့ လီယာတို့က တစ်ခုတည်းသောမျှော်လင့်အချက်အလင်းရောင်ဖြစ်ကြတယ်။ ဒါရိုက်တာကြီး ကူရိုဆာဝါရဲ့ လက်ရာတစ်ခုဖြစ်တာကြောင့် အများကြီးတော့ ထပ်ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်ကိုလည်း ကူရိုဆာဝါရဲ့ တခြားနာမည်ကြီးလက်ရာတွေဖြစ်တဲ့ High and Low , Throne of Blood တို့ထဲမှာသုံးထားတဲ့ ဂျပန်ဂန္တ၀င်မင်းသားကြီး Toshiro Mifune ကိုပဲသုံးထားတာမလို့ တစ်ခေတ်တစ်ခါက ဂျပန်ဆာမူရိုင်း အဖြူအမည်းရုပ်ရှင်ကားကောင်းကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး။ File size…(2.9 GB)/(1.85 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Documentary
8.1 1958
The Hidden Fortress
Asthram
7

Asthram (2025) “အဆုံးစီရင်မှုများရဲ့နောက်ကွယ်…” ထူးခြားဆန်းကြယ်ကိစ္စတွေကို စိတ်၀င်စားတဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အင်စပက်တာအာကီလန်ဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအကြောင်း စုံစမ်းရင်းနဲ့ ထူးခြားချက်တွေ တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအချက်ကတော့တော့ အဲဒီလို သမားရိုးကျမဟုတ်တဲ့ အဆုံးစီရင်မှုမျိုးတွေဟာ နေရာအနှံ့အပြားမှာ တစ်ပုံစံတည်းဖြစ်ခဲ့ကြတာပါ။ နေရာနဲ့အချိန်သာ ကွဲပြားပေမဲ့ လုပ်နည်းလုပ်ဟန်ချင်း အတူတူပါပဲ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ ဖြစ်တာကြောင့် ဘယ်သူကမှ သေချာမစစ်ဆေးခဲ့ပေမဲ့ အာကီလန်ကတော့ အမှုရဲ့ထူးခြားဆန်းကြယ်မှုတွေကြောင့် ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဆက်တိုက်ဖြစ်နေတဲ့ အဆုံးစီရင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို‌ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိနေမလဲ၊ အဲဒီအဆုံးစီရင်မှုတွေဟာ သမားရိုးကျဖြစ်ရပ်လား၊ ကျိန်စာလိုလို သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမှာလား၊ အာကီလန်ကရော အမှုလိုက်ရင်း ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။)

Mystery • Drama
7 2025
Asthram