YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Run.Away.2026.S01E05.Forever.Be.The.Shining.Truth.720p.mp4

367.33 MB N/A video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Keeper of Lost Causes
7.1

ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့ စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့် အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။ တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့ အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး အမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့် စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့ သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင် သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း IMDB မနည်းတာကို တွေ့ရှိရမှာပါ။ File size…1.03GB / 455MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy • Fantasy
7.1 2013 93 mins
The Keeper of Lost Causes
The Domestic
3.7

ကြည့်ဖူးသလောက် Horrorကားတွေမှာ စုန်းတွေ အောက်လမ်းတွေ ဝိညာဉ်တွေပါနေတဲ့ ဟော်ရာကားတွေက တော်တော်ကြည့်ကောင်းတတ်ပါတယ်။ အိမ်တစ်လုံးထဲ ဇာတ်အိမ်တည်တာတို့ လူမဲတွေချည်း အဓိကထားရိုက်ပြတဲ့ ဟော်ရာကားတွေဆို ဂန္တဝင်တွင်တဲ့အထိကိုကောင်းတတ်ပါတယ်။ ဒီတစ်ကားက ထူးထူးခြားခြား မြင်နေကြုံနေရတဲ့ဇာတ်ကောင်တွေထဲ လူဖြူပါကိုမပါတဲ့ဟော်ရာကားပါ။ မဆီမဆိုင် ဇာတ်ကားထဲ လူဖြူတွေထည့်ထည့်တာ ထုံးစံလိုဖြစ်လာတဲ့ အနောက်ရုပ်ရှင်လောကကြီးမှာ ဒီလိုကားမျိုးမြင်ရတာလည်း ခပ်ကောင်းကောင်းပါပဲ။ လင်မယား၂ယောက်တည်း နေတဲ့အိမ်တစ်လုံးရှိတယ်။။ မိန်းမက အယူသီးတာတွေ မယုံပေမဲ့ သူကိုယ်တိုင်က နတ်ဆရာဖြစ်ရမယ့် ဘိုးဘေးဝိညာဉ်တွေရဲ့ကောင်းချီးပေးခံထားရတဲ့သူ။ ဒါကိုငြင်းဆန်ပြီး သူတစ်သက်လုံးနေလာခဲ့တယ်။ ၂ယောက်စလုံးက သူ့အလုပ်နဲ့သူမအားကြတော့ အိမ်မှုကိစ္စမနိုင်ကြဘူး။ ပထမအိမ်အကူကလည်း သေသွားတော့ အိမ်အကူအသစ်ရှာဖို့ဖြစ်လာတယ်။ ဒါပေမဲ့ အိမ်အကူက သူတို့ကို အောက်လမ်းနည်းတွေသုံးပြီး တိုက်ခိုက်လာတဲ့အခါမှာတော့ မဖြစ်မနေ ဘိုးဘေးဝိညာဉ်တွေရဲ့ အကူအညီယူဖို့ဖြစ်လာခဲ့တယ်။ File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p Format__mp4 Duration__01:50:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Comedy • Drama
3.7 2022 110 mins
The Domestic
A Man Called Hero 2

ဒီနေ့တော့ CM ချစ်ပရိသတ်တွေအတွက် ဟွားယင်းရှုံရဲ့သား ဟွားကျန့်ရှုံအကြောင်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်တယ်... ကျုံးဟွားအိမ်တော်နဲ့ နိုင်ငံခြားရောက်အခက်တွေ့နေတဲ့ တရုတ်အနွယ်ဝင်တွေကို ကာကွယ်ပေးတဲ့ ဟွားယင်းရှုံအကြောင်းကို အရင်တစ်ခေါက်ကဘာသာပြန်တင်ဆက်ခဲ့ပါတယ်... အခုတစ်ခေါက်မှာတော့ဟွားကျန့်ရှုံအကြောင်းပေါ့... ဟွားကျန့်ရှုံဟာ အဖေတူသားပီပီ တရုတ်သွေးအပြည့်နဲ့ တရုတ်အနွယ်ဝင်တွေ ဒုက္ခခံစားရတာကို ကာကွယ်ဖို့ အချိန်ပြည့် ကြိုးစားအားထုတ်နေကြသူပေါ့... ဟွားယင်းရှုံနဲ့ ဝူတီတို့ တိုက်ပွဲအပြီးမှာ ဟွားယင်းရှုံ ပျောက်ချင်းမလှပျောက်ခဲ့တဲ့အတွက် ကျုံးဟွားအိမ်တော်နဲ့တရုတ်အနွယ်ဝင်တွေဟာ အင်္ဂလိပ်အရာရှိနဲ့ လော့ရှုံဂိုဏ်းခေါ် ဂျပန်တွေရဲ့ ပူးပေါင်းဒုက္ခပေးမှုကို ခံစားနေရတာပေါ့... ဘယ်လောက်တောင်လဲဆို...လော့ရှုံဂိုဏ်းဟာ ဝူတီပြီးနောက် ကျင်းပေါင်တိုင် ဆက်ခံခဲ့ပြီးချိန်မှာတော့ ကျင့်စဉ်တွေကျင့်နိုင်ဖို့ ကလေးတွေရဲ့စိတ်ဝိညာဉ်ကို ဖမ်းစားရမယ်ဆိုတဲ့ အယူသီးမှုကြောင့် လော့ရှုံဂိုဏ်းဟာ တရုတ်အနွယ်ဖွားကလေးတွေကို အဓမ္မနည်းနဲ့ လိုက်ဖမ်းခဲ့ပါတယ်... ဒါကို သည်းမခံနိုင်တဲ့ ကျန့်ရှုံတစ်ယောက် ကလေးတွေရဲ့ အနာဂတ်ကို ကယ်တင်နိုင်မလား... ဟွားယင်းရှုံကရော ဘယ်ရောက်နေတာလဲ... သူရဲကောင်းဖြစ်ဖို့ ဘာတွေပေးဆပ်ရဦးမှာလဲ... ဒီလိုပေးဆပ်ရတာ တန်ရဲ့လားဆိုတာ ဆက်လက်စောင့်ကြည့်ပါဦး Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Action • Crime • Thriller
0 2022 80 mins
A Man Called Hero 2
King Arthur: Legend of the Sword
6.5

2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ဒီအာသာဗားရှင်းမှာတော့ မှော်ပညာတွေ သတ္တဝါဆန်းကြီးတွေ ထည့်သွင်းထားပါတယ်။ ရုပ်ရှင်ကောင်းတစ်ခုပဲမို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size : 903 MB Duration : 2 hr 6 min Quality : HDrip 720p Translator/ Encoder : Littleneo

Crime
6.5 2017 126 mins
King Arthur: Legend of the Sword
Flux Gourmet
5.5

Flux Gourmet (2022) * သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ * ~ IMDb - 5.9/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။ မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ဓားနဲ့လှီးသံ၊ မီးဖွင့်သံ၊ ရေပွက်သံ အစရှိသဖြင့် အသံတွေကို အနီးကပ် တိုးသင့်တိုး ကျယ်သင့်ကျယ် ချိန်ညှိပြီး ကြည့်တဲ့သူတွေကို နားထဲပျားရည်လောင်းတာမျိုးပေါ့။ အပြင်လောကမှာဆိုရင်တော့ Sonic Caterer ဆိုတာ ဒီလောက်နဲ့ပြီးပေမဲ့ ဒီရုပ်ရှင်ထဲက ဟင်းသံလုပ်သမားတွေက စိတ္တဇဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ပါ ထပ်တိုး အနုပညာတစ်မျိုး ဖန်တီးကြပါတယ်။ အနုပညာအဆန်လွန်တာလားတော့မသိပါဘူး။ အဲဒီလိုသရုပ်ပြပွဲတွေပြီးတိုင်း စင်နောက်မှာ ပရိသတ်တွေနဲ့အတူ သိုင်းပြိုင်ကြပါသေးတယ်။ ဝိုင်းလုပ်ဝိုင်းစား ဘဝသမားလေးတွေပေါ့လေ။ ရုပ်ရှင်အကြောင်းအကြမ်းပြောရရင် ဟင်းသံလုပ်သရုပ်ဆောင်အဖွဲ့တစ်ခုက သူတို့ကို ငွေကြေးထောက်ပံ့မယ့်အဖွဲ့အစည်းနဲ့အတူ ယာယီအတူနေထိုင်ကြရာ‌ကနေ စထားပါတယ်။ အချင်းချင်းရန်ပတ်ဖြစ်နေတဲ့အဖွဲ့သား ၃ ယောက်ရယ်၊ လေပွပြီး အီးပေါက်ရမှာရှက်တဲ့ အာပလာ စာရေးဆရာတစ်ယောက်ရယ်၊ အလွန်အကျွံဝတ်စားတတ်တဲ့ ဒါရိုက်တာမတစ်ယောက်ရယ်၊ လေကြီးလေကျယ်တအားပြောတဲ့ ဆရာဝန်တစ်ယောက်ရယ်၊ သူတို့ကိုလိုက်နှောက်ယှက်တဲ့ အဖွဲ့တစ်ခုရယ်၊ ဖလန်ဂျာလို့ခေါ်တဲ့ အသံညှိစက်ကလေးတစ်လုံးရယ်။ သူတို့အားလုံးရဲ့စရိုက်တွေကို သတ်မှတ်ထားပေးပုံက အတော်လေး အားရစရာကောင်းပါတယ်။ မထင်ပေါ်ချင်တဲ့လူ၊ အာဏာပြချင်တဲ့လူ၊ ဆရာကြီးလုပ်ချင်တဲ့လူ စသဖြင့် စသဖြင့် ပေါ့လေ။ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်ဆောင်က ဘယ်သူလဲ၊ ဇာတ်ကိုသယ်တာက ဘယ်သူများလဲလို့ ‌အတိအကျပြောဖို့ခက်ပါတယ်။ အဲလ် ဆိုတဲ့ အဖွဲ့ခေါင်းဆောင်လား၊ နောက်ခံကနေ သူ့အမြင်တွေကိုပြောနေတဲ့ စာရေးဆရာလား၊ ဒါရိုက်တာမကြီးလား ဒါမှမဟုတ် ဖလန်ဂျာလေးလား။ ဇာတ်လမ်းတည်ပုံ၊ ဆင့်ပွားပုံ၊ ဇာတ်ရှိန်အတက်အကျက စလို့ ဒိုင်ယာလော့ခ်တွေအထိ အတော်လေးကောင်းပါတယ်။ ဝေဖန်တဲ့လူတွေကတော့ သူ့ရဲ့ပြကွက်အရစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်တို့ဘာတို့ ပြောကြပေမဲ့ အဲဒီလောက်ကြီးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတော့မဟုတ်ပါဘူး။ ရိုက်တဲ့လူနဲ့ ထုတ်တဲ့ကုမ္ပဏီဟန်ချက်ညီတယ်ဆိုတာ ဒီလိုရုပ်ရှင်မျိုးဖြစ်မှာပါ။ ပေါက်ကရဆို ကောင်းအောင်ရိုက်တတ်တဲ့ ဒါရိုက်တာ Peter Strickland နဲ့ ထုတ်ပေးတဲ့ကုမ္ပဏီက IFC Films ရဲ့ ထူးထူးဆန်းဆန်းရုပ်ရှင်တွေထုတ်ပေးတဲ့အပိုင်း IFC Midnight ကပါ။ Cast တွေအနေနဲ့ကလည်း ကျွန်တော်တို့နဲ့မစိမ်းတဲ့ Gwendoline Christie, Asa Butterfield နဲ့ Ralph Fiennes မတိုင်ခင်က Voldemort ကြီး Richard Bremmer တို့ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာမှာအသံဒီဇိုင်းဆု ၂ ခုရထားပြီး ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အခြားဆန်ခါတင်စာရင်းများစွာဝင်ထားပါတယ်။ အနုပညာနယ်ပယ်သစ်တစ်ခုကို စူးစမ်းချင်ပြီး Dark Comedy သဘောကျတယ်ဆိုရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 495MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 51Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy
5.5 2022 112 mins
Flux Gourmet
She Is Love
4.7

She Is Love (2023) ============== “အကြောင်းတိုက်ဆိုင်မှုဆိုတာသာ မရှိခဲ့ရင် ဘဝဟာ ပုံမှန်အတိုင်းပဲ ဖြစ်နေမှာပါ”။ နိုးထမယ်. ရှင်သန်မယ်. အိပ်စက်မယ် . . . ကျွန်တော် တို့ဘဝတွေမှာ နာမည်လေးတစ်ခု ကြားလိုက်ရရုံနဲ့တင် မျက်စိရှေ့မှာ အကြောင်းအရာတိုက်ဆိုင်မှုလေးတစ်ခု ဖြစ်ပျက်ခဲ့ရုံနဲ့တင် နင့်နင့်နဲနဲ ခံစားလိုက်ရတဲ့ အဖြစ်အပျက်တစ်ခု. လူတစ်ယောက်မှာ တစ်ခါတော့ ရှိခဲ့ဖူးမှာပါ။ သစ်ရွက်ဖျားမှာ ခိုသီးနေတဲ့ရေစက်ကလေးကို သစ်ရွက် ကလေးက လက်လွှတ်လိုက်ရချိန်မှာတော့ တုန်ခါလှုပ်ခတ်သွားတဲ့ အ ဖြစ်အပျက်လေးလိုပါပဲ ရေစက်မရှိတော့တဲ့အချိန်မှာတော့ ပြန်လည် တည်ငြိမ်ရစမြဲပါပဲ။ တည်ငြိမ်အခြေကျနေပြီဖြစ်တဲ့ အစ်ဒရစ်စ်ရဲ့ ဘဝထဲကို အချစ်ဟောင်း ဖြစ်သူ ပက်ထရစ်ရှာတစ်ယောက် မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု ကြောင့် ပြန်လည်ဝင်ရောက်လာခဲ့ချိန်၊ တွေ့ဆုံချိန်ခဏလေးအတွင်းမှာ ပဲ နှစ်ဦးသားရဲ့ ရူးသွပ်မှု၊ ပေါက်ကွဲမှု၊ ဟန်ချက်ညီမှု၊ ဘက်ပြိုင်မှု၊ အချစ်၊ အမုန်း၊ အာယာတ၊ ခွင့်လွှတ်မှုတွေကို ရောပြွန်းတင်ဆက်ထားနိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေး လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.33 GB) / (517 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Sai Sumali Encoder……….SWM

Animation • Drama
4.7 2023
She Is Love
Ninja vs Shark
6.8

Ninja vs Shark (2023) *********************** Serious ဖြစ်တဲ့ကားကြီးတွေပဲကြည့်ရတာပျင်းလာပြီး ပေါ့ပေါ့ပါးပါးကားလေးတွေပဲကြည့်ချင်သူတွေအတွက် ဂျပန်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Ninja Vs Shark ဖြစ်ပြီး IMDb Rating 6.8 အထိရရှိထားပါတယ်။ ဇာတ်လမ်းနာမည်ကြည့်ပြီးတော့ဇာတ်ကားရဲ့အရိပ်အမြွက်ကိုတော့ နည်းနည်းပါးပါးသိနေလောက်မှာပါ။ အိုကစ်ဆူဆိုတဲ့တံငါရွာလေးမှာထူးဆန်းလှတဲ့ကံဆိုးမိုးမှောင်ကျမှုတစ်ခုကိုကြုံတွေ့နေရပါတယ်။ အဲ့ဒါကတော့ဘယ်သူမှငါးထွက်မျှားလို့မရသလို သူတို့ဆီမှာထွက်တဲ့အဖိုးတန်ရတနာဖြစ်တဲ့ပုလဲတွေကိုလည်းဆင်းရှာလို့မရတာပဲဖြစ်ပါတယ်။ ဒီတော့တံငါရွာဆိုပေမဲ့ငါးဖမ်းစားလို့မရတဲ့တံငါရွာဖြစ်နေခဲ့တာပေါ့။ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ဆီကိုကြက်သွေးရောင်မိစ္ဆာဂိုဏ်းရောက်ရှိလာပြီး သူတို့ရဲ့ပုလဲတွေကိုလိုချင်တဲ့အတွက်ကျိန်စာတိုက်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ရွာသူကြီးကရွာကိုကာကွယ်ဖို့အတွက် ကိုယ်ရံတော်တစ်ယောက်ငှားခဲ့ပါတော့တယ်။ ဒါပေမယ့်အဲ့ဒီကိုယ်ရံတော်ကသာမန်လူမဟုတ်ဘဲနင်ဂျာတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းနဲ့အိုကစ်ဆူရွာကြားမှာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Size – 2.54GB, 1.02GB Quality – 1080p, 720p Format – mp4 Duration – 1H 17Min Genre – Action, History, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Saw Lay Encoded by Phyo Pyae

6.8 2023
Ninja vs Shark
Just for Showmance
6.6

အခုခေတ်မှာအင်တာနက်တွေကိုလူတိုင်းသုံးလာတာနဲ့အမျှ အွန်လိုင်း Influencer ဆိုတာကလည်းအလုပ်တစ်ခုဖြစ်လာပါပြီ။ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးသထက်ကြီးအောင်ကြိုးစားရင်း ထုတ်ကုန်တွေထုတ်ရောင်းတာ စပွန်ဆာတွေကြော်ငြာပေးတာအစရှိသဖြင့်နဲ့ငွေဝင်လမ်းကြောင်းရှာဖွေရပါတယ်။ အခုတင်ဆက်ပေးမဲ့ Just For Showmance ဆိုတဲ့ဇာတ်ကားထဲက တယ်ရာဆိုတဲ့ အမျိုးသမီးကလည်း Influencer တစ်ယောက်ဖြစ်ပြီး ဒီနေ့မှာပဲသူ့ရဲ့ Skincare တွေကိုပွဲထုတ်ရောင်းချခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့မှာ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး လူရွေးပွဲ တွေလည်းဝင်ရွေးခံထားပါတယ်။ဒါပေမယ့် သူက လိုအပ်သလောက်နာမည် သိပ်မကြီးတဲ့အတွက် သူ့ပစ္စည်းတွေအများကြီးမရောင်းရတဲ့အပြင် တီဗီအစီအစဉ် တင်ဆက်သူဖြစ်ဖို့လည်းရွေးချယ်မခံရပါဘူး။အဲ့ဒီအချိန်မှာပဲကံကောင်းစွာနဲ့ Happily Ever After ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ဖို့ သူ့ဆီဖုန်းဆက်လာခဲ့ ပါတယ်။Happily Ever After ဆိုတာကတစ်ခါမှ မမြင်မတွေ့ဖူးတဲ့သူ နှစ်ယောက်ကို လက်ထပ်ပေးတဲ့တီဗီရှိုး အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ဒီမှာပါဝင်ရင် နာမည်ကြီးမှာ မလို့တယ်ရာလည်း နှစ်ခါပြန်စဉ်းစားမနေပဲ လက်ခံလိုက်ပါ တော့တယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်က နာမည်ကြီးလာဖို့ပဲဖြစ်ပြီး လက်ထပ်ဖို့ မဟုတ်တဲ့အတွက်သူနဲ့ချိတ်ပေးမဲ့ လူကိုစုံစမ်းပြီးသွားညှိနှိုင်းခဲ့ ပါတော့တယ်။သူနဲ့ချိတ်ပေးမဲ့ လူကတော့ကျေးလက်မှာ နေထိုင်တဲ့ဂျိုးဆိုတဲ့ မုဆိုးဖိုကလေးအဖေလူရိုးလေးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။ အဲ့ဒီသမီးလေးကသွက်လက်ပြီး သူ့အဖေကိုအတင်းတိုက်တွန်းတာကြောင့် ဂျိုးလည်းလက်ခံလိုက်ရပြီး တကယ်တမ်းသူတို့ကြားမှာ သံယောဇဉ်တွေ တွယ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို Romantic ဆန်ဆန်ကြည့်ရှုရမဲ့ IMDb Rating 6.9 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.72 GB / 693 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 23m Genre ….. Romance , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.6 2023
Just for Showmance
Deerskin
6.6

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10 အထိရရှိတားပြီး ဒါရိုက်တာ Quentin Dupieux ရိုက်ထူးထားပြီး ၂၀၁၉ကထွက်ရှိထားတဲ့ Deerskinဆိုတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု ပရိတ်သတ်က ရွေးချယ်မှု အများဆုံးဆုနဲ့ ဆန်ကာတင်စာရင်း ၁၁ဆုထိချိတ်ထားပါတယ် ဒီဇာတ်ကားမှာ ပြင်သစ်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေ ဖြစ်ကြတဲ့ မင်းသားJean Dujardin နဲ့ မင်းသမီး Adele Haenel တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းကဂျောချ့်ဆိုတဲ့ မိန်းမနဲ့ကွာရှင်းပြီး ခြေဦးတည့်ရာ ထွက်လာတဲ့ လူတစ်ယောက် ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း ဆိုင်တစ်ခုမှာ သားမင်သားရေ စစ်စစ်နဲ့ လုပ်ထားပြီး သဘာဝလွန်စွမ်းအင်တွေနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဂျက်ကတ်အင်္ကျီတစ်ထည်ကို ဝယ်လိုက်ိမပါတယ် ရောင်းတဲ့သူကလည်း ဂျော့ချ်ကို ကျေးဇူးတင်လွန်းလို့ လက်ဆွဲဗီဒီယိုကင်မရာလေးတစ်လုံးပါ အပိုအနေနဲ့ လက်ဆောင် ပေးလိုက်မိရာကနေ စပါတယ် နောက်တစ်နေ့ ငွေသွားထုတ်တဲ့ အချိန်မှာတော့ ဂျော့ချ်တစ်ယောက် သူ့မိန်းမဖြစ်သူက ဘဏ်စာရင်း ပိတ်လိုက်တာကို ခံလိုက်ရပါတယ် ဒီလိုနဲ့ ဂျောချ်တစ်ယောက် စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုကိုသွားထိုင်မိရာကနေ ဒန်းနစ်ဆိုတဲ့ တည်းဖြတ် တာကိုဝါသနာပါတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံမိပြီး သူ့ကိုယ်သူ ရုပ်ရှင် ရိုက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း သူဒီကိုရုပ်ရှင်ရိုက်ဖို့အတွက် လာလေ့လာ ဖြစ်ကြောင်း လိမ်ညာမိလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ သူ့ရဲ့ထုတ်လုပ် သူနဲ့ အဖွဲ့သားတွေဟာ ဆိုက်ဘေးရီးယားမှာ အရေးကြီးတဲ့ရုပ်ရှင်တစ်ကားကို ရိုက်နေတဲ့အတွက် သူ့ဇာတ်ကားအတွက် တည်းဖြတ်တဲ့သူတစ်ယောက် လိုနေကြောင်းပြောပြီး ဒန်းနစ်ကို တည်းဖြတ်တဲ့သူအဖြစ် ခန့်အပ်လိုက်ပြီး လက်ဆွဲကင်မရာတစ်လုံးနဲ့ ဗီဒီယိုလိုက်ရိုက်ပါတော့တယ် ဒီလိုနဲ့ ဂျက်ကတ် အင်္ကျီရဲ့လွှမ်းမိုးမှုကို တဖြည်းဖြည်းခံလာရတဲ့ ဂျော့ချ်တစ်ယောက် ဒန်းနစ်ရဲ့ အကူအညီနဲ့ “ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ဂျက်ကတ်အင်္ကျီဝတ်တဲ့သူ ဖြစ်ရမယ်”ဆိုတဲ့ ခပ်ကြောင်ကြောင်အိပ်မက်တစ်ခုကို အကောင်အထည် စဖော်ရင်း ပြစ်မှုတွေကိုပါ ကျူးလွန်မိလာပါတော့တယ် အဲ့နောက် ဘာတွေကို ကြုံတွေ့လာရမလဲ သူ့ရဲ့အိပ်မက်ကိုကော အပြီးသတ်အကောင်အထည်ဖော် နိုင်ပါ့မလား ဘယ်လိုတွေကြိုးပမ်းမလဲ ဒန်းနစ်ကကော ဂျောချ့်ရဲ့လိမ်ညာ မှုတွေကိုသိရှိသွားမလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီး ကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး… ဒီဇာတ်ကားက Comedy &Horror အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… File size…0.99 GB/ 422 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 17m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.6 2019
Deerskin
The Beautiful Summer

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ နယ်ကနေ မြို့တက်ပြီး အတူတူကြိုးစားရုန်းကန်နေတဲ့ မောင်နှမနှစ်ယောက်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတဲ့ အီတလီ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဂျီနီယာဟာ နယ်ကတက်လာသူဖြစ်ပြီး မြို့ပေါ်က ဖက်ရှင်ဆိုင်မှာ အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဂျီနီယာဟာ အစ်ကိုဖြစ်‌သူနဲ့အတူ သူငယ်ချင်းတွေ ဆုံနေကျနေရာကိုသွားရင်း အမလီယာဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်းနှီးခဲ့ပါတော့တယ်။ အမလီယာရဲ့ အလုပ်အကိုင်ကတော့ ‌ပန်းချီဆရာတွေအတွက် သရုပ်ပြပေးရတာပါ။ အရွယ်ရောက်လာတဲ့ ဂျီနီယာဟာ အမလီယာနဲ့‌ အပေါင်းအသင်းဖြစ်သွားပြီး ပန်းချီဆရာတွေနဲ့ပါ ချိတ်ဆက်မိသွားတဲ့အခါ အရွယ်ရောက်သူပီပီ ဂျီနီယာဟာ သူ့ရဲ့ပထမဆုံးအချစ်ကို ပန်းချီဆရာတွေကြားမှာပဲ ရှာတွေ့ခဲ့ပါတော့တယ်။ နယ်ကနေ မြို့ကိုတက်လာပြီး အရွယ်ရောက်သူတစ်ယောက်စဖြစ်လာတဲ့အချိန် ဘယ်လိုဆုံးဖြတ်ချက်အမှားတွေ ချမိပြီး ဘယ်လိုပြုပြင်သွားမလဲ‌ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.4 GB)/(816 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
The Beautiful Summer
The New Legend of Shaolin
6.3

ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။ ၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို သင်္ဂြိုလ်ဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းမယ်ဆိုတဲ့အတွက် မာတာ့ရှန့်က ဟုန်တို့ကို ပြန်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဟုန်ရှီးကွမ်းတို့ သားအဖနှစ်ယောက်ရဲ့ သိုင်းပညာကျွမ်းကျင်မှုကို တွေ့ပြီး သူ့ရဲ့ ကိုယ်ရံတော်လုပ်ဖို့ မာတာ့ရှန့်က ခေါ်သွားခဲ့ပါသေးတယ်။ ဟုန်တို့သားအမိဟာ သူတို့ လိမ်လည်မှုကို ဟုန်ရှီးကွမ်းက သတိထားမိပြီး နှောင့်ယှက်မှာ စိုးတဲ့အတွက် ဟုန်ရှီးကွမ်းကို သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဟုန်တို့သားအမိနှစ်ယောက် သူဌေးကြီးမာတာ့ရှန့်ကို အောင်မြင်စွာ လိမ်လည်နိုင်ပါ့မလား…… ဟုန်ရှီးကွမ်းကလည်း ကလေး ၅ ယောက်နဲ့ ဘယ်လိုဆက်သွယ်မိမလဲ…… ချင်မင်းဆက် အစိုးရကရော ဟုန်ရှီးကွမ်းတို့ကို ဘယ်လို လိုက်လံနှောင့်ယှက်မလဲ …… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6.3 1994
The New Legend of Shaolin
Kamen Rider Kabuto: God Speed Love
6.6

ကျွန်တော်တို့ ငယ်ငယ်တုန်းက နှံကောင်ပါဝါရိန်းဂျားဆိုပြီးတော့ ခေါ်ကြတဲ့ Kamen Rider ပါဝါရိန်းဂျားကားလေးပါ။ ဒီဇာတ်ကားက series နဲ့တော့ မတူတဲ့ Alternate timeline တစ်ခုမှာတည်ထားတာပါ။ ဒီဇာတ်လမ်းမှာကတော့ ဥက္ကာခဲကြီးတစ်ခုကကမ္ဘာကို ဝင်တိုက်ပြီးတော့ ပင်လယ်ထဲက ရေတွေအကုန်ခမ်းသွားပါတယ်။ ဒီ ဥက္ကာခဲကြီးနဲ့အတူ Worms ပိုးကောင်တွေ ပါလာပြီး လူသားတွေကို တိုက်ခိုက်ပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့ ZECT အဖွဲ့ကိုတည်ထောင်ပြီး Kamen Rider တွေက ပိုးကောင်တွေကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီအဖွဲံ့ကနေပဲ သဘောထားမတိုက်ဆိုင်ပဲ Neo-ZECT ဆိုပြီးကွဲထွက်လာတဲ့ အဖွဲ့က မူရင်း ZECT ကို တိုက်ခိုက်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ Series မှာမပါတဲ့ Hercus နဲ့ Ketaros ဆိုတဲ့ Rider နှစ်ယောက်အသစ်ပါပါတယ်။ တကယ်တည်းဇာတ်လမ်းက ပိုးကောင်တွေ ကျူးကျော်တာထက် ပိုကြီးတာကို Neo-ZECT ကသိသွားတဲ့အခါ ဘယ်သူက ကမ္ဘာကြီးကို သစ္စာဖောက်တာလဲ ဘယ်သူက လူဆိုးလဲဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရှူရမှာပါ။ File Size : 1.5 GB, 774 MB Quality : WEB-DL 1080p / 720p Running Time : 1hr 6min Format : Mp4 Genre : Action, Adventure, Drama, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

6.6 2006 66 mins
Kamen Rider Kabuto: God Speed Love
Dante’s Hotel

Dante Hotel ကတော့ Horror, Mystery ဇာတ်လမ်းပဲဖြစ်ပါတယ်။ ပုံမှန်ပဲလည်ပတ်နေတယ်လို့ထင်ရတဲ့ဟိုတယ်တစ်ခုမှာ လူပျောက်မှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။ ပျောက်ဆုံးတဲ့လူတွေဟာလဲ အစအနရှာမရအောင်ကိုပျောက်သွားကြတာပါ။ ကျိန်စာမိနေသလိုဖြစ်နေတဲ့ဒီဟိုတယ်မှာ နယူးရီးယားပါတီစီစဉ်ပေးဖို့ ဂိုဒီဆိုတဲ့ကောင်မလေးတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါ ဘယ်လိုကံကြမ္မာဆိုးမျိုးတွေနဲ့သူမရင်ဆိုင်ရမှာလဲ ဒီပျောက်ဆုံးသွားတဲ့လူတွေဘယ်ရောက်ကုန်ကြတာလဲ ဒါတွေရဲ့တရားခံကရော လူလား ဒါမှမဟုတ် အခြားအရာတစ်ခုလားဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး File size…(1.1 GB)/(752 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

Drama
0 2024
Dante’s Hotel
Nizharkudai
7.9

Nizharkudai (2025) “မေတ္တာရိပ်” ‌အခုတစ်ခါမှာ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော ဒရာမာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ လန်ဆီနဲ့နီရမ်ဂျာတို့ဟာ ဘာသာချင်းမတူပေမဲ့ မိသားစုဆွေမျိုးတွေကို ဆန့်ကျင်ပြီး အိမ်ထောင်ပြုခဲ့ကြတဲ့ လူငယ်ဇနီးမောင်နှံပါ။ သူတို့မှာ သမီးလေးတစ်ယောက်ရှိပြီး မိသားစုလိုက် အမေရိကမှာအခြေချဖို့ ကြိုးစားနေကြသူတွေပေါ့။ နှစ်ယောက်လုံးက အလုပ်အကိုင်တွေနဲ့မို့ သူတို့အလုပ်သွားချိန်ဆို သမီးဖြစ်သူကို ကလေးထိန်းနဲ့ ထားခဲ့ရပါတယ်။ အဲဒီကလေးထိန်းမိန်းကလေးဟာ လန်ဆီတို့လင်မယား အလုပ်သွားပြီဆိုတာနဲ့ ကလေးကို အိပ်ဆေးတိုက်၊ ရည်းစားကို အိမ်ပေါ်ခေါ်ပြီး နေ့တိုင်း သာယာဇိမ်ကျနေပါတယ်။ တစ်နေ့တော့ ပြဿနာတစ်ခုတက်ရာက အဲဒီအကြောင်း လန်ဆီတို့လင်မယားသိသွားပြီး ကလေးထိန်းဖို့ လူထပ်ရှာရပါတယ်။ အဲဒီအချိန်မှာပဲ လန်ဆီတို့သမီးလေးအတွက် ဂျိုသီဆိုတဲ့ မေတ္တာရှင်အမျိုးသမီးနဲ့ တွေ့ဆုံရဖို့ အကြောင်းဖန်လာပါတော့တယ်။ ခင်ရာဆွေမျိုးဆိုတဲ့အတိုင်း တကယ်‌စေတနာ မေတ္တာထားသူနဲ့ကြုံဆုံရတဲ့ သူစိမ်းတွေဖြစ်ပေမဲ့ သံယောဇဉ်တွေ နှောင်တွယ်မိကြပါတယ်။ ဒီလိုနဲ့ အမေရိကအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ လန်ဆီတို့လင်မယား၊ သံယောဇဉ်နှောင်တွယ်နေကြပြီဖြစ်တဲ့ သူတို့သမီးလေးနီလာနဲ့ ဂျိုသီတို့ကြား ရှေ့ဆက်ဘယ်လိုတွေဖြစ်လာမလဲ၊ ဘာတွေကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

7.9 2025
Nizharkudai