YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Row.19.2022.480p(CM).mp4

330.98 MB N/A video/mp4 196 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Greatest Beer Run Ever
7.7

ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ ဇက်အက်ဖရွန်၊ ဘီလီမူရေး နဲ့ ရက်ဆဲခရိုးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖြစ်ရပ်မှန် စစ်ပွဲ ဒရာမာ ဟာသ အမျိုးအစားပါ။ အစအဆုံး ရုပ်တည်ကြီးတွေနဲ့ ပြောနေသရုပ်ဆောင်နေပေမဲ့ အတော်ကိုရယ်ရပါတယ်။ ဖြစ်ရပ်မှန်ဖြစ်နေတော့ ပိုရယ်လို့တောင်ကောင်းပါသေးတယ်။ အဓိကမင်းသားကတော့ ချစ်ကီဒိုနိုဟူးဆိုတဲ့ အမေရိကန်တပ်ထွက်မျိုးချစ်တစ်ယောက်ဖြစ်ပါတယ်။ သင်္ဘောသားအလုပ်လုပ်ပြီး သင်္ဘောမတက်ရတဲ့အချိန်ဆိုရင် ညတိုင်း အရက်ဆိုင်မှာမူးပြီး မိဘအိမ်မှာ နေဖင်ထိုးတဲ့အထိ အိပ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလဖြစ်ပြီး အမေရိကန်မှာ ထောက်ခံသူနဲ့ ကန့်ကွက်ဆန္ဒပြသူတွေ နှစ်ပိုင်းကွဲနေတဲ့အချိန်ဖြစ်ပါတယ်။ ချစ်ကီရဲ့ညီမကတော့ ဆန္ဒပြသူဖြစ်ပြီး ချစ်ကီကတော့ ဆန္ဒပြသူတွေကို မုန်းတီးနေပြီး ဗီယက်နမ်စစ်ပွဲကို နိုင်ငံအတွက်လို့ ယုံကြည်အားပေးနေသူဖြစ်ပါတယ်။ တစ်ညတော့ ဘားမှာ စုသောက်ကြရင်းနဲ့ သူတို့ရပ်ကွက်ထဲကနေ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားလေးတွေကိုသာ ဒီနယူးယောက်က ဘီယာတွေ သွားပေးနိုင်ရင်ဘယ်လောက်ပျော်ကြမလဲ၊ သူတို့ကိုထောက်ခံသူတွေရှိသေးကြောင်းသိပြီးဘယ်လောက်အားတက်မလဲဆိုပြီး ပြောမိသွားပါတယ်။ ချစ်ကီကိုမယုံသူတွေကလှောင်ပြောကြပေမဲ့ စစ်သားမိသားစုဝင်တွေကတော့ မျှော်လင့်ချက်တစ်မျှင်လေးအဖြစ် ပစ္စည်းလေးတွေလူကြုံလာထည့်ပေးကြပါတော့တယ်။ ချစ်ကီကလည်းမသွားချင်သွားချင်နဲ့ သွားဖို့ စုံစမ်းပေမဲ့ အကြောင်းအားလုံးတိုက်ဆိုင်ပြီး ဗီယက်နမ်စစ်မြေပြင်ကိုရောက်သွားတဲ့အခါ တီဗွီထဲမှာ ဝါဒဖြန့်နေတဲ့သတင်းတွေနဲ့မတူဘဲ အရာရာကွဲပြားနေတာကိုတွေ့ပြီး စစ်သားတွေ ဗီယက်နမ်တွေ သတင်းထောက်တွေကြားမှာ အလွဲမျိုးစုံနဲ့ အသက်မသေအောင် ရုန်းကန်ရပါတော့တယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Adventure, Comedy, Drama Quality…. 1080p | 720p | 480p File size… 2GB | 1GB | 400MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Drama • Romance
7.7 2022 126 mins
The Greatest Beer Run Ever
Boogie Nights
5.2

မြောက်ကိုရီးယားရဲ့ ရုတ်တရက် နျူးကလီးယားဗုံး ပစ်လွှတ်မယ်ဆိုတဲ့ သတင်း​ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကမ္ဘာပျက်မတတ်ဖြစ်နေကြတယ်.. တစ်ချို့လည်း ဒီသတင်းကြောင့် အသက်ဘေးလွတ်မြောက်ဖို့ကြိုးစားကြသလို တစ်ချို့ကလည်း နောက်ဆုံးအချိန်ဆိုပြီး လုပ်ချင်ရင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ကြတယ်.. ဒီထဲမှာလည်း ခတ်လတ်လတ် လူရွယ်တစ်ယောက်ကတော့ သူ့ဘဝရဲ့ နောက်ဆုံးနေ့ကို စိတ်တိုင်းကျ ကုန်ဆုံးဖို့အတွက် သူငယ်ချင်းတွေနဲ့ ကလပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်... ကလပ်သွားရင်း မမျှော်လင့်ဘဲအလန်းစား စကီ ၅ပွေနဲ့တွေ့တဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Comedy , Romance လေးဖြစ်လို့ ခံစားကြည့်ကြပါဦ:... File Size : (1.1GB)(491MB) and (113 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:28:00 Genre : Comedy ,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Crime • Drama • Thriller
5.2 2022 88 mins
Boogie Nights
Once Upon a Time… in Hollywood
7.4

တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။ အရင်ရှစ်ကားကတော့ Django Unchained (2012) ... The Hateful Eight (2015) ... Death Proof (2007) ... Inglourious Basterds (2009) ... Reservoir Dogs (1992) ... Kill Bill: Vol. ... Kill Bill: Vol. ... Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။ လီယိုနာဒို၊ ဘရက်ပစ်၊ မာဂေါ့ ရော်ဘီ တို့ အဓိက ပါဝင်ထားပါတယ်။ လီယိုနာဒိုကတော့ ရစ်ခ် ဒယ်တန်ဆိုတဲ့ နာမည်ကျဆင်းနေတဲ့ ဟောလိဝုဒ် မင်းသားပေါ့။ တစ်ချိန်ကတော့ ဂျိတ်ကေဟေးဆိုတဲ့ ကောင်းဘွိုင်ဇာတ်ကောင်နဲ့ ပေါက်ခဲ့ဖူးခဲ့သူပါ။ အခုတော့ ဇာတ်လမ်းတွဲလေးတွေမှာ ဗီလိန်လိုက်လုပ်ပေးနေရပါပြီ။ သူ့ရဲ့ စတန့်အရံကတော့ ကလစ်ဖ် ဘုသ် ( ပရက်ပစ်) ပါပဲ။ သူကတော့ ရစ်ခ်ရဲ့ မိတ်ဆွေကောင်းအဖြစ် အတူရုန်းကန်နေတဲ့သူပေါ့။ မာဂေါ့ရော်ဘီကတော့ ဟောလိဝုဒ်နာမည်ကျော် ဒါရိုက်တာ ရိုမန် ပိုလန်းစကီးရဲ့ မိန်းမအဖြစ် သရုပ်ဆောင်ထားပါတယ်။ မထင်ရှားသေးတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ အခြေအနေကိုလည်း ပြထားတာပေါ့။ သူတို့တွေကို အခြေခံပြီး ဟောလိဝုအထာ၊ ဟစ်ပီတွေ၊ အီတလီရုပ်ရှင်တွေနဲ့ ၁၉၆၀ ဝန်းကျင် ရွှေခေတ်ကို ပုံဖော်ပြထားတာလေးကို လှလှပပ ခံစားကြည့်ရမှာပါ။ ဘောနက်စ်အနေနဲ့တော့ ဘရုစ်လီဇာတ်ကောင်ကိုလည်း တွေ့ရပါလိမ့်ဦးမယ်။ ဘရုစ်ဖန်တွေတော့ နည်းနည်းထိရှမလားပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်….

Action • Comedy • Romance
7.4 2019 162 mins
Once Upon a Time… in Hollywood
Kousalya Supraja Rama
8

Kousalya Supraja Rama(2023) IMDb-8.1/10 Budget ၆ ကုဋေပဲ အသုံးပြုပြီး ၁၅ ကုဋေပြန်ရအောင်ရှာနိုင်ခဲ့တဲ့ ကန်နားဒါးဇာတ်ကားကောင်းလေးပါ ဒီကားထဲက ရမ်နဲ့ မူတူးလက်ခ်ျမီးနေရာမှာ သရုပ်ဆောင်တဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ကလည်း ဇာတ်ကားတော်တော်များများတွဲဖက်သရုပ်ဆောင်ဖူးကြတော့သူတို့ရဲ့ဇာတ်ရုပ်ကလည်း ဒီထဲမှာလိုက်ဖက်ညီညီရှိနေမှာပါ ဇာတ်လမ်းအညွှန်း ယောက်ျားဆိုတာ ယောက်ျားမာနရှိရတယ် မိန်းမတွေကို လွှမ်းမိုးရမယ် မိန်းမတွေရဲ့အကူအညီကိုယူနေရတယ်ဆိုရင် ယောက်ျားမပီသတာပဲ ဒီလိုအဆိပ်အတောက်ဆန်တဲ့ ယောက်ျားဝါဒီတွေဆက်တိုက်ရိုက်သွင်းခံခဲ့ရတဲ့ ရမ်တစ်ယောက် ဘယ်မိန်းမကိုမှ အရေးမလုပ်မာနခဲ အဲဒီမာနခဲကိုမှကြွေနေကြတဲ့ ကျောင်းသူတွေကလည်းအများသား၊ သူကတော့ တစ်ယောက်ကိုမှအရေးမလုပ်ခဲ့ ၊ အဲဒီချိန်မှာကောင်မလေးတစ်ယောက် အနားရောက်လာခဲ့တယ် အဲဒီကောင်မလေးကပဲ သူ့ယောက်ျားမာနကို ရိုက်ချိုးခဲ့မိသလို အဲဒီကောင်မလေးကိုပဲ သူချစ်မိသွားခဲ့တယ် ငါတို့ယောက်ျားဆိုတာ….ဆိုပြီး အမြဲမာန်တက်နေတဲ့ ဆန်တူတစ်ယောက် အချစ်နဲ့တွေ့တဲ့အချိန်မှာ ပြောင်းလဲသွားမလား သူ့အတ္တမာနတွေပဲဆက်ပြီးလွှမ်းမိုးနေမလား တစ်ယူသန်နဲ့ အရောင်စုံ လောကပတ်ဝန်းကျင်ကြားယှဉ်ပြိုင်မှုကို ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်

8 2023
Kousalya Supraja Rama
Orion and the Dark
6.7

Orion and the Dark (2024) ~ IMDb – 6.7/10, RT – 87%, Meta – 74% ~ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။ အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 715MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 30Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2024 90 mins
Orion and the Dark
[18+] Rita
5

ရီတာနဲ့ အာရီယယ်တို့ဟာ ကြင်စဦး ဇနီးမောင်နှံပါ။ ရီတာက တစ်ချိန်တုန်းက ဘားမယ်တစ်ယောက်ဖြစ်ခဲ့ပြီး အလုပ်သဘောအရထက် ဝါသနာအရကိုထန်တဲ့သူမျိုးပါ။ အဲ့ဒီလိုနဲ့အာရီယယ်နိုင်ငံခြားကိုအလုပ်သွားလုပ်တဲ့အချိန်မှာဟာစလာဖြစ်ပြီး အာရီယယ့်ငယ်သူငယ်ချင်းနဲ့ဖောက်ပြန်ပါတယ်။ နိုင်ငံခြားသွားတဲ့ အာရီယယ်ကလည်းခေသူမဟုတ်ပါဘူး၊ ရောက်ရောက်ချင်းမှာ သူ့အလုပ်ရှင်အမျိုးသားက လိင်တူခြင်းအဓမ္မကျင့်တာကိုခံလိုက်ရလို့ မီးဆိုင်းနဲ့ထုသတ်ဖို့လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလိုကျင့်ကြံခံရတာကို သာယာစပြုလာပါတယ်။ ဒီလိုနဲ့အချိန်တန်လို့အာရီယယ်ပြန်ရောက်လာတဲ့အခါမှာ ရီတာ၊ အာရီယယ်နဲ့ သူ့သူငယ်ချင်းတို့ကြားက ဇာတ်လမ်း၊ ဒါ့အပြင် ရီတာရဲ့မောင်ဖြစ်သူကလည်း ဒီဇာတ်လမ်းထဲကိုဝင်ပါလာမှာဖြစ်တဲ့အတွက် သူတို့တွေကြားမှာ ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာကိုရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကအရမ်းသဘာ၀ကျပြီးလက်တွေ့ဆန်ပါတယ်။လင်နဲ့မယားကြား၊မောင်နှမကြား၊ သူငယ်ချင်းအချင်းချင်းကြား ဘယ်သူကဘယ်သူ့ကိုမှအထာမထားပဲဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အတွက် အားရစရာပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 2GB)/( 890MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 113 mins
[18+] Rita
Lost Soulz
5.7

“Lost Soulz” ရုပ်ရှင်ကားဟာ ဒါရိုက်တာ Katherine Propper ရိုက်ကူးပြီး အမေရိကန် ဟစ်ဟော့ဂီတသမားများတွေရဲ့ စိတ်ကူးအိပ်မက်တွေနဲ့ လမ်းမပေါ်က ခရီးစဉ်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဖျော်ဖြေရေးခရီးထွက်လာတဲ့ Sol တို့ဘော်ဒါတစ်အုပ်က ကိုယ်တိုင်ရှာဖွေတွေ့ရှိမှုနဲ့ ပေါင်းစပ်ပြီး စွန့်စားခန်း တစ်ခုထွက်လာတာဖြစ်သလို သူတို့အချင်းချင်းကြားက စကားလုံးတွေမလိုဘဲ တေးဂီတဖန်တီးမှုကြောင့် ထူးခြား‌ပျော်စရာကောင်းလာပြီး ခင်မင်ရင်းနှီးသွားကြတာ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အမိုက်စားကိုယ်ပိုင် ရက်ပ်သီချင်းတွေကို တဝကြီးခံစားရမှာဖြစ်သလို Sol နဲ့ သူ့ရဲ့ဘော်ဒါတစ်သိုက်က ဂီတသံတွေနဲ့ သူ့ဘဝ အကြောင်းတွေကို ထင်ဟပ်ပြသသွားမှာပါ။ ဂီတရှုခင်းတွေ၊ အနုပညာကို အတူတကွ ဖန်တီးခြင်းတွေနဲ့ အတူ လူအများကိုပျော်ရွှင်မှုပေးစွမ်းစေနိုင်တာကြောင့် စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ရက်ပ်ဂီတရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…3.34GB / 1.19GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.7 2023 95 mins
Lost Soulz
Virgin Theory

Virgin Theory (2014) ******************** Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့ The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ————– ဂွန်မာဟီး (Hwang Woo Seul Hye) က ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ် သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူ (Kim JIn Woo) ကို ကြိတ်သဘောကျနေပေမဲ့ ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ် တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် သူတို့အိမ်ကို ဆယ်‌ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ် ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါ ရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းက ဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ မာဟီးကိုသင်ပေးပါတော့တယ်… ဒါပေမဲ့ အပျိုးကြီးမာဟီးက သူ့ဆရာမဆယ်ယောင်းသင်ပေးတဲ့အတိုင်း လိုက်လုပ်နိုင်မလား ဘယ်လို အလွဲလေးတွေ ဟာသလေးတွေကြုံတွေ့ရမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် အညွှန်းကိုတော့ Aom မှ ရေးသားပေးထားပါတယ် File size…1.87GB / 725.50MB Quality…WEB-DL 1080p 720p Genres: Comedy, Romance Duration: 1 hr 40 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Aom Encoded By Heather Oo

0 2014
Virgin Theory
The Monkey King 3
6

ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။ အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ် ယောကျ်ားသားကိုမဆို သတ်ပစ်ဖို့လုပ်ခဲ့တာ မို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့ တယ်။ အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှ နိုင်ငံကို ဖုံးအုပ်ထားတဲ့ ဧရာမ မှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ် ဂိတ်တံခါးကို ကျော် ဖြတ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ချစ်ခြင်းမေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ်။ ဆရာတော် ရှန်ကျန်းအဖို့ ကျမ်းစာတွေသယ်ဖို့ ခရီးဆက် ထွက်မလား၊ အချစ်အတွက် ပေး ဆပ်မလားဆိုတာ ဝေခွဲမရဖြစ်နေ ချိန်မှာ ကွမ်ရင်မယ်တော်ရောက် လာပြီး အမှန်မြင်နိုင်ဖို့ လမ်းပြခဲ့ ပါတယ်။ အဲဒီအခါမှာ ဆရာတော်ရှန် ကျန်းတို့ရဲ့ မေတ္တာဇာတ်လမ်းက ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲဆို တာကို အမိုက်စားဆက်တင်တွေ၊ ရိုက်ချက်တွေနဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေက မျောက်မင်းဝူခုံးအဖြစ် Aaron Kwok၊ ဆရာတော်ရှန် ကျန်းအဖြစ် Feng Shaofeng၊ မိန်းမလှဘုရင်မအဖြစ် Zhao Liying၊ ပါကျဲအဖြစ် Xiao Shenyang၊ ဝူဂျင်းအဖြစ် Him Law တို့ပဲ ဖြစ်ပါတယ်။

6 2018
The Monkey King 3
Mercy Killing
6.8

Mercy Killing (2024) ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့် IMdb – 8.8/10 Euthanasia တို့ Mercy Killingတို့ဆိုတာ ဆေးပညာရပ်ဝန်းမှာအမြဲဒွိဟ‌ဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခု ဆေးပညာရပ်ဝန်းမှာ Mercy Killingဟာ ဘာလဲလို့ပြောရရင်တော့ ကုမရတော့တဲ့ရောဂါ အကြောသေလေဖြန်းလို့ သူတစ်ပါးအတွက် အမြဲဝန်ပိုဘဝနဲ့ ကိုမာဝင်နေလို့ သစ်ပင်လူသားလို အိပ်ရာပေါ်မှာရှင်သန်နေရသူတွေကို တရားသူကြီးအမိန့်နဲ့ ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ဒီကားလေးထဲမှာတော့ Mercy Killing ပေးဖို့တောင်းဆိုနေတာက နာဖျားနေသူလည်းမဟုတ် သစ်ပင်လူသားလို အိပ်ရာထဲလဲနေတာလည်းမဟုတ်တဲ့ ၁၄ နှစ်အရွယ် အရွယ်ကောင်းပညာသင်လို့ကောင်းတဲ့အရွယ် ကောင်မလေး ဆွယ်ချာ တရားဥပဒေနဲ့ အာဏာရအစိုးရကို အယုံအကြည်မရှိတော့လို့ မေတ္တာတရား ကိုယ်ချင်းစာမှုဆိုတာ ဘာလဲမသိတော့တဲ့ကမ္ဘာကြီးမှာ ရှင်သန်မယ့်အစား ငြိမ်းချမ်းစွာ သေဆုံးခွင့်ကို ရွေးခွင့်ပေးပါလို့ မြို့လယ်ခေါင်မှာ တောင်းဆိုနေပါသတဲ့။ တကယ်တော့ ဆွယ်ချာဟာ ကံဆိုးရှာတဲ့ မိဘမဲ့ကလေးတစ်ယောက်၊ ဉာဏ်ရည်ထက်မြက်ပြီး သင်လွယ်တတ်လွယ်ကလေးတစ်ယောက်ပေမဲ့ မိဘမဲ့ဆိုတဲ့ စကားလုံး ၃ လုံးက အရိပ်လို အမြဲနောက်ကနေ ခြောက်လှန့်နေတော့ သူ့မိဘတွေဘယ်သူလဲဆိုတာ ရှာဖို့ထွက်လာတဲ့ ကလေးမလေးတစ်ယောက် ဒီလို ရည်မှန်းချက်တွေ အနာဂတ်တွေနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်ဝနေရမယ့် ၁၄ နှစ်က‌လေးမလေးက သူ့ကိုသတ်ပေးဖို့ မြို့လယ်ခေါင်ကိုထွက် ဆန္ဒပြရတဲ့အထိ သူဘယ်လိုမတရားမှု‌တွေကြုံခဲ့ရတာလဲ။ သူ့ရဲ့မိဘတွေရှာနေချင်တဲ့ ရည်မှန်းချက်ကရော ပြည့်ဝသွားမလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.8 2024
Mercy Killing
The Little Rascals Save the Day
5.1

The Little Rascals ဆိုတာကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့တစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ The Little Rascals ခေါင်းစဉ်နဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ အဲထဲမှာ The Little Rascals Save The Day (2014) လည်းတစ်ကားအပါအဝင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကြည့်ရှုသူကို အတော်လေး Comfort ဖြစ်စေပါတယ်။ ကလေးတွေကို ဦးစားပေးရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တာမလို့ ကလေးချစ်သူတွေကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဒါ့အပြင် Wednesday သရုပ်ဆောင် Jenna Ortega ငယ်ငယ်က ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ဇာတ်ညွှန်း The Little Rascals ဇာတ်လမ်းတိုင်းမှာ အဓိကနေရာကပါဝင်တဲ့ Alfalfa တို့အဖွဲ့တစ်သိုက်ဟာ ကျောင်းနောက်ဆုံးနေ့မှာ ကျောင်းလစ်လာခဲ့ပါတယ်။ ကျောင်းလစ်ပြီး အလွဲတွေလုပ် နောက်ဆုံးမှာတော့ သူတို့ ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်ကိုရောက်သွားပါတယ်။ အရသာမှာ ပြိုင်စံရှားဖြစ်တဲ့ ဖွားဖွားလက်ရာတွေကိုမြည်းပြီးတော့ ကလေးတစ်သိုက်ဟာ သစ်ပင်အိမ်ပေါ်ကိုတက်ပြီး လာမယ့်အရည်အချင်းပြပြိုင်ပွဲအတွက် သီချင်းတိုက်ပါတော့တယ်။ ခေါင်းဆောင်အဆိုတော်ကတော့ Alfalfa ဖြစ်ပြီး သိတဲ့အတိုင်း Alfalfa ကလည်း Darla မှမရှိရင် မိုက်ကိုလက်နဲ့တောင်မထိချင်တဲ့လူဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ တီးဝိုင်းလေးကလည်း တစ်ယောက်တမျိုး တိုင်ပတ်နေပါတော့တယ်။ တစ်ဖက်မှာလည်း ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်လေးက အကြွေးကြောင့် ဘဏ်ကသိမ်းတော့မှာဖြစ်ပါတယ်။ အဲဒီကိစ္စကိုသိသွားတဲ့ ကလေးတစ်သိုက်ကတော့ ဖွားဖွားအကြွေးတွေကို ကူဆပ်ဖို့ ကလေးအသိဉာဏ်နဲ့ တတ်နိုင်တဲ့ဖက်ကနေ ကူညီဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှတစ်ခါ မလွဲရရင် မနေနိုင်ပါဖူးဆိုတဲ့ Alfalfa တို့ကလေး တစ်သိုက် ဘယ်လိုများ ဖွားဖွားကိုကူညီမှာလဲ။ File Size : 1.9 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 38min Format : Mp4 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

5.1 2014
The Little Rascals Save the Day
Hoard
6.6

Hoard (2023) IMDb Rating (6.6) / Rotten Tomatoes (94%) မာရီယာက မိခင်ဖြစ်သူ စင်သီယာနဲ့ အမေတစ်ခုသမီးတစ်ခုကြီးပြင်းလာခဲ့ရသူဖြစ်တယ်။ စင်သီယာက စွန့်ပစ်ပစ္စည်းတွေကို‌ကောက်ရတာ ဝါသနာကြီးသူဖြစ်တာကြောင့် အိမ်မှာအမြဲအမှိုက်တွေပွနေတတ်ပြီး သမီးဖြစ်သူနဲ့လည်း အဲ့ကိစ္စကြောင့် စကားများတတ်ကြပါတယ်။ ဒါပေမဲ့ မာရီယာလေး ဆယ်ကျော်သက်အရွယ်ကျောင်းသူဘဝရောက်လာတဲ့အချိန်မှာတော့ မွေးစားမိခင် မီရှဲလ်နဲ့အတူ ဘဝအသစ်တစ်ခုမှာနေနေရပါတော့တယ်။ မာရီယာက ကျောင်းထွက်လိုက်ပြီး ဘာလုပ်မှန်းမသိဖြစ်နေချိန်မှာ မီရှဲလ်အရင်ကစောင့်ရှောက်ပေးခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့လူတစ်ယောက် သူတို့အိမ်မှာလာတည်းဖို့အကြောင်းဖြစ်လာပါတော့တယ်။ မိုက်ကယ်က ချစ်သူကောင်မလေးရှိရက်နဲ့ မာရီယာ့အပေါ်စိတ်ခံစားချက်တွေ ယိုင်နဲ့လာတဲ့အခါတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမဲ့ စိတ်ကျန်းမာရေးအသားပေး ဒရာမာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….02:07:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

Romance • Drama
6.6 2024 126 mins
Hoard
The Other Woman
6

The Other Woman (2014) IMDb Rating (6.0) ညှို့အားပြင်း မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ၊ နှုတ်ခမ်းဖျားကမှဲ့လေးနဲ့ ချစ်စဖွယ် အလှပိုင်ရှင် Vogue Model ကိတ်အပ်(ပ)တန် (Kate Upton) ၊ 17 Again, This is 40 စတဲ့ဇာတ်လမ်းတွေထဲကမင်းသမီး လက်(ဇ)လီမန်း (Leslie Mann) တို့အပြင် bonus အနေနဲ့ ရပ်(ပ်) အဆိုတော် Nicki Minaj စတဲ့ မင်းသမီးအလန်းတွေချည်း တစုတစည်းတည်း သောင်းကျန်းထားတဲ့ အချစ်ဟာသရုပ်ရှင်ကားကြီးပါ။ အဲ့လို မင်းသမီးအလန်းတွေကို တပြိုင်တည်းဆော့ကစားမယ့် ဘဲကြီးကတော့ Game Of Thrones ရဲ့ အချစ်သူရဲကောင်းကြီး ဂျိမ်းလန်နစ်စတာအဖြစ် လူသိများသူ မင်းသား Nicolaj Coster-Waldau ပဲ ဖြစ်ပါတယ်… အချစ်သူရဲကောင်းကြီးကိုတော့ ဒီဇာတ်ကားထဲမှာလဲ အချစ်တွေများနေတဲ့ သူရဲကောင်းအဖြစ် မြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းကတော့…. ထက်မြက်ပြီးချောမောလှပတဲ့ ကာလီတယောက် သူတွဲနေတဲ့ သူ့ ချစ်သူ မက်ခ်ဟာ အိမ်ထောင်ကျပြီးသားဖြစ်ပြီး သူက ရာထူးနိမ့်နေတာကို သိသွားပါတယ်။ အဲဒီနောက် ကာလီဟာ မက်ခ်ရဲ့ မိန်းမ ကိတ်နဲ့တွေ့ပြီး သူတို့နှစ်ယောက် မထင်မှတ်ဘဲ သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ မက်ခ်မှာ သူတို့နှစ်ယောက်အပြင် နောက်ထပ် မိန်းမချောလေးတစ်ယောက် ရှိသေးတယ်ဆိုတာကိုပါ ထပ်သိသွားပါတော့တယ်။ ဒီလို ဆော် ၃ ပွေကို တပြိုင်တည်းတွဲနေတဲ့ မက်ခ်ဆိုတဲ့ ဘဲကြီးဟာ စီးပွားရေးလောကမှာပါ လိမ်လည်ကောက်ကျစ်လှည့်ဖျားတတ်တဲ့သူဖြစ်ပြီး မိန်းမမြင်ရင် ခြေရှုပ်ချင်တဲ့ဘဲကြီးဆိုတာ သိသွားတဲ့အခါမှာတော့ မိန်းမတွေရဲ့ နာကျည်းမှုတွေဟာ သူ့အပေါ်ကို အပြွတ်လိုက် ကျရောက်လာပါတော့တယ်။ ကဲ ဘယ်လိုတွေ ရှေ့ဆက်ဖြေရှင်းကြမလဲဆိုတာ အလှလေးတွေထိုင်ကြည့်ရင်း ရယ်မောပျော်ရွှင်ရမယ့်ဇာတ်ကားပါ။

6 2014 109 mins
The Other Woman
Nutcrackers
5.5

ဒီရုပ်ရှင်ကားကတော့ Comedy တစ်ဖြစ်လဲ မိသားစု Drama ရုပ်ရှင်ကားပါ… Night at the Museum, Tower Heist, The Watch ရုပ်ရှင်တွေနဲ့ လူသိများတဲ့ မင်းသားကြီး Ben Stiller က ပင်တိုင်ပါဝင် သရုပ်ဆောင်ထားပြီး ညီအစ်ကိုနေရာမှာ သရုပ်ဆောင်ထားတဲ့ ကလေးလေးယောက်ကလည်း လက်တွေ့ဘဝမှာပါ တကယ့် ညီအစ်ကိုရင်းတွေဖြစ်တာမို့လို့ Chemistry မိမိနဲ့ ဟာသနှောထားတဲ့ မိသားစုရုပ်ရှင်ကားလေးကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်… ချီကာဂိုက Millican Group ဆိုတဲ့ ကုမ္ပဏီမှာ အကြီးတန်း ဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာအနေနဲ့ လုပ်နေတဲ့ မိုက်ကယ် မက်စ်ဝဲလ် သူ ၆ နှစ်တာလောက် အသည်းအသန်ပြင်ဆင်နေတဲ့ အစိုးရ ပရောဂျက်ကြီးအတွက် တခြားကုမ္ပဏီနဲ့အပြိုင် ယှဉ်လုနေရတဲ့ အရေးကြီးအချိန်မှာမှ… အချိန်အတော်ကြာ စကားမပြောဖြစ်တော့တဲ့ ညီမဖြစ်သူနဲ့ သူ့ယောကျ်ားက ကားမှောက်ပြီး သေဆုံးသွားတဲ့အတွက် သူတို့ရဲ့နေအိမ် အိုဟိုင်းယိုးက ယာတောမှာ ကျန်ရစ်ခဲ့သူ ကလေးလေးယောက်ကို မွေးစားအိမ်ရှာပေးဖို့ သူ့ခေါင်းပေါ် တာဝန်ကျလာပါတော့တယ်… သူ့အထင်တော့ မွေးစားအိမ်ရှာတွေ့ပြီးလို့ စာချုပ်မှာလက်မှတ် ထိုးရုံလောက်ပဲ ပြီးရင်အိမ်ပြန်မယ်လို့ တွေးထားခဲ့ပေမဲ့ သူထင်ထားသလို ဖြစ်မလာခဲ့ဘဲ မွေးစားမိဘရှာဖို့ အခက်အခဲ ဖြစ်နေတာကိုမှ တူတော်လေးတွေကလည်း အမွှေစိန်တွေ ဖြစ်နေတဲ့အခါ အရေးတကြီး ပြန်သွားဖို့လိုတဲ့ အလုပ်ကိုပဲ ဦးစားပေးမလား… သူ့ရဲ့အမွှေစိန်တူလေးတွေကို ဦးစားပေးမလားဆိုတာနဲ့ သူတို့ကို ခေတ္တစောင့်ရှောက်ပေးနေစဉ်အတွင်း တူဝရီးတွေကြား ဖြစ်ပျက်သမျှ အလွဲတွေကို ဒီရုပ်ရှင်မှာ ကြည့်ရှုခံစားပြီး ရယ်မောနိုင်မှာ ဖြစ်ပါတယ်… File size… (2.87GB) / (1.03GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 44m Genre ….. Comedy , Drama , Holiday Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.5 2024 104 mins
Nutcrackers