YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Rose.Mansion.S01E08.720p[CM].mp4

392.31 MB N/A video/mp4 826 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Grudge
5.9

The Grudge (2004) ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။ ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။ အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို...... Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ The Grudge (2004) ကို အမှောင်ထဲမှာ အသံကျယ်ကျယ်လေးဖွင့်ပြီး ကြည့်ရှူခံစားလန့်ဖျပ်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 620MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 31Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Comedy
5.9 2004 92 mins
The Grudge
Once Upon a Time in the West
8.3

~ IMDb - 8.5/10, RT - 95%, Meta - 80% ~ Directed By Sergio Leone ရုပ်ရှင်သမိုင်းထဲက အပြောင်မြောက်ဆုံး ဒါရိုက်တာတွေအကြောင်းပြောရင် Sergio Leone ကို ချန်ခဲ့လို့မရလောက်ပါဘူး။ Sergio Leone ဆိုတဲ့ နာမည်ကို သိပ်မရင်းနှီးရင်တောင် Dollars Trilogy တို့ Once Upon A Time In America တို့ကို ရင်းနှီးကြမှာပါပဲ။ Sergio ဟာ တစ်သက်လုံးမှာမှ ၇ကားပဲ ရိုက်ခဲ့ပြီး ၆ကားက အနုပညာအရ ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့ကားတွေပါ။ သူရိုက်ခဲ့တဲ့ Dollar သုံးကားကိုတော့ Dollars Trilogy အဖြစ် သတ်မှတ်ထားပြီး Once Upon A Time In America, Once Upon A Time In The West နဲ့ Duck, You Sucker! တို့ကိုတော့ Once Upon A Time Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ဒီ Trilogy ၂ခုစလုံးဟာ အကောင်းဆုံး Trilogyတွေ စာရင်းတွေရဲ့ ထိပ်နားတွေမှာ ပါနေကျပါပဲ။ ဒီ၆ကားလုံးမှာ Once Upon A Time In America ကလွဲ ကျန်တဲ့၅ကားက Spaghetti Western ကားတွေပါပဲ။ ၆ကားလုံးဟာ သူ့မာစတာပိစ်‌တွေလို့ ပြောလို့ရပါတယ်။ Sergio ကို Spaghetti Western ရဲ့ Creator လို့ ဆိုကြပါတယ်။ Spaghetti Western ဆိုတာက Western ကားတွေရဲ့ genre အခွဲတစ်ခုဖြစ်ပြီး ‌အီတလီသားတွေရိုက်တဲ့ Western ကားတွေကို ဝေဖန်ရေးသမားတွေပေးထားတဲ့နာမည်လို့ အကြမ်းဖျင်းဆိုလို့ရပါတယ်။  Sergioဟာ အနီးကပ်ရိုက်ချက်တွေ Long Takeတွေ လှိုင်လှိုင်သုံးပြီး ရိုးရိုးရှင်းရှင်း ဇာတ်လမ်းကိုတောင် အစကြည့်မိတာနဲ့ ဘာဆက်ဖြစ်မလဲသိချင်ပြီး ဆုံးတဲ့ထိကြည့်မိအောင် ဆွဲ‌ဆောင်မှုရှိတဲ့ Storytelling မျိုးကို သုံးတတ်တဲ့သူပါ။ သူရိုက်တဲ့ Westernကားတွေမှာ သေနတ်မပစ်ခင်ကို အချိန်အတော်ယူပြီး ကာရိုက်တာတွေရဲ့ အနေအထားကို ပြတတ်ပြီး ‌ချွေးတွေမျက်နှာမဲကြီးတွေ မမှိတ်မသုန်အကြည့်တွေကို အနီးကပ်ရိုက်ပြ ပုံဖော်တတ်ပါတယ်။ အသေးစိတ်ကို ပုံဖော်တတ်တဲ့ Perfectionist လို့ ဆိုလို့ရပါတယ်။  Once Upon A Time In The West ဟာ Sergio ရဲ့ ပုံစံအတိုင်းပဲ ပဟေဠိဆန်တဲ့ ကောင်းဘွိုင်သေနတ်သမားတစ်ယောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ 12 Angry Men က Henry Fonda, The Magnificent Seven က Charles Bronso nနဲ့ Claudia Cardinaleတို့က အဓိကသရုပ်ဆောင်ထားသလို Sergio ရုပ်ရှင်ပီပီသသ စီနီမာတိုလည်း လန်းပါတယ်။  ထူးခြားတာကတော့ မကြည့်ခင်က အဓိကဇာတ်ကောင်က Henry Fonda ဖြစ်မယ်ထင်ခဲ့ပေမဲ့ တကယ်တမ်း သူက ဗီလိန်နေရာက သရုပ်ဆောင်ထားတာပါ။ Henry Fonda ရဲ့ တစ်ခုတည်းသော ဗီလန်ဇာတ်ကောင်ဖြစ်ပြီး တခြားသရုပ်ဆောင်တွေကိုလည်း သူတို့သရုပ်ဆောင်နေကျနဲ့ ကွဲပြားတဲ့ ပုံစံတွေမှာ သုံးသွားတယ်ဆိုပါတယ်။ ပသို့ပဲဆိုဆို Henry Fonda ကတော့ သရုပ်ဆောင်ကောင်းမြဲပါပဲ။  Featured Song ဖြစ်တဲ့ Once Upon A Time In The West ကို Ennio Morricone က ရေးသားထားတာဖြစ်ပြီး သူဟာ Academy Honorary Award ရထားတဲ့ နှစ်ယောက်တည်းသော Composer တွေထဲက တစ်ယောက်ပါ။ Sergio ရဲ့ ကားတိုင်းမှာ သူပါပါတယ်။ ဒီသီချင်းကြောင့်လည်း ရုပ်ရှင်ဟာ Once Upon A Time ဆိုတဲ့ စကားလုံးနဲ့ ပိုပြီးလိုက်ဖက်သွားခဲ့တာပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.9GB, 1.53GB Quality - Blu-ray 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 45Min Genre - Western Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller
8.3 1968 166 mins
Once Upon a Time in the West
Dear David
6

Dear David (2023) ****************** ဇာတ်လမ်းလေးကတော့ဂျာကာတာမြို့က ကဟရာအထက်တန်းကျောင်းမှာ Dear David ဆိုတဲ့ အပြာဇာတ်လမ်းဟာ ကျောင်းသားကျောင်းသူတွေကြားမှာ အရမ်းရေပန်းစားလာပါတယ်။ ဒါပေမယ့် ကျောင်းမှာကလည်း ကျောင်းသူတွေကြားမှာ‌နာမည်ကြီးနေတဲ့ ဒေးဗစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက်ကလည်းရှိနေပြန်တယ်။ ဒီလိုဇာတ်လမ်းထွက်လာတော့ ဒေးဗစ်က အနေအထိုင်ကျပ်လာပြီး စာရေးတဲ့သူကိုလိုက်တဲ့အခါ ကျောင်းသားရေးရာဥက္ကဌလည်းဖြစ် စကော်လာရှစ်ရထားတဲ့အတန်းဖော်ကျောင်းသူလေး လာရာစ်ဖြစ်နေတာကိုသိလိုက်ရတယ်။ တကယ်ရေးခဲ့လား မရေးခဲ့လားဆိုတာမေးခဲ့အခါမှာ‌တော့ လာရာစ်ဟာ သူရေးခဲ့ကြောင်းဝန်ခံတယ်။ လာရာစ်က ကျောင်းမှာဘယ်သူ့ကိုမှလျှောက်မပြောဖို့နဲ့ ဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်တယ်။ အဲ့ဒီနောက်မှာတော့…. File Size :(1.29GB),(572.9 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:58:00 Genre : Comedy , Romance ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

6 2023
Dear David
The Haunting of Hell Hole Mine

ဇာတ်လမ်းလေးကတော့ လုခ်တောင်ဆန်ဟာ သူ့တူမလေး ပိုနီရဲ့မိဘတွေ ကျိန်စာဆိုးတစ်ခုကြောင့် သေဆုံးသွားတဲ့အတွက် မိသာစုဝင်အနေနဲ့ တူမလေးတစ်ယောက်သာကျန်တဲ့အတွက် အစစအရာရာတာဝန်ယူပြီး စောင့်ရှောက်ပေးထားတယ်။ တောင်ဆန်တို့မျိုးရိုစဉ်ဆက်တစ်ခုလုံးက စိတ်ကျန်းမာရေးကြောင့် သေဆုံးသွားကြတယ်။ လုခ်ဟာ ဒီကိစ္စကိုမယုံပေမယ့် ‌ ဦးလေးဖြစ်သူသေဆုံးသွားပြီးနောက်မှာ သူတို့အတွက် ရွှေမိုင်းတွင်း‌ဟောင်း တစ်ခုကိုအမွေပေးခဲ့တယ်။အဲ့နောက်ပိုင်းမှာ ပိုနီဟာစိတ်ကယောင်ခြောက်ခြားတွေ စဖြစ်လာပြီး ကိုယ့်ကိုယ်သတ်သေဖို့အဆင့်အထိဖြစ်လာတယ်။ လုခ်ဟာသူ့တူမကို တားဆီးလိုက်နိုင်ပြီးတော့ ဆေးရုံပို့လိုက်တယ်။ တူမလေးကိုအရမ်းစိတ်ပူတဲ့အတွက် သီးသန့်နေရာကိုပြောင်းပေးချင် ပိုက်ဆံကလည်းမရှိဘူး။ သူနဲ့အတူတူနေတဲ့ ရော့စကိုနဲ့ဒွန်ဟာ အမွေရထားတဲ့‌ရွှေမိုင်းတွင်းကို သွားကြည့်သင့်ကြောင်းပြောလာတဲ့အခါမှာတော့…… File size…1.85GB / 806MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Comedy
0 2023 107 mins
The Haunting of Hell Hole Mine
War of the Wills
6.3

ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ဝီလ်တို့ သားအဖကြားက မတည့်အတူနေစစ်ပွဲကိုမြင်တွေ့ရမယ့် Comedy Drama movieလေးပါပဲ…။ ဇာတ်လမ်းထဲမှာတော့ ကျိကျိတက်ချမ်းသာတဲ့အဘိုးဖြစ်သူသေဆုံးသွားပြီးတော့ အမွေတွေတစ်ပုံတစ်ပင်ကြီးကို မြေးဖြစ်သူဝီလ်နဲ့ သူ့အဖေကို ညီတူညီမျှခွဲဝေပေးခဲ့ပါတယ်…။ ဒီအတိုင်းရော့အင့်ဆိုပြီး ပေးလိုက်တာမျိုးမဟုတ်ဘဲ စည်းကမ်းချက်တစ်ခုရှိပါတယ်…။ အဲ့ဒီ စည်းကမ်းချက်ကတော့ ဝီလ်တို့သားအဖနှစ်ယောက် အဘိုးဖြစ်သူချန်ခဲ့တဲ့ အိမ်ကြီးမှာ ၂၉ရက်တာ၊ ခြံဝန်းအပြင်ဘက် ဘယ်ကိုမှထွက်သွားခွင့်မရှိဘဲ အိမ်ထဲမှာပဲအတူနေရမှာပါ…။ တစ်ယောက်က မနေနိုင်ရင် ဒါမှမဟုတ် ခြံဝန်းအပြင်ထွက်မိရင် ကျန်တဲ့သူက အမွေအကုန်ရမှာပါ…။ စည်းကမ်းချက်က ရှင်းရှင်းလေးပါ… ခက်တာက ဝီလ်တို့ သားအဖနှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက သင့်မြတ်မှုမရှိတာပါပဲ…။ ဒီတော့ ဒီသားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အမွေမရအောင် ချောက်ချရင်း… အဆုံးသတ်မှာ ဘယ်သူကအမွေတွေရသွားမလဲဆိုတာကို plot twistလေးနဲ့ ကြည့်ရမယ့် ဇာတ်လမ်းလေးပါပဲ…။ File size…1.64GB / 684MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.3 2023
War of the Wills
Tainted Love
6

ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တို့လို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။ 2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့…. သူတို့ကိုလိမ်တဲ့သူတွေနဲ့‌ပြန်တွေ့မလား … ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ

Horror • Thriller • Science Fiction
6 2023
Tainted Love
Jin & Jun
5.2

Jin & Jun (IMDb 5/10) ဂျွန်နိုင်ဒီဆိုတဲ့ကောင်လေးဟာ သူလက်ရှိတက်နေတဲ့ ကျောင်းမှာ ထောက်ပံ့ကြေးနဲ့ တက်နေရတဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့… ဘဝနာတဲ့သူတွေက ပိုကြိုးစားလေ့ရှိတယ်ဆိုသလိုပဲ ဂျွန်ဟာလည်း ကျောင်းမှာ စာကို အများသူငှာထက် သာအောင်တော့ လုပ်တဲ့ သူတစ်ယောက်ပါ… ဒါကြောင့်လည်း ကျောင်းက လူချမ်းသာတွေရဲ့ သားသမီးတွေနဲ့ စုဖွဲ့ထားတဲ့ ဘူလီဂိုဏ်းတွေက သူ့ဆီကနေ အမှတ်ကောင်းတွေ ရဖို့ အနိုင်ကျင့်လေ့ရှိပါတယ်… စာတင်မဟုတ်ဘဲ ဂျွန် သဘောကျနေရတဲ့ ဆာရာကိုပါ ဂျွန် မရအောင် လိုက်ကာဆီးနေတဲ့ ဖာရာအိုတို့ အဖွဲ့လည်း ရှိပါသေးတယ်… တစ်နေ့မှာ ဂျွန်ဟာ အခွင့်ကြုံခိုက်မှာ ဆာရာကို စကားသွားပြောပါတော့တယ်… ဒါကို မြင်သွားတဲ့ ဖာရာအိုတို့က ဂျွန်ကို ဆာရာထွက်သွားချိန်မှာ ဝိုင်းဖွဲ့အနိုင်ကျင့်ပါတော့တယ်… အဲ့နောက်မှာ ဂျွန်လည်း သူငယ်ချင်းတွေ အကူအညီနဲ့ ထွက်ပြေးလို့ လွတ်လာပေမယ့် ဖာရာအိုတို့က ဝိုင်းပိတ်ဖမ်းတာကြောင့် သရဲခြောက်တယ်လို့ လူသိများတဲ့ ခြံနားမှာ မိသွားကြပါတယ်… ဒီလိုနဲ့ ဖာရာအိုတို့က ဂျွန်ကို ပညာပေးတဲ့အနေနဲ့ သရဲအိမ်ကြီးထဲမှာ ကြိုးတုပ်ထားခဲ့ပါတော့တယ်… ဂျွန် ပြန်သတိရလာတဲ့အခါ အိမ်ကြီးထဲက လွတ်မြောက်အောင် ကြံစည်ရင်း မြေအောက်ခန်းတစ်ခန်းကို ရောက်သွားပါတော့တယ်… အခန်းထဲမှာ အစီအရင်တွေနဲ့ ပုလင်းများလည်း ရှိနေပြီး ထိုထဲက တစ်ပုလင်းကို ဂျွန် ကောက်ဖွင့်ကြည့်လိုက်တဲ့အခါ… ဂျင်ဆိုတဲ့ မီးခွက်စောင့်ဘီလူးလည်း ထွက်လာပါတော့တယ်… ထုံးစံအတိုင်း မီးခွက်စောင့်ဘီလူးနဲ့ ဂျွန်ရဲ့ တောင်းဆုတွေအကြောင်း ရိုက်ပြထားတာပေါ့… ဇာတ်လမ်းဟာ အာလာဒင်လို ခပ်ဆင်ဆင်ဆိုသော်ငြား အင်ဒိုနီးရှားဗားရှင်းမို့ မတူကွဲပြားမှုတွေ များစွာပါဝင်နေပါတယ်… ဂျွန်ရဲ့ တောင်းဆုတွေဟာ အမှန်တကယ်ဖြစ်မြောက်လာပေမယ့် သူမမြင်ရမသိရသေးတဲ့ အကြောင်းတရားတွေလည်း ရှိလို့နေပါတယ်… ဒီဇာတ်လမ်းဟာ လူငယ်ကျောင်းသားကား ဖြစ်တာမို့ ရီစရာလေးတွေနဲ့ တသောသော ရယ်မောရင်း သင်ခန်းစာလေးတွေလည်း ရတာမို့ အပျင်းပြေကြည့်ကြပါလို့ အကြံပြုလိုက်ရပါတယ်…. အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Fantasy Quality…. 1080p | 720p File size… 1.4GB | 736MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.2 2023
Jin & Jun
Broken Hearts Trip

Broken Hearts Trip (2023) Broken Hearts Trip ဖိလစ်ပိုင် LGBTQကားအသစ်‌ပါ။ LGBTကားကိုမှ နည်းနည်းဆန်းဆန်းပြားပြားဖြစ်သွားအောင် Variety Showလုပ်တဲ့ အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ပြထားတာပါ။ သူတို့လုပ်တဲ့ရှိုးကတော့ အသည်းကွဲနေတဲ့ LGBTတွေ ခရီးထွက်ပြီး အသည်းကို ပြန်ကုစားမယ့် အကြောင်းပါ။ သိတဲ့အတိုင်း ဖိလစ်ပိုင်ဂေးတွေ ထိုင်းဂေးတွေက ရယ်ရတတ်တယ်ဆိုတော့ ဒီထဲက ဂေးတွေတော်တော်များများကလည်း ရယ်ရပါတယ်။ သက်ကြီးဂေး သက်ငယ်ဂေး ဆယ်လီဂေး ဂေးချော ဂေးတောင့် ဂေးဖြောင့် ထရန်ဂျန်ဒါတွေ စသဖြင့် အသည်းကွဲနေတဲ့ ဂေးပေါင်းစုံ စုနေတဲ့ကားပါပဲ။ ဒီရှိုးမှာ သူတို့ဟာ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က ဆုငွေတစ်သန်းရမှာပါ။ သူတို့တွေထဲ တစ်ယောက်ကိုတစ်ယောက်ဖေးမကြတဲ့လူတွေရှိသလို တစ်ယောက်ကိုတစ်ယောက် တွန်းချကြတဲ့လူတွေလည်းရှိပါတယ်။ ဘယ်လိုလူတွေဟာ ဘယ်လိုပုံစံတွေနဲ့ ဒီအသည်းကွဲခရီးစဉ်ရှိုးမှာ ဝင်ပြိုင်ပြီး ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်မလဲဆိုတာကို ကြည့်ရမယ့် ဖိလစ်ပိုင်ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲက ရှိုးကို လေကြောင်းလိုင်းနဲ့ Tours ကုမ္ပဏီက စပွန်ဆာပေးထားတာမို့ ဖိလစ်ပိုင်ရဲ့ အလှဆုံးဆိုတဲ့နေရာတွေမှာချည်း သူတို့တွေ ခရီးသွားနေရမှာပါ။ ထူးတာက ပြိုင်ပွဲဖြစ်တာကြောင့် အပြိုင်အဆိုင်တွေလည်း ရှိပေမဲ့ သူတို့ရဲ့အသည်းကွဲနောက်ခံဇာတ်လမ်းတွေ သူတို့ရဲ့အသည်းကို ပြန်ကုစားခြင်းတွေဟာ နွေးတော့နွေးထွေးနေပါတယ်။ တစ်ကားလုံး LGBTQကို အသားပေးထားတဲ့ရုပ်ရှင်ဖြစ်သလို ဖိလစ်ပိုင်ရဲ့ အလှပဆုံး စိတ်လှုပ်ရှားဖို့အကောင်းဆုံးနေရာတွေမှာရိုက်ပြထားတာမို့ ဇာတ်လမ်းတော့ အရမ်းကြီးမကောင်းလှပေမဲ့ ဖိလစ်ပိုင်းကားတစ်ကားအနေနဲ့တော့ ကြည့်ရမဆိုးတဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller
0 2023
Broken Hearts Trip
The New Dragon Inn: Heroes Awakening
5.8

နန်းတွင်းမှာ မင်းကြီးနာမကျန်းဖြစ်နေပြီး မိန်းမစိုးတွေ စိတ်တိုင်းကျချယ်လှယ်နေတဲ့အချိန်မှာ ကျိုးမိသားစုတစ်ခုလုံးဟာလည်း အပြစ်ရယ်လို့ ကြီးကြီးမားမားမလုပ်မိဘဲ ပုန်ကန်သူအဖြစ် ခေါင်စဉ်အတပ်ခံရပြီး မတရားဖမ်းဆီးခံခဲ့ရပါတယ် ။ အဲဒီအချိန် ကျိုးမျိုးဆက်ဖြစ်တဲ့ ကျိုးဟွိုင်အန်းကို မိန်းမစိုးလက်ထောက်က ရှီးချန်မှာ တစ်အိမ်လုံးအသတ်ခံလိုက်ရတဲ့ ချွီမိသားရဲ့အငယ်ဆုံးသမီးကို ရှီးချန်ကလူတွေလက်‌ထဲမရောက်ခင် ပြန်လုလာခဲ့ပေးဖို့နဲ့ လာမဲ့တစ္ဆေပွဲတော်နေ့မှာ တာဝန်ခံဖုန်ဆီကို လုံမန်ကျွန်း လုံမန်တည်းခိုဆောင်မှာ လွှဲပြောင်းပေးဖို့ တာဝန်ပေးလိုက်ပါတော့တယ် ။ ဒီတာဝန်သာအောင်မြင်ရင် သူ့မိသားစုဝင်တွေရဲ့ စီရင်ချက်က တစ်မျိုးပြောင်းသွားနိုင်တာမလို့ အခွင့်အရေးကို လက်လွှတ်မခံဖို့ပါမှာကြားလိုက်ပါတော့တယ် ။ ဇာတ်လမ်းထဲမှာတော့ ဟွိုင်အန်းတစ်ယောက် ချွီအိမ်ရဲ့သမီးအငယ်ဆုံးလေးကို ဘယ်လိုကယ်တင်လာမယ်ဆိုတာရယ် လုံမန်တည်းခိုဆောင်မှာ ဘယ်လိုလျို့ဝှက်ချက်တွေ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာရယ် ချွီအိမ်ကသမီးငယ်လေးကိုရော ဘာလို့လိုက်သတ်နေကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။

5.8 2024
The New Dragon Inn: Heroes Awakening
Lolo and the Kid

အဖွင့်မှာတော့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ အစပြုထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ဆွဲခေါ်သွားမယ် သံယောဇဉ်တွေ မေတ္တာတွေအကြောင်း လှလှပပဖော်ပြသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သူတစ်ပါးကို လိမ်လည်လှည့်ဖြားရင်း အသက်မွေးကြတဲ့ မြေးအဘိုးနှစ်ယောက် ဘယ်လိုတွေဉာဏ်ဆင်ကြမလဲ။ လမ်းဘေးမှာနေရပေမယ့် မြေးဖြစ်သူက လိမ္မာယဉ်ကျေးကာ လူရမ်းကားမဖြစ်စေလိုတဲ့ အဘိုးတစ်ယောက်ရဲ့ဆန္ဒ ၊ဘဝအကြောင်းမလှသော်လည်း မြေးဖြစ်သူအားမငယ်အောင် မိမိတို့ဘဝကို ကြံဖန်ဂုဏ်ယူပြောတတ်သော အဘိုးတစ်ယောက်ရဲ့မေတ္တာ အဆုံးသတ်မှာ မြေးလေးကောင်းစားဖို့ အဘိုးတစ်ယောက်ရဲ့ အနစ်နာခံပုံတို့ကို ရင်နင့်အောင်ခံစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2024
Lolo and the Kid
I Am Happy
6

I Am Happy (2008) ********************** ကျွန်တော်တို့ CM ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးက ငိုရမှကြည့်ချင်ပါတယ် ဇာတ်နာမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်တဲ့ I am happy ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့လည်း ဂျိုမန်ဆူအဖြစ် ကျွန်တော်တို့ မိန်းမလှလေးတွေ အသည်းစွဲ ဗိုလ်ကြီးမင်းသား Hyun Bin နဲ့အတူ အီဆူဂယောင်းအဖြစ် Hide ထဲက မင်းသမီးချော Lee Bo Young တို့လို ရေလည်မိုက်တဲ့ မင်းသားမင်းသမီးတွေ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းလေးကတော့.. သူငယ်ပြန်နေတဲ့ အမေဖြစ်သူနဲ့ လောင်းကစားစွဲနေတဲ့ အစ်ကိုဖြစ်သူတို့ကြောင့် စိတ်ဒဏ်ရာပေါင်းများစွာရထားတဲ့ ဂျိုမန်ဆူ တစ်ယောက်ဟာ အချိန်ကြာလာတာနဲ့အမျှ အရူးတစ်ပိုင်းလိုဖြစ်ပြီး စိတ်ရောဂါကုဆေးရုံကို ရောက်လာတော့ပါတယ်။ ထိုဆေးရုံက သူနာပြုမလေး အီဆူဂယောင်းကတော့ ကင်ဆာရောဂါသည် ဖခင်ဖြစ်သူကို ပြုစုရင်း ဆေးရုံခရဖို့ အကြွေးတွေပိကာ စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် ခံစားနေရသူတစ်ဦးပါ။ စိတ်ကျန်းမာရေးထိခိုက်ထားသူ ဂျိူမန်ဆူတစ်ယောက် ဆေးရုံကိုရောက်ရောက်ချင်း တာဝန်ကျသူနာပြုမလေး အီဆူဂယောင်းကို ချစ်မိသွားတဲ့အခါ ဘယ်လိုတွေပြုမူမလဲ.. ဂျိုမန်ဆူနဲ့ အီဆူဂယောင်းတို့ရဲ့ ဘဝတွေကရော ဘယ်လောက်တောင်ကြမ်းတမ်းသလဲဆိုတာကို ဇာတ်လမ်းနာမည်နဲ့ မလိုက်တဲ့ I Am Happy ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှူလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။) File size…1.84GB / 650MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Theint & Saung Yupar

6 2008 113 mins
I Am Happy
The Girl on the Bridge
7.5

ဘဝဟာ စစလာကတည်းကိုက ဝေဒနာပါ။ အားလုံးမှာ ကိုယ်စီဝေဒနာချည်းပဲတဲ့။ တစ်စစီကွဲအက်နေတဲ့ ဘဝတွေတွေမြင်ဖူးလား။ ဒါငါတို့ရဲ့ မိုက်မဲမှုလည်းဖြစ်နိုင်တယ်။ ဒါငါတို့ရဲ့ ဒရာမာလည်းဖြစ်နိုင်တယ်။ အားလုံးအမြင်မှာ ဘယ်လိုရယ်စရာတွေပဲဖြစ်သွားဖြစ်သွား ဒါတွေက ငါတို့အတွက်တော့ အစစ်အမှန်ပါပဲ။ အသည်းကွဲတာပဲဖြစ်ဖြစ် , ထမင်းစားစရာမရှိတာပဲဖြစ်ဖြစ် တစ်ထောင့်တစ်ဘက်ကကြည့်မယ်ဆို ပြင်ဆင်လို့မရတာ ဘာမှမရှိပါဘူး မှန်ပါတယ်။ ပြင်ဆင်ခြင်းကို အရှုံးပေးခဲ့ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ကိုယ်မိုက်လို့ကိုယ်ခံပဲပေါ့။ ဒါပေမဲ့လည်း ကြားဖူးတယ်မလား အားလုံးဟာ အရူးတွေချည်းပဲတဲ့။ အဓိပ္ပာယ်တစ်ခုခုရှိလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဘာအဓိပ္ပာယ်မှမရှိမှန်းလည်း သိလာခဲ့ကြတယ်။ ကိုယ်ထင်မှဖြစ်တဲ့အရာတွေချည်းပါပဲ။ ဒါဆို ဘာယုံကြည်ချက်မှမရှိတော့ရင်ရော။ ဘဝက ခက်ခဲလို့ဖြစ်ဖြစ် ငါတို့က မိုက်မဲလို့ဖြစ်ဖြစ် တံတားတစ်စင်းပေါ်ကနေ ရေပြင်ကိုငေးပြီး ချီတုံချတုံနဲ့ အစကို ပြန်မသွားချင်တော့တဲ့အချိန်တွေ တစ်ချို့ဘဝတွေမှာ ရှိကောင်းရှိလိမ့်မယ်။ တစ်ထောင့်တစ်ည တစ်နေ့တစ်လမှာတော့ အလင်းတွေ ကယ်တင်ခြင်းတွေ ဘယ်လိုနာမည်ပဲတပ်တပ် တစ်စုံတရာဟာ ရှိတတ်တယ်။ ဒါကိုအချစ်လို့ပြောဖို့တော့ သုံးဖန်များတဲ့အခါ စကားလုံးဟာ ပျက်ပြယ်သွားတတ်လွန်းလို့ အခုတော့ အချစ်ဟာ ယေဘုယျအားဖြင့် ဆယ်ကျော်သက် လက်သုံးစကားတစ်ခုသက်သက် ဖြစ်သွားခဲ့ပြီ။ တစ်စုံတရာလို့ပဲ ဆိုကြပါစို့။ ပြောပြောနေကျတဲ့ အချစ်ဆိုတာက ဒီတစ်စုံတရာထက်တော့ အများကြီးလွယ်ကူပါတယ်။ တံတားထိပ်မှာ တစ်ယောက်က ရေပြင်ကိုငေးကြည့်မိနေတဲ့အခါမှာ နောက်တစ်ယောက်က ကယ်တင်မယ်။ တံတားထိပ်မှာ နောက်တစ်ယောက်က ရေပြင်ကို ငေးကြည့်မိနေတဲ့အခါမှာ တစ်ယောက်က ကယ်တင်မယ်။ ကံကိုမယုံလို့ သတ်သေချင်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကံကိုပါယုံကြည်ရင်း မျက်မှိတ်စိပြီး ဓားပေါက်ပြမှ အသက်ဆက်လို့ရမယ့် ဓားပေါက်သမားတစ်ယောက် ။ ဒါဟာ ဘယ်လိုရေစက်မျိုးလဲ။ နှစ်ပိုင်းပြတ်နေတဲ့ ငွေစက္ကူတစ်ရွက်ဟာ တစ်ဘက်က တစ်နေရာစီမှာဆို ဘာတန်ဖိုးမှမရှိတော့ဘူးတဲ့။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ကံမကောင်းခြင်းကို တစ်ယောက်က ဖေးမရင်း သက်တံ့တွေဖြာနေတဲ့နေ့တွေလည်း ရှိကောင်းရှိလာပါလိမ့်မယ်။ မင်းတို့ ငါတို့ရဲ့ စောက်ဖြစ်မရှိလှပါသော ဘဝတွေမှာပေါ့။ ဇာတ်လမ်းထဲမှာတော့ ဒီတစ်စုံတရာကို ဘာပါလို့ နာမည်မတပ်နိုင်ခင်မှာပဲ သူတို့ဝေးသွားခဲ့ကြတယ်။ ဆေးလိပ်ဖြတ်တာပဲဖြစ်ဖြစ် မေ့ဖျောက်ချင်တာပဲဖြစ်ဖြစ် စစချင်းမှာ ခက်ခဲပေမဲ့ အရာရာဟာ တစ်ပတ်လောက်ကြာပြီးရင်တော့ နေသားကျသွားတယ်တဲ့။ ဒီတစ်ပတ်ကို ကျော်လွန်ပြီးသွားရင်တော့ ဒါဟာ တစ်စုံတရာဖြစ်သွားပါပြီ။ နှစ်ပိုင်းပြဲသွားတဲ့ ငွေစက္ကူတစ်ရွက်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း မဆုံနိုင်ကြတော့တဲ့ အဖြစ်မျိုးတွေပေါ့။ မီးခြစ်ဟောင်းတစ်လုံးနဲ့ ပြဲနေတဲ့ပိုက်ဆံတစ်ခြမ်းကို မစွ့န်လွှတ်နိုင်တဲ့ တစ်ချိန်က တစ်ယောက်ယောက်ကို ကယ်ဖူးတဲ့လူကလည်း စုတ်ပြတ်သတ်စွာနဲ့ ဒီတံတားကြီးပေါ် သူ့ကိုယ်သူ အရှုံးပေးဖို့ ပြန်လာတယ်။ တစ်စစီကွဲအက်နေတဲ့ ပျက်စီးခြင်းမျိုးနဲ့ပေါ့။ ဒါဟာ ဒီတံတားပေါ်မှာ ကျွန်တော်တို့ဆက်ကြည့်ရမယ့် ဇာတ်လမ်းပါပဲ။ သေချာတာက ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာ ချစ်တယ်လို့ တစ်ခွန်းမှ မပြောသွားခဲ့ဘူး။ Girl on the Bridgeဟာ သူ့နာမည်အတိုင်းပဲ တံတားထိပ်မှာရပ်ရင်း ချီတုံချတုံနဲ့ ရေပြင်ကို ငေးကြည့်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အဖြစ်အပျက်ပါပဲ။ ဘဝဟာ စစလာကတည်းကိုက ဝေဒနာပဲမဟုတ်လား။ ဘယ်တစ်စုံတရာက ဒီတံတားပေါ်မှာ သက်တန့်တွေဖြာစေမလဲတော့ အားလုံးသိကြပေမဲ့ အဲဒီသက်တန့်တွေ ဘယ်အချိန်ထိဖြာနေမလဲတော့ ကျွန်တော်တို့မသိနိုင်ဘူး။ File Size : 2.2 GB, 937 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.5 1999 90 mins
The Girl on the Bridge
My Freaky Family
6.4

Musical Animation လေးတွေကို သဘောကျနှစ်သက် သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Animation လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ My Freaky Family ဖြစ်ပြီး လက်ရှိ IMDb Rating 6.5 အထိရရှိထားပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကသင်ခန်းစာလေးကတော့ ဘယ်လောက်ပဲမတူညီကွဲပြားမှုတွေသာရှိနေပါစေ အချစ်နဲ့သာ ဆိုရင် ဘယ်အရာကိုမဆိုအောင်မြင်အောင်ကျော်လွှားပြီး ပေါင်းစည်းပေးနိုင်တယ်ဆိုတာကို မှော်ဆန်တဲ့ဇာတ်လမ်း လှလှလေးနဲ့ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နာလင်နဲ့ အနက်စကာဆိုတဲ့ချစ်သူ နှစ်ယောက် နောက်ကလိုက်ဖမ်းတဲ့မကောင်းဆိုးဝါးပင့်ကူကြီး လက်က ထွက်ပြေးလာတာကိုမြင်ရမှာဖြစ်ပြီး လမ်းမှာ သူတို့ မွေးလာမဲ့ကလေးနာမည်ပေးဖို့ တိုင်ပင်နေခဲ့ကြပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီလမ်းမှာတင် သူတို့မွေးလာမဲ့ကလေးကို ဘက်တီ ဆိုပြီးနာမည်ပေးဖြစ်ခဲ့ပြီး သူတို့လည်း အန္တရာယ်များတဲ့နေရာ ကနေ လူနေမြို့လေးတစ်ခုမှာပြောင်းရွှေ့ပြီး ပုန်းခိုနေထိုင်ခဲ့ ကြပါတော့တယ်။တကယ်တမ်းတော့ သူတို့တွေက မှော်ဝင် မျိုးရိုးတွေဖြစ်ပြီး သူတို့ကိုရှာတွေ့သွားမှာစိုးတဲ့အတွက် မှော်ပညာကိုချင့်ချိန်သတိထားသုံးနေရတာပဲဖြစ်ပါတယ်။ ဘက်တီကလည်း မြို့မှာပဲ ကျောင်းတက်ရပြီး သူငယ်ချင်းတွေ ရှိနေပေမဲ့ သူ့မိသားစုရဲ့ မှော်ပညာကိုတော့ဆက်ခံပြီး အသုံးပြု ချင်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူ့မှာ သူ့မိဘရဲ့ မှော်အစွမ်းတွေနဲ့ဖန်တီးထားတဲ့ ညီအစ်ကိုမောင်နှမတွေရှိပြီး သူတို့ကိုမြင်လေလေ ဘက်တီတစ်ယောက်မှော်အစွမ်းတွေ ပိုသုံးချင်လာလေလေပါပဲ။အဲ့ဒါကြောင့်ပဲ ဘက်တီ့အမေက သူ့ကိုမဖြစ်မနေ ဟိုးအတိတ်ကအမှန်တရားတွေအကြောင်း ပြောပြခဲ့ရပြီး ဇာတ်လမ်းလေးကလည်း ပိုစိတ်ဝင်စားစရာ ကောင်းလာတဲ့အတွက် မ Spoil တော့ဘဲ ကိုယ်တိုင်ပဲကြည့်ရှု ခံစားဖို့ ညွှန်းပေးလိုက်ချင်တဲ့ Animation ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.44 GB) / (793 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …. Adventure , Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Fantasy • History • Mystery
6.4 2024 86 mins
My Freaky Family