YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Rookie Cops.2022.E11.WEB-DL.1080p.mp4

1.37 GB N/A video/mp4 601 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
(18+)Siphayo
4.2

ခုတင်ဆက်ပေးမယ့် ကားလေးကတော့ ဖိလစ်ပိုင် erotic thriller ကားလေးပါ erotic ကတော့ ဇာတ်လမ်းသဘောအရ sex အခန်းတွေ ပေါပေါသီသီပါဝင်လို့ 18+ဖြစ်နေပေမယ့် တော်တော်လေးကို suspense ဖြစ်တဲ့ plot ကိုပိုင်ဆိုင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးက လယ်ပိုင်ရှင် ဒန်တီဆိုတဲ့သူက သူ့ဇနီးဆုံးတဲ့အချိန်မှာ သားနှစ်ယောက် ချွေးမတစ်ယောက်နဲ့အတူတူ လုပ်ကိုင်စားသောက်နေကြတာပါ အဲ့အချိန်မှာ ဘွားခနဲဆို သူ့သားတွေနဲ့ မတိမ်းမယိမ်း စကီလေးတစ်ပွေကို အိမ်ပေါ်ကောက်တင်လာပါတယ် အဲ့တော့ မြန်မာကားထဲက ဒရာမာတွေလိုပဲ သားနဲ့မိထွေးဇာတ်လမ်းတွေရော အဖေနဲ့ချွေးမဇာတ်လမ်းတွေရော စောက်ပြသနာတွေရော ဘာတွေမှန်းတော့မသိပေမယ့် အားတိုင်းတဂျိန်းဂျိန်းတော့ ချနေပါတယ် Plot လေးကလဲ အဆုံးထိစိတ်ဝင်စားဖို့ကောင်း မပျင်းရအောင်လဲ ဇာတ်ရှိန်က တဂျိန်းဂျိန်းနဲ့တက်သွားတော့ ပရိသတ်တို့အတွက် လက်လွတ်မခံဖို့ လက်တို့လိုက်ပါတယ် File size…2.45GB  / 910MB Quality…1080p WEBRIP AAC /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama • History • War
4.2 2016 90 mins
(18+)Siphayo
Dark Water
6.8

နာမည်ကျော် The Ring တို့ Sadako တို့ရဲ့ ဖန်တီးရှင် ဒါရိုက်တာ Hideo Nakata ရဲ့ IMDb Rating - 6.7/10 အထိရရှိခဲ့တဲ့ Horror အမျိုးအစား Dark Water ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ယိုရှိမီဆိုတဲ့အမျိုးသမီးဟာ ယောကျာ်းနဲ့ ကွာရှင်းပြီးနောက် သမီး အီကုကို ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် အခြေအတင်ဖြစ်နေကြတုန်း အခြေအနေပါ။ လောလောဆယ် သမီးလေးနဲ့ အတူ နေဖို့အတွက် တိုက်ခန်းတစ်ခုကိုရှာနေခဲ့ပါတယ်။ အဆင်ပြေသွားတဲ့အခန်းက ဆောက်ထားတာကြာပြီမို့ မျက်နှာကျက်ကနေ ရေတွေ နည်းနည်းစီးကျနေခဲ့ပါတယ်။ တိုက်ခန်းမန်နေဂျာကို ပြောပေမယ့် အကြောင်းမထူးခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ ကလေးမလေးဟာ သမီးလေးအီကုကို တက်ခဲ့တဲ့ကျောင်းမှာပဲ တက်သွားတာပါ။ တဏှာရူးတစ်ယောက်ယောက်က ခေါ်သွားတာလိုလို ဘာလိုလိုနဲ့ သတင်းအစအနပျောက်နေခဲ့ပါတယ်။ တိုက်ခန်းက ရေကလည်း တစ်နေ့တစ်နေ့ကျတာများလာတဲ့ အပြင် သူတို့သားအမိလည်း ထူးဆန်းတဲ့ဖြစ်ရပ်များကို ကြုံတွေ့လာရပါတော့တယ်။ ပျောက်ဆုံးသွားတဲ့ ကလေးမလေးဟာ သူတို့ရဲ့အပေါ်ထပ်မှာ နေခဲ့တယ်ဆိုတာကို သိရှိသွားပြီးနောက် ယိုရှိမီတစ်ယောက် မိခင်ပီပီ သူ့သမီးလေးကို ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲဆိုတာ ကြည့်ရှုရင်း မိုးအေးအေးလေးနဲ့ ကွေးလိုက်ကြပါစို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 835MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Comedy • Romance
6.8 2002 101 mins
Dark Water
Outlaw King
6.8

"အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander III နတ်ရွာစံံပြီးနောက်မှာ ဆက်ခံသူ မြေးတော် Magaretကလည်း ၁၂၉၀ မှာ ထပ်ပြီးနတ်ရွာစံတဲ့အခါ ထီးနန်းကိုဆက်ခံထိုက်တဲ့ သူကောင်းမျိုးအင်အားစု ၁၄ စုကြားမှာ နန်းလုတဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။ အင်္ဂလန်ပြည့်ရှင် ပထမမြောက်အက်ဒွပ်ဘုရင်ကို ကြားဝင်စေ့စပ်ပေးဖို့ အကူအညီတောင်းတဲ့အခါ အက်ဒွပ်က John Balliolကို နန်းတင်ပေးတယ်။ ၁၂၉၆ မှာ EdwardဟာJohn Balliolကို နန်းချပြီး စကော့တလန်ကို သိမ်းပိုက်လိုက်တယ်။ စကော့တလန်တစ်ပြည်လုံးဟာ ကျောချမှ ဓားပြမှန်း သိလိုက်ရတဲ့အဖြစ်ကြုံခဲ့ရပြီး အင်္ဂလိပ်တွေ ဗိုလ်ကျသမျှကို ခံရတော့တယ်။ အဲဒီနောက်မှာ အင်္ဂလိပ်တွေကို အတိအလင်းတော်လှန်မယ့် William Wallace ဆိုတဲ့ သူရဲကောင်းပေါ်ထွက်လာပြီး ဘုရင်Edwardကို တော်လှန်တဲ့အခါ မထင်မှတ်လောက်အောင် အောင်မြင်မှုတွေရတယ်။ ဒါပေမဲ့ သွေးကွဲနေကြတဲ့ စကော့တလန်သူကောင်းမျိုး အင်အားစုတွေကြောင့် Falkirkတိုက်ပွဲ(July 22, 1298)မှာ စကော့တလန်သားတွေ အထိနာပြီး ဝေါလေ့စ်လည်း တောပြန်ခိုရတဲ့ဘဝရောက်သွားတော့တယ်။ ဘုရင်Edwardဟာ စကော့တလန်ကို ပြန်သိမ်းပြီး သူကောင်းမျိုးတွေကို သစ္စာပြန်ခံစေတယ်။ နောင်တစ်ချိန်မှာ ဘုရင်ဖြစ်လာမယ့် Robert the Bruceဟာ သတ္တမမြောက် Bruceဖြစ်ပြီး သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruceဟာ Edwardနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တယ်။ သတ္တမမြောက် Bruceဟာ ဝီလျံဝေါလေ့စ်ကို လေးစားကြည်ညိုသူဖြစ်ပေမယ့် နန်းလုနေတဲ့ သူကောင်းမျိူ းတွေကြားထဲမှာ အနေအထိုင် မမှားအောင်ဆင်ခြင်ရသူမို့ ဝေါလေ့စ်နဲ့ပေါင်းပြီး ထိထိရောက်ရောက် မတော်လှန်ဖြစ်ခဲ့ဘူး။ (Brave Heart 1995 ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး) Edwardဟာ စိတ်မချရတဲ့ သတ္တမြောက်Bruceကို Ulsterမြို့စား Richard Ogရဲ့သမီး Elizabeth de Burghနဲ့ လက်ထပ်ပေးလိုက်တယ်။ Bruceက ပထမဇနီးကွယ်လွန်ခဲ့ပြီး သမီးတစ်ယောက် ရနေပြီ။ လက်ထပ်ချိန်မှာ Bruceက ၂၈ နှစ် Elizabethက ၁၈ နှစ်ပဲရှိပါသေးတယ်။ လက်ထပ်ပြီး မကြာမီမှာပဲ သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruce ကွယ်လွန်သွားပြီး ဘုရင်Edwardကလည်း ဝီလျံဝေါလေ့စ်ကို ဖမ်းမိသွားတယ်။ ဝေါလေ့စ်ကို ခေါင်းဖြတ် လေးပိုင်းပိုင်းပြီး နိုင်ငံ တနံတလျားကို တစ်ပိုင်းစီပို့စေတဲ့အခါ ဝေါလေ့စ်ကို သိပ်ကြည်ညိုတဲ့ စကော့တလန်မှာ ဆူပူမှုတွေဖြစ်လာတယ်။ ဒါဟာပုန်ကန်ဖို့ အချိန်ကောင်းပဲဆိုတာကို သိလိုက်တဲ့ Bruceဟာ သူရဲ့အင်အားအကောင်းဆုံး ပြိုင်ဘက် John Comynနဲ့ လက်တွဲပုန်ကန်ဖို့ ဆွေးနွေးတဲ့အခါ မမျှော်လင့်တဲ့ပြဿ နာဖြစ်လာတယ်။ သူပုန်ထမယ့်ကိစ္စကို Edwardဆီသတင်းပို့မယ်လို့ ခြိမ်းခြောက်တဲ့အခါ Bruceက သူ့ကိုဓားနဲ့ ထိုးလိုက်တယ်။ ဘုရားကျောင်းအပြင်ဘက်မှာ စောင့်နေတဲ့ နောက်လိုက်တွေဆီက Bruceဟာ လက်မှာသွေးတွေနဲ့ ပြန်ရောက်လာပြီး "ငါဓားနဲ့ထိုးလိုက်တာ Comynသေပြီလား မသိဘူး"လို့ ပြောတဲ့အခါ William Wallaceရဲ့ ရောင်းရင်းဖြစ်ဖူးတဲ့ Roger de Kirkpatrickက ဒါဆိုလက်စတုံးမှဖြစ်မယ်ဆိုပြီး ဘုရားကျောင်းထဲ ဝင်ပြီး သေအံ့မူးမူးဖြစ်နေတဲ့ Comynကို လက်စတုံးလိုက်တယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါ Bruceကို ချက်ချင်းဘိသိတ်မြှောက်ပြီး ဘုရင်ဖြစ်ဖို့ လုံးပမ်းကြရတော့တယ်။ ဘုရားကျောင်းထဲမှာ လူသတ်မှုကျူ းလွန်တဲ့အတွက် ပုပ်ရဟန်းမင်းက Bruceကို အသိအမှတ်မပြုခဲ့ပါဘူး။ ဘုရင်ဖြစ်ပြီးပြီးချင်း Bruce စရင်ဆိုင်ရတာက Comynမိသားစုတွေနဲ့ Edwardကို သစ္စာခံထားတဲ့ အင်အားစုတွေကို စရင်ဆိုင်ရတယ်။ ၁၃၀၆ ဇွန်လမှာဖြစ်ခဲ့တဲ့ Methvenတိုက်ပွဲမှာ အကြီးအကျယ်အထိနာပြီး ထွက်ပြေးခဲ့ရတယ်။ Edwardရဲ့တပ်တွေ ထပ်ရောက်လာတဲ့အခါ Bruceရဲ့ မိသားစုတွေ အဖမ်းခံရပြီး အကျဉ်းချခံရတယ်။ညီလေးယောက်မှာ သုံးယောက် ရက်ရက်စက်စက် အသတ်ခံရတယ်။ အဲဒီအချိန်တွေဟာ Robert the Bruceအတွက် အခက်ခဲဆုံး အချိန်တွေပဲ။ ၁၃၀၆-၁၃၀၇ ဆောင်းကာလမှာ Bruceဟာ စကော့တလန်ပြင်ပထိ သွားရှောင်နေခဲ့ရပြီး တကြော့ပြန်ဝင်လာတဲ့အခါ သမားရိုးကျမတိုက်ဘဲ ပြောက်ကျားနည်းနဲ့ ရန်သူကို အထိနာအောင်တိုက်ပါတော့တယ်။ ၁၃၀၇ ခုနှစ် မေလမှာဖြစ်ပွားခဲ့တဲ့ လောင်ဒွင်တောင်ကုန်း (Loudoun Hill)တိုက်ပွဲဟာ စကော့တွေအတွက် သမိုင်းတွင်တဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး Robert the Bruceဟာ အင်အား ၆၀၀ တည်းနဲ့ အင်္ဂလိပ်တွေရဲ့ မြင်းတပ် အင်အား ၃၀၀၀ ကို ဗျူ ဟာကြွယ်ကြွယ်အနိုင်ယူပြီး အစွယ်ရိုက်ချိုးပြခဲ့တယ်။ စကော့တလန်ဘက်က ဆယ်ဂဏန်းအကျအဆုံးရှိပြီး အင်္ဂလိပ်တွေဘက်က အကျအဆုံး ရာချီပါတယ်။ ဒီတိုက်ပွဲမှာနိုင်ခဲ့ပေမယ့် Robert the Bruceဟာ စကော့တလန် တစ်ပြည်လုံးကို မနားတမ်း တိုက်ခိုက်ရ စည်းရုံးလိုက်ရတာ ၁၃၁၄ ခုနှစ်မှာ ညီလာခံ ကျင်းပပြီး အုပ်ချုပ်ရေး ပြန်လုပ်နိုင်ခဲ့တယ်။ ကံမကောင်းရှာတဲ့ Robert the Bruceဟာ သက်တော် ၅၄ နှစ်မှာ နူနာရောဂါနဲ့ ကွယ်လွန်တယ်လို့ ဆိုကြပါတယ်။ Brave Heart ရုပ်ရှင်ထဲမှာ နူနာရောဂါနဲ့ကွယ်လွန်တာ ဆဋ္ဌမမြောက် Bruce ဖြစ်ပေမယ့် မှတ်တမ်းတွေအရ ဒီရောဂါနဲ့ ကွယ်လွန်တာ King Bruce I (သတ္တမမြောက် Bruce)လို့ဆိုကြတယ်။ Robert the Bruceရဲ့ အုတ်ဂူကိုရှာဖွေတွေ့ရှိလို့ သူ့အရိုးတွေကို လေ့လာကြည့်တဲ့အခါ ဒီရောဂါလက္ခဏာ မတွေ့ရဘူးလို့ ဆိုတဲ့အခါ နူနာရောဂါနဲ့ ကွယ်လွန်တာ ဘယ် Bruceလဲ မခွဲခြားနိုင် ဖြစ်လာရတော့တယ်။ Robert the Bruceဟာ မိဖုရား Elizabethနဲ့ သားသမီးလေးယောက်ရခဲ့ပြီး သူ့ရဲ့ တီ ဆဋ္ဌမမြောက် Jamesဟာ အင်္ဂလန်နဲ့ စကော့တလန် နှစ်ပြည်ထောင်ရဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ဒါရိုက်တာ David Mackenzieရဲ့ လက်ရာ Outlaw King(2018)ဟာ ဒီနှစ်ထွက်တဲ့ရုပ်ရှင်တွေထဲမှာ လူသိပ်မသိပေမယ့် ကြည့်ရတာ တန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ Robert the Bruceအဖြစ် Chris Pineက သရုပ်ဆောင်ထားပြီး Black Douglasအဖြစ် Avengers: Age of Ultronထဲက သွားလေသူ Quicksilverအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Aaron Taylor Johnsonတို့က သရုပ်ဆောင်ထားတယ်။ Brave Heartလို Fictionများလွန်းတဲ့ ရုပ်ရှင်မျိုးမဟုတ်ဘဲ သမိုင်းမှန်နဲ့ ပိုနီးစပ်အောင်ကြိုးစားထားပေမယ့် စကော့တလန်မဆန်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဟာတာတာဖြစ်နေပါတယ်။ Brave Heartထဲကလို James Hornerရဲ့ နောက်ခံတေးဂီတရဲ့ အင်အားကို မခံစားရတာလည်း ပါလိမ့်မယ်ထင်တယ်။ ကြည့်ကောင်းပြီး စိတ်ကျေနပ်ရတဲ့ရုပ်ရှင်မျိုး ဆိုပေမယ့် Brave Heart(1995)လိုတော့ အကြာကြီး လွမ်းမိနေမယ် မထင်ပါဘူး။ ဒီရုပ်ရှင်ကားကို Htet Htet Myint က ဘာသာပြန်ပေးထားပြီး အညွှန်းကိုတော့ Elvis မှ ရေးပေးထားပါတယ် Review By : Elvis Ref ~ The Battle of Loudoun Hill ~ Robert the Bruce ~ History of Scotland www.wikipedia.com

Crime • Sci-Fi & Fantasy
6.8 2018 122 mins
Outlaw King
Pokémon Detective Pikachu
7

CM Fan အားလုံး စောင့်မျှော်နေကြတဲ့ ချစ်ဖို့ကောင်းတဲ့ပီကာချူး လေး ရဲ့ ပိုကီမွန် ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ ဇတ်လမ်းပုံစံ ကတော့ တင်မ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပိုကီမွန်ထရိန်နာ ဖြစ်ချင်နေသူပါ တစ်ရက်မှာတော့ တင်မ် ရဲ့ အဖေ ကွယ်လွန်သွားပြီလို့အကြောင်းကြားလာတာကြောင့် ရိုင်းမ်မြို့တော်ကိုထွက်လာခဲ့ပါတယ်... ပိုကီမွန် တွေ နဲ့ လူတွေ တစ်သားထဲ ရင်ဘောင်တန်းနေနိုင်တဲ့မြို့ဖြစ်ပြီး ပိုကီမွန်တွေကလဲ လူသားတွေ နဲ့ အလုပ်တူတူလုပ်ကြပါတယ် ဖခင်ဖြစ်သူ ရဲ့ အိမ်ကို ရောက်လာတဲ့ တင်မ် ဟာပီကာချူး နဲ့ အမှတ်မထင် တွေ့ဆုံကြရင်းပီကာချူး စကားပြောတာကို နားလည်ပြီးကြားနိုင်စွမ်းရှိတာတင်မ် တစ်ယောက်ထဲ ရှိတာကို သိသွားတဲ့ နောက်မှတော့တင်မ် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စမှာတင်မ် နဲ့ ပီကာချူး တို့ တွဲဖက်ညီညီ ပူးပေါင်းပြီးအဖြေရှာကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းဟာ ပီကာချူး မူလ Animation ကားတွေနဲ့မတူညီပဲ ကွဲထွက်နေမှာဖြစ်ပြီး ရသ အသစ်ကို ပေးစွမ်းမှာပါ ချစ်ဖို့ကောင်းလွန်းတဲ့ ပီကာချူး နဲ့ ကျန်တဲ့ ပိုကီမွန် အကောင်လေးရဲ့ချစ်စရာ ကောင်းပုံကို တစ်၀ ကြီး ကြည့်ရှုခံစားရမှာပါ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့Little Neo ဖြစ်ပါတယ်

Animation • Family • Fantasy • Mystery
7 2019 105 mins
Pokémon Detective Pikachu
The High Note
6.4

The High Note (2020) ~ IMDb – 6.4/10, Rotten Tomatoes – 71% ~ မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ဖွတ်မရ ဓားမ,ဆုံး အဖြစ်ကို ကြုံရတာပေါ့လေ။ ဒီဇာတ်ကားမှာ သီချင်းကောင်းလေးတွေ အများကြီးပါဝင်ပြီး ကြိုးစားပမ်းစား ဘာသာပြန်ပေးထားပါတယ်။ သံစဉ်နဲ့အလိုက်ဖက်ဆုံး အနုအရွစာသားတွေကို သေသေချာချာစဉ်းစားပြီးတော့ပေါ့။ မကောင်းခဲ့ရင် ကျွန်တော်ညံ့လို့ပါ။ သီချင်းတွေက သိပ်ကောင်းပါတယ်။ Dakota Johnson က မက်ဂ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ မပြင်မဆင် အဝတ်အစား ဖရိုဖရဲနဲ့ အလုပ်များတဲ့ကောင်မလေးအဖြစ် သရုပ်ဆောင်နေပေမဲ့ သူ့ရဲ့ သဘာဝအလှက ခမ်းနားလွန်းပါတယ်လေ။ Tracee Joy Silberstein က ဂရေ့စ် ဒေးဗစ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ မိသားစုနဲ့အတူ ရယ်ရယ်မောမောနဲ့ သီချင်းကောင်းလေးတွေ တငြိမ့်ငြိမ့်ခံစားဖို့ ရွေးချယ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါပဲဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 690MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 53Min Genre – Drama, Music, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Fantasy • Romance
6.4 2020 113 mins
The High Note
5G: The Reckoning [Ascension]
4.5

5G: The Reckoning [Ascension] (2023) ============================= “ညတွေဆို လေလွင့်လိုက်တာ တီတီတာတာလုပ်စရာလည်း မရှိဘူး” ဆိုပြီး လောင်နေကြတဲ့ FA ပရိသတ်ကြီးတို့အတွက် လောင်စရာအချိန်မရှိအောင် ပဟေဠိတွေ အများကြီးပေးမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ ဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ကျောင်းတစ်ကျောင်းထဲမှာ ကျောင်းသူကျောင်းသား ရှစ်ယောက် ပိတ်မိနေကြရာကနေ စတင်လာတာပါ။ သူတို့အကုန်လုံး ပြင်ပကမ္ဘာ ကြီးနဲ့ လုံးဝအဆက်အသွယ်မရဘဲ အချင်းချင်းပဲ ဆက်သွယ်လို့‌ရနေ ကြတာ ထူးဆန်းစရာတစ်ခုဖြစ်လို့နေပါတယ်။ ပိုလို့ထူးဆန်းတာက တစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ကူးစက် ခံလာရပြီး ဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ပျံ့လို့ပျံ့မှန်းမသိတွေ ဖြစ်နေ ကြတာပါ။ အကြောင်းရင်းမရှိ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေ လူသေဆုံးမှုတွေ ဖြစ်လာပြီး အဆုံးမရှိတဲ့ ဒွိဟတွေနဲ့ တွေးလေတွေးလေ လိုက်မမီလေဖြစ်နေတဲ့ ဇာတ်လမ်းမျိုးပဲ ဆိုပါတော့။ အဲဒီဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ကူးစက်လာတာလဲ ? သူတို့က ဘာကြောင့် ပိတ်လှောင်ခံထားရတာလဲ ? အသက်ရှင်ကျန်နေရစ်မဲ့သူက ဘယ်သူလဲ ? စတဲ့ မေးခွန်းပေါင်းများစွာကတော့ ဒီဇာတ်ကား ထုတ်လွှင့်ပြီးတဲ့ အချိန်မှာ တက်လာခဲ့တဲ့ မေးခွန်းတွေပါပဲ။ ဒီတော့ ခေါင်းစားရတာ ကြိုက်တဲ့ CM ပရိသတ်တို့ အကြိုက်တွေ့ကြမဲ့ ဇာတ်လမ်းမျိုးမို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.2 GB) / (320 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 21Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….May Thet Khine Soe Encoder……….SWM

4.5 2023
5G: The Reckoning [Ascension]
The Devil’s Rejects
6.7

Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကို ပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့ တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်က ရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့် အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကို ရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကို ဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကို လိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီး အလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်း နတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2005 111 mins
The Devil’s Rejects
Weekender
5.5

Weekender (2011) 2011 ကထွက်ရှိခဲ့တဲ့ Weekender ဇာတ်ကားလေးကတော့ ၉၀ပြည့်နှစ်အစောပိုင်းကာလ ကို အခြေတည်ပြီးတော့ Rave တွေ ဘယ်လိုစဖြစ်တည်လာတာကို တစေ့တစောင့် ပြထားပါတယ်။ ပါတီနွှဲရတာ၀ါသနာပါကြပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကြိုက်တဲ့ မက်နဲ့ ဒီလန် တို့ သူငယ်ချင်း နှစ်ယောက်ဟာ လူမနေတော့တဲ့ ဂိုဒေါင်ဟောင်းတွေမှာ အခကြေးပေးရတဲ့ ပါတီ ပဲွတွေ စထောင်ရာကနေ ငွေရပေါက်လမ်းကို တွေ့လာပါတယ်။ ငွေမရှိတုန်းက ပျော်ပျော်နေတတ်ကြတဲ့ သူတို့နှစ်ယောက်နဲ့ တခြားသူငယ်ချင်းတွေဟာ အဆမတန် မြင့်တက်လာတဲ့ ပါတီလာသူတွေနဲ့ မူးယစ်ဆေးသုံးစဲွသူတွေအကြား ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရောက်လာမလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ UK မှာ ၂၀၁၁ ကထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ drama အမျိုးအစားဖြစ်ပြီး လူငယ်ဆန်တဲ့ စကားပြောတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်း န့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Music Quality…. 1080p | 720p File size… 1.3GB } 621MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

5.5 2011
Weekender
Slow
7.4

Slow (2023) မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို “အချစ်ဆိုတာ ဘာလဲ ဆရာ”လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ “ပလေးတိုးနစ်အချစ်” ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။ သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ အချစ်မျိုးပေါ့။ ဒါပေမဲ့ ဒီတိုင်း ခင်မင်မှုထက်တော့ ပိုတယ်တဲ့။ ပုံမှန်ဆိုရင်တော့ တစ်ဖက်သတ်အချစ်မှာ ဒါမျိုးခပ်ဆင်ဆင်မြင်ရမလားပဲ။ ဒီကားမှာတော့ တစ်မျိုးတစ်ဘာသာဆန်းစွာနဲ့ ပြထားတယ်။ ဒီရုပ်ရှင်က ပလေတိုးနစ်အချစ်ကနေ ရိုမန့်တစ်အချစ်ကို ကူးပြောင်းသွားတဲ့ အတွဲတစ်တွဲကြောင်း ရိုက်ပြထားတဲ့ဇာတ်ပဲ။ ပလေတိုးနစ်အချစ်ဖြစ်သွားရတဲ့အကြောင်းက ဒီရုပ်ရှင်က ကောင်လေးက ဘယ်လိင်ကိုမှ လိင်စိတ်တိမ်းညွတ်မှုမရှိနေလို့ပဲ။ သူ့အမြင်ကတော့ ဆက်ဆံရေးတစ်ခုမှာ အတွဲတစ်တွဲမှာ ဘယ်လိုဘယ်ပုံ ဘယ်လိုဘယ်ဝါချစ်ရမယ်ဆိုတဲ့ ပုံသေနည်းတွေမရှိဘူးလို့ဆိုတယ်။ ဒီတော့ သူ့ကောင်မလေးက တခြားကောင်တွေနဲ့အိပ်ပြီး သူနဲ့တွဲနေလည်း အဆင်ပြေတယ်ပေါ့။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်း အပြည့်အဝနားလည်ကြတယ်။ ဒီလိုနဲ့ ဒီအချစ်ကနေ ရွေ့လျောလာတဲ့အခါ သူတို့ဆက်ဆံရေးကြား ဖြစ်လာတဲ့ ပြဿနာကို အဖြေမရှာဘဲ ရှောင်ပြေးဖို့ကြိုးစားတယ်။ ဒီလိုရှောင်ပြေးဖို့ ကြိုးစားပေမဲ့လည်း အဖြေကိုရှာဖို့ အချိန်က သူ့ဘာသာဆိုက်ရောက်လာတဲ့အခါ ဘယ်လိုအဖြေမျိုး သူတို့တွေ့ရှိသွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲကွဲပြားနေပါစေ။ တကယ်တမ်းအခြေခံအကျဆုံးအချက်တွေပြန်ကြည့်ရင် အကုန်အတူတူတွေပါပဲ။ ကိုယ်ကိုယ့်ကိုယ်သေချာနားလည်ရင် သူများကို နားလည်ပြီလို့ဆိုသလိုပေါ့။ ကိုယ့်ကိုယ်ကိုယ်နားလည်ရင် အားလုံးကို နားလည်ပြီဆိုတဲ့ စကားလည်းရှိနေတယ်။ ဘယ်လိုအခြေအနေပဲက ဘယ်လိုလူတွေပဲဖြစ်ဖြစ် များသောအားဖြင့်တော့ လူတွေဟာ လူတွေပဲမို့။ အဖြေတွေက အမြဲတမ်းအတူတူတွေပါပဲ။ ဒီရုပ်ရှင်က ဆက်ဆံရေးဟာ ကျွန်တော်တို့ ဆက်ဆံရေးတွေကို တစ်စိတ်တစ်ဒေသဖြစ်စေ ထင်ဟပ်နေမယ့် ရုပ်ရှင်ပါပဲ။ အချစ်ဆိုတဲ့အရာကလည်း တငွေ့ငွေ့ချင်း ကျွမ်းအောင်လောင်တတ်တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.4 2023
Slow
The Brothers Grimm
5.9

“The Brothers Grimm” ရုပ်ရှင်ကတော့ သည် 2005 ခုနှစ်မှာ ဒါရိုက်တာ Terry Gilliam ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် စွန့်စားခန်းဇာတ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Matt Damon၊ Heath Ledger နဲ့ Lena Headey တို့က အဓိငပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဂျိတ်နဲ့ဝီလ် ဂရင်းမ်ညီနောင်ဟာ တနယ်ကနေတနယ် ခရီးသွားလာပြီး မြို့သူမြို့သားတွေကို ထူးခြားဆန်းကြယ်တဲ့ မိစ္ဆာသတ္တဝါတွေရဲ့ရန်က ကာကွယ်ပေးတဲ့နည်းနဲ့ လိမ်ညာလုပ်ကြံဖန်တီးပြီး ပိုက်ဆံရှာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဂရင်းမ်တို့ညီနောင်ဟာ အမှန်တကယ် သရဲခြောက်တဲ့ တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ တကယ့်မှော်ဆန်တဲ့ ကျိန်စာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဘဝက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတခုဘယ်လိုဖြစ်လာမှာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်း တခုဖြစ်ပါတယ်။ File size…2.76GB / 1.53GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.9 2005
The Brothers Grimm
The Trap
5.7

အသက် ၂၀ ကျော် ၃၅ ဝန်းကျင်တွေကြားထဲ ဖြစ်တတ်တဲ့.. အမြန်အောင်မြင်ချင်သလို အိပ်မက်တွေလည်း လက်မလွှတ်ချင်ဘူးဆိုတဲ့ လက်တွေ့ဘဝမှာ ပိတ်မိနေတဲ့ ကိစ္စကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးကို အကျဉ်းမိတ်ဆက်ပေးရမယ်ဆိုရင်တော့… ရွှီကျစ်ဆိုတဲ့ ဒါရိုက်တာအရူးလေးဟာဆိုရင် ကျောင်းပြီးတည်းက ရုပ်ရှင်နဲ့ပတ်သက်တဲ့ စာတွေကို ဖတ်ပြီးတော့ … ရှုတင်မှာပဲ အချိန်ဖြုန်းနေခဲ့တော့တယ်… ဒီလိုနဲ့ပဲ လက်ထောက်ဒါရိုက်တာ ဖြစ်လာခဲ့ပြီးပေမယ့် သူ့အိပ်မက်ကတော့ ဖြစ်မလာသေးဘူးပေါ့… သူ့အိပ်မက်ဖြစ်တဲ့ သူကိုယ်တိုင်ကျေနပ်ပြီး ပရိသတ်ကို ပြချင်တဲ့ စိတ်ကူးထဲက ရုပ်ရှင်ကို ရိုက်နိုင်တဲ့ ဒါရိုက်တာ ဖြစ်လာဖို့ကိုပေါ့… တစ်ဖက်မှာလည်း မင်းသားရူး ကျာအာနဲ့ မိတ်ဆွေဖြစ်နေပြန်တာပေါ့… သူကလည်း ဘဝဇာတ်ခုံပေါ်က ဇာတ်ရုပ်အသီးသီးကို ဖန်သားပြင်ကတစ်ဆင့် သရုပ်ဆောင်ပြီးတော့ ခံစားကြည့်ချင်ပါတယ်တဲ့လေ… ဒါကြောင့်လည်း သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေပြန်တာပေါ့… ဒီလို လူနှစ်ယောက်က ရှုတင်မှာ အချိုရည်ရောင်းတဲ့ စကားထစ်တဲ့ အစ်ကိုအရူးကြီးကို တွေ့ခဲ့တာပေါ့… ဒီအစ်ကိုအရူးကြီးဟာဆိုရင် တစ်ချိန်က စီးပွားကောင်းလုပ်ခဲ့ပေမယ့် အခုတော့ အရသာမရှိတဲ့ အချိုရည်ကို ရောင်းပြီးတော့ ဘဝရှင်သန်နေတယ်တဲ့… ဒီလိုကနေ တစ်နေ့ ရွှီကျစ် အလုပ်ပြုတ်တာကစလို့… ရွှီကျစ်အားကိုးနဲ့ ဒေလီးကြေးရနေတဲ့ ဖြတ်လျှောက် ကျာအာရော… အချိုရည်ရောင်းတဲ့ အစ်ကိုအရူးကြီးပါ အလုပ်မရှိတော့ဘူးပေါ့… ဒီလိုတစ်ချိန်တည်း အလုပ်လက်မဲ့ ၃ ယောက်က နိုင်ငံခြားကပြန်လာတဲ့ ရုပ်ရှင်ရိုက်ချင်တဲ့ လုပ်ငန်းရှင်ငပေါနဲ့ဆုံပါလေရော… ဒါနဲ့ အတိုချုပ်ပြောရရင် ရွှီကျစ်က သူ့အရင် ဒါရိုက်တာယောင်ဆောင်ပြီးတော့ ဒီအလုပ်ကို လက်ခံလိုက်တာပေါ့… ဒီတော့ကာ သူတို့အလိမ်တွေဘယ်တော့ပေါ်သွားမှာလဲ… အလိမ်တွေကရောပေါ်လာမှာလား… နိုင်ငံခြားက ပြန်လာတဲ့ လုပ်ငန်းရှင်ငပေါကရော တကယ် အလိမ်ခံမိသွားတာလား… သူတို့ကို တစ်ပတ်ရိုက်ဖို့ ပြန်လိမ်နေတာလား… ဒီကားလေးက အလှည့်အပြောင်းအများကြီးနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ စိတ်အမောဖြေပြီး ရယ်မောနိုင်ဖို့ ကြည့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်…

Action • Adventure
5.7 2025
The Trap
28 Degree Celsius
5.9

28 Degree Celsius (2025) အချစ်ရဲ့အေးစက်မှု ကာသစ်နဲ့ အန်ဂျလီတဲ့… ဆေးကျောင်းရဲ့ ချိုမြိန်တဲ့ အမှတ်တရတွေကနေ ဘဝလက်တွဲဖော်တွေအဖြစ် ရောက်ရှိလာခဲ့ကြတဲ့ စုံတွဲတစ်တွဲပေါ့ သူတို့ရဲ့ အချစ်က ဘယ်အရာနဲ့မှ လဲလို့မရနိုင်ဘူးလို့ ထင်ခဲ့ကြပေမဲ့ အချစ်စစ်ဆိုတဲ့ အတိုင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုက သူတို့ရဲ့ ပျော်ရွှင်မှုကို ရိုက်ချိုးလိုက်ပါတယ် အဲဒါကတော့ အန်ဂျလီက အသက်ရှူဖို့တောင် ခက်ခဲစေတဲ့ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီး သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်က အမြဲတမ်း ၂၈ ဒီဂရီ စင်တီ ဂရိတ်မှာ တည်ငြိမ်နေမှသာ အသက်ဆက်နိုင်တော့မှာပါ ကုသနိုင်မဲ့ နည်းလမ်းတစ်ခုကို မျှော်ကိုးရင်း သူတို့ ဂျော်ဂျီယာကို ခရီးထွက်ခဲ့ကြတယ် ဒါပေမဲ့ အဲဒီခရီးဟာ သူတို့ရဲ့ နောက်ဆုံးခရီး ဖြစ်လာနိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ မကြာခင်မှာပဲ အန်ဂျလီဟာ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သေဆုံးသွားခဲ့ပြီး ကာ့သစ်တစ်ယောက် ဝေဒနာတွေနဲ့အတူ ကျန်ရစ်ခဲ့တော့တယ် ဒါပေမဲ့ သူ့ရဲ့ နာကျင်မှုတွေကြားထဲကနေ သံသယရဲ့ မီးပွားလေးတွေ တဖြည်းဖြည်း တောက်လောင်လာခဲ့ပြီး သူ့ချစ်ဇနီးရဲ့ သေဆုံးမှုဟာ ရိုးရိုး ဥပဒ်တစ်ခုလား ဒါမှမဟုတ် ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုတစ်ခုလား အန်ဂျလီနဲ့ပတ်သက်ရင် အမှားအမှန်မခွဲနိုင်အောက်ချစ်တဲ့ကာ့သစ် တစ်ယောက်အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သူ့ကိုယ်သူ စွန့်စားပြီး လျှို့ဝှက်ချက်တွေရဲ့ နက်နဲရာကို တူးဆွကြည့်တဲ့အခါ… သူ တွေ့ရှိရမယ့် အမှန်တရားက ဘယ်လောက်အထိ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းနေမလဲ အမှန်တရားကထွက်ပေါ်လာမလားဆိုတာကိုတော့…။ “၂၈°C” က ရိုမန်တစ်ဆန်တဲ့ ခံစားချက်တွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ကြည့်ရှုသူတိုင်းကို စိတ်လှုပ်ရှားစေမှာ သေချာပါတယ် အချစ်ရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲ အေးစက်နေတဲ့ အမှန်တရားကိုရောရင်ဆိုင်နိုင်ပါ့မလား ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Star ပဲဖြစ်ပါတယ် )

Romance • Drama
5.9 2025 106 mins
28 Degree Celsius
Walk on the Wild Side
6.7

ချစ်ခြင်းမေတ္တာဟာ တကယ့်ကိုပဲ ဘဝတစ်ခုလုံးကို ပေးဆပ်နိုင်လောက်အောင်အထိ စစ်မှန်တတ်တယ်ဆိုတာကို (၁၉၆၂)ခုနစ် ထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်လမ်းကောင်း “Walk on the Wild Side”မှာ ခံစားလိုက်ရပါတယ်။ ခြေသလုံးအိမ်တိုင် လျှောက်သွားနေတဲ့ ဒက်ဘ်ဆိုတဲ့ အမျိုးသားက သူနဲ့ဝေးကွာနေခဲ့ပြီး အဆက်ပြတ်နေခဲ့တဲ့ ချစ်ရတဲ့အမျိုးသမီးလေး ဟယ်လီကို သူ(မ)ရှိမယ်ထင်မိတဲ့အရပ်ဆီ ရှာပုံတော်ဖွင့်ပါတော့တယ်။ ဝေးခဲ့တဲ့အချိန်တွေလည်း ကြာလှပြီ။ ဘယ်ဆီရောက်လို့ ဘာတွေဖြစ်နေပြီလဲ မသိရတဲ့သူကိုမှ ရမ်းသန်းပြီး ရှာနေရတာက သိပ်ကို ခံစားရ နာကျင်လွန်းလှပါတယ်။ သူ မျှော်လင့်ထားခဲ့သလိုမျိုး ဟယ်လီက သူ့ကို သစ္စာရှိရှိနဲ့ စောင့်နေခဲ့ပါ့မလား။ သူတို့တွေ ပြန်ဆုံကြရင်ကော ပျော်ကြရမှာလား။ (၁၉၀၀)ကျော်လောက်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဆိုပေမယ့်လည်း ဒီလိုအချစ်မျိုးဟာ တကယ်ရှိခဲ့တာလား။ တကယ်တမ်း လက်တွေ့ဘဝမှာကော ကိုယ်တကယ် ချစ်မြတ်နိုးရတဲ့သူတစ်ယောက်ကို ခွင့်လွှတ်ခြင်းကိုသာ ပဓာနထားပြီးတော့ သူ ဘာတွေလုပ်ခဲ့လုပ်ခဲ့၊ သူ ဘယ်လိုတွေဖြစ်ခဲ့ဖြစ်ခဲ့ အပြစ်မမြင်ဘဲ ချစ်နိုင်ကြလားဆိုတဲ့ မေးခွန်းတွေကိုတောင် ထုတ်မိသွားစေနိုင်လောက်မယ့် ဇာတ်ကားတစ်ခုဖြစ်တယ်လို့​ တွေးမိပါတယ်။ ဟောင်းပေမယ့်လည်း ခံစားသက်ဝင်လို့ ကောင်းနေဆဲဖြစ်တဲ့၊ အချစ်ဆိုတာကို ဖော်ကြူးထားတဲ့ အချစ်ဇာတ်လမ်းဟောင်းလေးကို ဂန္တဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့များ သတ်မှတ်မိသွားမလား၊ ဒါဟာ တလွဲဆံပင်ကောင်းတာပါ၊ ရူးမိုက်တာသပ်သပ်ပါကွာလို့များ တွေးမိမလားဆိုတာကိုတော့ “Walk on the Wild Side (1962)”ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်း ချစ်ခြင်းေမတ္တာရဲ့ နူးညံ့မှုနဲ့ ချစ်ခြင်းအစစ်အမှန်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ သတ္တိတွေ ရဲရင့်မှုတွေကိုပါ ကြည့်ရှုခံစားလို့ရပြီပဲဖြစ်ပါတယ်။ File size… 2.4 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror • Thriller • Mystery
6.7 1962 114 mins
Walk on the Wild Side