YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Romance of a Twin Flower E29 (1080p) CM.mp4

585.96 MB 1080p video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
An Unforgettable Year – Autumn
6.7

An Unforgettable Year – Autumn(2023) ************************************* ဆောင်းဦးရာသီမှာ ဖြစ်ပျက်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုကိုရိုက်ကူးပြထားတဲ့ ဘရာဇီးကားလေးပါ။ ဇာတ်လိုက်ဖြစ်တဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ ဘဝဖြတ်သန်းပုံချင်း၊ ရည်မှန်းချက်ချင်းမတူဘဲ ဆုံဆည်းခဲ့ရပုံလေးကိုမြင်တွေ့ရမှာပါ။ ဘာလို့ဆို ကောင်လေးက ဂီတမှ ဂီတ အရူးအမူးဖြစ်နေပြီး ဘဝကို သီချင်းနဲ့ပဲဖြတ်သန်းဖို့ စိတ်ကူးထားသူပါ။ လူငယ်ပီပီ ‌ပေါ့ပေ့ါပါးပါး လွတ်လွတ်လပ်လပ် ပျော်ပျော်နေတတ်ပြီး အိပ်မက်တစ်ခုနောက်လိုက်နေသူပေါ့ ကောင်မလေးကျတော့ ဂီတကို လုံးဝမကြိုက်တဲ့အပြင်နာကျည်းနေပါသေးတယ်။ နာကျည်းတာကလည်း အကြောင်းအရင်းတော့ရှိပါတယ်။ ပြီးတော့ ကောင်မလေးစိတ်ဝင်စားတာကတော့ သေချာရေရာတဲ့ ရှေ့နေအလုပ်။ ဒီအလုပ်ကို ရဖို့အတွက် ဘာမဆို ဘေးဖယ်ပြီး ကြိုးစားလွန်းသူလေးပါ။ ကံကြမ္မာကြောင့်ပဲ သူတို့ နှစ်ယောက် ဆောင်းဦးရာသီလေးတစ်ခုမှာ ဘယ်လိုတွေ့ဆုံကြုံကွဲရမလဲဆိုတာ သီချင်းလေးတွေလိုက်နားဆင်ရင်း ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File Size :(2.3GB)& (930MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Action • Comedy • Crime
6.7 2023 102 mins
An Unforgettable Year – Autumn
The Keeper of Lost Causes
7.1

ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့ စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့် အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။ တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့ အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး အမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့် စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့ သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင် သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း IMDB မနည်းတာကို တွေ့ရှိရမှာပါ။ File size…1.03GB / 455MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy • Fantasy
7.1 2013 93 mins
The Keeper of Lost Causes
Game of Love
6.4

ငယ်ငယ်တုန်းက Blended ထဲမှာ ကြွေခဲ့ရပြီး ကြီးလာတော့လည်း The Babysitter တို့၊ Midnight Sun တို့ထဲမှာ ထပ်ကြွေခဲ့ရပြန်တဲ့ မမ Bella Thorne ရဲ့ Game of Love ခေါ် Time Is Up 2 ကို တင်ဆက်ပေးလိုက်ပါတယ်။ ချစ်ခြင်းတရားတွေအပြည့်နဲ့ မြန်မာကားတွေထဲ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့။ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ကောင်လေးနဲ့ ကောင်မလေးရှိတယ်။ ကောင်လေးက ကျောင်းစရိတ်မလောက်တာမို့ ကျောင်းဆက်တက်ဖို့ အခက်အခဲဖြစ်နေတယ်။ ဒီတော့ ကောင်မလေးက စွန့်လွှတ်ခြင်းကြီးစွာနဲ့ ကောင်လေးမိသားစုရဲ့ လယ်တောအိမ်ကို ရောင်းဖို့အတွက် ကောင်လေးရဲ့ဇာတိကို လိုက်ခဲ့တယ်။ ဒီအခန်းတွေကို အီတလီရဲ့စစ္စလီတို့လို တကယ့်နေရာကောင်း နေရာလှလေးတွေမှာ ရိုက်ပြထားခဲ့တယ်။ ကောင်လေးရဲ့ ငယ်ချစ်ဦးပေါ်လာပြီး အချစ်လွန်ဆွဲပွဲတွေဖြစ်ကြတယ်။ ဟိုဆွဲ ဒီဆွဲ နောက်ဆုံး ပန်းချီပြခန်းထဲ သူတစ်ပြန်ကိုယ်တစ်ပြန် ငြိမ်းချမ်းရေးနဲ့ ချကြတဲ့အထိပေါ့။ ဘယ်လာသွန်းကလည်း တရုန်းရုန်းနဲ့ အလှတွေမနည်းပြထားတာမို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူးပေါ့။ ချစ်ခြင်းမေတ္တာဟာ ဘာလဲသေချာပြထားတဲ့ကားလေးမို့ ပညာယူ ကြည့်ရှုကြသင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 877MB Quality - 1080p, 720p IMDb Rating - 2.4/10 Format - mp4 Duration - 1H 31Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Action • Animation • Science Fiction
6.4 2022 91 mins
Game of Love
Robin Hood: Men in Tights
6.6

~ IMDb - 6.7/10, Rotten Tomatoes - 41% ~ Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ငါးပါးမှောက်နေတာပါ။ အဲဒီမှာ ထုံးစံအတိုင်း အကျင့်မကောင်းတဲ့ မင်းသားတစ်ကောင်နဲ့ ရော်ဘင်ဟုဒ်တို့ မင်းသမီးလေးကိုရဖို့ အပြိုင်လုပ်ရင်း မမြင်အပ်နေရာ ခတ်တော်မူသော ဂွကျလှတဲ့ သော့တော်ကြီးကို ဘယ်လိုသောက်တလွဲတွေနဲ့ ဖွင့်ကြမလဲ ရှုစားရမှာပါ။ Parody ကားဆိုတော့ သောက်တလွဲမျိုးစုံလုပ်ပြနေတာမို့ ကလိထိုးပြီးရယ်ခိုင်းနေမှာဖြစ်တဲ့အတွက် တော်တော်တော့ရယ်ရပါတယ်။ တစ်ချက်ပြုံးရင်း တစ်ရက်အသက်ပိုရှည်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.97GB, 824MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 44Min Genre - Adventure, Comedy, Musical Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Comedy • Romance • TV Movie
6.6 1993 104 mins
Robin Hood: Men in Tights
Kaithi
7.6

IMDb ratings : 8.5/10 Genre : Action, Thriller Budget ₹35 crore Box Office ₹106 crore ဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကို အင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီး ဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။ သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ ဒါဟာ မှောင်ခိုပစ္စည်းပိုင်ရှင်တွေ အကွက်ချစီမံထားတာပဲ။ ဒီအချိန်မှာ အရာရှိအားလုံးကို တစ်ခြားနေရာကို ချက်ချင်းပို့ဖို့ အကြောင်းဖန်လာတာကြောင့်. . . ညနေခင်းကမှ သူ့အရာရှိတစ်ချို့ ဖမ်းဆီးလာတဲ့ ဂျစ်ကားပေါ်က ဒီလီဆိုသူကို ကုန်တင်ကားကြီးနဲ့ အရာရှိအားလုံးကို တင်ပို့ဖို့ စီစဉ်ပါတယ်။ ဒီလီ. . . ဒီလီဆိုတာက ထောင်ဆယ်နှစ်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ လူပါ။ မွေးကတည်းက ဆယ်နှစ်ကြာတဲ့အထိ မမြင်ဖူးခဲ့တဲ့ သမီးလေးရှိရာ မိဘမဲ့ကျောင်းမှာရှိတဲ့ သမီးငယ်ကို သူ သွားတွေ့မှာ။ ဒီလိုအချိန်မှာ. . . အင်စပက်တာ ခိုင်းစေတဲ့အလုပ်ကို သူလုပ်နိုင်ပါ့မလား. . . သူ့သမီးလေးနဲ့ တွေ့ခွင့်ရပါ့မလား. . . ဒီကားက အကတွေ ၊ သီချင်းတွေ လုံးဝမပါသလို မင်းသမီးလည်း မပါတဲ့ Non-Stop Thrilling ရသကို ပေးစွမ်းနိုင်တဲ့ ကားပါ။ တောင်ပိုင်းကား ပရိတ်သတ်တွေအပြင် တစ်ခြား အက်ရှင်ကားပရိတ်သတ်တွေပါ အားပေးနိုင်ပါတယ်။ (Over-Action မဆိုသလောက်သာ ပါပါတယ်) (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Nyi Koe & Myint Thu တို့ဖြစ်ပါတယ်။) ဒီဇာတ်ကားထဲကဇာတ်ကောင်တွေဟာ Vikram (2022) မှာ ပြန်လည်ပါဝင်လာပါတယ်..Vikram(2022) ကို ဒီမှာ https://channelmyanmar.org/vikram-2022/  ကြည့်ပါ။ File size…(5.1 GB)/(1.9 GB) / (950 MB) Quality….WEB-DL 4K HEVC/1080p HEVC/ 720p Format…mkv/mp4 Duration….02:24:37 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ,Nyeinsaeya Aung Translated by Nyi Koe & Myint Thu

Drama
7.6 2019 147 mins
Kaithi
Ride or Die
6.6

ဇာတ်လမ်းရဲ့အစမှာတော့ ReiNagaswa က Nanae Tsujimuraရဲ့အမျိုးသားကိုခန္ဓာကိုယ်ရင်းကာ လှည့်စားပြီးလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် Rei Nagasawa နဲ့ Nanae Tsujimura တို့ကမတွေ့တော့ဘဲ အဆက်အသွယ်ဖြတ်ထားတာ ၁၀နှစ်လောက်ရှိပါပြီ တနေ့မှာ‌Nanae Tsujimura ကသူ့ရဲ့အဆက်ဟောင်းလေးဖြစ်တဲ့ Nagasawa ကိုပြန်လည်‌ဆက်သွယ်တွေ့ဆုံခဲ့ပါတယ် ဒါပေမဲ့သူတို့တွေရဲ့ ပတ်သက်ဆက်ဆံမှုကအထက်တန်းကျောင်းသားဘဝက သာယာလွမ်းမောဖွယ်စတင်ခဲ့ပေမဲ့ ထင်သလိုမျိုး လိင်တူချစ်သူရည်းစားတွေလည်းမဟုတ်ခဲ့ပါဘူး ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ငယ်သံယောဇဉ်တွေ ရှိတဲ့အပြင် ဘယ်လိုအကြောင်းရင်းအကြောင်းခံတွေ ဘဝနောက်ခံတွေရှိခဲ့သလဲဆိုတာ သူတို့နှစ်ယောက်ဘာလို့လမ်းခွဲခဲ့ကြသလဲ Rei က Tsujimura ရဲ့ယောက်ျားကိုဘာလို့ သတ်ဖြတ်ခဲ့တာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ ဒီဇာတ်ကားမှာတော့ Lesbianတစ်ယောက်ရဲ့ သူ့ချစ်ရသူ‌အပေါ် စွန့်လွှတ်အနစ်နာခံမှုတွေ ပေးဆပ်မှုတွေကိုရိုက်ပြပြီး romanticဆန်ချက်ကတော့ straight တွေတောင်အရှုံးပေးရလောက်မဲ့ အချစ်စစ်မျိုးပါ Reiတို့ လူသတ်မှုကိုကျူးလွန်ပြီးထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား.... ထို့အပြင်ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေမှာ cameraကို 360°ရိုက်ပြတဲ့ sceneတွေ ကိုယ်ကိုယ်တိုင်နောက်ကနေလိုက်ပြီး stalkingလုပ်ရသလိုမျိုး ခံစားရမဲ့ sceneတွေ ပါဝင်တာကြောင့် စကားနဲ့ထုတ်မပြောဘဲ မျက်လုံးတွေကနေ ခံစားချက်တွေကိုဖော်ထုတ်ပြသတာတွေကြောင့် တမူထူးခြားတဲ့ရသကို ခံစား‌ရစေမှာပါ ဒါကြောင့် Japanese dramaတွေကိုကြည့်ဖူးသူတွေကတော့ ဒီဇာတ်ကားရဲ့အဆင့်အတန်းကိုခန့်မှန်းမိလောက်မှာပါ ဒါပေမဲ့ 18+ Scenes တွေလည်း ကွက်ကွက်ကွင်းကွင်း ပါတာကြောင့် ၁၈ယောက်စုပြီးကြည့်ကြပါ မှားလို့ ..... မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်ပါခင်ဗျာ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance, Thriller Quality…. 1080p | 720p | 480p File size…  2.9GB | 1.5GB | 938MB Format… mp4 Duration…. 2h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dark Knight Encoder ..... Blank

6.6 2021 142 mins
Ride or Die
Granny’s Got Talent
6.3

Granny’s got Talent အညွှန်း ဆဲမယ်ဗျို့ ….. ဆဲမယ် …. အဆဲပြိုင်ပွဲကြီး နွှဲကြမယ် ….. ရသစုံရှိုးတွေလည်း CM မှာ တင်ဆက်ပေးနေတာ မနည်းပါဘူး။ ဒီဇာတ်ကားကလည်း ရသစုံရှိုးတစ်ခုကို အခြေတည်ပြီး ရိုက်ကူးထာတာပါ။ ဘယ်လိုရှိုးမျိုးလဲဆိုတော့ “အဆဲပြိုင်ပွဲ” ရှိုးပါပဲ။ ဒီ show ရဲ့ထူးခြားချက်က အဆို၊အက၊ အတီး တခြား Talent ​တွေ တစ်ခုမှမလိုဘဲ ဆဲတတ်ရုံနဲ့ ဝင်ပြိုင်နိုင်မှာတဲ့ဗျား။ ​နေ့စဥ်ဘဝမှာဆဲရုံတင်အားမရတဲ့သူ​တွေကို ဆု​ကြေး​ငွေ​ပေးပြီး​တော့ကို အဆဲပြိုင်ပွဲ လုပ်​ပေးသွားတာပါ ဆဲတာကလည်း ရိုးရိုး​ဆဲတာမဟုတ်ဘဲ ဇာတ်ညွှန်းနဲ့ဆဲရမှာပါ ဇာတ်အလမ်းအကျဉ်းချုပ်ကတော့ ….. အီ​ဂျောင်ဆွန်းဆိုတဲ့အဘွားက ​ထောင်ကထွက်လာ​တာနဲ့ အဘွားရဲ့သာယာနာပျော်ဖွယ် ဆဲရေးသံလေးတွေကို နားထောင်ပြီး အစီအစဥ်ရဲ့ပီဒီက သ​ဘောကျသွားတာနဲ့ အဘွားလည်း ဝင်ပြိုင်ဖြစ်သွားတာပါ အဘွားက ပြိုင်ပွဲတစ်​လျှောက်လုံး အဆဲစ​ကေး​တွေပြသွားမှာဖြစ်ပြီး ​နောက်ဆုံးဖိုင်နယ်ပွဲအထိ အနိုင်ရမသွားမလားဆိုတာကို ​စောင့်ကြည့်ရမှာပါ Comedy ဆို​ပေမယ့် ကိုရီးယားရဲ့ထုံးစံအတိုင်း ဒရာမာ​လေး​တော့ နည်းနည်းချိုးထားပါတယ် အဆဲပြိုင်ပွဲကြည့်ရင်း တစ်နည်းအားဖြင့်​တော့ စိတ်ဖိအား​တွေ​ပြေ​ပျောက်ဖို့ ​မျှော်လင့်ပါတယ် ကြည့်​ပေးကြပါဦး​နော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ The Witch Part-2 နဲ့ The Roundup မှာ ကိုရီးယားကနေ မြန်မာကို အကြားစွမ်းရည်နဲ့ လက်စွမ်းပြခဲ့ကြတဲ့ အားလုံးသဘောကျနှစ်ခြိုက်ခဲ့ကြတဲ့ Hmwe and Joyz ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size…1.6GB | 811MB | 366MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Joyz Encoder ….. August

Action • Comedy • Horror
6.3 2015 108 mins
Granny’s Got Talent
Saw V Saw 5
5.8

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 5 (2008) SAW franchise ရဲ့ ၅ ကားမြောက်ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ Jigsaw ရဲ့ ဆက်ခံသူအဖြစ် အမန်ဒါအပြင် နောက်တစ်ယောက်ပါ ပါလာခဲ့ပါတယ်။ သူကတော့ စုံထောက်ဟော့ဖ်မန်းပါပဲ။ ပြဿနာစတာက စုံထောက်ဟော့ဖ်မန်းက သူသတ်ချင်တဲ့လူတစ်ယောက်ကို Jigsaw သတ်တဲ့ပုံစံပေါက်အောင်လုပ်ပြီး သတ်လိုက်တာကနေ စတာပါပဲ။ နောက်တော့ Jigsaw ကိုယ်တိုင် သူ့ဆီရောက်လာပြီး သူ့ကို ပညာပေးဖို့လုပ်ပါတော့တယ်။ Jigsaw ဖြစ်လာရတဲ့အကြောင်းအရင်းတွေ ထောင်ချောက်တွေကို ဘယ်လိုဆင်ရတာတွေ ဘယ်လိုသင်ခန်းစာပေးရတယ်ဆိုတာတွေကိုပါ သင်ပေးပြီး နောက်ထပ် Jigsaw လူသတ်သမားတစ်ယောက်ကို မွေးဖွားလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ နောက်စုံထောက်တစ်ယောက်ကလည်း ဌာနအတွင်းမှာ Jigsaw နောက်တစ်ယောက်ရှိနေတာကို မသင်္ကာဖြစ်လာပြီး စတင်စုံစမ်းတော့တယ်။

Drama • Romance
5.8 2008
Saw V Saw 5
Tale of Tales
6.4

Tale of tales (2015) =================== IMDb – 6.4/10, Rotten Tomatoes – 83% ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် horror/fantasyအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်‌အတိုင်းပဲ မတူညီတဲ့ ပုံပြင်သုံးပုဒ်အကြောင်းကို ကြည့်ရမှာပါ။ ရာပန်ဇယ်တို့ စင်ဒရဲလားတို့ကိုရေးခဲ့တဲ့ အီတလီစာရေးဆရာGiambattista Basileရဲ့ ပုံပြင်တွေအပေါ် အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံရှိပြီး တစ်နိုင်ငံစီရဲ့အရှင်သခင်တိုင်းက သူ့စွဲလမ်းမှုနဲ့သူပါ။ ပထမပုံပြင်က ကလေးလိုချင်နေတဲ့ဘုရင်မကြီးအကြောင်းဖြစ်ပြီး ဒုတိယကတော့ ဘုရင်ကြီးက အထင်မှားပြီးစိတ်၀င်စားခံရတဲ့အဖွားကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ တတိယပုံပြင်ကတော့ သန်းအမွေးကောင်းလို့ သမီးတော်ကိုဆုံးရှုံးလိုက်ရတဲ့ဘုရင်ကြီးအကြောင်းဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေကို horror themeဖက်နွယ်ပြီး ဆန္ဒတစ်ခု တပ်မက်စိတ်တစ်ခုကြောင့် ဘယ်လိုအဆုံးသတ်သွားရလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Soe Thiri Swe ပါ ) File size_(2.4GB)/(1.2GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:14:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe

6.4 2015 134 mins
Tale of Tales
Chronicle of a Blood Merchant
6.4

Chronicle of a Blood Merchant (2015) ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ် နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ် ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Drama
6.4 2015
Chronicle of a Blood Merchant
Kneecap
7.6

Kneecap (2024) IMDb Rating (7.6) / Rotten Tomatoes (97%) Kneecap ဟာဘယ်လ်ဖတ်စ်အခြေစိုက် အိုင်ယာလန်ဟစ်ပ်ဟော့အဖွဲ့ဖြစ်တဲ့ Kneecap အဖွဲ့ရဲ့ဇာတ်ကြောင်းကိုအခြေခံပြီး သူတို့အဖွဲ့ဝင်တွေကပဲ ကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ Michael Fassbender ကြီးကိုဇာတ်ပို့အဖြစ်မြင်တွေ့ရမှာပါ။ ဒီကားကို Sundance Film Festival မှာပွဲဦးထွက်ပြသခဲ့ပြီး NEXT Audience Award ရရှိခဲ့သလို Galway Film Fleadh မှာလည်းဆုသုံးဆုဆွတ်ခူးခဲ့ပါသေးတယ်။ လာမယ့် အော်စကာမှာလည်း Best International Feature Film အဖြစ်တင်သွင်းထားပါတယ်။ ဇာတ်အစကနေအဆုံးထိ မြူးကြွသွက်လက်တဲ့တင်ဆက်ပုံတွေ၊ ရှယ်လန်းတဲ့ beats တွေ အတည်ပေါက်နဲ့ဖောက်တဲ့ဟာသတွေနဲ့ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:45:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama
7.6 2024
Kneecap
Traffic
6.8

ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ် ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ် နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန် သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာ တစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ… ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ် တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့… (ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်) Genre….. Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.89GB | 927MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Encoder ….. Aaron

Crime • Drama
6.8 2016 104 mins
Traffic
Painter
6

Painter (2023) ပန်းချီဆရာ ငွေဆိုတာ လောကကိုဝါးမြိုနေတဲ့အရာတစ်ခုလို့ပဲ သတ်မှတ်ထားတဲ့ ပန်းချီဆရာလေးဟာ ကောင်းကင်ကို ဆေးရောင်စုံစပ်တဲ့ဗန်း ကမ္ဘာမြေကြီးကို ပတ္တူဖျင်စလို့ သဘောထားပြီး သူ့ရဲ့စိတ်ကူးစိတ်သန်းတွေကို ရေးဆွဲရရုံနဲ့တင် ကျေနပ်နေတဲ့အရာပေါ့။ ငွေကို ဒုတိယဘုရားသခင်အနေနဲ့ သတ်မှတ်ထားတဲ့လောကကြီးမှာ ငွေရမယ့်အလုပ်ကို စိတ်မဝင်စားတဲ့သူ့ကို ပတ်ဝန်းကျင်ကလူတွေကတော့ နားမလည်ကြဘူးပေါ့လေ။ တစ်နေ့ စိတ်ကူးထဲက သိပ်လှတဲ့မိန်းကလေးတစ်ယောက်ကို ပန်းချီဆွဲထားတဲ့ ပန်းချီကားလေးကို ဆင်မီဆိုတဲ့ သူဌေးသမီးလေးက တွေ့သွားပြီးတော့ မရမက ပူဆာပါတော့တယ်။ ဒါပေမဲ့ ပန်းချီဆရာလေးကလည်း ဒီပန်းချီကားကို မပြီးသေးတဲ့အတွက်မရောင်းချင် လိုတိုင်းတ တတိုင်းရခဲ့တဲ့သူဌေးသမီးမလို့ ဆင်မီကလည်းမလျှော့နဲ့ ဒီပန်းချီကားတစ်ချက်ကနေ စလိုက်တဲ့ရေစက်က ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Comedy
6 2023 109 mins
Painter
Genius
6.5

Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(750 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

6.5 2016 104 mins
Genius