YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Romance of a Twin Flower E27 (1080p) CM.mp4

548.25 MB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Keeper of Lost Causes
7.1

ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့ စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့် အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။ တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့ အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး အမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့် စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့ သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင် သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း IMDB မနည်းတာကို တွေ့ရှိရမှာပါ။ File size…1.03GB / 455MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy • Fantasy
7.1 2013 93 mins
The Keeper of Lost Causes
(21+) Sex, Party and Lies
4.6

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အကြမ်းစား စပိန် 21+ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နွေရာသီအားလပ်မှာ ပွဲတော်တစ်ခုကို သွားကဲချင်ပေမဲ့ ဘိုင်ပြတ်နေတဲ့အတွက် ကြံရာမရတဲ့အဆုံး ကလပ်မှာမူးယစ်ဆေးရောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ နီကို နဲ့ တိုနီ ... ဝိတ်တက်လာလို့ ဘဲပစ်ခံလိုက်ရတဲ့အပြင် ဝလာတဲ့အတွက် အလုပ်ပါပြုတ်သွားလို့ လောင်နေတဲ့ကောင်မလေး ပက်ဇ် ... သူငယ်ချင်းမ ပက်ဇ် ကို နှစ်သိမ့်ပေးသလိုလိုနဲ့ သူ့ရဲ့ဘဲ ဘိန်းစားဂီတသမားနဲ့ နောက်ကွယ်မှာခိုးစားနေတဲ့ မစံပယ် … ကိုယ့်ကိုယ်ကိုယ် လက်စဘီယန် ဆိုတာ လက်မခံနိုင်တဲ့ကောင်မလေး မာရီနာ နဲ့ Bisexual စားစော်ကြီး လီယို … အစရှိသဖြင့် လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပျော်အပါးခံစားချက် စရိုက်သဘာဝအစုံကို ခံစားကြည့်ရှူနိုင်မှာပဲဖြစ်ပါတယ်။ (Gay, Straight, Bi, Lesbian, Threesome စတဲ့ အကြမ်းစား sex အခန်းတွေ ဖောဖောသီသီ ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲ ဖြစ်ပါတယ်။) File Size          :  2.6GB, 1.2GB & 473MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 47mins Genre              : Comedy, Drama Translated by  Thar Htet Encoded by Kinnov

Drama
4.6 2009 107 mins
(21+) Sex, Party and Lies
Darkest Hour
7.3

Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။ လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ? Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ? အဖြေကရှင်းပါတယ်။ ဒီရုပ်ရှင်ထဲမှာ Gary Oldman ဟာ တကယ့်ဝင်စတန်ချာချီ ဝင်သရုပ်ဆောင်နေသလား အောက်မေ့ရလောက်အောင် တူလွန်းလှပါတယ်။ တစ်နေ့ကို ၁၈ နာရီရိုက်ကူးရေးလုပ်ရပြီး ၆ နာရီသာအိပ်ခဲ့ရပါတယ်။ ဝင်စတန်ချာချီလို ဗိုက်ပူပူနဲ့ လူကောင်လုံးလုံးကြီးဖြစ်အောင် ပိန်ပိန်ပါးပါး Gary Oldman ဟာ လူခန္ဓာကိုယ်ပုံစံတူပြုလုပ်ထားတဲ့ဝတ်စုံအကြီးကြီးကိုဝတ်ဆင်ပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ဆေးလိပ်တွေသောက်ရလွန်းလို့ အဆိပ်သင့်တဲ့အထိလဲ ဖြစ်ခဲ့ပါသေးတယ်။ အဲ့လောက်အထိကို ကြိုးစားခဲ့ရတာပါ ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ ဝင်စတန်ချာချီကို ဘယ်တုန်းကမှမမြင်ဖူးတဲ့ အမြင်နဲ့ တွေ့ရတာပါ။ ဇာတ်လမ်း အစအလယ်အဆုံး ဆူပုတ်ပုတ် ဂျစ်ကန်ကန်ပုံစံ ဝင်စတန်ချာချီကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့နာမည်ကျော် မိန့်ခွန်းတွေကိုလဲ နားထောင်ရမှာဖြစ်သလို ဘုကလန့်ဂွစာပုံစံတွေကိုလဲ ကြည့်ရှူရမှာပါ။ ဇာတ်လမ်းက တခြားအတ္ထုပတ္တိရုပ်ရှင်တွေလိုမျိုး ဇာတ်အိမ်အရမ်းနက်နဲမှုမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ သမိုင်းရုပ်ရှင်တစ်ကားကို စိတ်ဝင်စားအောင်တင်ဆက်ထားပါတယ်။ သမိုင်းအချက်အလက်တွေလဲ အများကြီးပါဝင်သလို ပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကလဲ Gary Oldman ရဲ့ ချာချီဇာတ်ကောင်ကို အများကြီးထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ နောက်ခံသမိုင်းကြောင်းအနေနဲ့ ဒန်းကတ်ကမ်းခြေမှာသောင်တင်နေတဲ့ စစ်သား ၄သိန်းကို ကယ်ထုတ်ဖို့ကြိုးစားတဲ့ဖြစ်ရပ်ကို အခြေခံထားပြီး ဝင်စတန်ချာချီအနေနဲ့ ဒီလူ ၄ သိန်းကို ကယ်ထုတ်ဖို့၊ သူ့ကို ဗြိတိန်လွှတ်တော်၊ ဘုရင်၊ သူ့ရဲ့ပါတီဝင်တွေ ယုံကြည်လာအောင်၊ ပြည်သူတွေ သူ့ကိုထောက်ခံအားပေးလာအောင် ဘယ်လိုအားထုတ်ခဲ့ရတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကိုကြည့်ပြီးရင် ချာချီရဲ့စိတ်နေစိတ်ထား၊ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့သတ္တိကို ပိုပြီးနားလည်သဘောပေါက်လာမှာသေချာပါတယ်။ ဒီနှစ် Academy Awards မှာတော့ The Disaster Artist မင်းသား James Franco မရမှာသေချာနေပြီဆိုတော့ Gary Oldman ကိုတော့ တစ်ပေးထားလိုက်ပါပြီ။ ဆုတွေလဲအများကြီးဆွတ်ခူးထားတဲ့ရုပ်ရှင်ဖြစ်သလို Academy Award Best Picture Nominee ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကြည့်ပြီးရင် Christopher Nolan ရဲ့ Dunkirk ရုပ်ရှင်ကိုလဲ ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားနှစ်ကားက ဆက်စပ်မှုရှိနေသလို နှစ်ကားလုံးကလဲ အကောင်းဆုံးရုပ်ရှင်ဆု လျာထားခံထားရတဲ့အတွက်ကြောင့်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုအာကာဖြိုးပါ) File Size : (953 MB) Quality : WEB-DL 720p Running Time : 2hr 5min Format : Mp4 Genre :Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Arkar Phyo Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.3 2017 125 mins
Darkest Hour
Summer Palace
7.1

Summer Palace (2006) ~ IMDb – 7.1/10, Rotten Tomatoes – 72% ~ Directed By “Lou Ye” Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ Lou Ye ရဲ့လိင်မှုခန်းတွေဟာ ပီပြင်သမှုနဲ့ နာမည်ကျော်ပြီးသားဆိုတော့ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။ Summer Palace ရဲ့ လိင်မှုခန်းတွေကတော့ ဒီတိုင်းတင်မဟုတ်ဘဲ နိုင်ငံရေးအခြေအနေတွေကိုပါ ပုံဖော်ထားတယ်လည်း ပြောကြတယ်။ ” နွေညနေခင်းမှာတိုက်တဲ့ လေပြေလို ဆိုင်းမဆင့်ဗုံမဆင့်ဆိုက်ရောက်လာတတ်တဲ့ အရာတစ်ခုရှိတယ်။ အဲဒီအရာက လူကို မိုးမမြင်လေမမြင်ဖြစ်အောင်လုပ်နိုင်ပြီး ပူလောင်ခြင်းတွေနဲ့ ထားခဲ့တတ်တယ်။ အဲဒီအရာက ကိုယ့်နောက်ကို အရိပ်လိုလိုက်နေတတ်ပြီး အဲဒီအရာကို ဘယ်လိုမှ ထိန်းချုပ်လို့မရဘူ။း အဲဒီအရာကို ဘာပါလို့တော့ ကျွန်မတပ်အပ်မသိဘူး။ အဲဒီအရာကို ကျွန်မ အချစ်လို့ပဲ အမည်တပ်ပေးနိုင်တယ် “ ကောင်မလေးက စိတ်ကစားတယ်ပဲပြောရမလား သူ့အချစ်ကိုခံယူပုံကပဲ ထူးခြားတယ်ပဲ ပြောရမလားတော့ မသိဘူး။ တက္ကသိုလ်ရောက်တော့လည်း တခြားကောင်လေးတစ်ယောက်နဲ့တွဲတယ်။ ပထမကောင်လေးနဲ့တုန်းက ငယ်သေးလို့လားမသိ ခံစားချက်သိပ်မများဘူးလို့ထင်ရပေမဲ့ ဒီဒုတိယကောင်လေးနဲ့ကျ ကောင်မလေးဟာ တော်တော်လေး ခံစားတတ်လာသလို ကောင်လေးကြောင့် ခံစားရတာတွေလည်းများလာတယ်။ ဒါကို သူ့ Monologue အရှည်ကြီးတွေနဲ့ ပြသွားတယ်။ ထူးတာက ဒီထဲက မိန်းကလေးဇာတ်ကောင်ဟာ ရုပ်ရှင်ဇာတ်ကောင်တစ်ခုဆိုတာထက် ကျွန်တော်တို့ ကြုံနေမြင်နေရတဲ့ မိန်းကလေးတွေနဲ့ စိတ်နေသဘောထား ဘာညာ တော်တော်တူတယ်။ သူ့ Monologue တွေအရဆိုလည်း ဒီအချက်က ပိုသိသာတယ်။ ဒီအတွက် တွဲဖက်အမျိုးသမီးဇာတ်ညွှန်းဆရာမတွေရဲ့ ကျေးဇူးလည်း မကင်းလောက်ဘူး။ ဒီကားရဲ့ ဇာတ်အိမ်ထက် ဇာတ်ကောင်က ပိုအဓိကကျနေတဲ့အတွက် မြင်နေကြုံနေကျ မိန်းကလေးဇာတ်ကောင်မျိုးကို ပေးနိုင်တာကိုက သူ့အရသာဖြစ်နေလိမ့်မယ်။ နောက်ကောလိပ်တက်နေတဲ့ ဇာတ်ကောင်တွေရဲ့ လူငယ်တို့ဘာသာသဘာဝ ကတောက်ကဆတွေ ဝေးကွာခြင်းတွေကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ သူက နိုင်ငံရေးစွတ်လာတယ်။ ၁၉၈၉မှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည်ရဲ့ နာမည်ကျော် ထျန်းအန်းမင် အရေးအခင်း ဖြစ်နေတဲ့ကာလနဲ့ ဆက်စပ်ပြသွားတယ်။ ငါတို့နိုင်ငံမှာ ငါတို့ဟာ အကျဉ်းသားတွေပြန်ဖြစ်နေတာကို ကမ္ဘာကသိစေချင်တယ်ဆိုပြီး ပီကင်းတက္ကသိုလ်က ဆရာမတစ်ယောက်က ဒီအရေးအခင်းမှာ ဟောပြောခဲ့သလို လူ ၃၀၀၀လောက်သေခဲ့တဲ့ အရေးအခင်းကြီးပေါ့။ Lou Ye ဟာ အရေးအခင်းနဲ့ လူငယ်တွေရဲ့ ဘဝရဲ့အပြောင်းအလဲတွေကို ယှဉ်တွဲပြသွားခဲ့သလို ဒီရုပ်ရှင်ကို ဝေဖန်ရေးဆရာတွေကတော့ နိုင်ငံရေးနဲ့ ကိုယ်ရေးကိုယ်တာကို အလှပဆုံးရောစပ်ထားတဲ့ ရုပ်ရှင်လို့လည်း ဆိုကြတယ်။ ဒီရုပ်ရှင်ထဲက ကောလိပ်ကျောင်းသားဘဝတွေဟာ ကြည်နူးစရာတစ်ကွက်မှမမြင်မိပေမဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ အငွေ့အသက်ကို ရနေတယ်ဆိုတာတော့ ငြင်းမရဘူး။ Zhang Yimou တို့၊ Chen Kaige တို့ မျိုးဆက်အလွန် Jia Zhangke တို့၊ Wang Xiaoshuai တို့၊ Lou Ye တို့ရဲ့ ၆ဆက်မြောက်ထဲ Lou Ye ဟာ ဒီမျိုးဆက်ရဲ့အထင်ရှားဆုံးလူတွေထဲ ပါပါတယ်။ Summer Palace ဟာလည်း သူ့ရဲ့အထင်ရှားဆုံးကားတွေထဲပါတယ်။ ထုံးစံအတိုင်း တရုတ်ပြည်မက ကားပေမဲ့ ကားကောင်းမှန်သမျှ လိုက်ဘန်းပြီး ပေါ်လစီကားပဲ ခွင့်ပြုတတ်တဲ့ တရုတ်ကြီးတို့ဟာ ထျန်းအန်းမင်အရေးအခင်းက Footage တွေကို သုံးထားတဲ့အတွက် ဒီကားကိုဘန်းလိုက်ပြန်တာပါပဲ။ ဒါပေမဲ့လည်း ဒီကားထဲက အချက်အလက်တော်တော်များကတော့ လှီးလွဲသုံးထားတာတွေပါ။ အဲဒီခေတ်မှာ တကယ်မရှိသေးတဲ့ အရာတွေလည်းပါသလို တကယ်မရှိတဲ့နေရာတွေလည်း ပါနေပြန်တာပါပဲ။ ဒါတောင် အပိတ်ခံရပါတယ်။ Lou Ye ဟာ တစ်ကားရိုက်တစ်ကားဆိုသလို အကြောင်းမျိုးစုံပြပြီး တရုတ်အစိုးရ ရိုက်ခွင့်ပိတ်နေရတဲ့ ဘဲပါပဲ။ ဒီကားအပြီးလည်း ငါးနှစ်ထပ်အပိတ်ခံခဲ့ရပါတယ်။ မတတ်နိုင်ခြင်းတွေနဲ့ ကြည့်နေရတဲ့ ကျွန်တော်တို့ခေတ်ထဲ ဖောခြင်းသောခြင်း စီးဆင်းနေတဲ့အရာတွေဟာ ဝေးကွာခြင်းတွေပဲဆိုတော့ တချို့အတွက်တော့ ဒီရုပ်ရှင်ဟာ အနည်းနဲ့အများ တိုက်ဆိုင်နေမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 38Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2006 135 mins
Summer Palace
King of Killers
6

ဂယ်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့ကိုသတ်ဖို့ တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။ ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖို့သွားနေတုန်း သူ့မိန်းမက အဲ့ဒီကို လိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီး ကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါ ဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန် ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူး သူတို့ရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့ ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖို့ပါပဲ။ဒါပေမယ့် သူ့ကိုသတ်ဖို့က ပုံမှန်အလုပ်တွေလို ရိုးရှင်းမနေပဲနဲ့ တခြားလူတွေနဲ့ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ထက် ပိုထူးဆန်းတာက ဒရေကိုကိုသတ်ဖို့ သူတို့ကို ဒရေကိုကိုယ်တိုင်ကငှားထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဂယ်ရန်နဲ့ တခြားလူသတ်သမားတွေ ဒရေကိုကို သတ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာ လူသတ်သမားတွေရဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို သူတို့ထဲက တခြားလူတွေက ပိုင်ဆိုင် သွားမလား ဒရေကိုကပဲ ဆက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 2023 91 mins
King of Killers
Suffragette
6.9

ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ် အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ် အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ အိမ်ကနှင်ထုတ်ပြီး သားလေးနဲ့တွေ့ခွင့်မပေးတော့ပါ အဲ့ခေတ်က ဥပဒေအရ သားသမီးကို ဖခင်ကပဲ ပိုင်ဆိုင်ပါတယ် အဲ့ဒါကြောင့် ​မော့ဒ်တစ်ယောက် ထိုဥပဒေကို ပြင်ရမယ် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရှိရမယ်ဆိုပြီး တက်ကြွလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပါတော့တယ် သူမနဲ့အတူ ဗွိုင်းအိုလက် မစ္စစ်အယ်လင် အမ်မလီ မစ္စစ်ပန်ဟာ့စ် စတဲ့အမျိုးသမီးတွေနဲ့အတူ စစ်ဆင်ရေးတွေကိုဆောင်ရွက်ပါတော့တယ် ဒီဇာတ်ကားလေးဟာ မော့ဒ်ကိုအဓိကဇာတ်ကောင်အနေနဲ့ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒီဇာတ်ကားထဲမှာပါတဲ့ အမ်မလီ ဆိုတဲ့ အမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ”Emily Wilding Davison” ဆိုတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးကို အခြေခံထားတာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.9 2015 106 mins
Suffragette
Bubba Ho-tep
6.9

Bubba Ho-tep (2002) တစ်ချိန်က နာမည်ကျော် အဆိုတော် အဲလ်ဗစ်စ်ပရက်‌စလေရော၊ ပရက်စလေ အယောင်ဆောင်ရော၊ သမ္မတ ကနေဒီအယောင်ဆောင်ရော၊ မံမီတွေရော စုံအောင်ပါတဲ့ လူအိုကြီးတွေကားဖြစ်ပါတယ်။ တက္ကဆက်ပြည်အရှေ့ပိုင်းက လူအိုရုံမှာ သူ့ကိုယ်သူ အဲလ်ဗစ်စ်လို့ ဆိုတဲ့ ဆီဘက်ရှန်ဆိုတဲ့ ဘိုးတော်နဲ့ သမ္မတကနေဒီပါလို့ ပြောတဲ့ ဂျက်တို့ နှစ်ယောက်က သူငယ်ချင်းဖြစ်နေပါတယ်။ ဒါအဆန်းတော့မဟုတ်ပါဘူး လူအိုရုံက အဘိုးအဘွားတွေက အနည်းနဲ့အများ စိတ်ပုံမှန်မရှိကြတာများပါတယ်။ ဆီဘက်ရှန်ရဲ့ ဇာတ်လမ်းအရ သူက အဲလ်ဗစ်စ်ဖြစ်ပြီး စတိတ်စင်ပေါ်က ပြုတ်ကျလို့ အနှစ် ၂၀ ကိုမာ၀င်နေခဲ့တာပါတဲ့။ သူအောင်မြင်နေတုန်း ကျော်ကြားမှုကို စိတ်ကုန်သွားလို့ ဆီဘက်ရှန်ဆိုတဲ့ အဲလ်ဗစ်စ်အတုခိုးတဲ့သူနဲ့ စာချုပ်ချုပ်ပြီး ဘ၀ချင်းလဲထားတာပါတဲ့။ သူ့လိုပဲ ဂျက်ကလည်း သူ့ကို လုပ်ကြံနေတဲ့သူတွေဆီက ရှောင်နေတာ၊ သူလူမည်းဖြစ်တာ လူဖြူတွေက သူ့ကို အရောင်ဆိုးပစ်တာဆိုပြီး ဆိုပြန်ပါတယ်။ ပြသာနာက သူတို့လူအိုရုံမှာ တစ်နေ့တခြား သေဆုံးမှုတွေတိုးလာပြီး ဂျက်က အိမ်သာနံရံက အီဂျစ်စာကြောင့် မသင်္ကာလို့ ဆက်စုံစမ်းလေ့လာကြည့်တော့ သူတို့လူအိုရုံက ရှေးဟောင်း အီဂျစ်မံမီကောင်ကြီး ကာလကြာရှည် ဝိညာဉ်စုပ်တဲ့နေရာဖြစ်နေတာ သိသွားပါတယ်။ ဒီလိုနဲ့ သူတို့ဝိညာဉ်အစုပ်မခံရရေး ကာကွယ်ဖို့ ဂျက်နဲ့ ဆီဘက်ရှန်တို့ လူအိုကြီးနှစ်ယောက် မံမီကို ရှင်းဖို့ဘယ်လိုကြံစည် လှုပ်ရှားကြလဲဆိုတာ ဆက်လက်အားပေးလိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 700MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 32Min Genre – Comedy, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.9 2002
Bubba Ho-tep
Blackout
5.6

Werewolf ခေါ် သမန်းဝံပုလွေဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် Blackout ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.6 ရရှိထားပြီးတခြားရှယ်ကြမ်းတဲ့ ဇာတ်ကားကြီးတွေနဲ့မနှိုင်းယှဉ်ပဲနဲ့ဒီအတိုင်းပေါ့ပေါ့ပါး ပါးလေးကြည့်မယ်ဆိုရင်ကြည့်လို့အဆင်ပြေမဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အစမှာတော့ လူငယ်စုံတွဲလေးနှစ်ယောက် လရောင်အောက်က လယ်ကွင်းထဲမှာ ရိုမန့်တစ်ဆန်ဆန် မူစကူဒူးနေကြတာကို တွေ့ရမှာဖြစ်ပြီး ရိုချင်လွန်းတဲ့ စုံတွဲကိုဘာမှန်းမသိတဲ့ အရာကြီးတစ်ခုက လာကိစ္စချော ပေးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီနယ်မြို့လေးမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြပြီး ပဲလှော်ကြားဆားညှပ် သွားတဲ့သူကတော့ အဲ့ဒီနယ်မြို့မှာ အလုပ်လာလုပ်တဲ့ မက္ကဆီကန် ရွှေ့ပြောင်း အလုပ်သမားခေါင်းဆောင်မီဂဲလ်ပဲ ဖြစ်ပါတော့တယ်။ဒါပေမယ့် ကံကောင်းတာက သူ့မှာသူ့အပေါ် အရမ်းကောင်းတဲ့ လူဖြူသူငယ်ချင်းတစ်ယောက်ရှိနေတာပါပဲ။ အဲ့ဒီသူငယ်ချင်းရဲ့ နာမည်ကချာလီဖြစ်ပြီး ချာလီ့ယောက္ခမကြီး ကတော့ မီဂဲလ်ကိုဘလိုင်းကြီး ကြိတ်မုန်းနေတဲ့ မြို့တော်ဝန် ယောင်ယောင် ဘိုးတော်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲ အဲ့ဒီမြို့လေးမှာ ရက်ရက်စက်စက် လူသတ်မှုတွေဆက်ဖြစ် မြို့တော်ဝန်ရူးက မီဂဲလ်ကိုစွပ်စွဲ မီဂဲလ်ကိုချာလီကကာကွယ်ပေးရင်းနဲ့ သပွတ်အူတွေလိုက်ရင်း နောက်ဆုံးမှာ တကယ့်လူသတ်တရားခံက သူတို့ထင်ထားသလို ဖြစ်မနေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုစိတ်လှုပ်ရှားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.38GB / 1.02GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.6 2023 107 mins
Blackout
A Summer at Grandpa’s
7.6

A Summer at Grandpa’s ( 1984 ) Directed by Hou Hsiao-Hsien ထိုင်ဝမ်ပထမနယူးဝေ့ရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်သလို ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရတွေထဲက တစ်ယောက်ဖြစ်တဲ့ Hou Hsiao-hsienဟာ ဟောင်ကောင်နယူးဝေ့ စကတည်းက နောက်ဆုံး ဖီးချားဖလင် ၁၈ကားရိုက်ခဲ့ပြီး A Summer at Grandpa’s (1984)ကတော့ ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးပိုင်းကားတွေထဲက တစ်ကားပါပဲ။ ထိုင်ဝမ်နယူးဝေ့ မစခင်မှာ ထိုင်ဝမ်မှာ ကင်းဟူရဲ့ သိုင်းကားတွေလို သိုင်းကားတွေ, မယ်လိုဒရာမာတွေ ခေတ်စားခဲ့ပေမဲ့ ထိုင်ဝမ်နယူးဝေ့မှာတော့ ထိုင်ဝမ်ရုပ်ရှင်ဟာ ထိုင်ဝမ်နေဘဝတွေကို လက်တွေ့ကျကျပုံဖော်ထားတဲ့ ရုပ်ရှင်တွေ အရိုက်များလာခဲ့တယ်။ A Brighter Summer Day တို့ Taipei Storyတို့ A City of Sadness တို့ In Our Timeတို့ Growing Upတို့ဟာာ ဒီနယူးဝေ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြတယ်။ Hou Hsiao-hsienဟာ ထိုင်ဝမ်နယူးဝေ့မစခင်မှာ ဟာသကားသုံးကား ရိုက်ခဲ့ဖူးပြီး အတ်ဒဝတ်ယန်းတို့က In Our Time နဲ့ ထိုင်ဝမ်နယူးဝေ့ကို စဖောက်ပြီးတဲ့နောက်မှာ The Boys from Fengkuei (1983)ကို စရိုက်ခဲ့တယ်။ he Boys from Fengkuei က သူ့ရဲ့ပထမဆုံး Art House ရုပ်ရှင်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးအကျဆုံးကားလည်း ဟုတ်ခဲ့တယ်။ ဒီနောက်မှာတော့ သူက A Summer at Grandpa’s (1984)နဲ့ A Time to Live, A Time to Die (1985)ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားအပြီး တစ်ကားထပ်ရိုက်ပြီးမှ Daughter of the Nile (1987)ကို ဆက်ရိုက်ခဲ့တယ်။ ဒီသုံးကားကို ဟောင်ရဲ့ The “Coming of Age” Trilogyလို့ ခေါ်ကြတယ်။ A Summer at Grandpa’s ( 1984 )ကတော့ “Coming of Age” Trilogyရဲ့ ပထမကားပါပဲ။ ထိုင်ဝမ်နယူးဝေ့မှာ ထိုင်ဝမ်ဒါရိုက်တာတွေဟာ ထိုင်ဝမ်နေပြည်သူတွေရဲ့ ဘဝကို ထဲထဲဝင်ဝင် စာစာနာနာနဲ့ လက်တွေ့အကျဆုံး ပုံဖော်လာကြသလို Houရဲ့ A Summer at Grandpa’s ( 1984 ) ဟာ သူ့ရဲ့ ပထမဆုံးထိုင်ဝမ်နယူးဝေ့ရုပ်ရှင်ဖြစ်တာနဲ့အညီပဲ အဲဒီကာလရဲ့ ထိုင်ဝမ်နေ ဘဝတွေကို လက်တွေ့ကျကျပုံဖော်ပြထားတယ်။ ဇာတ်ကတော့ ကောင်လေးရယ် သူ့ညီမလေးရယ် နွေရာသီကျောင်းပိတ်ရက်မှာ အဘိုးအိမ်မှာ သွားနေရတဲ့ အချိန်ကာလတွေကို ရိုက်ပြထားတယ်။ အမေနေမကောင်းလို့ မလွှဲရှောင်သာ ရွာမှာ သွားနေနေရတဲ့ ထိုင်ဝမ်မြို့ကြီးက ကလေးတွေစိတ်ထဲ ရွာက သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့အရာတွေ တွယ်ငြိလာပုံကိုပြထားတယ်။ နောက် ကလေးရဲ့ ဦးလေးကနေတစ်ဆင့် အဲဒီခေတ် ထိုင်ဝမ်လူငယ်တွေနဲ့ လူကြီးတွေကြားက ပဋိပက္ခတွေ လူကြီးတွေရဲ့ အမြင်တွေ လူငယ်တွေရဲ့ဖြတ်သန်းမှုတွေကိုလည်း ဆင့်ကဲပြထားသေးတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့အများစုကို ကျွန်တော်တို့က ကလေးတစ်ယောက်ရဲ့ နေရာကနေပဲ မြင်ရလိမ့်မယ်။ သူ့အဘိုးက သူ့ဦးလေးကို ပြောတဲ့ တစ်ချို့အရာတွေ, သူ့အဘိုးရဲ့ တစ်ချို့လုပ်ရပ်တွေကို သူနားမလည်ပုံတွေကိုလည်း မြင်ရလိမ့်မယ်။ ပြောရရင် A Summer at Grandpa’sဟာ ကလေးတစ်ယောက်ရဲ့ မျက်လုံးထဲကနေ ထိုင်ဝမ်ဘဝတွေကို မြင်ရအောင် တင်ဆက်သွားတဲ့ ရုပ်ရှင်ပါပဲ။ Flowers of Taipei Taiwan New Cinema ဒိုကူမန်ထရီထဲ ဟောင်က ” နယူးစီနီမာဆိုတာ ဘာများလဲ။ ဘာအသစ်မှမရှိတော့တဲ့အထိ ဟိုးကတည်းက ပုံစံမျိုးစုံနဲ့ ရိုက်ခဲ့ကြဖူးပြီးသားပဲ။ အရေးအကြီးဆုံးက အကြောင်းအရာပဲ။ ကိုယ့်မျက်မှောင်ခေတ်က အကြောင်းအရာတွေပေါ့”လို့ ပြောဖူးတယ်။ ဟောင်ဟာ ထိုင်ဝမ်နယူးဝေ့ရဲ့ ဦးဆောင်သူတွေထဲ ပါခဲ့ပေမဲ့လည်း ဘာအသစ်မှမရှိဘူးလို့ ခံယူထားခဲ့ပုံပါပဲ။ ဟောင် သူ့မျက်မှောက်ခေတ်ကိုပဲ သူတင်ပြခဲ့ပုံပါပဲ။ A Summer at Grandpa’sဟာ ဟောင်အနေနဲ့ သူ့မျက်မှောက်ခေတ်ကို သူပထမဦးဆုံး စတင်ပြဖြစ်ခဲ့တဲ့ ရုပ်ရှင်လို့ ပြောလည်း မမှားပါဘူး။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by W

7.6 1984
A Summer at Grandpa’s
Oink
7.1

ခွေးလေး ကြောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးတာများပေမယ့် ဝက်ကလေးတွေကိုတော့ အဲဒီလိုမွေးတာ သိပ်မမြင်ဖူးကြဘူးမလား? ဒီကားထဲက Babs ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့မွေးနေ့မှာ သူ့အဖိုးဆီကနေ ဝက်ပေါက်ကလေးတစ်ကောင်ကို မွေးနေ့လက်ဆောင်အနေနဲ့ လက်ဆောင်ရရှိခဲ့ပါတယ်… အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးနဲ့ဝက်ကလေးတို့ ကြားက သံယောဇဉ်ကြိုးဟာပိုပြီးခိုင်မာလာခဲ့ပါတယ် ဒါပေမယ့် ကောင်မလေးကို ဝက်ကလေးမွေးနေ့ လက်ဆောင်ပေးတဲ့သူ့အဖိုးရဲ့တကယ့်သရုပ်မှန်က ဘာလဲ… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကြည့်ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.39GB / 644MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 12m Genre ….. Animation , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

7.1 2022
Oink
Hello Ghost!
6

Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာ ပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာ ရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်… ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက် လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်… ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား… တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ… ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့ အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့… အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်း သတ်သေတာ မအောင်မြင်ခဲ့ရာကနေ.. ၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်… ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်း သူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်… ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး… အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး…. အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး…. နောက်ပြီး အကကချင်ပါတယ်.. အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး… တို့ပေါ့… ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလို ငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ်

6 2023
Hello Ghost!
Big Rage
5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေအတွက် အက်ရှင် ဇာတ်ကားတစ်ကားကို ယူဆောင်လာပါပြီ။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Waymon Boone က ရိုက်ကူးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Fabian Arnold, Meredith Thomas, Justin Powell, David Millbern တို့က ပါဝင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ပြန်ပေးဆွဲခံလိုက်ရတဲ့ လီသီယမ်မိုင်းပိုင်ရှင် သူဌေးကြီးရဲ့သမီးကို လက်ဝှေ့ သမားဟောင်းနှစ်ယောက်က ပြန်လည်ကယ်တင်ဖို့ ကြိုးစားကြပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်ဆိုးတွေ ပြန်ပေါ်လာပြီးတော့ တစ်ယောက်ရဲ့စိတ်ဒဏ်ရာကို တစ်ယောက်ကကုစားပေးရင်း စွန့်စားမှုတွေကြားထဲကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့သူကို ကယ်တင်ကြပုံကို ရှုစားကြရမှာပါ။ အက်ရှင်ခန်းတွေက ကြည့်လို့ကောင်းပြီးတော့ ဇာတ်လမ်းက အကြမ်းစားတွေချည်းပဲမဟုတ်ဘဲ emotional ဖြစ်စေတဲ့ အခန်းလေးတွေလည်း ပါပါတယ်။ File size… (1.35 GB) / (639 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama • Thriller
5 2024 113 mins
Big Rage