YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Romance in the House (2024) E01 WEB-DL 1080P (CM).mp4

906.48 MB N/A video/mp4 266 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Conference
6.5

သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ စဥ်းစား​ခဲ့တာဖြစ်ပြီး ပထမဆုံး​အနေနဲ့​ ဂျူး​တွေ​အားလုံးကို​ မာဒါဂါစကားကျွန်းကိုပိုဖို့စီစဥ်ခဲ့ပေမဲ့ စစ်ပွဲအခြေအနေနဲ့ ရေကြောင်း​အင်အားမလုံလောက်မှုကြောင့် အရှေ့ဘက်ဒေသလို့ခေါ်တဲ့ ဂျာမန်အသိမ်းပိုက်ခံ ပိုလန်နိုင်ငံကိုပို့ပြီး​ ဓာတ်ငွေ့ခန်းတွေထဲမှာ စီရင်​ဖို့​ဆုံးဖြတ်​ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို ဒီအစည်းအဝေးမှာပဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို​ အကောင်​အထည်ဖော်ဖို့လိုအပ်တဲ့လုပ်ငန်းစဥ်တွေ၊ အသေး​စိတ်အချက်တွေကို ဆွေးနွေး​ကြတာကို သမိုင်းစိတ်ဝင်စားသူတွေအတွက် စိတ်ဝင်စား​ဖွယ်တွေ့မြင်ရမှာပါ။ ဒီ​ရုပ်ရှင်​က​ ဂျာမန်​တယ်လီဗေးရှင်းဆုများနဲ့​ နိုင်ငံ​တကာဆုများကိုလည်းရရှိထားပါတယ်။ အစည်းအဝေး​အစကနေ​ အဆုံးထိကို ရိုက်ကူး​ထားတာ​ဖြစ်ပြီး ဇာတ်ကား​တစ်လျှောက်​လုံး စကားတွေပဲထိုင်ပြောနေတာဖြစ်တဲ့အတွက် ပရိသတ်​တချို့အတွက်တော့ ပျင်းရိ​စရာကောင်းနေမှာဖြစ်ပေမဲ့ သမိုင်းကိုစိတ်ဝင်စားသူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုဖြစ်မှာပါ။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်​ပါတယ်။ File size…(1.4 GB)/(600 MB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...History, War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemheim

Horror • Thriller
6.5 2022 107 mins
The Conference
Dragon Sword
10

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်.... ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ... သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ ... ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်.... ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်.... ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ... ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး... ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး... နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့... မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ.... သူစာမေးပွဲတွေကို အောင်ပါ့မလား... ဘာစာမေးပွဲတွေလဲ... နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်... [ Reviewed by Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Romance
10 2018 86 mins
Dragon Sword
Sa Muli

Sa Muli(2023) ဘဝဆက်တိုင်း ပေါင်းဖက်ပါရစေဆိုတာ ချစ်ကြသူတိုင်းဆုတောင်းကြတဲ့ စကား ဒါပေမဲ့ ဖူးစာနက္ခတ်နဲ့ ကံကြမ္မာမျက်နှာသာပေးဖို့လည်း လိုအပ်သေးတာပဲလေ ၁၉၉၀ ပထမဘဝမှာအရမ်းချစ်ကြတဲ့ ဗစ်တာနဲ့ အော်ရိုရာတို့စုံတွဲ ၊ ၁၉၉၅ဒုတိယဘဝမှာ နီကိုးလက်စ်နဲ့ ဘယ်လင်ဆိုတဲ့ ချစ်ကြသူနှစ်ဦး ဒီနှစ်ဘဝလုံးမှာ ကောင်မလေးကသေသွားရပြီး ကောင်လေးတစ်ယောက်တည်း ရင်ကွဲကျန်ခဲ့ရတယ် ၂၀၂၀ မှာ ဗစ်တာနဲ့ နီကိုးလက်စ်ပြန်ဝင်စားတဲ့ ပယ်ပဲ သူ့ရဲ့အတိတ်ဘဝနှစ်ခုကိုပြန်မှတ်မိပြီးတဲ့နောက် အော်ရိုရာနဲ့ ဘယ်လင်ကနေပြန်မွေးဖွားလာမဲ့ ချစ်သူလေးကို လိုက်ရှာရင်း အတိတ်ဘဝအကြောင်းကိုဝတ္ထုရေးချလိုက်ပြီ း နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်လာပါတယ် အတိတ်ဘဝနှစ်ခုမှာ သူ့မျက်စိရှေ့မှာပဲသေဆုံးသွားတဲ့ ချစ်ရသူကိုမကယ်နိုင်ခဲ့တာကြောင့် ဒီဘဝမှာလည်း သေကွဲကွဲရမှာအရမ်းကို စိုးရိမ်နေတာပေါ့ ဒီဘဝမှာသူဆုံတွေ့ခဲ့ရတဲ့ ချစ်သူလေးကတော့ အရက်ဆေးလိပ်တွေသောက် သေချင်သေပါစေဆိုပြီး ဘဝကိုပေတေနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေပါတယ် အတိတ်ဘဝလိုဖြစ်မှာစိုးရိမ်လွန်းနေတဲ့ ကောင်လေးနဲ့ ဘာကိုမှစိုးရိမ်မနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးတို့ ဆုံတွေ့တဲ့အချိန်မှာ ကောင်မလေးကအတိတ်အကြောင်းသိမနေပါဘူး ဒီလိုနဲ့ပယ်ပဲကသူတို့ အရင်ဘဝတွေကဆုံတွေ့ခဲ့တဲ့နေရာတွေကို ခေါ်သွားပြီးအတိတ်ကိုပြန်သတိရလာအောင် ကြိုးစားပါတော့တယ်... မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် စိုးရိမ်နေတဲ့ကောင်လေးနဲ့ ဘာမှစဉ်းစားမနေဘဲ ရောက်ချင်ရာရောက်ဆိုပြီးပါလာတဲ့ကောင်မလေးတို့ရဲ့ အတိတ်ဘဝရှာဖွေရေးခရီးစဉ်ဟာ ချစ်ကြည်နူးဟာသမြောက်ဖွယ်လေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Aditi ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်) File size…2.06GB / 904MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Aditi ~ Zwe ~ Moon

Action • Drama
0 2023 120 mins
Sa Muli
Mirror Mirror
5.9

Mirror Mirror 2012 The Ant Bully, Smurfs, Michael Collins အစရှိတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးကောင်း Julia Robertsနဲ့ Emily in Paris, Abduction, Tarzan, The Mortal Instruments: City of Bones အစရှိတဲ့ ရုပ်ရှင်ကောင်းတွေ များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Lily Collinsတို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေး လာပါပြီ။ ဇာတ်လမ်းက ​စနိုးဝှိုက် remakeပါ။ ဒါပေမယ့် ဒီဇာတ်လမ်းက တခြားကြည့်ဖူးနေကြ ရိုးအီနေပြီဖြစ်တဲ့ စနိုးဝှိုက် ဇာတ်လမ်မျိုး မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းက ဇာတ်ညွှန်းကို ဆန်းသစ်ထားတဲ့ စနိုးဝှိုက်လေးပဲဖြစ်ပါတယ်။ စနိုးဝှိုက်ဆိုတော့ သိကြတဲ့အတိုင်း ဘုရင်မ စုန်းမကြီးရယ် စနိုးဝှိုက်တို့ရဲ့ ပြိုင်ဆိုင်မှုဇာတ်လမ်းပေါ့။ ဒါပေမယ့့် မတူတာက အရင်င်စနိုးဝှိုက်တွေက အားနွဲ့တဲ့မိန်းမသားလေးတွေ ဖြစ်ကြတယ်။ ဘုရင်မကြီးက အဆိပ်ပန်းသီး​ကျွေး၊ စနိုးဝှိုက်က အဆိပ်မိ၊ မင်းသားလေးက ရောက်လာပြီး ကယ်နဲ့ မင်းသားဦးစားပေးဇာတ်လမ်းမျိုး များပါတယ်။ ဒါပေမယ့် ဒီMirror Mirrorမှာတော့ စနိုးဝှိုက်လေးက အကုန်လုံးနဲ့ ရင်ဘောင်တန်းပြီး ဘုရင်မကြီးနဲ့ ပြိုင်ဆိုင်ကြတာပါ။ စနိုးဝှိုက်တစ်ယောက် ဘုရင်မကြီးနဲ့ ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရင်သပ်ရှုမော့စွာနဲ့ out of the boxကနေ ကြည့်ရှု့လိုက်ကြပါစို့ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Winဖြစ်ပါတယ်။

Action & Adventure • Drama • Sci-Fi & Fantasy
5.9 2012 106 mins
Mirror Mirror
Million Dollar Man
5.4

Million Dollar Man (2018) ====================== (Kenshin နဲ့ Death Note ထဲက ဇာတ်လိုက်ခေါင်းဆောင်မင်းသား နှစ်လက်ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေး လာပါပြီ) ထီဆုကြီးပေါက်ရင် ဘာလုပ်ချင်လဲ။ ဇိမ်ခံပစ္စည်းတွေဝယ်ချင်လား။ ရှိသမျှမုန့်တွေ လျှောက်ဝယ်စားချင်လား။ အပန်းဖြေခရီးတွေထွက်ပြီး အေးဆေးနှပ်ချင်လား။ ကျွန်တော်တို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ထီပေါက်ရင်ဆိုတဲ့ အိပ်မက်ကိုမက်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရတဲ့အချိန်တွေ ရှိခဲ့ကြမှာပါ။ တွေးကြည့်ရင် ငွေဆိုတဲ့ဘုရားက လူသားတွေကို အမျိုးမျိုးစေခိုင်းနိုင်တာနော်။ တစ်ဘဝလုံး ငွေနောက်ကိုပဲလိုက်ရင်း ဘဝပျော်ရွှင်မှုအစစ်အမှန်က ဘာလဲဆိုတာမသိတော့တဲ့သူတွေ၊ “ငွေ”ဆိုတဲ့ အဆုံးအစ မရှိတဲ့ ကိန်းဂဏန်းတန်ဖိုး သတ်မှတ်ချက်တွေအတွက် ပျော်တော်ဆက်ရင်း ဘဝနေဝင်သွားကြတဲ့သူတွေကို တွေ့မိတဲ့အခါမျိုးမှာ ခဏတာသံဝေဂရမိပေမယ့် သူနဲ့ကင်းကွာပြီးမနေနိုင်ပြန်တော့ ဒီငွေနတ်ဘုရားရဲ့ ကျေးကျွန်ဘဝနဲ့ထာဝရ ခြေချုပ်မိနေကြတာပေါ့။ အခု ဒီကားထဲက ဇာတ်လိုက်ကတော့ အကြွေးနွံထဲ နစ်မွန်းနေတဲ့ဘဝကနေ (ယန်း)သန်း ၃၀၀ ထီဆုကြီးထပေါက်ပြီး ဒီငွေကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံးအသုံးချရမလဲဆိုတာ သူ့အချစ်ဆုံးသူငယ်ချင်းဆီ သွားတိုင်ပင်ပြီးနောက် နှစ်ယောက်သား ပါတီပေးအောင်ပွဲခံကြပြီး နောက်နေ့မနက်နိုးလာချိန်မှာတော့ သူ့ သူငယ်ချင်းနဲ့အတူ ထီပေါက်တဲ့ငွေတွေပါမရှိတော့ကို သိလိုက်ရပါတယ်။ နေ့ချင်းညချင်း မီလျံနာဘဝက သုညဘဝကို ပြန်ရောက်သွားတော့မယ့့် အခြေအနေမှာ အပူတပြင်း သန်း ၃၀၀ ရှာပုံတော်ဖွင့်ရင်း ခရီးစဥ်တစ်လျှောက်မှာ လူမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီးနောက် ငွေဆိုတာဘာလဲဆိုတဲ့ သင်ခန်းစာနဲ့အတူ လောကမှာ တချို့အရာတွေကို ငွေဘယ်လောက်ပုံပေးပေး ဝယ်မရဘူးဆိုတာကို နားလည်သဘောပေါက်သွားကြောင်း ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ တချို့အခန်းတွေမှာဆိုရင် နာကျင်စရာကောင်းတဲ့ အမှန်တရားကို မီးမောင်းထိုးပြသွားတဲ့ ဒိုင်ယာလော့တွေကြောင့် ငိုင်သွားရတာတွေလည်း အများကြီးပါပါတယ်။ ဇာတ်လမ်း ပြီးသွားတဲ့အချိန်မှာလည်း တွေးစရာတွေအများကြီး ကျန်ခဲ့တာမို့ ကြည့်ရတာတန်မယ်လို့ ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery Quality…. 1080p | 720p | 480p File size… 2.1GB | 1.1GB | 485MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Animation • Drama • Fantasy • Romance
5.4 2018
Million Dollar Man
Special Forces
6.3

ဒီ Special Forces ဇာတ်ကားကတော့ ရုပ်မြင်သံကြားမှာ ကိုယ့်တွေ့မှတ်တမ်းတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီဖင်ရိုင်ဘိုဂျက် က စီစဉ်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက ဒီဇာတ်ကားကို ရိုက်ဖြစ်ပုံက သူ့ငယ်စဥ်ကတည်းက ဝါသနာ ဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေလုပ်ရင်းနဲ့ တချို့ဇာတ်ကားတွေ ရိုက်ကူးမှုတွေမှာ ကာကွယ်ရေးဌာနနှင့် ဆက်ဆံလာရပြီး စစ်တပ်အပေါ် ယခင်က စဉ်းစားပုံတွေပြောင်းလာပြီး စစ်သားတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံတွေကို စိတ်ဝင်စားလာတာကြောင့် စစ်သားတွေရဲ့ သက်စွန့်ဆံဖျားကြိုးစားကြရပုံကို တင်ပြဖို့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်လမ်း ကတော့ ပြင်သစ်နိုင်ငံသူဖြစ်တဲ့ သတင်းသမား အယ်လ်ဆာခါဆာနိုဗာဟာ အာဖဂန်နစ်စတန်က ငယ်ငယ်ကတည်းကရောင်းစားခံလိုက်ရပြီး တာလီဘန်တွေရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ခံရတဲ့ မိန်းကလေးမိုင်နာ ရဲ့ အ‌‌‌ခြေအနေကို လိုက်လံသတင်းယူရင်း တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံရပါတယ်။ ဒီလိုအ‌ခြေအနေမှာ တာလီဘန်တွေက ဓားစာခံ‌တွေရဲ့ အသက်ကို ခြိမ်းခြောက်တာတွေလုပ်လာတာကြောင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက အထူးတပ်ဖွဲ့ကို စေလွှတ်ပြီး ပြင်သစ်သူသတင်းသမားကို တာလီဘန်တွေရဲ့ လက်ထဲက ကယ်ထုတ်ဖို့ စေလွှတ်လိုက်ပါတယ်။ ဒါပေမယ့် စီစဉ်ထားသလို ဖြစ်လာမလား ဆိုတာကိုတော့ ဒီဇာတ်ကားမှာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ၁၀ ဦးခန့်ပါဝင်ပြီး နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ Benoit Magimelကထစ်ထကခ်အဖြစ်၊ ( နာမည်ကျော်ပြင်သစ်သရုပ်ဆောင် ) ၊ Diane Kruger ( နာမည်ကျော်ဂျာမန်သရုပ်ဆောင်အမျိုးသမီး)က အယ်လ်ဆာအဖြစ် ၊ Djimon Hounsou (နာမည်ကျော် အမေရိကန် – ဘီနစ် လူမျိုးသရုပ်ဆောင်) က အထူးတပ်ခေါင်းဆောင် ကိုဗက်စ်အဖြစ် ၊ Denis Ménochet (နာမည်ကျော်ပြင်သစ် သရုပ်ဆောင်) က လု့ခ် အဖြစ် ၊ Alain Figlarz (နာမည်ကျော်ပြင်သစ်စတန့်မင်းသား )က ဗစ်တာအဖြစ် ၊ Marius (ပြင်သစ်စစ်တပ်က စစ်ရေးနည်းပြ )က မားရီးယက်စ် ၊ Raphaël Personnaz (နာမည်ကျော်ပြင်သစ်သရုပ်ဆောင် )က အဲလိယက်စ်အဖြစ် ပါဝင်တာဖြစ်လို့ သရုပ်ဆောင်တဲ့အပိုင်းမှာတော့ ယုံကြည်စိတ်ချစွာနဲ့ ကြည့်ရှုနိုင်ပါတယ်။ imdb rating 6.3 ရထားပြီးတော့ ၂၀၁၃ ခုနှစ်အတွက် NAACP မှာ ဓာတ်ပုံဆုအတွက် တင်သွင်းခံရတဲ့ဇာတ်ကားဖြစ်လို့ စစ်ကားတွေ ကြည့်ရှူတတ်တဲ့ပရိတ်သတ်တွေ ကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre…Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thy Santa

6.3 2011
Special Forces
Helen
7.7

Helen (2019)”ဟယ်လန်” =================== ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ဖန်တီးသူတွေက ဘာမှတရားဝင်မပြောထားပေမဲ့ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်တွေအပေါ်မှာအခြေခံရိုက်ကူးထားတာလို့ ပရိသတ်တွေကဆိုကြပါတယ်။ ဇာတ်လမ်းကတော့.. အဖေတစ်ခု သမီးတစ်ခုဘဝမှာနေရင်း သူနာပြုဘွဲ့ရထားပြီး ကနေဒါကိုအလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ ဟယ်လန်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက်။ သူဟာ ကနေဒါကိုမသွားနိုင်ခင် ကြက်ကြော်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေရင်း ရုတ်တရက် ခြေရာလက်ရာမရှိပျောက်ဆုံးသွားတဲ့အခါမှာတော့..။ တိုက်ပွဲတစ်ခုကို တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ ဟယ်လန်ရဲ့ ရုန်းကန်မှုတွေ၊ ဖခင်ဖြစ်သူရဲ့ ပူပင်သောကတွေ၊ ဗျာများရပုံတွေကို အချိတ်အဆက်မိမိနဲ့ မွန်းကျပ်စရာကောင်းလောက်အောင် ပုံဖော်ပြထားတာမလို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်ကြတဲ့ပရိသတ်တွေအတွက် အချိန်ပေးရတာတကယ်တန်စေမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.7 2019 117 mins
Helen
Genius
6.5

Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(750 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

6.5 2016 104 mins
Genius
Like Friends
6.5

Like Friends (2025) IMDb Rating (6.5) အာချီလီလို့ခေါ်တဲ့ စတော့ကစားသမားတစ်ယောက်ဟာ ကမ္ဘာ့စတော့ကစားသမားထဲမှာ ထိပ်တန်း ၁၀ ဝင်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်တစ်ခုက လူမှုဆက်ဆံရေးမကောင်းတာပါ။ သူ့နားကို တော်ရုံမိန်းမတွေကပ်တာမခံသလို သူနဲ့ဇာတ်လမ်းဖြစ်ခဲ့ဖူးတဲ့မိန်းမတွေဆိုရင်လည်း သူနဲ့ကြာကြာမခံပါဘူး။ ဒါပေမဲ့ တစ်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူ့ဆီကိုအီးမေးလ်တစ်စောင်ရောက်လာပါတယ်။ အီးမေးလ်ထဲမှာ သူ့ကို လူသားတုပဉာဏ်နဲ့ပြုလုပ်ထားတဲ့ အဖော်မွန်စက်ရုပ်တစ်ရုပ်ကို လက်ဆောင်ရထားကြောင်းပြောလာပါတယ်။ ဒါကိုတွေ့ပြီး စိတ်ဝင်စားသွားတဲ့ အာချီလီဟာ အတည်ပြုလိုငြားဆိုပြီးတော့ အီးမေးလ်ပို့လာတဲ့ကုမ္ပဏီကိုပြန်ဆက်သွယ်ပြီး ရက်ချိန်းယူခဲ့ပါတယ်။ တကယ်လည်း စက်ရုပ်ကြီးတစ်ရုပ်သူ့အိမ်ရောက်လာတဲ့အချိန် အာချီလီတစ်ယောက် အံ့အားသင့်သွားရပါတယ်။ ဒီလိုနဲ့ အာချီလီနဲ့ သူ့အတွက်အဖော်မွန်ဖြစ်မယ်လို့ ကြော်ငြာခံထားရတဲ့ စက်ရုပ်မတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.1 GB) / (840 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:24:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Action • Thriller
6.5 2025 83 mins
Like Friends
Summer Times Sommartider
6.8

ဂီတလောကမှာ နာမည်ကြီးကျော်ကြားအောင်မြင်တဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ရုပ်ရှင်ရိုက်ကူးထားတာတွေကို တွေ့ဖူး ကြမှာပါ။သူတို့နာမည်မကြီးခင် မအောင်မြင်ခင်ကာလတုန်းက ဘယ်လိုရုန်းကန်ခဲ့ရတယ် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာတွေကို အသေးစိတ်ကျကျ ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားမျိုးတွေ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ကလည်း သူတို့ Idol တွေရဲ့ ဘ၀ ဇာတ်ကြောင်းတွေကို မြင်တွေ့ရတဲ့အတွက် အကြိုက်ပါပဲ။ အခုတင်ဆက်ပေးမဲ့ Musical Idol ကတော့ ဆွီဒင်က Gyllene Tider လို့ခေါ်တဲ့ Pop တီးဝိုင်းအဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ကလူငယ်ဘ၀မှာတင် ဆွီဒင်မှာဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တီးဝိုင်းအဖွဲ့တစ်ခုဖြစ်ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေမှာ နိုင်ငံအဆင့် စံချိန်ချိုးနိုင်ခဲ့တဲ့အဖွဲ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကလူတွေဆိုရင်တော့ သိပ်ကြားဖူးကြမယ်မထင်ပေမဲ့ နိုင်ငံတကာနဲ့ သူတို့နိုင်ငံမှာတော့ သူတို့တစ်ခေတ်တစ်ခါမှာ အရမ်းအောင်မြင်ခဲ့ပြီး တက်သစ်စ လူငယ်တီးဝိုင်းလေးတွေအတွက် စိတ်ခွန်အားဖြစ်စေမှာတော့အမှန်ပါပဲ။ ဒီလိုသူတို့အကြောင်းတွေရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေး ကိုတော့ Sommartider လို့နာမည်ပေးထားပြီး လက်ရှိ IMDb Rating 6.8 အထိရရှိတဲ့အတွက် သဘောကျသူတွေများ တယ်လို့လည်းပြောလို့ရပါတယ်။ ဒီ Gyllene Tider ဆိုတဲ့တီးဝိုင်းဖြစ်လာအောင် စတင်တည် ထောင်ခဲ့တဲ့သူကတော့ ပါဟာကန်ဂက်စလေဖြစ်ပြီး သူက စစချင်းမှာတော့ လူကြောက်တတ်တဲ့ အသင်းအဖွဲ့နဲ့မနေတတ်တဲ့ နေရာအကျယ်ကြီးတွေကြောက်တဲ့ ရောဂါသည်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဂီတကတော့ သူ့ရဲ့ရူးသွပ်စွဲလမ်းနေတဲ့ ဝါသနာဖြစ်ပြီး အဲ့ဒီခေတ်မှာထွက်ထားတဲ့ သီချင်းဓာတ်ပြား တော်တော်များများ သူ့ဆီမှာရှိတဲ့အပြင် သူ့ခေါင်းထဲမှာလည်း သီချင်းတွေအပြည့်ပါပဲ။ဒီလိုနဲ့တစ်ရက်မှာတော့ သူ့ကျောင်းက တီးဝိုင်းအဖွဲ့ကိုတွေ့သွားခဲ့ပြီး ကိုယ်ပိုင်တီးဝိုင်းထောင်ချင်တဲ့ စိတ်တွေတဖွားဖွားဖြစ်လာပါတော့တယ်။ အဲ့ဒီအခါမှာတော့ သူ့အရည်အချင်းကိုမြင်တဲ့ ကျောင်းတီး၀ိုင်း အဖွဲ့က သူငယ်ချင်းတစ်ယောက်နဲ့ တခြားသောတီးဝီုင်းအဖွဲ့ဝင် တွေကိုလိုက်လံစုဆောင်းပြီး ဂီတကိုကြိုက်နှစ်သက်တဲ့လူငယ်လေး တွေစုစည်းမိရာကနေ ဆွီဒင်မှာ အရမ်းအောင်မြင်ခဲ့တဲ့တီးဝိုင်း အဖွဲ့တစ်ခု ဘယ်လိုဖြစ်လာခဲ့တယ်ဆိုတာတွေကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ File size… (1.59GB) / (857MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Crime • Thriller
6.8 2025 101 mins
Summer Times Sommartider
The Match
7.4

The Match (2025) ****************** IMDb… 7.4 ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ က‌လေးသရုပ်ဆောင် Kim Kang Hoonတို့ အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝ နောင်တမရ‌‌စေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးရီးယားနိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးပြိုင်ဘက်ကင်း လက်ရွေးစင် ဘာဒုကစားသမား ဂျိုဟွန်းဟျွန်းဟာ တစ်နေ့မှာတော့ ဂျွန်းဂျူဘက်ကိုရောက်ရင်း ဘာဒုကစားနည်းကို ကျွမ်းကျင်တဲ့ ချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လက်ရွေးစင်ဂျိုဟာ သိချင်စိတ်နဲ့ ပြိုင်ဆော့ခဲ့ရာကနေ တစ်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရွေးစင်ဂျိုဟာ ချန်းဟိုဆိုတဲ့ကောင်လေးအပေါ် စိတ်ဝင်စားသွားခဲ့ကာ တပည့်အဖြစ် လက်ခံပြီး ဆိုးလ်မြို့မှာရှိတဲ့ ကိုးရီးယားဘာဒုအဖွဲ့အစည်းဆီ ချန်းဟိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ ရွာသားလေး ချန်းဟိုကတော့ မြို့ပေါ်ရောက်တဲ့အချိန်ကစပြီး သူ့ဘာဒုပညာတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် အနိုင်ပိုင်းခဲ့ကာ ဆိုးလ်မြို့မှာ သူ့ဂုဏ်သတင်းဟာ ဟိုးလေးတစ်ကျော်လာခဲ့ရုံသာမက ဆရာ့လက်ရည်ကိုပါ တရားဝင် စိန်ခေါ်နိုင်သူအထိ ဖြစ်လာခဲ့ပါတယ်။ ဆရာ တပည့်အဖြစ် အစပြုခဲ့တဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အဖြစ်သို့ ကူးပြောင်းသွားချိန်မှာတော့ ဆရာ တပည့်ဆက်ဆံရေးဟာ ပြိုလဲပျက်စီးသွားမလား.. မကျေနပ်ချက် အမုန်းတရားတွေ ပေါက်ဖွားလာမလားဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှုရင်းနဲ့ ဘာဒုကစားနည်းဟန်တွေကိုလည်း လေ့လာမြင်တွေ့နိုင်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျိုဟွန်းဟျွန်းအဖြစ် မင်းသားကြီး Lee Byung Hun နဲ့ အီချန်းဟိုအဖြစ် ကလေးသရုပ်ဆောင် Kim Kang Hoon နဲ့ လူကြီးသရုပ်ဆောင် Yoo Ah In တို့က သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Thinn မှ ရေးသားထားပေးပါတယ်။) File Size : 1.59GB/ 710MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:57:03 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by Tiff

7.4 2025 115 mins
The Match
Walk on the Wild Side
6.7

ချစ်ခြင်းမေတ္တာဟာ တကယ့်ကိုပဲ ဘဝတစ်ခုလုံးကို ပေးဆပ်နိုင်လောက်အောင်အထိ စစ်မှန်တတ်တယ်ဆိုတာကို (၁၉၆၂)ခုနစ် ထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်လမ်းကောင်း “Walk on the Wild Side”မှာ ခံစားလိုက်ရပါတယ်။ ခြေသလုံးအိမ်တိုင် လျှောက်သွားနေတဲ့ ဒက်ဘ်ဆိုတဲ့ အမျိုးသားက သူနဲ့ဝေးကွာနေခဲ့ပြီး အဆက်ပြတ်နေခဲ့တဲ့ ချစ်ရတဲ့အမျိုးသမီးလေး ဟယ်လီကို သူ(မ)ရှိမယ်ထင်မိတဲ့အရပ်ဆီ ရှာပုံတော်ဖွင့်ပါတော့တယ်။ ဝေးခဲ့တဲ့အချိန်တွေလည်း ကြာလှပြီ။ ဘယ်ဆီရောက်လို့ ဘာတွေဖြစ်နေပြီလဲ မသိရတဲ့သူကိုမှ ရမ်းသန်းပြီး ရှာနေရတာက သိပ်ကို ခံစားရ နာကျင်လွန်းလှပါတယ်။ သူ မျှော်လင့်ထားခဲ့သလိုမျိုး ဟယ်လီက သူ့ကို သစ္စာရှိရှိနဲ့ စောင့်နေခဲ့ပါ့မလား။ သူတို့တွေ ပြန်ဆုံကြရင်ကော ပျော်ကြရမှာလား။ (၁၉၀၀)ကျော်လောက်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဆိုပေမယ့်လည်း ဒီလိုအချစ်မျိုးဟာ တကယ်ရှိခဲ့တာလား။ တကယ်တမ်း လက်တွေ့ဘဝမှာကော ကိုယ်တကယ် ချစ်မြတ်နိုးရတဲ့သူတစ်ယောက်ကို ခွင့်လွှတ်ခြင်းကိုသာ ပဓာနထားပြီးတော့ သူ ဘာတွေလုပ်ခဲ့လုပ်ခဲ့၊ သူ ဘယ်လိုတွေဖြစ်ခဲ့ဖြစ်ခဲ့ အပြစ်မမြင်ဘဲ ချစ်နိုင်ကြလားဆိုတဲ့ မေးခွန်းတွေကိုတောင် ထုတ်မိသွားစေနိုင်လောက်မယ့် ဇာတ်ကားတစ်ခုဖြစ်တယ်လို့​ တွေးမိပါတယ်။ ဟောင်းပေမယ့်လည်း ခံစားသက်ဝင်လို့ ကောင်းနေဆဲဖြစ်တဲ့၊ အချစ်ဆိုတာကို ဖော်ကြူးထားတဲ့ အချစ်ဇာတ်လမ်းဟောင်းလေးကို ဂန္တဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့များ သတ်မှတ်မိသွားမလား၊ ဒါဟာ တလွဲဆံပင်ကောင်းတာပါ၊ ရူးမိုက်တာသပ်သပ်ပါကွာလို့များ တွေးမိမလားဆိုတာကိုတော့ “Walk on the Wild Side (1962)”ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်း ချစ်ခြင်းေမတ္တာရဲ့ နူးညံ့မှုနဲ့ ချစ်ခြင်းအစစ်အမှန်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ သတ္တိတွေ ရဲရင့်မှုတွေကိုပါ ကြည့်ရှုခံစားလို့ရပြီပဲဖြစ်ပါတယ်။ File size… 2.4 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror • Thriller • Mystery
6.7 1962 114 mins
Walk on the Wild Side