YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Road Home E02 CM.mp4

489.48 MB N/A video/mp4 228 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lou
6.9

ာ ရမလား။ လူးရဲ့အဖေက ထွက်ပြေးသွားတယ်။ အမေတစ်ယောက် တည်းကပဲ လူမမယ်သမီးသုံးယောက်ကို ရှာကျွေးနေရတယ်။ အမေကလည်း အသက်၂၇ပဲရှိသေးတဲ့ငယ်ငယ်လေး။ သမီး(၃) ယောက်ကြောင့် နောက်အိမ်ထောင်ပြုလို့ကလည်းအဆင်မပြေ၊ ငွေကြေးချို့တဲ့တဲ့အပြင် အကြွေးပါတင်နေသေးရှာတယ်။ တစ်နေ့ တစ်နေ့အကြွေးရှင်တွေလာရင် လူးတို့ညီအစ်မတွေ မီးပိတ်ပုန်းပြီး လူမရှိချင်ယောင်ဆောင်ရတာလည်း အမောပေါ့။ လူးနဲ့သူ့အမေရဲ့ဆက်ဆံရေးကလည်း ခပ်တန်းတန်းပဲ။ တစ်နေ့တော့ ထွက်ပြေးသွားတဲ့ ယောက်ျားရဲ့အဖေ၊ အယ်လ်ဇိုင်းမားရောဂါသည်၊ လူးတို့ရဲ့အဘိုးဟာ ဂေဟာမှာ ကုတင်မလောက်လို့ နေရာရှာပြီးတဲ့ အချိန်ထိ လူးတို့အိမ်မှာလာနေဖို့ ဂေဟာဝန်ထမ်းက စီစဉ်လိုက်ပါတယ်။ လူးကတော့ ကျွေးကျေးဇူးမရှိခဲ့တဲ့အဖေဘက်က ဘယ်ကမှန်းမသိတဲ့ အဘိုးကို မကြည်ဖြူပါဘူး။ အဘိုးကလည်း သူငယ်ပြန်နေလေတော့ သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတဲ့ သူ့မိန်းမကိုပဲ တမ်း တနေတာပါ။ ဒီလိုနဲ့ပဲ လူးတို့အိမ်ကို အဘိုးရောက်လာတယ်။ ပြီးတော့ ပြန်သွားတယ်။ လူးတို့မိသားစုလေးမှာတော့ တစ်ခုခုပြောင်းလဲပြီး ကျန် ရစ်ခဲ့တဲ့အခါ .....။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.26 GB) / (412 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Ngwe Zin Encoder..........SWM

Action • Crime • Drama • Mystery
6.9 2010 86 mins
Lou
Mukhachitram
5.8

မတော်တဆမှုတစ်ခုကြောင့် မျက်နှာပုံပန်းပျက်သွားပြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားတဲ့အမေဖြစ်သူကို မကယ်နိုင်ခဲ့တာကြောင့် ပလပ်စတစ်ဆာဂျရီဆရာ၀န်တစ်ယောက် ဖြစ်လာသူ ရာ့ဂ်ျကူးမား... ရာ့ဂ်ျတစ်ယောက်တစ်နေ့မှာ အောင်သွယ်တော်ရဲ့ချိတ်ဆက်မှုကြောင့် မဟာသီဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်၊ တစ်ဖက်မှာလည်း ရာ့ဂ်ျကို ဟိုးငယ်ငယ်လေးကတည်းက ကြိုက်နေတဲ့ မာယာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ မာယာတစ်ယောက် မတော်တဆမှုတစ်‌ခုကြောင့် သေမင်းနဲ့လွန်ဆွဲနေရချိန်မှာ ရာ့ဂ်ျ ၊ မဟာသီ နဲမာယာတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ... ဇာတ်လမ်းအစမှာတော့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးနဲ့စထားပြီး ရာ့ဂ်ျ၊ မဟာသီ၊ မာယာ တို့သုံးယောက်သားက လောင်မြိုက်အောင် တဖြည်းဖြည်းနဲ့ ဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…1.59GB / 739MB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by Nyein Aye ~ Sai ThuRein ~ Cherry ~ BpL

Action • Adventure • Thriller
5.8 2022 122 mins
Mukhachitram
Terrifier 2
6.9

~ IMDb - 6.7/10, RT - 89%, Meta - 66% ~ (သွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေက အတော်ကြမ်းလို့ အသည်းငယ်တတ်သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်) တကယ်တမ်း ဒီနှစ်ရဲ့ နှစ်လယ်ဟာ Horror ဇာတ်ကားကောင်းတွေချည်းဆက်တိုက်ထွက်ပြီး Box Office မှာ မင်းမူခဲ့တဲ့ကာလပါပဲ။ A24 ဆိုလည်း X ဟာ အကြီးအကျယ် ချီးကျူးခံခဲ့ရပြီး နောက်ပိုင်းထွက် Men တို့၊ Bodies Bodies Bodies တို့လည်း နာမည်ရခဲ့ပါတယ်။ အရင်လကုန်မှ ရုံတင်ခဲ့တဲ့ Smile ဆိုလည်း ပရိုမိုးရှင်းအလန်းတွေလုပ်ခဲ့တာနဲ့လည်း တန်အောင် BO Results တွေလည်း ကောင်းနေတယ်။ ဒီကြားထဲမှာလည်း Men, Bodies Bodies Bodies, Pearl, Nope, Fresh, Barbarian စတဲ့ Standalone ကားတွေ၊ ဂိဆရာတွေရဲ့ Crimes of The Future လို Body Horror ကား အပြင် နာမည်ကြီး Franchise တွေရဲ့ အဆက် Reboot အဆုံးသတ်‌တွေ အနေနဲ့ထွက်လာတဲ့ Texas Chainsaw Massacre, Orphan: First Kill, Hellraiser, Scream, Halloween Ends စတဲ့ စတဲ့ ‌ဟော်ရာကားတွေကလည်း သူ့ဟာနဲ့သူ အောင်မြင်ခဲ့ကြပါတယ်။ ဒီကြားထဲ ရုပ်ရှင်ရုံမှာ ကြည့်နေရင်း လူတွေ အန်ကုန်ကြတာတို့၊ မူးလဲကုန်ကြတာတို့ ဖြစ်‌ရလောက်တဲ့ထိ ကြမ်းသွားလို့ ဒါရိုက်တာကတောင် ပြန်တောင်းပန်ရတယ်ဆိုတဲ့ Horror ကားလည်း ရှိခဲ့ပါတယ်။ ခု Terrifier 2 ပါပဲ။ ဒီကားက ရှားရှားပါးပါး နောက်ဆက်တွဲကားက ပထမကားထက် Rotten Tomatoes, Meta, IMDb စတဲ့ရိတ်တင်တွေ အပုံကြီးကောင်းနေတဲ့ Horror ကားပါ။ ပထမကားက Art the Clown ပြန်ပေါ်လာခဲ့သလို Victoria လည်း ပထမကားရဲ့ တစ်ဦးတည်းသောအသက်ရှင်ကျန်သူအနေနဲ့ ပြန်ပါလာပါတယ်။ ဒီကားက တကယ့် အစွန်း၂ဖက်ကကားပါပဲ။ တစ်ဖက်ကကြည့်တော့လည်း မင်းသမီးလေးက ချစ်စရာကောင်းသလို ဆက်စီကျတာတွေအထိ မျက်စိပဒသာဖြစ်အောင် ပြထားသလို တစ်ဖက်ကကြည့်တော့လည်း Art က မျက်နှာကိုဟက်တက်ခွဲတာတွေ အက်ဆစ်နဲ့ပက်တာတွေ ရက်ရက်စက်စက်သတ်ဖြတ်တာတွေကို ပြထားတာက ရုံမှာ လူတွေ အန်ကြတဲ့အထိကို အော်ဂလီဆန်စရာကောင်းခဲ့တဲ့ အကြောင်းအရင်းပါပဲ။ တစ်ကားလုံး ရက်ရက်စက်စက်သတ်တဲ့ အခန်းတွေမနည်းသလို ပက်ပက်စက်စက်လှတဲ့ ကောင်မလေး၂ယောက်ရဲ့ အခန်းတွေလည်း မနည်းပါဘူး။ မှော်အစွမ်းလိုလိုဟာတွေလည်း ပါပါသေးတယ်။ Art နဲ့ ဗစ်ကီကို လူသတ်သမားနဲ့ ခံရသူအဖြစ်ကနေ ချစ်သူလိုလို အဖြစ်ကိုလည်း ပုံဖော်ထားသေးပါတယ်။ ရိုးရိုး Horrorမဟုတ်ဘဲ အသားကုန်ရက်ရက်စက်စက်သတ်ပြနေတဲ့ Horror/Splatter ကားအနေနဲ့ တော်တော်လေးကို ဝေဖန်ရေးသမားတွေ ချီးကျူးတာခံထားရပြီး Runtime ကလည်း သတ်ခန်းဖြတ်ခန်းတွေ အ၀ကြည့်ရအောင်၂နာရီကျော်တောင်မို့ အားရပါးရ ကြည့်နိုင်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.33GB, 1.22GB, 583MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 2H 18Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Drama • Fantasy
6.9 2022 138 mins
Terrifier 2
Transporter 2
6.3

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ The Transporter 2(2005)ကတော့ IMDb Rating(6.3/10)ရရှိထားပါတယ်။ File size…(2.8 GB)/(1.2 GB) Quality….BluRay Directer's Cut 1080p HEVC / 720p Format…mkv/mp4 Duration….01:34:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Drama
6.3 2005 87 mins
Transporter 2
Species II
5.2

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 2 (1998) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာမြေကနေ အင်္ဂါဂြိုလ်ပေါ်ကို ပထမဆုံးရောက်ရှိသွားတဲ့ အာကသယာဉ်မှူးတစ်ယောက်ဆီမှာ အင်္ဂါဂြိုလ်က ဂြိုလ်သား DNA ကူးစက်သွားတာကနေ စပါတယ်....ဒီအာကသယာဉ်မှူး ကမ္ဘာမြေကိုပြန်လည်ရောက်ရှိပြီး သူနဲ့အိပ်လိုက်မိတဲ့မိန်းခလေးဆီမှာ ဂြိုလ်သားကလေးမွေးရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:33:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Comedy • Crime
5.2 1998 93 mins
Species II
Match Me If You Can
5.9

လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ဘယ်လိုများအချစ်အသွင်ကို ပြောင်းလဲသွားမှာလဲ‌‌ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ အခုခေတ်က အင်တာနက်ခေတ်ဖြစ်ပြီး အရာရာကိုအင်တာနက်မှာပဲ အလွယ်တကူရှာဖွေရရှိနေနိုင်တာမို့ online dating app တွေ website တွေဆိုတာလည်း ဒီနေ့ခေတ်လူငယ်တွေနဲ့တော့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ရိုးရိုးလေးနဲ့ဆန်းတဲ့ဒီဇာတ်ကားက နားလည်ရခက်မှာလည်းမဟုတ်သလို ကြည့်ရင်းနဲ့အပျင်းပြေစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.91 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

Adventure • Drama • Fantasy • Romance
5.9 2023 106 mins
Match Me If You Can
The Infiltrator
6.7

2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။ File Size     :   900 MB Duration    :   2 :07 :09 Quality        :   BR Rip 720p Format        :   MP4 Genre          :   Biography, Crime, Drama Translator  :   Sherlock Encoder      :   Littleneo

Drama • Mystery • Sci-Fi & Fantasy
6.7 2016 127 mins
The Infiltrator
Lower City
6.5

Lower City (2005) ============== IMDb Rating – 6.5/10 ဒယ်ဒင်ဟိုနဲ့ဒီကိုဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ထဲက ခင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပါတယ်။ တစ်ယောက် ကကြက်တိုက်ရတာကြိုက်ပြီး တစ်ယောက်က လက်ဝှေ့ထိုးပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စပ်တူပိုင်တဲ့လှေပေါ်မှာပဲ ရရာအလုပ် လေးလုပ်ပြီး အတူနေလေ့ရှိပြီး မိန်းမတစ်ယောက်ကိုတောင် နှစ်ယောက် မျှကြတဲ့ ညီအကိုတွေလိုခင်ကြပါတယ်။ တစ်နေ့မှာတော့ ကရီနာဆိုတဲ့ ညည့်ငှက်ကလေးနဲ့ နှစ်ယောက်သားစုံ ကြပြီး ခါတိုင်းလိုမျှဝေကြရာကနေ ညီအကိုလိုခင်တဲ့သူငယ်ချင်းတွေမှာ ညည့်ငှက်ကလေးကို ကြိုက်မိကုန်ကြပြီး သူငယ်ချင်းနှစ်ယောက်လုကြရင်း ဘယ်သူနဲ့နောက်ဆုံးမှာ ရသွားမလဲဆိုတဲ့ ဇာတ်ကြောင်းလေးကို ဇာတ် အိမ်တည်ထားတာပါ။ ဘယ်လောက်ပဲခင်ခင် ညီအကိုတွေထပ်ပိုရင်းနီး နေပါစေ မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်လာတဲ့အခါ အခုလိုရန်သူ တွေပါဖြစ်နိုင်တယ်ဆိုတဲ့ message လေးကိုပေးထားတာမို့ အားလုံး ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (အဖော်အချွတ်အခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်) File Size……….(2.17 GB) / (846 MB) / (529 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….momo Encoder……….SWM

6.5 2005
Lower City
Night of the Hunted

အသစ်ထွက်ထားတဲ့ သည်းထိတ်ရင်ဖို ပဟေဠိရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ အဲလစ်ဟာ ညသန်းခေါင်ယံမှာ အကြောင်းကိစ္စတစ်ခုကြောင့် သူငယ်ချင်းဖြစ်သူ ဂျွန်နဲ့အတူ ကားတစ်စီးနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုကို ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဓာတ်ဆီဆိုင်တစ်ခုအရောက်မှာတော့ ဂျွန်တစ်ယောက် ကားဓာတ်ဆီဖြည့်နေတုန်း အဲလစ်ကတော့ ကော်ဖီ၀ယ်ဖို့ရာ ဓာတ်ဆီဆိုင်၂၄နာရီစတိုးထဲကို ၀င်လာခဲ့ပါတယ်။ ဒါပေမဲ့ ငွေရှင်းဖို့လုပ်တဲ့အခါမှာ ကောင်တာမှာ ဘယ်သူမှမရှိနေတာကို သတိထားမိလိုက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာ‌ ဆိုင်ထဲကို စနိုက်ကျည်တွေ တောက်လျှောက်၀င်လာတဲ့အခါမှာတော့… အဲလစ်ကို စနိုက်ပါနဲ့ စောင့်ကြည့်နေပြီး အသေပစ်သတ်ဖို့ကြိုးစားနေတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့် အဲလစ်ကို အငြှိးတကြီးနဲ့ သတ်ချင်နေရတာလဲ၊ အဲလစ်အနေနဲ့ရော သူမကို ခေါင်းပွင့်အောင် ပစ်သတ်ချင်နေတဲ့သူဆီကနေ လွတ်မြောက်အောင်ကြိုးစားနိုင်ပါ့မလား၊ အဲလစ်တစ်ယောက် ဆိုင်ထဲမှာ ဆက်လက်ရှင်သန်ဖို့ကြိုးစားနေစဉ်မှာရော ဆိုင်ကို တခြား ဘယ်သူတွေရောက်လာဦးမလဲ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ‌ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.2 GB)/(665 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Night of the Hunted
About Elly
7.9

“အယ်လီ့အကြောင်း”လို့အမည်ရတဲ့ IMDb 7.9 နဲ့ Rotten Tomatoes 99% အထိ ရရှိခဲ့ပြီး ဆုပေါင်း ၂၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု ၁၇ ခု ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၀၉ ခုနစ်ထွက် အီရန်ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ တက္ကသိုလ်တုန်းက သူငယ်ချင်းဟောင်းတွေဟာ မိသားစုစုံစုံလင်လင်နဲ့ ပိတ်ရက်မှာ ကက်စ်ပီယံပင်လယ်ကမ်းခြေဆီကို ၃ရက်တာ ပျော်ပွဲစားခရီး ထွက်လာခဲ့ကြပါတယ်။ ဒီအဖွဲ့ထဲမှာ လူလတ်တန်းစားမိသားစု သုံးစုပါ၀င်ပါတယ်။ ခရီးကိုစီစဉ်ခဲ့သူကတော့ “ဆယ်ပီဒေ”ဖြစ်ပြီးတော့ ဆယ်ပီဒေဟာ သမီးဖြစ်သူရဲ့ မူကြိုဆရာမဖြစ်သူ “အယ်လီ”ကို ဂျာမနီကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူ “အာမတ်”နဲ့ မိတ်ဆက်ပေးဖို့ရာ ခရီးကိုခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပင်လယ်ကမ်းခြေဘေးက ငှားရမ်းထားတဲ့ အိမ်လေးမှာ အပန်းဖြေအနားယူနေကြရင်း ကံမကောင်း အကြောင်းမလှစွာနဲ့ “အယ်လီ” တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး သောကပင်လယ်လှိုင်းတွေဟာ ဒီခရီးသွားအုပ်စုလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့နောက်မှာတော့… “ဆယ်ပီဒေ”တစ်ယောက် နာမည်ရင်းကိုတောင်သေချာမသိဘဲ ခေါ်လာခဲ့တဲ့ “အယ်လီ”ဆိုတဲ့မူကြိုဆရာမလေးရဲ့ တကယ့်သရုပ်မှန်က ဘာများလဲ ဘယ်လိုအကြောင်းကိစ္စကြောင့် ရုတ်တရက် အားလုံးကိုထားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ရတာလဲ ဆက်လက်စုံစမ်းရှာဖွေကြရပါတော့တယ်။ ဒါရိုက်တာဖြစ်သူ “ဖာဟာဒီ”ဟာ ၅၉ကြိမ်မြောက် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ About Elly ရုပ်ရှင်နဲ့ Silver Bear for Best Director ဆုကိုဆွတ်ခူးခဲ့ပါတယ်။ အီရန်ရုပ်ရှင်သုံးသပ်သူတချို့ကတော့ About Elly ဟာ ဒါရိုက်တာဖာဟာဒီရဲ့ အော်စကာရရှိခဲ့တဲ့ A Separation 2011 ထက်တောင် ပိုကောင်းတယ်လို့ သုံးသပ်ထားကြတာမလို့ အချိန် ၂ နာရီပေးပြီး ကြည့်ဖို့ရာ သေချာပေါက်ထိုက်တန်တဲ့ ဒရာမာကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ… File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

7.9 2009
About Elly
Old School
7

ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာက Superbad တို့ American Pie တို့လို ကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေ မဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်း လူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာ ကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်း အဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို ‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကို အလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲ comedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie’s Angel, Death at a funeral, Idiocracy တို့မှမင်းသား Luke Wilson ပါမက Step Brothers, Anchor Man, Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကို Wedding Crushers, The Watch, Zoo Lander တို့မှ Vince Vaughn တို့လို ဟာသကျော်ကြီးတွေ သုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကို ကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့ မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size… 3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28 Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

7 2003 92 mins
Old School
Conquer: Lahad Datu Takluk: Lahad Datu
7.6

Conquer: Lahad Datu (2024) IMDb Rating (7.6) ၂၀၁၃ ခုနှစ်တုန်းက လာဟတ်ဒါတူးကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့ အကြမ်းဖက်သမားတစ်သိုက်နဲ့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့တို့ကြားက စစ်ရေးပဋိပက္ခဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုအဲ့ဒီနယ်မြေရဲ့အရိုက်အရာကိုဆက်ခံရမယ့် ဆူလ်တန်တစ်ဦးလို့ကြွေးကြော်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ သူ့နောက်လိုက် လက်နက်ကိုင်တစ်စုဟာ ၂၀၁၃ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လာဟတ်ဒါတူးကို လှေတွေနဲ့ရောက်ရှိလာပြီးဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။ အစိုးရဘက်က ပြည်သူတွေမထိခိုက်စေရေးအတွက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေစေလွှတ်၊ ဆွေးနွေးခဲ့ပေမယ့် မဖြစ်နိုင်လွန်းတဲ့ တောင်းဆိုချက်တွေကြောင့် ဆွေးနွေးပွဲပျက်ပြားခဲ့ပြီး စစ်ရေးပဋိပက္ခစတင်လာခဲ့ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံတဲ့ ဇာတ်ကားဖြစ်ပေမယ့် ကြားညှပ်ထားတဲ့ subplot တွေ၊ emotion scenes တွေအပြင် ခမ်းနားပီပြင်တဲ့နောက်ခံဆက်တင်တွေ၊ သပ်ရပ်တဲ့အက်ရှင်ခန်းတွေကြောင့် အချိန်ပေးရကျိုးနပ်စေမယ့် action/thriller ကားကောင်းတစ်ကားအဖြစ်တွေ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mp4 Genre….Action, Crime, Drama, History, Thriller, War Duration….01:59:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.6 2024 120 mins
Conquer: Lahad Datu Takluk: Lahad Datu
Hashima Project
5.1

Hashima Project (2013) ********************** အော့ဖ်၊ ဒေါ့၊ နစ်၊ နမ်နဲ့ မေတို့ဟာ ရုပ်ရှင်မေဂျာနဲ့ ကျောင်းပြီးထားပေမဲ့ အလုပ်မရသေးဘဲ အလုပ်ရဖို့ ကြိုးစားနေကြတဲ့ သူငယ်ချင်းအုပ်စုဖြစ်ပါတယ်…သူတို့ဟာ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေကို သွား ရိုက်ကူးရေးတွေလုပ်ပြီး ထုတ်လုပ်သူတွေကို ပြခဲ့ပေမဲ့ “နောက်မှပြန်ဆက်သွယ်လိုက်ပါမယ်” ဆိုတဲ့စကားကလွဲပြီး မကြားရတဲ့အခါမှာတော့ ယူကျုပေါ်မှာပဲ သူတို့ရိုက်ထားတဲ့ ဇာတ်လမ်းတွေကို တင်ဖို့အတွက် အကြံရလာပါတယ်…ဒီလိုနဲ့ တင်လိုက်တဲ့အခါမှာတော့ သူတို့ဇာတ်လမ်းဟာ အရမ်းကို ပေါက်သွားခဲ့ပြီး သန်းချီတဲ့ ကြည်ရှုသူတွေနဲ့အတူ နာမည်ကြီးလာခဲ့ပါတယ်… သူတို့ဇာတ်လမ်းပေါက်သွားတဲ့နောက်မှာတော့ သရဲရှိုးလုပ်တဲ့ Ghostland ဆိုတဲ့ ပရိုဂရမ်ကြီးကနေ သူတို့ဆီကို ကမ်းလှမ်းချက်တစ်ခုရောက်လာပါတော့တယ်…ရှားရှားပါးပါးအခွင့်အရေးဖြစ်တာကြောင့် သူငယ်ချင်းအုပ်စုဟာ အစီအစဉ်ဘက်ကလူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ရင်း Ghostland ဘက်ကပေးလာတဲ့ ပရောဂျက်အသစ်အဖြစ် ဂျပန်က သရဲခြောက်တဲ့ကျွန်းကြီးလို့ နာမည်ကြီးတဲ့ ဟာဂျီမာကျွန်းကိုသွားရောက်ပြီး ရိုက်ကူးရေးလုပ်ဖို့ လက်ခံခဲ့ပါတယ်… ဟာဂျီမာကျွန်းဟာ အဲဒီကျွန်းကို သွားရောက်ခဲ့တဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျတတ်ပြီး အသက်ပါ သေဆုံးတတ်တယ်ဆိုတဲ့အချက်နဲ့တင် အတော်ကို နာမည်ကြီးနေတာခဲ့တာပါ…ဒီလိုကျွန်းကြီးကိုသွားရောက်ပြီး ရိုက်ကူးရေးလုပ်ရမဲ့ သူငယ်ချင်းအုပ်စု ဘာတွေ ဘယ်လိုတွေ့ကြုံရမလဲ ဆိုတာကို ခြောက်ခြားဖွယ်ရာ ကြည့်ရှုရမဲ့ Horror, Suspense ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ CharOu ဖြစ်ပါတယ်… File Size : 1.4GB / 608MB Quality : WEB-DL 1080p / 720p Duration : 01:58:00 Genres : Horror, Suspense Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by Heather Oo

5.1 2013
Hashima Project
Chaalchitro
6.7

Chaalchitro: The Frame Fatale (2024) ပျံ့လွင့်ကုန်သော အမှန်တရားများ IMDb 6.7/10 မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရ‌စေ။ ကာနစ်ရှ်ကာက ရဲသားတစ်ဦးပါ။ သူက သူ့မိန်းမနဲ့ အိမ်ထောင်ရေးမပြေလည်လှပါဘူး။ အလုပ်ကိုဦးစားပေးတယ်၊ လူမှုရေးကိုဦးစားပေးတယ်နဲ့ စကားများနေကြရပါတယ်။ တစ်ည သူ့ကိုအလုပ်ကဖုန်းဆက်ခေါ်လို့ အိပ်နေရာက ထသွားရပါတယ်။ အမှုအခင်းဖြစ်တဲ့ဆီရောက်တော့ ဆူရှ်မိတဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာပါ။ သူ့ကိုဆာရီတွေ ပန်းကုံးတွေဆင်မြန်ပေးထားပြီး နဖူးမှာသွေးတွေသုတ်လိမ်းကာ နံရံမှာချိတ်ဆွဲထားပါတယ်။ အခင်းဖြစ်ရာနေရာကို အရင်ရောက်သူကတော့ ရီတေ့ရှ်ကူမာလို့ခေါ်တဲ့ အသစ်ဝင်လာတဲ့ရဲသားလေးပါ။ သူက အိန္ဒိယနည်းပညာတက္ကသိုလ်မှာ၊ ရဲတပ်ဖွဲ့ဝင်ခွင့်စာမေးပွဲမှာ ‌ နေရာတိုင်းပထမရလို့ အောင်မြင်ခဲ့ပေမဲ့ အလုပ်မှာတော့သူကို အရေးမပေးသလိုခံစားနေရပါတယ်။ သူ့ကောင်မလေးကို အလုပ်မှာအဆင်မပြေကြောင်း၊ သူ့တစ်ဝက်လောက်တောင် အရည်အချင်းမရှိသူတွေလောက် နေရာမရကြောင်း ရင်ဖွင့်‌ပြီးအားငယ်နေသူပေါ့။ အဲဒီလိုနဲ့ ကာနစ်ရှ်ကာက သူ့လုပ်ဖော်ကိုင်ဖက်ရဲ နာစီရာကို အသတ်ခံရသူကောင်မလေးမိဘတွေဆီ စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်။ နာစီရာမှာ ကလေးဘဝတည်းက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ သူတစ်နေကုန်အလုပ်သွားချိန် သူ့သမီးလေးကို ကလေးထိန်းနဲ့ထားခဲ့ရတာမို့ နောက်ခြောက်လနေလို့ သူပင်စင်ယူ အလုပ်ထွက်ပြီးရင် သမီးလေးအနားနေပေးပါမယ်လို့ တစ်ဖွဖွပြောနေသူပါ။ သူက ဒီအမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူတို့ဖြေရှင်းခဲ့ဖူးတဲ့ အမှုနဲ့များဆက်စပ်နေသလားလို့ တွေ့ရှိလာပါတယ်။ သံသယရှိသူတွေကို ဖမ်းဆီးဖို့ကိုတော့ ကာနစ်ရှ်ကာက သူတို့အဖွဲ့ထဲက ရဲနောက်တစ်ဦးဖြစ်တဲ့ ဘစ်ရှ်ဝါကို လွှတ်လိုက်ပါတယ်။ အနှိပ်ခန်းသွားရာက ပြည့်တန်ဆာမလေးနဲ့ ချစ်ကြိုက်မိသူ ဘစ်ရှ်ဝါ၊ သမီးတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရသူ နာစီရာ၊ စာကြမ်းပိုး မာနခဲ‌လေးရီတေ့ရှ်နဲ့ ကာနစ်ရှ်ကူမာတို့ လေး‌ယောက်အဖွဲ့ ဒီအမှုကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ သူတို့ဘဝဇာတ်ကြောင်းအသီးသီးနဲ့အတူ စိတ်လှုပ်ရှားစွာ သိရှိရမှာမို့ ကြည့်ရှုအဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Drama
6.7 2024 122 mins
Chaalchitro