YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Risk.Lust.Love.S01E10.1080p.CM.mp4

878.22 MB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pillow Party Massacre
3

Horrorကြိုက်တဲ့လူတွေအတွက် Netflixရဲ့ ရှပ်ရှင်အသစ်လာပါပြီ။ ပျော်စေပျက်စေ စရင်းနဲ့ အပျော်ကနေ အပျက်ဖြစ်ခဲ့ရလို့ ဝမ်းနည်းစရာအဖြစ်ပျက်နဲ့ကြုံခဲ့ရပြီး ၂နှစ်အကြာမှာ သူငယ်ချင်းတစ်သိုက် ငယ်ငယ်တုန်းက နွေရာသီ အားလပ်ရက်တိုင်း လာလေ့ရှိတဲ့ အိမ်ကို ဆမန်သာ၊ မိုင်းစ်၊ အလာနာ နဲ့ မစ်ကီတို့ သူငယ်ချင်းတစ်သိုက် ပြန်ချိန်းလိုက်ကြပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်သိုက်ကို ဘယ်လိုမကောင်းတဲ့အရာတွေက စောင့်ကြိုနေမလဲ၊ အဲဲဒီ မကောင်းတဲ့အရာကနေ ဆမန်သာတို့ လွတ်မြောက်သွားနိုင်ပါ့မလား၊ ဘာလို့ အဲဒီမကောင်းတဲ့အရာကြီးက ဘာလို့လိုက်သတ်နေတာလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ခေတ်စားနေတဲ့ Screamလိုမျိုးပုံစံမျိုးဆိုတော့ တရားခံက ဘယ်သူလဲဆိုတာ ကြည့်ရင်းရှာဖွေလိုက်ကြပါအုန်း။ File size…(1 GB)/(500 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama
3 2023 87 mins
Pillow Party Massacre
The Nines
5.9

~ IMDb - 6.2/10, Rotten Tomatoes - 64% ~ အိပ်မက်ထဲက ပေါက်ပန်းဖြူတစ်ပွင့်ကို ဆွဲထုတ်ယူလိုက်ပြီး မင်းကိုကမ်းပေးလိုက်တယ်။ ကြေမွသွားတဲ့ ပန်းကလေးရယ်၊ နောက်ကျောကိုပဲ မြင်ရတော့တဲ့ မင်းရယ်၊ ဝေခွဲမရတဲ့ ငါရယ်၊ မှောင်မည်းမည်းလောကကြီးရယ်။ တစ်ကနေ တစ်ဆယ်အတွင်း ကိုယ့်ကိုယ့်ကိုယ်တန်ဖိုးသတ်မှတ်ရင် ဘယ်လောက်များ ရနိုင်ပါ့မလဲ။ သုညကိုတောင်းဆိုမိရင် ဘုရားသခင်များ ဒေါသဖြစ်လေမလား။ မင်းဟာ ငါပဲ။ သူကလည်း ငါပဲ။ နေရောင်ခြည်ကလည်း ငါပါပဲ။ တစ်ခါတလေ ပူပြင်းနေရုံ။ တစ်ခါတလေမှာ အတွေးတစ်ချက်နဲ့ လောကကြီးကို သတ်ပစ်လိုက်တယ်။ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတွေထဲမှာ ငါက အရက်စက်ဆုံးတဲ့။ အဆုံးမဲ့စကြာဝဠာကြီးကို သူတို့လက်ထဲအ‌ရောက် လက်ဆောင်ပေးခဲ့တာတော့ အရေးမပါဘူးဆိုပဲ။ မသေတဲ့သူကို သေအောင်သတ်ဖို့ ဘာတွေလိုမလဲ။ မူးယစ်ဆေးဝါးခပ်ပြင်းပြင်းကို အတိုင်းအဆမဲ့ပမာဏနဲ့ အဆိပ်ခပ်လိုက်မလား။ ကိန်းဂဏန်းတွေကြားထဲမှာ (၉) ဂဏန်းကိုပဲ လိုက်ရှာနေမိတယ်။ ရှာလေတွေ့လေ၊ တွေ့လေ ဝေခွဲမရလေ။ အဖြူသက်သက်မီးတောက်ကြီးနဲ့ မင်းကိုဝါးမျိုပစ်လိုက်တယ်။ နာကျင်ခြင်းမဲ့လုပ်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်အတွက် ပေးဆပ်ခဲ့ရတဲ့ မင်းတို့ဘဝတွေ မတန်ခဲ့ပါဘူး မယ်လီဆာ နဲ့ စူဆန်။ (၉) ဂဏန်းသမားကို (၇) ဂဏန်းသမားတွေက ဝိုင်းပေးဆပ်ရတာ သိပ်မုန်းဖို့ကောင်းတဲ့ ဘုရားရှင်ကြီးပဲ။ (၁၀) ဂဏန်းသမားက လစ်လျူရှုထားလို့လား။ သူ့ကိုလည်း "မတရားသူကြီးမင်း" အဖြစ် သတ်မှတ်လိုက်ရအောင်။ ဂါဗန် ဆိုတဲ့ ဂယ်ရီ ရေ... ခင်ဗျားကတော့ ကွက်စိပ်ဆရာပါပဲဗျာ။ The Nines ဆိုတဲ့ ဟောဒီရုပ်ရှင်ကားက ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စိတ္တဇဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဓာတ်ဗူးမင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားပြီး မြင်နေကျ သူ့ပုံစံနဲ့ ကွဲထွက်နေတဲ့ဟန်ကို တွေ့မြင်ရမှာပါ။ ဂျစ်ကန်ကန် ရွှတ်နောက်နောက် လူ့ဂွစာဟန်နဲ့ပဲ ခေါက်ရိုးကျိုးနေသူကြီးရဲ့ ငယ်ရွယ်စဉ်က အနုပညာမြောက်သရုပ်ဆောင်ပုံတွေပေါ့ဗျာ။ ဒီဇာတ်ကားက Psychological Thriller အမျိုးအစားတွေ ရခဲ့သလောက် ပုံမှန် Rating, အောင်မြင်မှုနဲ့ ဝင်ငွေကိုပဲ ရခဲ့ရှာပါတယ်။ စိတ်ပိုင်းဆိုင်ရာ နက်နဲမှုတွေကို တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းအကျဉ်းကို ရေးမပြနိုင်ပါဘူး။ သေချာတာကတော့ လူကြီးမင်းပေးလိုက်တဲ့အချိန်ရဲ့ အဆပေါင်းများစွာတန်တဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ပြန်လက်ဆောင်ပေးပါလိမ့်မယ်။ ဘုရားသခင်ကို (၁၀) လို့ တန်ဖိုးသတ်မှတ်တယ်ဆိုပါစို့။ လူကြီးမင်းတို့က (၇) မှတ် ရပါတယ်။ ကဲ ဒီလောက်ဆို ဒီဇာတ်ကားထဲက (၉) မှတ်သမားတွေကို လူကြီးမင်းတို့ ဝေဖန်အကဲခတ်လို့ ရနိုင်ပြီဖြစ်ကြောင်းပါဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 801MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 40Min Genre - Drama, Fantasy, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance
5.9 2007 100 mins
The Nines
Barcelona: A Love Untold
6.1

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီက ချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက် စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်.... တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့ နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေ ရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာ ဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသား တွေ့ဆုံခဲ့ကြပါတယ်.... မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင် တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်း ချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်.... ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ???? ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ??? လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့ မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်.... တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲ နာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့် ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်... (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/52  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(2.3 GB)/(860 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….02:11:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by May Thazin Myint

Comedy • Drama • Fantasy
6.1 2016 132 mins
Barcelona: A Love Untold
Dorm
6.5

Horror ဆိုပေမယ့် ကြောက်ရလန့်ရတာချည်းမဟုတ်ဘဲ ဇာတ်လမ်းဦးစားပေးရိုက်ထားတဲ့ ဇာတ်ကားကိုမှကြည့်ချင်သူတွေအတွက် Best Director ဆုအပါအ၀င် ဆု၇ဆု ရထားတဲ့ ဒီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဥ်း ချာဒရီဆိုတဲ့ကလေးက မိဘဖိအားပေးမှုကြောင့် ဒုတိယနှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရပါတယ် သူပြောင်းလာတဲ့ကျောင်းမှာအဖြစ်အပျက်တွေအများကြီးရှိခဲ့ပြီး အဲ့ထဲမှာမှ အဲ့ဒီကျောင်းကရေကူးကန်ဟောင်းမှာ ရေထဲခုန်ချသေသွားတဲ့ကျောင်းသားတစ်ယောက်ရှိခဲ့ဖူးတယ်လို့လည်းပြောနေကြပါတယ် ယခုလက်ရှိအချိန်မှာတော့ အဲ့ဒီရေကူးကန်ကိုပိတ်ထားလိုက်ပါပြီ ချာဒရီဟာ ကျောင်းရောက်ရောက်ချင်း သူငယ်ချင်းတွေသိပ်မရှိခဲ့ပါဘူး သူ့မှာခင်ရတဲ့သူငယ်ချင်းဆိုလို့ တစ်ယောက်ပဲရှိတယ်...အတူသွား အတူကစားရင်း နောက်မှ သူသိလိုက်ရတာကတော့ သူ့သူငယ်ချင်းက... ကဲ ဇာတ်လမ်းကတော့အဲ့မှာစတာပါပဲ ဘယ်လိုစိတ်ခြောက်ခြားစရာတွေလာဦးမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:50:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Action • Drama • Thriller
6.5 2006 111 mins
Dorm
The New Mutants
6.2

X men ရုပ်ရှင်အသစ်ထွက်လာနြပ်ပါပြီ။ ဒါကတော့ စူပါဟီးရိုးကို ဟော်ရာနဲ့ ပေါင်းထားတာပါပဲ။ သရုပ်ဆောင်တွေကလည်း အားလုံး ရင်းနှီးထားတဲ့သူတွေချည်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်အရွယ် ကိုယ့်ကိုယ်ကိုယ် သန္ဓေပြောင်းလူသားမှန်း ခုမှ စသိလာတဲ့ လူငယ်လေးတွေကို အိမ်ကြီးတစ်လုံးထားမှာ ပိတ်ထားပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ အစွမ်းတွေက အန္တရာယ်များလွန်းပြီး မထိန်းချုပ်နိုင်သေးတဲ့အတွက် လူတွေ မတောတဆ သေတာတွေ ဖြစ်ခဲ့လို့ပါပဲ။ သူတို့ အဲဒီမှာ စိတ်ကုထုံးတွေခံယူပြီး၊ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ပြီဆိုမှာ X-Men တွေရဲ့ ကျောင်းကို လွှဲပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းအားရှင်တွေချည်းပဲ စုနေတဲ့ အိမ်ထဲမှာမှ ပဟေဠိဆန်တဲ့ ကြောက်စရာတွေ ဖြစ်လာတဲ့အခါ File size… 1 Gb / 500 Mb Quality… Bluray 1080p / 720p Format…mp4 Duration….01:35:00 Genre … Horror, Sci-Fi, Action Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo

Comedy • Drama
6.2 2020 94 mins
The New Mutants
The BFG
6.3

2016 IMDb 6.4 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ ------------------------------------------------------- File Size     :   845 MB Duration    :   1: 58 : 00 Quality       :   Bluray rip Translator/Encoder  :  Littleneo Format       :   MP4

Action • Comedy • Crime • Thriller
6.3 2016 117 mins
The BFG
The Return of Bull Demon King
6

ကောင်းကင် နဲ့ မြေကြီး နယ်ပယ်တွေ ဖန်ဆင်းပြီးတဲ့နောက်မှာ ကောင်းကင်ဘုံ မသေမျိုးနတ်မင်းတွေနဲ့ နတ်ဆိုးနယ်မြေက နတ်ဆိုးမျိုးနွယ်စုတို့ဟာ အေးချမ်းစွာနဲ့ပဲ အတူတူ နေထိုင်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ တစ်နေ့မှာတော့ နတ်မျိုးနွယ်တွေဟာ နတ်ဆိုး ၊ မိစ္ဆာ မျိုးနွယ်စုတွေကို အထင်သေးပြီး အသက်တစ်ချောင်းကိုလဲ ပဓာဏ မထားပဲ သတ်ပစ်လာခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် နတ်ဆိုးမျိုးနွယ်တွေရဲ့ ခေါင်းဆောင် နွားနတ်ဆိုးလို့ခေါ်တဲ့ အားနျိုဟာ နတ်မျိုးနွယ်တွေကို ရုတ်တရက်ဆိုသလို တိုက်ခိုက်ခဲ့ပါတယ် ။ ဒါပေမဲ့ အင်အားချင်းမမျှတာကြောင့် နတ်မင်းတွေရဲ့ အပြစ်ပေးချင်းကိုခံရပြီး သူလေ့ကျင့်ထားသမျှ စွမ်းအားတွေဟာလဲ ပျက်ဆီးသွားခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အားနျိုတစ်ယောက် သာမန်လူလိုပဲ လူ့ပြည်မှာသွားလာကျက်စားနေရင်း ယဲ့ရှောင်းရှောင်းဆိုတဲ့ မိန်းမပျိုလေးနဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ပါတယ် ။ တွေ့ဆုံမှုကနေတစ်ဆင့် ကံကြမ္မာဖန်လာပြန်တော့ နှစ်ဦးသား အတူတူ ခွင်းလွင်တောင်မှာ ရှိတဲ့ ရတနာကို ဖေးယွင်ရန်းကိုယူဆောင်ဖို့ အတွက်ခရီးဆက်ခဲ့ကြတဲ့အခါ မှာတော့…? သူတို့ ဖြတ်သန်းရာ ခရီးလမ်းကြောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ဆုံကြမှာလဲ ? သူတို့နှစ်ဦး ခွင်းလွင်တောင်ရတနာဖြစ်တဲ့ ဖေယွင်းရှန်းကို ယူဆောင်ရတဲ့ အကြောင်းအရင်းကရော ဘာဖြစ်မှာလဲ ? နွားနတ်ဆိုးဖြစ်တဲ့ အားနျိုကရော စွမ်းအားတွေပြန်လည်ရရှိပြီး သူ့ရဲ့နတ်ဆိုးမျိုးနွယ်အတွက် တရားမျှတမှုကို ပြန်လည်ယူဆောင်ပေးမလားဆိုတာ? ဒီဇာတ်ကားလေးကို အခုပဲကြည့်ရှုရအောင်ပါ ။

6 2023
The Return of Bull Demon King
About Us But Not About Us
6

ပွင့်လင်းရာသီမြန်မာပြည်ဖြစ်လာပြီဆိုတော့လည်း မီယမ်မာကြီးမှာလည်း LGBTQ နဲ့ပတ်သက်လို့ အရင်ကထက် ပိုပွင့်လင်းလာတဲ့အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့လည်း လုံးဝကြီးပွင့်လင်းတာလည်း မဟုတ်သေးပြန်တော့ လွဲမှားနေတဲ့ Myths လေးတွေတော့ ရှိပါသေးတယ်။ ဒီဖိလစ်ပိုင်ကားလေးကို အကြိုက်ဆုံးအချက်ကိုပြောရမယ်ဆိုရင်တော့ LGBTQs are just humansဆိုတဲ့အချက်ကို ချပြထားတာကိုပါပဲ။ Privilege လူတန်းစားလည်းမဟုတ်သလို နှိမ်ချစရာလည်းမဟုတ်တဲ့ သာမန်လူလိုပဲ ဆိုးကွက် ကောင်းကွက်တွေအကုန်ရှိနေနိုင်တယ်ဆိုတဲ့ Human natureကိုချပြထားတဲ့ရုပ်ရှင်လေးပေါ့။ ဖိလစ်ပိုင်ဒရာမာတွေ ကြိုက်နှစ်သက်တဲ့လူတွေဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုတော့ ကိုဗစ်ရောဂါ ထကြွသောင်းကျန်းနေတဲ့ကာလမှာ အခြေတည်ထားပြီးတော့ တက္ကသိုလ်က အင်္ဂလိပ်ဘာသာပရော်ဖက်ဆာဖြစ်တဲ့ အဲရစ်က သူ့ရဲ့တပည့်ဖြစ်တဲ့ လန်းစီလော့နဲ့ လာတွေ့တာကနေ အစပျိုးထားပါတယ်။ ဆရာကတော့ သိပ်လှတဲ့သက်တန့်ကြီး ကွေးနေပေမဲ့ တပည့်ဖြစ်တဲ့လန့်စ်ကတော့ ရေရေရာရာမသိတဲ့ မကွေးတကွေးလေးပေါ့။ ဒါပေမဲ့ ဆရာဖြစ်သူအဲရစ်ရဲ့ အထူးအထူးသော အလေးပေးမှု ဂရုစိုက်မှုတွေကြောင့် ပတ်ဝန်းကျင်ကပြောစရာဖြစ်နေတာပေါ့။ အဲရစ်ဘက်ကကြည့်တော့လည်း ပထွေးကရိုက်နှက်ခံရလို့ ခိုကိုးရာမဲ့တပည့်ကို ဂရုစိုက်ပေးတာဖြစ်ပြီး ပတ်ဝန်းကျင်ကကြည့်တော့လည်း ၁၇ နှစ်တာတွဲခဲ့တဲ့ချစ်သူ နာမည်ကျော်စာရေးဆရာမားကပ်စ်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားရတာ လန့်စ်နဲ့အဲရစ်ကြားက ကရုဏာပိုလွန်းတဲ့ဆက်ဆံရေးကြောင့်လား သို့လော သို့လောပေါ့။ ဒီလိုနဲ့ ထွေရာလေးပါးစကားဝိုင်းလေးကနေ အရှိန်တက်လာတဲ့ သူတို့ ၂ ယောက်ရဲ့ စကားဝိုင်းလေးကနေ ကြက်သွန်ဥအခွံခွာသလို တစ်စတစ်စ ပုံရိပ်ထင်လာတဲ့ မားကပ်စ် အဲရစ်နဲ့လန့်စ် ဒီ ၃ ယောက်ရဲ့ ၃ ပွင့်ဆိုင်ဇာတ်လမ်း၊ ကိုယ်စီမထင်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မားကပ်စ်ရဲ့ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနောက်က အဖြစ်အပျက်တွေက တစ်လွှာချင်းပေါ်တဲ့အခါ…. လန့်စ်နဲ့အဲရစ်က တကယ်ပဲဆရာနဲ့တပည့်ဆက်ဆံရေးထက်မပိုဘူးလား။ မားကပ်စ်ရဲ့အဆုံးစီရင်မှုကရော လန့်စ်ရဲ့ပယောဂတွေ တကယ်ပဲပါဝင်နေခဲ့တာလား။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ငါတို့အကြောင်းမဟုတ်တဲ့ငါတို့အကြောင်းဆိုတာကရော ဘာကိုရည်ညွှန်းချင်တာလဲဆိုတာကို ရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်းနဲ့ပဲ ကိုယ်တိုင်အဖြေရှာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ Elijah Canlasရဲ့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရုပ်ရှင်လေးဆိုတော့ Worth watching ဖြစ်မဖြစ်ကိုတော့ ကိုယ်တိုင်ပဲအကဲဖြတ်လိုက်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 723MB | 377MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6 2023
About Us But Not About Us
Catfish Murder

Catfish Murder ကတော့ Crime, Drama, Thriller အအမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တေလာပါကာဆိုတာက သိပ္ပံပညာရပ်မှာ သိပ်ကိုထူးချွန်တဲ့ စာကြမ်းပိုးတစ်ယောက်။ သူက အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံရတာကြောင့် အိမ်တွင်းပုန်းဗီဒိယိုဂိမ်းပဲ ထိုင်ဆော့နေရင်း အမ်မာဆိုတဲ့ ကောင်‌မလေးတစ်ယောက်နဲ့ အွန်လိုင်းအီစီကလီဆက်ဆံရေးရှိလာခဲ့တယ်။ တစ်ရက် သူက သူနဲ့ Chemistry အတန်းက lab partner ဖြစ်သူ ဆိုဖီယာရဲ့ မွေးနေ့ပွဲကို သူနဲ့အတူတူတက်ဖို့ အမ်မာကိုဖိတ်ခဲ့ပေမဲ့ အစကသဘောတူခဲ့တဲ့ အမ်မာက မလာနိုင်ခဲ့တော့ သူလဲ မွေးနေ့ပွဲကို မသွားဖြစ်လိုက်တော့ဘူး။ ဒါပေမဲ့ မွေးနေ့ညမှာ မွေးနေ့ရှင်ဆိုဖီယာ အသတ်ခံခဲ့ရတယ်။ အဲနေ့ညက တေလာနဲ့ဆိုဖီယာကို အတူတွေ့ခဲ့ပါတယ်ဆိုတဲ့သက်သေနဲ့အတူ တေလာအဖမ်းခံလိုက်ရတယ်။ တေလာအတွက် အပြစ်ကင်းစင်ကြောင်း ပြပေးနိုင်ဖို့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့က အသည်းအသန်ကြိုးစားကြတဲ့အခါ တကယ့်တရားခံအစစ်က ဘယ်သူဖြစ်မလဲ။ တကယ်ပဲ တေလာကိုယ်တိုင်ဖြစ်နေမလား။ Catfish Murder ဆိုတဲ့ဇာတ်လမ်းအမည်အရ အမ်မာကရော ဒီအမှုနဲ့ဆက်စပ်နေမလား။ ဟင်ခနဲ ဟာခနဲဖြစ်သွားစေရမဲ့ plot twist တွေနဲ့အတူ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshimoshi

0 2023
Catfish Murder
The Preacher
5.5

The Preacher (2022) ဘာသာတရားတွေမှာ လူတွေလုပ်နိုင်စွမ်းကိုကျော်လွန်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို “အံ့ဖွယ်” လို့ တင်စားသုံးနှုန်းလေ့ရှိပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဘာသာမှာတော့ “ကောင်းချီး” ဆိုတဲ့စကားလုံးအသုံးအနှုန်းကို ပိုသုံးလေ့ရှိပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဘုရားပေးတဲ့ကောင်းချီးပိုင်ဆိုင်ထားသူကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးအတုအယောင်အဆောင်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ~ဇာတ်လမ်းအကျဉ်း ~ အန်တန်နာစီယိုလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးအနေနဲ့ ယောင်ဆောင်ပြီး အလှူငွေတွေလိုက်တောင်းနေသူတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သမားတော်ဟန်ဆောင်ပြီး သက်ကြီးရွယ်အိုတွေကို လိုက်ပြီးကုပေးသယောင်ယောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ရှာသမျှပိုက်ဆံကို အကုန်ပြန်ဖြုန်းတဲ့ အန်တန်နာစီယိုဟာ တစ်နေ့ပြီးတစ်နေ့ အကြွေးတွေပိုပိုတိုးလာပါတယ်။ ဒီလိုနဲ့ပဲ သူ့ကိုအကြွေးလာတောင်းသူတွေက အကြမ်းဖက်တဲ့အထိပါလုပ်လာတဲ့အခါ အန်တန်နာစီယိုတစ်ယောက် သူနေထိုင်ရာမြို့ရဲ့ အခြားဒေသတစ်ခုကို ပြောင်းနေရပါတယ်။ မြေပြန့်ဒေသကနေ ကုန်းမြင့်ပိုင်းကိုရောက်သွားတဲ့ အန်တန်နာစီယိုဟာ သူနေထိုင်ရာဒေသအနီးတစ်ဝိုက်မှာ ရောဂါတွေကိုပျောက်ကင်းပေးစေနိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုကြားလိုက်ပါတယ်။ အဲဒီကောင်မလေးကို ထိလိုက်ရုံနဲ့တင် ရှိရှိသမျှရောဂါမျိုးစုံပျောက်ကင်းသွားတယ်ဆိုတဲ့ တစ်ဆင့်စကားကို အန်တန်နာစီယိုတစ်ယောက် ကြားလိုက်ရတဲ့အချိန်မှာ အဲဒီကလေးမရဲ့ မိဘကိုစည်းရုံးသိမ်းသွင်းပြီး ကလေးကိုအမြတ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ အစပိုင်းမှာတော့ ကလေးမရဲ့အိမ်ထဲမှာပဲ ကုသမှုတွေလုပ်နေနိုင်ခဲ့လို့ စီးပွားဖြစ်ထွန်းဟန်ရှိနေပေမယ့်လည်း “လောဘဟူသည်အဆုံးမရှိ” ဆိုသလို ဒီလိုအခြေအနေနဲ့တင် မရောင့်ရဲမတင်းတိမ်နိုင်ဘဲ ရသမျှပိုက်ဆံအကုန်လုံးကို ရင်းပြီး ကလေးမရဲ့မိဘတွေက ဘုရားကျောင်းတစ်ကျောင်းပါဆောက်ပြီး ကလေးကိုဗန်းပြပြီးအမြတ်ထုတ်ဖို့ ထပ်ပြီးကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ အတုအယောင်လိမ်ဆင်ဆရာကြီး အန်တန်နာစီယိုတစ်ယောက် သူ့အပြစ်တွေရဲ့ အကျိုးဆက်ကို ဘယ်လိုပြန်ပြီးခံစားရမလဲ… ဥစ္စာဓနကို တပ်မက်တဲ့ လောဘစိတ်ကြောင့် စုံလုံးကန်းသွားတဲ့ ကလေးမလေးရဲ့မိဘတွေရော ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံတွေ့သွားရမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ သုတရသပေါင်းများစွာနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 805MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 36Min Genre – Adventure, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Mystery • Thriller • Horror
5.5 2022
The Preacher
Your Lucky Day
5.9

Your Lucky Day (2023) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့။ ငွေအတွက်ဆိုရင် ဘာမဆိုစတေးမယ့်သူတွေ မနည်းမနောပါပဲ။ မက်လောက်စရာ မီလီယံချီတဲ့ငွေတွေဆိုရင်တော့ ဘာပြောစရာတောင်လိုမလဲပေါ့။ မီဂါဘောထီလက်မှတ်အကြီးဆုံးဆုက 156 မီလီယံဒေါ်လာပါ။ အဖိုးကြီးတစ်ယောက် စတိုးဆိုင်တစ်ဆိုင်မှာ ထီလက်မှတ်လာတိုက်ရင်း ဆုကြီးပေါက်တော့ ဆေးလုခံရလို့ဘူနေတဲ့ ဆေးသမားက သေနတ်တစ်လက်နဲ့၀င်လုပါတယ်။ အဲဒါကို ကိုလှရွှေတစ်ယောက်က ၀င်တားရင်း ဆေးသမားရော ကိုလှရွှေရောလျှောပါလေရော။ ဆေးသမားက ဆိုင်ထဲမှာရှိတဲ့ ဆိုင်ပိုင်ရှင်ရယ် ကိုယ်၀န်သည်ချစ်သူစုံတွဲတစ်တွဲရယ်ကို ဓါးစားခံအဖြစ်ထားထားပေမဲ့ ဝေစုခွဲပေးမယ်လို့ မက်လုံးပေးတာကြောင့် ကြံရာပါဖြစ်ကုန်ရင်းနဲ့ ‌လောဘအမှောင်ထဲတိုး၀င်မိကြပြီး လျှောပြီထင်တဲ့ရဲက‌လည်းပြန်နိုးလာတဲ့အခါမှာ ဇာတ်တွေရှုပ်ကုန်ကြပါတော့တယ်။ သရုပ်ဆောင်အနေနဲ့ကလည်း ဇူလိုင်ကမှ ကွယ်လွန်သွားခဲ့တဲ့ Euphoria သရုပ်ဆောင် Angus Cloud က အဓိကပါ၀င်ထားလို့ သူ့ရဲ့မျက်လုံးလှလှလေးနဲ့ ခပ်လေးလေးရှရှအသံကို အလွမ်းပြေကြည့်ရှုနိုင်မယ့်ကားလေးပါပဲ။ စိတ်အပန်းပြေစေမယ့်အပြင် ပညာယူစရာတွေလည်းရလို့ လက်လွတ်မခံသင့်တဲ့ကားလေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 690MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 29Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.9 2023
Your Lucky Day
The Paramedic Who Stalked Me
5

The Paramedic Who Stalked Me (2023) ============================= ကလိုဝီဆိုတဲ့ ဆယ်ကျော်သက် အထက်တန်းကျောင်းသူ ကောင်မလေးဟာ မိဘတွေ ကွဲပြဲနေတဲ့ကိစ္စရော မိခင်က အမြဲတမ်း နားပူနားဆာလုပ် တင်းကြပ်နေတာရောကြောင့် သူငယ်ချင်းဖြစ်သူ ချစ်သူဖြစ်သူ ဘရိုက်စ်တို့နဲ့ ညသန်းခေါင် ခိုးထွက်ပြီး လည်ပတ်ကြရာမှာ တစ်ဖက်က အရက်မူးပြီး ကားမောင်းလာတဲ့ လူတစ်ယောက်ရဲ့ ထရပ်ကားနဲ့ တိုက်မိ ကြပါတယ်။ မောင်းတဲ့လူသေကာ ကျန်တဲ့လူတွေ ဒဏ်ရာ ရခဲ့ကြပါတယ်ပေါ့။ ဒီအချိန်မှာ ကလိုဝီကို လာကယ်ပေးတဲ့ ဆေးဖက်အကူ မတ် ဆိုတဲ့လူဟာ ဘာကြောင့်ရယ်မသိ ကလိုဝီကို စွဲလမ်းသွားပါ တော့တယ်။ သူ စွဲလမ်းသွားတာဟာ ရိုမန်တစ်ဆန်ဆန် ဖြစ် မနေပဲ ချောင်းမြောင်းနေတာမျိုး ဖြစ်နေတဲ့အခါ၊ အစကတော့ ကလိုဝီအနေနဲ့ မိခင်က ဒီယောက်ျားဟာ မရိုးဘူးပြောတာကို နားမထောင်ခဲ့ပေမဲ့ ခုချိန်မှာတော့ သူကိုယ်တိုင်လည်း သံသယ ရှိလာပြီး ဘာလို့ စွဲလမ်းနေရသလဲ ဘာတွေဆက်ဖြစ်မယ်ဆို တာကို ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ကို Thura Aung မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thura Aung, Khant Sett Naing တို့ ဖြစ်ပါတယ်) File Size……….(1.45 GB) / (542 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Thura Aung, Khant Sett Naing Encoder……….SWM

Comedy • Romance
5 2023
The Paramedic Who Stalked Me
Tragic Hero
6.3

Tragic Hero (1987) ~ IMDb – 6.3/10, Rotten Tomatoes – 58% ~ ၁၉၈၆မှာ ဂျွန်ဝူးရဲ့ A Better Tomorrow ရဲ့အောင်မြင်မှုနဲ့အတူ Heroic Bloodshed ရုပ်ရှင်တွေရဲ့ သဏ္ဍာန်ကပိုပေါ်လာပြီး ချောင်ယွန်ဖတ်ရဲ့ အောင်မြင်မှုလည်း တဟုန်ထိုးတက်လာပြီးတဲ့နောက် ၁၉၈၇မှာ ချောင်ယွန်ဖတ်ကားတွေမနည်းရိုက်ခဲ့တယ်။ An Autumn’s Tale, City on Fire, Tragic Hero, Rich and Famous, Flaming Brothers, A Better Tomorrow II တို့တွေပေါ့။ အဲဒီထဲက An Autumn’s Tale ကလွဲလို့ ကျန်တဲ့ကားတွေအကုန် Heroic Bloodshed ကားတွေချည်းပဲ။ ပြောရရင် ညီအစ်ကိုစိတ်ဓာတ်တွေ၊ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေနဲ့ ပစ်ခန်းခတ်ခန်းကြမ်းကြမ်းတွေ တွဲဖက်ပါဝင်နေတဲ့ ရုပ်ရှင်တွေ။ ဒီကားတွေထဲက ၂ကားကတော့ အဆက်တွေ။ Rich and Famous နဲ့ Tragic Hero တို့တွေပေါ့။ Tragic Hero က လပိုင်းလောက်စောပြီး အရင်ထွက်ပေမဲ့ ဇာတ်အရဆို သူက ၂ပဲ။ တစ်နှစ်တည်းထွက်တာဆိုတော့ ဘာလို့ဒါကိုအရင်ထုတ်လိုက်လဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့သေချာတာက Tragic Hero ကြည့်ပြီးရင် Rich and Famous ကိုကြည့်ဖို့ မလိုလောက်တော့ဘူး။ Tragic Hero ကို ရိုက်ထားတာက တေလာဝေါင်။ Behind the Yellow Line ဒါရိုက်တာ။ ကောင်းတာတွေလည်းရိုက်တယ်။ မကောင်းတာတွေလည်းရိုက်တယ်။ အတော်ကြီးလည်းမဟုတ်ဘူး။ ကောင်းတာတွေလည်းရှိတယ်။ ဒီကားက သူ့ကောင်းတဲ့ ၃ ၄ ကားထဲဝင်တယ်။ သရုပ်ဆောင်တွေကတော့ ချောင်ယွန်ဖတ်နဲ့ အန်ဒီလောင်။ ညီအစ်ကိုစိတ်ဓာတ်တွေ သဘောထားကြီးတာတွေနဲ့ပတ်သက်ရင် ချောင်ယွန်ဖတ်က ခွဲပစ်လို့မရတဲ့ မင်းသားပဲ။ သူက အဲဒီလိုဇာတ်ရုပ်တွေနဲ့ တော်တော်လေးလိုက်ဖက်တယ်။ အန်ဒီလောင်ကတော့ ထုံးစံအတိုင်း အက်ရှင်ကားတွေထဲက အန်ဒီလောင်ပါပဲ။ ဝေါင်ကာဝေးနဲ့ရိုက်ရိုက် ဂျွန်နီတိုနဲ့ရိုက်ရိုက် ဘန်နီချန်းနဲ့ရိုက်ရိုက် ဒီလိုကားတွေဆို အန်ဒီလောင်က အန်ဒီလောင်လို့ပဲပြောရမယ့်အထိ အန်ဒီလောင်ပီသတဲ့ပုံအတိုင်းပါပဲ။ ဇာတ်ကတော့ ဟောင်ကောင်ဂိုဏ်းစတားလောကမှာ ထိပ်သီးဖြစ်ခဲ့တဲ့ ချောင်ယွန်ဖတ်မှာ လက်ရုံး၂ယောက်ရှိခဲ့တယ်။ အန်ဒီလောင်နဲ့ နောက်တစ်ကောင်ပေါ့။ သူတို့က ညီအစ်ကိုတွေ။ အဲဒီ၂ယောက်မှာ အန်ဒီလောင့်အစ်ကိုက ချောင်ယွန်ဖတ်ကို သစ္စာဖောက်သွားတယ်။ အင်အားလည်းကြီးလာတယ်။ စီးပွားရေးဘက်ပဲ အာရုံစိုက်နေတဲ့‌ ချောင်ယွန်ဖတ်အတွက်လန့်စရာဖြစ်လာတယ်။ ရှောင်လွှဲပေမယ့် ရှောင်လွှဲလို့မရဘဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ သူ့မှာရှိသမျှအရာအားလုံးဆုံးရှုံးရဖို့ဖြစ်လာတယ်။ အဲဒီနောက် ပြန်တိုက်ခိုက်တဲ့အကြောင်းပေါ့။ ဒီလိုဇာတ်လမ်းတွေရဲ့ ပုံသေနည်းအတိုင်း မင်းသားခံရ ပြန်ထလာ ပြန်ချဆိုက်ပဲ။ Heroic Bloodshed ကားပီသစွာပဲ Battle Scene တွေက တော်တော်ကြမ်းကြမ်းပြထားတယ်။ ဂျွန်ဝူးကားတွေကြိုက်ရင် ကြည့်သင့်တယ်လို့ပဲပြောရမယ်။ အဲဒီပုံစံနဲ့ခပ်ဆင်ဆင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 840MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 37Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 1987
Tragic Hero
While You Were Sleeping
7.3

While You Were Sleeping (2024) ******************************* နာမည်ကြီး စာရေးဆရာဂင်ဂျွန်ဆော့နဲ့ ပန်းချီဆရာမ ဒေါ့ဟီတို့ဟာ သာမန်ပျော်ရွှင်စရာကောင်းတဲ့ လင်မယားအတွဲလေးတစ်တွဲအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ ဒါပေမဲ့ ဇနီးဖြစ်သူဒေါ့ဟီက အတိတ်မေ့ရောဂါရှိနေပြီး တချို့သော အကြောင်းအရာတွေကို မမှတ်မိတော့တဲ့အတွက် ပြန်ပြီးမှတ်မိလာအောင် ကြိုးစားနေရရှာသူတစ်ဦးပဲဖြစ်တယ်။ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ စာရေးဆရာဂင်ဂျွန်ဆော့က ဝတ္ထုအသစ်ရေးရန်ပြင်ဆင်ဖို့ ခရီးသွားနေတဲ့အချိန်မှာ မတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးသွားပါတော့တယ်။ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒေါ့ဟီက ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တဲ့ ခရီးနေရာကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့တဲ့ အချိန်မှာတော့ မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်တွေ့ရှိလာရတဲ့အခါမှာတော့…။ ဇနီးဖြစ်သူ သိရှိသွားတာက ဘယ်လိုအမှန်တရားတွေဖြစ်နေမလဲ…။ ဂျွန်ဆော့က ဒေါ့ဟီမသိအောင် ဘာတွေ ကွယ်ဝှက်ထားမလဲဆိုတာကို ပဟေဠိဆန်ဆန် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Arthdal Chronicles၊ My unfamiliar family တို့ထဲက မင်းသမီး Choo Ja Hyun နဲ့ The Glory၊ Blood Free တို့ထဲက မင်းသား Lee Moo Saeng တို့က နှစ်ယောက်ကြား chemistryကို ထိထိမိမိ သရုပ်ဆောင်ထားလို့ While you were sleeping ရုပ်ရှင်လေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1GB / 440MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Zuri, Vanessa & Kay Zin

7.3 2024
While You Were Sleeping
Escape from the 21st Century
6

CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့ကို Escape from 21 st Century ဆိုတဲ့ အချိန်ခရီးသွား သဘာဝလွန်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းထဲမှာ ဝမ်ချန်ယုံ၊ ဖောင်ဖောင် နဲ့ ဝမ်ကျာ့ တို့ သူငယ်ချင်း ညီအစ်ကို ၃ ယောက်ဟာ လူငယ်တို့ သဘာဝအတိုင်း ရန်ဖြစ်လိုက် ကစားလိုက်အချိန်ဖြုန်းနေခဲ့တာ… သူတို့အတန်းဖော်နဲ့ ရန်ဖြစ်တာ အောင်နိုင်ပြီး သူ့အတန်းဖော်ဦးလေးကြီးတွေရဲ့ လက်စားချေမှုကြောင့် သူတို့ ဓာတုဆေးတွေသောက်မိပြီး… ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကို နှာချေလိုက်တိုင်း ခရီးသွားနိုင်ခဲ့တယ်.. ရုတ်တရက်ကြီး အနှစ် ၂၀ ခရီးသွားမိတိုင်း… သူတို့အနာဂတ်ကို ပြန်ပြင်နိုင်ဖို့ ကြိုးစားခဲ့တယ်… တစ်ချိန်တည်းမှာ သူတို့ရဲ့ အနှစ် ၂၀ ကြာပြီးနောက် ပြောင်းလဲသွားတဲ့ လူကြီးဘဝရဲ့ အခြေအနေတွေကို လက်ခံနိုင်အောင် ကြိုးစားရင်း ကြိုးစားရင်း… သူတို့ ဒီလို ခရီးသွားနိုင်တဲ့ လျို့ဝှက်ချက်တွေကို ရှာတွေ့ခဲ့တယ်… တကယ်ပဲ သာမန်ခရီးသွားနိုင်တာလား… ဘာလျို့ဝှက်ချက်ရှိနေဦးမှာလဲ… ဘာလို့ သူတို့ ၃ ယောက်ပဲ ခရီးသွားနိုင်သွားတာလဲ… ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကြားမှာ ဘာပတ်သက်မှုရှိနေမှာလဲ… ထူးခြားဆန်းပြားမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့ ကြည့်လိုက်ကြရအောင်နော်…

Horror
6 1900
Escape from the 21st Century