YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Rising Feather E5 1080p WEB-DL CM.mp4

167.55 MB 1080p video/mp4 57 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Courier
7

စစ်အေးတိုက်ပွဲကာလ စပိုင်ဖြစ်ရပ်မှန် ရုပ်ရှင်ကို ဘာသာပြန်ပေးထားပါတယ်။ မင်းသားကတော့ ကျွန်တော်တို့ အချစ်တော် ဘီတာဒင်း ကူကမ်းဘားပါ။ သူလျိုသမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး သူလျိုနဲ့ သူ့ရဲ့ သတင်းသယ်ပို့သမားတစ်ယောက်အကြောင်းကို ပြထားတာပါပဲ။ စစ်အေးတိုက်ပွဲအတွင်းက စပိုင်ဇာတ်လမ်းတွေဟာ ရသမျိုးစုံပြီး ရိုက်လို့မကုန် ကြည့်လို့မကုန် ဖြစ်တာမို့ ဒီရုပ်ရှင်ကိုလည်း ပရိသတ်တွေ သဘောကျကြဦးမှာပါ ရုပ်ရှင်ကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ CM Admin Little Neo ဖြစ်ပါတယ် File Size : (2 GB) and (1.2 GB) Quality : 1080P, 720p Format…mp4 Duration… 1h 52min Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Thit San Khant

Crime • Sci-Fi & Fantasy
7 2020 112 mins
The Courier
Mr. Harrigan’s Phone
6

ဒီဟော်ရာ ရုပ်ရှင်ကတော့ စာရေးဆရာ၊ဒါရိုက်တာ စတီဗန်ကင်းရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပါ။ သူ့ရဲ့လက်ရာတွေက ဝတ္ထုတိုဝတ္ထုရှည်မရွေး ကျောချမ်းစရာကောင်းတာကိုသိကြမှာပါ။ သူ့ရဲ့လက်ရာတွေထဲက IT, Shinning, Pet Sematary, Green Mile, Misery, 1408, The Mist, Shawshank, Doctor Sleep, The Dark Tower, In the Tall Grass, Lisey Story, Thinner, Dolores Claiborne တို့တွေကို ကြည့်ဖူးကြတဲ့သူများမယ်ထင်ပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ နာမည်အတိုင်း မစ္စတာ ဟာရီဂန်ရဲ့ ဖုန်းအကြောင်းပါပဲ။ ဇာတ်လမ်းက တမလွန်ဘဝတွေ၊ သဘာဝလွန်တွေနဲ့ သို့လောသို့လော ကျောချမ်းစရာတွေနဲ့ ဖွဲ့စည်းထားတာမို့ အကျဉ်းပြောမပြတော့ပါဘူး။ ဘာပြီးဘာဖြစ်လာမလဲ ရင်တဖိုဖိုကြည့်လို့ရစေချင်လို့ပါ။ ဆက်ကြည့်လိုက်ပါဦး။

Action • Adventure • Science Fiction
6 2022
Mr. Harrigan’s Phone
Falling for Christmas

လင်ဆေးလိုဟန်ရဲ့ ရုပ်ရှင်ကားသစ်ကို နက်ဖလစ်ကနေ ပြသသွားတာပါ။ ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ Sierraဟာ အစစအရာရာ လိုလေသေးမရှိ ကျော့ကျော့မော့မော့ နေခဲ့ရသူတစ်ယောက်ပေါ့။ ခရစ္စမတ်မတိုင်ခင် တစ်ပတ်လောက်အလိုမှာတော့ Sierraခမျာ ရည်းစားဖြစ်သူ Tad Fairchildနဲ့အတူ တောင်ပေါ် ခရီးထွက်ခဲ့ရာက မတော်တဆမှု ဖြစ်ကာ တောင်အောက်ကိုလိမ့်ကျပြီး သတိလစ် အတိတ်မေ့သွားပါတော့တယ်။ သတိလစ်နေတဲ့ Sierraကို North star တည်းခိုရိပ်သာ ပိုင်ရှင်ဖြစ်တဲ့ Jake Russelတစ်ယောက် တွေ့ပြီး ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် အတိတ်မေ့ပြီး ကူကယ်ရာမဲ့နေသူမို့ လောကွတ်ချော်ကာ အိမ်ပေါ်တင် စောင့်ရှောက်ထားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေ ငြိတွယ်လာရင်း..။ တစ်ဖက်မှာတော့ Tadကလည်း ပွန်းပဲ့ဒဏ်ရာ အနည်းငယ်လောက်သာရပြီး အသက်ရှင် ကျန်ခဲ့ပါတယ်။ သို့သော်ငြားလဲ လူသူဝေးရာ တောထဲတောင်ထဲမှာမို့ ဆောက်တည်ရာမရ ဖြစ်ရပြန်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ လမ်းပျောက်နေတဲ့ Tadနဲ့ အတိတ်မေ့နေတဲ့ Sierraတို့ ဘယ်လိုဘယ်ပုံ ခရီးဆက်ကြမလဲ။ Sierraတစ်ယောက် မှတ်ဉာဏ် ပြန်ရလာပြီးတဲ့နောက် သူ့ကိုကယ်တင်ခဲ့တဲ့ ကလေးအဖေ မုဆိုးဖို Jakeကိုပဲ ရွေးချယ်လေမလား။ သူဌေးသား ဆိုရှယ်ကြောင် Tadကိုပဲ သစ္စာရှိမှာလား။ လုပ်ငန်းပိတ်သိမ်းရလုနီးပါးဖြစ်နေတဲ့ Tadကရော ဘာတွေ လုပ်မလဲဆိုတာကို နှင်းတွေတဖွေးဖွေးအောက်မှာ ဟာသလေးတွေ နှောပြီး ရိုက်ကူးပြထားတာကို ခံစားကြည့်ရှုကြရမှာပါ။ File size…(2.2 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo

Horror • Thriller
0 2022
Falling for Christmas
Evil Dead II
7.8

Evil Dead II (1987) ~ IMDb 7.7 / Rotten Tomatoes 95% ~ ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ယူဆောင်လာပေးတဲ့ ရုပ်ရှင်ကားလေးကတော့ နာမည်ကျော် Evil Dead ရုပ်ရှင်ကားတွေထဲက ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ Evil Dead II ပဲဖြစ်ပါတယ်။ Evil Dead ရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း သေသူများအကြောင်း လို့ခေါ်တဲ့ သရဲခေါ်ဂါထာ စာအုပ်လေးတစ်အုပ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ယောက် သစ်တောတစ်တောထဲက အိမ်လေးတစ်အိမ်မှာ ခေတ္တတည်းကြစဥ် တက္ကသိုလ်ပါမောက္ခတစ်ယောက် ချန်ထားခဲ့တဲ့ အသံဖမ်းစက်တစ်ခုကို ဖွင့်နားထောင်နေရင်း ချစ်သူကောင်မလေးဟာ မကောင်းဆိုးဝါးဝိညာဥ်တစ်ခု ပူးကပ်ခြင်းကိုခံလိုက်ရပါတယ်။ ရုပ်သာ ချစ်သူဖြစ်ပြီး နာမ်မှာ မကောင်းဆိုးဝါးဖြစ်နေတဲ့ ချစ်သူကောင်မလေးကို သတ်ပြီးနောက် ကောင်လေးဟာ ဒီမကောင်းဆိုးစိတ်ဝိညာဥ်တွေထံက ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းမလဲဆိုတာ စိတ်ဝင်စားထိတ်လန့်ဖွယ် ကြည့်ရှုရမယ့် Horror & Comedy ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ File Size : (2.9 GB) and (861 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 1hr 24min Format : Mp4 Genre : Comedy / Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Phoebe Encoded by Thit San Khant

7.8 1987 84 mins
Evil Dead II
[18+] Nobody’s Hero
6.3

Nobody’s Hero (2022) ~ IMDb – 6.3/10, Rotten Tomatoes – 65% ~ “ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများနှင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်ပါ” ဒီရုပ်ရှင်ကတော့ မနှစ်ကမှ ထွက်ရှိထားတဲ့ ပြင်သစ် ဟာသကားတစ်ခုပါ။ ဟာသတွေကလည်း အတည်ပေါက်ကြီး ဖောက်ထားတာတွေဆိုတော့ ကြည့်ရင်း ပြုံးစိစိဖြစ်စရာတွေပါပဲ။ ရုပ်ရှင်စလာကတည်းက အတော်ကိုစားပါတယ်။ မီဒရစ်ဟာ ပြည့်တန်ဆာတစ်ယောက်ကို ချစ်မိသွားပြီဆိုပြီး ပိုက်ဆံမယူဘဲ သူနဲ့အတူအိပ်ဖို့ ‌ဈေးညှိတယ်။ သူက သူများခန္ဓာကိုယ်ကို ငွေနဲ့ဝယ်တာ မလန်းဘူးထင်တယ် ဘာညာပေါ့။ ပြည့်တန်ဆာဖြစ်တဲ့ အီဆာဒိုရာကလည်း လက်ခံလိုက်တယ်။ ဖြစ်ချင်တော့ အီဆာဒိုရာကလည်း ယောက်ျားနဲ့၊ သူ့ယောက်ျားက သူ့ရဲ့ ချိတ်ပေါ့လေ။ အဲဒီလိုနဲ့ သူတို့ကြား တိုင်တွေပတ်ပါရောလား။ အဲဒီလိုဖြစ်နေတုန်းမှာပဲ သူတို့မြို့မှာ အကြမ်းဖက်မှုတစ်ခုဖြစ်သွားတယ်။ အစွန်းရောက်တွေရဲ့လက်ချက်ဆိုပြီး တမြို့လုံးကြောက်နေကြတဲ့အချိန်မျိုးပေါ့။ အဲဒီမှာ မီဒရစ်ရဲ့အိမ်ရှေ့ကို အိမ်ခြေရာမဲ့ အာရပ်ကောင်လေးတစ်ယောက်ရောက်လာတယ်။ မီဒရစ်ကတော့ သူ့ကိုအကြမ်းဖက်သမားလို့ သံသယဝင်နေသေးတာပေါ့။ ဒါပေမဲ့လည်း သနားတာနဲ့ လှေကားရင်းမှာ ပေးအိပ်ထားရာကနေ အိမ်အထိခေါ်တင်ထားတဲ့အထိ ဖြစ်ကုန်ပါလေရော။ ဒီလိုနဲ့ အမျိုးစုံ တိုင်တွေထပ်ပတ်ကြ‌တာပေါ့လေ။ ဘယ်လိုတွေ တိုင်ပတ်သလဲဆို‌တာတော့ ကိုယ်တိုင်ကြည့်လိုက်တာ ပိုရယ်ရပါလိမ့်မယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းအရဆိုရင် သာမန်ဟာသလို့ထင်ရနိုင်ပေမဲ့ ပြင်သစ်တွေရဲ့ Islamophobia နဲ့ တခြားအပိုင်းတွေကို ပါးပါးလေးပုတ်ပြသွားပါတယ်။ ကြည့်ပျော်တယ်လို့ ပြောနိုင်တဲ့အခြေအနေရှိပြီး ဇာတ်သိမ်းမှာ ဘာဖြစ်သွားပါတယ်ဆိုပြီး အဖြေထုတ်မပြသွားဘဲ ခံစားချက်အသိကိုပေးလိုက်တာကတော့ ဒီဇာတ်ကားရဲ့ တစ်မျိုးလေးအရသာရှိတဲ့အပိုင်းလို့ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 745MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action
6.3 2022 100 mins
[18+] Nobody’s Hero
Bedurulanka (2023)
6.3

Bedurulanka 2012 (2023) IMDB 6.2/10 ရထားတဲ့ အိန္ဒိယ Telugu ဘာသာစကားပြော ဟာသ/ဒရာမာ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် Telugu မင်းသား Kartikeya Gummakonda သရုပ်ဆောင်ထားပါတယ် 2012 ဆိုတာ တစ်ချိန်က နာမည်ပေါက်သွားခဲ့တဲ့ Hollywood ကမ္ဘာပျက်ဇာတ်လမ်းပါ ဒီကားလေးကလည်း အဲဒီ 2012 ဒီဇင်ဘာ 21ရက်နေ့အကြောင်းကိုသတင်းမီဒီယာတွေ တကြော်ကြော်ပြောနေတာတွေနဲ့ စတင်ထားပါတယ် Bedurulanka ဆိုတဲ့ ရွာလေးက ပညာတတ်နည်းပါးပြီး အုပ်ချုပ်ရေးမှူးကအစ တကယ့်သောက်တလွဲပါ ထိုအချိန်မှာ မီဒီယာရဲ့စကားတွေကို ထပ်ဆင့်ခုတုံးလုပ်ပြီး စီးပွားရှာချင်တဲ့ လူတစ်စုကလည်း ရှိနေပြန်ပါတယ် ရှီဗာဆိုသူက ရွာမွေးခြံပေါက်ဆိုပေမဲ့ မြို့မှာ ရုပ်ရှင်ဇာတ်ကားတွေအတွက် CGI effect တွေပြုလုပ်တဲ့ artist တစ်ယောက်ဖြစ်ပါတယ် ရွာမှာတော့ သူချစ်ရတဲ့ မိန်းကလေးကျန်နေခဲ့ပါတယ် တစ်နေ့ လက်ပေါက်ကပ်တဲ့ စီးပွားရှင် နဲ့ အနုပညာသမား ရှီဗာနဲ့ စကားအဝေ မတည့် ဖြစ်ပြီး ရှီဗာတစ်ယောက် အလုပ်ကထွက်လို့ ရွာပြန်လာပါတော့တယ် “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ အတိုင်း ဘေးဒုက္ခရောက်မယ်ဆိုကာမှ | အသွင်ပေါ်လာတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားကို ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပဲ အပန်းပြေအောင်ရိုက်ကူးထားပါတယ် အညွှန်းကို KKKZ မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ KKKZ ~ ToMo ~ Alex ~ Dee တို့ပဲဖြစ်ပါတယ်

6.3 2012
Bedurulanka (2023)
White Paradise
5.9

ကျွန်တော်တို့ လူတွေဆိုတာ ရေကြည်ရာ မြက်နုရာ လိုက်ရှာရင်း ဘဝကိုရှင်သန်နေထိုင်ကြရတဲ့ သူတွေပါ ကိုယ်နေတဲ့နေရာက ကိုယ့်အတွက် အန္တရာယ်တစ်စုံတစ်ရာ ရှိလာပြီး ဆက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ကိုယ်နဲ့ကိုက်ညီမဲ့ လုံခြုံဘေးကင်းမဲ့နေရာလေးတစ်ခုကို ရှာဖွေကြရတာ ဓမ္မတာပါပဲ ဒီဇာတ်လမ်းလေးထဲမှာတော့ ကာဘူးလ်မြို့တော်မှာ ပြင်သစ်စစ်တပ်တွေတပ်စွဲထားတုန်းက ပြင်သစ်စကားပြန်လုပ်ခဲ့လို့ဆိုပြီး တာလီဘန်တွေရဲ့ အငြိုးထားတုံ့ပြန်မှုကိုခံခဲ့ရတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ထွက်ပြေးကြရင်း ဂရိမှာ လူကွဲသွားကြပါတယ် အဲဒါကြောင့် ဇနီးဖြစ်သူက သူ့ယောကျာ်းကို နေရာအနှံ့က ဒုက္ခသည်စခန်းတွေမှာပတ်ရှာရင်း ပြင်သစ်နဲ့ အီတလီနယ်စပ်နားက ရေခဲတောင်ပေါ်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ လောလောလတ်လတ် မတော်တဆမှုကြောင့် ဇနီးသည်ဆုံးပါးခဲ့ရတဲ့ ဆင်မြူရယ်ဆိုတဲ့ လူနဲ့တွေ့ပြီး လမ်းပြခိုင်းခဲ့တာပါ။ နယ်စပ်ကိုဖြတ်ကျော်ဖို့ဆိုတာ အထောက်အထားအပြည့်အစုံမရှိတဲ့သူအတွက်ကတော့ ဘယ်လောက်ခက်ခဲလဲ ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ရလဲဆိုတာကိုပြသရင်း တကယ်စစ်မှန်တဲ့ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ခမ်းနားလဲဆိုတာပါ ရေခဲတောင်တွေကြားမှာ အေးအေးလေးနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.3 GB)/(751 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Action
5.9 2023
White Paradise
The Boxer
7

ဒီကားလေးကတော့ ratingလဲကောင်း critics‌တွေလဲအကြိုက်တွေ့ခဲ့တဲ့ Dramaကားကောင်းလေးပါ။ ပါဝင်ထားတာကလဲ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Daniel Day-Lewis နဲ့ Emily Watsonတို့ဖြစ်တဲ့အတွက် ကားကောင်းတစ်ကားဆိုတာသိနိုင်ပါတယ်။ နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် ထောင်ထဲမှာ၁၄နှစ်‌နေခဲ့ရပြီး ပြန်ထွက်လာခဲ့တဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီဟာ သူ့ရဲ့အရင်အိပ်မက်ဖြစ်တဲ့ လက်ဝှေ့ပွဲတွေပဲကျင်းပပြီး နေချင်တဲ့သူပါ။ သူအရမ်းချစ်ရတဲ့ ချစ်သူဟောင်းဖြစ်တဲ့ မက်ဂီကိုလဲ ပိုင်ဆိုင်ဖို့ကြိုးစားနေတုန်းပါပဲ။ ဒါပေမဲ့လည်း အတိတ်က ဖြစ်ရပ်တွေရဲ့ ရန်သူဟောင်းတွေက ရန်ငြိုးတွေမပြတ်နိုင်ဘဲ ဒုက္ခ‌တွေပေးဖို့ကြိုးစားလာခဲ့အခါမှာတော့… ထိုဒုက္ခတွေကြားမှာ သူနဲ့ မက်ဂီနဲ့ ဘယ်လိုရုန်းကုန်ရမလဲဆိုတာကို လှလှပပရိုက်ကူးကားတဲ့ Dramaကားကောင်းလေးပါ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

7 1997
The Boxer
The American President
6.8

The American President (1995) ~ IMDb – 6.8/10, Rotten Tomatoes – 91% ~ အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။ ၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ချီးကျူးအခံရဆုံးပေါ့။ ဒါရိုက်တာ Rob Reiner ဆိုရင် ၁၉၈၄ ကနေ ၁၉၉၂ အထိ ၈ နှစ်အတွင်း ဆောင်သမျှအောင်တယ်လို့ပြောရလောက်အောင် အောင်မြင်တဲ့ ရုပ်ရှင် ၅ ကား ရိုက်ပြခဲ့တဲ့လူ။ သူ့အနေနဲ့ ဒီလိုတောက်ပနေတဲ့ကာလမှာ ဒီရုပ်ရှင်ကိုရိုက်တယ်။ နိုင်ငံရေးဇာတ်လမ်းတွေကို ပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တဲ့သူ့အတွက် ဒီရုပ်ရှင်က သူ့ရဲ့ The West Wing စီးရီးအတွက် အများကြီး လွှမ်းမိုးမှုရှိခဲ့တယ်။ ဒီရုပ်ရှင်မှာ အထူးတလှယ် ချီးကျူးခံခဲ့ရတဲ့သူတွေက Michael Douglas နဲ့ Anette Bening ပဲ။ သူတို့ ၂ ယောက်လုံးက Golden Globe မှာ အကောင်းဆုံး မင်းသားဆုကော မင်းသမီးဆုပါ ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ရံတွေအနေနဲ့လည်း Martin Sheen တို့ Michael J. Fox တို့ ပါတယ်ဆိုတော့ သရုပ်ဆောင်အပိုင်းက ကြည့်ရတာ အရသာရှိပါတယ်။ ဇာတ်လမ်းက‌ အမေရိကန်သမ္မတဖြစ်တဲ့ Andrew Shepherd က သက်တမ်းသစ်ရွေးကောက်ပွဲအတွက် မဲဆွယ်‌နေတဲ့ကာလကိုရောက်နေတယ်။ သူမဲနိုင်ဖို့အတွက် လွှတ်တော်ကို ဥပဒေမူကြမ်းတစ်ခုတင်သွင်းဖို့လိုတယ်။ ရွေးစရာ ၂ ခုက လက်နက်ကိုင်မှုလျှော့ချဖို့ ရာဇဝတ်မူကြမ်းနဲ့ သဘာဝပတ်ဝန်းကျင်အသင်း ဂျီဒီစီက တောင်းဆိုတဲ့ ရုပ်ကြွင်းလောင်စာအသုံးချမှု ၂၀% လျှော့ချရေး စွမ်းအင်မူကြမ်း။ အမေရိကန်လွှတ်တော်မှာ မူကြမ်းတစ်ခုအတည်ပြုခွင့်ရဖို့ဆိုရင် အမတ်တွေရဲ့ မဲလိုတယ်။ အဲဒီမှာ ဂျီဒီစီဘက်က နိုင်ငံရေးနည်းလမ်းနဲ့ဝင်ဖို့ ‌ဆစ်ဒနီကို ငှားတယ်။ သမ္မတနဲ့ ဆစ်ဒနီညှိရင်း စွမ်းအင်မူကြမ်းအတွက် ၂၄ မဲရှာနိုင်ရင် အိမ်ဖြူတော်ဘက်က မူကြမ်းတင်သွင်းပေးမယ်လို့ ညှိလို့ရသွားတယ်။ အဲဒီမှာ သမ္မတကြီးနဲ့ ဆစ်ဒနီ စတွေ့ဖြစ်ရင်း ချစ်ကြိုးလေးတွေသီတာပေါ့လေ။ နိုင်ငံရေးလောကက အချစ်ဇာတ်လမ်းဆိုတော့ သိပ်တော့လည်းမလွယ်ကူဘူး။ သမ္မတကလည်း သူ့ဇနီးကင်ဆာနဲ့ဆုံးသွားတော့ Single Father အဖြစ်နေနေတဲ့လူ။ သူ့အနေနဲ့ အချစ်ကိုတွေ့တော့ မအားလပ်တဲ့ကြားကနေ အလုံးစုံတိုင်ပတ်ခံပြီး နီးစပ်ဖို့ကြိုးစားခဲ့တာပေါ့လေ။ “If he wants to, he will” ဆိုသလိုပါပဲ။ အချစ်နဲ့တွေ့ရင် လူတိုင်းက‌ ဆယ်ကျော်သက်ဆိုတော့ သမ္မတကြီးကလည်း သူ့သမီးသူ မိန်းကလေးတွေဘာကြိုက်လဲမေးရတဲ့အခြေအနေပါရောက်သွားတယ်။ သေချာတာကတော့ ဒီရုပ်ရှင်ဟာ သက်လတ်ပိုင်းအချစ်ကို လှလှပပ ချပြရင်း နိုင်ငံရေးအရ အတုယူစရာတွေကိုပါ ထည့်ရိုက်ထားတဲ့ ဟောလိဝုဒ်ခေတ်ပြောင်းကာလရဲ့ ရုပ်ရှင်‌ကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 685MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.8 1995
The American President
A Taste of Hunger
6.3

လူရယ်ဆိုပြီး ဖြစ်လာကတည်းက ဘ၀ကိုရုန်းကန်လှုပ်ရှားမှုတွေနဲ့ ဖြတ်သန်းရမှာဧကန်မုချပါပဲ။ငယ်ရွယ်စဉ်မှာ ကျောင်းတက်ဖို့စာကျက်ဖို့ ရုန်းကန်ရသလို အသက်ကြီးလာလို့လုပ်ငန်းခွင်ဝင်ရတဲ့အချိန်မှာလည်း ကိုယ့်ဝမ်းရေးတစ်ထွာကို ဖြည့်ဖို့အတွက်ရုန်းကန်ရပါတယ်။သားသမီးတွေ မိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာလည်း တစ်ကိုယ်တည်းသမားဘ၀ထက် နှစ်ဆသုံးဆပိုမို ရုန်းကန်ကြရပါတယ်။ဒီလိုရုန်းကန်ရင်းနဲ့မှဘ၀မှာ အရေးကြီးတဲ့ အရာတွေကိုတော့ မမေ့သွားဖို့လိုအပ်ပါမယ်။အရေးအကြီးဆုံးကတော့ ကိုယ့်ကို ချစ်တဲ့ ကိုယ့်မိသားစုကိုမမေ့သွားဖို့ပါပဲ။ အခုတင်ဆက်ပေးမဲ့ IMDb Rating 6.3 ရရှိထားတဲ့ A Taste Of Hunger ဆိုတဲ့ ဇာတ်ကားထဲမှာလည်း အထက်ပါပြောသွားတဲ့အကြောင်းအရာတွေကို ပညာပေး အဖြစ်ကွက်ကွက်ကွင်းကွင်းမြင်အောင်တင်ဆက်ရိုက်ကူး ပေးထား တာပဲဖြစ်ပါတယ်။ကာစတန်ဆိုတဲ့ လူတစ်ယောက်ကအချက်အပြုတ်ကို အရမ်းဝါသနာပါပြီး သူ့အစ်ကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ပွဲတစ်ပွဲမှာတည်ခင်းဧည့်ခံရင်းနဲ့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပြီး စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ မက်ဂီဆိုတဲ့ကောင်မလေး တစ်ယောက်က သူရှိရာမီးဖိုချောင်ကိုဆင်းလာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့တွေ စကားပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးပေးတဲ့ Motivation နဲ့ တစ်ချိန်ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ပြီး စားသောက်ဆိုင်တွေ ကြားမှာ အရမ်းအရေးကြီးတဲ့ Rating စနစ်တစ်ခုဖြစ်တဲ့ မစ်ချယ်လင်ကြယ်ပွင့် တစ်ပွင့်ရအောင်ကြိုးစားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်။တစ်ယောက်တည်း ကြိုးစားဖို့မလွယ်ကူတဲ့ ဒီခရီးရှည်ကြီးမှာဘ၀လက်တွဲဖော်အဖြစ်မက်ဂီ့ကို ရွေးချယ်ခဲ့ပြီး သူလိုချင်တဲ့မစ်ချယ်လင်ကြယ်တစ်ပွင့်ရဖို့ခရီးကို လျှောက်လှမ်း နေရင်းအရေးကြီးဆုံးမိသားစုကို မေ့လျော့သွားတဲ့အခါမှာတော့ ဘယ်လို စိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်…. File size…1.50 GB / 696MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2021
A Taste of Hunger
Target List
7.1

ခင်ပွန်းသည်က ဖောက်ပြန်တာခံရတဲ့ ဒွန်နာအတွက်တော့ သမီးလေးဂရေစီဟာ အရာရာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကင်ဆာဆိုတဲ့နတ်ဆိုးက သမီးလေးကို သူ့ရဲ့ဘဝထဲကနေ ထပ်ပြီးတော့ ခေါ်ဆောင်သွားပြန်ပါတယ်။ အဲဒီအချိန်မှာ ဒွန်နာတစ်ယောက် WANDဆိုတဲ့ ကင်ဆာကုထုံးသစ်ကို စမ်းသပ်တီထွင်ဆဲကာလဖြစ်ပြီး သမီးလေးကိုမကယ်တင်နိုင်လိုက်ဘူးပေါ့။ ဒီလိုနဲ့ နှစ်ပေါင်းများစွာစမ်းသပ်ရင်း ဂရေစီဆုံးသွားပြီး ၃ နှစ်အကြာမှာ ‌နမူနာWANDကိုထုတ်လုပ်တဲ့အဆင့် လူသားတွေနဲ့စမ်းသပ်မှုစတင်မယ့်ကာလမှာ ထုတ်ကုန်ကို ကြေညာဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြေညာလိုက်တာက သူတို့ရဲ့သေမင်းကို ဖိတ်ခေါ်လိုက်တာမှန်း ဒီသု‌တေသနပညာရှင် ၅ ယောက်မသိနေတဲ့အခါ… ထုတ်ကုန်ကြေညာဖို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ညကနေစလို့ ဓာတ်ခွဲခန်းကို မီးလာရှို့ပြီး သုတေသနအဖွဲ့တွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကြေးစားတွေရောက်လာချိန်မှာတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်နေတဲ့ ကလိုက်ဒ်နဲ့ ဒွန်နာကိုလုပ်ကြံတာပေမဲ့ ခင်ပွန်းဟောင်းကိုထိပြီး သီသီလေးလွတ်မြောက်လာတဲ့ဒီနှစ်ယောက် အသက်ဘေးလွတ်အောင်ရုန်းကန်ရင်း တရားခံကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။ Nerdပီပီ တစ်ခါတရံမှာ ဇီဇာကြောင် အူကြောင်ကြောင်အတွေးတွေနဲ့ကလိုက်ဒ်နဲ့ လက်ရဲဇာတ်ရဲ တဇွတ်ထိုးဆန်တဲ့ဒွန်နာတို့နှစ်ယောက်ရဲ့ တရားခံရှာပုံတော်ကို ဟာသလေးနှောလို့ အတူရှုစားလိုက်ရအောင်ပါ။ File size…(1.35 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

7.1 2023
Target List
[18+] Fairy Beauty Shop

ရောက်လာခဲ့တဲ့ ဂျပန်မလေးတစ်ယောက် ဘုန်းကြီးကျောင်းရောက်တာနဲ့ ထူးဆန်းစွာ အိပ်မောကျသွားပြီး အဲဒီ ဘုန်းကြီးကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မြင်ယောင်လာခဲ့တယ် အဲဒီ ထူးဆန်းတဲ့ ဘုန်းကြီးကျောင်းကို ဘယ်သူမှ လွယ်လွယ်နဲ့ မရောက်လာနိုင်ဘူး သူနဲ့ ရေစက်ရှိတဲ့ သူတွေပဲ လမ်းရှာတွေ့ပြီး ရောက်လာနိုင်တယ်တဲ့ တကယ်တော့ အဲဒီနေရာဟာ ဘုန်းကြီးကျောင်းမဟုတ်သလို လွန်ခဲ့တဲ့ နှစ် 100 တုန်းက ဆောင်ကြာမြိုင် ဖြစ်ခဲ့တာပါတဲ့ အဲဒီနေရာမှာ သေသွားတဲ့ အပျော်မယ်လေးတွေက မကျွတ်မလွတ်ဘဲ ဆက်လက် ရှိနေသလို တံခါးစောင့်ကလည်း မကျွတ်လွတ်နိုင်ဘူးဖြစ်နေတယ် အဲဒီဂျပန်မလေးက မကျွတ်မလွတ်နိုင်ရှာဘူးဖြစ်နေတဲ့ ဝိညာဉ်တွေကို ကျွတ်လွတ်သွားအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာကို ရင်သက်ရှုမော ကြည့်ရှုအားပေးလိုက်ကြပါဦးနော် File Size : 2.22 GB, 769 MB Quality : 1080p,720p Format…mp4 Duration…01:42:40 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2017
[18+] Fairy Beauty Shop
Ishq
6.9

Ishq 1997 ( ချိုမြိန်တဲ့သောက) IMDb – 6.8/10 Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb – 6.8ရရှိထားကာ အဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း. နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊ မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ.. ဇာတ်ကားအကျဉ်းကတော့- ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာ သူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲ လက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီး သဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ? ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့​သူ မတူကွဲပြားသွားမလား? ဘာညာသာရကာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ)

Comedy • Thriller • Drama
6.9 1997 161 mins
Ishq
The Hunter’s Anthology – The Demon Hunter
5

ဒီဇာတ်ကားလေးကတော့ Mystery, Horror ဆန်ဆန် ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ သဘာဝလွန်စူးစမ်း ရှာဖွေမှုတွေနဲ့ မှောင်မိုက်တဲ့အမှန်တရားတွေကို ဖော်ထုတ်မယ့် နတ်ဆိုးမုဆိုးတစ်ယောက်ရဲ့စွန့်စားခန်းကို ဇာတ်အိမ်ထား ရိုက်ကူးထားပါတယ်။ 2021 တုန်းကထွက်ရှိခဲ့တဲ့ The Hunter’s Anthology Series ကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် လူအုပ်စုတစ်စုဟာ နတ်ဆိုးမုဆိုးတစ်ယောက်နဲ့အတူ မြေအောက်ရထားတွဲထဲမှာ ပိတ်မိသွားပြီးတော့ သူတို့ထဲမှာပုန်းနေတဲ့နတ်ဆိုးကို ဖမ်းဖို့အတွက် တစ်ယောက်ချင်းစီရဲ့ မှောင်မိုက်တဲ့အတိတ်တွေကို စစ်မေးရင်း နတ်ဆိုးကိုဖော်ထုတ်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းပုံစံက စုံထောက်ဆန်ဆန်ကိုမှ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ထားပြီးတော့ ကြည့်ရှုသူတွေကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာလည်း rating ကောင်း တစ်ခုကို ရရှိထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ File size… (1.53GB) / (793MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 6m Genre …..Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 126 mins
The Hunter’s Anthology – The Demon Hunter
Thrayam
5.2

Thrayam (2024) “လှုပ်လှုပ်ရှားရှား ညလေးတစ်ည” မလေယာလမ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ညအချိန်မှာ တချို့က အပျော်ရှာကြသလို တချို့က စီးပွားရှာဖို့ရုန်းကန်ရပြီး မဟုတ်တာလုပ်ကြသူတွေလည်း ရှိနေပါတယ် ဒီဇာတ်လမ်းလေးမှာ တစ်ညတာအချိန်က ဇာတ်ကောင်ပေါင်းများစွာရဲ့ အဖြစ်အပျက်တွေ၊ လှုပ်ရှားမှုတွေကို အချိတ်အဆက်တွေနဲ့ ပုံဖော်ထားတာပါ မိန်းမတစ်ယောက်ကိုချစ်မိလို့ သောကများနေတဲ့ လူတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို အပြာဗီဒီယိုနဲ့ ငွေညှစ်ချင်တဲ့ ကလေကဝတစ်သိုက်နဲ့ ဉာဏ်များတဲ့ မဒီလေးတစ်ယောက် တစ်ညဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်တွေကြားမှာ ဘယ်လိုဆက်နွယ်နေမှာလဲ၊ မထင်မှတ်ထားတာတွေပါ ဆက်ဖြစ်လာတဲ့အခါမှာတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo မှ ဖြစ်ပါတယ်

Action • History • Drama
5.2 2024 120 mins
Thrayam