YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Ripper.Untold.2021.1080p.BluRay.(CM)_new.mp4

1.03 GB N/A video/mp4 917 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nitram
6.9

IMDb Rating - 7.2/10 , Rotten Tomatoes - 90% 1996မှာ ဩစတေးလျက ပေါ့အာသာ သမိုင်း၀င်ဆိုက်မှာ လူ၃၅သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရခဲ့တဲ့ အစုအပြုံလိုက် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်တည်းကသတ်တဲ့ လူသတ်မှုတွေထဲ ဩစတေးလျသမိုင်းရဲ့ အဆိုး ရွားဆုံးလူသတ်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံးလူသတ်မှုတွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဩစတေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း တင်းကြပ်လိုက်ရပါတယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း လိုလိုလားလား လက်ခံ လိုက်ကြပါတယ်။ လက်နက်လက်၀ယ်ကိုင်ဆောင်ထားသူ ၆သိန်းလေးသောင်းဆီက ဩစတေးလျအစိုးရဟာ လက်နက်တွေ ပြန်လည်သိမ်းယူ ဖျက်ဆီးခဲ့ပါတယ်။ အဆိုးရွားဆုံး လူသတ်မှုကြီးကို ကြုံထားရတာမို့ ဘယ်ပြည်နယ် ဘယ်နယ်မြေကမှ ဒါကို စောဒက မတက်ခဲ့ကြပါဘူး။ ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့သူကတော့ Martin John Bryant ဆိုတဲ့ ဩစတေးလျသားပါ။ ဒီပြစ်မှုအတွက် Martinဟာ ၃၅သက်၃၅ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထပ်တိုး ၁၆၅၂နှစ်ပါ ချမှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ရဲ့နာမည် "Nitram"ဟာ သူ့နာမည် Martinကို နောက်ပြန်ရေးထားတာပါပဲ။ Martinဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးတွေ အနိုင်ကျင့်ခံခဲ့ရသူပါ။ မွေးထားတဲ့ အမေကိုယ်တိုင်က သူ့ကိုသိပ်အမြင် မကြည်သလို ပတ်၀န်းကျင်ကလည်း သူ့ကိုအမြင်မကြည်ပါဘူး။ သူ့ဘက်မှာ ရပ်တည် ခဲ့တဲ့သူဟာ သူ့အဖေပဲရှိခဲ့ပါတယ်။ Nitramဟာ Martinလို စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူကနေ ဩစတေးလျရဲ့ အဆိုးရွားဆုံးလူသတ်မှုကို လုပ်ခဲ့တဲ့သူအဖြစ်ကို ဘယ်လိုဦးတည်လာခဲ့လဲ ဆိုတာကို Martinရဲ့ စိတ်ပိုင်းဆိုင်ရာကို အဓိကထား ပုံဖော်ပြထားတဲ့ Psychological Drama ရုပ်ရှင်ပါပဲ။ Martinကို ပရိသတ်က အသင့်အတင့် နားလည်နိုင်အောင်ပါ ပြထားပြီး စိတ်ချို့ယွင်းနေသူတွေကို မည်သို့မည်ပုံ မလုပ်သင့်တာကိုလည်း မသိမသာ ပုံဖော်ထားပါတယ်။ ဩစတေးလျဒါရိုက်တာ Justin Kurzel က ရိုက်ကူးထားပြီး ဒီရုပ်ရှင်ကို Kurzelရဲ့ မက္ကဘတ်လို့လည်း ဆိုကြပါတယ်။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ကောင်းကောင်းလက်စွမ်းပြထားပြီး မင်းသားဆို ဝေဖန်ရေးသမားတွေ ချီးကျူးတာ တော်တော်ခံခဲ့ရပါတယ်။ Martin နေရာက ပြောင်မြောက်စွာ သရုပ်ဆောင်တဲ့ Caleb Landry Jonesဟာ ကိန်းမှာလည်း Best Actorဆုရခဲ့ပါတယ်။ Nitramဟာ Requiem for a Dreamတို့ Magnoliaတို့ A Clockwork Orangeလို Disturbing အတော်ဖြစ်စေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး သြစတေးလျရုပ်ရှင်ဆုပေးပွဲမှာ Best Film, Best Direction, Best Actor, Best Actress, Best Supporting Actor နဲ့Best Supporting Actressဆုတွေကို ရခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size - (1.76 GB) / (991 MB) / (602 MB) Quality – WebRip 1080p / 720p/480p Duration - 1h 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – WiRa Aung Encoder – SWM

Action • Adventure • Thriller
6.9 2021 112 mins
Nitram
The Bad Guys
7.7

ဒီနှစ်ရဲ့အကောင်းဆုံး အနီမေးရှင်းရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ လူဆိုးကြီးများအဖွဲ့ လာပါပြီ။ ဇာတ်လမ်းကတော့ သူငယ်ချင်းစိတ်ဓာတ်၊ အကောင်းနဲ့အဆိုး စိတ်လွန်ဆွဲပွဲကို ဇာတ်လမ်းကောင်းကောင်းနဲ့ ဟာသတွေ ရောယှက်ပြီး ဖန်တီးထားတာပါပဲ။ လူတွေအများစု ကြောက်လန့်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကို လူဆိုးတွေအဖြစ်ပုံဖော်ပြထားပြီး၊ အဲဒီလူဆိုးအဖွဲ့ကို လူကောင်းပြန်ဖြစ်လာအောင်ကူညီနေတဲ့ ပူးကလေးရယ်ပါတာပေါ့။ လှည့်ကွက်တွေများများကြည့်ရအောင် ဇာတ်လမ်းတော့ပြောမပြတော့ပါဘူး။ နောက်ခံသီချင်းတွေကလည်းအတော်ကောင်းပြီး လှုပ်ရှားမှုတွေရော အသံသရုပ်ဆောင်တွေရော ကောင်းတာမို့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါဦး။ အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mr.Anderson, Chcuk နဲ့ Yoon တို့ပဲ ဖြစ်ပါတယ် Genre.....Animation, Adventurd, Comedy Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 750MB and 300MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson, Chuck, Yoon Encoder ..... August

Mystery • Thriller
7.7 2022 100 mins
The Bad Guys
Seven Days
6.7

ရှေ့​နေယူဂျီယောင်းဟာ ရှေ့နေလောကမှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး သူ လက်ခံတာဝန်ယူတဲ့ အမှုမှန်သမျှ ရှုံးနိမ့်တာမရှိသလောက်နာမည်ကြီးတဲ့သူ... တစ်ရက်မှာတော့ သူမရဲ့ သမီးလေး အွန်းယောင်းကို အကြမ်းဖက်အဖွဲ့ကနေ ပြန်ပေးဆွဲသွားတယ်... အွန်းယောင်းကို ပြန်ပေးဆွဲသွားတဲ့ အုပ်စုက သူမကို အမှုတစ်ခု တာဝန်ယူပြီး သူတို့ရဲ့ လူကို အပြစ်မရှိကြောင်း သက်သေပြနိုင်မှသာလျှင်  သမီးလေးကိုအသက်ရှင်လျှက် ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်...ယူဂျီယောင်းအတွက် တကယ့်ကို ငရဲခန်းပါပဲ...သူလွတ်အောင်လုပ်ပေးရမဲ့ တရားခံက ခိုင်လုံတဲ့သက်သေတွေကြောင့် သေဒဏ်ကျဖို့ သေချာသလောက်ရှိနေတဲ့အပြင် တစ်ဘက်ကလည်း မိမိရဲ့ ရင်သွေးလေးရဲ့ အသက်ကိုလည်း ကယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့.. ကားဟောင်းဖြစ်ပေမဲ့ အတော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်လို့ ကြည့်သင့်ပါကြောင်း.... File Size :(2.6GB) (1.3GB) and (498 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:05:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lei Encoded by Phyo Pyae

Mystery • TV Movie • Thriller
6.7 2007 125 mins
Seven Days
Vaan Moondru
7

Vaan Moondru (2023) IMDb-5.7/10 တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက် ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ် ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေ အဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူ ဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူ ဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကို ရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.25GB  / 568MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Cherry

Action & Adventure • Crime • Drama
7 2023 99 mins
Vaan Moondru
Father & Sons
5.7

Father & Sons (2018) ================ မိသားစုအချင်းချင်းကြားမှာ ထားရှိတဲ့မေတ္တာဆိုတာ တစ်ခါတစ်လေမှာ မမြင်နိုင်ဘူးဖြစ်တတ်ပါတယ်။ နေ့တိုင်း ချစ်တယ်လို့ ပြောဖြစ်ချင်မှ ပြော ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် နေ့စဉ်လုပ်ကိုင်ပေးနေတဲ့ ကိစ္စတွေက အချစ်ကို အခြေတည်ပြီးတော့ ဖြစ်လာကြတာပါ။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်ကြ စကားမပြောဘဲနေကြကောင်း နေနိုင်ပေမယ့် တကယ့်အတွင်းစိတ်ထဲက မေတ္တာက မပြောင်းလဲနိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့်လည်း မိသားစုဟာ လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေတာပါ။ ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်လွန်းလှပါတယ်။ အဖေတစ်ယောက် သား နှစ်ယောက်တို့ကြားက ဆန်းကြယ်လှတဲ့ ချစ်ခြင်းမေတ္တာကို ခပ်ပါးပါးဖော် ပြထားပြီး လှလှပပ ပြသွားတာကို ယခုဇာတ်ကားထဲမှာ ကြည့်ရှု့ရမှာမို့ ဒရာမာချစ်သူ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Leonard Lin, Roman Nox တို့ဖြစ်ပါတယ်) File Size……….(1.0 GB) / (435 MB) / (240 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 30mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Leonard Lin, Roman Nox Encoder……….SWM

Drama • Fantasy
5.7 2018 90 mins
Father & Sons
Arbor Demon

ဇာတ်လမ်းအညွှန်း တောနက်ကြီးတွေဟာ တကယ်ပဲကြောက်ဖို့ကောင်းသလား ဆိုတာအပြင် တောတွေအကြောင်း ရှေးလူကြီးတွေပြောပြတဲ့ ပုံပြင်တွေက တကယ်ပဲအမှန်တွေ ဖြစ်လောက်လားဆိုတာကိုရော တွေးမိကြပါသလား။ ဒါဆိုရင်တော့ horror/ thriller ဇာတ်လမ်း အမျိုးအစားလေးဖြစ်တဲ့ Arbor Demon ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်လမ်းလေးမှာ ချားလ်စ်နဲ့ ဒေနာ တို့ဟာ ကလေးမယူကြသေးဘဲ သူတို့ဘဝရဲ့ကိုယ်ပိုင်စွန့်စားခန်းလေးတွေကို လုပ်နေကြစဲဖြစ်တဲ့ လင်မယားအတွဲလေးဖြစ်ပါတယ်။ ဒေနာက တောနက်ကြီးတစ်ခု အကြောင်းကို ထူးဆန်းစွာ အမြဲမြင်မက်နေပါတယ်။ တစ်နေ့မှာ သူတို့နှစ်ဦးရဲ့မင်္ဂလာနှစ်ပတ််လည်အနေနဲ့ တောထဲကို စခန်းချခရီး ထွက်ဖို့ နှစ်ယောက်သား ထွက်လာကြပါတယ်။ တောနက်နက်ထဲမှာ ကြောက်စရာအသံတွေလည်း စကြားလာရပြီး ဘယ်အရာကလာ တိုက်ခိုက်လဲမသိ တိုက်ခိုက်ခံလာရတဲ့အခါ…သူတို့ကို ဘယ်အရာ တွေက တိုက်ခိုက်နေတာလဲ၊ ဘာအကြောင်းကြောင့်တိုက်ခိုက်နေတာလဲ၊ သူတို့နှစ်ဦး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.73GB / 841MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Horror • Thriller
0 2016
Arbor Demon
The Nightmare Before Christmas
8

ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို့ ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတို့ဆီ ယူဆောင်လာပါပြီ။ ဇာတ်ကားနာမည်လေးကတော့ The Nightmare Before Christmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။ Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေ သန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်း iMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ‌ပြောပြရရင်တော့ ဟော်လိုဝင်းလို့ခေါ်တဲ့ မြို့လေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြို့လေးပါ။ အဲဒီမြို့မှာ ဂျက်လို့ခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြို့လုံးရဲ့ အလေးစားခံပုဂ္ဂိုလ်လို့ပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာ ငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တ နေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့ လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြား မတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာက ခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနေရာနဲ့ အစစ အရာရာ ကွာခြားနေခဲ့ပါတယ်။ ဒါကို ဂျက်တစ်ယောက် သဘောတွေ ကျသွားပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနယ်မြေမှာ ခရစ္စမတ်ဖန်တီးဖို့ လုပ်ပါတော့တယ်။ ဆိုတော့ ဂျက်တို့ သရဲတစ္ဆေတွေက ခရစ္စမတ်ကို ဖန်တီးနိုင်ပါ့မလား၊ ဘယ်လိုအလွဲတွေဖြစ်ကြမလဲ၊ သူတို့အမွှေဇယား ထဲမှာ ဆန်တာကလော့စ်က ဘယ်လိုပါဝင်ပတ်သက်နေရမလဲဆိုတာ ကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါ။ အချိန်ကုန်ရကျိုးနပ်မှာဖြစ်တဲ့အပြင် အခုလို ခရစ္စမတ်ရာသီမှာ အိမ်က မိသားစုတွေနဲ့အတူ ကြည့်ကိုကြည့်သင့်တဲ့ ကာတွန်းကားလေးတစ်ကား ဖြစ်ကြောင်း အားလုံးကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်နော်။ File size… 6.06 GB / 1.70 GB/ 818MB Quality… BluRay 4K HEVC 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Animation , Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

8 1993 76 mins
The Nightmare Before Christmas
Heaven Down Here
7

Heaven Down Here (2023) ==================== IMDb Rating – 7.0/10 Heaven Down Here 2023 ကို ဒါရိုက်တာ Anne Wheeler က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 7.၀ ရရှိထားပါတယ်။ ခရစ်စမတ် ဒရာမာကားလေးပါနော်။ မိသားစုတွေ ပြန်ပြီး ဆုံစည်းကြတာ ၊ ပျော် ရွှင်ကြတာ တွေကို တင်ဆက်ထားတာပါ။ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ မိသားစုတွေ ဆုံစည်းနိုင်အောင်ကြိုး စားကြခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ပြန်မတွေ့နိုင်တာ ၊ သဘောထားတွေ မတိုက်ဆိုင်ကြ တာ ဒါတွေကြောင့် ကွဲကွာနေကြတာရှိပါတယ်။ အားလုံး ကြိုးစားပြီး တော့ နားလည်မှုတွေ ပြန်ပြီးရယူကြဖို့ခရစ်စမတ်ကာလရှိနေရတာလို့ သုံးသပ်တင်ပြထားပါတယ်။ အားလုံးမယ်ရီခရစ်စမတ်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.72 GB) / (615 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thy Santa Encoder……….SWM

Drama • Music
7 2023
Heaven Down Here
Dying in Plain Sight
6.2

Dying in Plain Sight (2024) ==================== Body Shaming ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် နှုတ်ဆက်နည်း လိုကိုဖြစ်နေတာ၊ တွေ့လိုက်တာနဲ့ ” ဝလာတယ်နော် ” ” ပိန်သွားလိုက်တာ ” ဒါပဲ ပြောနေကြတာ။ အပြောခံရပါများတော့ အပြောခံရတဲ့သူက ပြောင်းလဲဖို့ ကြိုးစားတဲ့အခါမှ နည်းမှန်လမ်းမှန်နဲ့ Body Transforming မလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးတွေဖြစ်စေပါတော့တယ်။ ပြောရရင် ပိန်ချင်လို့ အစားအစာကို လုံးဝမစားတော့ပဲဖြတ်ပလိုက်တာ၊ ပိန် ဆေးတွေ ဝမ်းနှုတ်ဆေးတွေ သောက်တာတွေက ထိလည်းမထိရောက်သလို ရေရှည်မှာ အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်တဲ့ အကြောင်းကို ဒီဇာတ်ကား လေးမှာ မော်ဂန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ မိမိဟာ မိမိကိုယ် တိုင်ပဲဖြစ်ပြီး မိမိရဲ့ အရှိတရားကို မိမိကိုယ်တိုင်ချစ်မြတ်နိုးပြီး လက်ခံနိုင်ဖို့က အရေးကြီးဆုံးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.1 GB) / (492 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thetti Tun Encoder……….SWM

6.2 2024
Dying in Plain Sight
Elegy
6.7

IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားက ဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကို ဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့ လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့ မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲက Captain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီး အမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲ ဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့ တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley) တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေ ချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားက သားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော် သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကို တစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင် ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ File size… 2.3 GB / 906 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Ko Wunna

6.7 2008
Elegy
Nemesis the Movie: Mystery of Golden Spiral
5

Eiga Nemesis : Ougon Rasen no Nazo (2023) ======================================= (2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ အဲလိုနဲ့ အန်နာတို့တွေ အိပ်မက်ဆိုးတွေကိုအဖြေရှာရင်း သုတေသနဒေတာတွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ Plot ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thikeပါ ) File size_(1.4GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin Thike

Action • Crime • Drama
5 2023
Nemesis the Movie: Mystery of Golden Spiral
Fateh
7.3

Fateh (2025) “အွန်လိုင်းကလူလိမ်များ သတိထား” IMDb – 7.3/10 မင်းသားကြီး ဆိုနူးဆွဒ် ဒါရိုက်တာအဖြစ် ပထမဆုံး ဖန်တီးရိုက်ကူးတဲ့ရုပ်ရှင်။ သူ့ကို မြန်မာပရိသတ်တော်တော်များများသိကြတာ Ramaiya Vastavaiya (2013)ရုပ်ရှင်မှာ ညီမဖြစ်သူကိုသိပ်ချစ်ပြီး မြင်းရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ်နဲ့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူကိုယ်တိုင်ပဲ အဓိကနေရာက ပါဝင်ထားပြီး အကြမ်းစားအက်ရှင်တွေနဲ့ ရှယ်ကြမ်းပြထားတာပါ။မင်းသမီးကလည်း ညှို့အားပြင်းလှတဲ့ ဂျာကွာလင်းဖာနန်ဒက်ပဲဖြစ်ပါတယ်။ ခေတ်မီလာတာနဲ့အလျောက် ရာဇဝတ်မှုတွေကလည်း ခေတ်မီပြောင်းလဲလာခဲ့ကြတယ်။ ဒါကိုအမီမလိုက်နိုင်တဲ့ရိုးအလွန်းသူတွေအတွက်က ငွေကြေးရော အသက်ရောဆုံးရှုံးကြရတာကို ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပေါ့။ နည်းပညာကို တီးမိခေါက်မိရှိပါတယ်ဆိုတဲ့သူတွေတောင် ခံကြရတာ ဒုနဲ့ဒေးလေ။ ဒီရုပ်ရှင်မှာလည်း ဆိုက်ဘာရာဇဝတ်ကောင်တွေက ရိုးသားတဲ့လူတွေရဲ့စိတ်ကိုအသုံးချပြီး သူတို့အကျိုးအမြတ်အတွက် ဘာကိုမှမကြည့်ဘဲ မိုက်ရိုင်းရက်စက်ယုတ်မာကြတာကို မြင်တွေ့ရမှာပါ။ ပန်ဂျပ်က ရွာလေးတစ်ရွာမှာ နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဖာတေ့ဂျ်။ ကျေးလက်သဘာ၀အတိုင်းရပ်ဆွေရပ်မျိုးတွေ မိသားစုလို ချစ်ခင်စွာနေထိုင်ကြတာပေါ့။ တစ်နေ့တော့ ရွာသားတွေကို ကူညီချင်တဲ့တောသူမလေး နင်မ်ရတ်ကြောင့် တစ်ရွာလုံး အွန်လိုင်းကနေ လိမ်ညာခြင်းကိုခံလိုက်ရပါတော့တယ်။ ဒီမှာပဲ အထူးတပ်ဖွဲ့ဟောင်းတစ်ယောက်ဖြစ်ခဲ့သူ ဖာတေ့ဂျ်တစ်ယောက် ငြိမ်မနေနိုင်တော့ဘဲ အွန်လိုင်းဒုစရိုက်လုပ်ငန်းကြီးကို ဖြိုဖျက်ဖို့ရာ ကြိုးပမ်းပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Animation • Family • Comedy
7.3 2025 131 mins
Fateh
Lady Snowblood
7.6

Lady Snowblood (1973) IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့ Lady Snowbloodကို အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့ ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့ ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ဒီကလေးဟာ ကလဲ့စားအတွက်မွေးလာခဲ့တဲ့ ကလေးဖြစ်လာခဲ့ပြီး သူ့ကို လူ့လောကနဲ့မဆိုင်တဲ့ အပယ်ဘုံက ကလေးလို့ ဆိုခဲ့ကြတယ်။ ဒီလိုနဲ့အနှစ်နှစ်ဆယ်ကြာ အဲဒီကလေးအရွယ်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ကလဲ့စားခရီးကို စတင်ခဲ့တယ်။ Lady Snowbloodက အကြောင်းမဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ တာရန်တီနိုရဲ့ Kill Billထဲက အဓိကဇာတ်ကောင် The Brideက ဒီထဲက ယုခိကို မှီးထားတာဖြစ်သလို ပတ်ချန်းဝုဒ်ရဲ့ နာမည်ကျော် Vengeance Trilogyထဲက ကျွန်တော်တော့ အကြမ်းဆုံးလို့မြင်တဲ့ Sympathy for Lady Vengeance ကလည်း ဒီယုခိကိုပဲ မှီးထားတာပါပဲ။ တစ်ချို့ကလည်း Sympathy for Lady Vengeanceဟာ Lady Snowbloodလိုဖြစ်အောင်ရိုက်ချင်ခဲ့တာလို့ ဆိုတယ်။ ဘယ်လိုပဲဆိုဆို ကလဲ့စားချေတဲ့ ရုပ်ရှင်တွေအပေါ် Lady Snowbloodက တော်တော်လေးသက်ရောက်မှုရှိခဲ့တယ်။ ဆိုလို့ ဒီလို ဇာတ်မျိုးကို သူကစခဲ့တာလားဆို‌တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ဟိုးရှေးခေတ်ပြဇာတ်ကာလကတည်းက ဒီလိုဇာတ်မျိုးက ရှိခဲ့ပြီးသားပါပဲ။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျပန်မှုတစ်ရာထဲ ” တစ်ချို့ပြဇာတ်တွေကိုဆို ရာသီတွေကူးပြီးပြရတယ်။ ချူရှင်ဂုရလို့ခေါ်တဲ့ ရိုနင်၄၇ယောက်ရဲ့ဇာတ်လမ်းတွေကိုတော့ ဆောင်းအခါမှပြတယ်။ ဘာလို့ဆို နောက်ဆုံး ကလဲ့စားချတဲ့ပွဲကို ဆီးနှင်းထဲမှာ လုပ်ကြတတ်လို့ပါ။”လို့ ဆိုထားတယ်။ တွေးကြည့်ရုံနဲ့တင် တော်တော်လိုက်ဖက်နေတဲ့ အတွဲအဖက်ပဲဖြစ်မှာပါ နှင်းဖြူဖြူတွေကြားသွေးနီနီတွေလွှမ်းနေတာထက် ကလဲ့စားတို့ သတ်ဖြတ်ခြင်းတို့ကို ပိုအသက်ဝင်စေမယ့် ပြကွက်မျိုးမရှိလောက်ဘူး။ နောက် Lady Snowbloodက ရုပ်ရှင်ကို ပြဇာတ်ဆန်ဆန်တင်ဆက်ထားတယ်။ ဒီလိုဇာတ်လမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဂျပန်ရိုးရာပြဇာတ်တွေကို Tributeပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်ဟောင်းကိုမပယ်သလို တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းတင်ဆက်ပုံကို အချိန်အစဉ်လိုက်မပြဘဲ Nonlinear narrativeနဲ့ တင်ဆက်ထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကိုလည်း မြှင့်တင်ပေးထားတယ်။ Lady Snowbloodဟာ အဟောင်းနဲ့အသစ်ကို လိုက်ဖက်ညီအောင်သုံးထားပြီး သူ့နောက်က အသစ်တွေအတွက် လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Crime,Drama Duration….01:39:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Animation • Comedy • Family
7.6 1973 97 mins
Lady Snowblood
24 Hours to D-Day
5.8

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action/War အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်.. ရုပ်ရှင်ပညာဆုပေါင်းများစွာရရှိထားပြီး အော်စကာဆု စကာတင်စာရင်းမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Eric Roberts ဟာ ဒီဇာတ်ကားလေးမှာ မဟာမိတ်တပ်ပေါင်းစုရဲ့ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်…. ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီကမ်းတက်တိုက်ပွဲအတွက် ယူရီကာရေဒါအချက်ပြစနစ် နေရာချထားပေးရမယ့် လေထီးခုန်တပ်သားတွေရဲ့ သက်စွန့်စံဖျားကြိုးစားအားထုတ်မှုကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်.. နာမည်ကျော် နော်မန်ဒီကမ်းတက်တိုက်ပွဲဟာ ဂျာမန်နာဇီဝါဒချုပ်ငြိမ်းဖို့အတွက် အရေးပါခဲ့တဲ့ တိုက်ပွဲတွေထဲက တစ်ခုဖြစ်ပြီး လေထီးခုန်တပ်ဖွဲ့တစ်စုဟာ ကမ်းတက်တိုက်ပွဲမတိုင်ခင်မှာပဲ တိုက်ပွဲအတွက်အရေးပါတဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့ရပါတယ်.. ၎င်းတို့ဟာ ဂျာမန်များသိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းသို့ ဝေဟင်မှတဆင့်စိမ့်ဝင်ပြီး စစ်မျက်နှာပြင်တစ်ခုဖွင့်ဖို့ ကြိုးစားရပါတယ်.. သို့သော်လည်း ပြင်သစ်နိုင်ငံရဲ့ ထူထဲလှတဲ့မြူဟာ လေထီးခုန်တပ်ဖွဲ့များ ဆင်းသက်ရာစုရပ် ရှာရေးဖွေရေးကို ကြီးစွာဒုက္ခပေးလျက်ရှိရာ ယူရီကာရေဒါအချက်ပြစနစ်ဟာ အဖြေတစ်ခုဖြစ်လာခဲ့ပါတယ်.. ထိုစနစ်ဟာ မြေပြင်မှာ သုံးရတာဖြစ်တဲ့အတွက်ကြောင့် လေထီးခုန်တပ်ဖွဲ့များအားလုံး မထိုးဖောက်မီ တပ်ကြပ်ကြီစတီးတို့တပ်စုဟာ ယူရီကာရေဒါ အချက်ပြစနစ်တပ်ဆင်ရေးအတွက် ကြိုတင်နေရာချထားခံရပါတယ်.. မြူဆိုင်းတဲ့ပြင်သစ်ရာသီဥတုရဲ့ ရက်စက်မှုကြောင့် ၎င်းတို့တပ်စုဟာ ဆင်းသက်ရာမြေပြင်ရှာမရဘဲ တစ်ယောက်တကွဲစီ ပြန့်ကျဲကာ နောက်ဆုံး လူ ၄ ယောက်သာ အသက်ရှင်နိုင်ခဲ့ပါတယ်. ဂျာမန်များစိုးမိုးရာ နယ်မြေအတွင်း ဌာနချုပ်နဲ့ပါ အဆက်အသွယ်ပြတ်သွားသူ ၄ ယောက်တည်း လှုပ်ရှားရတဲ့ ယူရီကာရေဒါအချက်ပြစနစ်တပ်ဆင်မှုစစ်ဆင်ရေးဟာ အောင်မြင်ဖို့ရာ အခွင့်အလမ်းနည်းပါးလာတဲ့နောက်မှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် အပစ်အခတ်များ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အက်ရှင်ကားချစ်သူများအတွက် ရွေးချယ်ကြည့်ရှုချင်စရာဖြစ်ပြီး စစ်မြေပြင်ရဲ့ မြင်ကွင်းတွေ အဆုံးအရှုံးများရပုံတွေကို မြင်တွေ့နိုင်လို့ စစ်ကားကြိုက်နှစ်သက်သူ ပရိသတ်များလည်း ရွေးချယ်ကြည့်ရှုနိုင်စေရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ… File size… (1.25 GB) / ( 763 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 23m Genre …..Action , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Crime • Drama
5.8 2024
24 Hours to D-Day