YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Revolver.2005.BluRay.720p(CM).mp4

598.64 MB N/A video/mp4 657 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wolf Pack
4.4

CM Chinese fan တို့အတွက် အခုအခါ my Dramalist မှာလည်း rating 8 ရထားပြီး budget ကောင်းသုံးထားတဲ့ အက်ရှင်ကားကောင်းလေးဖြစ်တဲ့ wolf pack ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ဝေးပေ့ ခေါင်ပေ့ အန္တရာယ်များပေ့ဆိုတဲ့ နေရာတွေကိုမှ ရွေးပြီး စေတနာ့ဆရာဝန်အဖြစ်လုပ်နေတဲ့ ခယ်ထုံဆိုသူတစ်ယောက်… ရုတ်တရက်ကြီး ကလေးတွေကိုကယ်ဖို့ဆိုပြီး လိုက်သွားရကနေ Cooley ကိုရောက်သွားခဲ့ပြီး တစ်ချိန်ကအလောင်းအင်္ဂါမစုံခဲ့တဲ့ အဖေ့နောက်ကွယ်အကြောင်းနဲ့ အဖေသေရတဲ့အကြောင်းကို ဖြည်းဖြည်းချင်းသဘောပေါက်လာတဲ့အပြင် အခုသူကြုံတွေ့နေရတဲ့ မစ်ရှင်နဲ့ အဖွဲ့အစည်းကိုပါ ဖြည်းဖြည်းချင်း ပုံဖော်ပြထားတဲ့ကားကောင်းလေးမို့ အက်ရှင်ကားကောင်းကြိုက်သူတို့ လက်မနှေးဘဲ အမြန်ဒေါင်းကြည့်လိုက်တော့နော် Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , War , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
4.4 2022 105 mins
Wolf Pack
Captive Files II
6

ကဲ စတော့ဟုမ်းဇာတ်လမ်းလေး အပိုင်းနှစ်လာပါပြီ ဒီဇာတ်ကားက မှုခင်းစိတ်ပညာ လူ့သဘောသဘာဝ introvert တွေရဲ့ စိတ်နေသဘောထားစတဲ့ စိတ်ဝင်စားစရာတွေ အများကြီးပါနေလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ အပိုင်းတစ်ရောအပိုင်းနှစ်ရောစိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်စေချင်ပါတယ် အမှောင်ခန်းတွေပါတာမို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့ ကြည့်ချင်ရင် crush နဲ့အတူကြည့်ပါ ပြန်မကြိုက်ပဲကို မနေရဲပါဘူး ဒီဇာတ်ကားပြပြီး ငါ့ကိုပြန်မကြိုက်ရင် ဒီဇာတ်ကားထဲကလို လုပ်လိုက်မယ်လို့သာပြောလိုက်ပါ ရဲဖမ်းခံရရင်တော့ ကျွန်တော်နဲ့မဆိုင်ပါဘူး File size…326MB Quality…DVD RIP Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Horror
6 2003 98 mins
Captive Files II
Day Shift
6.9

~ IMDb rating - 6.5/10 ~ ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။ ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1GB, 560MB Quality - 1080p, 720p, 480p IMDb Rating - 6.5/10 Format - mp4 Duration - 1H 53Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror
6.9 2022 113 mins
Day Shift
Gargi
8.1

Drama, Thriller, Mystery IMDb - 8.4 / 10 "ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာ ခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂ လောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်... မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင် လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ...?" ဟုတ်ကဲ့.. ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ် ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့ သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ် ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာ ငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ် အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့.... သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲ ယိုးစွပ်ခံရတာလား ဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာ မေးခွန်းပေါင်းများစွာနဲ့အပြင် အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာ ကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်း အခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ် File size…4.5GB / 1.7GB  /  800MB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Lwin Htoo & Kham Mon &  Thet Ko

Animation • Comedy • Family • Mystery
8.1 2022 137 mins
Gargi

ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ drama အမျိုးအစားလို့ သတ်မှတ်ထားပြီး အဖော်အချွတ်တွေပါတဲ့အပြင် ဟာသကားတစ်ကားမဟုတ်ဘဲ ဘဝသရုပ်တွေကို ခံစားရမယ့်စပိန်ကားကောင်းလေးမို့ ဒီလိုအမျိုးအစားကြိုက်နှစ်သက်သူ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.93 GB) / (884 MB) / (515 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......San Thu Aung Encoder..........SWM

Horror
null 2008
Rated R
Drifting
7.3

အတိအကျတော့မမှတ်မိတော့ပေမဲ့ မနှစ်တုန်းက တရုတ်တစ်ချို့က Johhnie Toတို့ ဂျွန်ဝူးတို့က ကားဆက်မရိုက်တော့၊ ဝေါင်ကာဝေးတို့ စတီဖင်ချောင်တို့က ပြည်မ ရောက်သွားကြ၊ နိုင်ငံခြားရောက်သွားတဲ့သူတွေလည်းရှ်ိလိုရှိနဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အရည်အသွေးကျလာတဲ့အကြောင်း ငိုချင်းချထားတာ ဖတ်လိုက်ရပါသေးတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ တစ်ချိန်က Legendတွေဟာ လုံးပါးပါးကုန်ကြပါပြီ။ သို့ပေမဲ့ မနှစ်ကတော့ Limboတို့ DRIFTINGတို့ Hand-rolled cigarettesတို့ Timeတို့လို ဒါရိုက်တာမသစ်တသစ်တွေရဲ့ ဇာတ်ကာကောင်းတွေထွက်ခဲ့တာကြောင့် မျှော်လင့်ချက်တော့ရှိသေးတယ်ဆိုပါတယ်။ Driftingဟာ မနှစ်က‌ ဟောင်ကောင်ရဲ့ ရှားရှားပါးပါးထွက်ထားတဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတစ်ချို့ရထားပါတယ်။ မင်းသားကတော့ Johhnie Toရုပ်ရှင်တွေထဲ ပါနေကျ Francis Ngပါ။ ဇာတ်ကြောင်းကတော့ ၂၀၁၂မှာ တကယ်ဖြစ်ခဲ့တဲ့ ဟောင်ကောင် အိမ်ခြေရာမဲ့တွေနဲ့ ပတ်သက်နေတဲ့တရားခွင်ကို အခြေခံရိုက်ကူးပါတယ်။ ဟောင်ကောင်မှာလည်း ဒီကလို ကျူးကျော်တဲဆန်ဆန်တွေ၊ အိမ်ခြေရာမဲ့တွေရှိပါတယ်။ သူတို့ထဲက အများစုကတော့ ပြန်စရာ အိမ်မရှိတော့တဲ့လူတွေပါ။ သူတို့အားလုံးဟာ ဘာမှလုပ်စရာမရှိတဲ့ဘ၀မှာ အချိန်တွေကို ဆေးသုံးရင်း အကုန်မြန်အောင် လုပ်ပစ်တတ်ကြတဲ့သူတွေပါပဲ။ တစ်နေ့ကျ သူတို့အိမ်လို့သတ်မှတ်ထားတဲ့ လမ်းဘေးနေရာလေးကို စည်ပင်၀န်ထမ်းတွေက လာပြီး သန့်ရှင်းရေးလုပ်ပါတယ်။ သူတို့အသုံးအဆောင်တွေ အားလုံးကို အမှိုက်တွေဆိုပြီး သူတို့တားနေကြတဲ့ကြားက အမှိုက်ကားပေါ် တင်ပစ်လိုက်ကြတယ်။ ဒါက သူတို့အတွက်တော့ အဖိုးတန်တွေပါ။ ဒီလိုနဲ့ သူတို့ စည်ပင်ကို တရားစွဲခဲ့ကြတယ်။ ဒါက‌တော့ကျောရိုးပါပဲ။ ဒီကျောရိုးကိုမှ အိမ်ခြေရာမဲ့တစ်ယောက်ချင်းစီရဲ့ အိမ်ခြေရာမဲ့မဖြစ်ခင်ဘ၀တွေ၊ ဖြစ်ပြီးနောက်ပိုင်း ရှင်သန်ပုံတွေ၊ သူတို့နေတဲ့ ဆင်းရဲသားရပ်ကွက်ကြီး တိုးတက်လာပြီး ကွန်ဒိုတွေဆောက်နေတဲ့နောက် သူတို့ရဲ့ အိမ်ဆိုတဲ့နေရာလေးပါ ပျောက်ရပုံတွေကို ပြန်ယှက်ဖောက်ပြီး heart-touchingဖြစ်တဲ့ ဇာတ်၀င်ခန်းများစွာနဲ့ ဒရာမာချိုးပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ‌ပြောရရင် ရှေ့ကို တဟုန်ထိုး သွားနေတဲ့ မြို့ကြီးတစ်မြို့က ပြန်ငဲ့ကြည့်ဖို့လိုတဲ့ ပိုခက်တဲ့ဘ၀တွေအကြောင်း ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.1GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Adventure • Animation • Science Fiction
7.3 2021 112 mins
Drifting
Detonator
6.7

Detonator(1993) ***************** ဂျာမန်တွေရဲ့ ပလူတိုနီယံအမြောက်အများအခိုးခံလိုက်ရတယ်.. ဒီသတင်းက အာဏာပိုင်တွေက ထိန်းသိမ်းထားနိုင်တော့ လူအများကြီးတော့ သိပ်မသိခဲ့..သို့ပေမဲ့ နျူကလီးယားရဲ့ အဓိကအစိတ်အပိုင်းဖြစ်လေတော့ ထိပ်သီးအင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သိခဲ့ကြပါတယ်.. တစ်နေတော့ ခိုးယူထားတဲ့အကြမ်းဖက်အဖွဲ့တွေဟာ ပလူတိုနီယံတွေတင်ပြီး ရထားတွဲတစ်တွဲပေါ်အပြည့်တင်ပြီး ဓားစာခံတွေနဲ့ အတူ စတုဂတ်မြို့ကို ဆက်တိုက် ထွက်ခွာသွားတယ်… လမ်းကြောင်းရပ်အောင်လုပ်တာမျိုး လမ်းကြောင်းလွှဲတာမျိုး တစ်ခုခုလုပ်ခဲ့ရင် ဓားစာခံတွေ သေမယ်လို့ အကြတ်ကိုင်ထားပါတယ်.. ဒီသတင်းကို အမေရိကန်တွေလည်းသိရှိသွားပြီး ကမ္ဘာကြီးတစ်ဝက်ဝက်လောက်ပျောက်သွားမယ့်အရေးဆိုတော့ မနေသာဘဲ ဝင်ကူရပါတော့တယ်… ဂျန်းဘွန်းမင်းသားကြီးလို့ လူသိများတဲ့ Pierce Brosnan အဓိက ပါဝင်ထားပါတယ်.. File Size : (3.1GB)(962MB) and (382MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Phyo Pyae

6.7 1993 100 mins
Detonator
AWOL-72
3.9

AWOL-72 (2015) ============== ကွန်ရက်ဒ်မေလာဆိုတာ မရိန်းတပ်သားတစ်ယောက်၊ ဒါပေမဲ့ အစိုးရ ဆီကနေ လျှို့ဝှက်ပစ္စည်းတစ်ခုကို ယူပြီး ချစ်ရသူနဲ့အတူ မိသားစုဘဝ လေး တည်ထောင်ဖို့ ကြိုးစားနေတဲ့အချိန်။ အဲဒီမှာ ရုရှား ထောက်လှမ်း ရေးနဲ့ လော့အိန်ဂျလိစ် ရဲဌာနက စုံထောက်အဒမ်တို့ကလည်း ဒီ မရိန်း တပ်သားကို AWOL သွားလို့ လိုက်လံပြီး ထောက်လှမ်းနေကြတာပေါ့။ AWOL ဆိုတာ တပ်ထဲကနေ စစ်ပြေးထိလုပ်ဖို့ မရည်ရွယ်ပေမဲ့ ခွင့်မရှိပဲ တာဝန်ပျက်ကွက်ပျောက်ဆုံးတာကို ဆိုလိုတာပါ။ ဒီမှာတင် မေလာ့နောက်ကို ရုရှားထောက်လှမ်းရေးနဲ့ စုံထောက်တွေအပါ အဝင် ထူးဆန်းတဲ့လူတစ်ယောက်ကလည်း နောက်ယောင်ခံလိုက်နေတာ ပါ။ ဒီလိုနဲ့ မေလာတစ်ယောက် ချစ်ရတဲ့လူနဲ့ သာမန်ဘဝလေး ရရှိဖို့အတွက် လိုက်နေတဲ့လူတွေလက်က ထွက်ပြေးနေရပြီး ဘယ်လိုအခက်အခဲပေါင်းစုံ ကြုံရမလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်မြူး လေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့åç Thura Aung ဖြစ်ပါတယ်) File Size……….(1.4 GB) / (600 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Thriller Translator……Thura Aung Encoder……….SWM

3.9 2015
AWOL-72
Hot Tub Time Machine
6.4

လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာပါ။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူးဗျ။ File size…(2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Science Fiction, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

6.4 2010
Hot Tub Time Machine
Mind the Gap
7

Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ လမ်းမှာကူညီပေးရမလား မေးတဲ့သူကတောင် မေးမိတာမှားပါပြီဆိုပြီး လက်လန်သွားရတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီအဖိုးကြီးမှာ သိပ်ကိုအဓိပ္ပာယ်ရှိလှတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တစ်ခုရှိနေတယ်။ ဒုတိယအနေနဲ့ကတော့ အရမ်းချစ်ကြတဲ့ အဖေတစ်ခု သားတစ်ခု သားအဖပါ။ ဒီသားအဖကတော့ နယူးယောက်မြို့အနီးက ကျေးလက်လေးတစ်ခုမှာနေထိုင်ကြတယ်။ အဖေဖြစ်သူဟာ မူလတန်းအရွယ်သားလေးကို အဖေနေရာရော အမေနေရာကပါ ချစ်ပေးရှာတယ်။ ဒါပေမဲ့ သားငယ်ဟာ တစ်သက်လုံးလစ်ဟာလာတဲ့ အမေဖြစ်သူကို တောင့်တလာတဲ့အခါမှာတော့ အဖေဖြစ်သူဟာ သူတို့မိသားစုလေးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ စဉ်းစားရတော့တယ်။ တတိယတစ်‌ယောက်ကတော့ မန်ဟက်တန်ရဲ့လမ်းမတွေပေါ်မှာ သီချင်းဆိုဖျော်‌ဖြေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နှလုံးရောဂါသည် အမျိုးသမီးလေးတစ်ဦး။ သူမဟာ အဆိုသိပ်တော်တယ်၊ သူမ စွန့်စားရင်စွန့်စားကြည့်သလို သူမအတွက် အခွင့်အလမ်းသစ်တွေက စောင့်မျှော်နေမှာ။ ဒါပေမဲ့ သူမဟာ တချို့သောအကြောင်းပြချက်တွေကြောင့် အတွေ့အကြုံ၊အပြောင်းအလဲအသစ်တွေကို လက်ခံဖို့ နှစ်ပေါင်းများစွာ ငြင်းဆန်လာခဲ့သူလေး။ တစ်ရက်မှာတော့ သူမဘ၀အတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာမယ့် အခွင့်အရေးကို ဖမ်းဆုပ်ဖို့ရာ သတ္တိမွေးကြည့်လိုက်တဲ့အခါမှာတော့… လေးယောက်မြောက်နေရာမှာ အလှည့်ကျလာတဲ့သူကတော့ အတိတ်က တစ်ခုသောအကြောင်းကိစ္စကြောင့် ချစ်ရတဲ့ သားဖြစ်သူနဲ့ တစ်အိမ်စီခွဲနေနေရတဲ့ သက်လတ်အရွယ် လူမည်းအမျိုးသားတစ်ဦး။ သားဖြစ်သူနဲ့ တစ်နှစ်မှာ တစ်ခေါက် နှစ်ခေါက်သာ တွေ့ရတဲ့အဖေဖြစ်သူအဖို့တော့ သူ့ဘ၀ဟာ သေမထူးနေမထူးဖြစ်လာရတာ သားငယ်နဲ့ခွဲခွါခဲ့ရကတည်းကပါပဲ။ ဒီလွမ်းဆွတ်တမ်းတမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ဒီအဖေဖြစ်သူဟာ မလွန်ဆန်နိုင်တော့တဲ့နောက်မှာတော့ မသိစိတ်က လက်ခံဖို့ငြင်းဆိုထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ရာကြိုးစားရတော့တယ်။ နောက်ဆုံးဇာတ်လမ်းက‌တော့ ဘ၀မှာ ပျော်စရာဆိုလို့ စာတိုက်ကနေ စာပို့၊ တိပ်ခွေလေးတွေနားထောင်တာကလွဲလို့ များများစားစားမရှိရှာတဲ့ နာမကျန်းနေတဲ့အမေကြီးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးလိမ္မာတစ်ဦးအကြောင်းပါ။ ဒီသမီးငယ်ဟာ မိခင်ကို မငြိုမငြင်နဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးပေမဲ့ မိခင်ဆီကပြန်ရတဲ့အရာက ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အမုန်းတရားတွေ ဥပေက္ခာတွေသာ ဖြစ်နေတဲ့အခါမှာတော့ မေတ္တာငတ်လာခဲ့ရတဲ့ သူမခမျာ သူမနဲ့ထိုက်တန်တဲ့ ချစ်ခြင်းတွေ ပျော်‌ရွှင်မှုတွေကို ဒီတစ်သက် သူမ ရှာဖွေနိုင်ပါဦးမလား။ ဇာတ်လမ်းလေးငါးခုက ဇာတ်လမ်းတစ်ခုပြီးမှ နောက်တစ်ခုကိုပြတာမဟုတ်ဘဲ timeline တစ်ခုတည်းမှာပဲ တစ်ခုပြလိုက် နောက်တစ်ခုကိုပြလိုက်နဲ့ပြတာ ဆက်ပြသွားတာဖြစ်လို့ ဇာတ်လမ်းစစချင်းမှာ ဇာတ်ရည်မလည်သေးပေမဲ့ မိနစ် ၂၀ လောက်ကစလို့ စိတ်၀င်စားစရာကောင်းလာပြီး ဒီလူငါးယောက်ရဲ့ ဘ၀ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေ၊ အဆုံးသတ်တွေ၊ သူတို့ရဲ့နောက်ကြောင်းတွေကို သိချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး အဆုံးအထိ မထစတမ်းကြည့်ရှုဖြစ်သွားအောင် ဆွဲခေါ်ပေးသွားမှာပါ။ လက်တွေ့ဘ၀က အဖြစ်တွေအတိုင်း ထပ်တူကျအောင်ရိုက်ကူးထားပြီး သရုပ်ဆောင်ချက်တွေ ဒိုင်ယာလော့တွေကလည်း သိပ်ကိုအရည်အသွေး‌ကောင်းပြီး ၂၀၀‌၄ ခုနှစ်ရဲ့ လွမ်းဆွတ်ဖွယ်ရာ မြင်ကွင်းတွေကို သေချာပေါက် ခံစားကြည့်ရှုလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(2.8 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7 2004
Mind the Gap
The Verge of Death
6.7

The Verge of Death / Di Ambang Kematian [2023] (IMDb 6.7/10) ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်… သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်… အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်… အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကို အမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်.. ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်… ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာ အရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ… နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ… ဒါပေမယ့် အရာမထင်ခဲ့ပါဘူး… ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Horror, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 542MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

6.7 2023
The Verge of Death
Layangan Putus: The Movie
6.1

layangan putus (2023) (IMDb 6.1/10) ဒီတစ်ခါ အာရှကားနှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက် အင်ဒိုဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ အာရှကားတွေ ထုံးစံအရ ဇာတ်လမ်းလေးကတော့ သိပ်မထူးခြားဘူးဆိုပေမယ့် အာရှကားတွေဆိုတဲ့အတိုင်း ဒိုင်ယာလော့တွေ ဇာတ်လမ်းအချိုးအကွေ့တွေက ရသမြောက်တယ်ဆိုတာ ပြောပြချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဇနီးကီနန်နဲ့ သမီးလေးရာယာဆိုပြီး သာယာတဲ့ဘဝလေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ ရုပ်ရှိရေလျှံကျားတို့ထုံးစံအရ စမောဆွဲပြီးတော့ အဲ့ဒါကို မယားကြီးကသိသွားတဲ့အခါ သူ့ကိုကွာရှင်းသွားပါတယ် အဲ့ဒါနဲ့ အဲရစ်လည်း အငယ်လေးလီဒီယာနဲ့ လက်ထပ်ပြီးတော့ အိမ်ထောင်သစ်ထူထောင်ခဲ့ပေမယ့် သူ့စိတ်က ငယ်ကချစ်မမေ့သာတဲ့ ကီနန်ဆီမှာပဲ တဝဲဝဲလည်နေတဲ့အခါမှာ အိမ်ထောင်ရေးဇာတ်လမ်းလေးဆိုပေမယ့်လည်း ဘဝသင်ခန်းစာယူတတ်ရင် ယူလို့ရတာမို့ ပရိသတ်ကြီးတို့ဆက်ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်… Genre….. Dramal, Romance Quality…. 1080p | 720p File size… 1.1GB | 565MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Romance • TV Movie
6.1 2023
Layangan Putus: The Movie
78 Days 78 dana
7.4

78 Days (2024) IMDb Rating (7.4) ၁၉၉၉ ကိုဆိုဗိုစစ်ပွဲတွေဖြစ်နေတဲ့ ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ ဆာဘီးယားရုပ်ရှင်ပါ။ ဒီဒေသကစစ်ပွဲတွေ အငြင်းပွားမှုတွေဟာ နှစ်တွေတော်တော်ကြာခဲ့သလို ပြီးလည်းမပြီးသေးပါဘူး။ သူ့ဇာတ်အိမ်တည်ထားတဲ့ကာလကတော့ နာမည်အကျော်ခဲ့ဆုံး အရှိန်အကောင်းဆုံးကာလပေါ့။ ရုပ်ရှင်ကတော့ ဒီစစ်ကို နောက်မှာသဲ့သဲ့လေးထားပြီး coming of age ဆန်ဆန် ညီအစ်မသုံးယောက်ရဲ့ ဒီကာလတွင်း အခြေအနေကို ရိုက်ပြထားတာပါ။ ဒိုကူမန်ထရီလို့တောင် ထင်ရအောင်ကို ရိုက်ပြထားတယ်။ စစ်ကြီးက တစ်ဖက်မှာဖြစ်နေတဲ့အချိန် စစ်ကြီးထဲကလူတွေ ဘယ်လိုရှင်သန်ကြလဲဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လို့ပဲ ပြောချင်ပါတယ်၊။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.6 GB) / (2.4 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Family • Comedy • Adventure
7.4 2024 82 mins
78 Days 78 dana
The Way Out
6.2

သိပ်တော်လွန်းတဲ့ ပါရမီရှင်နဲ့ စိတ်ရောဂါဝေဒနာရှင်ဆိုတာကလေ စည်းလေးတစ်ခုပဲ ခြားနေတယ်ဆိုတာကိုသိကြလား… ဒီကားလေးမှာတော့ စီနီယာ ပရိုဂရမ်မာ ဟယ်လီဝေတစ်ယောက်ဟာ သူ့ရုံးမှာ သူပဲမြင်ရတဲ့ ကုလားအုတ်ဆိုတဲ့သူနဲ့အတူ ပရောဂျက်တစ်ခုကို ဒီဇိုင်းစပြီး အဆုံးသတ်ထိ တာဝန်ယူဖန်တီးခဲ့ပေမယ့်… သူဌေးရဲ့ တစ်ဖက်သတ်အမြင်ကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်… ဒါပေမယ့်လည်း သူဌေးအတည်ပြုတဲ့ ပရောဂျက်မှာသုံးထားတာက သူဒီဇိုင်းဖြစ်နေပြန်တာကြောင့် သူ့ဉာဏမူပိုင်ခွင့်တောင်းရာကနေ နောက်ဆုံးမှာတော့ သူ့ကိုစိတ်ဝေဒနာသည်လို့ ခေါင်းစဉ်တပ်ပြီးတော့ စိတ်ရောဂါစင်တာကို ပို့ခဲ့တာပါပဲ… တည်ဆဲဥပဒေအရလည်း စိတ်ဝေဒနာသည်မှာ တောင်းဆိုနိုင်တဲ့ လူ့အခွင့်အရေးမရှိသလို လူ့အခွင့်အရေး တောင်းဆိုခွင့်ပြုထားတဲ့ ဥပဒေလည်း မရှိနေပြန်ဘူး… ဒါကြောင့်လည်း သူဟာ မရူးကြောင်းကို သက်သေပြဖို့ကြိုးစားခဲ့တာပေါ့… တစ်ဖက်မှာလည်း ငယ်ငယ်တည်းက မမျှတဆက်ဆံခံရတဲ့ သူ့အစ်ကိုက သူ့ကိုတစ်သက်လုံး စိတ်ရောဂါစင်တာမှာ ရှိနေစေချင်ပြန်တာကတစ်ကြောင်း တစ်ဖက်မှာလည်း ဉာဏမူပိုင်ခွင့်ကို အပိုင်သိမ်းချင်တဲ့ သူဌေးရန်ကတစ်ကြောင်းနဲ့ ဟယ်လီဝေတစ်ယောက် အကြပ်ရိုက်ခဲ့ပါတော့တယ်… ဒီလိုနဲ့ ဆေးရုံစင်တာက ထွက်ပြေးခဲ့ရင်းကနေ သူမိတ်ဆွေ ကုလားအုတ်က တကယ် အပြင်မှာမရှိဘူးဆိုတာကို သိလိုက်ရချိန်မှာတော့…

Drama
6.2 2025
The Way Out