YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Revoir.Paris.2022.FRENCH.720p.WEBRip.(CM).mp4

612.18 MB N/A video/mp4 81 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Plot to Kill My Mother
5.4

(ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ၊ အစပ်အဟပ်မိတယ်။ အသွေးအသားထဲမှာ စုံထောက်ညဉ်တွေ စီးဆင်းနေရင် ဒီကားကို ကြည့်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာဆိုတော့ သူများရဲ့ဘဝအကြောင်းကို 'ဘယ်က ဘယ်လို စဖြစ်ကြတာလဲ' လို့ ပေါက်ပေါက်ဆုပ်စားပြီး စပ်စုချင်ရင်လည်း ဒီကားကိုကြည့်။ ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ၅၂၈ မေတ္တာအကြောင်းကို အနည်းငယ်တော့ ပြန်ဆင်ခြင်မိမှာပါ။ ပြီးတော့ လူသတ်သမား ဘယ်သူလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရင်းနဲ့ Romy Weltman တို့ Samantha Brown တို့လို အလှတရားလေးတွေကိုလည်း ရှုစားရဦးမယ်ဗျာ။ သိပ်မကြာသေးခင်ကမှ ထွက်တဲ့ကားဆိုတော့ ဘယ်သူမှ ဝေဖန်လေကန်ရေးမလုပ်ခင် မြန်မြန်လေးတော့ကြည့်ထားကြပါ။ လူသတ်သမား ဘယ်သူလဲဆိုတာကိုလည်း ကြိုတင်ခန့်မှန်းပြီး အဖြေတိုက်ကြည့်ကြပေါ့။ File size… (775MB) / (974MB) Quality….  720p / 480p Format…mp4 Duration….01:14:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Action • Thriller
5.4 2023 88 mins
The Plot to Kill My Mother
Get Hard
6

ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကား လုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း (Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက် တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက် သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်း တောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြား တွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင် မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက် တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန် နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံး ဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊ နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လို အရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TmmT

Documentary • Comedy
6 2015 100 mins
Get Hard
Killer Design
7.5

“ခြေနှစ်ချောင်း မကယ်ကောင်း” ဆိုတဲ့ဆိုရိုးစကားတစ်ခု ကြားဖူးကြ မှာပေါ့။ ကယ်လိုက်တဲ့ ခြေနှစ်ချောင်းက ကိုယ့်ကိုပြန်ဒုက္ခပေးမိတာလည်း ဒုနဲ့ဒေးပေါ့။ အဲ့ဒီလိုပုံစံကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် လှလှပပလေး ဒီကားလေးမှာရိုက်ကူးထားပါတယ်။ ဂျိုဒီ့ကိုဓါးပြတိုက်တာကို ဝင်ဒီကဝယ်ကယ်ရင်းနဲ့ သူတို့နှစ်ယောက်စတင် သိကျွမ်းခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကို တစ်ခါကယ်ပြီးရင် တစ်သက် လုံးတာဝန်ယူရတယ်”တဲ့... အဲ့ဒီစကားပုံကိုလက်ကိုင်ထားပြီး ဝင်ဒီတစ်ယောက် ဂျိုဒီကိုအဖက်ဖက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျိုဒီကလည်း ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ အလုပ်လည်းပေးခဲ့တဲ့အပြင် နေစရာလည်းရှာပေးခဲ့ပါတယ်။ ဝင်ဒီကာကွယ်ပေးချင်တဲ့ ဂျိုဒီရဲ့သတို့သားလောင်းက ဖောက်ပြန်နေတာရယ်၊ ဂျိုဒီ့ရဲ့သူငယ်ချင်းက ပေါ့ပေါ့ပါးပါးနေတတ်သူမို့ ဂျိုဒီ့အတွက်ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ သိသွားတဲ့အခါ... ဝင်ဒီက ဂျိုဒီ့ကိုဘယ်လိုကာကွယ်ပေးမလဲ ? ဂျိုဒီက ဝင်ဒီ့ကိုကယ်ခဲ့တာလား ? ဝင်ဒီက ဂျိုဒီ့ကိုကယ်ခဲ့တာလားဆိုတာတွေကို လှည့်ကွက်တွေနဲ့ကြည့်ရမှာမို့  တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.44 GB) / (464 MB) / (291 MB) Quality............WEB-DL 1080p /  720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM

Drama
7.5 2022
Killer Design
The Last Thing Mary Saw
6.4

ဇာတ်လမ်းကို 1840 တုန်းက မေရီဆိုတဲ့ကောင်မလေးတစ်ယောက် အဖမ်းခံရပြီး သူ့ရဲ့နောက်ကြောင်းကိုပြန်ပြောင်းပြောပြတာကနေစတာပါ။ မေရီဟာ မိန်းကလေးချင်းပဲသဘောကျတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီးတော့ သူ့အိမ်မှာရှိတဲ့အိမ်ဖော်မလေးနဲ့ချစ်ကြိုက်နေတယ်။ ဒါပေမယ့် သူ့ရဲ့မိဘတွေက ဘာသာရေးအရမ်းကိုင်းရှိုင်းတာကြောင့် အဲ့တာကိုလက်မခံကြပဲ မေရီတို့နှစ်ယောက်ကို ခွဲဖို့ကြိုးစားကြတယ်။ သူတို့နှစ်ယောက် အဲ့လိုအတားအဆီးတွေကိုဘယ်လိုကျော်လွှားမလဲ ဆိုတာကို မထင်မှတ်ထားတဲ့ သရဲခြောက်တဲ့အခန်းတွေပါတာမို့ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်... (အညွှန်းနဲ့ဘာသာပြန်ကတော့ Kasashi ဖြစ်ပါတယ်) File size…646MB / 251MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 29m Genre ..... Horror , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • War
6.4 2021 88 mins
The Last Thing Mary Saw
Rising Boas in a Girl's School
4.4

ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် Horror, Thrillerကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ မြို့အစွန်အဖျား တောင်ကုန်တွေကြားမှာ လျှို့ဝှက်မြွေမွေးမြူတဲ့စခန်းတစ်ခုရှိပြီး တရားမဝင်ဟော်မုန်းဆေးတွေ တိုက်ကျွေးမွေးမြူထားတာကြောင့် မြွေတွေဟာတစ်ဖြည်းဖြည်းဗီဇပြောင်းလာပါတယ်။ တစ်နေ့မှာတော့ မြွေတွေကလှောင်အိမ်ထဲကနေလွတ်မြောက်သွားပါတယ်။ အနီးနားမှာရှိတဲ့ လေကြောင်းတက္ကသိုလ်က လေယာဉ်မယ်ကောလိပ်ကျောင်းသူလေးတွေဟာ ကျောင်းဆင်းပွဲအခမ်းအနားအတွက်ပြင်ဆင်နေကြပါတယ်။ အဲဒီအချိန်မှာအလွန်ကြီးမားတဲ့မြွေကြီးတစ်ကောင်နဲ့ မြွေတွေရောက်လာပြီး လေယာဉ်မယ်လောင်းလေးတွေကိုအမဲဖျက်ပါတော့တယ်။ လေယာဉ်မယ်လောင်းအချောအလှလေးတွေရဲ့သည်းထိပ်ရင်ဖို ပြေးလွားစွန့်စားတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူတို့လေးတွေမြွေကြီးရန်ကနေလွတ်မြောက်နိုင်ပါ့မလား။ မိစ္ဆာမြွေကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့အဆုံးထိဆက်ကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Horror Runtime : 1h 28 min Subtitle : Myanmar Subtitle ( hardsub ) Translated by Nu Mon , Hnin Wut Hmon , Minnie , Shwe Zin Oo Encoded by LK

Horror • Thriller
4.4 2022 88 mins
Rising Boas in a Girl's School
Summoning Sylvia
6.3

Summoning Sylvia (2023) လယ်ရီတစ်ယောက် စပရိုက်စ်တိုက်ခံလိုက်ရပါတယ်။ သူကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူဂျေမီနဲ့မကြာခင်လက်ထပ်တော့မှာပါ။ ဒါနဲ့သူ့သူငယ်ချင်းဂေးတစ်ဖွဲ့က သူ့ကိုစပရိုက်စ်လူပျိုပါတီအတွက်ခေါ်သွားပါတယ်။ သူတို့က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးမှာ နှစ်ညအိပ်သုံးရက်ဌားနေကြပါတယ်။ သရဲကတော့ ဆယ်ဗီရာဆိုတဲ့မိန်းမတစ်ယောက်က သူ့သားလေးကိုရက်ရက်စက်စက်သတ်ခဲ့တာပါတဲ့။ သူကိုယ်တိုင်လဲ အဲ့ဒီအိမ်ထဲမှာပဲသူများသတ်တာ ခံလိုက်ရပါတယ်။ အဲ့အိမ်မှာ သူတို့သားအမိပုံကိုတွေ့တော့ လယ်ရီတို့တစ်ဖွဲ့လုံးကလဲ ကောင်လေးကအဆင်လေးဟဲ့ဆိုပြီး သူတို့သရဲသားအမိကိုခေါ်ပြီး သူတို့တကယ်ဘာဖြစ်ခဲ့တာလဲမေးမယ်ပေါ့ဆိုပြီး ဝိဥာဥ်ခေါ်ပါတော့တယ်။ အဲ့မှာသရဲထက်ပိုဆိုးတဲ့အရာက ရောက်ချလာပါလေရော။ လယ်ရီ့ရဲ့ယောက်ဖလောင်းလေး ဟယ်ရစ်ဆန်ပါ။ ဟယ်ရစ်ဆန်က စစ်ပြန်တစ်ယောက်ဖြစ်ပြီး ဂေးလဲမဟုတ်ပဲဖြောင့်လွန်းသူဖြစ်နေပါတယ်။ အဲ့တော့ဂေးသူငယ်ချင်းလေးယောက်ရဲ့လူပျိုပါတီကို ရောက်လာတဲ့အဖြောင့်ရယ် သရဲသားအမိရယ် ဂေးတွေရယ်ကြားကအလွဲလွဲအချော်ချော်လေးတွေကို ပါးစပ်မပိတ်တမ်းရယ်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ ဟာသဇာတ်မြူးအပြင်ကို ဂေးတွေရဲ့ကြားကခင်မင်မှုတွေ လူတွေရဲ့အထင်အမြင်လွဲမှုတွေ ပုံသေကားချပ်အယူအဆတွေကိုပါ ဟဲဗီးကြီးဒရာမာမခင်းဘဲ ဇာတ်လမ်းသွားထဲမှာ ဒိုင်ယာလော့ခ်ထဲမှာပဲ ပေါ့ပေါ့ပါးပါးထိထိမိမိနဲ့ဖော်ပြထားသေးတာမို့ လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းပါပဲ။ လူအားလုံးမှာလဲ ဂေးမိတ်ဆွေသူငယ်ချင်းအနည်းဆုံးတစ်ယောက်တော့ ရှိကြတာပဲမဟုတ်လား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror , Thriller Quality…. 1080p | 720p File size… 1.1GB } 550MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

Thriller • Drama
6.3 2023
Summoning Sylvia
Rakshak – India’s Braves
8.8

Rakshak-India’s Braves 2023 အိန္ဒိယရဲ့သူရဲကောင်းများတဲ့ ယူနီဖောင်းနဲ့ခန့်နေတဲ့ Jalebi မင်းသား Varun Mitra နဲ့ အပြုံးချိုချိုမင်းသမီးလေး Kanika Mann တို့အဓိကပါဝင်ထားပါတယ် ဇာတ်လမ်းအစမှာ သမီးဖြစ်သူကိုဘူတာလိုက်ပို့ရင်း ဖုန်းအားပြည့်ရဲ့လား မုန့်နဲ့ရေကပါရဲ့လားနဲ့ သဲသဲလှုပ်ဂရုစိုက်အချစ်ပိုနေကြတဲ့ မိသားစုလေးကိုကြည်နူးဖွယ်မြင်တွေ့ရမှာပါ အဲဒီချိန်မှာပဲ မထင်မှတ်တဲ့ပေါက်ကွဲမှုတစ်ခု ….. ဆိုနူးကတော့ခါးပတ်ညိုရထားတဲ့ ဗိုလ်ကြီးတစ်ဦးပါ ခွင့်ရက်ပြန်လာချိန် အပြုံးချိုချိုမာလာလေးနဲ့ စေ့စပ်ပေးဖို့ အိမ်ကစီစဉ်ထားတာနဲ့တန်းတိုးတာပေါ့ အပြုံးချိုလေးဘယ်လောက်စွမ်းလဲဆို တစ်သက်လုံးမကြိုက်တဲ့ ခရမ်းသီးချက်တောင်စားမယ် ဖြစ်သွားသည်ထိပါပဲ ခွင့်ရက်မစေ့ခင်မှာပဲ တာဝန်ကျလို့ပြန်သွားရချိန်မှာတော့…. သာမန်အရပ်သားဘဝမှာ မေတ္တာအပြည့်ကြည်နူးနေတဲ့သူတစ်ယောက် တာဝန်ဝတ္တရားနဲ့ နိုင်ငံ့အကျိုးသယ်ပိုးရချိန်မှာလည်း နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်နေရသူ မေတ္တာဖွဲ့ ၊ စိတ်ခွန်အား ၊ အက်ရှင်တို့ကို တစ်စုတစ်စည်းတည်းမြင်တွေ့ရမဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ V ~ Yunni တို့ပဲဖြစ်ပါတယ်)

8.8 2023
Rakshak – India’s Braves
Cast Away
7.8

2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Away ဇာတ်ကားမှာဆိုရင် မင်းသားကြီး Tom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ. အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ် ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့် မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်… Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊ Saving Private Ryan၊ Catch Me If You Can၊ The Green Mile၊ Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင် ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့် ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင် ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်.. တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူ အဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်… အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ် သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်… Cast Away ကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ စွဲနေအောင်ကျန်ရစ်ခဲ့တဲ့ကားတွေကို ပြောရမယ်ဆိုရင် Tom Hanks သရုပ်ဆောင်ထားတဲ့ Cast Away ကို ပထမဆုံး ပြောချင်ပါတယ်။ တစ်ကားလုံးမှာ ကျွန်းတစ်ကျွန်းပေါ်က ဇာတ်ကောင်တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်။ တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်ဆိုပေမဲ့ လုံးဝရိုးအီသွားခြင်းမရှိဘူး။ အဲ့ကားထဲမှာ မင်းသားက ပစ္စည်းတွေပို့တဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။ သင်္ဘောနဲ့ ပစ္စည်းသွားပို့တဲ့အခါ သင်္ဘောပျက်ပြီး လူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။ သူလွတ်မြောက်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။ ၈ လလောက်ထိကြာ လာတယ်ပေါ့။ အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆို ခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိ လုပ်ချပစ်လိုက်တယ်။ နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကို လက်နဲ့ မျက်နှာပုံစံလေးဆွဲပြီး စကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ ဘဝကိုပြလာတာ။ ဘာမှမရှိတဲ့ဟာကို အရှိလုပ်ပြီး ပြောနေတာ အိုက်တင်အရမ်းကိုကောင်းတယ်။ ကြာလာတဲ့အခါ ငါးတွေဘာတွေကစ မီးမကင်တော့ဘဲ အစိမ်းလိုက်စားလာတာ။ ဖြစ်သလိုနေတတ်လာတာ။ အာဟာရဖြစ်ဖို့အတွက်ပဲ လုပ်တော့တာပေါ့။ နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်ခဲ့တာပေါ့။ နောက်ဆုံး သူပြန်ရောက်လာ တာကို ကြိုဆိုတဲ့အနေနဲ့ ပွဲလုပ်တာ။ အဲဒီမှာ ဈေးကြီးတဲ့ ပင်လယ်စာ အစားအစာတွေ ပုစွန်တွေကျွေးတာပေါ့။ ဟိုမှာသူကအစိမ်းလိုက်စားလာတာတွေဆိုတော့ သူ့အတွက် ရယ်စရာမျိုးလေး ဇာတ်သိမ်းထားတာ။ မှတ်မှတ်ရရဇာတ်ဝင်ခန်း တွေဆိုရင် ဘောလုံးလေးနဲ့ စကားပြောတဲ့အခန်း တွေ အရမ်းကြိုက်တယ်။ ကြည့်နေရင်းနဲ့ ကိုယ်ပါ လိုက်ပြီးအထီးကျန်မှုကို ခံစားလာရတယ်။ တစ်ကားလုံးအရမ်းကို perfect ပါ။ တစ်ယောက်တည်း နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းက အရမ်းကိုဆန်းကြယ်တယ်။ ပြီးတော့ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ ဇွဲရှိဖို့တွေ၊ ဘဝမှာ မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ စိတ်ဓာတ်ကျမနေဖို့တွေ၊ စဉ်းစားတွေးခေါ် စရာတွေ ထည့်ပေးထားတဲ့ ကားပါပဲ။ (ရုပ်ရှင်အညွှန်းများကို 7daydaily မှ စာပိုဒ် တချို့နှင့် သရုပ်ဆောင်မင်းသွေး ပြောကြားထားသော အင်တာဗျူးမှ ကောက်နုတ်တင်ပြထားသည် ) File size… 7.15 GB / 3.32 GB / 1.7 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 2h 23m Genre ….. Adventure, Drama , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hades

7.8 2000
Cast Away
Nikki & Nora: Sister Sleuths
6.6

Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။ တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။ အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ထူးဆန်းတဲ့ သေတမ်းစာကရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရာနှုန်းပြည့်စုံထောက်ကားတစ်ခုလို ဇာတ်မလေးဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုလိုတဲ့ပရိသတ်တွေအတွက် အဆင်ပြေမယ့်ဇာတ်ကားဖြစ်ပါတယ်။ crime drama ဖြစ်တဲ့အတိုင်း ဇာတ်ရဲ့မြှပ်ကွက်တွေ၊ ကျောရိုးတွေကို အရသာမပျက်ယွင်းစေဘဲ ညီအစ်မသံယောဇဥ်တရားအကြောင်းကိုလည်း ဇာတ်ကားနာမည်နဲ့လိုက်အောင် အထိုက်အလျောက်ထည့်သွင်းဖော်ညွှန်းထားပါတယ်။ IMDb rating 6.6 ရရှိထားပြီး Rotten tomatoes ကတော့ 71% ဖြစ်ပါတယ်။ File size…(1.65 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Thriller • Horror
6.6 2022 84 mins
Nikki & Nora: Sister Sleuths
Stalked by My Doctor

ရုပ်ရှင်နာမည်အတိုင်းပဲ ဒေါက်တာတစ်ယောက်က သူ့လူနာတစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်တဲ့ ဇာတ်ကားလေးပါ။ သည်းထိတ်ရင်ဖိုနဲ့ အချစ် ရသနှစ်မျိုးခံစားရမယ့် ဇာတ်ကား‌လေးပါ။ ဘာလို့ နောက်ယောင်ခံလိုက်ရတာလဲသိချင်ရင်တော့ ခုပဲ ဒေါင်းလုပ်ဆွဲပြီး ကြည့်လိုက်ပါတော့ မိတ်ဆွေ။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ သည်းထိတ်ရင်ဖိုနဲ့ အချစ်ကားတွေ ‌ရိုက်တဲ့ Doug Cambell ပါ။ ဗီလိန်ဇာတ်ရုပ်တွေပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင် Eric Roberts နဲ့ မင်းသမီးချော Brianna Joy Chomer တို့က အဓိကသရုပ်ဆောင်ထားပါတယ်။ Doug Cambell အနေနဲ့ ဒီဇာတ်ကားအပြင် Stalked by My Neighbour (2015), Stalked by My Doctor: The Return (2016), Stalked by My Mother (2016), Stalked by My Doctor: Patient’s Revenge (2018) ဆိုပြီး နောက်ယောင်ခံ သည်းထိတ်ရင်ဖိုဇာတ်ကား နောက်ထပ် ၄ ကား ထပ်ရိုက်ထားတာရှိပါသေးတယ်။ File size…(1.7 GB)/(962 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca

0 2015
Stalked by My Doctor
Star Wars: Episode VIII – The Last Jedi
7.5

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode VIII – The Last Jedi (2017) Star Wars: Episode VII – The Force Awakens (2015) ကနေ ဆက်ထားတာပါ။ နောက်ဆုံးသော ဂျဒိုင်းဖြစ်တဲ့ လုခ်စကိုင်းဝေါ်ကာကို သွားပြီးတွေ့ဆုံတဲ့ Rey, ဖါ့စ်အော်ဒါ ကို ဆက်တော်လှန်နေတဲ့ လေယာ၊ ပိုး၊ ဖင်းန် တို့ရဲ့ စွန့်စားခန်းတွေ လာပါတော့မယ်။ စနုတ်နဲ့ ကိုင်လိုရမ်တို့ကရော ဘယ်လိုတန်ပြန်လာမလဲပေါ့။ ဒီကားမှာ A New Hope, Empire strikes back နဲ့ Return of the jedi ထဲက အခိုက်အတန့်တွေကို ပြန်သတိရမိစေမယ့် အခန်းတွေပါလာပါလိမ့်မယ်။

7.5 2017
Star Wars: Episode VIII – The Last Jedi
Mother’s Day
6.2

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၀ ကထွက်ရှိထားတဲ့ Mother ‘s Day ဆိုတဲ့ ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေး ချင်ပါတယ်. ဒီဇာတ်ကားကို ဒါရိုက်တာ Darren Lynn Bousman ကရိုက်ကူးပုံဖော်ထားပြီး rating 6.2/10 အထိ ရရှိထားပါတယ်.. ဒီဇာတ်ကားမှာ မင်းသား Shawn Ashmore , Partrick John Flueger , Warren Kole စတဲ့နာမည်ကြီး မင်းသားတွေနဲ့ မင်းသမီး Rebecca De Mornay , Jaime King စတဲ့နာမည်ကြီးအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအစက ဆေးရုံတစ်ခုမှာ မိန်းမကြီးတစ်ယောက် ကလေးလိုက်ခိုးနေပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ နောက်ထပ် နှစ်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ လူသုံးယောက် ဘဏ်ကိုဓားပြတိုက်မှုနဲ့ ထွက်ပြေးနေရပါတယ် သူတို့ ကတော့ အိုက်, အက်ဒ်လေ နဲ့ ဂျွန်နီတို့ ညီအစ်ကိုသုံးယောက်ပဲ ဖြစ်ပါတယ် သူတို့ရဲ့ညီအငယ်ဆုံးလေးဖြစ်တဲ့ ဂျွန်နီကလည်း ဘဏ်ဓားပြ တိုက်မှုအတွင်းမှာ သေနတ်နဲ့အပစ်ခံထားရပါတယ် ဒီကြားထဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က သစ္စာဖောက်သွားတာကို ခံလိုက်ရပြီး တိုက်ရာပါပစ္စည်းတွေ ပိုက်ဆံတွေအားလုံးကလည်း ပါသွားပြန်ပါတယ် ဖွတ်မရဓားမ ဆုံးဖြစ်နေတဲ့ ညီအစ်ကို သုံးယောက်လည်း နောက်ဆုံးသူတို့ငယ်ငယ်ကနေခဲ့တဲ့ အိမ်ကို သာပြန်လာခဲ့ကြပါတော့တယ် ဖြစ်ချင်တော့ သူတို့တွေ အိမ်ကထွက်သွားတဲ့အချိန်အတောအတွင်းမှာ သူတို့ရဲ့အမေက ဒီအိမ်ကို အကြွေးနဲ့ အသိမ်းခံလိုက်ရတာကို မသိကြပါဘူး တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့တွေ ရောက်လာတဲ့ညမှာ အိမ်ပိုင်ရှင် အသစ်တွေဖြစ်တဲ့ ဒန်နီရယ်ရဲ့ မွေးနေ့ပွဲကျင်းပနေချိန်နဲ့သွားပြီး တိုက်ဆိုင် နေပါတယ် ဒီလိုနဲ့ညီအစ်ကိုသုံးယောက်လည်း မထူးဇာတ်ခင်းပြီး တစ်ခါတည်းပြန်ပေးဆွဲ အနုကြမ်းစီး လိုက်ပါတော့တယ် အပြင်မှာလည်း လေဆင်နှာမောင်းတိုက်ခတ် နေတဲ့အချိန်ဖြစ်နေတော့ ပတ်ဝန်းကျင်ကလည်း လူသူမရှိကင်းမဲ့ နေပြန်ပါတယ် ဒန်နီရယ်တို့ သူငယ်ချင်းရှစ်ယောက်ကရော ညီအစ်ကိုသုံးယောက်ရဲ့လက်ကနေ လွတ်မြောက်သွားနိုင်ပါ့မလား အဲ့ဒီနောက်သူတို့ရဲ့ မွေးစားအမေဆိုတဲ့သူ ရောက်ရှိလာတဲ့ အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ… ဒီဇာတ်ကားမှာ သူတို့ရဲ့မွေးစားအမေဖြစ်တဲ့ မင်းသမီး Rebecca De Mornay ရဲ့သွေးအေးအေးနဲ့ ပီပြင်စွာသရုပ်ဆောင်ထားပုံတွေကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားက ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းအစ အလယ်အဆုံးဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်. ဒီဇာတ်ကားက Drama , Horror & Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်…… File size…1.78GB / 835MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 52m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.2 2010
Mother’s Day
Martínez
6.1

Martinez (2023) Genre – Drama, Comedy IMDb – 6.1/10 ——————————————— ချီလီလူမျိုး Marinezက အနှစ်၄၀လုံးကိုMexicoမှာပဲ နေထိုင်ခဲ့ပြီးသူ့ရဲ့ဘဝကိုအလုပ်အပေါ်မှာပဲမြှုပ်နှံထားခဲ့ပါတယ်။ ဒီလိုနဲ့အသက်၆၀ဖြစ်လာတဲ့အခါမှာတော့ အလုပ်ကနေအနားယူဖို့အတွက် တွန်းအားပေးခံလာရပါတယ်။ တနေ့မှာတော့ သူ့ရဲ့အိမ်နီးချင်းကရုတ်တရပ်သေဆုံးသွားခဲ့ပါတယ်။ သူအလုပ်လုပ်တဲ့ရုံးမှာလည်း သူ့နေရာမှာအစားထိုးလုပ်မယ့် ဝန်ထမ်းတယောက်ရောက်လာပါတော့တယ်။ ဒီဖြစ်ရပ်၂ခုကနေ သူ့ဘဝဘယ်လိုစတင်ပြောင်းလဲလာမှာလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အသက်(၆၀)အရွယ်တယောက်ထဲနေတဲ့ဂွကျကျလူတယောက်ရဲ့ဘဝကို ပီပြင်စွာသရုပ်ဆောင်ထားတဲ့အတွက် Dramaအမျိုးအစားဆိုတဲ့အတိုင်း ကြည့်ရှုသူကစိတ်ခံစားချက်တမျိုးတဖုံခံစားရစေနိုင်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်

Science Fiction • Horror • Thriller
6.1 2023 83 mins
Martínez
Winter’s Tale
6.1

Winter’s Tale (2014) IMDb Rating (6.1) စာရေးဆရာကြီး Mark Helprin ရဲ့1983 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Winter’s Tale ဝတ္တုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတာပါ။ မင်းသားကြီး Will Smith, Colin Farrell, Russell Crowe တို့အပြင် မင်းသမီး Jessica Brown Findlay နဲ့ Jennifer Connelly တို့ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပီတာ လိတ်ခ်ဆိုတဲ့ မိဘမဲ့ ပါရမီရှင်သူခိုးက သူ့ရဲ့ သူဌေးဟောင်း ပါလီ ဆုမ်းစ်နဲ့ ပြဿနာတက်ပြီး နယူးယော့ခ်မြို့ကနေထွက်မသွားခင် နောက်ဆုံးအနေနဲ့ အိမ်ကြီးတစ်အိမ်ကို ဝင်ခိုးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ပိုင်ရှင်ကြီးရဲ့ သမီးဖြစ်သူ ဘီဗာလီရဲ့ စန္ဒရားလက်သံကိုနားထောင်ရင်း ချစ်မိသွားခဲ့ပါတယ်။ ဘီဗာလီကတော့ အဆုတ်ရောဂါသည်ဖြစ်ပြီး အချိန်သိပ်မကျန်တော့ဘူးဆိုပြီး ဆရာဝန်တွေက ပြောထားကြတာပါ။ ဒါပေမဲ့လည်း ပါလီ ဆုမ်းစ်ရဲ့ ‌နှောက်ယှက်မှုကနေ ဘီဗာလီနဲ့ ပီတာတို့ ချစ်မိသွားခဲ့ကြပြီး ဘယ်လိုမှော်ဆန်တဲ့ ချစ်ခြင်းမျိုးတွေဖြစ်လာမလဲဆိုတာ….။

6.1 2014 118 mins
Winter’s Tale