YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Return (2018)Ep5.WEB-DL.1080P(CM).mp4

772.15 MB N/A video/mp4 190 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Would You Rather
6

"မင်းသာဆိုရင်ဘာလုပ်မလဲ" ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်‌ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်‌ခေါ်တာခံလိုက်ရပါတယ်။ ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအ‌ထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရ‌ပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(490 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Action • Crime • Thriller
6 2012 93 mins
Would You Rather
Phir Hera Pheri
6.3

ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။ အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေ လောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ် နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Horror
6.3 2006 155 mins
Phir Hera Pheri
Seven Nights in Japan
6

Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ "ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ" တဲ့။ "အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်" တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။) File size…(650MB) Quality….DVDRip Format…mp4 Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tharman Myint

Drama • History • Romance
6 1976 100 mins
Seven Nights in Japan
Sadak 2
5.2

လူ့လောကကို စိတ်ကုန်နေတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ရယ်၊ မသမာသူတွေ လက်ထဲက ပြေးထွက်လာတဲ့ ချစ်သူစုံတွဲရယ်နဲ့ ဇာတ်လမ်းဖွင့်ထားတာတွေ့ရပါလိမ့်မယ်...။ အစောပိုင်းမှာ အဲ့ဒီ ဒရိုက်ဘာကြီးဆီကို ညဉ့်နက်ချိန်မှာ မိန်းကလေးတစ်ယောက်က သူသွားလိုတဲ့ နေရာကို လိုက်ပို့ပေးရမည်ဖြစ်ကြောင်းပြောပြီး အရင်ကတည်းက ကြိုတင်မှာထားကြောင်း ပြောပါတယ်။ တက္ကစီဒရိုက်ဘာကလည်း ငြင်းမရတော့တဲ့အဆုံးမှာ သူသွားလိုရာကို လိုက်ပို့ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးဟာ တစ်ခုခုက ထွက်ပြေးလာပုံပေါ်နေတာမို့ တက္ကစီဒရိုက်ဘာကတော့ ရိပ်စားမိပါတယ်။ ဒါ့အပြင် ဗဟိုအကျဉ်းထောင်ကို သွားပြီး သူ့ချစ်သူကို ခေါ်ရဦးမည်တဲ့။ ကိုယ်တိုင်က အားလုံးကိုစိတ်ပျက်နေရတဲ့ကြားထဲ အန္တရယ်အငွေ့အသက်တွေပြည့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကားပေါ်တင်လာပြီးတဲ့အချိန်ကစပြီး ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.... ဒီကားနဲ့ပတ်သက်ပြီး  IMDb Ratingကိုပြောချင်ပါသေးတယ်။ Ratingကို အနည်းဆုံးပဲမြင်ရမှာပါ။ ဒါဟာ ဇာတ်ကားကို ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ မထွက်ခင်ကတည်းက ဒီလိုပေးကြမယ်လို့ ကြံစည်ထားကြတာပါ။ ဆူရှန့်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘောလိဝုဒ်ရဲ့ တချို့ဇာတ်ကားတွေကို IMDb Rating နဲ့ သတ်မှတ်လို့မရတော့တဲ့ အခြေအနေပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Koe နဲ့ Myint Thu တို့ပဲဖြစ်ပါတယ်.... File Size : (1.03 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nyi Koe & Myint Thu Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
5.2 2020 134 mins
Sadak 2
Boy Erased
7

IMDb.....7.0,,,Rotten.....81% "ဟဲလို" "မစ္စနန်စီအီမန်လားခင်ဗျ" "ဟုတ်ပါတယ်" "'ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ" "ရှင် ဘာများဖြစ်လို့လဲ" "အဲ့ဒါက...." ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်... သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်... သားရဲ့နာမည်ကတော့ ဂျဲရက်... ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ... မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ ယူကျုံးမရဖြစ်နေတယ်...ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ ဂျဲရက်ကိုယ်တိုင်က "သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး...သားတောင်းပန်ပါတယ်"တဲ့... ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့  LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ... မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအဝန်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်... ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမက စရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်... ..သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်.... ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး.... နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့... အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်.. မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒါကိုလည်း ဒီဘက်ခေတ်မှာ အတေ်ာများများသိပြီးသားထင်ပါတယ်... မှတ်ချက်....((မြန်မာဇတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...)) File Size : (900 MB) and (367MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre :  Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Action • Comedy • Horror
7 2018 115 mins
Boy Erased
Where’s Rose
5.2

Where’s Rose (2021) =============== ဒန်နီရယ်လို့ခေါ်တဲ့ မိသားစုတစ်စုမှာ အဲရစ်နဲ့ ရို့စ်လို့ခေါ်တဲ့ မောင်နှမ နှစ်ယောက်ရှိပါတယ်။ သူတို့မိသားစုလေးက အရမ်းကို နွေးထွေးကြပြီး ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ မိသားစုလေးတစ်စုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအစ အဲရစ်က အထက်တန်းအောင်ပြီး ကောလိပ်တက်ဖို့အတွက် အောင်ပွဲခံတဲ့အနေနဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာ ပွဲလေး ကျင်းပပါတယ်။ ရိုစ့်တစ်ယောက်ကတော့ သူ့အစ်ကို အဲရစ်နဲ့ ခွဲရတော့မှာမို့ စိတ်မကောင်းဖြစ်နေတဲ့ပုံပါပဲ။ တစ်ရက်တောထဲမှာ ရို့စ်တစ်ယောက် ပျောက်သွားတော့ မိဘတွေ လိုက်ရှာ ရပါတော့တယ်။ ရဲတွေရဲ့ အကူအညီနဲ့ ပြန်တွေ့ပြီးနောက်ပိုင်း ရို့စ်တစ်ယောက်က အရင်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာပါတော့တယ်။ ရို့စ်တစ်ယောက် ဘာကြောင့် ပျောက်သွားတာလဲ၊ သူ့အစ်ကို အဲရစ်နဲ့ ရို့စ်ရဲ့ ဆက်ဆံရေးက ဘယ်လ်ိုရှခဲ့လဲ၊ တောအုပ်ကို လှမ်းကြည့်ရင်း ရိုစ့် ဘယ်သူနဲ့ စကားပြောပြောနေလဲဆိုတာ ဆက်လက် စောင့်ကြည့်ပေးပါဦး။ ဒီဇာတ်လမ်းက Horror, Thriller ဇာတ်ကားမျိုးဖြစ်ပြီး နောက်ဆုံးပိုင်းမှာတော့ အံ့သြစရာကောင်းလောက်အောင် အဆုံးသတ်ဖြစ်နေတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)

Action • Drama • Fantasy
5.2 2021 83 mins
Where’s Rose
Nurse Betty
6.3

Nurse Betty (2000) ============== IMDb Rating – 6.3/10 ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ… ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main character ဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာ စီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက် ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ် ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွား တယ်။ ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့ စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိ လိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေး လိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rock တို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့ Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါ ကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(3.13 GB) / (932 MB) / (508 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Crime, Drama Translator…….Mugiwara Ya Encoder……….SWM

6.3 2000
Nurse Betty
Fight Club
8.8

ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb…ကလည်း..8.8 ရထားတယ်…RT မှာ 79% ရထားတယ်။ ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်…..သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ….ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ် “ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ် တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်”တဲ့ ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။)

Animation • Action • Adventure • Science Fiction
8.8 1999 139 mins
Fight Club
Parastree
6.1

Parastree (2023) IMDb 6.1/10 (Adult scene တချို့နှင့် သတ်ခန်းဖြတ်ခန်းများအားပီပြင်စွာရိုက်ကူးထားသည့်အတွက် မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါ) သူများပိုင်တဲ့ပိုက်ဆံ ဇနီးမယားကိုပစ်မှားစိတ်နဲ့ကြည့်တာက အိပ်ရာပေါ်သေခါနီးဆဲဆဲကို မီးရှို့သတ်သေတာနဲ့တူပါတယ်တဲ့ သူများပိုင်ဆိုင်မှုကိုမှသဘောကျတတ်သူတွေ ရှိတာနဲ့ရောင်ရဲမတင်းတိမ်နိုင်ဘဲလိုက်ပွဲလိုချင်တဲ့လူတွေကိုဘယ်လိုမျိုးပညာတွေပြမလဲဆိုတာအားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ် အာဗယာဆိုတာက ရေဒီယိုအသံလွှင့်ဌာနက ချိုသာလွန်းတဲ့အသံကြောင့်အမာခံပရိသတ်များစွာရရှိထားသူတစ်ယောက်ပါ သူ့မှာအမျိုးသားက ငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် တချို့ကိစ္စတွေမှာစိတ္တဇဆန်ဆန်ဖြစ်နေသူတစ်ဦးပေါ့ ဒီအချက်ကိုအာဗယာကမကြိုက်ပါဘူး ဒီလိုနဲ့တစ်နေ့ အာဗယာ့အမျိုးသားကအလုပ်ကိစ္စနဲ့ပြည်ပခရီးရှည်တစ်ခုထွက်သွားတယ် တစ်ဖက်မှာလည်း အာဗယာဆော့နေကျ Gym ရုံမှာ လူသစ်တစ်ယောက်ရောက်လာပြီးအာဗယာ့ကိုမြင်မြင်ချင်းသဘောကျသွားလေတော့ အဖော်မဲ့နေတဲ့အာဗယာ့ကိုယောကျာ်းမာယာနဲ့နည်းလမ်းကုန်ထုတ်သုံးပြီးတော့ပိုးပန်းပါတော့တယ် ယောကျာ်းဖြစ်သူကိုစိတ်ကုန်နေတဲ့သူမအတွက် အချစ်သစ်တွေပြန်လန်ပွင့်လန်းလာချိန်မှာ ယောကျာ်းဖြစ်သူပြန်ရောက်လာတာနဲ့တိုးလေတော့ အရင်ကမှစိတ္တဇဖြစ်နေတဲ့အမျိုးသားတစ်ယောက်က အချစ်ရဆုံးမိန်းမဖောက်ပြန်ခံလိုက်ရတဲ့ခံစားချက်ပါထပ်တိုးလေတော့ သူတို့ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဥာဏ်ပညာကပဲအနိုင်ရမလား ဥပဒေကပဲအနိုင်ရမလား.. (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~ BpL တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.1 2023
Parastree
Staring at Strangers

Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။ မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက ​အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin

0 2022
Staring at Strangers
The Abandoned
6.1

CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်… ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်…

6.1 2024
The Abandoned
The Edukators

ဒီဇာတ်ကားလေးက အရင်းရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးဖြစ်တဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီဆိုတဲ့ လူငယ်သုံးယောက်အပေါ် အခြေခံထားပါတယ်။ သူတို့ကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ လူမှုရေးအရမညီမျှမှုတွေနဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံကို စိတ်ပျက်နေကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ဇန်နဲ့ ပီတာ က “The Edukators” ဆိုတဲ့ အဖွဲ့တစ်ဖွဲ့လုပ်ထားပြီး ညဘက်ကျရင် ချမ်းသာတဲ့အိမ်ကြီးတွေထဲဝင်ပြီး ဘာပစ္စည်းမှမခိုးဘဲ ပစ္စည်းတွေကို နေရာပြန်ချပြီး အိမ်ပိုင်ရှင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စာတစ်စောင်ချန်ထားတတ်ပါတယ်။ ဂျူလီကတော့ ဟာဒန်ဘက်ချ် လို့ခေါ်တဲ့ ချမ်းသာတဲ့ စီးပွားရေးသမားရဲ့ကားကို တိုက်မိတဲ့မတော်တဆမှုကြောင့် အကြွေးတွေတစ်ပုံတစ်အောကြီးကို အလုပ်လုပ်ရင်းဆပ်နေရတဲ့သူပါ။ တစ်ရက်တော့ ဂျူလီနဲ့ ဇန်တို့နှစ်ယောက်သား အဲဒီ သူဌေးရဲ့ ဗီလာထဲ ခိုးဝင်ရာကနေ ဟာဒန်ဘက်ချ် နဲ့ ပင်ပင်းတိုးတဲ့အခါမှာတော့ သူ့ကိုပြန်ပေးဆွဲဖို့ကြံလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့… ဟာဒန်ဘက်ချ် ကို သူတို့ ဘာဆက်လုပ်မလဲ၊ သူနဲ့ ပတ်သက်ရင်းနဲ့ သူတို့ရဲ့အယူဝါဒယုံကြည်ချက်တွေနဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီ တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲ ပရိတ်သတ်ကြီးတို့ ခံစားကြည့်ရှုလိုက်ကြပါဦး File size…(3.4 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

0 2004
The Edukators
Justice League: Crisis on Infinite Earths Part Three

DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။ အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Animation, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

0 2024
Justice League: Crisis on Infinite Earths Part Three
All Lives
6.5

ဒီဇာတ်လမ်းကတော့ ဝေဒနာတွေရဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ခင်ဗျားတို့ဘဝထဲမှာ ဘာမှမလုပ်နိုင်မကိုင်နိုင်တော့ဘဲ ဆေးသက်သက်နဲ့ အသက်ဆက်ပြီး လှဲနေရုံကလွဲ ဘာမှ မထူးတော့တဲ့ လူတွေရှိဖူးမလားမသိဘူး။ ကျွန်တော့်အဘွားကတော့ အဲဒီလိုနှစ်နည်းနည်းနေသွားခဲ့တယ်။ သူ့အကြောင်းတွေးမိရင် ဒီလောက်ထိ ဆွဲဆန့်ထားကြဖို့ မကောင်းဘူးလို့ အမြဲတွေးမိတယ်။ ကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း တစ်ခါပဲ သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးပဲရှိခဲ့တယ်။ ဒီရုပ်ရှင်ကတော့ ဘဝရဲ့နောက်ဆုံးအချိန်မှာ ဝေဒနာတွေ အတိနဲ့ပဲ ရှင်သန်နေရတဲ့လူတွေနဲ့ သူတို့ကို ကုသေပေးနေတဲ့ ဆရာဝန်တွေကြားထဲက အကြောင်းအရာပါပဲ။ ဝေဒနာ ခံစားရုံသက်သက်အတွက် အသက်ဆက်နေရတဲ့ ဒီလူတွေကတော့ ဘယ်လိုမှ ဆက်မရှင်ချင်ကြပါဘူး။ ဒါပေမဲ့လည်း ဒီလိုရှင်သန်ရတာက တန်လားမတန်လား သေသင်လား မသေသင့်သလား။ ဘာအကြောင်းအတွက် အသက်ဆက်ရှင်သင့်လဲဆိုတာကို ဒီရုပ်ရှင်မှာ သူ့အမြင်နဲ့သူပြသွားတယ်။ ဒီကားရဲ့ပွိုင့်ကတော့ ကောင်းပေမဲ့ ကျွန်တော့်စိတ်ကတော့ မပြောင်းသွားခဲ့ပေမဲ့ ဒီကားဟာ ဒီကားထဲက ဇာတ်ကောင်တွေနဲ့ ထပ်တူညီတဲ့ ခံစားချက်ရှိချင်ရှိလောက်မယ့်လူတွေအတွက်ပေါ့။ File size…2.23GB / 806MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder… Naing Aung Latt Translated by W

6.5 2024
All Lives
Miss Butcher
6.4

Miss Butcher (2017) ******************* IMDb… 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေး တစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီး အရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကို ယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှု နောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့.. မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် နေ့စဉ် အနီးကပ် စောင့်ကြည့်နေရင်းကနေ တဖြည်းဖြည်း ဆွန်းအယ်အပေါ်ကို ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တဲ့ စုံထောက် ဂင်ဂူဟို တစ်ယောက် နောက်ဆုံးမှာ ဒီလူသတ်မှုတွေရဲ့ တရားခံအစစ်အမှန်ကို ဖော်ထုတ်သွားနိုင်မလား…. ဒီလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ….. ဆွန်းအယ်ကရော ဒီလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်မှုရှိနေတာလဲ…. စတဲ့မေးခွန်းထုတ်စရာတွေကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်းနဲ့ အဖြေရှာလိုက်ကြရအောင်ပါ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.19GB/ 570MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:35:35 Genre : Crime, Mystery, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

6.4 2017 94 mins
Miss Butcher