YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

RESIDENT.EVIL.Infinite.Darkness.S01E03.1080p.WEB.H264-EXPLOIT.mp4

469.82 MB N/A video/mp4 9950 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Scream VI
7.2

Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ အဲဒီ လူသတ်သမားတွေကို အရမ်းအားကျတဲ့ သူတွေကလည်း သူ့ကိုသတ်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ သူတို့အနားကလူတွေ တဖြုတ်ဖြုတ် အသတ်ခံလာရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ထုံးစံအတိုင်းလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါပဲ။ ညီအစ်မနှစ်ယောက်နေရာမှာတော့ အရင် Scream မင်းသမီး Melissa Barrera နဲ့ ဝန့်ဇ်ဒေးစီးရီးထဲကမင်းသမီးလေး Jenna Ortega တို့ ပါဝင်ထားရုံတင်မက ပင်တိုင်စံမမကြီး Courtney Cox လည်း ဆက်ပါထားပါသေးတယ်။ Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 6.7GB, 1.85GB, 860MB Quality - 4K HEVC, 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 2Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama • War
7.2 2023 123 mins
Scream VI
Nix
7.2

Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ... ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။ အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာ‌ပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ.... ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်‌လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.6 GB) / (650 MB) / (400 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Comedy • Drama • Thriller
7.2 2022 94 mins
Nix
Good Night Oppy
7.6

~ IMDb - 7.7/10, Rotten Tomatoes - 88% ~ အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားနှစ်ကောင်ရှိတယ်ဗျ။ ကွိကွိကွကွ အသံတွေနဲ့ ရုပ်ဆိုးပန်းဆိုး ထိုးထိုးထောင်ထောင်ကောင်တွေပေါ့။ ကမ္ဘာပေါ်က လွှတ်လိုက်တဲ့ ကမ္ဘာသား ဂြိုဟ်သူမနှစ်ယောက်။ "အခွင့်လမ်း" နဲ့ "စိတ်ဓာတ်" တဲ့။ အမွှာညီအစ်မနှစ်ယောက်ပေါ့။ "စိတ်ဓာတ်" က အကြီးမ၊ ပြဿနာမလေးပေါ့။ အငယ်မ "အခွင့်လမ်း" က မယ်ကံကောင်းလေး။ သူတို့က အင်္ဂါဂြိုဟ်လေ့လာရေးအတွက် နာဆာကလွှတ်လိုက်တဲ့ ဂြိုဟ်ပေါ်သွားယာဉ် (Rovers) လေးတွေပါ။ အင်္ဂါဂြိုဟ်လို့ခေါ်တဲ့ ဂြိုဟ်နီကြီးကို ကမ္ဘာသားတွေ စိတ်ဝင်စားနေတာကြာပြီ။ ဂြိုဟ်ကြီး (၈) လုံးထဲမှာ (အခုတော့ ၈ လုံးပဲရှိတယ်လို့ ပြောတယ်ဗျ) အင်္ဂါဂြိုဟ်ပဲရွေးပြီး ဘာလို့စိတ်ဝင်စားကြတယ်မသိ။ ဇာတ်ကားတွေကလည်း အင်္ဂါဂြိုဟ်၊ နာဆာဂြိုဟ်သုတေသနကလည်း အင်္ဂါဂြိုဟ်။ ကဲပါလေ။ သူတို့က အင်္ဂါဂြိုဟ်ဆိုတော့လည်း လိုက်ဂါလိုက်ပါ့မယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလား... ရေရှိခဲ့ဖူးလား... သက်ရှိတွေရှိသလား... သက်ရှိတွေ ရှိခဲ့ဖူးလား... လား...ပေါင်းများစွာရဲ့အဖြေကို လူတစ်စုက ရှာဖွေကြတဲ့ ရုပ်သံမှတ်တမ်းလေးပေါ့။ လူတစ်စုဆိုလို့ နှယ်နှယ်ရရတော့မဟုတ်။ သိပ္ပံအဖွဲ့၊ ဘူမိဗေဒအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့ တကယ့်ထိတ်ထိတ်ကြဲတွေချည်းပဲ။ အင်္ဂါဂြိုဟ် ဟိုဘက်ခြမ်း ဒီဘက်ခြမ်းကို ဂြိုဟ်ပေါ်သွားယာဉ်နှစ်စင်း အင်္ဂါဂြိုဟ်ရက် (ကမ္ဘာရက်ထက် မိနစ်လေးဆယ်ပို) ၉၀ (သုံးလ) စာ ခန့်မှန်းသက်တမ်းနဲ့ ‌စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ အစ်မဖြစ်သူက (၆) နှစ်ကျော် နဲ့ ညီမဖြစ်သူက ဆယ့်ငါးနှစ်နီးပါး တာဝန်ထမ်းဆောင်သွားတဲ့အကြောင်းတွေကို စုံစုံလင်လင်သိရမှာမို့ ကိုယ်တိုင်ပဲ ကြည့်ရှု‌နိုင်ပြီဖြစ်ပါကြောင်း။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 650MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 45Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama • Romance
7.6 2022 105 mins
Good Night Oppy
Bawaal

Bawaal(2023) IMDb-7.0/10 အောင်မြင်လာတဲ့နာမည်နဲ့အတူ ဗလကြီးပါရှယ်မိုက်လာတဲ့ မင်းသားဗာရွန်းနဲ့ မင်းသမီးချော ဂျန်ဗီကပူးရ်တို့အဓိကပါဝင်ထားတဲ့ ဟင်ဒီစကားပြော ဘောလိ၀ုဒ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ဘ၀တွေမှာ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပတ်ဝန်းကျင်ကိုပြချင်ကြတာကိုက လူ့သဘောသဘာ၀လိုဖြစ်နေကြတယ်။အတွင်းစိတ်မှာ ပွက်လောရိုက်ဆူညံနေပေမယ့် အပြင်မှာကျ မပွင့်မလင်းနဲ့အေးတိအေးစက်နေတာမျိုး။သူများအထင်ကြီးလေးစားတာကို လိုချင်တော့ သူများဘယ်လိုမြင်သွားမလဲဆိုတဲ့စိတ်နဲ့ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပြပေးရင်း ပြပေးရင်း ကိုယ်ဘာကောင်လဲဆိုတာ ကိုယ်တိုင်မသိနိုင်တော့တာတွေ။ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက မြို့လေးမှာရှိတဲ့ လူတကာအထင်ကြီးအားကျရတဲ့ အကိုကြီးအဂျူး။ အထင်မကြီးကြီးအောင် အားမကျကျအောင်လည်း အဂျူးက မုသားမျိုးစေ့တွေဖြန့်ကြဲထားခဲ့လေတော့။ ကိုယ်စိုက်တဲ့အပင်ဆိုတာ ကိုယ်ရိတ်သိမ်းရတာပဲမလား။ဒီလိုအလိမ်အညာတွေနဲ့ အဂျူးတစ်ယောက် သတို့သမီးလောင်းပေါ်မှာလည်း ပုံစံမှန်မပြခဲ့ဘဲ မုသားတွေနဲ့ပဲလက်ထပ်တာကအစ။အထင်အကြီးခံချင်တဲ့အဂျူး လူတကာလေးစားစေချင်တဲ့အဂျူး သူ့ဇနီးသည်ဆီမှာရှိတဲ့ရောဂါက သူ့ကိုလူပုံအလယ်မှာ အရှက်ကွဲစေမှာပဲလို့တွေးခဲ့တယ်။အဲဒီစိတ်နဲ့ပဲ ဘယ်သွားသွားဇနီးဖြစ်သူကို ခေါ်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့ရဲ့ကြားထဲက ဆက်ဆံရေးကဘယ်လိုဘယ်ဝယ်ဖြစ်လာမလဲဆိုတာ သင်ခန်းစာယူရင်း ရှင်သန်ကြရတဲ့ဘ၀မှာ မိမိရဲ့အစစ်အမှန်ပုံစံအတိုင်းပဲ နေကြည့်ကြရအောင်လား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Cherry~Zwe~BpL~Aditi~Yunniတို့ပါ) File size…1.89GB / 791MB Quality…1080p WEBDL AAC5.1CH /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Cherry~Zwe~BpL~Aditi~Yunni

Drama • Fantasy • Horror
0 2023 137 mins
Bawaal
Snake: Fall of a City
1.5

လင်ချွမ်ဟာကားပြိုင်သမားတစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့လျန်ဇီကိုတိတ်တခိုးသဘောကျနေသူပါ။ သူဟာပြိုင်ပွဲတစ်ခုမှာလျန်ဇီနောက်လိုက်ရင်းနဲ့ သဲကန္တာရထဲကိုရောက်ရှိလာခဲ့ပါတယ်။ သူတို့စခန်းချနားတဲ့နေရာကိုညနက်မှာ သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခံရပြီး လင်ချွမ်တို့အဖွဲ့ဟာမနည်းအသက်လုပြေးလာကြရပါတယ်။ ဒါပေမဲ့ လျန်ဇီကတော့ဘယ်ရောက်သွားမှန်းမသိပါဘူး။ လျန်ဇီကိုရှာဖို့ခရီးဆက်လာရင်းနဲ့စွန့်ပစ်စက်ရုံတစ်ခုနားရောက်လာခဲ့ပါတယ်။ အဲ့ဒီစက်ရုံပျက်နားမှာ ရှားပါးတွင်းထွက်ပစ္စည်းတွေကို တူးယူချင်တဲ့စီးပွားရေးသမား စုန်းကွမ်တို့အုပ်စုလည်းရှိနေပါတယ်။ သူတို့နှစ်အုပ်စုဟာ ညအချိန်ရောက်လာတဲ့အခါမှာတော့ သေလောက်ဖွယ်ရာ ကြောက်မက်ဖွယ်မြွေဆိုးကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။ ​မြွေဆိုးအန္တရာယ်ကြောင့် စက်ရုံထဲပိတ်မိနေကြတဲ့အခါ ၊ ဝေးလံခေါင်ဖျားတဲ့လူသူမဲ့စွန့်ပစ်နေရာမှာရောက်နေကြတဲ့သူတို့ မြွေအန္တရာယ်ကိုဘယ်လိုရင်ဆိုင်ပြီးရှင်သန်ဖို့ကြိုးစားကြမလဲ။ လွတ်မြောက်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Comedy
1.5 2020 80 mins
Snake: Fall of a City
Species
5.9

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Action • Adventure • Science Fiction
5.9 1995 108 mins
Species
Dolittle
6.6

#Unicode အားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်... Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့... တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်... ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်... ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland,Rami Malek , John Cena, Selena Gomaz စတဲ့ နာမည်ကြီးတွေ ပါဝင်ထားပါတယ် ကိုယ်တိုင်ကြည့်ရှုခံစားတော်မူပါကုန်။ Quality – 1080p, 720p  BluRay Duration – 1 hrs 42 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Comedy Source : 1080p.BluRay Translator – Zuel Khant Thwin Encoder – San Win Maung

Drama • Sci-Fi & Fantasy
6.6 2020 101 mins
Dolittle
Love at the Christmas Contest
5.7

Love at the Christmas Contest (2022) =========================== ဒီကားလေးကတော့ ခရစ်စမတ်ကာလရဲ့ အဓိကအနှစ်သာရလေးကို ရိုးရိုးရှင်းရှင်းဇာတ်လမ်းသွားလေးနဲ့ပဲ ဖော်ပြထားပေးသွားတဲ့ ဇာတ် ကားလေးပါ။တစ်ချို့ထည့်သုံးသွား‌တဲ့ အတွေးအမြင်လေးတွေဆိုရင်လဲ တကယ် ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှုထောင့်တစ်မျိုးကနေ ကြည့်တတ်ဖို့ lessonတွေလဲရပါတယ်။ IMDb Rating 5.7ရထားတဲ့ ကားလေး ဖြစ်ပြီး< မိသားစု ချစ်သူတွေနဲ့ ငြိမ့်ငြိမ့်လေး အတူကြည့်လို့ရတဲ့ ဇာတ်ကားငြိမ့်ငြိမ့်လေးတစ်ကားပါ။ ရှုပ်ယှက်ခပ်နေတဲ့ ‌actionတွေ plot twistတွေ thriller တွေ sadist movie တွေပဲ အကြည့်များနေရင် စိတ်ခဏအငြိမ်ပေးတဲ့ ကြည့်သင့်တဲ့ကားလေး တစ်ကားဖြစ်တယ်လို့ recommend ပေးပါတယ်။ကလေးသရုပ်ဆောင်ကလေး ကလည်း အရမ်းချစ်စရာကောင်းပြီး သူ့ဇာတ်ရုပ်နဲ့ တော်တော်လေးလိုက်တယ် လို့ ပြောရင် pedophile လို့တော့ မထင်လိုက်ကြနဲ့ပေါ့ဗျာ၊ တကယ်ချစ်စရာ ကောင်းလို့ ပြောတာပါ။ကဲ ဒီလောက်ပဲညွှန်းပါတော့မယ်ဗျာ အချိန်ရရင် ဝင် ကြည့်ကြပါလို့ပြောကြားချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်) File Size……….(1.7 GB) / (678 MB) / (370 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 3၀mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Paul Encoder………..SWM

Action • Drama • Thriller
5.7 2022 90 mins
Love at the Christmas Contest
My Blood and Bones in a Flowing Galaxy
6.7

My Blood & Bones in a Flowing Galaxy (2020) ~ IMDb – 6.7/10, MyDramaList – 7.9/10 ~ ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။ တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ဟာရိက အကြောင်းရင်းတစ်ခုကြောင့် လူတွေနဲ့ထိတွေ့ဆက်ဆံလိုစိတ်မရှိဘဲ ရန်လိုတဲ့ပုံစံဖြစ်နေခဲ့တာပါ။ ဟာရိကို ကြိုးစားပြောင်းလဲပေးဖို့လုပ်ရင်းနဲ့ သူတို့တွေရင်းနှီးလာခဲ့ပါတယ်။ ဒါ‌ပေမဲ့ ဟာရိ လျှို့ဝှက်ထားတဲ့ အကြောင်းရင်းက ရှုပ်ထွေးနေရုံမကဘဲ နှစ်ရှည်လများဖြစ်တည်လာတဲ့ အကြောက်တရားနဲ့ နှိပ်စက်ချုပ်ချယ်မှုတွေ ရက်စက်မှုတွေကြောင့်ဖြစ်နေတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 650MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 7Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.7 2020 127 mins
My Blood and Bones in a Flowing Galaxy
The Forbidden Kingdom
6.5

ဟောလိဝုဒ်က အာရှအက်ရှင်ဖိုက်တင်ခန်း | The Forbidden Kingdom (2008) Bruce Lee မရှိတော့တဲ့နောက်ပိုင်းမှာ တရုတ်အက်ရှင်လောကမှာ ဟောလိဝုဒ်ကိုတက်သွားနိုင်တဲ့ သရုပ်ဆောင်တွေက တော်တော်လေးကျသွားတယ်လို့ပြောရမယ်။ ဂျက်ကီချန်း၊ ဂျက်လီ၊ ဒွန်နီယန်း၊ မီရှဲယို တို့အပြင် ဒန်နီရယ်ဝူတို့လည်း ဟောလိဝုဒ်အထိတက်လာနိုင်တယ်ပြောရမှာပဲ။ သိုင်းရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်တိုင်းရဲ့အိပ်မက်တစ်ခုက နာမည်ကြီးတဲ့ အက်ရှင်မင်းသားတွေ ဘတစ်ပြန်ကျားတစ်ပြန်၊ သူသေကိုယ်သေအကြိတ်အနယ်ထိုးကြကြိတ်ကြတာကို အရသာရှိရှိကြည့်ရှုချင်ကြတာပါပဲ။ တရုတ်ရုပ်ရှင်လောကမှာတော့ ကျန်းရိမုံကြီးက Hero မှာ လျန်ကျီးဝေ၊ ဂျက်လီ၊ ဒွန်နီယန်းတို့ကိုဆုံပေးပြီး ဖိုက်တင်ချခိုင်းသလို တခြားတခြားတရုတ်အက်ရှင်တွေမှာလည်း နာမည်ကြီးတဲ့ခေါင်းကြီးပိုင်းမင်းသားတွေကို ခဏခဏသူသေကိုယ်သေဖိုက်ခိုင်းတာတွေရှိခဲ့တယ်။ နာမည်ကျော် Journey to the West ဝတ္ထုကို တရုတ်ကရော၊ ဟောလိဝုဒ်ကပါ ဗားရှင်းပေါင်းစုံနဲ့ ရိုက်ကူးဖန်တီးခဲ့သလို မျိုးစုံသောရသတွေနဲ့ ဖန်တီးမှုတွေကို ပရိသတ်တွေကြည့်ရှုခဲ့ရတယ်။ အထူးသဖြင့် Disney ရဲ့ American Born Chinese ဆိုတာကတော့ Journey to the west ကိုမှ post-journey ကို ကောင်းကောင်းပြသနိုင်ခဲ့တဲ့ series တစ်ခုလို့ပြောရမယ်။ တရုတ်ဗားရှင်းတွေထဲမှာ ဝူခုန်းကို ရှုထောင့်ပေါင်းစုံကနေပြခဲ့သလို Stephen Chow ကြီးရဲ့ Journey to the West ဗားရှင်းကလည်း ပုံမှန်မြင်နေကျဝူခုန်းတွေကနေကွဲထွက်ပြီး ကြည့်လို့ကောင်းခဲ့တာပါပဲ။ ဒါပေမယ့် ဟောလိဝုဒ်ရဲ့ဝူခုန်းဗားရှင်းသစ်တစ်ခုကတော့ တော်တော်သဘောကျဖို့ကောင်းတယ်လို့ပြောရမယ်။ ဘာလို့ဆို ဝူခုန်းကို ဟောလိဝုဒ်ရဲ့ဆန်းသစ်မှုပုံစံနဲ့ ဇာတ်လမ်းတည်ဆောက်ထားတဲ့အပြင် ဟောင်ကောင်အက်ရှင်သရုပ်ဆောင်ရဲ့ထိပ်သီးနှစ်ယောက်ကိုပါထည့်သုံးထားပြီး ဆွဲဆောင်ထားနိုင်ခဲ့လို့ပါပဲ။ ဘယ်ရုပ်ရှင်ကိုပြောတာလဲဆိုတော့ ၂၀၀၈ က ထွက်ခဲ့တဲ့ The Forbidden Kingdom ကို ပြောတာပါ။ Jackie Chan ကိုရော၊ Jet Li ကိုပါ ထည့်သုံးထားပြီး သူတို့နှစ်ယောက်ရဲ့ဖိုက်တင်ခန်းကို ကောင်းကောင်းကြီးပြထားလို့ပါပဲ။ ၂၀၀၃ က ထွက်ခဲ့တဲ့ Shanghai Knights က Jackie Chan နဲ့ Donnie Yen ရဲ့ ဖိုက်တင်ခန်းအပြီးမှာ တကယ့်ထိပ်သီးအက်ရှင်မင်းသားကြီးနှစ်ယောက် အသေအကြေတိုက်ကြခိုက်ကြတာကို အားရပါးရကြည့်ခွင့်ရလိုက်တာပါ။ The Forbidden Kingdom ရဲ့ ဝူခုန်းဗားရှင်းက ထန်စမ်း၊ ပါကျဲ၊ ဝူကျင့်တို့မပါပါဘူး။ ဝူခုန်းတစ်ယောက်တည်းနဲ့ ဇာတ်လမ်းကိုစခဲ့တာပါ။ ထုံးစံအတိုင်း ဝူခုန်းကကောင်းကင်ဘုံနဲ့ပြဿနာဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ဘုံရဲ့ဘုရင် ကျောက်စိမ်းဧကရာဇ်က ဝူခုန်းကိုဒီတိုင်းလွှတ်ထားပေးဖို့ပဲလုပ်လိုက်တယ်။ ကျောက်စိမ်းဧကရာဇ်က နှစ်ငါးရာတရားထိုင်သွားတဲ့အချိန်မှာ သူ့လက်ထောက် ကျောက်စိမ်းစစ်သူကြီးကို အရိုက်အရာခဏလွှဲပေးခဲ့တယ်။ အဲအချိန်မှာ ဝူခုန်းကို ကျောက်စိမ်းစစ်သူကြီးက by 1 စိန်ခေါ်တယ်။ ဝူခုန်းရှုံးပြီးကျောက်တုံးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဝူခုန်းရဲ့တုတ်က လူ့ပြည်ကိုရောက်လာပြီး တိမ်မြုပ်ပျောက်ကွယ်နေတယ်ဆိုပါစို့။……….. ဂျက်ကီချန်းနဲ့ ဂျက်လီတို့ဖိုက်ကြတဲ့အခန်းက တော်တော်လေးရက်စက်သလို ကြည့်ရတာလဲရင်ခုန်ဖို့ကောင်းတယ်။ ဂျက်ကီချန်းရဲ့သိုင်းကွက်တွေက အလှုပ်သဘောနဲ့ထိလိုက်တာနဲ့သေကွက်သေကွင်းကိုတိုက်ခိုက်နိုင်သလို ဂျက်လီကလည်း အရင်ကရုပ်ရှင်တွေလိုပဲ အမာခံတိုက်ခိုက်မှုနဲ့ရန်သူကိုအနိုင်ယူနိုင်တယ်။ သဘောအကျမိဆုံးအချက်က ဘယ်သူကဘယ်သူ့ကိုနိုင်သွားတယ်ဆိုတာမျိုးမပြပဲ နှစ်ဖက်စလုံး သရေပြသွားတဲ့အချက်ပါပဲ။ ပြောရရင် ဒါကလည်း လေးစားမှုတစ်ရပ်ပေါ့။ ထိုက်ကျိချွမ်ပုံစံမျိုးတွေလည်းသုံးသွားသလို ဓားခုတ်ကောင်၊ ကျား စတဲ့ မျိုးစုံသောကွန်ဖူးဟန်တွေအပြင် နာမည်ကျော်အရက်မူးသိုင်းတွေကိုလည်း ချပြခဲ့တာပါ။ ဘုရားကျောင်းတစ်ခုနောက်ခံထားပြီး အာရှအက်ရှင်မင်းသားနှစ်ယောက်ရဲ့ သူသေကိုယ်သေဖိုက်တင်ခန်းကို ဟောလိဝုဒ် shot တွေနဲ့ ကြည့်ခွင့်ရတာ တော်တော်အရသာရှိခဲ့တာပါ။ The Forbidden Kingdom ကို ပြောရရင် Liu Yifei, Li Bingbing နဲ့ Collin Chou ကိုပါ ထည့်ပြောရမှာပါ။ Collin Chou ကလည်း တော်ရုံသောက်ပေါမင်းသားမှမဟုတ်တာ။ ဒီဘဲကလည်း The Forbidden Kingdom မှာ ဇာတ်ကိုကောင်းကောင်းကြီး carry နိုင်ခဲ့တယ်။ သရုပ်ဆောင်ချက်တွေကလည်း ဗီလိန်တစ်ယောက်ရဲ့ဟန်ပန်ကိုပီပြင်စေခဲ့တယ်။ The Forbidden Kingdom ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံကလည်း mystery သမားတွေအတွက်၊ conspiracy သီအိုရီတွေထုတ်ရတာကိုကြိုက်တဲ့လူတွေအတွက် ပုစ္ဆာအများကြီးပေးနိုင်တယ်။ ဥပမာ Jason ကြုံခဲ့ရတာ တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်တစ်ခုလား။ ဝူခုန်းရဲ့လက်နက်က portal တစ်ခုကိုဖွင့်ပေးနိုင်ခဲ့လား။……….. အနှစ်ချုပ်ရရင်တော့ အရှေ့တိုင်းရိုးရာပုံပြင်တစ်ပုဒ်ကို ဥရောပဒဏ္ဍာရီတွေနဲ့ရောသုံးပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ ဒီဟောလိဝုဒ်ရုပ်ရှင်က အာရှအက်ရှင်မင်းသားတွေရဲ့ဖိုက်တင်ခန်းကတော့ စာတင်လောက်စရာကောင်းအောင်ခမ်းနားတာပါပဲ။ Sub-Zero ရေးသည်။ ( ရုပ်ရှင်အညွှန်းကို Myanmar Varient Entertainment မှကူးယူဖော်ပြပါသည်။)

Horror • Thriller • Drama
6.5 2008
The Forbidden Kingdom
Shaolin Popey II: Messy Temple
5.9

ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Shaolin Popey 2 က Shaolin Popey 1 နဲ့ အဓိက သရုပ်ဆောင်တွေတူပေမယ့် ဇာတ်လမ်းကတော့အဆက်အစပ်မရှိပါဘူး။ 2 မှာ ရှောင်လုံနဲ့ရှောင်ဝိန်တို့ဟာ ဝူးလုံကျောင်းကကိုယ်တော်လေးတွေပဲဖြစ်ကြတယ်။ သူတို့ဟာ နေ့ဓဒူဝ ကျောင်းတော်မှာ ကွန်ဖူးလေ့ကျင့်ရင် ဝေရာဝစ္စတွေလုပ်ရင်းနေလာခဲ့ကြတယ်။ တစ်နေ့မှာတော့ ရှောင်လင်ကျောင်းနဲ့မိစ္ဆာဂိုဏ်းကြားက ရန်ငြိုးကြောင့် မိစ္ဆာဂိုဏ်းကလူသတ်သမားတစ်ယောက်ဟာ ဝူးလုံကျောင်းကိုလာပြီးလုပ်ကြံခဲ့တယ်။ လုပ်ကြံတာမအောင်မြင်တော့ မိန်းမလှလေးတစ်ယောက်ကို လွှတ်ပြီး ဟန်ဆောင်မြူစွယ်သိမ်းသွင်းဖို့ကြိုးစားလာခဲ့တယ်။ ကိုယ်တော်လေးရဲ့ကွန်ဖူးအစွမ်းနဲ့ မိစ္ဆာဂိုဏ်းရန်ကို ဘယ်လိုရှင်းကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပါတယ် 2 ကားတင်ဆက်ပြီးပြီဖြစ်လို့ နောက်ဆုံးပိုင်းကိုမကြာခင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်

Comedy
5.9 1994 88 mins
Shaolin Popey II: Messy Temple
Half of a Yellow Sun
6.1

Half of a Yellow Sun (2014) ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံက ရိုက်ကူးထားတဲ့ စစ်ပွဲနောက်ခံပြု Romance/ Drama ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေး လိုက်ပါတယ်။ IMDb rating – 6.1, Rotten Tomatoes – 51% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ ဖြစ်ပွားတဲ့ နိုင်ဂျီးရီးယား ပြည်တွင်းစစ်ပွဲအတွင်းမှာ အိုလန်နာနဲ့ ကိုင်းနမ်နီ ဆိုတဲ့ သူဠေးသမီးလေး ၂ ယောက်ဟာ ဘဝလမ်းကြောင်း ကိုယ်စီနဲ့ အသက်ရှင်ဖို့ ကြိုးစားကြပုံကို ကြည့်ရမှာပါ။ ဒီဇာတ်လမ်းမှာတော့ နိုင်ဂျီးရီးယားတွေနဲ့ ခွဲထွက်တဲ့ ဘီယာဖရာနိုင်ငံကြားက ပဋိပက္ခတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရင်နင့်ဖွယ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း စစ်ပွဲတွေ၊ ဒုက္ခတွေကြားထဲမှာ အချစ်ကို တည်ဆောက်သွားကြတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အချစ်ရေးကို ကြည်နူးဖွယ်ကိုလည်း ခံစားရမှာပါ။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ အမြဲတမ်းဖြစ်နေမှာမဟုတ်ဘဲ အချိန်တစ်ခု ရောက်သွားရင် ပြီးဆုံးသွားမှာလို့ ပြသပေးခဲ့တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.6GB | 813MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Horror • Thriller
6.1 2014
Half of a Yellow Sun
Heavenly Creatures
7.3

Heavenly Creatures (1994) IMDb Rating (7.3) / Rotten Tomatoes (95 %) ဒီရုပ်ရှင်ကားကတော့ Titanic မင်းသမီးကြီး Kate Winslet ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာကတော့ The Lord of the Rings ဒါရိုက်တာ Peter Jackson ဖြစ်ပါတယ်။ သူတို့အနုပညာခရီးလမ်းရဲ့ ကနဦးရုပ်ရှင်ဖြစ်ခဲ့ပေမယ့် Rating တွေလဲ မနိမ့်ခဲ့သလို ထိုက်သင့်တဲ့အောင်မြင်မှုလဲ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အမီပြုရိုက်ကူးထားတာဖြစ်ပြီး Period Drama, Teagedy, True Crime, Biography, Thriller အစရှိတဲ့ genre​ မျိုးစုံပါဝင်ထားပါတယ်။ ဒါ့အပြင် ဆုပေါင်း ၁၇ ဆုကို ရရှိခဲ့သလို အော်စကာဆန်ကာတင်ပါဝင်ခဲ့တာမလို့ Old but Gold လို့ပဲဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့… ဂျူလိယက်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာ တစ်နေ့မှာ ကန်တာဘူရီဒေသက ကောလိပ်ကိုပြောင်းလာခဲ့ပါတယ်။ ဖခင်က အင်္ဂလန်က ပါမောက္ခချုပ်တစ်ယောက်အဖြစ်ရောက်လာတာဖြစ်တဲ့အတွက်ကျောင်းမှာ ပြောစမှတ်တွင်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့စရိုက်ကြောင့် သူ့ကိုသိပ်သဘောမကျတဲ့ ပေါလင်းပါကာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ နှစ်ယောက်လုံးက ငယ်စဉ်ကတည်းက ရောဂါအသီးသီးခံစားခဲ့ကြဖူးတဲ့သူတွေပါ။ ဒီလိုနဲ့ အချင်းချင်းစာနာမိပြီး သူငယ်ချင်းဖြစ်သွားရာကနေ တဖြည်းဖြည်း အခင်ဆုံးသူငယ်ချင်းတွေအထိဖြစ်သွားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဂျူလိယက်က အရင်ကအဆုတ်ရောင်ဂါတစ်မျိုးဖြစ်တဲ့ တီဘီပိုးပြန်ထလာပြီး ဘယ်လောက်ထိဆိုးရွားတဲ့ကိစ္စတွေဆက်ဖြစ်မလဲဆိုတာ…။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)

Comedy • Drama • Romance
7.3 1994 109 mins
Heavenly Creatures
Broken Rage
6.1

Broken Rage (2024) IMDb Rating (6.1) / Rotten Tomatoes (85%) Takeshi Kitanoကိုတော့‌ တော်တော်များများက Zatōichi ( 2003 ) Remakeရဲ့ မင်းသားအနေနဲ့ သိကြလောက်တယ်။ သူက အဲဒီကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာလည်းဟုတ်တယ်။ ကိုယ်တိုင်ရေးကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ပေါ့။ တည်းဖြတ်တာအထိပါ သူ့ဘာသာပဲလုပ်တယ်။ သူ့ကားအကုန်လုံး ဒီလိုတွေချည်းပဲဆော်တယ်။ သူအဓိကရိုက်တာက သိပ်မအပ်စပ်တဲ့ ၂လိုင်းလိုဖြစ်နေတဲ့ ၂လိုင်းလို့ပြောရမယ်။ Crimeနဲ့ Comed။ ဟာသသရုပ်ဆောင်လည်းလုပ်ဖူးတယ်။ Hana-bi (1997)နဲ့လည်း ဗင်းနစ်မှာ Golden Lionဆုရခဲ့တယ်။ သူ့ရှေ့မှာ အဲဒီဆုရဖူးတဲ့ဂျပန်ဒါရိုက်တာက Akira Kurosawa နဲ့ Hiroshi Inagakiပဲရှိတယ်။ “the true successor” to influential filmmaker Akira Kurosawa လို့လည်းပြောကြတယ်။ သူလည်း ကွန်တင် တာရန်တီနိုကြိုက်တဲ့ ဒါရိုက်တာတွေထဲပါတယ်။ Outrage crime trilogy လို့ခေါ်တဲ့ trilogyတစ်ခုရှိပြီး ၁၉၈၉ကစပြီး အခုထိ ခပ်စိတ်စိတ်တော့ ရိုက်နေတဲ့ ဒါရိုက်တာလို့ပြောရမယ်။ အခုကားထဲလည်း အိုကြီးအိုမနဲ့ သူပဲ မင်းသားဝင်လုပ်ထားတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒီကားမှာ ၂ခြမ်းပါတယ်။ ပထမတစ်ခြမ်းကို ကြည့်ရင် တိတ်ဆိတ်ရက်စက်တဲ့ Hitmanကားပဲ။ ဒါပေမဲ့ နောက်တစ်ခြမ်းကိုကြည့်လိုက်ရင်တော့ ဒီကားက တော်တော်စားတဲ့ဟာသကားဖြစ်သွားတယ်။ သူအကျွမ်းကျင်ဆုံး မဆီမဆိုင်အရာ၂ခုစလုံးကို တစ်ကားတည်း သေချာပြသွားတာပါပဲ။ ရုပ်ရှင်အမျိုးအစားကိုတော့ ခွဲပြဖို့ ခက်လောက်မယ်။ သရော်တဲ့ဘက်တော့ သွားတယ်။ အစားဆုံးက ရုပ်ရှင်တိုနေမှာစိုးလို့ဆိုပြီး Black Screen ကြီးတွေ လာလာပြထားတာပဲ။ အဲဒါကိုလည်း ငစားလုပ်ပြီးကို ပြထားတာပါ။ ဒီဘဲက တကယ့်လူတော့ တကယ့်လူပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (1.2 GB) / (540 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:07:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Romance • Comedy
6.1 2024 66 mins
Broken Rage
Graduation Heist 100 dni do matury
4.6

100 dni do matury (2025) ပိုလန်ရဲ့ နာမည်ကြီး YouTuber အဖွဲ့ Ekipa နဲ့ Genzie တို့ထုတ်လုပ်ထားတဲ့ ဟာသနဲ့ အက်ရှင်ပေါင်းစပ်ထားတဲ့ ဆယ်ကျော်သက်ရုပ်ရှင်တစ်ကားပါ။ ဒါရိုက်တာ Mikołaj Piszczan က ရိုက်ထားပြီး သရုပ်ဆောင်တွေထဲမှာ ပိုလန်ရဲ့ နာမည်ကြီး influencer တွေဖြစ်တဲ့ Bartek “Świeży” Laskowski (Kapsel အဖြစ်)၊ Hania Puchalska (HiHania)၊ Patryk Baran (Mortalcio) နဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Małgorzata Foremniak၊ Piotr Głowacki၊ Jacek Koman တို့ ပါဝင်တယ်။ ဇာတ်လမ်းက Kapsel ဆိုတဲ့ ပါတီသွားတတ်တဲ့ ဆယ်ကျော်သက်ကျောင်းသားတစ်ယောက်အကြောင်း။ သူ့အတွက် မာတာ (ပိုလန်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) ထက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရတာက ပိုအရေးကြီးတယ်။ ဒါပေမယ့် ကျောင်းပြီးရင် သူ့သူငယ်ချင်းတွေ လမ်းခွဲပြီး တက္ကသိုလ်တွေ သွားကြမယ်ဆိုတာ သိလိုက်ရတဲ့အခါ သူတို့ကို ထိန်းထားဖို့ အရူးကွက်တစ်ခုကို နင်းလိုက်ပါတယ်။ ဘာလဲဆိုတော့ ပညာရေးဝန်ကြီးဌာနရဲ့ စနစ်ထဲ ဟက်ဝင်ပြီး မာတာရလဒ်တွေကို ပြောင်းလဲပစ်မယ်ဆိုတဲ့ အစီအစဉ်ပေါ့။ ဒီအတွက် Kapsel က မာတာအောင်ဖို့ အလားအလာအနည်းဆုံးဖြစ်တဲ့ ကျောင်းသားတစ်စုနဲ့ သူ့ရဲ့ ရာဇဝတ်မှုနောက်ခံရှိတဲ့ ဆိုးပေတဲ့ အဘိုးနဲ့ ပေါင်းပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ စွန့်စားခန်းက ရယ်စရာ၊ စိတ်လှုပ်ရှားစရာနဲ့ ဗရုတ်သုတ်ခ အခိုက်အတန့်တွေနဲ့ ပြည့်နှက်လာတယ်။ ရုပ်ရှင်က ဆယ်ကျော်သက်တွေရဲ့ သူငယ်ချင်းဆက်ဆံရေး၊ လူကြီးဘဝထဲ ဝင်ရမှာကို ကြောက်ရွံ့နေတဲ့စိတ်၊ ရွေးချယ်မှုတွေအကြောင်း ပေါ့ပေါ့ပါးပါး ဖျော်ဖြေရင်း မက်ဆေ့ချ်တွေလည်း ပေးထားတယ်။ ရုပ်ရှင်က ၁ နာရီ ၅၀ မိနစ်ကြာ၊ ပိုလန်ဘာသာနဲ့ ရိုက်ထားပြီး ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ မှာ ပိုလန်ရုံတွေမှာ ရုံတင်ခဲ့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (2 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Comedy Duration…. 01:52:10 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

4.6 2025 111 mins
Graduation Heist 100 dni do matury