YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Rented in Finland (2024) E19 WEB-DL 720p (CM).mp4

660.67 MB N/A video/mp4 56 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Krishna Vrinda Vihari
5.1

အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ Chalo (2018) ကားမှာ ရက်ရှမီးကားမန်ဒါနားနဲ့အတူတွဲရိုက်ခဲ့တဲ့ တေလဂူမင်းသားချောလေး နာဂရှော်ရီယားရဲ့ရိုမန့် ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... ဒီဇာတ်ကားလေးက အချစ် အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း ဇာတ်အိမ်တည်ထားတယ်ဆိုရင် မမှားနိုင်လောက်ပါဘူး.. ခုခေတ်လူငယ်တော်တော်များများကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ... ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အမဆို ယင်မတောင် မသမ်းဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့.. ရွာမှာ အမေဖြစ်သူက ဩဇာညောင်းတော့ သားဖြစ်သူကို မိန်းကလေးတွေကတောင် စေ့စေ့မကြည့်ရဲကြဘူး.. ဗရင်ဒါးကတော့ မြို့သူတစ်ယောက်ဖြစ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူ...သူ့မိသားစုကလည်း မော်ဒန်ဘဝကို ဖြတ်သန်းနေတဲ့မိသားစု ခရစ်ရှနားဟာ ဗရင်ဒါးကို ချစ်ကြိုက်သွားတဲ့အခါ...။ သူတို့နှစ်ယောက် အဆင်ပြေလာပါ့မလား... ဖြတ်သန်းလာတဲ့ ဘဝချင်းကလည်းမတူ မိသားစုအခြေအနေကလည်းမတူတဲ့အတွက် သူတို့မိသားစုတွေကရော အဆင်ပြေပါ့မလား... သူတို့ဘဝရဲ့ခရီးကြမ်းတွေနဲ့အတူ ပွင့်ချပ်နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်လာနိုင်တဲ့ စွယ်တော်ရွက်လေးလိုပဲ နှစ်ကိုယ့်စိတ်တူဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ File size…2.16GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Jerrica ~ OeliuJ

Action • Comedy • Crime
5.1 2022 139 mins
Krishna Vrinda Vihari
Lyle, Lyle, Crocodile
7.3

IMDb Rating - 6.2/10 Shwan Mendesအသံသရုပ်​ဆောင်အဖြစ်ပါဝင်ထားတဲ့ musical comedyအသစ် Lyle,Lyle,Crocodile ဆိုတဲ့ ကားသစ်​လေး ထွက် လာပါပြီ။ RT - 73%, metacritic - 51%အထိရထားပြီး musical ဖြစ်တာနဲ့ Shawn Mendesက မိ​ကျောင်း​လေးလိုင်းအဖြစ် သီချင်း ​ဆိုပြဦးမှာပါ။ ​မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မ​အောင်မြင်တဲ့ပြကွက် ​တွေ​နဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး ​ပြောင်းလဲ​စေမယ့် ပြကွက်ကိုရှာ​ဖွေဖို့ ကြိုးစား​နေသူ​ပါ။ တစ်​နေ့မှာ တိရစ္ဆာန်အ​​ရောင်းဆိုင်တစ်ခုမှာ သူရှာ​​ဖွေ​နေတဲ့ ပြကွက်တစ်ခုကို ​တွေ့သွားပါတယ်။အဲဒါက​တော့ သီချင်းဆိုတတ်တဲ့ မိ​ကျောင်း​​လေး တစ်​​ကောင်ပါ။ သူ့နာမည်ကို လိုင်းလို့ပေးလိုက်ပြီး ၂​ယောက်တူတူ သီချင်းတိုက်ကာ​ ​အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့​ပေမယ့် ပွဲ​နေ့ကျမှ လိုင်းဆီက ​သီချင်းသံထွက်မလာလို့ ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာ စွန့်ပစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့အချိန်​တွေကြာတော့ ထိုအိမ်ကို ပိုင်ရှင်​သစ်​တွေ​ရောက်လာပြီး လိုင်းကို​တွေ့သွားသလို သူတို့ကြား​ ဗရုတ်သုက်ခ​​မျိုးစုံ ဖြစ်တဲ့အပြင် ပိုင်ရှင်​ဟောင်း ဗဲလန်တီကပါ လိုင်းကိုပြန်လာရှာတဲ့အခါ အိမ်ပိုင်ရှင် အသစ်နဲ့အ​ဟောင်းကြား အဆင်​ပြေပါ့မလား၊လိုင်းက​​ရော ဘယ်လို ပြဿနာ​တွေ ရှာဦးမလဲ။ လိုင်းရဲ့ အဆိုပါရမီကို ဗဲလန်တီနဲ့ အိမ်ရှင် အသစ်​တွေ ဘယ်လို​ဖော်ထုတ်​ပေးပြီး ​အောင်မြင်မှုကို ဘယ်လိုမျိုး ရှာ​ဖွေသွားမလဲဆိုတာ မိသားစုနဲ့အတူ ​ပေါ့​ပေါ့ပါးပါး ကြည့်နိုင်မယ့် Family comedy, musicalကား​လေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို JimXမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.5 GB) / (680 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......CM Team Encoder..........SWM

Comedy • Drama • Thriller
7.3 2022 106 mins
Lyle, Lyle, Crocodile
V/H/S/99
6

အင်တာနက် နဲ့ Youtube တွေမှာတွေ့နေကြ ဖြစ်ရပ်မှန်ပုံစံမျိုး ဝိဉာဉ်သရဲဇာတ်လမ်း ၅ ပုဒ်ကို ကင်မရာနဲ့ မှတ်တမ်းတင်ထားတဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်... ထူးခြားချက်တာကတော့ တစ်ကားလုံးကို Vlog လုပ်နေတဲ့  POV ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပြီး တကယ် ဖြစ်ရပ်မှန်ကိုရိုက်ထားသလိုမျိုး ကြည့်ရတာအတော်လေး သွေးပျက်ဖို့ကောင်းပါတယ်... ကြောက်တတ်တဲ့ သူတွေ တစ်ယောက်ထဲမကြည့်ကြဖို့ ကြိုသတိပေးပါရစေ... ဇာတ်လမ်းက ၅ ပုဒ်ပါမှာဖြစ်တဲ့အတွက် ဇာတ်ညွှန်းကတော့ ဘယ်လိုလဲ ပြောလို့မရပါဘူး ၅ ပုဒ်ရဲ့ ခေါင်းစဉ်ကို အကြမ်းဖျင်းပြောရရင်.... ၁. မကျွတ်လွတ်သေးတဲ့ တီးဝိုင်းအဖွဲ့ ၂. ဂူတီလီ ဒဏ္ဍာရီ ၃. သေမင်းကစားပွဲ ၄. ဘေးအိမ်က မက်ဒူဆာ ၅, ငရဲသို့ အလည်တစ်ခေါက်...တို့ဖြစ်ပါတယ် ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Action • Adventure • Comedy
6 2022 109 mins
V/H/S/99
Agent Game
4.9

မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။ Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။ Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo

Animation • Comedy • Family • Fantasy
4.9 2022 90 mins
Agent Game
The Mystery of Xuannu

CM ရဲ့ ချစ်ပရိသတ်တို့ကို ဒီတစ်ခါမှာတော့ ရှေးခေတ်မှာ ကာကွယ်ရေးနတ်အနေနဲ့ အကိုးကွယ်ခံရတဲ့ ငှက်နတ်သမီး အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းမှာဆိုရင် မျိုးနွယ်အစုသီးသီးကြားက ငှက်နတ်သမီးရွေးချိန်မှာ ကျိုဖုန်းဆိုတဲ့ ဖုန်းမျိုးနွယ်က သမီးပျိုလေးကို ငှက်နတ်သမီးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုပေမယ့် တကယ့် ငှက်သမီးက သက်သက်ရှိနေတယ်ဆိုတာနဲ့ အစချီခဲ့ပါတယ်… ငှက်နတ်သမီးဟာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပေးရမယ့် တာဝန်ရှိသလို အများကလည်း တလေးတစားနဲ့ အရေးတယူ ဆက်ဆံရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့… ဒီလိုအလေးပေးခံရတဲ့အတွက် ငှက်နတ်သမီးမှာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပြီး ထီးနန်းဆက်ခံမယ့် အရှင့်သားရဲ့ မိဖုရားခေါင်အဖြစ် အရှင့်သားနဲ့အတူ နန်းတက်ရမယ်လို့လည်း ယုံတမ်းရှိနေခဲ့တယ်… ဒါကြောင့်လည်း ကုလင်စစ်သူကြီးက သူ့သမီးကို ငှက်နတ်သမီးဖြစ်အောင် လုပ်ထားပြီး ညွှန့်ပေါင်းပြည်ထောင်စုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပေါ့… ဒါပေမယ့် တစ်ဖက်မှာ ဖုဟောင်ဆိုတဲ့ အမျိုးသမီးလေးဟာ မွေးတည်းက သူ့ကိုယ်သူ ငှက်နတ်သမီးလို့ ယုံကြည်နေသူတစ်ယောက်ပေါ့… သူ့ပင်ကိုယ်အရည်အချင်းအရ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံနေသူတစ်ဦးပေါ့… လူသားစားတဲ့ လော့မျိုးနွယ်စုက ပုန်ကန်လာချိန်မှာတော့ တကယ့်ငှက်နတ်သမီးတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်အရ သွေးဆူပြီး မရရတဲ့နည်းနဲ့ ရှေ့ထွက်တိုက်ခဲ့တယ်… အဆုံးသတ်မှာတော့ ဖုဟောင်တစ်ယောက် ငှက်နတ်သမီးအဖြစ် အလေးစားခံရမှာလား… ကုလင်စစ်သူကြီးရဲ့ သမီးကရော ဘာဆက်ဖြစ်မှာလဲ… ညွှန့်ပေါင်းပြည်ထောင်စုကရော ဘာတွေဆက်ဖြစ်မှာလဲ… လော့မျိုးနွယ်တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကရော ဘာတွေတွေဖြစ်လာမှာလဲ… Quality : WEB-DL 1080p , 720p Format : mp4 Genres : History , Drama , War Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK

Drama • Sci-Fi & Fantasy
0 2023 85 mins
The Mystery of Xuannu
Snatch Up
5.8

ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊ အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့ အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။ အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာ သူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီး တိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။ သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်က ဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။ သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက် ရန်ပုံငွေပေးရမှာပါ။ သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့ လူသတ်သမားငှားပါတယ်။ တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲက လောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာ သူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီ ပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီ မှားရောက်သွားရာကနေ ပြဿနာတွေ ပိုရှုပ်လာပါတော့တယ်။ ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကို ဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့ လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့ အသည်းအသန်ကြိုးစားရှာပါတယ်။ တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေ လုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက် ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာ ဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့ အတော်လေးမိုက်ပါတယ်။ နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းက ဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

Comedy • Romance
5.8 2018 101 mins
Snatch Up
Happy Death Day
6.6

Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။ Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။ အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre :Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Thanhtike Zaw

Horror
6.6 2017 97 mins
Happy Death Day
Indiana Jones and the Last Crusade
7.8

BluRay 1080p 5.1 Ch နဲ့ပြန်လည်တင်ဆက်ထားပါပြီ။ IMDb Rating (8.2/10) နဲ့  Rotten Tomatoes (89/100)%  ရရှိထားပါတယ်။ (Indiana Jones and the Last Crusade ဆိုတဲ့ဒီဇာတ်ကားထဲက စိတ်ဝင်စားစရာ ပစ္စည်းကတော့ Holy  Grail ပါ။ တော်တော်များများလဲ ကြားဖူးသိဖူးကြမှာပေါ့။ ဒီခွက်ကို ယေရှုနောက်ဆုံးညစာစားပွဲမှာ သုံးခဲ့တယ်လို့ဆိုကြပါတယ်။ နောက်ပိုင်း ကျမ်းစာအလိုအရ ယေရှုရဲ့သွေးကို Josephက ဒီခွက်နဲ့ပဲ ခံယူခဲ့ပါသတဲ့။ ဒါလဲပဲ ဂျေရူစလင် ကျဆုံးချိန်မှာ ပျောက်ဆုံးတဲ့စာရင်းထဲမှာပါပါတယ်။ တချို့မှတ်တမ်းတွေအရ Templar တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာကို သယ်ဆောင်သွားခဲ့ပြီး လုံခြုံတဲ့ နေရာတခုမှာ ဖွက်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ ဘယ်နေရာလဲဆိုတာတော့ ရေရေရာရာမသိနိုင်တော့ပေမယ့် ဂျေရူဆလင်နဲ့ အနောက်ကမ္ဘာ ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာလို့ပဲ ယူဆရပါတယ်။ ဒီခွက်နဲ့ပတ်သတ်ပြီး နောက်ထပ် တော်တော်ခိုင်မာတဲ့ဇာတ်လမ်းတစ်ပုဒ်မှာတော့ Holy Grail ဆိုတာ ခွက်တစ်ခွက်မဟုတ်ပဲ ယေရှုရဲ့ဇနီး Mary Magdaline ကို လျှို့ဝှက်ခေါ်ဆိုတာလို့ ဆိုပါတယ်။ အကျယ်သိချင်ရင်တော့ Da Vinci Code ရုပ်ရှင်ကို ပြန်ကြည့်ကြည့်ကြပါ။ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို phothagyan ဘလော့မှကူးယူဖော်ပြပါသည်။) File size…(2.1 GB) and (1.6 GB) Quality…BluRay 1080p 5.1 DTS Format…mkv Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy
7.8 1989 127 mins
Indiana Jones and the Last Crusade
Original Gangster
5.5

ဇာတ်လမ်းနာမည်အတိုင်းပဲ ဂန်းစတားတစ်ယောက်ရဲ့ ဘဝဇာတ်အကြောင်းကို မြင်တွေ့ရမယ့် crime movieလေးပါ…။ မိဘနှစ်ပါးလုံး လူမိုက်တွေသတ်တာခံလိုက်ရတဲ့ ကတ်စတာဟာ ငယ်ငယ်လေးကတည်းက တစ်ကောင်ကြွက်ဘဝရောက်ခဲ့ရပါတယ်…။ သူမသေခဲ့ဘူးဆိုတာလည်း လူဆိုးတစ်ယောက်က စိတ်ကောင်းဝင်ပြီး သူ့အသက်ကိုကယ်ခဲ့လို့ပါ…၊ မျက်စိရှေ့မှာတင်မိဘတွေ ဆုံးသွားတော့ သေခြင်းတရားကိုလည်း မကြောက်တော့သလို လောကကြီးကိုလည်း မုန်းတီးနေခဲ့တဲ့ တစ်ကောင်ကြွက်ဇိုးလေးအဖြစ်နဲ့ ခိုးဆိုးလုနှိုက်ရင်း၊ လမ်းတွေပေါ်မှာပဲ မသေရုံတစ်မယ်ရှင်သန်ခဲ့ရပါတယ်…။ ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တက်လာကာ လန်ဒန်မြို့ရဲ့ မြေအောက်မူးယစ် ဂိုဏ်တွေးကြားညှပ်ပါသွားပါတော့တယ်… ဒီလို ဒုစရိုက်လောကမှာ ငယ်ငယ်နဲ့ ဂန်းစတားဖြစ်ခဲ့သူ ကတ်စတာ တစ်ယောက်ဘယ်လိုရှင်သန်မလဲ… ဘယ်သူ့ဆီကဘာတွေသင်ယူရင်း ဘယ်လိုရုန်းကုန်သွားမလဲဆိုတာ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ…။ File size…2.27GB / 783MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2020 110 mins
Original Gangster
[21+] The Female Boss’s Provocations – Suzume Mino (Decensored – DLDSS-154)

ဒီတစ်ခါတော့ ဘာသာပြန်တဲ့အထဲ အလှဆုံးလို့တောင် တင်စားရမဲ့ ယဉ်သကိုအလှနဲ့ မင်းသမီးလေး Suzume Mino ကို တင်ဆက်ပေးလိုက်ပါတယ်…..အေးချမ်းတဲ့မျက်နှာထားလေးနဲ့ ယဉ်ယဉ်လေးလှလွန်းလို့ ထင်ရက်စရာတောင်မရှိလှတဲ့ မင်းသမီးလေးရဲ့ သရုပ်ဆောင်အမူအရာတွေကို တဝကြီးခံစားရမှာပါ…… ဒီ DLDSS-154 ဆိုတဲ့ ကားလေးထဲမှာတော့ ထုံးစံအတိုင်း အထက်လူကြီး မမရယ် မောင်လေးရယ် အလုပ်နဲ့ခရီးထွက်ရင်း ဟိုတယ်တခန်းထဲမှာတည်းမိရာကနေစတဲ့ ဇာတ်လမ်းလေးပါပဲ…..ဇာတ်လမ်းလေးက မထူးဆန်းလှပေမဲ့ သရုပ်ဆောင်ကောင်းပြီး လှလွန်းတဲ့ မင်းသမီးလေးကြောင့် ပရိသတ်ကြီး ကျေနပ်မှုအပြည့်ရစေမဲ့ ဇာတ်လမ်းလေးတော့ဖြစ်နေဆဲပါပဲ……အနုအရွအလှအပတွေကြားက အသံချိုအီအီလေးကို နားဆင်ရင်း ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့….. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…(3 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Eren

Western • Horror • Drama
0 1900
[21+] The Female Boss’s Provocations – Suzume Mino (Decensored – DLDSS-154)
Batman: Gotham Knight
6.6

Batman Gotham knight ‐———————————– ဒီmovie ဟာ batman animated movie ​တွေထဲက ထူးခြားတဲ့ movieတစ်ခုဖြစ်ပါတယ်။ အပိုင်းငယ် ၆ ပိုင်းပါရှိပြီး animation style ၊ story နဲ့ plot မတူညီကြပါဘူး။ အပိုင်းတစ်ပိုင်းစီက ဆာဘတ်တစ်​ယောက် Gotham ရဲ့ protector အ​နေနဲ့ ဘယ်လို​​လေ့ကျင့်ခဲ့တယ် ဘယ်လို အခက်အခဲ​တွေ ​ကိုရင်ဆိုင်လွှားရတယ်ဆိုတာကို မတူညီတဲ့ animation style​တွေနဲ့ပြသ​ပေးသွားမှာဖြစ်တဲ့အတွက် ရှု့စားကြည့်ကြပါဦးခင်ဗျာ… Batman assault on arkham ————————————— ဒီဇာတ်လမ်းက​တော့ Batman ဆို​ပေမဲ့ suicide squad အဖွဲ့ဝင်​တွေဖြစ်တဲ့ Harley Quinn , Deadshot စတဲ့ Batman villain ​တွေကိုအသား​ပေးပြသထားတာဖြစ်ပါတယ်။ storyက​တော့ Riddler ခိုးယူသွားတဲ့ ပစ္စည်းတစ်ခုကိုပြန်ယူဖို့ Amanda Wallerဟာ Suicide squad ကိုထပ်ဖွဲ့စည်းပြီး စိတ္တဇအကျဥ်း​ထောင် Arkhamကို ဝင်​ဖောက်​စေခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Arkham ​က အဓိက villain ​တွေကို ဖမ်းထားတဲ့​နေရာဖြစ်တဲ့အတွက် လုံခြုံ​ရေးကအရမ်းတင်းကြပ်ပါတယ်။ အဲ့ဒါအပြင် ဆာဘတ် ရဲ့ရန်ကိုလဲ ​ကြောက်ကြရတဲ့ suicide squad အဖွဲ့ဝင်​တွေက သူ​တို့ရဲ့ missionကိုဘယ်လိုလုပ်သွားကြမလဲ…. ထုံးစံအတိုင်း mission အပြီး ဘယ်သူ​တွေအသက်ဆက်ရှင်ကြမလဲဆိုတာကို​တော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှု့စားလိုက်ကြပါဦးခင်ဗျာ… File size… 1.7 GB / 667 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Animation/Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jack Senpai

6.6 2008
Batman: Gotham Knight
Clickbait: Unfollowed
5.2

ဆိုရှယ်ပလက်ဖောင်းတစ်ခုရဲ့ တီထွင်သူတစ်ဦးက နယ်ပယ်အသီးသီးမှာ followers 250k စီရှိတဲ့ Influencers ငါးယောက်ကို အိမ်ကြီးတစ်ခုထဲမှာ ဂိမ်းလာကစားဖို့ ဖိတ်ကြားလိုက်ပါတယ်။ သူချပေးတဲ့ ခေါင်းစဉ်နဲ့အညီ contents တွေကို မြန်မြန်ဆန်ဆန် ဗီဒီယိုရိုက်တင်ကာ ပြိုင်ဆိုင်ရတာဖြစ်ပြီး အိမ်ကြီးထဲကနေ အနိုင်ရသူတစ်ဦးတည်းကသာ ထွက်သွားနိုင်မှာဖြစ်ပါတယ်။ လာရောက်ပြိုင်ဆိုင်တဲ့ Influencers ငါးယောက်ထဲက ဘယ်သူက အနိုင်ရပြီး ဘယ်သူတွေကတော့ ကြောက်မက်ဖွယ် ပြစ်ဒဏ်တွေကို ခံရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2024 90 mins
Clickbait: Unfollowed
Blind Waters
5.5

2024 မှာထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony C. Ferrante ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ Thriller ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ မျက်နှာသစ်မင်းသားမင်းသမီးတွေပြောလို့ရမဲ့ Meghan Carrasquillo , Noam Sigler နဲ့ Francisco Angelini တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Valentina နဲ့ Weston တို့စုံတွဲဟာ ကမ်းခြေမြို့တစ်ခုမှာ အပန်းဖြေ ခရီးထွက်ကြရင်း Weston မှာလှေမောင်းလိုင်စင်ရှိတဲ့အတွက် လှေတစ်စီးငှားပြီး scuba diving လုပ်ကြဖို့ ပြင်ဆင်ထားကြပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သူတို့သွားမဲ့နေ့ရဲ့ ညနေပိုင်းမှာ မုန်တိုင်းဝင်ဖို့ရှိနေတဲ့ အတွက် စောစောပြန်လာရမဲ့အပြင် ငါးမန်းမလာတာဆယ့်ငါးနှစ်မျှ ရှိနေပြီ ဖြစ်တဲ့ ဆိပ်ကမ်းမှာ သူတို့သွားကြချိန်မှ ငါးမန်းတစ်ကောင်ပေါ်လာပါတော့တယ်……. File size…1.93GB / 1.13GB Quality…Blu-Ray 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

Mystery
5.5 2024
Blind Waters
Let’s Start a Cult

ဒီရုပ်ရှင်က နာမည်အတိုင်းပဲ cult တစ်ခုထောင်ဖို့ ကြိုးစားကြတဲ့ လူနှစ်ယောက်အကြောင်းကို ဟာသတွေနဲ့ ရောယှက်ပြီး ရိုက်ကူးထားတာပါ။ William က The Cosmic Dynasty ဆိုတဲ့ cult ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Chip ကတော့ cult ထဲက ဘယ်သူမှ သဘောမကျတဲ့ အပယ်ခံ ဖက်တီးလေးတစ်ယောက်ပေါ့။ သူတို့ cultက နောက်ဆုံးမှာ ဘုံဘဝကူးပြောင်းခြင်းဆိုပြီး မိမိကိုယ်ကို အဆုံးစီရင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း William က သူတို့အားလုံး ဘုံမကူးပြောင်းခင် Chip ကို တိပ်ခွေတစ်ခွေပေးပြီး စာတိုက်ပုံးကို သွားပို့ခိုင်းပါတယ်။ ဘာလုပ်လုပ် တလွဲဖြစ်လာတဲ့ Chip က တိပ်ခွေမပို့ရသေးခင် စာအိတ်ပျက်စီးသွားတဲ့အတွက် ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်းအားလုံးသေနေကြပြီးဆိုတော့ သူ့ပစ္စည်းတွေ အကုန်မီးရှို့ပြီး အိမ်ကိုပဲ ပြန်သွားခဲ့ပါတယ်။ အိမ်ကလူတွေနဲ့လည်း အဆင်မပြေပဲ တစ်နေ့ သတင်းထဲမှာ သူတို့ cult အကြောင်းပါလာခဲ့ပါတယ်။ သတင်းကနေ Williamတစ်ယောက် မသေသေးဘဲ ထွက်ပြေးနေမှန်း သိလိုက်ရပြီး လိုက်ရှာခဲ့ပါတယ်။ William နဲ့ တွေ့တဲ့အချိန်မှာ ဒေါသထွက်နေတဲ့ Chip ကို စိတ်ပြေအောင် သူဟာ Chip မပါဘဲ ဘုံမကူးပြောင်းနိုင်လို့ သူ့ကို သေရာကနေ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တာလို့ လိမ်ခဲ့ပါတယ်။ အယုံလွယ်တဲ့ Chip က William ရဲ့ အလိမ်အညာတွေကို ယုံသွားပြီး ဒီတစ်ခါ အမှန်တကယ် cult တစ်ခု အတူတူ တည်ထောင်ကြဖို့ ပြောလာပါတယ်။ ဒီလိုနဲ့ သူတို့ cult ထဲ တစ်ယောက်စ နှစ်ယောက်စ ဝင်ရင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…(1.6 GB)/(936 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Drama • Romance
0 2024
Let’s Start a Cult