YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Renegade.Nell.S01E02.720p.(CM).mp4

398.3 MB 720p video/mp4 310 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rust and Bone
7.2

လက်ဝှေ့သမားဟောင်း အလီဟာ ကြုံရာကျပန်းလုပ်ကိုင်ရင်း အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ အစ်မဖြစ်သူအိမ်ကို သားလေးလက်ကို ဆွဲပြီး ရောက်လာပါတယ်။ ကလပ်တစ်ခုမှာဂိတ်စောင့် အနေနဲ့ လုပ်ကိုင်ရင်း စတပ်ဖ်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။ တစ်နေ့တော့စတပ်ဖ်ဖနီတစ်ယောက် အလုပ်ကမတော်တဆမှုကြောင့် ထိခိုက်သွားချိန် အလီ နဲ့ပြန်ဆက်သွယ်မိသွားတယ် အလီ ဟာလည်း အလုပ်ကအသိတစ်ယောက်ဆက်သွယ်ပေးမှုနဲ့ လက်ဝှေ့ပွဲတွေကို စတပ်ဖ်ဖနီကိုခေါ်သွားပြီး ထိုးဖြစ်တယ်။ ကြုံရာအလုပ်ကို လုပ်ကိုင်ရင်းမိသားစုဝမ်းရေးကို ဖြေရှင်းနေတဲ့ အလီ နဲ့ မတော်တဆမှုကြောင့်စိတ်ဓာတ်ကျနေတဲ့ စတပ်ဖ်ဖနီတို့ ဘဝအခက်အခဲတွေကိုကျော်ဖြတ်ကြပုံ အလီ တို့သားအဖနှစ်ယောက်ရဲ့ သံယောဇဉ်တွေနဲ့ ကံကြမ္မာရဲ့ကျီစားပုံ တို့ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…2.07GB / 823MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….2h Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice

Comedy • Family • Romance
7.2 2012 123 mins
Rust and Bone
I Don't Want to Sleep Alone
6.5

" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် " ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။ မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ အဲဒီလူဟာ စားပွဲထိုးမလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ဟာ ဇာတ်အသွားအလာအကြောင်း ဇာတ်လမ်းအကြောင်းပြောရမှာမဟုတ်ဘဲ ခံစားမှုတွေနဲ့အတူ စီးမျှောရမှာပါ။ Slow Cinema ကို အရမ်းကြီး မရင်းနီးသူတွေအတွက်တော့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေသလို ရုပ်ရှင်အသွားဟာ နည်းနည်းနှေးကောင်းနှေးနေနိုင်ပါတယ်။ ဒါပေမဲ့ ဒိုင်ယာလော့ ခပ်နည်းနည်း၊ Long shot ခပ်များများ သုံးတတ်တဲ့ Tsai Min-liang ရဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီကားကပေးတဲ့ စိတ်ခံစားမှုဟာ အဖိုးဖြတ်နိင်မယ်မထင်ပါဘူး။ ဒီကားထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မွေ့ယာအလယ်ကလူနေရာမှာတော့ ထုံးစံအတိုင်း ဆိုင်းမင်းလျံရဲ့ အချစ်တော်ကောင်လေး လီကန်ရှန်းကပဲ သရုပ်ဆောင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်အစကနေ အဆုံးထိ အများစုသတိမထားမိနိုင်မယ့် နောက်တစ်နေရာမှာလည်း လီကန်ရှန်းပဲ သရုပ်ဆောင်သွားခဲ့တာပါ။ ဒီကားက လူတိုင်းအတွက်မဖြစ်နိုင်ပေမယ့် ဆိုင်းမင်းလျံပရိသတ်မှ ကြည့်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ခံစားတတ်တဲ့သူတိုင်း ဒီကားရဲ့အထိအတွေ့ကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်ဆို ခံစားမှုဆိုတာ လူကသာ အရင်းခံတာပဲ မဟုတ်ပါလား...။ မလေးရှားဆင်ဆာအဖွဲ့က ဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်တွေအတွက် အပျက်သဘောဆောင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာမို့ မလေးရှားပြည်တွင်းမှာတော့ ဆင်ဆာအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ အတိုလေးကိုပဲ ပြခွင့်ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး "Big Six" ထဲက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ Venice Film Festival မှာတော့ ဆုရခဲ့တဲ့ရုပ်ရှင်ပါ။ ကြည့်မလား/မကြည့်ဘူးလားကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Mystery • Thriller
6.5 2006 118 mins
I Don't Want to Sleep Alone
Girl in the Picture
7.3

~ IMDb - 7.3/10, Rotten Tomatoes - 95% ~ ခင်ဗျား ကြားဖူးတယ်မလား။ လက်တွေ့ဟာ စိတ်ကူးယဉ်ထက် ပိုဆန်းကြယ်သတဲ့။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် အများကြီးပိုဆန်းကျယ်တဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်လမ်းပါပဲ။ 1990 ခုနှစ်မှာ မိန်းကလေးတစ်ယောက် ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ဆရာဝန်တွေ စစ်ကြည့်တော့ သူ့ကိုယ်မှာ ကားတိုက်ခံရတာအပြင် တခြားအနာပေါင်းသောင်းခြောက်ထောင် ရှိနေခဲ့တယ်။ ရဲတွေက သွေးရိုးသွေးသား မဟုတ်ဘူးလို့ ယူဆပြီး စုံစမ်းစစ်ဆေးခဲ့ကြတယ်။ ကောင်မလေးရဲ့ ယောက်ျားနဲ့ ကောင်မလေးအလုပ်လုပ်တဲ့နေရာကို စစစ်တော့ ကောင်မလေးယောက်ျားက ကောင်မလေးထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ အဘိုးကြီးဖြစ်ပြီး ကောင်မလေးအလုပ်လုပ်တဲ့နေရာက အဖော်အချွတ်ကလပ်ဖြစ်နေခဲ့တယ်။ ဒီကောင်မလေးနဲ့ပတ်သက်သမျှ ဘာတစ်ခုမှ သွေးရိုးသားရိုး သာမန်ဖြစ်မနေခဲ့...။ ဒီလိုနဲ့ ဆက်စုံစမ်းကြည့်တော့ ဒီမြို့မှာ သူတို့ကို လင်မယားအဖြစ်သိထားကြပေမဲ့ နောက်တစ်မြို့မှာ သားအဖအဖြစ်သိထားကြတာပါ သိလိုက်ရတယ်။ ထူးခြားဆန်းကြယ်စွာပဲ ကိုယ့်သမီးကို ကိုယ်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ရုံသာမက ယူပါယူထားခဲ့တယ်။ သူတို့ရပြီးမွေးထားတဲ့ သားလေးတစ်ယောက်လည်းရှိနေပြန်တယ်။ ငွေရဖို့လည်း ယောက်ျားတကာနဲ့အိပ်ခိုင်းခဲ့တယ်။ ဒီလိုအရှုပ်အထွေးတွေကြားမှာ ခက်ခဲစွာ ရှင်သန်ခဲ့ရတဲ့ ကောင်မလေးဟာ ဘာလို့ သေသွားလဲ၊ အဖေဖြစ်ပြီး ဘာလို့ဒီလိုတွေလုပ်လဲဆိုတာကို ရဲတွေနှိုက်နှိုက်ချွတ်ချွတ်ရှာရင်း မယုံနိုင်စရာကောင်းတာတွေကိုပါ ဆက်သိလာရတဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီပါ။ ဒိုကူမန်ထရီပေမဲ့ ပေါ့ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဟောလိဝုဒ်ရဲ့ အစဉ်အလာကြီးတဲ့ ရုပ်ရှင်သတင်းစာ Variety က ဒီရုပ်ရှင်အကြောင်း ဆောင်းပါးရှည်ကြီးတစ်ခုတ်တရရေးခဲ့သလို Rating တွေလည်းကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒိုကူမန်ထရီသာပြောတယ်၊ twist တွေများလိုက်တာ ဆိုပြီး ဩချရတဲ့ ဇာတ်လမ်းလည်းဟုတ်ပါတယ်။ ဒိုကူမန်ထရီဆိုပေမဲ့ ပုံမှန် thriller ကားတွေထက်တောင် ပိုကြည့်ကောင်းနေတဲ့ ရှားပါးဇာတ်လမ်းပါပဲ။ အသက်၂၀မှာ သေသွားခဲ့ရတဲ့၊ ဖအေက မယားလုပ်ပေါင်းခံခဲ့ရတဲ့ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းထဲက ကောင်မလေးဟာ စိတ်ကောင်းအပြည့်ရှိပြီး ဉာဏ်လည်းကောင်းတဲ့ အဆင့်မြင့်အင်ဂျင်နီယာဘာသာရပ်ကိုတောင် စကော်လာရထားတဲ့ အင်ဂျင်နီယာဖြစ်ဖို့ အိပ်မက်မက်နေတဲ့ ဆယ်ကျော်သက်မလေးပါပဲ။ ရုပ်လေးကလည်း အမှတ်တမဲ့ကြည့်ရင် Carey Mulligan လား ထင်ရတဲ့အထိ ‌ချောပါတယ်။ ခြောက်ပြစ်ကင်းနေတဲ့ ဒီကောင်မလေးရဲ့ နတ်ဆိုးလှောင်အိမ်ထဲက ဆယ်စုနှစ်တစ်ခုကျော်ကို ရင်မောစရာကောင်းအောင်ကို ဒီဒိုကူမန်ထရီဟာ ရိုက်ပြသွားပါတယ်။ ဒိုကူမန်ထရီပေမဲ့ ကလေးမုဒိန်းကောင်တစ်ကောင်ရဲ့အကြောင်းပါ ပါနေတာမို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ ဒိုကူမန်ထရီကြည့်ရပျင်းတဲ့လူတွေတောင် ကြည့်သင့်တဲ့၊ ဒိုကူမန်ထရီကိုမှ မှုခင်းကား အငွေ့အသက်အပြည့်ရနေတဲ့ ထူးခြားတဲ့ ဒိုကူမန်ထရီမို့ ကြုံရခဲတာမို့ ကြည့်ကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 744MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 41Min Genre - Documentary, Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Thriller
7.3 2022 101 mins
Girl in the Picture
Preman
6.4

Preman (2022) ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ သားအဖ နှစ်ယောက်လုံးအတွက် အသက်အန္တာရာယ်နဲ့ ကြုံတွေ့လာတဲ့ အခါမှာတော့ အရင်လို ဘဝမျိုး ပြန်ရောက်ဖို့ အတွက် ဘာတွေကို စတေးပြီး ပျော်ရွှင်မှုကို ရှာဖွေရမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာပဲ ခံစားကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p | 480p File size… 1.5GB | 665MB | 332MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. August

Action • Adventure • Science Fiction • Thriller
6.4 2022
Preman
Take Care of Maya
7.8

Take Care of Maya (2023) ================== IMDb Rating – 7.8/10 Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ကောင်းတစ်ခုဖြစ်ပြီး Rating လည်း 7.8 အထိရထားပါတယ်။ Take care of Maya ဆိုတာ မာယာကိုဝါစကီးဆိုတဲ့ကောင်မလေး အသက်ဆက်ရှင်နိုင်ဖို့ ကြိုးစားရင်း အမေရိကန် ဆေးဘက်ဆိုင်ရာနဲ့ တရားဥပဒေ ရေးရာမှာ အတော်လေးပွဲဆူသွားတဲ့ case ပါ။ မာယာဟာ ငယ်စဉ်ကကျန်းမာပေမယ့် 10 နှစ်သမီးလောက်မှာ ထူးဆန်းတဲ့ အာရုံကြော ရောဂါတစ်ခုကိုခံစားလာရပါတယ်။ CRPS လို့ခေါ်တဲ့ ရောဂါကြောင့်ခြေထောက်တွေလက်တွေ မလှုပ်ရှားနိုင်အောင်ဖြစ်ပြီး ခန္တာကိုယ်အနှံ့ နာကျင်မှုတွေလည်း ဖြစ်လာပါတယ်။ သာမန်ဆေးထိုးဆေးကုနဲ့ပျောက်တဲ့ရောဂါ မဟုတ်ပဲ ကြာလေ ဆရာ၀န်တွေလည်း အဖြေရှာမတွေ့နိုင်အောင် ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဘီရတာကိုဝေါစကီးကိုလည်း စိတ် ပုံမှန်မဟုတ်ဘူးဆိုပြီး စွပ်စွဲပြီး ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့က အုပ်ထိန်းခွင့်ယူလိုက်ပါတယ်။ သောကတွေများနေတဲ့ မိခင်ဘီရတာက အဆုံးစီရင်သွားမှ အမှု ကပိုရှုပ်ထွေးလာပါတော့တယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကောင်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.94 GB) / (596 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Thiha Yan Naing Encoder……….Zin Phyo Aung

7.8 2023 103 mins
Take Care of Maya
Jigen Daisuke
6.2

ဂန္တဝင်သေနတ်သမား တစ်ယောက်ဖြစ်တဲ့ Jigen.Daisukeဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပစ္စတိုတစ်လက်ကိုပဲ သုံးခဲ့တယ်။ ဒီသေနတ်ကို ပြင်ဆင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဒုစရိုက်မြို့တော် Deigyo-gai ကိုရောက်ရှိလာပါတော့တယ်။ Deigyo-gaiဟာ သာမန်ဒုစရိုက်မြို့တော်တင်မကပဲ မကောင်းတာမှန်သမျှ စုပြုံနေတဲ့အပြင်ဖုံးကွယ်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးကရော ဘာဖြစ်မလဲ၊ သေနတ်တစ်လက်ပြင်ဖို့လာရာ ကနေ တစ်မြို့လုံးနဲ့ တစ်ယောက်ရင်ဆိုင်လာရတဲ့အခါမှာ… ဂျပန် mangaတစ်ခုဖြစ်တဲ့ Lupin III series ထဲကArsène lupin IIIရဲ့ အချစ်ဆုံးသူငယ်ချင်းJigen Daisuke ကို Live actionအဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂နာရီအတွင်းမှာ ဘယ်လိုအချိန်ကုန်သွားမှန်း မသိရအောင် အက်ရှင်အကြမ်းစားတွေနဲ့ dark secretတွေပါ ပါတာမို့လို့ ကြည့်ရတာတော်တော်တန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ahorne

6.2 2023 120 mins
Jigen Daisuke
The Canal
5.8

အမျိုးသားဖလင်​မော်ကွန်းတိုက်ရဲ့ ​မော်ကွန်းမှူးဖြစ်တဲ့ ​ဒေးဗစ်ဟာ ဇနီးသည်နဲ့အတူ အိမ်အသစ် တစ်လုံးဝယ်ပြီး အိမ်​ထောင်​ရေးခရီး စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်​နေ့မှာ မော်ကွန်းတိုက်ကို ရဲဌာနက မှုခင်း​ဟောင်း ဖလင်မှတ်တမ်း​​တွေ ​ရောက်လာတာ​ကြောင့် ​ဒေးဗစ် အ​နေနဲ့ စစ်​ဆေးကြည့်ရင်း အဲဒီဖလင်​တွေဟာ သူတို့လက်ရှိနေ​တဲ့ အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းအ​ကြောင်း ရိုက်ကူးထားတာဖြစ်​နေပါတယ်။ မှုခင်းက​တော့ ​​၁၉၀၂နှစ်တုန်းက အမျိုးသားဖြစ်သူက သူ့မိန်းမကို သတ်ဖြတ်ခဲ့တဲ့အမှုပါ။ အဆိုပါအမှုဟာ သူ့စိတ်ထဲမှာ တချိန်လုံးစွဲ​နေခဲ့သလို သူ့အိမ်ထဲမှာ လူရိပ်လူ​ခြေ​တွေ အမြဲမြင်​တွေ့​နေရလို့ စိတ်က​ယောင်​ချောက်ခြား ဖြစ်လာတဲ့ဒေးဗစ်တစ်​ယောက်ဟာ တစ်​နေ့မှာ​တော့ မိန်းမဖြစ်သူရဲ့ ​ဖောက်ပြန်မှုကို မျက်ဝါးထင်ထင်မြင်​လိုက်ရပါတယ်။ ကံဇာတာက ဒီ​လောက်နဲ့ မပြီးဘဲ မိန်းမဖြစ်သူ ​သေဆုံးခြင်းနဲ့မှ အဆုံးသတ်သွား တဲ့အခါ မိတဆိုးသား​လေးနဲ့ ​​ဒေးဗစ်တို့ဟာ ဇနီးသည်ရဲ့သေခြင်းနဲ့ သူတို့အိမ်ရဲ့ ဆက်စပ်မှု​တွေကို ​ဖော်ထုတ်​ဖြေရှင်းရင်း အ​မှောင်ထု ထဲကို တစ်စတစ်စတိုးဝင်သွားမိပါ​တော့တယ်။ File size…1.16GB / 488MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

5.8 2014 93 mins
The Canal
Blood Vessel

Netflix ကနေ ဒီဇင်ဘာလ ၈ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာဘီတို့နေထိုင်တဲ့ မြို့ကလေးမှာ Axis ရေနံကုမ္ပဏီရဲ့ ရေနံယိုဖိတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သဘာ၀ပတ်၀န်းကျင်ပျက်စီးညစ်ညမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ အာဘီရဲ့ဇာတ်လမ်းကတော့ လူငယ်တွေရဲ့ ထကြွပုန်ကန်မှုနဲ့ မဆက်စပ်နေပါဘူး။ အာဘီရဲ့ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းပါ။ အာဘီမှာ အိုရင်လို့ခေါ်တဲ့ ချစ်ရတဲ့အမျိုးသမီးတဦးရှိပါတယ်။ ဒါပေမဲ့ သမီးထိ ဓားကြည့် ဆိုတဲ့ အိုရင်ရဲ့အဖေဟာ အာဘီရဲ့ အိုရင်ကို လုံး၀သဘောမတူဘဲ သမီးဖြစ်သူကို တရပ်တကျေးကိုပို့ဆောင်ဖို့ စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လမ်းတွေပေါ်မှာ ဆူပူအုံကြွမှုတွေဖြစ်နေစဉ်ကာလကြီးမှာ အာဘီတယောက်ဟာ အိမ်ထဲမှာပိတ်လှောင်ခံထားရတဲ့ အိုရင်ကို ကယ်ထုတ်ရင်း ခိုးပြေးရပါတော့တယ်။ ဒီလိုနဲ့ အာဘီနဲ့အိုရင်တို့ဟာ အကြောင်းတိုက်ဆိုင်ပြီး တခြား လူလေးဦးနဲ့အတူ တခြားနိုင်ငံကိုသွားမယ့် သင်္ဘောရဲ့၀မ်းဗိုက်ခန်းထဲမှာ မှောင်ခိုလိုက်သွားဖို့ အကြောင်းဖန်သွားပါတော့တယ်။ ဒီလိုနဲ့ ဆယ်ပေပတ်‌လည်လောက်ပဲကျယ်တဲ့ ပြည်ပနိုင်ငံကိုရောက်ရှိဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့ အာဘီနဲ့ အိုရင် အပါအ၀င် လူခြောက်ဦးဟာ သမုဒ္ဒရာထဲမှာစောင့်ဆိုင်းနေတဲ့ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ကအရမ်းကြီးမရှုပ်ထွေးနေပေမဲ့ ဇာတ်အိမ်တော်တော်ခိုင်တဲ့အထဲ ပါတယ်လို့ပြောရပါမယ်။ ဇာတ်ကြောင်းဟာ အာဘီနဲ့ အိုရင်နှစ်ယောက်တည်းရဲ့အကြောင်းအပြင် နောက်ထပ်လိုက်ပါလာခဲ့တဲ့ လူလေးယောက်ရဲ့အကြောင်းကိုပါ ထည့်ရိုက်ထားပါတယ်။ အာဘီနဲ့ အိုရင်ကို အိုရင်ရဲ့ချစ်ခြင်းကို အဖေဖြစ်သူက ဘာကြောင့် ခါးခါးသီးသီး တားမြစ်ကန့်ကွက်ရတာလဲ၊ သင်္ဘောပေါ်က နောက်ထပ်ခရီးသွားလေးဦးကရော ဘယ်လိုအကြောင်းတွေကြောင့် ဒီသင်္ဘော၀မ်းဗိုက်ထဲကနေ အတူလိုက်လာဖို့ အကြောင်းဖန်လာခဲ့ရတာလဲ၊ မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးတွေ ကျရောက်လာတဲ့အခါမှာ‌ရော ဒီခြောက်ယောက်ဟာ ရှင်သန်နိုင်ပါ့မလားဆိုတာကို ထိတ်တလန့်လန့်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2023
Blood Vessel
Becoming Jane
7

IMDb rating – 7 Rotten Tomatoes – 58% “ငါတို့တွေ အတူမရှိနိုင်ရင် ဘဝက ဘာအဓိပ္ပါယ်ရှိမှာလဲ” ဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာပေမယ့် စာရေးဆရာမဖြစ်ချင်တဲ့ ဂျိမ်းအော်စတန်တစ်ယောက်။ သူ့အမေက မိသားစုငွေကြေးကြပ်တည်းနေလို့ သူဌေးမကြီးရဲ့ တူနဲ့ လက်ဆက်ပေးချင်နေပါတယ်။ ဒါပေမဲ့ ဂျိမ်းက အိမ်ထောင်မပြုရဖို့အရေး ဆန့်ကျင်နေတုန်းမှာ လန်ဒန်ကနေ တွမ်လက်ဖွိုင်းဆိုတဲ့လူတစ်ယောက် ရောက်လာပါတယ်။ စစတွေ့ကတည်းက အဆင်မပြေခဲ့တဲ့နှစ်ယောက်က အချိန်ကြာလာတဲ့အမျှ သံယောဇဉ်တွေ တွယ်မိလာပါတော့တယ်။ ဒီလိုနဲ့ ဂျိမ်းက အချစ်ကိုပဲရွေးချယ်သွားမလား မိသားစုကိုငဲ့ညှာပြီး မိဘသဘောတူတဲ့လူနဲ့ပဲ လက်ထပ်သွားမလား… UK စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Jane Austen ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Alice in wonderland မှာ White Queen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Anne Hathawayနဲ့ X-manမှာ Professor Charles အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား James McAvoy အပြင် Harry Potter ထဲက Professor McGonagall ဖြစ်တဲ့ Maggie Smithတို့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲဖြစ်ပါတယ် File size… 1.3 GB / 620 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2 h Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7 2007
Becoming Jane
Subject 101

ဆီးရီးယားက ဒုက္ခသည်ဖြစ်သူ ဘန်နီက ဥရောပကို ခြေလှမ်းသစ် စတင်ဖို့ ရောက်ရှိလာခဲ့ပြီး အလုပ်ရှာဖို့ ကြိုးစားခဲ့ပေမဲ့ အိမ်ခြေမဲ့ဖြစ်နေတာမို့ အလုပ်ရနိုင်ဖို့ အခက်အခဲဖြစ်နေခဲ့ပါတယ်။ အမြဲတမ်းနေရပ်လိပ်စာ မရှိလို့ အခက်တွေ့နေတဲ့ သူ့ကို အလုပ်အကိုင် ရှာဖွေရေး အင်ဂျင်စီက သူတို့ရဲ့အိမ်ရာစီမံကိန်းတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ နေစရာရသွားပြီး အလုပ်လည်းရသွားလို့ ကြိုးစားပမ်းစားနဲ့ နေ့ရက်တိုင်းကို ကြိုးစားဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ သူ နေနေတဲ့အခန်းက ထင်သလောက် မရိုးရှင်းမှန်း ရိပ်စားမိသွားပါတော့တယ်။ အဲဒါကတော့ သူ အိပ်ရာက နိုးလာရင် ညဘက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက အိပ်မက်လိုလို တကယ်လိုလိုနဲ့ မရေမရာဖြစ်ဖြစ်နေပြီး သူ မရောက်ခင် အခန်းမှာ နေခဲ့တဲ့ သူကလည်း စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးပြီး အစအန ရှာမရအောင် ပျောက်ဆုံးသွားခဲ့တယ်ဆိုတာပါပဲ။ အလုပ်ထွက်လိုက်ရင်လည်း နေစရာကဆုံး၊ အဲဒီမှာပဲ ဆက်နေရင်လည်း သူ့အတွက် အန္တရာယ်ရှိလာနိုင်တာမို့ ဆုတ်လည်း စူး၊ စားလည်း ရူး အခြေအနေကနေ လွတ်မြောက်အောင် သူ ဘယ်လိုရုန်းထွက်မလဲ.. ပျောက်ဆုံးသွားတဲ့ အရင်နေခဲ့တဲ့သူကရော ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတာလဲ.. အဲဒီအခန်းရဲ့ လျှို့ဝှက်ချက်ရော ဘာများလဲ.. သူကရော နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.4 GB)/(650 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror • Thriller
0 2022 86 mins
Subject 101
Kismat
8

Kismat (2024) “ကံကြမ္မာ” ============================ Cmပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ တေလဂူးစကားပြော မှုခင်းဟာသရုပ်ရှင်သစ်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ရွာငယ်လေးတစ်ခုမှာ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ လူငယ်သုံးယောက်ရှိကြပါတယ်။ သူတို့ဟာ အင်ဂျင်နီယာတွေဖြစ်ကြပေမဲ့ ဘွဲ့ရပြီး နှစ်တွေကြာတဲ့အထိ အလုပ်အကိုင်မရှိတာကြောင့် မိသားစုတွေက အမြင်မကြည်ကြတဲ့အတွက် မြို့တက် အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။ အင်ဂျင်နီယာကျောင်း ထောင်ချီရှိနေပေမဲ့ အလုပ်အကိုင်အခွင့်အလန်းက ရာဂဏန်းတောင်မရှိတဲ့အတွက် သူတို့အလုပ်မရကြပါဘူး။ ဒီလို ပေါပေါပဲပဲအင်ဂျင်နီယာကျောင်းတွေကို ဖွင့်ထားတာကတော့ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတွေပါပဲ။ ဒီလိုနဲ့ ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်တွေကိုအသုံးချပြီး သူငယ်ချင်းသုံးယောက် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် နိုင်ငံရေးသမားဆီက ပိုက်ဆံခိုးဖို့ကြံကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Comedy • Crime
8 2024 128 mins
Kismat
Srimulat: Hidup Memang Komedi
7.1

Srimulat.Hidup.Memang.Komedi ဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကို မြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေ ကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့ အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့ တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာ ဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေ ဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင် ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Biography, Comedy, Drama Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

Action • Drama • Mystery
7.1 2023
Srimulat: Hidup Memang Komedi
Unfinished
5.8

Unfinished (2018) ၁၉၈၆ ခုနှစ် စစ်အေးတိုက်ပွဲအပြီးမှာ တောင်၊မြောက် ကိုရီးယားနဲ့ အရှေ့၊အနောက်ဘာလင်နိုင်ငံရေးအရှုပ်တော်ပုံတွေ ပေါ်ပေါက်လာခဲ့ပါတယ် ဒီရုပ်ရှင်ကတော့ အဲဒီခေတ်က တောင်၊မြောက်ကိုရီးယား သူလျှိုတွေ ဂျာမနီနိုင်ငံမှာ ခြေရှုပ်တဲ့အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ် အိုယောင်မင်းက သုတေသနပဲလုပ်ချင်တဲ့ ပါမောက္ခဖြစ်ပေမဲ့ သူများရဲ့ လှည့်ဖျားခြင်းကိုခံရပြီး မြောက်ကိုရီးယားသူလျှိုအဖြစ်နဲ့ ဂျာမနီကို ရောက်လာခဲ့ပါတယ် ဖြစ်ချင်‌တော့ သူက သူလျှိုဆိုတာကို ဖော်ထုတ်ခဲ့လို့ မိသားစုကို ပြန်ပေးဆွဲခံရပြီး သူ့ရဲ့မိသားစုဝင်တွေကို ပြန်ကယ်တင်ဖို့ကြိုးစားသွားမှာပါ သူလျှိုတွေပြည့်နေတဲ့နိုင်ငံမှာ မိသားစုကိုကယ်တင်ဖို့က တော်တော်ခက်ခဲပါတယ် ဒါပေမဲ့ အိုယောင်မင်းကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ကယ်တင်ခဲ့ပါတယ် အဆုံးမှာတော့ မိသားစုဝင်တွေနဲ့ ပြန်တွေ့နိုင်မလားဆိုတာကို ကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1GB | 508MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Action • Adventure • Science Fiction
5.8 2018
Unfinished
One Piece: Clockwork Island Adventure
6.6

One Piece: Clockwork Island Adventure (2001) My Anime List – 7.08/10, IMDB Rating – 6.6/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ movie ကောင်းလေးကတော့ One Piece Animation Series ရဲ့ ၂၀၀၁ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ ၂ ကားမြောက် movie လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဝရမ်းပြေးအဖြစ် ဆုကြေးငွေထုတ်ခံလိုက်ရတဲ့ Luffy တို့အုပ်စုက ကမ်းခြေတစ်ခုမှာ ပျော်ပွဲစားထွက် အနားယူနေရင်း Going Merry ဆိုတဲ့ သူတို့ရဲ့ ပင်လယ်ဓားပြသင်္ဘောကြီး အခိုးခံလိုက်ရပါသတဲ့။ ဘယ်သူခိုးသွားလဲဆိုတာ မသိဘဲ သူခိုးနောက်ကို လိုက်ကြရင်း ပင်လယ်ထဲမှာပဲ BorĹŤdo နဲ့ ‌Akisu ဆိုတဲ့ သူခိုးညီနောင်နဲ့ တွေ့သွားကြပါတယ်။ အဲဒီ သူခိုးညီနောင်နဲ့ တွေ့ပြီး သူတို့သင်္ဘောကို ခိုးသွားတာ နာရီစက်ကျွန်းပေါ်က Trump ပင်လယ်ဓားပြတွေဆိုတာ သိခဲ့ရပြီး BorĹŤdo တို့ ညီအစ်ကိုကလည်း အဲဒီနာရီစက်ကျွန်းပေါ်က စိန်နာရီဆိုတဲ့ ရတနာကို ခိုးချင်နေတာဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင်လယ်ထဲမှာ Trump မောင်နှမတွေရဲ့ ပင်လယ်ဓားပြအုပ်စု‌နဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီး Luffy တို့အုပ်စုထဲက Nami San ဆိုတဲ့ အလှလေးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စိန်နာရီကို ခိုးချင်တဲ့ BorĹŤdo ညီနောင်နဲ့ Nami San နဲ့ သူတို့ရဲ့ သင်္ဘော Going Merry ကို ပြန်လိုချင်တဲ့ Luffy တို့အုပ်စုဟာ နာရီစက်ကျွန်းကို အတူသွားဖို့ ဖြစ်လာကြတဲ့အခါ… ပန်းတိုင်တူနေကြတဲ့ အုပ်စုတွေ နာရီစက်ကျွန်းပေါ်က ထောင်ချောက်တွေအပြည့်ရှိနေတဲ့ Trump ရဲတိုက်ကို ဘယ်လို အရောက်သွားကြမလဲ Nami San နဲ့ Going Merry သင်္ဘောကိုရော Luffy တို့က ပြန်ရနိုင်ပါ့မလား၊ စိန်နာရီကိုရော BorĹŤdo ညီနောင်ကခိုးနိုင်ပါ့မလားဆိုတာ စိတ်ပါဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး သူငယ်ချင်းအုပ်စုတွေကြားက သံယောဇဥ်တွေ၊ ဘယ်လိုတွေ ပူးပေါင်းတိုက်ခိုက်ကြလဲဆိုတာအပြင် One Piece ရဲ့ ထုံးစံအတိုင်း Luffy တို့ သူငယ်ချင်းအုပ်စုရဲ့ စခွီတွေလည်းပါဝင်တော့ တစ်ကားလုံး မပျင်းရဘူးဆိုတာတော့ အ‌သေအချာပါပဲ။ စီးရီးမကြည့်ဖူးတဲ့ လူတွေအတွက်လည်း အဆက်အစပ်မရှိဘူးလို့ မခံစားရလေအောင် တစ်ကားတည်းမှာပဲ အစအဆုံး အကုန်ပြီးစီးတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး စီးရီးကြည့်ပြီးသား သူတွေအနေနဲ့လည်း အသစ်အဆန်းလေးဖြစ်အောင် ဒီ movie လေးကို ကြည့်ရှုဖို့ ဖိတ်ခေါ််အပ်ပါတယ်ရှင်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲဖြစ်ပါတယ်) File size… 1.4 GB / 620 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 55m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by ttmuswe

Drama • History
6.6 2001 60 mins
One Piece: Clockwork Island Adventure