YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Remember You_S01E04.CM.mp4

638.1 MB N/A video/mp4 679 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Huntsman: Winter's War
6.3

IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler မဖြစ်စေဖို့ ဒီလောက်ပဲညွှန်းပါရစေ Snow White ကားမကြည့် ရသေးသူကလည်း ပြန်လည်ကြည့်ရှုသင့်ပါတယ်။ အဲ့ဒါဆိုရင် ဇာတ်အိမ်တစ်ခုလုံးကိုပိုပြီးနားလည်လာပါ လိမ့်မယ်။ တရုတ်စာတွေတွဲလျှက်ပါနေပေမယ့် ရုပ်ထွက်က HD ဖြစ်နေတာကြောင့်အတတ်နိုင်ဆုံး အဆင် ပြေအောင်တင်ဆက်ပေးထားပါတယ်။ (ဒီဇာတ်လမ်းကိုဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Wai Yan M ပဲဖြစ်ပါတယ်။) File Size - 1 GB Translated By Wai Yan M Encoded By San Win Maung

Action • Crime • Horror • Thriller
6.3 2016 114 mins
The Huntsman: Winter's War
Jailbreak Pact
7

Jailbreak Pact (2020) ~ IMDb – 7/10, Rotten Tomatoes – 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 15Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Action • Adventure • Science Fiction
7 2020
Jailbreak Pact
Raaz
6.6

Raaz (2002) Horror/Drama IMDb 6.6/10 (3.6K) ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းတစ်ကားကို ရှာနေတယ်ဆိုရင်တော့ မင်းသမီး ဗီပါရှားဘာဆူးရဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ… ဒီဇာတ်ကားလေးမှာ အချစ် အလွမ်း အဆွေး ရသမျိုးစုံပါနေတဲ့အပြင် သီချင်းလေးတွေလည်း ကောင်းလို့ ဘောလီဝုဒ်သီချင်းကြိုက်တဲ့သူတွေ နှစ်သက်စေမှာ အမှန်ပါပဲ… အာဒစ်သယားနဲ့ ဆန်ဂျနားဟာ ပြတ်တော့မယ့်ဆဲဆဲ သူတို့ရဲ့အိမ်ထောင်ရေးလေးတည်မြဲဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုပေးချင်တဲ့အနေနဲ့ သူတို့ရဲ့အချစ်တွေစတင်ပေါက်ဖွားရာ အူတီမြို့လေးကို ထွက်လာခဲ့ပါတယ်.. အဲ့ဒီမှာပဲ ညညဆို ဆန်ဂျနားဟာ မိန်းကလေးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်သံနဲ့ သေနတ်သံတွေကို ညတိုင်းလိုလိုကြားနေခဲ့ရပါတယ်… အဲ့ဒီအသံတွေကလည်း သူမတစ်ယောက်တည်းကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ မကြားရပါဘူး… တစ်စတစ်စနဲ့ တဖြည်းဖြည်း အသံတွေဟာ နီးကပ်လာတဲ့အခါမှာတော့…..

Drama • Romance
6.6 2002
Raaz
Catering Christmas
6.8

Catering Christmas (2022) ~ IMDb rating – 6.8/10 ~ ခရစ်စမတ် Vibe ဇာတ်လမ်းလေးတွေဆိုတာက Christmas အနားနီးလေလေ ကြည့်ရတာ ပိုပြီး အရသာရှိလေလေပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် အသစ်စက်စက် ခရစ်စမတ် အချစ်ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲမှာ မော်လီ ဆိုတဲ့ကောင်မလေးဟာ Molly’s Menu Magic ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ကို စဖွင့်ထားပြီး မြို့မှာရှိတဲ့ ပွဲလမ်းသဘင်တွေမှာ အကျွေးအမွေး service ပေးသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလေး နာမည်ရလာဖို့ လုံးပန်းနေရတာကြောင့် ရည်းစားထားချိန်မရှိဘဲ ခရစ်စမတ်အားလပ်ရက်မှာတောင် အနားမယူဘဲ အလုပ်လုပ်တဲ့ ရည်မှန်းချက်ကြီးသူလေးဖြစ်ပါတယ်။ မော်လီတို့မြို့လေးမှာ “ဟယ်ရစ်ဆင်န်” ဆိုတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိပြီး လူထုအကျိုးပြု အဖွဲ့စည်းတစ်ခုဖြစ်တာကြောင့် တစ်နယ်လုံးက လူတွေဟာ ဖောင်ဒေးရှင်းကို ဦးဆောင်တဲ့ မိသားစုကို အလွန်ချစ်ခင်ကြပါတယ်။ ဖောင်ဒေးရှင်းကို လက်ရှိဦးဆောင်နေတာက ဂျီးန်ဟယ်ရစ်ဆင်န် ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး တူဖြစ်သူ “ကာဆင်န်” ကို လုပ်ငန်းတွေလွှဲပေးပြီး အငြိမ်းစားယူဖို့ အကြံမျိုးစုံထုတ်နေသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာရှိတာက ကာဆင်န်ဟာ ဖောင်ဒေးရှင်းကို ဦးဆောင်ဖို့ လုံးဝဝါသနာမပါဘဲ လွတ်လွတ်လပ်လပ် ကမ္ဘာပတ်လို့ရတဲ့ ဓာတ်ပုံဆရာအလုပ်ကိုသာ ခုံမင်သူတစ်ယောက် ဖြစ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဟယ်ရစ်ဆင်န် ဖောင်ဒေးရှင်းရဲ့ ခရစ်စမတ်ညစာစားပွဲအတွက် အကျွေးအမွေးတာဝန်ခံအဖြစ် မော်လီတို့ဆိုင်ကို ရွေးချယ်လိုက်တဲ့အခါ မော်လီနဲ့ ကာဆင်န်တို့ ရေစက်ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို ကံဇာတ်ဆရာရဲ့ ကြိုးဆွဲမှုကြောင့် လောကကြီးကို အမြဲတမ်း မှန်ဘီလူးကနေတဆင့်ပဲ ကြည့်တတ်တဲ့ ကာဆင်န်တစ်ယောက် သိပ်လှတဲ့ ထက်ထက်မြက်မြက် စားဖိုမှူးမလေး မော်လီ ကို ချစ်မိသွားတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲဆိုတာ ချမ်းစီးစီး ညချမ်းထဲ စောင်ကိုက်ရင်း ကြည့်လိုက်ကြပါဦးလို့… (ဒီဇာတ်ကားနဲ့အညွှန်းကို Thar Htet မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 590MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 26Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Thar Htet Encoded by Y

6.8 2022 85 mins
Catering Christmas
Sharpay’s Fabulous Adventure

Sharpay’s Fabulous Adventure (2011) ~ Rotten Tomatoes – 60% ~ Disney Musical Movie တွေ ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် 2011 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ နာမည်ကြီး Musical Movies တွေဖြစ်တဲ့ High School Musical တွေထဲက ကာရိုက်တာတစ်ယောက်ဖြစ်တဲ့ Sharpay Evans ကို မူလသရုပ်ဆောင်နဲ့ပဲ သက်သက်ခွဲထွက်ပြီး ရိုက်ကူးထားတာပါ။ ရှာပေဟာ သူတို့နယ်မြို့လေးက Country Club မှာ ခွေးလေးဘွိုင်နဲ့အတူတကွ ဖျော်ဖြေတာကို Broadway က နာမည်ကြီးဒါရိုက်တာက တွေ့ပြီး သဘောကျတဲ့အတွက် လူရွေးပွဲ ၀င်ပါဖို့ ကမ်းလှမ်းခံရပါတယ်။ Musical အသစ်မှာ ပါ၀င်သရုပ်ဆောင်မယ့် Star က သူအရမ်းကြိုက်တဲ့ Idol အမ်ဘာလီအာဒမ်စ်ပါတဲ့။ ရှာပေက သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ Broadway ပြဇာတ်ရုံကြီးရှိတဲ့ နယူး‌ယော့ခ်မြို့တော်ကြီးကို သွားချင်ပေမယ့် ဖခင်ဖြစ်သူက စိတ်မချပါဘူး။ သူ့သမီးအဆင်သင့်မဖြစ်သေးမှာကို စိုးရိမ်တာလည်းပါတာပေါ့။ ဖခင်သဘောတူအောင် အစစအရာအရာ စီစဉ်ပြပြီးတော့ ရှာပေက အပေးအယူတစ်ခုနဲ့ မိဘတွေရဲ့ခွင့်ပြုချက်ကိုရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သူလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ အချိန်တစ်လရမှာဖြစ်ပြီး သူ့အစီအစဉ်မအောင်မြင်ခဲ့ရင် အိမ်ကိုပြန်လာပြီး သူ့အဖေအတွက် အလုပ်လုပ်ပေးဖို့ပါ။ ဒီလိုနဲ့ အပေးအယူလုပ်ပြီး Broadway မှာ လူရွေးပွဲဖြေဖို့သွားတဲ့အခါမှာတော့ သူထင်သလို ဒါရိုက်တာက သူ့ကို သရုပ်ဆောင်အနေနဲ့ လိုချင်တာမဟုတ်ဘဲ ခွေးလေးဘွိုင်ကို လိုချင်တာဖြစ်နေပါတယ်။ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ ရှာပေက သူ့ခွေးလေးကို လူရွေးပွဲမှာ ပါခွင့်ပေးမှာလား၊ လူရွေးပွဲမှာရော ဘယ်သူနဲ့ အပြိုင်နေရာလုရဦးမှာလဲ၊ သူ့ Idol အမ်ဘာလီကရော လက်‌တွေ့မှာ သူမလေးစားအားကျရသလိုမျိုးပဲလားဆိုတာကတော့… ပန်းရောင်ကြိုက်တဲ့ကောင်မလေးတွေ အကြိုက် ပန်းရောင်အပြင်အဆင်တွေအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပြီး Disney Style Musical သီချင်းကောင်းလေးတွေကိုပါ ခံစားနားဆင်ကြည့်လို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 705MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2011 90 mins
Sharpay’s Fabulous Adventure
Our Idiot Brother
6.4

ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ File size…(1.6 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

6.4 2011
Our Idiot Brother
Oh My School!
6.9

သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကိုနှစ်သက်တဲ့သူ တွေအတွက် ကာတွန်းကားကောင်းလေး ကြည်ရှုလို့ရပါပြီ…. ကျောင်းမှာ အဆိုးဆုံးအတန်းလို့နာမည်ကြီးတဲ့အတန်းက အဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်း ကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး…. ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီး ထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကို အရမ်းလိုချင်လို့ကြိုးစားနေသူဆရာမတစ်ယောက်… ဆိုးသွမ်းတဲ့ ဝမ်ချန်တို့အဖွဲ့နဲ့ ဆရာမရှီးကတော့ အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ် တစ်နေ့ သူတို့နှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်…. ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ… ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား… ခန္ဓာကိုယ်လဲသွားလို့ဖြစ်လာတဲ့ပြသာနာတွေကိုရောဘယ်လိုရင်ဆိုင်မလဲ… ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား..ဆိုတာကိုတော့ ဇာတ်လမ်းကို ကြည့်ရှုခံစားပေးကြပါဦးနော်….

Thriller • Drama
6.9 2023 91 mins
Oh My School!
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
Would You Kill for Me? The Mary Bailey Story
6.4

သားသမီးဆိုတာ မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သူရဲကောင်းကြီးတွေ ဖြစ်ကြသလို မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သားသမီးတွေလဲရှိကြပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Would You Kill for Me? The Mary Bailey Story ဆိုတဲ့ဇာတ်ကားနာမည်အတိုင်း အမေ့အတွက် သမီးလူသတ်ပေးနိုင်မလား ဆိုတဲ့အကြောင်းအရာလေးကို စိတ်ဝင်စားစရာကောင်းအောင် ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ လက်ရှိမှာ IMDb Rating 6.3 ရရှိထားပြီး တကယ်လည်းကြည့်လို့အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ အိမ်တစ်အိမ်မှာ ပထွေးနဲ့ မိန်းမနဲ့ သားသမီးတွေကြားက အော်ဟစ်ဆူညံသံတွေကို တွေ့ရမှာဖြစ်ပြီး တစ်ခဏ အကြာမှာတော့ သေနတ်သံတစ်ချက်နဲ့ အတူအရာအားလုံးက ငြိမ်သက် သွားပါတော့တယ်။ခဏအကြာမှာတော့ ရဲတွေရောက်ရှိလာပြီး ပထွေးဖြစ်သူ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရပါတော့တယ်။ အဲ့လို သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဘယ်သူလည်းဆိုတာကို သိဖို့အတွက် မယ်ရီ အပြင် သူ့အမေဖြစ်သူ ဗရော်နီကာနဲ့ အဖွားဖြစ်သူတို့ကို စခန်းမှာ ထိန်းသိမ်းထားခဲ့ပါတော့တယ်။ ဘယ်သူဆိုတာ သဲသဲကွဲကွဲ အဖြေမပေါ်တဲ့အတွက် တရားရုံးတင်ပြီးစစ်ဆေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်ရဲ့ တစ်ယောက်ချင်းစီပြောပြပုံတွေကို နောက်ကြောင်းပြန်တဲ့ အနေနဲ့ကြည့်ရှုပြီး နောက်ဆုံးမှာတော့ တကယ်တမ်းပထွေး ဖြစ်သူကို သတ်ခဲ့တာ ဇာတ်ကားနာမည်အတိုင်း မယ်ရီဖြစ်နေမလားဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 624MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
6.4 2023
Would You Kill for Me? The Mary Bailey Story
Under Paris
5.5

၂၀၂၄ ဇွန်လ ၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Paris Under ရုပ်ရှင်ကတော့ Action၊ Drama၊ Horror၊ Thriller အမျိုးအစားစုံလင်လှတဲ့ငါးမန်းရုပ်ရှင်သစ်ဖြစ်ပါတယ်။ ၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့် အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွ လှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင် ရောက်နေတာကို သိရှိလိုက်ရပါတယ်။ အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးက သားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့ မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပ သွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင် ကြိုးစားကြရပါတော့တယ်…. File size…3.23GB / 1.49GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024
Under Paris
A Tour Guide
6.6

A Tour Guide (2023) ******************* Less Than Evil ဇာတ်ကားနဲ့ လူသိများလာတဲ့ မင်းသမီး Lee Seol ရဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်စကား တတ်ကျွမ်းထားပြီး စကားပြန် လက်မှတ်ပါ ရရှိထားတဲ့ ဟန်ယောင်း(Lee Seol)ကတော့ ကိုရီးယားမှာ ခရီးသွား စကားပြန်အဖြစ် လုပ်ကိုင်ရင်း နေထိုင်နေတဲ့ ကောင်မလေးပါ။ မြောက်ပိုင်းကနေ ပြောင်းရွှေ့လာတဲ့ ဟန်ယောင်းဟာ စကားပြန် အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း တောင်ကိုရီးယားနိုင်ငံမှာ နေသားကျအောင် ကြိုးစားခဲ့ပေမဲ့လည်း မောင်လေးနဲ့ အဆက်အသွယ်ပြတ်တောက်သွားတဲ့ အချိန်ကစပြီး စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါအပြ် တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံကြားက နိုင်ငံရေး တင်းမာမှုတွေကြောင့် ခရီးသွား အရေအတွက်ကလည်း လျော့နည်းလာပြီး ဟန်ယောင်းရဲ့ စားဝတ်နေရေးကိုပါ ထိခိုက်လာခဲ့ပါတယ်။ မြောက်ပိုင်းကနေ ပြောင်းရွှေ့လာတဲ့ ဟန်ယောင်းတစ်ယောက် ဒီစိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှူပေးကြပါဦးနော် .. (အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်) File size…1.13GB / 494MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 35 min. Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by AHtet

6.6 2023 94 mins
A Tour Guide
The Park Maniac

The Park Maniac (2024) ဟာ True Crime, Crime, and Drama အမျိုးအစား Brazilian Portuguese စကားပြောဇာတ်ကားဖြစ်ပါတယ်။ Brazil နိုင်ငံ São Paulo မြို့မှာ 1998 ခုနှစ်ဝန်းကျင်က အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ‌စော်ကားမှု၊ လူသတ်မှုတွေအမြောက်အများ ကျူးလွန်ခဲ့တဲ့ Francisco de Assis Pereira ဆိုသူရဲ့အကြောင်း‌ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း The Worker’s သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Elena ဆိုတဲ့ကောင်မလေးဟာ အလုပ်ဝင်ဖြစ်တာမကြာ‌သေးတာကြောင့် အလွန်ရုန်းကန်နေရတဲ့အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ The Park Maniac ဖြစ်လာမယ့် Francisco ဟာ Rollerblader တစ်ဖြစ်လဲ Delivery သမားတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေပြီး အလွန်နာမည်ကြီးချင်သူလည်းဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာတော့ Francisco ဟာ သူနာမည်ကြီးလာဖို့အတွက် အကြံဆိုးတစ်ခုကို စတင်အကောင်အထည်ဖော်ပါတော့တယ်။ အဲဒါကတော့ မိန်းကလေးတွေကို အလုပ်အတွက် ဓာတ်ပုံရိုက်ခံရင် ငွေရမယ်လို့ လှည့်ဖြားပြီး လိင်ပိုင်းဆိုင်ရာစော်ကားတာ၊ သတ်ဖြတ်တာတွေပါ။ ဒီလိုနဲ့ Elena ဟာ အဲဒီလူသတ်‌မှုတွေ ဖြစ်လာတာကို သိရှိသွားပြီးနောက် နည်းမျိုးစုံနဲ့ လူသတ်သမားကို ဖော်ထုတ်ဖို့ ကြိုးပမ်းရင်း သေဆုံးမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ Elena က São Paulo တစ်မြို့လုံးကို ခြိမ်း‌ခြောက်နေတဲ့လူသတ်သမားကို ဘယ်လိုမျိုးစုံစမ်းဖော်ထုတ်မလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ် File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama, Crime, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

0 2024
The Park Maniac
The Master

The Master (2012) ***************** Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ… Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့… ဒါ့ကြောင့် သူ့ရဲ့ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်းဝင်တဲ့ The Master ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ… စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်။ ကံဆိုးတာက သူကိုယ်တိုင်က… အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ…သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်။ သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲသိတော့… စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီးတော့…သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်… ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ … လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDb 7.2 နဲ့ Rotten 85% ရထားတာဖြစ်လို့ … အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ဘူးထင်ပါတယ်ဗျာ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်…. File Size : 1.9 GB / 850 MB Quality : 1080p / 720p Format : mp4 Duration : 02:18:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Heather Oo

Thriller • Drama
0 2012 137 mins
The Master
Pangolin: Kulu’s Journey
7.5

“Pangolin: Kulu’s Journey” (2025) IMDb (7.6/10) ====================================================================== Pangolin: Kulu’s Journey ဇာတ်ကားလေးက အော့စကာဆုရ ဒါရိုက်တာ Pippa Ehrlich ရိုက်ကူးခဲ့တဲ့ သဘာဝမှတ်တမ်းရုပ်ရှင်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ Pippa Ehrlich က My Octopus Teacher ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်အကယ်ဒမီဆုရရှိထားသူပါ။ အခု ၂၀၂၅မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ Pangolin: Kulu’s Journey ရုပ်ရှင်ကားကလည်း သဘာဝမှတ်တမ်းရုပ်ရှင်ကားဖြစ်ပြီး IMDb 7.6 အထိရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပါ။ ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ် လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာ စောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေမှာလည်း လူလိုပဲ ထိတ်လန့်လွန်ပြီး ထရာမာရသွားတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တာကြောင့် မှောင်ခိုသမားတွေလက်ထဲမှာ ထရာမာရသွားတဲ့ သင်းခွေချပ်လေးကို စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာအောင် လုပ်ပေးခဲ့ပုံကလည်း ပညာယူစရာ ကောင်းလှပါတယ်။ တောင်အာဖရိကမှာ ရိုက်ကူးထားတာကြောင့် ရှုခင်းတွေလှပတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကျူးထားကြပါသေးတယ်။ ဇာတ်ကားက မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ဒါတွေအားလုံးကတော့ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ လူတွေကြောင့် တိရစ္ဆာန်လေးတွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ၊ ဂဲရက်လို နှလုံးသားလှတဲ့စေတနာ့ဝန်ထမ်းလေးတွေကြောင့် ကိုယ်၊ စိတ်ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့ပုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဘာကြောင့်လိုအပ်နေလဲဆိုတာတွေကို ကျကျနနဖန်တီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးကြည့်ရင်း လေ့လာလိုက်ကြရအောင်။ File size…2.5 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mahaw

Western
7.5 2025 90 mins
Pangolin: Kulu’s Journey